သခင်စိုးက နောက်ဆုံး သေသည်အထိ ကိုကျော်ဝင်း၊ ကိုကျော်ဝင်း ဆိုတာက အဲဒီခံယူချက် ကောင်းတာကြောင့် မို့လို့ တစ်သမတ်တည်း သွားတာလေ သူက ဟိုလူတွေက အဲလိုမဟုတ်ဘူး အန်တီတို့ပါတီ အသုံးအနှုန်းနဲ့ကျတော့ အချောင်သမားဝါဒ ၀င်တယ်ဆိုလား ဘာဆိုလား …
“သခင်စိုးပြောတဲ့
စကားကို အခုတည်းက အန်တီ့ခေါင်းထဲမှာ မှတ်ထားတယ် အိမ်ထောင်တစ်ခုမှာ
စီးပွားရေးရဲ့ အဓိက သော့ချက်ဟာ မီးဖိုချောင်တဲ့ မီးဖိုချောင်ထိန်းသိမ်းမှု
မလုံခြုံလို့ရှိရင် ဒီမိသားစုဟာ ဘယ်တော့မှ စီးပွားရေး . . . မဖြစ်ဘူးတဲ့
အဲတော့တဲ့ တစ်နေ့ကိုတဲ့ ငရုပ်သီးတစ်တောင့်၊ ကြက်သွန်တစ်ဥ အလေအလွင့်
ဖြစ်ရင်တောင်မှ ရက်တွေ များလာတဲ့ အခါကျတော့ အများကြီး လေသွားတယ်တဲ့ အဲတော့
ကြက်သွန်တစ်ဥ၊ ငရုတ်သီးတစ်တောင့်က စပြီးတော့မှပေါ့ . . .”
စစ်တွေတပ်ထဲ ကနေပြီးတော့ ရန်ကုန်ကိုပို့တော့ သားတွေ၊ သမီးတွေက လာကြိုကြတာပေါ့။
လာကြိုတယ်။ အခုဆုံးသွားပြီနဲ့တူတယ်။
ဗိုလ်မှူးကြီးချစ်ရီဆိုတာ၊ တော်လှန်ရေးကောင်စီဝင်ပေါ့။ သူလာကြိုတယ်။
သူကတော့ အန်ကယ်ကြီးနဲ့က နဂိုတုန်းတည်းက မိတ်ဆွေတွေလိုပဲ။ နောက်ပိုင်းကျမှသာ
တစ်ယောက်နဲ့ တစ်ယောက်က ရန်သူဖြစ်နေကြတာကိုး။
အန်ကယ်ကြီး ရန်ကုန်ကို ပြန်ရောက်ရောက်ချင်း ဘယ်မှာနေလဲ။
ပြန်ရောက်ရောက်ချင်း ပုဇွန်တောင် အိမ်မှာ နေတယ်။ အဲမှာကလည်း လူတွေက များတယ်လေ။ အဲဒီကနေပြီးတော့မှ ဒီရန်ကင်း တိုက်ခန်းကို ရောက်တယ်။
တိုက်ခန်းက အစိုးရပေးတာလား။
အစိုးရပေးတာ။
ဦးနေ၀င်းပေးတာပေါ့။…
ဟုတ်ကဲ့။
အဲဒီတုန်းက ပိုက်ဆံ သွင်းရသေးလား။
မသွင်းရဘူး။ အဲဒီတုန်းက
ဘယ်လောက်များလဲဆိုရင် အန်ကယ်ကြီးက တော်တော်ကို၊ အန်ကယ်ကြီးက ကလေး ဘ၀တည်းက
စီးပွားရေးမှာ နားမလည်ဘဲနဲ့ နိုင်ငံရေး လုပ်လာတဲ့ အခါကျတော့
အပြင်ရောက်လို့ရှိရင် ကိုယ့်စီးပွားရေး ကိုယ့်ဘာသာကိုယ် ရှာစားရတော့မှာလေ။
အဲဒါကို ဘာမှမဖြစ်ဘဲနဲ့ ဟိုက အရာရှိ ကိုယ်တိုင်က လာပြီးတော့ ပြောတာ။
ဦးကျော်ဝင်း ရန်ကုန်မြို့မှာ တိုက်ခန်းလွတ်တွေ အများကြီးရှိတယ်။ ကုလားတွေ
နိုင်ငံခြားပြန်တဲ့ တိုက်ခန်းတွေပေါ့။ တိုက်ခန်းလွတ်တွေ အများကြီးရှိတယ်။
အကုန်လုံး လိုက်ကြည့်ပါ။ ဦးကျော်ဝင်းက ရန်ကုန်သားပါတဲ့ အကုန်လိုက်ကြည့်ပါ
ဆိုတာ ဘယ်မှ သွားမကြည့်တာ။ ဘယ်မှ သွားမကြည့်တော့ တိုက်ခန်း မရသေးဘူးလား၊
မရသေးဘူးလား ဆိုတော့ ရန်ကင်းမှာတော့ တိုက်ခန်း ရှိတယ်တဲ့၊ လေးထပ်တဲ့၊
ရေမရဘူးတဲ့။ အဲတော့ ရေမရဘူးဆိုတော့ ရေမရရင် ဆင်းခပ်မယ်တဲ့ ရှေ့ကနေ ပြောတာ။
