ဒီအတောအတွင်း သတင်းတွေတယ်စုံသကိုးဗျာ။ ကြားရကြားရ နားဝ မသက်သာ ဆိုတာမျိုးတွေလည်းပါရဲ့။ နားဝသကာလောင်း ဆိုတာမျိုးတွေလည်းပါရဲ့။ နားဝ ကြက်မွေးကျပ်ဆိုတာ မျိုး လည်း ပါရဲ့။ (အပိာ အပိာ ယားကျိကျိပါလားဗျို့ ဆိုတာမျိုးပေါ့လေ။)
အမျိုးသားလွှတ်တော်မှာ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကြမ်းဆွေးနွေးတယ်။ ဥက္ကဌကြီးက စာပိုဒ်အလိုက် အမတ်မင်းတွေ သဘောတူ-မတူမေးတယ်။ တစ်မတ်သားအမတ်များ (အဲမွှားလို့ ဘွာ ဘွာ ) တပ်သားအမတ်များက တေမိဇာတ်ခင်း ပာင့်အင်းမလုပ်၊ အင်းမလုပ် နှုတ်ပိတ်နေသတဲ့။ အဲဒီလို တပ်အမတ်တွေ ပါးစပ်ပိတ်နေတာကို ဥက္ကဌက မာန်မဲလိုက်သတဲ့။ ဒီလို အစုလိုက်မေးတာ မဖြေရင် လွှတ်တော်ထဲက အစုလိုက် မောင်းထုတ်မယ်တဲ့။
စကားလုံးတွေကတော့ အပ်ကျမတ်ကျ မပာုတ်ဘူးပေါ့။ ဥက္ကဌကြီးက ထန်ထန်ခြောက်ခြောက် မာန်ကာငေါက်လိုက်တာကတော့ အသံလွှင့်မီဒီယာတွေမှာ အတိုင်းသား ကြားလိုက်ရသပေါ့ဗျာ။ ပြည်ထောင်စုလွှတ်တော်နာယကကြီ
နာယကကြီးက ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ စာရေးပို့ထားတဲ့ ပီအာ (အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်) ကိစ္စ လွှတ်တော်မှာ ဆွေးနွေးရေးကိုလည်း ပယ်ချလိုက်သဗျ။ စည်းမရှိ ကမ်းမရှိ ဘာလာလုပ်တာလဲလို့ (ကျုပ်တို့ အရပ်ထဲမှာ ပြောသလိုမျိုး) ပြောလိုက်တာဗျ။ လွှတ်တော်မှာ ဆွေး နွေးချင်ရင် အမတ်ကတင်ရမှာလေဗျာ။ နာယကကြီးငေါက်တာ နည်းတောင်နည်းသေး။ ကော်မရှင် ဥက္ကဌနှယ် ဒီလောက်တောင် မသိသား ဆိုးဝါးရသလားဗျာ။ အံ့ရော။
အရေးထဲ ပာတ်ချိုးဆိတ်ဖွားကိစ္စကလည်း
ဘာရမလဲ။ လွှတ်တော်ကတော့ အခြိမ်းအခြောက်ကလေးနဲ့ အပိာန်းအပောာက်ကလေးတော့ စတိလုပ်လိုက်သေးတာပေါ့။ နောက် ဒါမျိုးမရေးနဲ့။ သတိပေးပါရဲ့နော်။ ဒါပဲတဲ့။ (ဘယ်သူမှန်း မသိသူ ကို ဘာလုပ်မယ်မှန်းမသိတဲ့ဝမ်တိန
အဲ. . . အဲ ပြောရဦးမယ်။ ဆိတ်ဖွားကိစ္စမှာ သတင်းသမားတို့ မှတ်သားစရာလေးတွေကလည်း တစ်နွယ်ငင်တစ်စင်ပါ တရွတ်တန်းလန်းကြီးပါ ဖြစ်ရသေးသဗျ။
