Sunday, January 13, 2013

ဥရောပရောက် မြန်မာများ အနေဖြင့် မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေမှု အပေါ် ထုတ်ပြန်ကြေငြာချက်

၁၃ ဇန္နဝါရီလ ၂၀၁၃ ၁။ ဗိုလ်ချုပ် မင်းအောင်လှိုင် ဦးစီးသော မြန်မာ့ တပ်မတော်သည် ကချင်ပြည်တွင် ပြင်းထန်သည့် ထိုးစစ်ဆင်နေသည်မှာ ၁၈ လ ကျော်ကြာမြင့်နေပြီ ဖြစ်ပါသည် ။ ထို ထိုးစစ်များကြောင့် ကချင်ပြည်နယ်တွင် မြေဇာပင် ပြည်သူများနှင့် လက်နက်ကိုင် တပ်ဖွဲ့ ဝင်များ အပါအဝင် ကိန်းဂဏန်း မှန်းဆလို့ မရနိုင်သည့် အသက်ဆုံးရှုံးမှုများ ဒဏ်ရာအနာတရများ အိုးအိမ်ယာများပျက်စီးမှုများ အပြင် နေ့ စဉ်နှင့် အမျှ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ဆုံးရှုံးခြင်းများ စသည့်ဘေးဒုက္ခများကို မျက်ဝါးထင်ထင် တွေ့ ကြုံ ခံစားနေကြရပါသည် ။ ပြည်သူလူထု အတွက်သုံးစွဲရမည့်ငွေကြေး ၅၀ % အထိ စစ်ပွဲများအတွက် ကုန်ကျ နေပြီ ဖြစ်ပါသည် ။ ၂။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ ကချင်ပြည်နယ်အတွင်းက ထိုးစစ်များကို ရပ်ဆိုင်းရန် အကြိမ်ကြိမ် အမိန့် ပေး ညွန်ကြားခဲ့ပါသည် ။ စစ်သေနာချုပ် မင်းအောင်လှိုင်အနေဖြင့် လိုက်နာ ဆောင်ရွက်မှု မရှိသည့်အပြင်ပိုမို ပြင်းထန်သည့် ထိုးစစ်များကိုသာ အဆင့်ဆင့် စီမံ ချမှတ်နေသည် ။ ခရစ်စမတ်ပွဲတော်နေ့ ၊ နှစ်သစ်ကူးပွဲတော်နေ ၊့နှစ်သစ်မင်္ဂလာနေ့ ၊ လွတ်လပ်ရေးနေ့  ၊ စသည့် မြန်မာပြည်အတွက် နေ့ ထူးနေ့ မြတ် သတ်မှတ်ရက်များကိုအခွင့်ကောင်းယူပြီး ဂျက်တိုက်လေယာဉ်များ စစ်သုံးဟယ်လီကော်ပတာများ လက်နက်ကြီးများအပြင်ဓါတုလက်နက်များ အကူအညီဖြင့် တပ်များကို အလုံးအရင်းနဲ့  တိုးချဲ့ ပြီး ကချင်ပြည်နယ်ရှိ KIA / KIO ဌါနချုပ်ရှိရာလိုင်ဇာမြို့ အထိ ပြင်းထန်သော ထိုးစစ်များ အဆက်မပြတ် ဆင်နွဲနေပါသည် ။ ၃။ အစဦးကာလများတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဂျက်လေယာဉ်ပျံများ သုံးစွဲ ခြင်းမရှိဟု ပြည်တွင်းနှင့် ပြည်ပ မီဒီယာများသို့ လိမ်လည်ပြောကြားခဲ့ပါသည် ။ ဂျက်တိုက်လေယာဉ်များ ကချင်ဒေသတွင် ပျံသန်းနေသည်ကို အထောက်အထား ဓါတ်ပုံများ ဗီဒီယိုဖိုင်များ ထွက်ပေါ်လာသောအခါ မြန်မာ့ တပ်မတော်အတွက် ရိက္ခာများ ချပေးသည်ဟု ဖြေရှင်းပါသည် ။ ကုလသမဂ္ဂ ဥရောပကောင်စီ အမေရိကန် အပါအဝင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန် အပြစ်တင် လာသောအခါတွင် မိမိကိုယ်ကို