အန်တီ သူ့ကို ဒေါတွေ ကန်လိုက်တာ။ ဆင်းခပ်မှာတဲ့၊ အေးအေးချမ်းချမ်းပဲ
နေချင်တာတဲ့။ အသံဗလံ ဆူညံနေတာကို မကြိုက်ဘူး။ အဲဒါဆိုရင်တော့
ရန်ကင်းမှာတော့ ရှိတယ်တဲ့။ အရမ်းအေးချမ်းတယ်တဲ့။ အန်တီက ပြောချိန်၊
ကန့်ကွက်ချိန် မရှိတော့ဘူး။ ပေါ့ပေါ့ပါးပါး မဟုတ်တော့ သူ့မီအောင်
မတက်နိုင်ဘူး။ အကုန်လုံး ပြောပြီးဆိုပြီး တကယ်လည်း ဒီရောက်တော့ ရေမရဘူး။
အန်ကယ်ကြီး အဲဒီမှာ သတင်းစာတိုက်မှာ အလုပ်က အစိုးရက ပေးလိုက်တာလား။
သူတို့က ပေးတယ်။ ဗိုလ်မှူးကြီး ကျော်စိုး ပထမဦးဆုံးပေးတာ။ နောက် တိုင်းတရားသူကြီးလည်း လုပ်သေးတယ်။
ဘယ်နှနှစ်လောက်ကြာလဲ။
အဲဒါလည်း တစ်နှစ်၊ နှစ်နှစ်ပဲ ဒီလောက်မရှိဘူး။
အဲဒီတုန်းက လမ်းစဉ်ပါတီ ပြောင်းသွားပြီလား။
ဟုတ်တယ်။ လမ်းစဉ်ပါတီခေတ်။
အဲဒီတုန်းက လမ်းစဉ်ပါတီပြောင်းတော့ သခင်တင်မြတို့၊ အလင်းဝင်သွားတဲ့ ဗိုလ်ချုပ် မြင့်အောင်တို့ကလေ လာမတွေ့ဘူးလား။
မတွေ့ဘူး။
သူတို့နဲ့ နည်းနည်း သဘောထားချင်း မတိုက်ဆိုင်သလိုပဲနော် အန်ကယ်ကြီး ကြည့်ရတာ။
သူက ခံယူချက်က၊ သခင်စိုးက နောက်ဆုံး
သေသည်အထိ ကိုကျော်ဝင်း၊ ကိုကျော်ဝင်း ဆိုတာက အဲဒီခံယူချက် ကောင်းတာ
ကြောင့်မို့လို့။ တစ်သမတ်တည်း သွားတာလေ သူက။ ဟိုလူတွေက အဲလို မဟုတ်ဘူး။
အန်တီတို့ ပါတီ အသုံးအနှုန်းနဲ့ကျတော့ အချောင်သမားဝါဒ ၀င်တယ်ဆိုလား ဘာဆိုလား
အဲလိုတွေရှိတယ်။
သခင်တင်မြက အထဲထဲမှာ ၀င်လုပ်နေသေးတယ်လေ။
ထောက်ခံပြီးတော့မှ သူက အထဲထဲ ရောက်အောင် ၀င်တာလေ။ သခင်တင်မြက တစ်ခုရှိတယ်၊
မဟုတ်တာ ပြောတာတော့ မဟုတ်ပါဘူး။ အမှန်ပြောတာ သခင်တင်မြက ဟိုကူးလိုက်
ဒီကူးလိုက် အဲလို။ နောက် အပြောကလည်း သူက အာဝဇ္ဇန်းကလည်း ကောင်းတယ်။
အလှူတစ်ခုများ ရောက်လို့ကတော့ ဦးကျော်ဝင်း ဟိုမှာ ထိုင်နေ၊ သခင်တင်မြ
ဟိုမှာ ထိုင်နေ သခင်တင်မြဆီမှာ အကုန်ဝိုင်းပြီးတော့ သူတစ်ယောက်တည်း
အဲဒီအုပ်စုကိုထိန်းတာ။
သခင်စိုး ဒီရန်ကုန်ရောက်လာတော့ အန်တီတို့ အဘနဲ့ ဆုံကြသေးလား။
တွေ့တာပေါ့။ အလင်းမ၀င်ခင်ကတည်းက အဲဒီမှာ
အမှုစစ်တုန်းကတည်းက အန်တီက ဗိုလ်မှူးစိုးမြင့်ဆိုတာ ထောက်လှမ်းရေးက
သခင်စိုးအမှုစစ်တဲ့ဆီမှာ သူက နံပါတ်တစ် တာဝန်ယူရတာ။ အဲဒီ တာဝန်ယူတဲ့ဆီမှာ
သခင်စိုး အမှုစစ်ဖို့ဆိုတော့ အန်ကယ်ကြီးက ထွက်ချက် ပေးရမယ်လေ။ အန်တီက
လိုက်သွားတယ်။ ဗိုလ်မှူး စိုးမြင့်ကလည်း သိနေတာပဲလေ။ သူက တာဝန်ခံဆိုတော့။
အဲဒါ ဘယ်သူမှမသိအောင် သခင်စိုးကြီး အမှုစစ်ပြီးတော့ အားလပ်ချိန် ပေးတဲ့
အချိန်ကျတော့ သခင်စိုးဆီ အန်တီ တိတ်တိတ်ကလေး သွားပြီး ဟိုအထဲထဲထိကို
