““တို့ကျောင်း””
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ၊
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။ ။
ဒီကဗျာကို သူငယ်တန်းနဲ့ မူကြိုမှာ တက်နေကြတဲ့ကလေးတွေ ရွတ်ဆိုလာ ကြတာ နှစ်၃၀ကျော်ပါပြီ။ ဒါပေမဲ့ကဗျာ စာဆိုရှင်က ဘယ်သူလဲလို့မေးရင် မသိတဲ့ သူများပါတယ်။ဘာကြောင့်လဲဆိုတော့ စာဆိုရှင်ရဲ့အမည်ကို စာအုပ်မှာဖော်ပြမ ထားလို့ပါ။ ကဗျာစာဆိုရှင်ရဲ့အမည်က ဦးတင်ဝင်းဖြစ်ပြီး၊ကလောင်အမည်က ပျဉ်းမနားမောင်နီသင်း ဖြစ်ပါတယ်။ စာပေဗိမာန်ဆု၊အမျိုးသာစာပေဆု(ကလေး ကဗျာ)နှင့်အမျိုးသားစာပေဆု(ကဗျာ)စတဲ့ စာပေဆုများရှင်ဖြစ်ပါတယ်။သင်ကြားသူ သင်ယူသူ အားလုံးမုဒိတာပွားနိုင်ဖို့ ရည် ရွယ်ပြီးဖော်ပြလိုက်ပါတယ်။အယ်ဒီတာ အဖွှဲျ့ကေူငအပ ပညာရေးဂျာနယ်၊အတွဲ-၁။အမှတ်-၁တွင်ဖော်ပြပါရှိသော အယ်ဒီ တာအဖွဲ့၏ တင်ပြချက်တစ်ခုဖြစ်ပါ သည်။ဤစာစုကို ဖတ်ကြည့်ခြင်းအားဖြင့် အယ်ဒီတာအဖွဲ့၏စေတနာစကားဖြစ်သလို မုဒိတာစကားလည်းဖြစ်ပါသည်။ယင်းမုဒိ တာစကား၌ ကဗျာ၏ချစ်စရာကောင်း သောအနှစ်သာရကိုလည်းကောင်း ထို အနှစ်သာရကို ဖန်တီးခဲ့သောစာဆိုရှင် ကဗျာဆရာ၏ အနုပညာတန်ဖိုးကိုလည်း ကောင်း ထိုအနုပညာတန်ဖိုးနှင့် ညီမျှ သောကလောင်နာမည်၏ ဂုဏ်သိက်္ခာ တန်ဖိုးကိုလည်းကောင်း စာသင်သူ သင် ကြားသူများသာမက စာဖတ်သူအားလုံး ကိုပါ မုဒိတာပွားစေလိုသောစေတနာ ဖြင့် ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း သိသာ လှပါသည်။ယခုလုပ်ရပ်သည် ဆရာပျဉ်း မနားမောင်နီသင်း၏ကဗျာဂုဏ်ရည်နှင့် အတူ ထိုကဗျာ၏ဖန်တီးရှင် ဆရာပျဉ်း မနားမောင်နီသင်း၏ ဂုဏ်ကိုပါဖော် ထုတ်လိုက်ခြင်းဖြစ်သည်။တစ်နည်းအား ဖြင့် လူသိထင်ရှားကဗျာကို လူသိထင် ရှားကလောင်အမည်ဖြင့် တွဲပေးလိုက် ခြင်းဖြစ်ပါသည်။
