မိုးကတိုး၍သာ သည်းသည်းလှုပ် ရွာနေဆဲ။စိတ်အလိုအတိုင်း ထင်သ လိုခြယ် လှယ်၍ မရသည့်သဘာဝတရားမို့ အ ပြစ်ဆိုရန် မရှိပါ။ တစ်ညလုံးရွာ ခဲ့သည့် မိုးက ခဏတိတ်လိုက် အသစ်ပြန်စလိုက် နှင့် နံနက်ထိ ထိုနည်းလည်းကောင်း။ ထို့ကြောင့်မိုးကအေး၏။ အနှီမိုးအေး အေးသည် လူငွေ့ဖြင့်အသားကျကာ နွေးနေသော အိပ်ချင်စိတ်အပေါ် အရ သာရှိရှိ ဖိထားသည်။
သို့သော် အင်းအင်းအဲအဲညည်းညူ ကာ ထိုအရသာကို နှမြောတသစွာပယ် ကြရစမြဲ။ စောင်ကို မဖယ်ချင့်ဖယ်ချင်ခွာ၊ ”စိတ်ရှိလက်ရှိသာ အိပ်ပစ် လိုက်ရရင် တော့ကွာ”ဟူသောလောဘဖြင့် လေးလံ နေသော မျက်လုံးများကို ဖွင့်ပြီးနောက် ပို၍ အကောင်ကြီးသော ပရိယေသန ဝမ်းစာအတွက် တစ်မနက် အားမွေးရ ပြန်ပြီ ဖြစ်သည်။
ဤကား နွေမိုးဆောင်း မပြောင်း ဘဲ ဝမ်းရေးအတွက် နေ့စဉ်ကုန်းရုန်းထ တိုက်ပွဲဝင်နေရသော အလုပ်သမားများ ၏ သာမန်ရိုးရိုး နံနက် မျက်နှာ စာအဖွင့် ဖြစ်သည်။ သာမန်ရိုးရိုးဟု သုံးနှုန်းခဲ့၍ ထူးရှယ်များရောရှိပါသလား ဟုဆိုပါ လျှင် အဆင်မပြေမှုများနှင့်မွန်းကျပ် မာဆတ်နေသော အခြေခံဘဝများစွာမို့ အရုဏ်ဖြင့် မတက်သေးခင် စီခနဲဖြစ် တတ်သော လင်မယားရန်ပွဲများ၊ ခေါင် က မိုးမလုံ၊ ဆာလောင်မှုကို အငိုဖြင့် သာ တောင်းတတ်သော ကလေးများ၏ဆူညံ သံနှင့် ဖြည့်ဆည်းပေး ချင်သော မိဘ မေတ္တာသည် မတတ်နိုင်သော ဘဝ အမော များကြောင့် ဒေါသေ စတသိက် အဖြစ်ပြောင်းကာ မှီရာကျောပြင် ဗျော တင်သံများဖြင့်လည်း နံနက်ခင်းက ထူး ရှယ် ဖြစ်နိုင်ပါသေးသည်။
အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန် ထမ်းများသည်လည်း နံနက်ခင်းဆို ထို ကဲ့သို့ အပြေးအလွှား ရုန်းကန်ရသည် ချည်းဖြစ်သည်။ သို့သော် သူတို့ က သေ ချာရေရာသော ထိုင်ခုံစားပွဲနှင့် သေချာ ရေရာသော လုပ်ခလစာရှိသည်။ ဌာန များအလျောက် ၊ ကုမ္ပဏီများအလျောက် အကျိုးခံစားခွင့်နှင့် အာမခံချက်များ ရှိသည်။ ရာထူးတာဝန်အရ အကာအ ကွယ်နှင့် လုံခြုံမှုရှိသည်။
သို့သော် နေ့စားလုပ်သားများနှင့် ကျပန်းလက်လုပ်လက်စား များအတွက်တော့ထိုအရာများမရှိ။ ဒီနေ့မည်သို့လုပ် ကိုင်ရပြီး မည်မျှရမည်ကို သိနိုင်ခြင်းမရှိ။ တစ်နေ့ရွှေ တစ်နေ့ငွေ စကားအစား တစ်နေ့ငွေ တစ်နေ့သံဟူ၍လည်း ပေ ပေါ်တင်၍ အထုခံရနိုင်ပါသည်။ အဆိုး ဆုံးကတော့ အချို့အချို့သော လုပ်ငန်း များ၏ ကျန်းမာရေးဆိုင်ရာ အာမခံချက် မဲ့မှုအောက် မိမိအသက်ဘေး မိမိမေ့ ကာ ရွေးချယ်ခွင့်မရှိ ရပ်တည်လုပ်ကိုင် နေရသောဘဝများလည်း ရှိနေခြင်း ဖြစ် သည်။
လက်ရှိခေတ်စနစ်အသစ်ဟု ဆို နေကြသည့် ခေတ်ကြီးထဲ လူမှုဖူလုံရေး ဥပဒေသစ်ကိုလည်း ရေးဆွဲနိုင်ခဲ့ကြပြီ။အနည်းဆုံးအခကြေးငွေ ဥပဒေ သည် လည်း နည်းဥပဒေနှင့် လုပ်ငန်းစဉ်များ ကို စောင့်နေပြီ။ သို့သော် အာမခံချက် နှင့် လုံခြုံမှုနည်းသောဘဝများဖြင့် မြို့ပြ သံသရာကတော့ မှန်မှန်ကြီးလည်နေဆဲ ဖြစ်ပါသည်။
(၁) ဘဝများလွင့်ပျံနေသည်၊ အသက် ဝဝရှူခွင့်ရနေပါသလား
--------------------------------------------------------------
ဗုန်းခနဲပစ်တင်လိုက်သော အိတ် ၏အရှိန်ကြောင့် ကားပေါ်တွင် ဝပ်နေ သော ဘိလပ်မြေမှုန့်များ ထောင်းခနဲ လွင့်ပျံတက်လာသည်။
နောက်ဆုံး အိတ်မို့ အားလျှော့ လိုက်သည့်ဟန်ကို ရှူးခနဲမှုတ်ထုတ် လိုက် သည့် သူ့ထံတွင်တွေ့လိုက်ရသည်။ ကိုယ်ပေါ်တွင်ခြုံထားသော ပုဆိုးစုတ် ကို တဖြန်းဖြန်းခါလိုက်တော့ ဘိလပ်မြေမှုန့် များက ဝန်းကျင်တခို မြူနှင်း ကျသလိုပင်။ သူကတော့ ဘာမှမထူးခြားသလို ထို ပုဆိုးဖြင့်ပင် မျက်နှာနှ င့်လက်မောင်းပေါ် မှ ချွေးများကို ခပ်ကြမ်းကြမ်းသုတ်လိုက် ပါသေးသည်။
”လုပ်နိုင်ရင် လုပ်နိုင်သလိုရတယ်။ တင်လို့ရသလောက်ရှင်းပေးတယ်။ ပလန့် (ဘိလပ်မြေဖျော်စက်)မှာတစ်လုံးကို ၂၅ ကျပ်ရတယ်။ ကားချရင် ၂ဝ ရတယ်။ ကားပေါ်တင်ပေးရုံပဲ။ သူတို့ဘာသာ သယ်သွားတယ်” ဟုသူဟု နာမ်စားသုံးခဲ့ သည့်အသက် ၂၉ နှစ်ရှိ ကိုဝင်းနိုင်စိုးက သူ့လုပ်ငန်းကို ရှင်းပြသည်။
ခွဲတမ်းရသော ပိုက်ဆံများကို ခါးတွင် ကျစ်ကျစ်လိပ်သိမ်း လိုက်ပြီး နောက်ကားတစ်စီးလာရန်ရှိ၍ ထမင်း ကြိုစားထားရကြောင်း ကို ပြောရင်း ကိုဝင်းနိုင်စိုးက ဘိလပ်မြေများ ကပ်ညိ ပေကျံနေသော လက်ဖြင့်ပင် ထမင်းချိုင့် ကိုချကာ ကော်ဖီထုပ်ကိုပါ တလက်စတည်း ဖျော် လိုက်သည်။
သူတို့လို လုပ်သားများအတွက် လုပ်အားခဆိုသည်က သူတို့လုပ်နိုင် သည့် ပေါ်တွင်သာမူတည်ပါသည်။ တစ်နေ့ လုပ်တစ်နေ့စားဟူသော စကားက သူတို့ အတွက်အမှန်။ အလုပ်များခြင်း နည်း ခြင်းနှင့် သူတို့ထမ်းနိုင်သည့် အရေအ တွက်အလျောက် သက်ရောက်ပါသည်။
”ခုကပိုပင်ပန်းတယ်။ စားသောက် ချိန်မမှန်ဘူး။ နားချင်တိုင်းနားလို့မရဘူး။ နေ့ဘက် ညဘက် ဆင်းရတဲ့အခါလည်း ရှိတယ်။ ကားချရင် ချသေ လာက် သယ် ရတယ်။ အလုပ်ကပြတ်တယ်မရှိဘူး။ သွားနေရတာပဲ”ဟု သူက လမ်းအပြင် ဘက်ကိုငေးရင်း ပြောသည်။
သူဒီအလုပ်ကို လုပ်ခဲ့သည့်ကာလ က ၂ နှစ်။ ယခင်က ဆိုက်ကားနင်းခဲ့ သော်လည်း အစ်ကိုဖြစ်သူက ဘိလပ် မြေသယ် အလုပ်သမားဖြစ်နေေ သာ ကြောင့် ဤအလုပ်ကိုသာ ဆက်စပ်လုပ် ဖြစ်ခဲ့ခြင်းဟုရှင်းပြသည်။ လက်ရှိအလုပ် က ပိုက်ဆံပိုရသော်လည်းဆိုက်ကား နင်းစဉ်ကမူ ဘဝမှာ သက်သောင့်သက် သာရှိခဲ့ကြောင်း ဆိုပါသည်။
”ဒီအလုပ်က ကျန်းမာရေးထိခိုက် တယ်။ ဘိလပ်မြေမှုန့်တွေက နှာခေါင်း ထဲကနေဝင်တယ်။ အဆုတ်ကို ရောက် တယ်။ ကျောက်ဖြစ်တယ်။ အဲလိုပြောကြ တာပဲ။ ကျွန်တော်တော့ အခုထိဘာမှ မဖြစ်သေးဘူး။ ငှက်ပျောသီးစားတယ် လေ” ဟု ကိုဝင်းနိုင်စိုးကသူ့အလုပ်၏ ဆိုးကျိုး ကိုပြောပြသည်။ ဘိလပ်မြေမှုန့် နှင့် ထိတွေ့သူများအတွက် ငှက်ပျောသီး ကအမှုန်များကို အတွင်း၌ ကပ်မနေ စေဘဲ ဝမ်းတွင်းသို့ ငှက်ပျောသီးနှင့် အတူဝင်သွားသည်ဟု သူတို့ လုပ်ငန်း လုပ်ကိုင်သူများ ယုံကြည်ထားသော ဖြေ ရှင်းပုံကို ဆိုလိုခြင်းဖြစ်သည်။
ဤအလုပ် စလုပ်စဉ်ကမူ ဘိလပ် မြေမှုန့်များနှင့် ချွေးရောကာ လက်များ ပေါက်ခြင်း၊ အဖုအပိန့်များ ထွက်ခြင်း၊ အဆိုပါဒဏ်များကြောင့် လက် များ ပေါက်ပြဲကိုက်ခဲကာ သုံးရက်ခန့် အလုပ် မဆင်းနိုင်ဖြ စ် ခဲ့ပြီး နောက်ပိုင်းတွင်တော့ အသားကျသွားခဲ့ကြောင်း သူက ပြောပြ သည်။
အထွေထွေရောဂါကု ဆရာဝန် ကြီး ဒေါက်တာဇော်သန်းထွန်းကတော့ ဘိလပ်မြေမှုန့်များဝင်ရောက်သည့် အ တွက် တီဘီ၊ အခြားလေပြွန် ရောင်ရော ဂါနှင့် နမိုးနီးယားရောဂါများဖြစ်ပွားနိုင် ကြောင်း ဆိုပါသည်။
”အဲဒီအမှုန်တွေကြောင့် အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ် ဖို့အခွင့်အလမ်းများတယ်။ ဒါတွေက အ သက်ရှူလ မ်းကြောင်း ရောဂါတွေ ကို ခုခံတိုက်ခိုက်နိုင်တဲ့ စွမ်းအားလျော့ကျ သွားတယ်။အဲဒါကြောင့် ခုန လြေ>ွပန်ရောင် ရောဂါမျိုး ဖြစ်နိုင်တာပေါ့” ဟု ၄င်းက ရှင်းပြသည်။
ထို့ပြင် အရေပြားနှင့်ပတ်သက် ပြီး ဓာတ်မတည့်အရေပြားရောဂါ (ACD- AlLergic Contact Dermatitis) ဖြစ်နိုင် ကြောင်းလည်း ဒေါက်တာက ဆိုသည်။ ယင်းအတွက်ကာကွယ်မှုကမူ လုံခြုံ သောနှာခေါင်းစည်း (Mask) တပ်ဆင် လုပ်ကိုင်ရန်သာ ဖြစ်သည်ဟု အကြံ ပေးပါသည်။
ရွှေပြည်သာ တံတားအဆင်းတွင် ရှိသော ကွန်ကရစ်ကင်းဖျော်ပြီးသား ဘိ လပ်မြေအမှာများကို လိုက်လံပို့ဆောင် ပေးရသော လုပ်ငန်းတွင် ဝင်ရောက်လုပ် ကိုင်နေသည့် ကိုဝင်းနိုင်စိုးတို့လို လုပ် သားများအတွက်မူ အလုပ်ရှင်မှ နှာ ခေါင်းစည်းများ ထုတ်ပေးသော်လည်း မတပ်ကြဟု ဆိုသည်။
”အဲဒါကြီးဝတ်ပြီး အလုပ်လုပ် ရင် မွန်းကျပ်လို့ဗျ။ ဒီတိုင်းလုပ်လိုက်တာပဲ” ဟု ကိုဝင်းနိုင်စိုးကပြောသည်။
အလုပ်ကောင်းသည့်နေ့ဆို ကျပ် တစ်သောင်းခွဲနီးပါး ရတတ်ရာ အလုပ် ဇောဖြင့် သူတို့အတွက် အခြားသော အရာများကို မတွေးမိ၊ မတွေးနိုင်ခြင်း က မဆန်း။ တစ်နေ့လျှင် ဘိလပ်မြေအိတ် ၃ဝဝ ခန့်သယ်ပိုးလုပ်ကိုင်နေသော သူ ကတော့ မိုးကုန်ပါက ဆိုက်ကားပြန်နင်း မည်ဟု ဆိုပါသည်။
”ကိုယ့်စိတ်နဲ့ကိုယ် ဘယ်သူမှ ဒီ အလုပ် မလုပ်ချင်ပါဘူး။ ပိုက်ဆံရလို့ လုပ်တာ။ ပခုံးနဲ့ထမ်းတာဆိုတော့ နာ တာပေါ့။ စုတ်ပြတ်သတ် အရေ ခွံကွာ နေတာပေါ့”ဟု အင်္ကျီကို အသာစောင်း ဟပြရင်း သူကပြောသည်။ တကယ် တော့သူ့ပုခုံးပေါ်ကအနာထက် လှိုင်သာ ယာတွင်ကောင်း တူဆိုးဖက် နေနေသော မိသားစု လေးယောက်အတွက် ဘဝ အနာက ပိုဆိုးမည်ထင်ပါသည်။
”ကျွန်တော်တို့ ကားလမ်းဘေး နားကပ်ပြီး အိတ်ချတဲ့အခါမှာ အ ဝေးကြီးကနေ နှာခေါင်းလေးတွေပိတ် ပြီးတော့ကျော်သွားတယ်။ ကိုယ်တွေ က အနီးကပ်လုပ်နေတဲ့သူတွေက အလုံး လိုက်ရှူနေရတာဘာမှမဖြစ်ရဘူး။ အေး လေ…”ဟု အဆုံး မသတ်သောစကား ကိုဆိုရင်း ကိုဝင်းနိုင်စိုး ခေါင်း တဆတ် ဆတ်ညိတ်နေဟန်တွင် တစ်စုံတစ်ရာကို ကြိုးစားမျိုသိပ်လိုက်ရသည့် နာကျင်မှု ပါနေသလို ခံစားသိလိုက်မိပါသည်။
(၂) ငုံ့တောင်မကြည့်မိပေမယ့် တကယ့် အရေးဆို သူတို့ရော စက်ရုပ်မို့လား
-------------------------------------------------------------------------
ဖြတ်သွားဖြတ်လာ လူတွေကို ထိုင်ကြည့်နေရင်း ကိုယ့်ကို ခေါ်မည့် သူလားဟု မျက်နှာရိပ်ကို ကြည့်နေရ သည်ကိုက မောသည်ဟု ကိုနိုင်ထွေး က ပြောသည်။
အနော်ရထာလမ်းပေါ်နှင့် ပန်း ဆိုးတန်းမီးပွိုင့် အလွန်လေးတွင် အ ရွယ် အစားမျိုးစုံရှိပိုက်များ တပ်ထား သောဝါးလုံးများ ထိုးထိုးထောင် ထောင် ချ၍ ထိုင်နေသူများကို တွေ့ရသော အခါ အချို့က ဘာမှန်းမသိကြ။ သိသူ များကတော့ ဖြတ်လျှောက်ရာတွင်ပင် ထိမည်စိုးသလို ခပ်ခွာခွာ။ ထို့ကြောင့် လိုအပ်၍ အလုပ်လာခေါ်ရာတွင် ရှက် သလိုကြောက်သလိုမို့ မျက်နှာအရိပ် အကဲကိုကြည့်ကာ မှန်းဆရသည်ဟု ကိုနိုင်ထွေး (အမည်လွှဲ)က ပြောခြင်းဖြစ် သည်။