ကာကွယ်သည်( Self Defense ) ဟု ဗြောင်လိမ် ဖြေရှင်းခဲ့ပါသည် ။မြန်မာ့ တပ်မတော်အနေဖြင့် ကချင်ပြည်နယ်ရှိ KIA စခန်းများကို တပ်ရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် စစ်ဆင်ပြီး KIA စခန်းများကို တခုပြီး တခု သိမ်းပိုက်ခဲ့သည့် အပြင် ယ္ခုနောက်ဆုံး KIA ဌါချုပ် ကိုပါ လက်နက်ကြီးများနှင့် ပစ်ခတ် သိမ်းပိုက်ရန် ကြိုးစားနေသည်ကို မိမိကိုယ်ကိုကာကွယ်ရန်ဖြစ်သည်ဟု ဆင်ခြေပေး ဖြေရှင်းခြင်းမှာ နိုင်ငံတော် သမ္မတ၏ မရှိသော သိက္ခာ ကို ထပ်လောင်း ချနေခြင်းဖြစ်သလို ကမ္ဘာ့  စာမျက်နှာပေါ်တွင်လည်း မြန်မာအစိုးရ၏ စိတ်ပျက်ဖွယ်ရာ ပျက်လုံး ဖြစ်နေရပါသည် ။ တချိန်တည်းမှာလည်း ဝန်ကြီး အောင်မင်း ဦးဆောင်နေသော ငြိမ်းချမ်းရေး မစ်ရှင် အဖွဲ့ နှင့် အပြစ်အခတ် ရပ်စဲထားသောရှမ်းပြည်နယ်မှ SSA / RCSS နယ်မြေများကိုလည်း ယ္ခုကြေငြာချက် ထုတ်သည့် အချိန်ထိ မြန်မာ့ တပ်မတော်မှထိုးစစ်များ ဆင်နွဲနေပါသည်။ အဆိုပါ တရားမဲ့ လူ့ အခွင့်အရေး ချိုးဖေါက်မှုများကို FBE မှ ရှုံ့ ချကန့် ကွက်ပြီးထိုးစစ်ဆင်နေမှုများကို တနိုင်ငံလုံးတွင် အမြန်ဆုံး အပြီးအပိုင် ရပ်စဲပေးရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုပါသည် ။ ၄။ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအဆင့် ဆွေးနွေးရန် တိုင်းရင်းသားများ ကိုယ်စားလှယ် အားလုံး ပါဝင်သည့်လ္ဂတ်တော်သည်သာ အကောင်းဆုံးဖြစ်ကြောင်း နေပြည်တော်တွင် ၅ ရက် ဇန္နဝါရီလ ၂၀၁၃ နေ့ က ဥက္ကဌ မူတူးစေဖိုး အပါအဝင်KNU ခေါင်းဆောင်များနှင့် တွေ့ ဆုံပွဲတွင် အတိအလင်းပြောကြားခဲ့သည် ။ တိုင်းရင်းသားများကို ၂၀၁၅ ရွေးကောက်ပွဲကတဆင့် လွတ်တော်ထဲ မရောက် ရောက်အောင် စစ်သေနာချုပ် မင်းအောင်လှိုင် ၏စစ်ရေးနည်းဖြင့် ဖြေရှင်းနေသည်ကို FBE မှ ပြင်းထန်စွာ ရှုံ့ ချ ကန့် ကွက်လိုက်သည် ။ ၅။ မြန်မာပြည်တွင်းမှ အပြောင်းအလဲများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသော ဥရောပရောက် မြန်မာ့အရေးဆောင်ရွက်နေသူများ အဖွဲ့ ဝင်များ အနေဖြင့် ယ္ခုကဲ့သို့ တိုင်းရင်းသား လုပ်သား ပြည်သူများ စစ်ဒုက္ခပင်လယ်ဝေ တော့မည်ကိုတွက်ဆ ထားသည့်အလျှောက် စစ်တပ်တွင် တာဝန် အရှိဆုံး အမြင့်ဆုံးရာထူး စစ်သေနာချုပ် မင်းအောင်လှိုင် ကို စစ်မြေပြင် လူ့ အခွင့်ရေးချိုးဖေါက်များဖြင့် ဥရောပ တရား ရုံးများတွင် တရားစွဲဆိုနိုင်ရန် ၂၀၁၂ မှစတင်ပြီးwar crimes, crimes against humanity, ethnic cleansings အစရှိသည့် ပြစ်မှုများကို သက်ဆိုင်ရာ အဖွဲ့ အစည်းများမှတာဝန်ရှိသူများ ဥပဒေပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက် နေဆဲဖြစ်ပါသည်။ FBE အဖွဲ့ ဝင်များ အနေဖြင့်စစ်သေနာချုပ်မင်းအောင်လှိုင်ကိုလူ့ အခွင့်အရေး ဆိုင်ရာ ပြစ်မှုများ ကျူးလွန်သူအဖြစ် ဥရောပ တရားရုံးများတွင် တရားစွဲနိုင်ရန် တရားဥပဒေဘောင်အတွင်း ရောက်လာအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၆။ ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကချင် စစ်ပြေးဒုက္ခသည်ပေါင်း ၈သောင်းမှ ၁ သိန်းဝန်းကျင်ခန့် ရှိနေပြီဟု ကျွမ်းကျင်သော ပညာရှင်များက ခန့် မှန်းကြပါသည် ။ထိုအထဲတွင် ကလေးနှင့် သက်ကြီး ရွယ်အိုများမှာ ၆၅ %ရှိနေသည်ဟု သိရပါသည် ။ မြန်မာ အစိုးရ အနေဖြင့် လူသားခြင်း စာနာထောက်ထားသောအားဖြင့် စစ်ပြေးဒုက္ခသည်များကိုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများက ကူညီရန် တောင်းဆိုနေခြင်းကို ခွင့်ပြုပေးရန် တိုက်တွန်း လိုက်သည် ။ ၇။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ ဒီမိုကရေစီလမ်းပြ ခေါင်းဆောင်တဦး ဖြစ်ပြီး တိုင်းရင်းသားလုပ်သားပြည်သူအများစု၏ ယုံကြည် အားကိုး အားထားသည့် ခေါင်းဆောင် ပုဂ္ဂိုလ်ထူး တဦးလည်း ဖြစ်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် သန့် ရှင်းသော အစိုးရ (Clean Government ) / ကောင်းမွန်သောအုပ်ချုပ်ရေး အစိုးရ(Good Governance ) ဟု ကြိမ်ဖန်များစွာ ထုတ်ပြန်ကြွေးကျော် နေသည့် သမ္မတဦးသိန်းစိန် နှင့် လက်တွဲဆောင်ရွတ်နေသူ ဖြစ်ပါသည်။ ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ညီအကိုများသာမက တိုင်းနှင့် ပြည်နယ် တဝှမ်းလုံးမှ တိုင်းရင်းသား လုပ်သားပြည်သူများကစစ်တပ်မှ ပြင်းထန်သည့် ထိုးစစ်များအပေါ် လူထုခေါင်းဆောင် ပြည်ထောင်စု ခေါင်းဆောင်ပီပီ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်စစ်ရေး ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်းများ ရှာဖွေပြီး ကူညီ အဆုံးသတ်ပေးရန် ဆန္ဒပြု တောင်းဆိုပါသည်။ ပြည်သူ့ လူထု အကျိုးပြုရမည့် ငွေများကို သုံးစွဲပြီး