Wednesday, August 7, 2013

ငြိမ်းချမ်းရေးရရန် အခြေခံအချက်များတွင် သမ္မတကိုယ်တိုင်ငြိမ်းချမ်းရေးလိုလားသူဖြစ်ရန်လို


မြန်မာနိုင်ငံ၌တစ်ပြည်လုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး   ရရှိရန်အတွက် အချက် (၆) ချက် လိုအပ်ကြောင်း ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက သြဂုတ်လ  ၃ ရက်နေ့တွင် ပြောကြားခဲ့ သည်။
“တစ်ပြည်လုံးအတိုင်းအတာ နဲ့ ငြိမ်းချမ်းရေးရဖို့အချက်ခြောက်  ချက်လိုပါတယ်။ တစ်အချက်က  နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က ငြိမ်းချမ်းရေးကိုလိုလားရမယ်။ နှစ်အချက်က တိုင်းရင်းသားလက် နက်ကိုင်တွေကလည်း ငြိမ်းချမ်း ရေးကိုလိုလားရမယ်။ သုံးအချက်  ကတော့ တိုင်းရင်းသားလက်နက်  ကိုင်တွေနဲ့ ရင်ဆိုင်နေတဲ့ တပ်မတော်ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကိုလိုလားရမယ်။ လေးအချက်အနေနဲ့ ပြည်သူလူထု  သန်းခြောက်ဆယ်ကလည်း ငြိမ်းချမ်းရေးကိုလိုလားရမယ်။  ငါးအချက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်း ရေးကိုလိုလားရမယ်။ ခြောက် အချက်ကတော့ ပလေယာလုပ် ဆောင်သူတွေလည်းလိုအပ်မယ်”ဟု   ပြည်ထောင်စုဝန်ကြီးကပြောသည်။မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်း ရှင်းများ အသင်းချုပ်၌ကျင်းပသော  Cost of Conflict and Cost of Peace ခေါင်းစဉ်ဖြင့်ဟောပြောပွဲတွင် ၀န်ကြီးကအထက်ပါအတိုင်းပြော  ကြားခဲ့ခြင်းဖြစ်သည်။
Credit To Hot News Journal

ကျော်မာဃ

Related Articles: