Wednesday, June 26, 2013

" ရွာလည်တဲ့စာ "

Photo: " ရွာလည်တဲ့စာ "
==========

တိုင်းလုံးကျော်တို့ မြန်မာနိုင်ငံမှာ ပရိယတ္တိ၊ ပဋိပတ္တိ အင်မတန်ထူးချွန်တဲ့ ဆရာတော်ကြီးတွေဟာ တစ်ခေတ်ထဲမှာ ဆိုသလို ပေါ်ထွန်းခဲ့ကြဖူးသဗျ။ လယ် တီဆရာတော်ကြီး၊ မိုးကုတ်ဆရာတော် ကြီး၊ မဟာစည်ဆရာတော်ကြီး၊ မင်း ကွန်းဆရာတော်ကြီး၊ မဟာဂန္ဓာရုံဆရာ တော်ကြီးအစရှိသဖြင့်ပေါ့လေ။ အဲသည် ခေတ်အခါက မရှေးမနှောင်းဆိုသလို ပေါ်ထွန်းခဲ့ကြတဲ့ ဆရာတော်ကြီးတွေ ဟာ မြန်မာမှာသာမက ကမ္ဘာအထိကိုပါ ဗုဒ္ဓသာသနာတစ်ခေတ်ဆန်းလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသဗျ။
 
အဲသည် ဆရာတော်ကြီးတွေအား လုံးဟာ တိုင်ပင်ပြီးလုပ်ခဲ့ကြတာမဟုတ် ပေမယ့် တိုင်ပင်ထားကြသလိုပဲ အချိန် ကိုက် သာသနာ့အရေး ကြိုးပမ်းခဲ့ကြ သဗျ။ 

သူတို့သာ မပေါ်ထွန်းခဲ့ရင် ကနေ့ ခေတ် ဗုဒ္ဓသာသနာအခြေအနေဟာ ခုလိုပုံစံမျိုး ဖြစ်ချင်မှဖြစ်နေလိမ့်မယ်ဗျ။ ဒီဆရာတော်ကြီးတွေကြောင့်လည်း ဝန် ကြီးချုပ်ဦးနုဟာ ဆဋ္ဌသံဃာယနာတင် ဖြစ်ခဲ့တာပဲဗျ။ ဆရာတော်ကြီးတွေကိုလည်း ကမ္ဘာကပါ အံ့သြချီးကျူး ဂုဏ်ပြုခဲ့ကြ သဗျ။ လယ်တီဆရာတော်ကြီးဆိုရင် လည်း အင်္ဂလိပ်အစိုးရက ဒေါက်တာဘွဲ့ ဆက်ကပ်ခဲ့သဗျ။ 

မင်းကွန်းဆရာတော် ကြီးဆိုရင်လည်း ဂင်းနက်စ် ကမ္ဘာ့မှတ် တမ်းစာအုပ်ကြီးကတောင် မှတ်တမ်း တင်ခဲ့ရသဗျ။ သို့သော်ဆရာတော်ကြီး တွေဟာ ဝိနည်းနဲ့အညီ ရိုးရိုးကုပ်ကုပ် 
ကလေးတွေပဲ နေသွားခဲ့ကြသဗျ။
 
မနေ့တစ်နေ့ကလည်း တိုင်းမ်မဂ္ဂဇင်း လို ကမ္ဘာကျော်စာစောင်ကြီးက မြန်မာ နိုင်ငံက ဆရာတော်တစ်ပါးရဲ့ပုံကို မျက် နှာဖုံးမှာ ဖော်ပြလာတာ တွေ့ရသဗျ။ နိုင်ငံခြားက ထုတ်တဲ့ 
သတင်းစာတွေ၊ အင်တာနက်ဝက်ဘ်ဆိုက်တွေ အပါ အဝင် ရွာဆော်ကြီး ဖွဘွတ်မှာလည်းထင် ရှားသဗျ။ ပြီးတော့လည်း အင်မတန် သိမ်မွေ့ပါတယ်လို့ကမ္ဘာက သိထားကြတဲ့ ဗုဒ္ဓဘာသာကိုလည်း နိုင်ငံတကာမီဒီ ယာတချို့က အစွန်းရောက်သလိုလို၊ အ ကြမ်းဖက်သလိုလိုတောင် ပြောင်ပြောင် တင်းတင်းပဲ ပြောလာကြသဗျ။ အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး အသံ တွေ အမျိုးမျိုးထွက်လာကြတာကိုလည်း တွေ့ရသဗျ။ 

ထုံးစံအတိုင်း ကန့်ကွက်တဲ့ သူက ကန့်ကွက်၊ ထောက်ခံတဲ့သူက ထောက်ခံပေါ့လေ။ သို့သော်ဘာကြောင့် 
အဲသလိုဖြစ်ရတာလဲဆိုတဲ့ အကြောင်း ရင်းကို ပွင့်ပွင့်လင်းလင်း ဝေဖန်ဆန်းစစ် ကြတာကိုတော့ ခု ဒီစာကိုရေးနေချိန် စနေနေ့အထိ မတွေ့မိသေးပါဗျ။ အမှန် ကတော့ ဘာမှားနေတယ်၊ ဘယ်လမ်း ပေါ်ရောက်နေတယ် ဆိုတာကိုတော့ ဆန်းစစ်လေ့လာကြဖို့လိုမယ်ခင်ဗျ။
 
