Tuesday, January 15, 2013

တန်ဖိုးရှိသောစကားများ

ကောင်းကောင်းမွန်မွန်နေထိုင်ပြီးမကြာမကြာရယ်မောကာ အများကြီးချစ်တတ်သူသည် အောင်မြင်သူ ဖြစ်၏။ (ရောဘတ်လူး ဝစ်စတီဗင်ဆင်) * အသင်.ပြင်.ထားမှုနှင်. အခွင်.အလမ်းတို.ဆုံတွေ.သော အခါကံတရားဆိုတာ ဖြစ်ပေါ်လာ၏။ (ဆင်နကာ ) *သူတို.စွမ်းဆောင်နိုင်သည်။ အဘယ်ကြောင်.ဆိုသော် သူတို. စွမ်းဆောင်နိုင်သည်ဟု ယုံကြည်သော ကြောင်.ဖြစ်၏။ (ဗာဂျီးလ်) *အကယ်၍ ရေဆုံး ရေဖျား လိုက်ပြီး အကောင်အထည် မဖော်ဘူးဆိုလျှင်စိတ်ကူးအကောင်းစားများသည် အိမ်မက်အကောင်းစားများထက် ပိုမိုအဖိုးတန်ခြင်း မရှိ။ (ရာ.ဖ်ဝေါ်လီဒိုအင်မာဆန်) *သင်.ဘဝအတွက် သင်.မှာပဲတာဝန်ရှိသည်။ ဘဝကပတ္တူပိတ်စကိုအသင်.ဆောင်ထားပေးသည်။ပန်းချီ ရေးဆွဲခြင်းကို သင်ကလုပ်ရမည်။ (အမည်မသိ) *ကြီးမားသောရှုံးနှိမ်.မှုကို ရင်ဆိုင်ဝံ့သူတွေဟာ ကြီးမားသော အောင်မြင်မှုကို ရနိုင်၏။ (ရောဘတ်အက်ဖ်ကနေဒီ) *သင်ကြောက်နေသည်. ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ပါ။ ထိုအခါ ကြောက်စိတ်သေဆုံးသွားသည်ကို မလွဲမသွေ တွေ.ရပါလိမ်.မယ်။ (ရာ.ဖ်ဝေါ်လ်ဒိုအင်မာဆန်) *သင်.ဘဝ၏ ပျော်ရွှင်မှုသည် သင်.အတွေးများ၏ အရည်အသွေးပေါ်မှာ မူတည်နေ၏။ (မားကပ်စ်အန်တိုနီယပ်စ်) *လူတွင် ယုံမှားသံသယ ဖြစ်စရာမလိုသည်.စွမ်းရည် တစ်ရပ်ရှိသည်။ ငှင်းစွမ်းရည်မှာ အသိစိတ်ဖြင်. အား ထုတ်ပြီး မိမိဘဝကို မြှင်.တင်ခြင်းဖြစ်၏။ ထိုစွမ်းရည် ရှိခြင်းထက်အားတက်စရာကောင်းသည်.အချက်မျိုး ကျွန်ုပ်မသိပါ။ (ဟင်နရီဒေးဗစ်သော်ရိုး) *သင်.အတွေးတွေကို သတိထား။သူတို.က စကားလုံးတွေ ဖြစ်လာသည်။သင်.စကားလုံးတွေကို သတိ ထား။သူတို.က လှုပ်ရှားမှုတွေဖြစ်လာသည်။သင်.လှုပ်ရှားမှုတွေကို သတိထား။ သူတို.ကအလေ.အထ တွေဖြစ်လာသည်။သင်.အလေ.အထတွေကို သတိထား။ သူတို.ကစရိုက်ဖြစ်လာသည်။ သင်.စရိုက်ကို သတိထား။ သူတို.ကသင်.ကံကြမ္မာ ဖြစ်လာသည်။ (ဖရင်.အောက်လော) ဆရာချစ်နိုင်(စိတ်ပညာ) အောင်မြင်သူတို.ရဲ.အပြုအမူ စာအုပ်ထည်းမှ ကောက်နှုတ်ထားပါသည်။

Related Articles:

Post a Comment