လိုက်သွားတယ်။ ဘယ်သူမှ မသိဘူး။ ပြန်ထွက်လာမှ ဗိုလ်မှူး ကျွန်တော်အထဲက ပြန်
လာတာလို့။ အဲဒီတုန်းက အန်ကယ်ကြီးလည်း တွေ့ရတယ်။ နောက်တစ်ခါ အဲဒီကိစ္စတွေ
စစ်ပြီးတော့ ရေကြည်အိုင်လား မသိဘူး။ အိမ်တစ်အိမ်မှာ ထားသေးတယ်။ အဲဒီမှာလည်း
အေးအေးချမ်းချမ်းပဲ သူနေရတာ။
သခင်စိုး နိုင်ငံရေး သင်တန်းတွေ ပေးသေးတယ်ဆို။ သခင်စိုးမဆုံးခင်ပေါ့။
အဲဒါ သူ့ကို မင်းမနိုင် အိမ်မှာ ထားတာ။
မင်းမနိုင်အိမ်မှာ သူနိုင်ငံရေးသင်တန်း တွေပေးတာပေါ့။
အဲဒီမှာ နိုင်ငံရေး သင်တန်းပေးတယ် ဆိုပေမယ့် ဟိုမှာက ဒီလောက် အကြာကြီး မနေရဘူး။
အဘ အဲဒီတုန်းက ဒီအတိုင်း မသွားတာလား။ ကျန်းမာရေးအရ မသွားတာလား။
သူက သူ့နောက်မှာ နိုင်ငံရေး အချောင်သမားတွေ ကပ်နေတာလည်း ရှိတယ်လေ။ သခင်စိုးနားမှာ။
အချောင်သမားဆိုတာ အလံနီရဲ့ စကားပေါ့။
အချောင်သမားဆို ကပ်ဖားရပ်ဖားနဲ့ လုပ်တဲ့ဟာလေ။ အန်ကယ်ကြီးက အဲလိုဟာတွေ မကြိုက်ဘူး။
တချို့လည်း တောထဲအထိတောင် မလိုက်ဘဲနဲ့ ဒီဘက်ခေတ်မှာလေ အလံနီဟောင်း ဆိုပြီးတော့ ပြောနေတာတွေ ရှိတယ်လေ။ အန်တီတို့ အဲဒါတွေကြားမိလား။
အဲဒါတွေက မြေပေါ်မြေအောက် ရှိတာပဲ။
အန်တီတို့က တောထဲကဆိုတော့ မြေအောက်ပေါ့။ မြေပေါ်ကတော့ ဒီဘက်မှာနေပြီး
လှုပ်ရှားတာ။ အဲလိုလူတွေကတော့ ဒီမှာရှိတာပဲ။
အခု အဘလည်း ဆုံးသွားပြီး။ သခင်စိုးလည်း ဆုံးသွားပြီ။ အလံနီ ကွန်မြူနစ်ပါတီ ဆိုတာ ပျောက်ကွယ်သွားပြီလို့ ပြောလို့ ရလား။
ပြောလို့တော့မရပါဘူး။
ဒါသမိုင်းရှိတယ်ပေါ့နော်။ သမိုင်းကြောင်းတွေ ရှိတယ်။ သခင်စိုး ဆိုတာကိုလည်း
ဖျောက်လို့ မရဘူး။ လူသေပေမယ့် နာမည် သေသွားတာမှ မဟုတ်တာ။ သဘောကို
ပြောတာလေ။
အလံနီ ကွန်မြူနစ်ပါတီဆိုတာ အန်တီတို့ကတော့ လူကြီးတွေပေါ့လေ။ တစ်ဖန် ပြန်လည်ပြီးတော့မှ မွေးဖွားပြီးတော့ မြင်ချင်တဲ့ ဆန္ဒတွေရှိလား။
အဲလို မရှိပါဘူး။ အန်တီကတော့ အဲလိုမရှိဘူး။
အန်တီက တိုင်းပြည်မှာ ရှိသမျှ အားလုံးကို ပြေပြေလည်လည် အကုန်လုံး
ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာ ဖြစ်ဖို့ပဲ လိုချင်တယ်။
အခုလက်ရှိ ဒီအစိုးရနဲ့
ပူးပေါင်းပြီးတော့ နိုင်ငံတော်နဲ့ နိုင်ငံရေးလောကမှာ တွေ့နေရတဲ့ အလံနီ
ကွန်မြူနစ်ဟောင်းတွေ ဆိုတာ အန်တီသိတဲ့လူတွေ ရှိသေးလား။
မရှိသလောက်ပဲ။
သခင်စိုးအဖွဲ့က။
ဘယ်သူတွေရှိမလဲ။ ဒေါ်ငွေစံ၊ ဒေါ်နှင်းမေရှိမယ်။
သခင်စိုး သမီးတွေ ရှိသေးတာပေါ့။
သမီး နီနီစိုး ရှိတယ်။ ရီရီစိုး ရှိတယ်။
သူတို့တွေက နိုင်ငံရေး မလုပ်တော့ပါဘူး။
သူတို့က ဟိုတုန်းကတည်းက နိုင်ငံရေးမလုပ်တာ။