ဘယ်သူဘယ်ဝါတွေ ဘယ်သို့ ဘယ်ညာတွေရယ်ကိုတော့ တိုင်းလုံး ကျော်ပြောမနေတော့ပါဘူး။ ဘာလို့လဲ ဆိုတော့ကာ တိုင်းလုံးကျော်တို့ သတင်း စာပညာဆိုင်ရာ 
ရှေးဆရာ့ဆရာကြီးတွေ ရဲ့ဖော်မြူလာတစ်ခုကြောင့်ပါပဲဗျ။ အဲဒီ ဖော်မြူလာကတော့ ''အကြင်သူတစ်ဦး ၏ အပြစ်အနာအဆာများကို ဖော်ထုတ် မရေးသားလေနှင့်။ 

မည်သည့်အကောင်း အဆိုးကိုမျှဝေဖန်မှုမပြုဘဲ ပေယျာလကံ ပစ်ထားလိုက်ပါက ထိုသူသည် အလိုအ လျောက်ပင် တိမ်မြုပ်သွားပေလိမ့်မည်။ ထိုသို့မဟုတ်မူဘဲ သူ့ကို ဖော်ထုတ်ဝေ 
ဖန်ခြင်း၊ ရှုတ်ချခြင်း၊ ချီးမွမ်းကဲ့ရဲ့ခြင်း တို့ပြုပါက မယုံသူများ ယုံသူများ ပေါ် ပေါက်လာပြီး ထိုသူအား တက်လမ်း ဖော်ပေးရာရောက်လေ၏'' ဆိုတာပါပဲ ဗျ။ 

ဆရာကြီးရွှေဥဒေါင်းကလည်း ဒီ ဖော်မြူလာကို မကြာမကြာ ရေးခဲ့ပြော ခဲ့ဖူးသေးသဗျ။ အဲသည်ဖော်မြူလာဟာ သတင်းစာပေါ်ခါစ ခေတ်ကတည်းက နေ ယနေ့ခေတ်အထိ 
မှန်နေတုန်းပဲလို့ တိုင်းလုံးကျော်လည်း လှိုက်လှိုက်လှဲလှဲ ကြီးကို ယုံကြည်သဗျ။ ကဲဒီတော့ ဒီ လောက်လေးပဲပြောပါရစေခင်ဗျ။ 
 
နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများအနေနဲ့လည်း ခုလို ဖြစ်နေတာတွေကို လေ့လာဆန်းစစ်ပြီး တစ်စုံတစ်ခုတော့ လုပ်ပေးတော်မူကြ သင့်တယ်လို့ တိုင်းလုံးကျော် 
ယူဆမိပါ သဗျ။ ဖွဘွတ်အပါအဝင် ရွာဆော်ကြီး များအုပ်စုတွေက ဖွနည်းမျိုးစုံနဲ့ အဖုံဖုံ ဖွနေကြလေတော့ကာ ကြာလေရှုပ်လေ ဖြစ်တော့မှာကို မြင်နေလို့ပါပဲခင်ဗျ။

 နိုင် ငံခြားသားတွေနဲ့ဆုံရင်လည်း အဲသည် ကိစ္စကိုပဲ မေးမေးနေကြတော့ကာ အ စွန်းလွတ်အောင် ပြန်ပြန်ရှင်းပြနေရ သဗျ။ နို့မို့ဆိုရင် မကြာမီကျင်းပတော့ မယ့် ဆီးဂိမ်းပွဲကြီးအတွက်တောင် စိုး ရိမ်စရာဖြစ်လာနိုင်သဗျ။ တိုင်းလုံးကျော် နဲ့ ခင်မိထားတဲ့ အရှေ့တောင်အာရှနိုင်ငံ တစ်ခုက သတင်းစာဆရာတစ်ယောက် ဆိုရင် ''ငါတို့တစ်တွေ ဆီးဂိမ်းပွဲကိုလာ ရင် အန္တရာယ်ရောကင်းပါ့မလား''လို့ တောင် မေးလာပါသဗျ။ 

တိုင်းလုံးကျော် ကလည်း ဒီအတွက် ဘာမှပူစရာမလို ကြောင်း၊ မင်းတို့ ပြည်ပကထင်နေတာ တွေနဲ့ ပြည်တွင်းမှာဖြစ်နေတာတွေနဲ့ဟာ တော်တော်ကြီးကို ကွဲပြားနေတဲ့အ ကြောင်း သေသေချာချာရှင်းပြလိုက်မှ သူလည်း တော်တော်စိတ်ချသွားသဗျ။ တိုင်းလုံးကျော်တို့လို သာမညောင်ည ပမွှားလေးတွေရှင်းတာက ကိုယ့်မိတ် ဆွေသူငယ်ချင်းအဝန်းအဝိုင်း အထိပဲ ပေါက်ရောက်လေတော့ကာ သက်ဆိုင် ရာ တာဝန်ရှိသူတွေ၊ ကမ္ဘာက လေးစား ယုံကြည်သူတွေက လူသိရှင်ကြားဖြစ် အောင်တော့ ပွင့်လင်းမြင်သာစွာ ဖြေ ရှင်းပေးကြရင်ကောင်းမယ်ခင်ဗျ။
 
