နိုင်ငံရေးသမားစစ်စစ်မှာ ရှားသည်။ အထူးသဖြင့် မဖွံ့ဖြိုးသော နိုင်ငံများဖြစ်သည့် ကိုလိုနီ တစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်းနိုင်ငံများတွင် နိုင်ငံရေးကို အသက်သေသည်အထိ စွန့်လွှတ်လုပ်ကိုင်သည်မှာ ရှားသည်ဟု ဆိုရပေမည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားများရှိ၏။ ထိုနိုင်ငံရေးသမားများသည် နိုင်ငံရေး လောက ဝင်သည်မှ ကွယ်လွန်သည်အထိ နိုင်ငံရေးကိုချည်းအဓိကလုပ်သူများထက် နိုင်ငံရေးရော၊ တခြားအလုပ်ပါ တွဲလုပ်သူများဟုဆိုရပေမည်။ ဥပမာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာများမှာ စာလည်းရေး၊ နိုင်ငံရေး လည်းလုပ်၍ နိုင်ငံရေးကို ဇောက်ချလုပ်သည်ဟု ပြောရခက်လှပါသည်။ ကိုလိုနီခေတ်ကဆိုလျှင် နယ်ချဲ့ ဆန့်ကျင်ရေးလုပ်ငန်းများလုပ်ရင်း သတင်းစာတွင် သတင်းထောက်ဘဝ၊ အယ်ဒီတာဘဝ စသည်ဖြင့် လုပ်ကြသည်။ တစ်ချိန်တည်းတွင် ကျောင်းလည်းတက်ကြ၏။ တချို့ကစာရေး ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် ကျောင်းလည်းတက်သည်။ ကျောင်းသားသမ၈္ဂလည်းလုပ်သည်။ အယ်ဒီတာ လည်းလုပ်သည်။ စာလည်းရေးသည်။ ကျောင်းသားသမ၈္ဂကို ဇောက်ချလုပ်ကိုင်ရင်း ကျောင်းသားထုတစ်ရပ် လုံး၏ ထောက်ခံမှုကိုရပြီးနောက် နိုင်ငံရေးလောကထဲ ဝင်ရောက်သွားလေသည်။ သူယုံကြည်သော ဆိုရှယ် လစ်ဝါဒသည် ပြုပြင်ရေးဝါဒဖြစ်သော လူမှုရေးလုပ်ငန်းများနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ အင်္ကျီတစ်ထည် လက်မောင်းကပြဲ၊ ကျောကပြဲသည်ကို လိုက်ဖာသည်ထက် ခိုင်ခံကောင်းမွန် သော အင်္ကျီသစ်တစ်ထည် လဲရေးကိုသာ လိုချင်သူဖြစ်သည်။ ပိုက်ဆံမရှိ စားစရာမရှိသောသူကို တစ်နေ့ စားရဖို့ ပိုက်ဆံပေးလိုက် လျှင် တစ်ရက်သာစားရမည်။ နောက်တစ်နေ့၊ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်အတွက် စားဖို့လိုနေဦးမည်။ ထိုသို့မဟုတ်ဘဲ စားဝတ်နေရေးအတွက် အလုပ်တစ်ခုပေး လိုက်လျှင်မူ သူ့ဘဝကို ပြောင်းလဲပေးနိုင်ပေမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားခေါင်းဆောင် ဖြစ်သည်။ ထိုဘဝမှ ထွက်ကာ နိုင်ငံရေးလောကထဲဝင်ပြီး ဒို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်း ရေးမှူးအထိ ဖြစ်လာကာ နိုင်ငံရေးလောကတွင် ဇောက်ချလုပ်ကိုင် သွားတော့သည်။ သူသည် ပြုပြင် ပြောင်းလဲရေးသမားမဟုတ်။ ယေဘူယျ ဆန်သော