Wednesday, January 9, 2013

KIA တပ်ရင်း (၂၄) စခန်းကို သိမ်းရန် ကြိုးစားသော်လည်း မအောင်မြင်

ယမာန်နေ့တွင် KIA တပ်ရင်း (၂၄) စခန်း၏ အောက် ပို့စခန်း တခုကို သိမ်းထားသော အစိုးရ တပ်များသည် ဖွန်းပျန်ဘွမ် စခန်း ဌာနချုပ် သိမ်းပိုက်နိုင်ရန် အကြိမ် ကြိမ် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ဟု တိုက်ပွဲကို ကြီးကြပ်နေသူ KIA အရာရှိ တဦးက ပြောပါသည်။ “ (၅) ကြိမ်တိတိ တက်ထိုးတယ်။ တက်လာတိုင်း လန် ကျသွားပါတယ်။ မနက်က (၁၀) နာရီ လောက်မှာ တိုက် ပွဲစပါ တယ်။ အပြန်အလှန် အနီးကပ် တိုက်လိုက် ပါ တယ်။ တကြိမ်တက်တိုင်း လန်ကျတာနဲ့ ဆုတ်တယ်။ ပြီးတော့ တပ်ပြင် ပြီးတာနဲ့ ပြန်တိုက်တယ်။ အကျအ ဆုံးများ လိမ့်မယ် ထင်တယ်၊ နောက် (၅) ကြိမ်လဲ ပြည့် တော့ ဆုတ်သွားခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့က မနေ့က သူတို့ သိမ်းထားတဲ့ လကန်ဘွမ်ပိုစ့် ကာကင်းကို ပြန် တိုက်ပြီး ၀ိုင်းထားလိုက်တယ်။ လက်နက် ကြီးတွေက တော့ ပွိုင့် (၇၇၁) ကနေ တလစပ်မနား တမ်းပစ်ပေး ခဲ့တယ်။ လေယာဉ်ကတော့ ဒီနေ့ မလာဘူးဗျ။” ဟု ဆိုပါသည်။ ဤကဲ့သို့ လန်ကျသွားသော အထူးတပ်များနှင့် စကခ (၂၁)တပ်ဖွဲ့များကို Bum Re Bum ခေါ် ပွိုင့်၇၇၁ စခန်း အောက် နားရှိ လုံလော့ အစိုးရ စခန်းမှ တပ်ဖွဲ့များက စစ်ကူပေးပါသည်။ သို့သော် လုံလော့တပ်များသည် ပွိုင့်၇၇၁ စခန်းမှတပ် များ ထပ်မံနယ်မချဲ့နိုင်ရန် ချ ထားသော KIA တပ်ရင်း (၂၃)မှ တပ်ဖွဲ့များနှင့် ထိပ် တိုက်တိုးပြီး ပြင်းထန်စွာ တိုက်ပွဲဖြစ် ပွားခဲ့သဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရပါသည်။ ဤသို့ကြောင့် KIA တပ်ဖွဲ့ များသည် စစ်ကူ မရခဲ့ဘဲ ကြားညှပ ပိတ်မိနေသော အ ထူးတပ်များကို ညနေ (၄) နာရီအထိ ပြင်းထန်စွာ တို က်ခိုက်နေဆဲဟု ဆိုပါသည်။ ဤကဲ့သို့ အစိုးရ အထူးတပ်များ ပိတ်မိနေသော်လည်း လေကြောင်းနှင့် တိုက်ခိုက်ခြင်းများ မရှိပေ။ လေကြောင်း များ သည်လည်း မိမိတို့တပ်များ ကြားညှပ်နေသည့် အ တွက် ဗုံးကျဲ ရခက်ခဲလှသဖြင့် တိုက်ခိုက်မှု မပြုလုပ်နိုင်ခြင်း ဖြစ် ကြောင်း အကဲခတ်များက ယူဆပါသည်။ သို့သော် အ စိုးရ လေကြောင်းသည် မြစ်ကြီးနား-လိုင်ဇာ လမ်းကြောင်း ၌ရှိ သော နမ့်ဆန်ယန်းရွာကို ယနေ့ နေ့လည်ပိုင်းတွင် ဗုံး ကျဲခဲ့ပါသည်။ KIA တပ်ဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့တို့သည် တနေ့လုံး တိုက် ပွဲဖြစ်ပွားနေခြင်း ဖြစ်ပါသည်။ အစိုးရ လက်နက်ကြီး ပစ် အားမှာ မူဟန်ကိုင်းတောင် လက်နက်ကြီးကုန်း ပျက်စီးသွား သည့် အတွက် ယမာန်နေ့ကထက် ပစ်အားများ နဲပါးခဲ့သည် ဟု KIA ဖက်က ဆိုပါသည်။ ဤအခြေအနေကြောင့် နက်ဖြန်တွင် အစိုးရ စစ်ရဟတ်ယာဉ် များ လှုပ်ရှားလာဖွယ် ရှိနေပါသည်။ သို့သော် လကန်ဘွမ် ပိုစ့်ကာကင်းတွင် အ၀ိုင်းခံနေရသော အစိုးရ အထူးတပ်များ မှာမူ နောက်ဆုတ်ရန် ခက်ခဲနေလိမ့်မည်ဟု အကဲခတ်များ က သုံးသပ်နေပါသည်။ (source- ရွှေဟင်္သာသတင်းဌာန)

Related Articles:

Post a Comment