Wednesday, January 16, 2013

တရားဥပဒေ စိုးမိုးရေး ဥက္ကဌ လူထုကို သစ္စာဖောက်လေပြီ။

ခုတလော ခရိုနီ၊ ခရိုပြာ အကြောင်း အမျိုးမျိုး ပြောဆိုနေတာကို ကြားရပါတယ်။ ခရိုနီ လက်ဝေခံ လုပ်ချင်တဲ့ ခေါင်းဆောင်တချို့ကလည်း ပေါင်းရမယ် တောင်းရမယ် အယူအဆနဲ့ ကောင်းတယ် ပြောလာတာတွေလည်း ရှိပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအတွက်တော့ နဲနဲလေးမှ ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။ ကျနော်တို့ တွက်ချက် ကြည့်ကြပါစို့၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုဟာ ဒေါ်လာ ၁ သန်း ပဲ ရှိတယ် ခုခေတ် မြန်မာငွေ ဈေးနဲ့ တွက်ချက် ကြည့်ရင် သန်း ၁ ထောင် တောင် မရှိပါဘူး။ ခရိုနီ ဇော်ဇော် လှူဒါန်းထားတဲ့ ကလေးဆေးရုံက မြန်မာငွေ သန်း ၉ သောင်းကျော်ပါတယ် ဒီအပြင် ဆေးရုံဆေးခန်းဆိုတာ ထိန်းသိမ်းစောင့်ရှောက်ခ၊ လစာတွေနဲ့ ပေါင်းရင် ထပ်ပြီး လစဉ် ကုန်ကျနေအုံးမှာပါ။ ဒီငွေတွေ ဘယ်က ရနေလဲ ပြောရင်၊ လူထုလည်ပင်းညစ်ပြီး ရရင်ရ၊ မရရင် စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီး တိုင်းပြည် သံယံဇာတတွေကို နည်းမျိုးစုံနဲ့ လူထုမသိအောင် ခိုးထုတ်ရောင်းစားနေလို့သာ ရနေတာပါ။ ထားပါ ရတာတွေကို အခုလို မြန်မာငွေ သန်း ၉ သောင်းကို လှူနိုင်တဲ့သူရဲ့ ချမ်းသာမှု့ဟာ ဘယ်လောက် ရှိနိုင်မလဲ ထပ်ပြီး တွက်ချက်ကြည့်ရင် ကိန်းဂဏန်းတွေ အများကြီး ထပ်ထွက်လာဦးမှာပါ။ ဒီလို မတရားနဲ့ ရထားတဲ့ ခရိုနီ အပေါင်းပါတွေနဲ့ ပေါင်းဖို့ အဆင်သင့် ဖြစ်နေတဲ့ အများကြည်ညို အားထားတဲ့ တရားဥပဒေစိုးမိုးရေး ဥက္ကဌ ရာထူးယူထားတဲ့ ခေါင်းဆောင် တယောက် ပါးစပ်က စုံစမ်းစစ်ဆေး အရေးယူ အပြစ်ပေးဖို့ မပြောဘဲ၊ ပေါင်းပြီး ပြောင်းမယ် ဆိုတဲ့ စကား ထွက်လာတာဟာ လူထုကို သစ္စာဖောက်ရာ ရောက်သလို လူငယ်တွေရဲ့ ဖြူစင်သန့်ရှင်းလိုတဲ့ အတွေးအခေါ်ကိုပါ ဖျက်ဆီးရာ ရောက်ပါတယ်။ အကယ်၍ လူငယ်အများစုက ပိုက်ဆံရှိရင် ပြီးပြီ၊ တရား သာ မတရား သာ အသာထား ဘယ်သူသေသေ ငတေမာ ပြီးရော တရားဥပဒေ စိုးမိုးရေး ဥက္ကဌ ပါတဲ့ အဖွဲ့တွေကို မစို့မပို့ လှူလိုက်၊ ဒါမှ မဟုတ် အခမ်းအနား တခုခုကို တက်ခိုင်းလိုက်ရင် ပြီးပြီလို့ အတွေးပေါက်လာခဲ့ရင် ကျနော်တို့ မြန်မာပြည်ရဲ့ အနာဂါတ်ဟာ ကောင်းနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေး ဥက္ကဌ အနေနဲ့ ပြောမိတဲ့စကားအတွက် နောင်တ ရစေချင်သလို၊ ပြန်လည် ပြုပြင် စေချင်ပါတယ်။ဒါမှ မဟုတ်ရင်တော့ သခင်စိုး လမ်းစဉ်အတိုင်း အလံကတော့ နီတယ်၊ စစ်အာဏာရှင်က နီအောင် လုပ်ပေးတတ်တော့ ကြောက်တယ် ဆိုတဲ့ လမ်းစဉ်းအတိုင်း ပူးပေါင်းလိုက်ပြီလို့ တရားဝင်ကြေငြာလိုက်ပါ။ Nyein Chan Aung

Related Articles:

Post a Comment