ယိုနေသည့်အပေါက်များကို လိုက်ပိတ်နေ သည်ထက် အပေါက်မရှိသောအိုးသစ်တစ်ခု ပြောင်းရေး ကိုသာ ကြိုးပမ်းသူဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူကြရပေမည်။ သူသည် နိုင်ငံရေးသမားစစ်စစ် ဖြစ်သလို နိုင်ငံတိုးတက်ရေး၊ လွတ်လပ်ရေး အတွက်သာ အာရုံစိုက်သူဖြစ်လေသည်။ သူ့လှုပ်ရှားမှုမှန်သမျှတွင် နိုင်ငံအကျိုးစီးပွားအတွက်သာ တွေးလေသည်။ သူက နိုင်ငံကို ပြောင်းလဲပစ်ချင်သည်။ အပေါက်များကို လိုက်ဖာလိုသူမဟုတ်ပေ။ သူ့လို နိုင်ငံရေးသမားမှာရှားပါသည်။
လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်ပြောင်းသွားသည်။ ဖဆပလ ၁ဝနှစ် ၁ဝ မိုးခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နအဖခေတ်နှင့် ယခုပါတီစုံ ခေတ်စသည့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးသမားအများအပြားလည်း ပေါ်ခဲ့သည်။ အထူး သဖြင့် ၆၂ အာဏာသိမ်းစစ်ကောင်စီခေတ်မှနေ နအဖစစ် အစိုးရခေတ်တစ်လျှောက်လုံး စစ်အာဏာရှင် များရှိလာသောကြောင့် နိုင်ငံရေးပါတီအားလုံးမှာလည်း ဖျက်သိမ်းခံရ၊ မတရားသင်းကြေညာ ခံရသောကြောင့် မြေပေါ်နိုင်ငံရေးသမားစစ်စစ်မရှိခဲ့ပေ။ ထိုသို့မဟုတ်လျှင် တောခိုလျှင်ခို သို့မဟုတ် နိုင်ငံခြားသို့ပြေးကာ နိုင်ငံရေးလုပ်နိုင်သည်။ ထို ၂ လမ်းမှာ အတိုက်အခံနိုင်ငံရေးလမ်းများဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီထဲဝင်နိုင်သည်။ စစ်အာဏာရှင်နှင့် တစ်ပါတီအာဏာရှင် ဗိုလ်နေဝင်းခေါ် ဦးနေဝင်း လက်အောက်တွင် ဗောင်းတော်ညိတ်ဘဝဖြင့် နိုင်ငံရေးလုပ်ခွင့်ရှိလေသည်။ တောခိုသွားသူများကို နိုင်ငံရေးသမားဟုဆိုနိုင်သလို တစ်ချိန်တည်းတွင် သူပုန်များဟုလည်း ပြောနိုင်သဖြင့် သူပုန်မထဘဲ လူထုကို စည်းရုံးသူသက်သက် နိုင်ငံရေးသမားဟူသည်မှာ အလွန်ရှားသွားပါသည်။ ထိုကဲ့သို့ နိုင်ငံရေးသမားစစ် စစ်များ ခေါင်းပါးနေချိန်၌ နိုင်ငံရေး သမားစစ်စစ်အဖြစ် ကျွန်တော်သိရှိကျွမ်းဝင် ခဲ့သူမှာ လေထီးဗိုလ်အုန်းမောင် ဖြစ်ပါသည်။
လေထီးဗိုလ်အုန်းမောင်သည် နိုင်ငံရေးလောက ထဲသို့ ရောက်လာကတည်းက သေသည်အထိ နိုင်ငံရေးကို ဇောက်ချလုပ်ကိုင်သွားသော နိုင်ငံရေး သမားစစ်စစ် ဖြစ်လေသည်။ ဦးအုန်းမောင်သည် ဖျာပုံသားဖြစ်၏။ ဖျာပုံသည် သူ၏ဇာတိချက်ြေ<ွက လည်းဖြစ်ပါသည်။ ဖျာပုံမှထင်ရှားသူများတွင် သူလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ အာဏာရှင်လှရွှေ၊ ဗိုလ်လက်ျာ၊ ပေဖူးလွှာ ဦးမြလှိုင်၊ စာရေးဆရာ ရန်ကုန်ဘဆွေ၊ စာရေးဆရာ တိုက်စိုး၊ ဆရာဇော်၈ျီ၊ ဆရာဇော်၈ျီ၏ညီ ဦးလှသောင်း စသည့် ကျွန်တော် သိသမျှ ထင်ရှားသူများထဲတွင် လေထီး ဗိုလ်အုန်းမောင် မှာလည်း သူ၏ စွန့်လွှတ်မှုများကြောင့် လူသိများ ထင်ရှားသူဖြစ်ပါသည်။ဖျာပုံမှာပင် သူပညာ သင်ကြား ခဲ့သည်။ မူလတန်းမှနေ သူနှင့်သေသည်အထိ အရင်းနှီးဆုံးမိတ်ဆွေမှာ ဆရာတိုက်စိုးခေါ် ဦးသန်းထွဋ် ဖြစ်ပါသည်။ သူတို့သူငယ်ချင်း၂ ယောက်သည် ကျောင်းသားဘဝတစ်လျှောက်လုံး အတူတူရင်းနှီးခဲ့ ကြပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ မုန်တိုင်းကြီး တိုက်လာသောအခါ၌ ဦးအုန်းမောင်မှာ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင် သွားပြီး မာ့က်စ်ဝါဒ ကို ယုံကြည်သော ကွန်မြူနစ်တစ်ယောက် ဖြစ်သွား လေသည်။ ဆရာတိုက်စိုးမှာမူ ပညာကို အပတ်တစ်ကုတ် ကြိုးစားပြီး ထင်ရှား သောစာရေးဆရာ သမိုင်းပညာရှင်၊ စာကြည့်တိုက် ပညာရှင် ဖြစ်သွားပါတော့သည်။
လေထီးဗိုလ်အုန်းမောင်မှာ ကွန်မြူနစ်ပါတီမှ ရဲဘော်တစ်ဦးအဖြစ်၊ ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးအဖြစ် နယ်ချဲ့စနစ်ကို တော်လှန်ခဲ့သည်။ အာရှလူငယ် ဒို့ဗမာအစည်းအရုံးတို့တွင် ပါဝင်ခဲ့သလို ၈ျပန်တော်လှန်ရေး တွင် အဓိကပါဝင်ခဲ့ပါသည်။ ဖျာပုံတွင် သူနှင့်တွဲဖက်လှုပ်ရှားသူမှာ ဆရာဇော်၈ျီ၏ညီ ဦးလှသောင်းဖြစ်ပါသည်။ ဒို့ဗမာအစည်းအရုံးနှင့် အာရှလူငယ်တို့တွင်မူ သူသည် ဦးမြလှိုင်၊ ရန်ကုန်ဘဆွေတို့နှင့်အတူ လှုပ်ရှားခဲ့သည်။ ၈ျပန်ခေတ်တွင် မြစ်ဝကျွန်းပေါ် တိုင်းတာဝန်ခံသခင်စိုးနှင့် ၈ျပန်ခေတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းတို့ကို ဖျာပုံတွင် တွေ့ဆုံဆွေးနွေးနိုင်အောင် ဦးအုန်မောင်က ရန်ကုန်နှင့်ဖျာပုံ အသွား အပြန်ဆက်သားလုပ်ပေးခဲ့သည်။ နောက်သခင်သန်းထွန်းက ဖျာပုံဝန်ကြီး တစ်ဦးအဖြစ်ရောက်လာပြီး ဖျာပုံ၌ တွေ့ဆုံနိုင်အောင် သူကဆောင်ရွက် ပေးခဲ့သည်။
၈ျပန်တော်လှန်ရေးအတွက် ကွန်မြူနစ်ပါတီ၏ တာဝန်များကိုထမ်း ဆောင်ရင်း သူသည် အိန္ဒိယနိုင်ငံသို့သွားရောက်ကာ လေထီးသင်တန်း တက်ရ၏။ အိန္ဒိယမှနေ လေထီးသင်တန်းဆင်းရဲဘော်များဖြစ်သော မန်းဝင်မောင်(သမ္မတ)၊ ဗိုလ်မှူးချစ်ကောင်း၊ သခင်လှကွန့်၊ ဦးစံသာကျော် စသောရဲဘော်များနှင့်အတူ မြန်မာပြည်တွင်းသို့ လေထီးစုန်ဆင်းကာ ၈ျပန် တော်လှန်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့လေသည်။ သူသည် ထိုအချိန်က တည်းက ကွန်မြူနစ်ပါတီထဲမှ ပေးအပ်သောတာဝန်များကို သစ္စာရှိစွာ မဆုတ်မနစ် လုပ်ဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ကွန်မြူနစ် ပါတီက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲသည့် အခါတွင်လည်း လေထီးဗိုလ်အုန်းမောင်မှာ ပါတီနှင့် တောတွင်း လိုက်သွားလေသည်။ နောက်တောထဲ၌ တိုက်ပွဲဖြစ်ကာ သူအဖမ်းခံရလေသည်။ ထိုအချိန်က သူသည် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင် ဖြစ်နေပေသည်။ ဒဏ်ရာနှင့်ဖမ်းမိသော လေထီး ဗိုလ်အုန်းမောင်အား ဖဆပလအစိုးရက ကောင်းမွန်စွာဆေးကုသမှု မပြုခဲ့ သဖြင့် ခြေထောက်တစ်ဖက်မှာ သေသည်အထိ မသန်မစွမ်းဖြစ်သွားလေ သည်။ ထိုအချိန်မှစ၍ သူ့ကိုဖဆပလအစိုးရက မတရားသင်းပုဒ်မ၊ ပုန်ကန် မှုတို့ဖြင့် သေဒဏ် ချမှတ်ခဲ့လေသည်။ နောက် သေဒဏ်မှနေ တစ်သက်တစ်ကျွန်းသို့ ပြောင်းခဲ့၏။ ထောင်ထဲသေသည်အထိ နေရမည့်အခြေအနေမျိုး မှာပင် သူနှင့်လေထီးအတူဆင်းဘက် သမ္မတမန်းဝင်းမောင်က သူနှင့် ဗိုလ်မှူး ချစ်ကောင်းတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ လွတ်ငြိမ်းခွင့် ပေးခဲ့လေသည်။ ထောင်အပြင်တွင် ခဏသာနေရ၏။ ထိုသို့လွှတ်ပေး ခဲ့သည်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲအတွက် လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး ၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားသော အခါ လေထီးဗိုလ်အုန်းမောင်မှာ ပြန်အဖမ်းခံရပြန်သည်။ သူ့ဘဝမှာ အကျဉ်းထောင် နှင့်တောထဲတွင်သာကုန်ဆုံးခဲ့သော်လည်း သူသည် သူ့ယုံကြည်ချက်ကို အပျက်မခံသူဖြစ်သည်။ ၅၈၊ ၅၉ ခုနှစ် ကိုကိုးကျွန်း အပို့ခံရသောအခါ သူပါသွားလေသည်။ သူ့လိုပင် ယုံကြည်ချက်ကို မစွန့်လွှတ်သောနိုင်ငံရေးသမားမှာ သခင်ဖေဋ္ဌေးဖြစ်ပါသည်။သခင်ဖေဋ္ဌေး သည် အလံနီပါတီမှဖြစ်ကာ သူ့ဘဝသည်လည်းထောင်နှင့်ကျွန်း၊တောထဲ တွင်သာနေခဲ့ရသည်။ သေရမှာ လုံးဝမကြောက်သော နိုင်ငံရေးသမား ဖြစ်ကာ ထောင်ထဲရော၊ ကျွန်းမှာပါ အစာငတ်ခံတိုက်ပွဲများ၌ ပါဝင်ခဲ့ သည်။ အဖော်မလိုဘဲ တစ်ယောက်တည်းလည်း တိုက်ပွဲဝင်သူဖြစ်ပါသည်။ နိုင်ငံရေးသမား စစ်စစ်ဖြစ်ပြီး နိုင်ငံရေးသမားတိုင်း လေးစားအတု ယူလောက်သူများထဲတွင် သခင်ဖေဋ္ဌေးလည်း ပါဝင်လေသည်။