ဒေါက်တာဆိတ်ဖွား ဆောင်းပါးတွေကို အင်တာနက်ကတစ်ဆင့်ယူပြီး ဂျာနယ်မှာထည့်ခဲ့တဲ့ အယ်ဒီတာကိစ္စဗျ။ စုံစမ်းရေးကော်မရှင်က အယ်ဒီတာကိုမေးတယ်။ ဆိတ်ဖွားဘယ်သူလဲ။ အယ်ဒီတာကဖြေတယ်။ စာနယ်ဇင်းကျင့်ဝတ်အရ မပြောနိုင်ဘူး။
ပြစ်မှုမြောက်တဲ့ ဆောင်းပါးမျိုးရေးသားသူကိုမ
ဒီကိစ္စမှာလည်း လွှတ်တော်ကလျှော့လျှော့ပေါ့ေ
ကြားဖူးတယ် မဟုတ်လား။ ကိုအောင်ဆန်း တက္ကသိုလ်ကျောင်းသားသမဂ္ဂမဂ္ဂဇ
လာပြန်ဦးမှာလား။ နောက်ဟီးရီုးတစ်ယောက်။ တော်တော့။ ဟိတ်ကြွားတဲ့ ဆိတ်ဖွားတောင် ဘိတ်နားရောက်သွားတယ်။
ဒါတွေထက် ပိုပျော်စရာကောင်းတဲ့သတင်းမ
ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းက သတင်းထောက်တွေနဲ့ တွေ့ရှင်းတယ်။ (နောင်လည်း ပုံမှန်တွေ့သွားမယ်တဲ့။ သမ္မတရဲ့ ပုံမှန်ခြွေ ရေဒီယိုမိန့်ခွန်းနဲ့ အပြိုင်ပေါ့။) ဦးရွှေမန်းကပြောတယ်။ သူနဲ့သမ္မတ ရန်ဖြစ်နေကြသလားဆိုတဲ့ ပြောသံတွေ ထွက်နေသတဲ့။ ရန်မဖြစ်ဘူးတဲ့။ (ကလေးတွေမှ မဟုတ်တော့တာကွယ်။) သဘောထပ်တူ မဖြစ်ကြရုံပါပဲတဲ့။
ဒီလိုသတင်းမျိုးကြားရတော့ ဝမ်းသာသဗျာ။
သမ္မတကြီးနဲ့ ဥက္ကဌကြီးဆိုတာက ရန်သူတော်ကြီးတွေမဟုတ်လား။ အကြံတူရန်သူဆိုတဲ့ စကားရှိ မဟုတ်လား။ နှစ်ယောက်စလုံးက ၂၀၁၅ မှာ သမ္မတလုပ်မယ်တကဲကဲ ကြံနေကြတာလေ။
ဦးသိန်းစိန်က နောက်သမ္မတတစ်ဆက် နန်းတက်ချင်နေတဲ့သူ။ အရင်ကတော့ ဟင့်အင်း ငြင်းလာခဲ့တာ။ ခုလည်းငြင်းချင်ငြင်းနေဦးမှ
ဦးရွှေမန်းကလည်း အသစ်စက်စက် သမ္မတနန်းတက်ချင်တဲ့သူပဲလေ။ သမ္မတထက်အရေးပါတဲ့ ရာထူးတောင်လိုချင်တယ်လို့ ရင်ဖွင့်ထားတယ်လေဗျာ။ ကြားလိုက်ကြမှာပေါ့။ သမ္မတဖြစ်ဖို့ လောက် တော့ သူက စပျော့ (အလွယ်လေး) ထင်တာ။ ဥုံဖွဆို ပြီးပြေ မီးသေမယ်လို့ ယုံတာ။ အင်္ဂလိပ်ဗန်းစကားနဲ့ဆို ဘဲပြုတ် (Dusk Soup) ပေါ့။
အေးဗျာ။ ထောင်နှုတ်ခမ်းနင်းခဲ့တဲ့ကျု
ကျုပ်သဘော ပြောမယ်နော်။ သမ္မတဟိတ်ကို တံဆိပ်နှိပ်စတမ်းဆိုရင် ဒေါင်းနွယ်ဝင်မှပဲ ကောင်းမယ်ထင်ရဲ့။ သမ္မတဘိသိက်သွန်းပွဲမှာ ဘဲချေးစော်မနံစေချင်ပါဘူး။ ဒေါင်းရနံ့ဆန်းကြည် အေးသာ မွှေးမြစေချင်သဗျာ။ ။
ဟံသာဝတီဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။အတွဲ(၂)၊ အမှတ်(၂၆)။ ပြန်လည်ကူးယူဖေါ်ပြပါသည်။
Post a Comment