Monday, January 14, 2013

ပင်လုံစာချုပ်

၁၉၄၇နေ့စွဲ။ ။ ၁၉၄၇ ဖေဖေါ်ဝါရီ လ (၁၂) ရက်။ ပင်လုံ။ မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည်၊ ကချင် တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက် ကြသော ပင်လုံမြို့ တွင် ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်း လိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင် တို့က ယုံကြည် ကြသည့် အတိုင်း တညီ တညွှတ်တည်း အောက်ပါ အတိုင်း သဘောတူညီ ကြသည်- ၁။ တောင်တန်းသားများ ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေး ဦးစီးအဖွဲ့ မှ ကိုယ်စားလှယ် များက ထောက်ခံသည့် ကိုယ်စားလှယ် တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။ ၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ဌာန လက်ကိုင်မရှိ ဝန်ကြီး အဖြစ်လည်း ခန့်ထားရမည်။ ကာကွယ်ရေးနှင့်နိုင်ငံခြားရေး နည်းတူ တောင်တန်း ဒေသ ရေးရာဌာန ကိုလည်း ဥပဒေဖြင့် ပြဋ္ဌာန်း၍ အမှုဆောင် ကောင်စီ အောက်၌ ထားရှိရမည်။ ထိုတောင်တန်း ဒေသ ဆိုင်ရာ အတိုင်ပင်ခံ ဝန်ကြီးအား အလားတူ နည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းရမည်။ ၃။ အဆိုပါ အတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ရင်းနှင့် လူမျိုးချင်းတူမဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဘက် အတိုင်ပင်ခံနှစ်ဦး ရှိရမည်။ ထို အတိုင်ပင်ခံ ပုဂ္ဂိုလ် နှစ်ဦးသည် ပထမဦးစွာ မိမိတို့၏ ဆိုင်ရာ နယ်ပယ် ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူ ကျန်ရှိသည့် အခြားသော တောင်တန်း ဒေသ ရေးရာများကို စီမံခန့်ခွဲ ဆောင်ရွက်ရမည်။ ယင်းပုဂ္ဂိုလ် သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဋ္ဌာန်းသည့် အတိုင်း စုပေါင်း တာဝန်ယူ လုပ်ကိုင်ရမည်။ ၄။ အတိုင်ပင်ခံ ဝန်ကြီးသည် အမှုဆောင်ကောင်စီ အဖွဲ့ဝင် အနေဖြင့် ကောင်စီတွင် တောင်တန်း ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသော အခါ တွဲဘက် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီ အစည်းအဝေးသို့ တက်ရောက် နိုင်ခွင့်ရှိ ရမည်။ ၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း တောင်တန်း ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိ ခံစားလျက် ရှိသော ကိုယ်ပိုင် အုပ်ချုပ်ရေး ဆုံးပါးရန်ု မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမှုလိမ့်မည်မဟုတ်။ တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မှုအားဖြင့် လက်ခံသည်။ ၆။ မြန်မာ ပြည်ထောင်စု အတွင်း ကချင်ပြည်နယ် အတွက် နယ်ခြား သတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြု လွှတ်တော်သို့ တင်ပြဆုံးဖြတ် စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူ လက်ခံကြသည်။ ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည် ဖော်သည့် အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာ နိုင်ငံတော် အစိုးရ အက်ဥပဒေ အရ အပိုင်း (၂) ခြွင်းချန် ဒေသများကို အုပ်ချုပ်သည့် နည်းတူ မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင် အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်း ဒေသ အတိုင်ပင်ခံ ဝန်ကြီးနှင့် တွဲဘက် အတိုင်ပင်ခံ တို့ကို တိုင်ပင်ဆွေးနွေးရမည်။ ၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်။ ၈။ ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခု ကျင့်သုံး ခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မည်သို့မှ ထိခိုက်ခြင်း မရှိစေရ။ ၉။ ဤစာချုပ်ပါ အစီအစဉ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်း ဒေသနှင့် ချင်းတောင်တန်း ဒေသတို့က ရပိုင်ခွင့် ရှိသော ဘဏ္ဍာရေး အကူအညီအား မည်သို့မျှ ထိခိုက်ခြင်း မရှိစေရ၊ ထို့ပြင် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တို့၏ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှု များကဲ့သို့ အလားတူ ဘဏ္ဍာရေး စီစဉ် ဆက်သွယ်မှု များကို လက်တွေ့ ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင် ကောင်စီသည် တောင်တန်း ဒေသ အတိုင်ပင်ခံ ဝန်ကြီး၊ တွဲဘက် အတိုင်ပင်ခံ များနှင့်အတူ စူးစမ်း လေ့လာမည်။ မြန်မာနိုင်ငံတော်အစိုးရ (ပုံ) အောင်ဆန်း ၁၂-၂-၄၇ ကချင်ကော်မတီ (ပုံ) (ပုံ) (ပုံ) (ပုံ) ဆမားဒူးဝါးဆင်ဝါးနောင် ဇော်ရစ် ဒိန်ရတန် ဇော်လ မြစ်ကြီးနား မြစ်ကြီးနား မြစ်ကြီးနား ဗန်းမော် (ပုံ) (ပုံ) ဇော်လွန်း လဗန်းဂရောင်း ဗန်းမော် ဗန်းမော် ချင်းကော်မတီ (ပုံ) (ပုံ) (ပုံ) ဦးလွှာမှုန်း ဦးထောင်ဇာခုပ် ဦးကီယိုမန်း အေတီအမ်။ အေတီအမ်၊တီးတိန်။ အေတီအမ်၊ဟားခါး။ အိုင်တီအက်(စ်)အမ်၊ဖလမ်း။ ရှမ်းကော်မတီ (ပုံ) (ပုံ) (ပုံ) (ပုံ) ခွန်ပန်းစိန် စပ်ရွှေသိုက် စပ်ဟုံဖ စပ်နွံ တောင်ပိုင်းစပ်ဖလုံ ညောင်ရွှေစပ်ဖလုံ မြောက်ပိုင်းသိန္နီစပ်ဖလုံ လဲချားစပ်ဖလုံ (ပုံ) (ပုံ) (ပုံ) (ပုံ) စပ်စံထွန်း စပ်ထွန်းအေး ဦးဖြူ ခွန်းဖုံး မိုင်းပွန်စပ်ဖလုံ သာမိုင်းခမ်းစပ်ဖလုံ သထုံစပ်ဖလုံ၏ကိုယ်စားလှယ် မြောက်ပိုင်းသိန္နီ (ပုံ) (ပုံ) (ပုံ) (ပုံ) ဦးတင်ဧ ဦးထွန်းမြင့် ဦးကြာပု ဦးခွန်စော (ပုံ) (ပုံ) စပ်ရစ်ဖ ဦးခွန်ထီး THE PANGLONG AGREEMENT 1947 Dated the12th February 1947, Panglong, A conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representative of the Shan States, the Kachin Hills and the Chin Hills: The Members of the conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government: 1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counselor for Frontier Areas shall be given executive authority by similar means. 2. The said Counselor shall also be appointed a Member of the Governor's Executive Council, without portfolio, and the subject of Frontier Areas brought within the purview of the Executive Council by Constitutional Convention as in the case of Defense and External Affairs. The Counselor for Frontier Areas shall be given executive authority by similar means. 3. The said Counselors shall be assisted by two Deputy Counselor’s representing races of which he is not a member. While the two Deputy Counselors should deal in the first instance with the affairs of their respective areas and the Counselor with all the remaining parts of the Frontier Areas, they should by Constitutional Convention act on the principle of joint responsibility. 4. While the Counselor, in his capacity of Member of the Executive Council, will be the only representative of the Frontier Areas on the Council, the Deputy Counselors shall be entitled to attend meetings of the Council when subjects pertaining to the Frontier Areas are discussed. 5. Though the Governor's Executive Council will be augmented as agreed above, it will not operate in respect of the Frontier Areas in any manner which would deprive any portion of those Areas of the autonomy which it now enjoys in internal administration. Full autonomy in internal administration for the Frontier Areas is accepted in principle. 6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counselor for Frontier Areas and the Deputy Counselors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935. 7. Citizens of the Frontier Areas shall enjoy rights and privileges which are regarded as fundamental in democratic countries. 8. The arrangements accepted in this Agreement are without prejudice to the financial autonomy now vested in the Federated Shan States. 9. The arrangements accepted in this Agreement are without prejudice to the financial assistance which the Kachin Hills and the Union Hills are entitled to receive from the revenues of Burma, and the Executive Council will examine with the Frontier Areas Counselor and Deputy Counselors the feasibility of adopting for the Kachin Hills and the Chin Hills financial arrangement similar to those between Burma and the Federated Shan States. Burmese Government. (Signed) Aung San Kachin Committee (Signed) Sinwa Naw, Myitkyina (Signed) Zaurip, Myitkyina (Signed) Dinra Tang, Myitkyina (Signed) Zau La, Bhamo (Signed) Zau Lawn, Bhamo (Signed) Labang Grong, Bhamo Chin Committee (Signed) U Hlur Hmung, Falam (Signed) U Thawng Za Khup, Tiddim (Signed) U Kio Mang, Haka Shan Committee (Signed) Saohpalong of Tawngpeng State. (Signed) Saohpalong of Yawnghwe State. (Signed) Saohpalong of North Hsenwi State. (Signed) Saohpalong of Laihka State. (Signed) Saohpalong of Mong Pawn State. (Signed) Saohpalong of Hsamonghkam State (Signed) Representative of Hsahtung Saohpalong. Hkun Pung (Signed) U Tin E (Signed) U Htun Myint (Signed) U Kya Bu (Signed) Hkun Saw (Signed) Sao Yape Hpa (Signed) Hkun Hte — အေးချမ်းမွန်မှ Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

Related Articles:

Post a Comment