Thursday, January 10, 2013

တရုတ်ဘက်တွင်ကချင်တိုင်းရင်းသားများဆန္ဒထုတ်ဖေါ်

ယနေ့(ဇန်န၀ါရီ၁၀ရက်)တွင်ကျရောက်သော ကချင်ပြည်နယ်နေ့တွင် တရုတ်နိုင်ငံတွင်းနေထိုင်သော ကချင်မျိုးနွယ်စုတိုင်းရင်းသားများက လိုင်ဇာမြို့နှင့်ချောင်းသာခြားသော တစ်ဘက်ခြမ်း တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် နားပန်းမြို့သို့ရောက်ရှိကာနယ်စပ်ဂိတ်မှစစ်ပွဲများရပ်တန့်ရေး နှစ်ဖက်နိုင်ငံအစိုးရများကိုတောင်းဆိုကာ ဆန္ဒပြကန့်ကွက်မှု့များပြုလုပ်ခဲ့ကြကြောင်း လိုင်ဇာဒေသခံများထံမှသိရသည်။ လိုင်ဇာမြို့ရှိ ကချင်တိုင်းရင်းသားဒေသခံများကိုလည်း အော်ဟစ်ကာ အားပေးခဲ့ကြပြီး ၊လိုင်ဇာဘက်ခြမ်းတွင်လည်း ဒေသခံများစုရုံးရောက်ရှိလာပြီး နံနက်ပိုင်းကတည်းက စုဝေးခဲ့သော တရုတ်ဘက်ခြမ်းမှ ကချင်မျိုးနွယ်စုတိုင်းရင်းသားများကို တရုတ်နိုင်ငံနယ်စပ်ဂိတ်မှ တာဝန်ရှိသူများက ညနေတွင် လိုင်ဇာဘက်ခြမ်းသို့ သွားရောက်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ စုဝေးရောက်ရှိလာသူများသည် ယူနန်ပြည်နယ်တွင်း တွင် နေထိုင်ကြသူ များဖြစ်ပြီး နံနက်ပိုင်းတွင် ထောင်ဂဏန်းရှိသောလူအုပ်မှာ ညနေပိုင်း တွင် နှစ်နိုင်ငံဘက်ခြမ်းစလုံးတွင် သောင်းဂဏန်းအထိဖြစ်လာပြီး ဟိုဘက်နှင့်သည်ဘက် လက်ခုပ်တီးအော်ဟစ်အားပေးမှုများပြုလုပ်ခဲ့ကြောင်း လိုင်ဇာမြို့ခံများထံမှသိရသည်။ (by-7 day news)

Related Articles:

Post a Comment