ဤသို့လုပ်လိုက်ခြင်းအားဖြင့် နောင် တစ်ချိန်တွင် ဒီကဗျာလေးကောင်းလိုက် တာ ဘယ်သူရေးတာပါလိမ့်ဆိုသည့် ““အမည်မသိစာဆို””ဒုက္ခလည်း ကင်းဝေး သွားမည်ဖြစ်ပါမည်။အလားတူပင် ကျောင်းသုံးပြဋ္ဌာန်းထားသည့် မူလတန်း ဖတ်စာစာအုပ်များတွင် ကလောင်အမည် မပါသော ကဗျာကောင်းကောင်းလေး တွေ ကျန်ရှိနေပါသေးသည်။ သူငယ် တန်းကျောင်းသုံးဖတ်စာထဲတွင် ပါဝင် သော ““မမ၀၀၊ ထထက၊အကပထမ””ဆို သော ကဗျာသည် ဆရာတင်မိုးရေးခဲ့တာ ဖြစ်ကြောင်း ဆရာကွယ်လွန်ပြီးမှ သိခွင့် ရပါသည်။ သို့ဖြင့် ပိုင်ရှင်မဲ့ဖြစ်နေသော စာပေလက်ရာကောင်းများ၊ ကဗျာလက် ရာကောင်းများကို တန်ဖိုးထား၍ ပိုင်ရှင် ဖော်ထုတ်နေချိန်တွင်တစ်နည်း က လောင်အမည်များကို ဖော်ထုတ်နေချိန် တွင်ကဗျာဆရာ၏စာမူကိုသုံးပြီး က လောင်နာမည်ကိုဖော်ပြရန်စေတနာတွန့် တိုနေကြသူများလည်း ရှိနေသည်ကိုတွေ့ ရပါသည်။
တစ်ခုသော နေ့လယ်တွင်ဖြစ်ပါ သည်။ ကျွန်တော်သည်လှည်းတန်းမှတ် တိုင်မှ ၁၂၄အထူးဟီးနိုးကားစီး၍ မြို့ထဲ ထွက်ခဲ့ပါသည်။
ဤတွင်ထူးခြားသော ဖြစ်ရပ်တစ်ခု နှင့် ကြုံလိုက်ရပါသည်။ ကျွန်တော်မတ် တပ်ရပ်နေရာနှင့် မလှမ်းမကမ်းဖြစ်သော ကားအတက်အဆင်းအပေါက်ဝဘေးက မှန်ချပ်ပေါ်တွင် ကဗျာဆန်သောစာသား အချို့ကို ပလတ်စတစ်လောင်းလျက် ကပ် ထားသည်ကိုတွေ့ရ၍ ဖြစ်ပါသည်။ ထိုစာ သားများမှာ မန်ကျည်းစေ့အရွယ်လောက် ဖြစ်၍ ခပ်ဝေးဝေးကလှမ်းဖတ်ကြည့်ရာ ဖတ်ဖူးသလိုလိုဟုထင်မိသည်။သို့ဖြင့် ထို စာသားတွေကပ်ထားသည့်နေရာသို့ ရောက်အောင်ရွှေ့သွား၍ အစအဆုံး ဖတ်ကြည့်လိုက်တော့ မျက်လုံးပြူးသွား ပါသည်။
““နေ့စဉ်ဘတ်စ်ကားစီးတဲ့အခါအထဲ
ဝင်စီးပါ။
အပေါက်ဝမှာ အတွယ်မက်
အတက်အဆင်းခက်။
သက်ကြီးရွယ်အို သံဃာဆိုနေရာ
ပေးဖို့လို၊
ကိုယ်ဝန်ဆောင်နှင့်မိခင်များ
ဦးစားပေးစိတ်ထား။
ခွန်အားချည့်နဲ့ မစွမ်းသူ
ဖေးမ သည်းခံကူ၊
လူချင်းတူတူ မေတ္တာပွား
မြတ်မွန်ခရီးသွား ။ ။””
ရန်ကုန်ခရီးသွားဂျာနယ် အတွဲ၂၊ အမှတ် ၂။၂၀၀၉ဖေဖော်ဝါရီလထုတ်ဂျာ နယ်ထဲက ကျွန်တော့်ကဗျာဖြစ်သည်။ ကဗျာခေါင်းစဉ်က ““မွန်မြတ်ခရီးသွား””ဖြစ် သည်။ ယခုကားမှန်ချပ်ပေါ်တွင် ကပ် ထားရာ၌ စာကိုယ်ပဲပါသည်။ ခေါင်းစဉ် မပါ။ကလောင်နာမည်မပါ။ စိတ်မ ကောင်းတော့ ဖြစ်သွားပါသည်။သို့သော် ဖြေလိုက်နိုင်ပါသည်။ဤစာကိုကပ်ထား