ဗိုလ်ချုပ်နေ၀င်းက အန်တီတို့ကို တိုက်ခန်းပေးပြီးတော့ ဆုကြေး ထောက်ပံ့တာတွေ ရှိလား။
အရင်ရှိတယ်။ အခုနောက်ပိုင်း မရှိတော့ဘူး။
အရင်ဘာတွေ ထောက်ပံ့လဲ။
ငွေရေးကြေးရေးပါ။ အစောပိုင်းတုန်းကဆိုရင်
လိုတဲ့ဟာ ဟိုတုန်းက ဘောင်ထရီ မှာ ထောက်လှမ်းရေးတပ် ရှိသေးတယ်။ အခုတော့
မရှိတော့ဘူး။ ဆုံးသွားပြီ။ ဆရာ တင်အောင်ဆိုတာ။ အန်တီ ဘာပဲဖြစ်ဖြစ်
အန်ကယ်ကြီးကတော့ မသွားဘူး။ အဲဒီတုန်းက လစဉ်ပေါ့လေ။ မိသားစု
စားဝတ်နေရေးအတွက် ထောက်ပံ့တာ။
ဘွဲ့ပေးတာကျတော့။ အဲဒီတုန်းက ဘာတွေ ပေးသေးလဲ။ လွတ်လပ်ရေးမော်ကွန်းဝင်။
အဲဒီတုန်းက ဘာမှမပေးဘူး။
ဒီကတ်ပြားပဲ ပေးတာလား။ ဆုကြေးမပါဘူးလား။
မပါဘူး။ ကတ်ပြားနဲ့ ရွှေကတော့ နည်းနည်းပါးပါး ပါတယ် ထင်တယ်။
အဲဒါ ငွေသား မပါဘူးပေါ့။ အဲဒါအဘ သွားယူရတာလား။
သွားယူရတာ။
လွတ်လပ်ရေး မော်ကွန်းဝင်ပေးတာ
နိုင်ငံတော်သမ္မတ ဦးနေ၀င်းတဲ့ ရေးထားတယ်လေ။ ခရီးစရိတ်တွေ ဘာတွေ
ကားလက်မှတ်တွေ ဖရီးပေးတယ်ဆိုတာ မဟုတ်ဘူးပေါ့။
မဟုတ်ဘူး။
အန်တီ အလင်းဝင်လာပြီးတော့ တချို့ကလည်း
ပြောကြတယ်။ အန်တီတို့က တောထဲမှာနေတော့ အရင်တုန်းကတော့ အလံနီတွေ တောထဲမှာ
နေတဲ့အခါမှာ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကနေထိ ဥစ္စာပစ္စည်းတွေ၊ သခင်စိုးကြီး
တောထဲကနေ ဒီအဖွဲ့ထဲ ၀င်တဲ့အခါကျတော့ အန်တီတို့ ရခဲ့တာတွေများရှိလား။
ဘာမှမရှိဘူး။ သူသတ်မှတ်တဲ့လမှာ
လုံချည်တစ်စုံဆို တစ်စုံ၊ ဒါကြောင့်မို့လို့ အန်တီက တောထဲတုန်းက
များသောအားဖြင့် ထဘီဝတ်ထားတာထက် ဘောင်းဘီဝတ်တာများတယ်။ ယောက်ျားရှပ်အင်္ကျီ
အဲလို။ ဒါက အခြေအနေ အေးချမ်းမှ၊ မအေးချမ်းလို့ရှိရင် နောက်ထပ်အသစ်
မထုတ်ပေးဘူး။ ဘာတစ်ခုမှမရှိဘူး။ ဘယ်က ရမှာလဲ။
ပါးစပ်ပြောပေါ့။ ဒီဥစ္စာကိုက ဖိနှိပ်ချုပ်ချယ်မှု မခံချင်လို့ လုပ်ပါတယ်ဆိုမှ ဒီဟာတွေက ဘယ်ကနေ ဘယ်လို ရမှာလဲ။
အန်တီ့ဇာတိက။
ပခုက္ကူ၊ ကမ်းပြိုကျေးရွာ။
မိဘတွေက။
ဦးရွေး ၊ ဒေါ်ဖွားနုတဲ့။
သက္ကရာဇ်ကော မှတ်မိလား။ အခု အသက်က ဘယ်လောက်ရှိပြီလဲ။
အခု ၇၅ ကျော်၊ ၇၆ ထဲ ရောက်ပြီ။ အမေပြောခဲ့သလိုပဲ။ စာရွက်စာတမ်းတွေ ဘာမှ မရှိတော့ဘူး။ အန်ကယ်ကြီး ဆုံးပြီး ၃၊ ၄ လ နာလန်မထူနိုင်ဘူး။
ပင်ပန်းတဲ့ဒဏ်တွေပေါ့။
စိတ်ပင်ပန်းတာထက် လူပင်ပန်းတာက
ဆီးချိုလည်းရှိတော့ ချုံးချုံးကျပဲ။ အခုမှ တဖြည်းဖြည်း အားတင်းပြီးတော့
အစပိုင်းကဆိုရင် ဒီဓာတ်ပုံကို မချိတ်သေးဘူး။ ဖြုတ်ထားဦးမယ်လို့။ ဟိုရက်က
သားဆီက ဖုန်းမလာတော့ ကိုယ့်ဟာကိုယ် တုံးလုံးလဲပြီးတော့ အဖေကြီးသာ
