ခြိုးခြံချွေတာရေးအလေ့အကျင့် သည်တစ်ဦးတစ်ယောက်အတွက်သာမက အသင်းအဖွဲ့တစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ ဌာနတစ်ခုမှသည် နိုင်ငံတော်အဆင့် အထိအရေးပါသည်ဟုထင်မြင်ယူဆမိပါ သည်။
ယခင်အစိုးရလက်ထက်အဖြစ် အပျက်တစ်ခုကို အလျဉ်းသင့်၍တင်ပြ လိုပါသည်။ အစိုးရအဖွဲ့၏ နံပါတ်စဉ် အရ တစ်မှ ငါးအဆင့်အထိ ပုဂိ္ဂုလ်များ သည် အထူးအရေးကြီးပုဂိ္ဂုလ်များစာရင်း ၀င်ပါသည်။ ထိုပုဂိ္ဂုလ်ထဲကတစ်ဦးသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မိနစ် ၃၀ ခန့်စကားပြောမည်ဖြစ်သည်။ ဖြစ်ပုံမှာ အဆိုပါပုဂိ္ဂုလ်ထိုင်ရမည့်ကုလား ထိုင်မှာ ပုသိမ်မြို့ရှိ မည်သည့်ကုလား ထိုင်နှင့်မျှမသင့်တော်၊ ထိုပုဂိ္ဂုလ်ကြီး၏ ရာထူးအဆင့်အတန်းနှင့်လိုက်ဖက်ညီ သော ကုလားထိုင်တစ်လုံးကို ရန်ကုန်မြို့ မှရှာဖွေဝယ်ယူပြီး ပုသိမ်သို့ယူလာရန် ဧရာဝတီတိုင်းတွင် အာဏာအရှိဆုံး ပုဂိ္ဂုလ်ကြီးက အမိန့်ပေးသည်ဟုဆိုပါ သည်။
ထို့ကြောင့်အစည်းအဝေးတွင် အထူးအရေးကြီးပုဂိ္ဂုလ်ကြီးထိုင်ရန် ရန်ကုန်မှ ကနုတ်ပန်းခြယ်သထားသည့် ဒီဇိုင်းလှလှဆိုဖာနှစ်ယောက်ထိုင်ကုလား ထိုင်ကြီး(သိန်းသုံးဆယ်ခန့်တန်သည်)ကို ပုသိမ်မြို့သို့ အချိန်မီကားဖြင့်ပို့ပေးခဲ့ ကြောင်းကို ကိုယ်တိုင်ကြီးကြပ်ပို့ပေးရ သည့် လက်ထောက်အင်ဂျင်နီယာတစ် ယောက်က ပြောပြသည်ကိုကြားခဲ့ရပါ သည်။
အဆိုပါအထူးထူးအရေးကြီးသော ပုဂိ္ဂုလ်များသောက်သုံးသည့်အရက်များ ကို လေ့လာကြည့်ပါကလည်း တစ်ပု လင်းကိုအနည်းဆုံး တစ်သိန်း၊ နှစ်သိန်း မှသည် (၅)သိန်း၊ (၁၀)သိန်းခန့်အထိ ရှိသည်ဟုကြားသိရပါသည်။
ကျွန်တော်၏ တပည့်တစ်ဦးဖြစ်သူ သည် မီးရထားလမ်းဖွင့်ပွဲတစ်ခုတွင် မဏ္ဍပ်ဆောက်လုပ်ရန် ကန်ထရိုက်ရ သည်ဟုဆိုသည်။ ထိုဖွင့်ပွဲသို့ အထူးပုဂိ္ဂုလ် ကြီးတက်ရောက်မိန့်ခွန်းပြောမည်ဟုဆို သည်။ အခမ်းအနားကြာချိန်မှာ (၄၅) မိနစ်သာရှိသည်ဟုဆိုသည်။ မဏ္ဍပ်နှင့် မုခ်ဦးအတွက် (၇၅)သိန်းနှင့် လက်ခံခဲ့ ရပြီး လက်ဝယ်သို့ အမှန်တကယ်သိန်း (၅၀)သာရောက်သည်ဟုဆိုသည်။ (၄၅) မိနစ်ကို (၇၅)သိန်းပေးလိုက်ရသည်။ စာရေးသူ၏တပည့်ဖြစ်သူက ဘာပဲဖြစ် ဖြစ် သူကလည်း စို့စို့ပို့ပို့ရသဖြင့် နစ် နာခြင်းမရှိဟုဆိုပါသည်။ သူ့ကို အလုပ် ချထားပေးသူအရာရှိမင်းနှင့်ပင် ပွဲပေါင်း များစွာ ဤလမ်းစဉ်အတိုင်းလုပ်အားပေး ခဲ့သဖြင့် သူသည်ပင်လျှင် အိုးပိုင်/အိမ် ပိုင် ဖြစ်လာရသည်ဟုဆိုသည်။