ပြီးတော့ကာတိုင်းပြည်မှာ ခုလို ရွစိ ရွစိ ဆူညံ ဆူညံတွေဖြစ်နေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေလည်း ဝင် လာဖို့ကို တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြ မှာ သေချာတယ်ဗျ။ 

အဲသလိုဖြစ်နေကြ ရင် နိုင်ငံခြားငွေတွေဘယ်ကလာဝင်မလဲ ဗျာ။ တိုင်းလုံးကျော်တို့တိုင်းပြည်က သံ ထွက်ပြီးကားမလုပ်နိုင်၊ ဂက်စ်တွေထွက် သော်လည်း မီးမမှန်၊ ကျောက်မျက် 
တွင်းထွက်တွေထွက်ပေမယ့် နိုင်ငံသား တွေမဝတ်နိုင်၊ ရော်ဘာထွက်ပြီး ကားတာ ယာတွေ နိုင်ငံခြားကမှာနေရတဲ့ နိုင်ငံ ကိုးဗျ။ ဒီတော့ကာ ပြည်ပအားကိုးတယ် တော့မဟုတ်ဘူး။ 

နိုင်ငံခြားဝင်ငွေရယ် နည်းပညာရယ် ရဖို့ဆိုတာက အဲသည်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပဲ အား ကိုးကြရမှာဗျ။
 
ဒီမှာငြိမ်သွားရင် ဟိုမှာ ထဖြစ်၊ ဟိုမှာငြိမ်သွားရင် နောက်တစ် နေရာမှာ ထပ်ဖြစ်လိုက်နဲ့၊ ဘူးသီးတောင် မောင် တောကနေ တိုင်းပြည်ကို ကန့်လန့်ဖြတ် ရွေ့လာပြီးလားရှိုးအထိ၊ ပြီးတော့ အင်ဒို နီးရှား မလေးရှားတို့ အထိခုန်ကူးသွားတဲ့ ပြဿနာကို မြန်မြန်ဆန်ဆန်ကြီး အမြစ် ပြတ်အောင်ရှင်းပေးဖို့တော့ လိုမယ်ထင်သဗျ။ 
 
တစ်နေရာမှာ ပြဿနာ အေးချမ်းသလောက်ဖြစ်သွားရင် နောက်တစ်နေ ရာမှာ ပြဿနာပြန်ပြန်စလာတာကြောင့် ဒီပြဿနာကိုတာရှည်အောင် သွေးထိုး လှုံ့ဆော်၊ 
အကောင်အထည်ဖော်လုပ်နေ ကြတဲ့ third party  လို့ခေါ်နိုင်တဲ့ တတိ ယမြောက်အဖွဲ့တစ်ဖွဲ့ ရှိနေတယ်လို့ တိုင်းလုံးကျော်တော့ ယူဆပါသဗျ။ ဒီ တော့ကာ  ''နောက်ကွယ်က ကြိုးကိုင် သူကို ဖော်ထုတ်မယ်''ဆိုတဲ့စကားကြီး သရော်လှောင်ပြောင်စရာ ဖြစ်မသွား စေချင်ရင် အဲဒီ နောက်ကွယ်ကကြိုးကိုင် သူဆိုတာကို မြန်မြန်ဆန်ဆန်နဲ့ တိတိ 
ကျကျဖော်ထုတ်ပေးဖို့ လိုမယ်ထင်သဗျ။

 ရောဂါဆိုတာ တာရှည်လာရင် ကုလို့ မရတော့တဲ့သဘောချည်းပါပဲဗျား။
ဒါကြောင့် တစ်သက်လုံး အေးအ တူ ပူအမျှ အတူတကွနေလာကြသူတွေ၊ တိုင်းပြည်လွတ်လပ်ရေးကိုလည်းဆိုးတူ ကောင်းဖက်ရင်ပေါင်တန်းပြီးအရယူခဲ့သူတွေကို သွေးမကွဲကွဲအောင်ခွဲပြီး တစ် စုံတစ်ခုသော အကျိုးအတွက် အမြတ် ထုတ်နေတဲ့ နောက်ကွယ်က ကြိုးကိုင် ချယ်လှယ်နေကြသူတွေ သက်ဆိုးမရှည် သင့်ဘူးဆိုတာကိုတော့ အားလုံးသ ဘောတူ လက်ခံကြမယ်လို့ တိုင်းလုံးကျော် ထင်ပါတယ်ဗျား။

တိုင်းလုံးကျော်

Credit To Popular Myanmar News Journal

Related Articles:

Post a Comment