သူမှာစာသမားမဖြစ်နိုင်။ကဗျာဆရာ၊စာ ရေးဆရာကို သို့မဟုတ်ကဗျာဆရာ၊စာ ရေးဆရာ၏ ကလောင်နာမည်ကို တန်ဖိုး ထားရမှန်း မသိသော်လည်း ထိုစာထို ကဗျာလေးမှာ သူ့ကားပေါ်၌ခရီးသည် များအတွက် အသုံးဝင်ပုံကိုတော့ သိနိုင် သူဖြစ်သည်။သူ့ကားစီးခရီးသည်တွေ အတွက် အသုံးတည့်လို့အသုံးချလိုက် တာဖြစ်မည်။ နေ့စဉ် ပိုက်ဆံဘယ် လောက်ရှာရမလဲဆိုသည့်ကားသမားအဆင့် ဆိုတာ ဒီလောက်ပဲရှိမှာပေါ့ဟု ဖြေလိုက် ပါသည်။
တစ်နေ့တွင် အမျိုးဘာသာ သာ သနာအတွက်လုပ်ဆောင်နေသော အဖွဲ့ အစည်းကြီးတစ်ခုမှ အဖွဲ့ဝင်ဖြစ်ဟန်တူ သော ရဟန်းနှစ်ပါးနှင့် သီလရှင်နှစ်ပါး မိမိထံရောက်လာသည်။ဘယ်ကလိပ်စာ ရ၍ လိုက်လာသည်ကိုမသိ။အကြောင်း ကသူတို့သင်မည့် ဘာသာရေးကျောင်းမှာ ကျောင်းသားတွေကိုသင်ဖို့ သင်ရိုးညွှန်း တန်းနှင့် အညီကဗျာရေးပေးရန် တောင်း ခံကြခြင်းဖြစ်၏။သို့ဖြင့် သူတို့ပေးခဲ့သော သင်ရိုးကိုဖတ်၍ သင့်လျော်ရာကဗျာ၁၀ ပုဒ်ခန့်ရေးပေးလိုက်သည်။ သူတို့က ကြိုက်ရာသုံးပုဒ်ရွေး၏။ ဒါလည်းကိစ္စမရှိ။ သည်ကြားထဲ ကဗျာတစ်ပုဒ်မှာ စာတစ် ကြောင်းကိုပြင်ပါရစေဆိုပြီး ပြင်၏။ဒါ လည်း ကိစ္စမရှိ။ပြီးတော့ ကဗျာသုံးပုဒ်စာ အတွက်ပါဟုဆိုကာ မိမိအလုပ်စားပွဲပေါ် စာအိတ်နှင့်စာမူခထားသွား၏။ဖွင့်ကြည့် တော့ ကဗျာသုံးပုဒ်အတွက် ငွေကျပ်တစ် သောင်းတိတိ။ဘယ်လိုကြီးလဲဟု တွေး လိုက်မိ၏။ဒီလို စာမူခပေးတာမျိုးတစ်ခါ မျှမတွေ့ဘူးပါ။ဒါလည်းပဲ ရေငုံနှုတ်ပိတ် နေလို့ရသေး၏။နောက်ဆုံးအချက်ကား ရေငုံနေလို့မရတော့။ နှုတ်ပိတ်နေလို့မရ တော့။အကြောင်းကား မိမိကဗျာကိုစာ သင်ဖို့ ဆုံးဖြတ်ထားပြီးမှ ကလောင်နာ မည်မဖော်ပြနိုင်ပါတဲ့။ဘယ်လောက်ဆိုး သလဲ။
ဘာကြောင့်လဲ။ ဘာလုပ်တာလဲ။ ဘယ်လိုအဓိပ္ပာယ်လဲ။ဒီလိုလုပ်သော အဖွဲ့အစည်းမျိုးတစ်ခါမျှ မတွေ့ဖူးပါ။ ကဗျာဆရာဆီကို အခေါက်ခေါက်လာ။ ကဗျာအခါခါတောင်းပြီးဒီလိုသေသေချာ ချာ စော်ကားသောအဖွဲ့အစည်းမျိုး မတွေ့ဖူးပါ။ လှုမှုရေးအဖွဲ့အစည်းဆိုလျှင် တောင် ခံသာပါ၏။ခုတော့ဘာသာစာ ပေပညာတတ်သည်ဆိုသော ဘာသာ သာသနာအကျိုးဆောင်ရွက်မည်ဆိုသော ဘာသာရေးဆိုင်ရာအဖွဲ့အစည်းက စော် ကားလိုက်တာကြောင့် မိမိတော်တော် လေးခံပြင်းပါသည်။စိတ်လည်းပျက်မိ သည်။ရွံလည်းရွံမိသည်။