အခုအချိန်ပိုင်းအထိ ပြောနိုင်ဆိုနိုင် သက်ရှိ ထင်ရှားရှိရင်တော့ ဘယ်လောက်
ကောင်းလိုက်မလဲ။ တရားသဘောနဲ့ဆိုလည်း သူ့ရဲ့ဆွဲမနိုင်တဲ့ အချိန်က ဘယ်လိုမှ
တားလို့မရဘူး။ သခင်စိုးကိုလည်း သတိရတယ်။ အဲဒါပြီးတော့ နောက်နှစ်ရက်
သုံးရက်လောက် ကျတော့ ဘာပဲဖြစ်ဖြစ် တချို့တစ်ဝက် ဒီစာအုပ်လေးကြောင့်
သိသွားတာ၊ သူမသေခင်မှာ အဖေကြီးက အဖေကြီး မသေခင်တည်းက စာသားတွေ ဖတ်ပြမယ်။
နားထောင်မလားဆိုတော့ ထောင်မယ်။ အန်တီ ဘေးကနေ ထိုင်ပြီးတော့ ဖတ်ပြတယ်။
အလေးနီပြုတယ်ဆိုတာ ဘယ်လိုပြုတာလဲ။
အန်ကယ်ကြီး ကျိုက္ကဆံကွင်းတုန်းက အလေးနီပြုတယ်။ အဲဒါသတင်းစာမှာ ပါတယ်။ ဟိုတစ်ခါ ရိုက်သွားတာလေ။
အဘဆုံးတုန်းကလည်း အလေးနီပြုတာ ရှိတယ်လေ။
ဒေါ်နှင်းမေကလည်း စိတ်ဓာတ် အရမ်းကောင်းတာ။
သူက စစချင်းတော့ အန်တီ့ကို အပြစ်တင်ဦးမလို့။ အန်တီက အန်ကယ်ကြီးကို
ဘယ်လောက်ထိအောင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်အဖြစ်နဲ့ ထားတာမဟုတ်ဘူး။ ကိုယ့်ရဲ့
ခေါင်းဆောင်၊ ကိုယ့်ရဲ့ဆရာ တစ်ယောက်အနေနဲ့ ထားတာ။ အသက် ရှည်နိုင်သမျှ
ရှည်အောင် ပြုစုလာတာ။ သူက ဒါလုပ်တယ်ကွယ်။ ပြောလို့လည်း မရဘူး။ တစ်ခါတလေ
ပြီးခဲ့တာတွေ ပြီးပါစေတော့။ ဒီအောက်ကနေ တက်လာတယ်။ ဒီအပေါ်ကို
လေးဖက်ထောက်ပြီး တက်လာတယ်။ အဲလောက်ပေတဲ့လူ။ အသက်ကြီးလာလို့ အန်တီနဲ့
အန်ကယ်ကြီးနဲ့ဆိုရင် အန်ကယ်ကြီးက အသက် ကိုယ့်ထက်ကြီးတယ်။
ဒီအရက်တွေလည်းသောက်တော့ အန်တီ ဘာလုပ်ရမှာလဲ။ အန်တီရွာကနေပြီးတော့
အမေရှိသေးတယ်။ အမေ့ ဆီကို ဆင်တုံးမနွယ် အမှုန့်မှာ။ မှာပြီးတော့မှ
ပျားရည်နဲ့ နယ်ပြီးတော့မှ အသက်ကြီးရင် ဆင်စီးရတယ်ဆိုတော့ အဲဒါနယ်ပြီးတော့မှ
ပုလင်းကြီးနဲ့တစ်လုံး၊ အဲဒါ အဖေကြီးသောက်လို့။ အရက်တွေသောက်လို့
တော်ကြာရောဂါတွေ ရနေမယ်။ နောက်တစ်ခါ မြင်းခွာရွက်ကို ရေစင်စင်ဆေးပြီးတော့
ဒီအမိုးအောက်မှာ လှန်းတာ။ အဲဒီ မြင်းခွာရွက်ကို ဆုံနဲ့ ထောင်းပြီးတော့
ပျားရည်နဲ့ တည်ပြီးတော့မှ နှစ်နှစ်ဆက်တိုက် သူက အရက်သောက်တဲ့ လူဆိုတော့။
တော်ကြာ အသက်တိုနေရင်။ နောက်တစ်ခါ ကြက်သွန်ဖြူဥ အဲဒါကို ခွာပြီးတော့မှ
ပင်အပ်နဲ့ ဖောက်ပြီးတော့ ပျားရည်နဲ့ စိမ်ထား။ စိမ်ထားပြီးတော့
အဲဒါနဲ့မြည်းတာ။
အန်တီတို့ အဲဒီတောထဲမှာတင် စောဘဦးကြီးအဖွဲ့နဲ့ ဆုံခဲ့သေးလား။
မဆုံခဲ့ဘူး။ ဒီကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲလာတုန်းက စောဘဦးကြီး အုတ်ဂူကို သွားကန်တော့သေးတယ်။ အဘသွားတာ။
အခုငြိမ်းချမ်းရေးယူနေတဲ့ အစိုးရနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ သတင်းတွေက လာနေတာလေ။ သူတို့ ငြိမ်းချမ်းရေး