အဆိုပါ ထိုးထိုးထောင်ထောင် များမှာ လုပ်ငန်းတစ်ခု၏ သင်္ကေတ ဖြစ်ပြီးမိလ္လာပိုက်များပိတ်ခြင်း၊ ပြုတ် ခြင်း၊ ရေစင်နှ င့်ရေပိုက် များပိတ်ခြင်း ၊ ပြုတ်ခြင်းများကို ပြုပြင်ပေးသည်ဟူ သော အဓိပ္ပာယ်ဖြစ် ပါသည်။
”မိသားစု စားဝတ်နေရေးအ တွက် လုပ်နိုင်သမျှကို ကျွန်တော် အကုန်လုပ်တယ်။ အဓိက ကတော့ကျွန်တော့်မိသားစု ပြေပြေလည် လည် နေနိုင်ဖို့ ပဲ” ဟုသူက ပြောပါသည်။
ဤအလုပ်က တစ်ခါတစ်ရံတွင် သူတို့အသုံးပြုသော လက်နက်တန် ဆာပလာများဖြင့် လုပ်ကိုင်၍ အဆင် မပြေသည့်အခါ လက်ဖြင့်ပင် ကိုင် တွယ် ကာ ပိတ်ဆို့နေသည်များ ဖယ် ရှားရတတ်သည်လည်း ရှိသည်ဟုသိရ သည်။ ထို့ကြောင့်ပင် လူအချို့က သူတို့ ကို ရွံရှာစရာလူများလို ခပ်တန်းတန်း ရှိတတ်ခြင်းဟု သူက ခံစားချက်ကို ပြောပြသည်။
ထိုသို့နိမ့်ပါးသည်ဟု ဆိုသော် လည်း အသက်မွေးဝမ်းကျောင်းအ တွက် လုပ်ကိုင်ရခြင်းဖြစ်ပြီး လုပ် ကိုင်သည်မှာတစ်နှစ်ကျော်ပြီဟု ၄င်း က ဆိုသည်။ ”မိသားစုအတွက်တော့ ဒီအ လုပ်ကလုံလောက်မှုရှိပါတယ်။ ကိုယ် ပိုင်အလုပ်ဆိုတော့ လုပ်ချင်လုပ် မလုပ် ချင်နေ။ ဘယ်သူမှ မပြောဘူးေ လ။ ဘယ်သူ့မျက်နှာမှကြည့်နေစရာ မလို ဘူး”ဟု ပလက်ဖောင်းပေါ် ထိုင်ရင်း ကိုနိုင်ထွေးက အေးအေးလူလူပင် ပြော ပြသည်။ သူ့အဆိုအရမူ အလုပ်ရပါက ၄ နာရီ ၅ နာရီအတွင်း လုပ်အားခအဖြစ် တစ်သောင်း၊ တစ်သောင်းခွဲအထိ ရ တတ်သည့်အပြင် ပညာလည်းရကြောင်း၊ အသက်ကြီး သည်အထိ လုပ်ကိုင်ရန် အဆင်ပြေကြောင်း သူကအတွေ့အကြုံ အရ ပြောပြသည်။ အလုပ်ရှိရာသို့ ကြည့် မြင်တိုင် တစ်ဖက်ကမ်းမှ လာရပြီး သူ့တစ်နေ့တာအသုံးစရိတ်က ကျပ် ၂ဝဝဝခန့်ဟုဆိုသည်။ သို့သော် မိဘ နှစ်ပါးနှင့်အတူ မိသားစုအတူနေကြ ကြောင်း သူပြောပြသည်။
”ဒါမလုပ်ခင်က ကြည့်မြင်တိုင် ဘက်မှာ ဆီစစ်တဲ့အလုပ် လုပ်တယ်။ ၅လလောက်ပေါ့။ ဒါပေမဲ့ မလောက် ဘူးဗျ။ ဒါနဲ့ ဒီအလုပ်ကိုပြောင်းခဲ့တာ” ဟု သူက ဆိုသည်။ အထွေထွေရောဂါကုဆရာဝန် ကြီး ဒေါက် တာ ဇော်သန်းထွန်းက တော့ ဤလုပ်ငန်းလုပ်ကိုင်သူများအ နေဖြင့် တစ်ကိုယ်ရေသန့်ရှ င်းရေးပြု လုပ်ပေးရန် အရေးကြီးကြောင်း သတိ ပေးပါသည်။
မိလ္လာလုပ်ကိုင်သူများအနေဖြင့် လက်ပတို စပိုင်ရိုးဆစ် LAPTO- SPYROSIS ဟု ခေါ်သည့် ပိုးကြောင့် LAPTOSPYROSIS အရေပြား ရော ဂါဖြစ်တတ်ကြောင်း ဆိုသည်။ ”အဲဒီအကောင်တွေက ကြွက် သေးတို့ ဘာတို့မှာရှိတာ။ ကြွက်က သေးပေါက်ရင် အဲဒီကောင်တွေက ရေ ထဲပြေးေ နရော။ ကြွက်မစင်မှာ လည်းရှိတယ်။ အဲဒီရေထဲမှာ လူတွေ က ဖိနပ်မပါဘဲ လမ်းလျှောက်တော့ ရေ နူးပြီး အဲဒီအကောင်တွေက အသား ထဲကို
ထိုးဖောက် ဝင်တဲ့အတွက် ဖြစ်ရတာ” ဟု ဒေါက်တာက ဆို သည်။
ကာကွယ်ဖို့ရန်မှာ သားရေလည် ရှည်ဖိနပ်၊ ဘွတ်ဖိနပ်ကဲ့သို့ ဖိနပ်များ စီး၍ လုပ်ကိုင်သင့်ပြီး ခြေညှပ်ဖိနပ် မစီးသင့်ကြောင်း၊ အလုပ်ပြီးသည်နှ င့် ခြေဆေးလက်ဆေးနှင့် တစ်ကိုယ်ရေသန့် ရှင်းမှုကို ဂရုတစိုက် လုပ်သင့်ကြောင်း အကြံပေးသည်။ ”နောက်ပြီး အစာအိမ်၊ အူလမ်း ကြောင်းနဲ့ ပတ်သက်တဲ့ ကူးစက်ရော ဂါတွေ ဖြစ်တတ်တယ်။ အသည်း ရောင်အသားဝါ အီးပိုး၊ အေပိုးတွေ ကူးနိုင်တယ်။ ဒီပိုးတွေက မစင်ပိုက် မှာလည်းရှိ တယ်။ မစင်ကိုတော့ ဘယ် သူမှ လက်နဲ့မကိုင်ဘူးပေါ့။ ဒါပေမဲ့ ပိုက်ကို လက်နဲ့ဆွဲချွတ်တာမျိုးလုပ်လို့ လက်ကနေတစ်ဆင့် ပါးစပ်ထဲဝင်နိုင် တယ်ေ လ” ဟု ဖြစ်ပွားနိုင်ပုံကို ဒေါက် တာ ဇော်သန်းထွန်းက ရှင်းပြသည်။
သို့ရာတွင် လက်ရှိမိလ္လာပိုက်ပြင် လုပ်ကိုင်နေသူ ကိုနိုင်ထွေးတို့အတွက် မူ အထက်တွင်ဆိုခဲ့သလို အခန့်မသင့် ပါက လက်ဖြင့်ပါကိုင်တွယ် လုပ်ရသည့် နည်းတူ ဖယ်ရှားရှင်းလင်းပေးရသည့် အညစ်အကြေး အမှိုက်များကလည်း မျိုးစုံမို့ ရှောင်လွှဲနေ၍ မရ။သို့သော် အလုပ်ပြီးလျှင်လည်း ကိုယ်လက်ဆေး ရေချိုး သန့်စင်ခြင်းမှလွဲ၍ ကျန်းမာရေး ကာကွယ်မှုအတွက် ထူးထူး ခြားခြားပြု လုပ်ခြင်းမျိုး မရှိဟု သူက ပြောပါသည်။
”မိသားစုပြေလည်ဖို့ပဲ အရေး ကြီးတယ်ဗျာ”ဟု သူက ထပ်ပြောလိုက် ရင်းငေးနေသော သူ့အကြည့်တွင် လမ်း သွားလမ်းလာများထဲမှ အလုပ် လာခေါ် မည့်သူကိုမျှော်နေဟန်နှင့်အမောကို သိ သိသာသာပင်မြင်နေ ရပါသည်။
(၃) စိတ်ချလက်ချဖွ တချို့ ဘဝက ရှင်းရမှ
-----------------------------------------------
ဝတ်စကုတ်ကဲ့သို့ လိမ္မော်ရောင် ယူနီဖောင်းအင်္ကျီက ရွှံ့စက်များ စင်သော ကြောင့် အနည်းငယ်ပေရေနေသည်။