စစ်တပ်မှ ပဋိပက္ခများကို မှားယွင်းသည့် ပြင်းထန်သော စစ်ရေး နည်းလမ်းများနှင့်ဖြေရှင်းနေသည်က ဝမ်းနည်းဖွယ်ရာတွေ့ မြင်ကြားသိနေရပါသည် ။ ၈။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်သားပြည်သူတရပ်လုံးက ယုံကြည်အားကိုးသည့် စိတ်ဆန္ဒဖြင့် အခက်အခဲများကို ရင်ဆိုင်ပြီးလွတ်တော်ထဲမှာ နေရာယူနိုင်အောင် မဲဆန္ဒပေးပြီး တင်မြောက် ခဲ့ပါသည် ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုခေါင်းဆောင်အဖြစ်၎င်း ပြည်ထောင်စု ခေါင်းဆောင် အဖြစ်၎င်း လွတ်တော်ကိုယ်စားလှယ်အဖြစ်၎င်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ အဖြစ်၎င်း တိုင်းပြည်တွင် မလိုလားအပ်သော အခြေအနေများ ပဋိပက္ခများ တွင် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် တိုင်းပြည်အနာဂါတ်အကျိုးအတွက် လွတ်တော် အတွင်း / အပြင် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိနေပါသည် ။ ဝေဖန်ပြောဆိုခွင့်လည်း ရှိနေပါသည်။ ဒီမိုကရေစီအစိုးရ လမ်းပြ ဖေါ်ဆောင် နေသူတဦး အနေဖြင့် အခြားဒီမိုကရေစီနိုင်ငံ ခေါင်းဆောင်များ ကဲ့သို့  ပြည်သူလူထုအတွက် လိုအပ်လာလျှင် အစိုးရ ဖိတ်ကြားချက် ခွင့်ပြုချက် ရရှိရန် မလိုသည့် အစဉ်အလာကောင်းများကိုမြန်မာပြည်တွင် အုပ်မြစ်ချပေးရန် လိုအပ်လာပါသည် ။ အာဏာသိမ်း စစ်အစိုးရမှ စိတ်တိုင်းကျ တာဝန်ပေးလိုက်သောလက်ရှိ အစိုးရ အဖွဲ့ ဝင်များနှင့် မြန်မာ့တပ်မတော်မှ တိုင်းရင်းသား လုပ်သားပြည်သူ တရပ်လုံးကို ဆင်းရဲခြင်း တွင်းနက်ထဲသို့ ပို့ ဆောင်နေသော ပဋိပက္ခများကို ငွေ အကုန်အကျများသည့် စစ်ရေး အသွင် ဖြေရှင်း နေခြင်းကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင် ဖြေရှင်းရန် အတွက် ဝင်ရောက်ပြီး ကူညီဆောင်ရွက်ရန် အချိန်ကျပြီဟုကျွန်ုပ်တို့  FBE အဖွဲ့ သားများက ယုံကြည်ကြပါသည် ။ စစ်မြေပြင်အတွင်းက ဒုက္ခအတိရောက်နေသော တိုင်းရင်းသား ညီအကိုများ ဆင်းရဲတွင်းထဲက လုပ်သားပြည်သူများ ဘဝကို စာနာထောက်ထားသောအားဖြင့် အနာဂါတ် ပြည်သူလူထု ငြိမ်းချမ်းရေး အတွက် စစ်ဦးချုပ် မင်းအောင်လှိုင်မှ စစ်ပွဲများကို ချက်ခြင်း ရပ်ဆိုင်းရန် ဥရောပရောက် မြန်မာများက တိုက်တွန်း တောင်းဆို အပ်ပါသည် ။ ဥရောပရောက် မြန်မာများ https://www.facebook.com/notes/htay-tint

Related Articles:

Post a Comment