ခြိုးခြံချွေတာရေးလမ်းစဉ်မှာ အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း၏ လမ်းစဉ်ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းအချို့တွင် ဒုတိယ ကမ္ဘာစစ်ကြီးပြီးစ အင်္ဂလန်နိုင်ငံတွင် ပေါင်မုန့်ကို “ရာရှင်”စနစ်ဖြင့် ခြိုးခြံချွေ တာခဲ့ကြောင်း ထောက်ပြထားသည်။
တိုင်းပြည်တိုးတက်ကြီးပွားလိုပါလျှင် စွမ်းအင်၊ လျှပ်စစ်၊ ရေ၊ မီး စသည်တို့ကို အစစအရာရာ ချွေတာရမည်ဖြစ်ပါ သည်။ ရေဘုံဘိုင်မှ ရေများထွက်နေလျှင် ပိုက်ခေါင်းကိုပိတ်ရပါမည်။ နေ့ခင်းကြီး လျှပ်စစ်မီးများလင်းနေလျှင် ပိတ်သည့် အကျင့်ကိုလုပ်ရပါမည်။ အစားအသောက် အနေအထိုင်၊ အပြောအဆိုကအစ ခြိုး ခြံချွေတာရသည်။
အထူးသဖြင့် နိုင်ငံတော်၏ဘဏ္ဍာ (ဘတ်ဂျက်)ကို လက်တွေ့ကိုင်တွယ်သုံး စွဲသူတို့သည် အထူးပင်အလေးဂရုပြုသင့် သည်။ ခြိုးခြံချွေတာမှုဖြင့် အသုံးနှင့် အဖြုန်းကိုခွဲခြားရာရောက်ပါသည်။ သုံး သင့်လျှင်သုံးရပါမည်။ ဖြုန်းသည့်အဆင့် သို့မရောက်စေရန်သတိပြုရမည်ဖြစ်သည်။
အထူးသဖြင့် ၀န်ကြီးဌာနများနှင့် ၀န်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ အဖွဲ့များသည် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေကို စနစ်တကျအသုံးပြုကြ ပါ၏လောဟု မေးမြန်းစရာဖြစ်၍နေပါ သည်။ ကျွန်တော်တာဝန်ထမ်းဆောင် ခဲ့သော ဌာနတစ်ခု၏အကြောင်းကို အတွင်းသိမို့ တင်ပြလိုပါသည်။
ကျွန်တော်တို့၏ ၀န်ကြီးဌာနတွင် ဦးစီးဌာနပေါင်း(၁၀)ခုခန့်ရှိပါသည်။ ဌာန ၏ အကြီးအကဲဖြစ်သူ ၀န်ကြီးမင်းကို သွားရေးလာရေးအဆင်ပြေစေရန် မိမိတို့ ၏ ဦးစီးဌာနမှ ကားကြီးကားကောင်း၊ ခြင်ထောင်ချထားသောကားများကို ၀န် ကြီးမင်းအိမ်တော်သို့ သူ့ထက်ငါအပြိုင် ပို့ကြသည်။ ၀န်ကြီးမင်းအိမ်တွင် ကား တွေအလွန်များသဖြင့် သားတစ်ယောက် ကားတစ်စီး၊ သမီးတစ်ယောက် ကား တစ်စီးအပြင် ကားများပိုနေသေးသဖြင့် ဆွေတော်မျိုးတော်များအတွက် ကား အဆင်သင့်ဖြစ်၍နေပါသည်။ စက်ဆီ၊ ချောဆီဖိုး၊ ဓာတ်ဆီဖိုး၊ ကားပြင်ဆင် စရိတ် အစစအရာရာကို ဦးစီးဌာနက ကျခံရပါသည်။ ကားတစ်စီးဓာတ်ဆီ၊ ဒီဇယ်တစ်လ ဂါလံ(၆၀)နှုန်းဖြင့် ခွဲတမ်း ရပါသည်။ ကားဆယ်စီးဆိုလျှင် ဆီဂါလံ ၆၀၀ ခန့်ရပါသည်။ တစ်ဂါလံ ၄၀၀၀ နှုန်းဖြင့်ရောင်းသည်ဆိုပါလျှင် ၂၄၀၀၀၀၀ နှစ်ဆယ့်လေးသိန်းခန့်ရနေပါပြီ။ တစ်လ ၀င်ငွေတစ်နှစ်ဆိုလျှင် ၁၂ လ နှင့် မြှောက်က တစ်နှစ်အတွင်း မီလျံနာ ဖြစ်သွားနိုင်ပါသည်။ နိုင်ငံတော်၏ ဘဏ္ဍာတော်များ (ဘတ်ဂျက်)ကို နှမြော နေမိပါသည်။