ကိုစန်းဝင်းက လက်အိတ်စွပ်ထား သော လက်နှစ်ဖက်ဖြင့် ပုံးအတွင်းမှ အ မှိုက်များကို ပယ်ပယ်နယ် နယ်ကျုံးကိုင် ကာခြင်းထဲထည့်၊ ကားပေါ် လက်ဆင့် ကမ်းပေးရင်းမှ အမှိုက်များထဲမှ ပုလင်း ခွံ၊ ဘူးခွံများကို ဘေး တွင်ချထားသော အိတ်ထဲသို့လည်းထည့်သည်။ ဒါတွေက သူတို့အတွက်ေ တာ့ စွန့်ပစ်ပစ္စည်းမှ ငွေ ယားလေးများရနိုင်သည့် အမှိုက်ထဲမှရွှေ ဟု ဆိုရမည်။
”ကျွန်တော့်တာဝန်က အမှိုက် တွေကိုသိမ်းမယ်။ သိမ်းပြီးသွားရင် အ မှိုက်ပုံးတွေကို ဆေးရတယ်” ဟု အမှိုက် လှည်းမှအမှိုက်များ ရှင်းလင်းရင်း မှသူက ပြောလိုက်ခြင်းဖြစ်သည်။ ပန်းဆိုးတန်း ထိပ်မှ မဟာဗန္ဓုလလမ်းထိပ် အထိ ညနေပိုင်းတာဝန်ယူထားသည့် ကိုစန်း ဝင်းသည် လုပ်သက်နှ စ်နှစ်ကျော်ခန့် ရှိ ပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့မှ တက်လာသူဖြစ်သည်။ တကယ် တော့ သူတို့အလုပ်ကလည်း လွယ်ကူ သည်တော့ မဟုတ်။ စည်ပင်မှ အ မှိုက်သိမ်းပြီဆိုသိသိသာ သာရတတ် သည်က ဆိုးဝါးသော အမှိုက်နံ့ဖြစ်ပြီး အမှိုက်များက အမျိုးလည်းစုံကာ ညစ်ပတ်ပါသည်။ သို့ရာ တွင် သူတို့က တော့ မထူးခြား သည့်အလား အနံ့ဆိုးများနှင့် အတူ တကုတ် ကုတ်လုပ်နေဆဲ။
ကိုစန်းဝင်းနှင့် ဇနီးတို့မှာ အတူတူလုပ် ကိုင်ခြင်းဖြစ်ပြီးဌာနမှ ချပေး ထားသော ဗိုလ်တထောင်မြို့နယ် မှ လိုင်းခန်းတွင်နေထိုင်ကာ ကလေး များကိုတော့ နယ်တွင်ထားကြောင်း သိရသည်။ သူတို့က စည်ပင်ဝန်ထမ်း များ ပင်ဖြစ်၍ လစာငွေခံစားရပါသည်။ ရှစ် သောင်းသုံးထောင်ဟူသော တရားဝင် လစာအပြင် အမှိုက်သွန်သူအချို့မှ ဘောက်ဆူးပေး သော ကျပ်တစ်ရာနှစ် ရာ စသည်တို့ကို စုစုဆောင်းဆောင်း ဖြင့် ရုန်းကန်နေရ သည်ဟု ကိုစန်းဝင်း က ပြောသည်။
ညစ်ပတ်နံစော်နေသော အမှိုက် များကို ကိုင်တွယ်လုပ်ကိုင်နေရသော် လည်း ဌာနမှ လက်အိတ်၊ နှာခေါင်းစည်း များအပြင် မိုးကာအင်္ကျီပါ ထုတ်ပေး သည်မို့ အကာအကွယ် ဖြစ်စေသည် ကတော့ အမှန်။ ထို့ပြင် ဝတ်စုံပြည့် အသုံးပြုမှု ရှိ မရှိ ကိုလည်း ရှောင်တခင်စစ်တတ်ပြီး ပျက်ကွက်ပါ က မြို့နယ် ရွှေ့ပြောင်းလုပ်ကိုင်ရသည့်အတွက် ဂရု စိုက်ရကြောင်း သူက ပြောသည်။
သူတို့အနေနှင့်မူ အလုပ်ပြီးပါက ပုံမှန်ရေမိုးချိုးခြင်းများသာ လုပ်ပြီး အ ထူးတလည် ကျန်းမာရေးစောင့်ထိန်းမှု တော့ မရှိပါဟု ဝန်ခံပါသည်။
စည်ပင်သန့်ရှင်းရေးဝန်ထမ်းများကဲ့သို့ လုပ်ကိုင်ရသည့် လုပ်သားများမှာ အပ်နှင့် ကွဲရှစေတတ်သော အရာများ ထိခိုက်မိခြင်းမှတစ်ဆင့် အသည်းရောင် အသားဝါဘီပိုး၊ စီပိုးများအပြင် HIV ပိုးကဲ့သို့ ကူးစက်နိုင်သော ပိုးများ ဝင်နိုင် ကြောင်းအထွေထွေရောဂါကုဆရာ ဝန်ကြီး ဒေါက် တာဇော်သန်းထွန်းက ဆို သည်။
