Saturday, January 12, 2013

ဗမာအစိုးရ လိုင်ဇာဒေသကို ဘာ့ကြောင့်အပြင်းအထန် စစ်ဆင်နေ ရသလဲ...

လိုင်ဇာကို သိမ်းပိုက်ရရှိရန် ဗမာ တပ်မတော်သည် ဗမာပြည် ပြည်တွင်းစစ်သမိုင်းတွင် ရက်အတိုအတွင်း အရက်စက်ဆုံး ငွေကြေးအကုန်အကျအများဆုံးနဲ့  အပြင်းထန်ဆုံ့းတိုက်ပွဲကို ဆင်နွဲနေကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ပြောကြားသည်၊ ဗမာ စစ်တပ်သည် ဒီဇင်ဘာ ၂၄ မှ ဇန်နဝါရီ (၇) ရက်ထိ လေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ်ရှိခဲ့ပီး ထောင်ပေါင်းများစွာသော ၁၀၅ မမ၊ ၁၂၀ မမ အမြောက်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ဗကပ နှင့် တိုက်ခဲ့တဲ့ စီစီဝမ်–တာပန် တိုက်ပွဲ (1986) တွေမှာတောင် ဒီလောက်ကြီးမားတဲ့ လက်နက်ကြီး နှင့် ဝေဟင် ပစ်ကူမှု မယူခဲ့ဘူးဟု ဦးအောင်ကျော်ဇောက ဆက်ပြောပါသည်။ (ဗကပ မပြိုကွဲခင် ကာလထိ ဗကပသည် ဗမာပြည်တွင် အင်အားအတောင့်တင်းဆုံးနှင့် နိင်ငံရေးသြဇာအကြီးမှားဆုံး တော်လှန်ရေးအင်အားစုဖြစ်သည်။ ယနေ့ UWSA "ဝ" တပ်မတော်သည် ဗကပခွဲထွက်အဖွဲ့ တဖွဲ့ ဖြစ်သည်။) ဗမာ စစ်တပ်နှင့် နီးစပ်သည့် သိတင်းရပ်ကွက်များအရ ယခုထိုးစစ်အတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ မှ ယခုလ ၆ ရက်နေ့ အထိ ဗမာ တပ်မတော်ဘက်မှ အရာရှိနှင့်အခြားအဆင့်ကျဆုံးသူ စုစုပေါင်း ၂၀၀ ကျော်နှင့် ဒဏ်ရာရသူ ၃၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။ မြစ်ကြီနား - ဗန်မော် ကားလမ်းအား ထိန်းချုပ်ထားသော တောင်ကုန်များပေါ်မှ ကေအိုင်အေက ဗမာတပ် ရိက္ခာပို့ စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်ကြောင့် ယခုလို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗမာအစိုးရကပြောသော်လည်း ကေအိုင်အေကို ပြစ်ဒဏ်ပေးရေးနှင့် လိုက်ဇာဒေသကို ထိန်းချူပ်ထားလိုခြင်းကြောင့် ဖြစ်ကြောင်း ဦးအောင်ကျော်ဇော်က ဆက်ပြောပါသည်။ " ရည်ရွယ်ချက်ကတော့ လိုင်ဇာထိန်းချူပ်ရေးပဲ တစ်ကတော့ ကေအိုင်အေကို အပစ်အခတ်ရပ်ရေး ဖိအားပေးဖို့ နောက်တစ်ခု က စီးပွားရေးမြို့ ဖြစ်တဲ့ လိုင်ဇာကို မြို့ ပျက်ကြီးဖြစ်သွားအောင်ကြိုးစားတာဖြစ်တယ်၊ တစ်ခုလုံးကို ကြည့်မယ် ဆိုရင် ဗမာ စစ်တပ်က ကေအိုင်အေကို ဒဏ်ပေးနေတာ ပညာပေးနေတာ သိပ်ရှင်းတယ်၊ စစ်တပ်နဲ့ အစိုးရ မကွဲပါဘူး အတူတူပါဘဲ" ဟုဆိုသည်။ ယနေ့ အချိန်ထိ လေကြောင်းနှင့် အမြောက်ကြီးများ ပစ်ကူပြီး တိုက်ခိုက်သော်လည်း ပွိစ့် ၇၇၁ (Bum Re Bum) နှင့် အခြား ပစ်ကုန်းအနည်းငယ်သာ ဗမာတပ်က သိမ်းပိုက်ရရှိသည်။ ဖွန်းပျန်ဘွမ် ကို သိမ်းပိုက်ရန် ထိုးစစ်မှာ ယနေ့ အထိ အောင်မြင်မှု မရသေးဘဲ အကျအရှံးများစွာနှင့် တပ်ဆုတ်သွားရသည်။ ၁၇ နှစ်ကြာ အပစ်ရပ်ထားသည့် ကေအိုင်အေနှင့်ဗမာတပ်တို့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ မှစ၍ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပွဲကြောင့် စစ်ပြေးဒုက္ခသည်း ဦးရေ ၁ သိန်းကျော်ခန့် ရှိနေပြီး ဗမာစစ်တပ်ဘက်မှ ကချင်ကျေးရွာများအား စနစ်တကျ မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲသည့် ဓာတ်ပုံ ဗွီဒီယိုဖိုင်များလည်း အင်တာနက်ပေါ်တွင် ပျံ့ နှံ့ နေသည်။ (source-သျှမ်းသံတော်ဆင့်)

Related Articles:

Post a Comment