Saturday, January 26, 2013

“သုညနှစ် တိုက်ပွဲ”

ကမ္ဘောဒီးယား နိုင်ငံက Year Zero Campaign လို့ခေါ်တဲ့ ထိတ်လန့်ကြောက်ရွံ့ဘွယ် “သုညနှစ် တိုက်ပွဲ” တခုအကြောင်းကိုကြားဘူးမိကြပါလိမ့်မယ်။ ၁၉၇၅ ကာလမှာ အာဏာရရှိလာခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုးပေါ့ ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို လူ့အဖွဲ့အစည်းအတွက် ဘာမှအသုံးမကျတဲ့သူတွေအဖြစ်ရှုမြင်ခဲ့သလို၊ ပညာတတ်လူတန်းစားအလွှာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သံသယကြီးမားစွာ ကြည့်မြင်ပြီးအထင်သေးရှုတ်ချခဲ့ပါတယ်။ တခုအကြောင်းကိုကြားဘူးမိကြပါလိမ့်မယ်။ ၁၉၇၅ ကာလမှာ အာဏာရရှိလာခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုးပေါ့ ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို လူ့အဖွဲ့အစည်းအတွက် သောတရှင်များခင်ဗျား ဘာမှအသုံးမကျတဲ့သူတွေအဖြစ်ရှုမြင်ခဲ့သလို၊ ပညာတတ်လူတန်းစားအလွှာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သံသယကြီးမားစွာ ကြည့်မြင်ပြီးအထင်သေးရှုတ်ချခဲ့ပါတယ်။ “သုညနှစ်တိုက်ပွဲ” ရဲ့အစိတ်အပိုင်းတခုအဖြစ် သံဃာတော်တွေကိုဘုန်းတော်ကြီးကျောင်း တွေကနေ စံနစ်တကျနှင်ထုတ်ခဲ့ပြီး လူဝတ်လဲခိုင်းခဲ့ပါတယ်။ လယ်သမားတွေအဖြစ် ကုန်ထုတ်လုပ်မှုကိုပါဝင်စေခဲ့ပါတယ်။ နှိပ်စက်ညှင်းပမ်းမှုတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းကဘုန်းကြီးကျောင်းတွေဟာ အော်ဟစ်ငြီးငြူသံတွေနြဲ့ပည့်နှက်နေခဲ့ပြီး မနက်လင်းရင်း ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သေဆုံးနေတဲ့ဘုန်းတော်ကြီးတွေကို နေ့စဉ်ရက်စက်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ခမာနီခေါင်းဆောင် ပို့ပေါ့ ရဲ့ လက်ထက်မှာ ပြည်သူ (၂) သန်းကျော်ဟာ ဆာလောင်ငတ်ပြတ်မှုတွေ၊ ရောဂါအနာတရတွေ၊ နှိပ်စက်ညှင်းပမ်းခံရမှု နဲ့ သတ်ဖြတ်ခံရမှုတွေကိုခါးသီးစွာရင်ဆိုင်ခဲ့ရပါတယ်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ဒုက္ခသည် စခန်းတွေမှာလည်း ခမာနီကွန်မြူနစ်တွေရဲ့ရန်ကိုကြောက်လန့်ပြီးထွက်ပြေးခဲ့ကြရတဲ့ ကမ္ဘောဒီးယားပြည်သူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ ရဟန်းသံဃာတော် (၆) သောင်းနီးပါး အသတ်ခံရပြီး၊ ဘုန်းကြီးကျောင်းတွေဟာ သုသန်တစပြင်လိုတိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။ ပိုးပေါ့ဟာ ကမ္ဘောဒီးယားနိုင်ငံကို “လူသတ်မြေ”အဖြစ်နာမည်ဆိုးနဲ့ကျော်ဇောခဲ့တဲ့ ကာလတခုကို ဖန်တီးခဲ့ပါတယ်။ ပိုးပေါ့ အစိုးရ အာဏာရရှိအပြီး-နောက် (၃) နှစ်အကြာမှာတော့ ဗီယက်နမ်စစ်တပ် ဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းကိုဝင်ရောက်လိုက်ကြပြီး