ထို့အတူ သြဇာအာဏာရှိသော ညွှန်ချုပ်ကြီးများ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ (အများအားဖြင့် တပ်မတော် အရာရှိကြီးများ)သည်လည်း မိမိဌာနရှိ ကားများကို ရနိုင်သမျှ စုစည်းရယူပြီး အထက်ဖော်ပြပါ ၀န်ကြီးမင်းများ၏ စံနမူနာလမ်းစဉ်အတိုင်း ဓာတ်ဆီထုတ် စားလုပ်စားနေကြသည်ကို ကိုယ်တွေ့ မျက်မြင်ဖြစ်ပါသည်။
အချို့ပုဂိ္ဂုလ်များဆိုလျှင် ဌာနဆိုင် ရာပိုင်ဆိုင်သောမြေများ၊ အဆောက် အအုံများ၊ စက်ပစ်္စည်းစသည်များကို မိမိ ကိုယ်ကျိုးအတွက် သုံးစွဲမှုများရှိပါသည်။ ဌာနဆိုင်ရာသုံး လျှပ်စစ်ဓာတ်အားကိုပင် မိမိတို့ကုန်ထုတ်လုပ်ငန်းအတွက် ရယူ သုံးစွဲနေမှုများလည်းရှိခဲ့ကြောင်း သိရပါ သည်။
ဧည့်ခံပွဲများ၊ အထိမ်းအမှတ်ပွဲများ တွင်လည်း မလိုအပ်ဘဲနှင့် ယမကာများ၊ အစားအသောက်များကို မဆင်မခြင်၊ ငွေကြေးအမြောက်အမြား အကုန်အကျ ခံကာလုပ်ဆောင်ကြကြောင်း တွေ့ရှိရပါ သည်။
ယခင်အခါများကဆိုလျှင် ဌာန အတွက် ပစ်္စည်းဝယ်ယူရာတွင် ပြည်ပမှ ဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ အိတ်ပိတ် တင်ဒါခေါ်ယူ၍ ၀ယ်ယူဖြည့်တင်းသော စနစ်ကိုကျင့်သုံးခဲ့ကြသည်။ ပွင့်လင်း မြင်သာမှုလုံးဝမရှိဘဲ မိမိတို့နှင့်လက်ဝါး ရိုက်၊စည်းဝါးကိုက်ထားသော ကုမ်္ပဏီများ သာ တင်ဒါအောင်ကြပေသည်။ ဆွေ တော်မျိုးတော်များ နေ့ချင်းညချင်း သူဌေးကြီးများဖြစ်ကုန်ကြပါသည်။
ဝန်ကြီးဌာနပေါင်း(၃၀)ကျော် ဦးစီး ဌာနပေါင်း ၁၀၀ ကျော်တို့သည် အဆင့် ဆင့်ကွပ်ကဲအုပ်ချုပ်မှုဖြင့် စေ့စေ့စပ်စပ် သေသေချာချာ အစိုးရ၏ဘတ်ဂျက်ကို သာ အသုံးပြုကြမည်ဆိုလျှင် ပို၍ထွက် လာမည့်ငွေများကို တွေးကြည့်မိသည်။
စာရင်းစစ်ရုံးမှ ရုံးများသို့ စာရင်း စစ်ဝင်သည်ဆိုလျှင် ရုံးမှတာဝန်ရှိသူများ ပျာယာခတ်ကုန်ပါတော့သည်။ မမှန် မကန်လုပ်ထားသော ရုံးများသို့ လာ ရောက်စစ်ရသောကြောင့် စာရင်းစစ်တို့ သည် သူခိုးဖမ်းသောပုလိပ်ကဲ့သို့ အပေါ် စီးမှဆက်ဆံကြတော့သည်။ စာရင်းစစ် များကို နေ့စဉ်နေ့တိုင်း စာရေး၊ သောက် ရေး၊ သွားရေးလာရေးကို ကောင်းကောင်း မွန်မွန်လေးလေးစားစားပြုစုပေးရတော့ သည်။ ဒံပေါက်ဆို ဒံပေါက်၊ ကုလားစာ၊ တရုတ်စာ၊ ဂျပန်အစားအစာစသည်ဖြင့် စာရင်းစစ်တို့စားလိုသည့်အမယ်ကို ၀ယ် ကျွေးရသည်။ နောက်ဆုံးနှုတ်ဆက်ပွဲနေ့ တွင် မြိုးမြိုးမြက်မြက် အဖိုးတန်ပစ္စည်း များဖြင့် လက်ဆောင်ပေးရလေ့ရှိသည် ကို တွေ့ရပါသည်။
နိုင်ငံတော်ထူထောင်ရေးတွင် အဘက်ဘက်မှ ခြိုးခြံချွေတာနိုင်မည် ဆိုပါက အဖိုးတန်လှသော နိုင်ငံတော် ဘဏ္ဍာငွေများ(ဘတ်ဂျက်)သည် မလိုဘဲ မသုံး၊ လိုအပ်မှသုံးခြင်းဖြင့် စုဆောင်း ရရှိနိုင်မည်ဖြစ်ပါသည်။
Credit To Hot News Journal
အောင်ကြည်ညွန့်(တက်္ကသိုလ်)
Post a Comment