”ချွန်ထက်စူးရှနိုင်တဲ့ ဟာတွေမှာ ဒီလိုပိုးတွေ ပါနိုင်တယ်ဆိုတာကိုသိသင့် တယ်။ ကာကွယ်ဖို့ကတော့ စနစ်တကျ သိမ်းဖို့နဲ့ အပ်တွေမဖောက်နိုင် တဲ့ လက် အိတ်တွေ သေချာဝတ်ဆင်ဖို့လိုပါတယ်” ဟု ၄င်း အကြံပြုသည်။ ကိုစန်းဝင်းအဆိုအရမူ ဌာနအနေ ဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ထိ ခိုက်ရှနာများဖြစ်ပါက တာဝန်ယူမှုရှိပြီး တစ်လ(သို့)နှစ်လလျှင် တစ်ခါ ဆေးစစ်မှု များ ပြုလုပ်ပေးကြာင်း သိရသည်။
”သူသူကိုယ်ကိုယ် လမ်းသွားလမ်း လာတွေ နှာခေါင်းရှုံ့ကြတဲ့အလုပ် ဆို ပေမယ့် ကျွန်တော်တို့မှ မလုပ်ဘူးဆိုရင် မြို့ထဲမှာ အမှိုက်တွေပုံ သွား မှာပေါ့”ဟု သူက သူ့အလုပ်အပေါ်ထားသည့် စိတ် ကို ပြောပြသည်။ထိုနည်း လည်းကောင်းမှသည် ထိုနည်းကောင်းသို့ ဤကဲ့သို့ ထိုသို့ ၄င်းကြောင့် ဘဝ များစွာထဲမှာ ကောက်သင်းကောက်မြင်ရ သောလူများသည် လက်ရှိ မြန် မာနိုင်ငံ ၏ အခြေအနေအား သရုပ်ဖော်နေသည် ဟုဆိုပါကလည်း မှားအံ့မထင်။ သူတို့ အတွက်တော့ လွန်ခဲ့သာ နှစ်များနှင့် မျက်မှောက်ခေတ် သည် ထူးမခြားနား ထိုနည်းလည်းကောင်း။ နေ့စဉ် ဤသို့ ပင် နံနက်တိုင်း ထ၍ ထိုသို့ပင် ညမိုးချုပ် အိမ်ပြန်ကာ ရလာသည့်ငွေများဖြင့် ယင်းတစ်နေ့အတွက် အသက်ဆက်ရ ဆဲ။ ပြောင်းလဲမှုဟုဆို လျှင် နေ့စဉ် ပုံမှန် မရှိသောဝင်ငွေနှင့် အခြေအနေအရ မတည်မြဲနိုင်သောအလုပ်ပင် ဖြစ်ပါလိမ့် မည်။
ကိုယ်စီကိုယ်ငအားလုံးကတော့ ဒီတိုင်းထိုင်နေကြသည်တော့ မဟုတ်ပါ။ သို့သော် စစ်မှန်သော စေတနာဖြင့် အစီအစဉ်တကျ သွားကြမည်ဆို ပါလျှင် အများမျှော်နေသည့်ပန်းတိုင်ကို ရောက် မည်ဟုယူဆပါသည်။ သို့ရာတွင်လက်ရှိ ခေတ်စနစ်အသစ်ဟု ဆိုနေကြသည့် ခေတ်ကြီးထဲ လူမှုဖူလုံရေးဥပဒေသစ် ကိုလည်း ရေးဆွဲနိုင်ခဲ့ကြပြီ။ အနည်းဆုံး အခကြေးငွေဥပဒေသည်လည်း နည်း ဥပဒေနှင့် လုပ်ငန်းစဉ်များ ကို စောင့်နေ ပြီ။ သို့သော် အာမခံချက်နှင့်လုံခြုံမှုနည်း သောဘဝများဖြင့် မြို့ပြသံသရာက တော့ မှန်မှန်ကြီးလည်နေဆဲ ဖြစ်ပါ သည်။
သတင်းအချက်အလက်- ရန်နိုင်၊ မြတ်စုငြိမ်း
အောင်ခွန်းဆက် ရေးဖွဲ့သည်။
Credit To Popular Myanmar News Journal
Post a Comment