အိမ်စောင့်အစိုးရသက်တမ်းကုန်ပြီး ပထစအစိုးရ တက်လာချိန်တွင် လေထီးဗိုလ်အုန်းမောင်မှာ ကိုကိုးကျွန်းမှနေေ၈ါ်တူးကျွန်းသို့ သခင်ဖေဋ္ဌေး နှင့်အတူ အပို့ခံရလေသည်။ ထိုအချိန်တွင် သူသည် နှစ်ကျွန်းပြန်ဖြစ်သွား လေသည်။ ၁၉၆၃ ခုနှစ် အဖမ်းခံရပြီးနောက် ထောင်ထဲ၌ နံရိုးများအကုန် နီးပါးကျိုးသွားအောင် အနှိပ်စက်ခံရလေသည်။ စစ်အာဏာရှင်များက သူ့ကို မသေသေအောင် ညှင်းပန်းခြင်းဖြစ်၏။ တရားမဲ့သတ်ပစ်လျှင်လည်း သူတို့၏ ယုတ်မာပုံကို ပြည်သူလူထုက သိသွားမည်စိုး၍ ဗြောင်မလုပ်ရဲ ပေ။ ၆၉ ခုနှစ် ကိုကိုးကျွန်းပို့ရာတွင်လည်း လေထီးဗိုလ်အုန်းမောင်မှာ နံပါတ်တစ်ရန်သူအဖြစ် အပို့ခံရပြန်၏။ ထိုအခါသူသည် သုံးကျွန်းပြန် ဖြစ်သွားပါတော့သည်။ မြန်မာနိုင်ငံတွင် ကျွန်းသို့ ၃ ခါတိတိ အပို့ခံရသော နိုင်ငံရေးသမားမှာ ဗိုလ်အုန်းမောင် တစ်ဦးတည်းသာရှိသည်။ ၅၈ ကိုကိုးကျွန်း၊ ၆ဝေ၈ါ်တူးခေါ် လိပ်ကျွန်း၊ ၆၉ ကိုကိုးကျွန်းစသည်ဖြင့် ထောင်ထဲနှစ်ပေါင်း အစိတ်ခန့် ထားရ သည်ကိုအားမရဘဲ ကျွန်းတစ်ကျွန်းပြီး တစ်ကျွန်းပို့သည်အထိ ဖဆပလ အစိုးရကရော၊ စစ်အစိုးရများကပါ လေထီးဗိုလ်အုန်းမောင်ကို အညှိုး အတေးကြီးစွာဖြင့် ဖိနှိပ်ညှင်းပန်းခဲ့လေသည်။
၁၉၇၂ ခုနှစ် ကိုကိုးကျွန်းမှ ပြန်လာပြီးနောက် ဗိုလ်အုန်းမောင်သည် သူ၏ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့ပေ။ စစ်အစိုးရနှင့်လည်း မပူးပေါင်း ခဲ့ပေ။ ၂ဝဝဝ ခုနှစ် သူကွယ်လွန်သွားသည်အထိ သူ့ယုံကြည်ချက်ကို စွဲကိုင်သွားခဲ့သည်။ ထိုအခါမှ သူဘဝအကြောင်းကို မိုး၈ျာနယ်၌ ရေးသားခဲ့လေသည်။ ထိုသို့ရေးသည်မှာ စားဝတ်နေရေးကြောင့် မဟုတ် ပေ။ ထိုစာမူခဖြင့်လည်း သူ့မိသားစု၏ စားဝတ်နေရေးကို ဖန်တီးပေး နိုင်စွမ်း မရှိပေ။ လေထီးဗိုလ်အုန်းမောင်ကွယ်လွန်သွားချိန်၌ သူ့တွင် ဘာပိုင်ဆိုင်မှုမှ မရှိခဲ့ပေ။ ရဲဘော်များက ဝိုင်းဝန်းဆောက်ပေးသော အိမ် တစ်လုံးတွင် သာနေခဲ့၏။ ထိုအချိန်ထိ သူသည် ကျန်ရဲဘော်များနှင့်အတူ သူ့ယုံကြည် ချက်ကို မစွန့်လွှတ်ဘဲ တခြားရဲဘော်များကို အကူအညီပေး ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်လုံးတွင် ထိုကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံသော နိုင်ငံရေးသမားများမှာ ရှားပါသည်။ ဖဆပလခေတ်နှင့် မဆလခေတ်တို့တွင် ဝန်ကြီးဖြစ်ဖို့၊ အမတ်ဖြစ်ဖို့ရည်မှန်းချက်များနှင့် နိုင်ငံ ရေးလုပ်ခဲ့သည်က များသည်။ စီးပွားရေးသမားများ၏ စီးပွားရေး လုပ်ပိုင်ခွင့်ကို မိမိရှိသောအာဏာနှင့် ခွင့်ပြုနိုင်အောင် ကိုယ်ကျိုးရှာ ကြလေသည်။ ထိုသို့ နိုင်ငံရေးသမားစစ်စစ် ရှားသောအချိန်တွင် ကျွန်တော်ရင်းနှီးခဲ့သော လေထီး ဗိုလ်အုန်းမောင်လို၊ ကျွန်တော်ကြားသိ ဖူးသော သခင်ဖေဋ္ဌေးလို၊ ကျွန်တော် ထိတွေ့ရင်းနှီးခဲ့သော ဆရာရာ၈ျန် တို့လို နိုင်ငံရေးသမားစစ်စစ်မျိုးက ရှားမှ ရှားပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင် နှစ်ပေါင်း၅ဝအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများလည်း ကြီးကြီးကျယ်ကျယ် လုပ်ဖို့ တာစူနေလေသည်။ တက်လာသောအစိုးရသစ်က ထိုအခြေအနေ မျိုးရောက်အောင်လည်း ဖန်တီးနေပါသည်။ နိုင်ငံရေး တိုးတက်ပြောင်းလဲမှသာ စီးပွားရေးလည်း တိုးတက် ပြောင်းလဲမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်မှနေ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုက်ပြီး အမှီအခို ကင်းသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်သည်နှင့်အမျှ နိုင်ငံ တကာစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ကလည်း သယံဇာတပေါြ<ွကယ်ဝသော၊ အလုပ်သမားခ လည်း သက်သာသော၊ စီးပွားရေးအရလည်း အကွက် အကွင်းကျသော မြန်မာနိုင်ငံတွင် လာရောက်လုပ် ကိုင်ကြပေမည်။ ထိုအခါ အာဏာရနိုင်ငံရေးသမား များသည် သူတို့အကျိုးအတွက် အနည်းနှင့်အများ ဆိုသလို စဉ်းစားလာပေမည်။ ထိုအခြေအနေမှာ ရှောင်လွဲ၍မရပေ။ ဥရောပနှင့် အမေရိကလို နေရာမျိုး တွင်ပင် မိမိတို့လုပ်ကိုင်ခွင့်ကို ခုတုံးလုပ်ကာအကျိုးရှာ သူများရှိပါသည်။ ထိုသူများမှာ နိုင်ငံရေးသမားစစ်စစ်များ မဟုတ်ပေ။ ကိုယ်ကျိုးရှာသော ဘနဖူးသိုက်တူးသူများ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားစစ်စစ်ဆိုသည်မှာ အလွန်ပင်ရှားပါးလှ၏။ နိုင်ငံရေးသမားစစ်စစ် လုပ်မည် ဆိုလျှင် မိမိတို့အကျိုးစီးပွား လုံးဝမကြည့်ဘဲ လေထီး ဗိုလ်အုန်းမောင်လို၊ သခင်ဖေဋ္ဌေးလို စွန့်လွှတ်အနစ်နာခံ သော နိုင်ငံရေးသမားဖြစ်အောင် ကြိုးစားရမည်။ထိုသို့ မလုပ်နိုင်သည့်တိုင် တိုင်းပြည်က ပေးသောလစာ၊ လွှတ်တော်ကပေးသော လစာနှင့်အခွင့်အလမ်းကိုသာ ယူပြီး တိုင်းပြည်အတွက် ရိုးရိုးသားသားလုပ်နိုင်မည်ဆို လျှင် နိုင်ငံအတွက် အကျိုးရှိမည်မှာ သေချာလှပါသည်။
ထက်မြတ်
Credit To pinyamagazine
Post a Comment