Monday, January 14, 2013

ဥပဒေကြမ်းနှစ်ခုနှင့် ပတ်သက်၍ သမ္မတ၏ သဘောထား မှတ်ချက်များကို မဲခွဲရာ သမ္မတ ရှုံးနိမ့်

ယနေ့ ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့ ပုံမှန်အစည်းအဝေးသို့တင်သွင်းသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့တွင်ပါရှိသည့် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို မဲခွဲဆုံးဖြတ်ရာ ပြည်ထောင်စုလွှတ်တော်က သဘောတူညီမှုရှိသော သဘောထား မှတ်ချက်များသာ အနိုင်ရရှိခဲ့ကြောင်း နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။ ယနေ့ကျင်းပသည့် အဆိုပါ လွှတ်တော်အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် ၆၀၇ ဦးတက်ရောက်ခဲ့ပြီးဥပဒေကြမ်းနှစ်ခုပါ သမ္မတ၏ သဘောထားမှတ်ချက်များကို တပ်မတော်သား ကိုယ်စားလှယ်အားလုံးနီးပါး ထောက်ခံသော်လည်း ရှုံးနိမ့်ခဲ့ကြောင်း ၎င်းက ဆက်လက်သတင်းပေးပို့သည်။ Reference and Credit to -The Voice Weekly

Related Articles:

Post a Comment