မိမိက ဂျာနယ်မှာဆာင်းပါးရေးပြီး ကန့်ကွက်လိုက်တော့မိမိမိတ်ဆွေ ကဗျာ ဆရာတစ်ဦးထံမှ မိမိကြားသိအောင်တုံ့ ပြန်လိုက်ပုံက ယင်းတို့လုပ်ကိုင်နေသော အဖွဲ့အစည်း၏ဂုဏ်ကျက်သရေနှင့် ဆန့် ကျင်လှစွာသည်။ ငယ်ရွယ်သော ပုဂိ္ဂုလ် လေးတုံ့ပြန်ပုံက မိမိအား““ဆရာကြီးက ငွေတော်တော်မက်တာပဲ””တဲ့။ခေါင်း ဆောင်ပိုင်းပုဂိ္ဂုလ်တစ်ဦး တုံ့ပြန်လိုက်ပုံ က(အာဏာရအဖွဲ့အစည်းက ပုဂိ္ဂုလ် ကြီးလေသံမျိုးနှင့်)မိမိကဗျာကိစ္စနှင့် ပတ် သက်၍အကြောင်းပြန်ပေးဖို့ စကားပါး ထားသည်ကို ““အကြောင်းပြန်ဖို့အဆင့် မဟုတ်ဘူး””ဟု မိမိဝတ်ရုံကိုမှအားမနာဘဲ ရင့်သီးငေါ်တူးစွာ ပြောထွက်ပုံမှာ သာ မန်မယဉ်ကျေးသော လူဝတ်ကြောင်နှင့် တစ်တန်းစားထဲ ဖြစ်နေပါသည်။
တကယ်တော့ စာမူခနည်းသည် များသည်ကို အဓိကမဆိုလိုပါ။ ပေးပုံပေး နည်း တိတိကျမဟုတ်တာကို ပြောလို ခြင်းသာဖြစ်ပါသည်။တကယ်တော့လည်း စာမူခအကြောင်းမသိခြင်းနှင့် သိလျက် ပေးဖို့ တွန့်တိုနေခြင်းမှာ ကဗျာစာပေနှင့် မနီးစပ်ခြင်း၊ မယဉ်ကျေးခြင်းတို့ကြောင့်ပဲ ဖြစ်ပါသည်။စာပေတန်ဖိုးကို မသိတတ် တာလည်းဖြစ်နိုင်ပါသည်။ ယနေ့ကဗျာ တစ်ပုဒ်လျှင် အနည်းဆုံး ကျပ်သုံး ထောင်ပေးသည်။မဂ္ဂဇင်းအများစုက တော့ ကျပ်ငါးထောင်လည်းပေးပါသည်။ ကျပ်ရှစ်ထောင်လည်း ပေးပါသည်။ ကျပ် နှစ်သောင်းလည်းပေးပါသည်။ဒီကနေ့ မြ၀တီရုပ်သံက ကလေးကဗျာတစ်ပုဒ်ကို သရုပ်ဆောင်တွေနှင့် ကဗျာသရုပ်ဖော် လွှင့်ထုတ် ကဗျာစာမူခကျပ်နှစ်သောင်း နှင့်CD တစ်ချပ်ရပါသည်။
ဘယ်စာရေးဆရာ၊ ကဗျာဆရာမ ဆို မိမိဥာဏ်အား၊ ၀ိရိယအားစိုက်ထုတ် ထားရသော ကဗျာတစ်ပုဒ်အတွက် ထိုက်သင့်သောဥာဏ်ပူဇော်ခကို မက် မောစမြဲဖြစ်ပါသည်။ အဲဒီတော့ကိုယ့် စာကဗျာအတွက် ထိုက်သင့်သော စာမူ ခအကြောင်းပြောတဲ့ စာရေးဆရာက မ ရိုးသားတာလား။ လောဘကြီးတာလား။ စာရေးဆရာ၊ ကဗျာဆရာ၏ စာမူကိုသုံး ဖို့တော့လိုပါလိမ့်မည်။ ဒီကြားထဲ ပြော လိုက်ပါသေးသည်။ဘယ်ကဗျာဆရာဆို လျှင် ပိုက်ဆံစကားတစ်ခွန်းမှ မပြောဘူး တဲ့။ ဒါကတော့ ရှင်းပါသည်။ ပွဲကြည့် ပရိသတ်က မျောက်ဖိုးစိန်ကတာကို ကြည့်ချင်တာလား။ရွှေမန်းတင်မောင်ကို ကြည့်ချင်တာလား။ရွှေမန်းတင်မောင်ကို ကြည့်ချင်လျှင်တော့မျောက်ဖိုးစိန်လို လမ်းဘေးမှာမရနိုင်ပါ။ ရွှေမန်းတင်မောင် ၏အနုပညာနှင့် ထိုက်တန်သော ရုံဝင်ခ ပေးရမှာဖြစ်ပါသည်။
လောကဓမ္မတာအရ အကောင်းရှိ သလို အဆိုးလည်းရှိပါသည်။ အလှရှိသ လို အကျည်းတန်ရှိပါသည်။ မြင့်မြတ်သူ ရှိသလို ယုတ်မာသူရှိပါတယ်။တန်ဖိုးသိ တတ်သူရှိသလို တန်ဖိုးမသိတတ်သူ ရှိပါ သည်။ ဒါကြောင့်မို့လည်း စာရေးဆရာ၊ ကဗျာဆရာ၏ စာပေကိုတန်ဖိုးထား တတ်သလို ထိုစာပေဖန်တီးသည့် က လောင်ရှင်၏ ကလောင်နာမည်ကို တန် ဖိုးထားရကောင်းမှန်းမိသူတွေ ရှိနေခြင်း ဖြစ်သည်။ ထို့အတူပင် စာရေးဆရာ၊ ကဗျာဆရာ၏စာပေကို အသုံးချဖို့ လောက်သာသိပြီးထိုစာရေးဆရာ၊ကဗျာ ဆရာ၏ ကလောင်နာမည်ကို တန်ဖိုး ထားရကောင်းမှန်း မသိသူတွေ လည်းရှိ နေခြင်းပင်ဖြစ်ပါသည်။
ဤသည်မှာ မြင့်မြင့်နေထိုင်ခြင်းနှင့် မသက်ဆိုင်ပါ။မြင့်မြင့်စားသောက်ခြင်းနှင့် မသက်ဆိုင်ပါ။ မြင့်မြင့် ၀တ်ဆင်ခြင်းနှင့် မသက်ဆိုင်ပါ။ မြင့်မြင့် လုပ်ကိုင်နေခြင်း နှင့်လည်းမသက်ဆိုင်ပါ။ အဓိကတော့ စိတ်နှလုံးသားမြင့်မြင့်မထားနိုင်သမျှ ဘာ လုပ်လုပ်အဆင့်အတန်းနိမ့်နေမှာ သေ ချာပါသည်။
အလုပ်ကြီးကြီးလုပ်လျှင် စိတ်ထား ကြီးကြီးထားဖို့လိုပါသည်။ ရည်ရွယ်ချက် မြင့်မြင့်ထားလျှင် နှလုံးသားလည်းမြင့်မြင့် ထားတတ်ဖို့ လိုပါသည်။ ထိုမြင့်မြင့်စိတ်၊ မြင့်မြင့်နှလုံးသားနှင့် ထာဝရယှဉ်တွဲကျင့် သုံးအပ်သည်မှာ အဖြူစင်ဆုံး ရိုးသားဖို့ ဖြစ်ပါသည်။
သဘာဝက ဖန်တီးပေးထားသော ရိုးသားသည့်လောက၀န်းကျင်ကို အလှ ဆင်လိုလျှင် မိမွေးတိုင်း ဖမွေးတိုင်းမဟုတ် သော မရိုးသားစိတ်တွေကို အရင်ဖယ်ရှား နိုင်မှ ဖြစ်ပါမည်။ဒီလိုမှ မဟုတ်လျှင် တော့…။
Credit To Hot News Journal
မြေလတ်မောင်မြင့်သူ
Post a Comment