-
ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်းတယ်။
ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. - ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။
- ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။
- ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။
- ထမင်းကို ဆားကြမ်းနဲနဲရောမွှေပြီးအအေးခံထာ
းပါတယ်။ - လေလုံတဲ့ဗူးအလွတ်တစ်လုံးအဆင်သင်
့လုပ်ထားပါ - ဆားနယ်ပြီးနှပ်ထားတဲ့ငါးကို ရေနဲ့ဖွဖွလေးပြန်ဆေးပါတယ်.. ပြီးရင်ရေခဏစစ်ထားပါ။
- ရေစစ်ပီးသားငါးကို ဆားနယ်ထားတဲ့ထမင်း (မကျက်သေးတဲ့ထမင်း) နဲ့သိပ်ပီးနယ်ပါ။
- ဗူးထဲကိုဖိသိပ်ပီးစီထည့်ပါ။
- မနက်ပိုင်းနဲ့ ညနေပိုင်း ၃ နာရီလောက် (ခန့်မှန်း) နေပြပါ။
- ၃ ရက်လောက်မှာတော့ဗူးဖွင့်ပြီး ဆီ/ရေစုပ်
အ၀တ်နဲ့ဗူးအ၀ကိုလုံအောင်ပိတ်ပီး ဇောက်ထိုး (၂)
နာရီလောက်ထားပါတယ်..ဗူးဖွင့်လို
က်ရင် ရောင်းတဲ့ငါးချဉ်အနံ့လို ရနေပီ။ (မမလုလုကို လှမ်းမေးတော့ ဇောက်ထိုးထားလို့ပြောတယ်၊ အထဲကအရည်တွေစစ်ထွက်သွားအောင်၊ မေးတဲ့ရက်က ၃ရက်မြောက်ဖြစ်နေပီ ၊ ဟီးး) - ငါးချဉ်ဗူးကရေအများကြီးတော့မထွ
က်ပါဘူး၊ အသားထဲကနဲနဲစိမ့်ထွက်လာတဲ့အရည်ေ တွ ဇောက်ထိုးထားတဲ့ အချိန်တွင်းမှာစစ်သွားပါတယ်။ - ပီးရင်တော့အ၀တ်စဖယ်ပီး ဗူးထဲပြန်သိပ်ထည့်ပါတယ်။
- ကျွန်မ ငါးချဉ်စားရင် ငါးသတ်သတ်သာပိုနှစ်သက်တာမို့ ထမင်းတွေအကုန်ဆေးပစ်လိုက် ပါတယ်။
- ငါးအသားချဉ်းဗူးလေးထဲပြန်သိပ်
ထည့်၊ အဖုံးလုံအောင်ပိတ်ပီး ရေခဲသေတ္တာထဲထည့် ထားလိုက်ပါတယ်။
အရမ်းကောင်းပါတယ်။ ငါးအသားလဲ တင်းတင်းလေးရှိနေတုန်းဘဲ။ ချဉ်လဲချဉ်တယ်၊ စိမ့်လဲအတော်စိမ့်ပါတယ်။ ငရုတ်သီးလေးနဲ့ကြော်ရင် အားလုံးခံတွင်းတွေ့မှာ သေချာတယ်။း)
ငါးချဉ်လုပ်ရန်ဗူးထဲထည့်သိပ်ထားစဉ် (၃)ရက်မြောက် ဗူးဖွင့်လိုက်စဉ်စန္ဒာကူးမှတဆင့်မျှဝေပါသည်
Post a Comment