ဆွေးနွေးနေတဲ့ ပုံစံတွေ ဘယ်လိုမြင်လဲ။
တကယ်ကတော့ အောင်အောင်မြင်မြင် ဖြစ်မယ်လို့တော့ မထင်ဘူး။
ဘယ်လို လိုအပ်ချက်တွေ ရှိနေလို့လဲ။
ဟိုဘက်ကလည်း သူတို့ရဲ့ နယ်မြေကို သယံဇာတတွေ အပိုင်းတော့ ဘယ်လက်လွှတ်ချင်မလဲ။
ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါကျတော့ အန်တီ့အနေနဲ့ လက်နက်စွန့်ဖို့ လိုတယ်လို့ထင်လား။ လက်နက် ဆက်ကိုင်ထားဖို့ လိုတယ်လို့ထင်လား။
ငြိမ်းချမ်းရေး ယူလို့ရှိရင်တော့
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ရှိတယ်ဆိုရင်တော့ လက်နက်ကိုင်ဖို့ မလိုဘူး။
အန်တီ့ရဲ့အမြင်ပေါ့။ လက်နက်ကိုင်တယ် ဆိုလို့ရှိရင် တစ်ချိန်မဟုတ်
တစ်ချိန်ပြန်ပြီးတော့ သူ့ဘက်က စိတ်အခန့် မသင့်တာရှိရင်၊ ကိုယ့်ဘက်က
စိတ်အခန့် မသင့်တာရှိရင် ဒါမျိုးတွေ တကယ်ငြိမ်းချမ်းဖို့ရာအတွက် ရည်ရွယ်ပြီ
ဆိုလို့ရှိရင်တော့ ဘာမှ လက်နက်ကိုင်စရာ မလိုဘူး။ အန်တီ့အမြင်ပေါ့။
အစိုးရက လက်နက်ကို စွန့်ခိုင်းလိုက်
လို့ရှိရင် သူတို့ဘက်မှာလည်း လက်ဆုပ်လက်ကိုင် မရှိတော့ တချို့
ငြိမ်းချမ်းရေး အဖွဲ့တွေကလည်းပဲ အဲဒီလိုမျိုးကျတော့
လက်နက်မစွန့်ချင်တာလည်းရှိတယ်။
အစိုးရက တကယ်ကော စိတ်ချရလို့လား။
ဒါလေးတွေကိုလည်း သူတို့က ပြန်တွေးနေမှာပေါ့လေ။ အချိန်မရွေး ဖြစ်နိုင်တယ်ပေါ့။
အန်တီတို့ ၀င်လာတုန်းက အစိုးရက စိတ်ချရလား။
အန်တီတို့က သေလူအဖြစ် ၀င်လာတာ။ ဘယ်လိုလုပ်လုပ်။
အန်တီတို့ အဘတို့ အလင်းဝင်တုန်းကျမှ သခင်စိုး ဒီအထဲရောက်တာပေါ့။
အလင်းဝင်တာတော့ မဟုတ်ဘူးထင်တယ်။
အန်တီတို့အဖွဲ့က ပျက်သွားပြီ ဆိုပြီးတော့ သူကလည်း ထပ်ပြီးတော့ သူကိုယ်တိုင်
တောင်းဆိုမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လာတာလို့ ထင်ပါတယ်။ အတိအကျတော့
မဟုတ်ဘူးပေါ့။
တချို့ကလည်း သခင်စိုးကြီးက နိုင်ငံရေး
အရမ်းကျွမ်းတယ် ဆိုပြီးတော့ အဲလိုဝင်လာပြီးတော့ တရားတွေ ဘာတွေ
ရင်ဆိုင်တာလားလို့။ ဒါလည်း နိုင်ငံရေးအရ ဦးနေ၀င်းနဲ့ ပူးပေါင်းပြီးတော့
လှည့်ကွက် လုပ်တယ် ထင်တယ်။ အဲလို ပြောကြတာပေါ့။
အန်တီကတော့ အန်ကယ်ကြီးလည်း အဲလိုပြောတာ မကြားပါဘူး။ အန်တီက မသိရင် အန်ကယ်ကြီးကို မေးတာပဲ။
သခင်စိုးက အင်္ဂလိပ်စာ ကျွမ်းတယ်နော်။
အရမ်းကျွမ်းတယ်။ သခင်စိုးက အင်္ဂလိပ်လိုပြောတာ မွှတ်နေတာပဲ။ ဗမာလို့ကျတော့ ထစ်နေတယ်။ အဲလောက် တော်တယ်။
အန်ကယ်ကြီးကျတော့ အင်္ဂလိပ်စာ ဘယ်လို သင်ခဲ့ရတယ်လို့ အန်တီ့ကို ပြောဖူးလဲ။
အဲဒါတော့ မပြောဖူးဘူး။ ဒါပေမဲ့လို့ မာ့စ်ခ်လီနင်စတာလင်၊ မာ့စ်ခ်ရေးတဲ့စာအုပ်လည်း တွေ့တယ်။ အဲစာအုပ်တွေ ရှိတယ်။ ဘယ်သူက ဖတ်နိုင်မှာလဲ။
တောထဲမှာ ဖတ်တာလား။ ပြန်သယ်လာတာလား ဒီကို။
မဟုတ်ဘူး။ ဒီကျမှ ပြန်ပြီးတော့ စုဆောင်းပြီးဖတ်တာ။ အဲလို ဖတ်တာလို့ ထင်တယ်။
အန်ကယ်ကြီးက ဒီရောက်တော့မှ အဲဒီစာအုပ်တွေကို ပြန်ဖတ်နေတယ်ဆိုတော့ သူ့ဝါဒနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး လေ့လာနေတဲ့ သဘောပေါ့။
အဲဒီသဘောပဲနဲ့တူတယ်။ နဂိုတုန်းကတော့
တစ်ခုရှိတယ် သားရယ်။ သူက စီးပွားရေးဆိုရင် ဗိုက်ဟောင်းလောင်း နေချင်နေ၊
ဘာမှ ခေါင်းထဲမှာ မရှိဘူး။ အဲဒါ မရှိတော့ အန်တီက ကလေးတွေနဲ့ စီးပွားရေး
လုပ်ရတာ။ ပြန်မကြည့်နိုင်ဘူး။ သူ့ဘာသာသူ အိမ်မှာ ရေး၊ ဖတ်။ ကိုယ်ကလိုတဲ့ဟာ
ဖြည့်ဆည်း ပေးရတာပေါ့။
ကျွန်တော် ကြားဖူးတာက တချို့ အစိုးရ ၀န်ထမ်းတွေ လုပ်နည်းလုပ်ဟန် မဟုတ်ဘူးလို့ ယူဆလို့ အဘက ဦးနေ၀င်းဆီ စာရေးပြီးတော့ တင်တယ်ပြောတယ်။
အဲဒါတော့ ရှိတယ် ထင်တယ်။
အဲဒါကျတော့ ဦးနေ၀င်းက အရေးယူပေးလား။
ယူလား၊ မယူလားတော့ မသိဘူး။ သူတို့ကတော့ ပေးတာဆိုရင်တော့ ယူမှာပေါ့။ ပြန်ပြီးတော့ ဖြေရှင်း တာကတော့ ဘယ်လုပ်မလဲ။
အဘဆုံးတော့ အစိုးရက လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်ဆိုတော့ ဆုံးတော့ ထောက်ပံ့တာတွေ ရှိလား။
မရှိပါဘူး။
လွတ်လပ်ရေး ကြိုးပမ်းမှုတုန်းကတော့ ပါခဲ့တယ်နော် အဘတို့။
ပါတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုးနဲ့ တွေ့ဖို့တွေ ဘာတွေကို။
အန်တီတို့က ဖမ်းလည်း အဖမ်းခံခဲ့ရတယ်လေ။ တကယ်လည်း အလင်းဝင်လာတယ်။ ငြိမ်းချမ်းရေး သဘောက ဘယ်လိုဟာမျိုးကို ဆိုလိုတာလဲ။
တစ်ခုရှိတယ်လေ။ ဒါက အန်တီ့ အမြင်နော်။ တကယ်
ငြိမ်းချမ်းအောင် ယူလို့ရှိရင် ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်း ရမှာပေါ့။ အခုက
ငြိမ်းချမ်းရေး ရတယ်၊ ရတယ်ဆိုပြီးတော့ ခဏခဏ ပြန်ပြီးတော့ ဖြစ်နေတာ၊ လိမ်နေ
တာပဲပေါ့။ တကယ်က တစ်ခါတည်း တစ်သမတ်တည်း ဖြစ်ရမှာပေါ့။
ဘယ်ဘက်က လိမ်တယ်လို့ထင်လဲ။
အများဆုံးကတော့ ဒီအစိုးရဘက်ကပဲ ထင်မယ်။
အစိုးရဘက်က အန်တီတို့ ငြိမ်းချမ်းရေး ယူတဲ့ အချိန်မှာ ဘယ်လိုမျိုး မရိုးသားတဲ့ အချက်တွေ တွေ့ဖူးလဲ။
အန်တီတို့က အဲဒီတုန်းက နောက်လိုက်အနေနဲ့
လိုက်တာပဲ။ တွေ့ဖူးဆို အဲဒီတုန်းက တစ်ခုရှိတယ်။ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲဆိုပြီး အတိုက်အခိုက် ရပ်စဲရေး ဆိုပြီးတော့ လုပ်ထားပြီးတော့
တကယ်က အလစ် ဟိုမှာ ချနေတယ်။