ပိုးပေါ့အစိုးရကိုဖြုတ်ချပစ်လိုက်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုတွေကတော့ နိုင်ငံတခုလုံးမှာတည်ရှိနေဆဲဖြစ်ပါတယ်။ ၁၉၇၈ ကာလမှာတော့ ဒုက္ခရောက်နေတဲ့ ကမ္ဘောဒီးယားပြည်သူတွေအတွက် စိတ်ပျက်အားလျော့မှုတွေကိုဖယ်ထုတ်ပစ်မဲ့သူတဦးပေါ်ပေါက်လာခဲ့ပါတယ်။ သူကတော့ “မဟာ ဂိုဇန်နန်တာ” လို့ခေါ်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတဦးပါ။ သူဟာ ပိုးပေါ့လက်ထက်မှာ အသက်မသေပဲ ကျန်ရစ်ခဲ့တဲ့ ကမ္ဘောဒီးယားသံဃာတော် (၃၀၀၀) ကျော်အနက်တပါးအပါအဝင်ဖြစ်ပြီးသူ့ရဲ့မိသားစုဝင်တွေအားလုံးကို ခမာနီကွန်မြူနစ်တွေက သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းက တောအုပ်ထဲမှာ တရားဆောက်တည်နေတဲ့ မဟာ ဂိုဇန်နန်တာ ဟာ သူ့ရဲ့တောအုပ်ကိုစွန့်ခွာလိုက်ပြီး ဒုက္ခသည်စခန်းတွေဆီကိုရောက်လာခဲ့ပါတယ်။ ဒုက္ခသည်စခန်းက ပြည်သူတွေကို အားပေးနှစ်သိမ့်ခဲ့ပြီး “ကျနော်တို့မှာရှိတဲ့ ဥာဏ်ပညာ နဲ့ ဂရုဏာတရားတွေကို အတူတကွပေါင်းစပ်ပြီး ဘဝခရီးကိုလျှောက်ကြရမယ်။ ဒီနှစ်ခုထဲက တစုံတခုချို့ယွင်းနေခဲ့ရင် ခြေတဘက်တည်း လမ်းလျှောက်နေတဲ့လူလိုဖြစ်သွားမယ်။ ဒါကြောင့် ဒီနှစ်ခုကို မျှတအောင်ထိန်းညှိပြီး တဆင့်ပြီးတဆင့်လျှောက်လှမ်းသွားရမယ်” လို့ရှင်းလင်းဟောပြောခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်နေသူတွေကို ကံကြမ္မာရဲ့သနားစရာသတ္တဝါအဖြစ်သတ်မှတ်ပြီး၊ တိုင်းပြည်မှာ အနာရောဂါတွေထူပြောပြီးလူတွေဒုက္ခရောက်နေခြင်းရဲ့အဓိကတရားခံဟာ စစ်ပွဲကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ကိုထောက်ပြပါတယ်။ နယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြို့တော် ဖနွမ်းပင်အထိ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးကိုစတင်လိုက်ပါတယ်။ ဒီလမ်းလျှောက်ပွဲဟာမကောင်းဆိုးဝါးတွေကိုဆန့်ကျင်တဲ့သင်္ကေတတခုဖြစ်တယ်။ သူတို့ရဲ့အသုံးတော်ခံဇာတ်ကောင်တွေမဟုတ်ဘူးဆိုတာ ရှင်းရှင်လင်းလင်းထုတ်ဖေါ်ပြ သမှုဖြစ်ရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ခရီးရှည်လမ်းလျှောက်ပွဲကိုပါဝင်မဲ့သူတွေဟာ လမ်းခရီးနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေကို ဘယ်လိုတွန်းလှန်မလဲ၊ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ မရေမတွက်နိုင်လောက်အောင်မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းတွေကိုသတိထားလျှောက်လှမ်းဖို့ဆိုတဲ့အရာတွေကိုသင်ကြားပို့ချခဲ့ပါတယ်။ ထောင်ချီတဲ့ ကမ္ဘောဒီးယားပြည်သူတွေက ဒီသင်တန်းတွေကိုတက်ရောက်ပြီး လမ်းလျှောက်ပွဲကိုပါဝင်ခဲ့ကြပါတယ်။ ၁၉၉၁ မှာ ငြိမ်းချမ်းရေးသဘောတူညီမှု့စာချုပ်ကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ (၂၂၀၀၀) ကျော် က ဝင်ရောက်အကူအညီပေးခ့ေဲ ပမဲ့ ဥပဒေ စိုးမိုးမှုမရှိခဲ့သလို၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း ဆက်လက်ကြုံတွေ့နေခဲ့ရပါတယ်။ ကမ္ဘောဒီးယားပြည်သူတွေ၊ ထောင်သောင်းချီပြီး သေဆုံးဒဏ်ရ ရနေကြဆဲဖြစ်ပါတယ်။ သူပုန်တွေနဲ့အစိုးရတွေကြားကတိုက်ပွဲတွေကလည်းပြင်းထန်နေဆဲဖြစ်ပါတယ်။ “ မြောက်ပိုင်းကနေ မြို့တော် ဖနွမ်းပင်ဆီကို လမ်းလျှောက်လာတဲ့အခါ ကျနော်တို့တတွေ ခမာနီစစ်တပ်နဲ့ တခြားလက်နက်ကိုင်တပ်တွေရဲ့တိုက်ပွဲကြားမှာကြားညှပ်နေတယ်။ ကျနော်တို့လမ်းလျှောက်အဖွဲ့တွေလည်းကျည်ဆံတွေထိမှန်ပြီးသေဆုံးကုန်ကြတာပေါ့။ တဘက်မှာ မြေမြှုပ်မိုင်းတွေက တလုံးပြီးတလုံးပေါက်ကွဲနေသေးတယ်။ မော်တာအမြောက် ကျည်ဆံတွေကလည်းတဝုန်းဝုန်းနဲ့မြေပြင်ကိုထိမှန်နေတယ်။ ဒါပေမဲ့ ကျနော်တို့ဆက်ပြီးခရီးဆက်ခဲ့ကြတယ်။” ငြိမ်းချမ်းရေးလိုလားသူတွေရဲ့ဆန္ဒတွေကိုဘယ်သူမှတားဆီးမရခဲ့ပါဘူး။ ငြိမ်းချမ်းရေးခရီးစဉ်ကိုပြည်သူတွေပိုမိုပါဝင်လာခဲ့ကြပါတယ်။ တချို့စစ်သားတွေက သူတို့ရဲ့လက်နက်တွေကိုစွန့်ပစ်ပြီး လမ်းလျှောက်ပွဲကိုဝင်ရောက်ပါဝင်လိုက်ကြတယ်။ မြေမြှူပ်မိုင်းတွေတည်ရှိရာနေရာတွေကိုပြကြတယ်။စစ်သားတွေကဝင်ရောက်ပါဝင်လိုက်တဲ့အခါ သူတို့နဲ့အညှိုးတကြီးတိုက်ခိုက်ခဲ့ကြတဲ့ တခြားစစ်သားတွေက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေသူတွေကို ဝင်ရောက်ပစ်ခပ်ကြတယ်။ ဒါကြောင့် လမ်းလျှောက်ပကွဲို စစ်သားတွေမပါဝင်ဖို့၊ ကားစီးခြင်း၊ အလံထောင်ခြင်း၊ ယူနီဖောင်းဝတ်ခြင်း၊ ပြဿနာဖြစ်စေမဲ့ သင်္ကေတတွေကိုမလုပ်ကြဖို့ ဆိုတာတွေကိုပိတ်ပင်တားမြစ်လိုက်တယ်။ ၁၉၉၅-၉၆ ခုနှစ်မှာတော့ ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်နေသူတွေဟာမြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးနဲ့ သဘာဝတောအုပ်တွေကိုထိန်းသိမ်းစောင့်ရှောက်ရေးကြွေးကြော်သံတွေကို နိုင်ငံတကာလှုပ်ရှားမှုအဖြစ်ရောက်ရှိသွားအောင်ကြိုးပမ်းခဲ့ကြပါတယ်။ တကယ်တော့ လမ်းလျှောက်သူတွေဟာ ပစ်ခပ်နှောက်ရှက်မှုတွေကြောင့် သေခြင်းတရား၊ ဒဏ်ရာအနာတရနဲ့ ဥပဒေမဲ့စော်ကားမှုတွေကို ခံစားကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တတွေပေးဆပ်ခဲ့တဲ့အရာတွေက ကမ္ဘောဒီးယားနိုင်ငံရဲ့အနာဂတ်ကိုအရှိန်ကြီးမားစွာရိုက်ခပ်ခဲ့ပါတယ်။ “ အနှစ်(၂၀) လုံးလုံးခံစားနေရတဲ့ငရဲတခုဆီက အမှတ်သညာတွေကို စုစည်းပြီး၊ ယဉ်ကျေးမှုသစ်တခုကို ဖန်တီးမဲ့ဆုတောင်းပွဲတွေလေ၊ ကမ္ဘောဒီးယားနိုင်ငံရဲ့အနာဂတ်ကိုလှပစေချင်ရင်အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းနိုင်မှဖြစ်မယ်ဆိုတိာုပြည်သူတွေသဘောပေါက်လာခဲ့ကြတယ်။” တဲ့ သောတရှင်တို့လည်း အကြမ်းဖက်ကျူးလွန်နေသူတွေကိုရပ်ဆိုင်းပစ်နိုင်ကြပါစေခင်ဗျား။
Credit: ချိုတူဇော်

Related Articles:

Post a Comment