အစိုးရတပ်က အန်တီတို့စခန်းတွေ ကိုလား။
အေးလေ။
အဲဒါဆို သခင်စိုးတို့ ဒီမှာ လာဆွေးနွေးတုန်း ဟိုမှာ အတိုက်ခံရ သေးတယ်ပေါ့။
ပေါ်တင်မဟုတ်ဘူး။ ပြောက်ကျား၊ ပြောက်ကျားနဲ့။
အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးက လိမ်တယ်လို့ ပြောလို့ရတာပေါ့။
အေးပေါ့၊ တကယ်ဆိုရင် မချရဘူးလေ။
အောက်ကလူတွေက မသိလို့များလား မသိဘူး။
တစ်ခုရှိတယ်လေ။ အခုတော့ မသိဘူး။ အခုတော့
တစ်စနစ် ပြောင်းသွားပြီ အောက်က ဘာလုပ်လုပ်၊ အထက်က သိတာမှ မဟုတ်ဘဲနဲ့
အဲလိုဟာတွေ အများကြီး။ အခုတောင် အဲဒါမျိုး လွတ်ရဲ့လားပေါ့။ လွတ်ကင်းရဲ့လား
မသိဘူး။ အကုန်လုံးသာ စိတ်သဘောထားတွေ တစ်သမတ်တည်းဆိုရင် ဒီလောက်တောင်
ရှုပ်ရှုပ်ပွေပွေဖြစ်စရာ အကြောင်းမှမရှိဘဲ။ သဘောကို ပြောတာလေ။
ဒေါ်ခင်စုကျတော့ ရဲနီမယ်လို့ပြောလို့ရလား။
ပြောရင်တော့ ရတာပေါ့။ ဒါပေမဲ့ သူက အန်တီနဲ့
သူနဲ့က တောထဲမှာ အတူတူ နေလာတာလေ။ နိုင်ငံရေးတွေဘာတွေ သူက ဘာမှ
စိတ်မ၀င်စားဘူး။ ရဲနီမေလို့ ခေါ်တာကတော့ ရတာကတော့ ရပါတယ်။
အန်တီတို့က ဟိုမှာ သေနတ်ကိုင်ခဲ့ ရတာပေါ့။
ကိုင်ခဲ့ရတယ်။ ကိုင်ချင်လို့ကို လိုက်တာ။
ဘယ်လိုသေနတ် အမျိုးအစားတွေ ကိုင်ခဲ့ရလဲ။
ပထမစတုန်းကတော့ ရိုင်ဖယ်သေနတ်၊
တစ်တောင့်ချင်း ပစ်ရတာလေ။ နောက်ကျတော့ စတင်းဂန်းပေါ့။ စတင်းဂန်း ကျတော့
ဒီလိုကျည်ဘောက်စ်က ၅၀ ပါတယ်။ အဲဒီ ၅၀ ထည့်ထားလိုက်လို့ရှိရင် ခလုတ်နှိပ်
လို့ရှိရင် ၅၀ လုံး မကုန်မချင်း ပစ်လို့ရတာပေါ့။
အဲဒီသေနတ်တွေ ဘယ်ကရလဲ။ အလံနီကနေ ၀ယ်တာလား။
ဝယ်တဲ့ ဟာတွေ ရတယ် ထင်တယ်။ တိုက်ပွဲတွေမှာ ရတဲ့ဟာတွေလည်း ရတယ်။ အစိုးရတပ်က ရဲဘော်တွေ ကျတော့ ရတာလည်းရှိတယ်။ ၀ယ်တာက အများစုပဲ။
ကျည်တွေဘာတွေ ၀ယ်တာကျတော့ ဘယ်ကနေ၀ယ်လဲ။
နယ်စပ်တွေကနေ ၀ယ်တာလားမသိဘူး၊ အဲဒါကျတော့။
အဘတို့တော့ လက်နက်ဘာညာဝယ်တဲ့ဟာကို သူတို့တော့ သိမှာပေါ့။
အဘလည်း အဲဒါတွေကို ဟိုဟာမဖြစ်ဘူး။ အဘက
နိုင်ငံရေးပဲ။ နိုင်ငံရေး သင်တန်းတွေ သူပေးရတယ်။ စစ်ရေးနဲ့ ပတ်သက်လို့တော့
သိပ်ပြီးတော့ ဟိုဟာမဖြစ်ဘူး။ အစောပိုင်းကတော့ မသိဘူးပေါ့လေ။ နောက်ပိုင်းကို
ပြောတာ။ နောက်ပိုင်း အန်တီတို့ သိသလောက်ကတော့ နိုင်ငံရေးကို
သင်တန်းပေးရတာ။ နိုင်ငံရေး သင်တန်းပေး အရမ်းကောင်းတာ။ သခင်စိုးပြောတဲ့
စကားကို အခုတည်းက အန်တီ့ ခေါင်းထဲမှာ မှတ်ထားတယ်။ နောင်လာနောင်သားတွေလည်း
အိမ်မှာရှိတဲ့ သူတွေလည်း တစ်ခါတစ်ခါ ပြောပြတယ်။ ပြောပြတာက တခြားမဟုတ်ဘူး။
အိမ်ထောင်တစ်ခုမှာ စီးပွားရေးရဲ့ အဓိက သော့ချက်ဟာ မီးဖိုချောင်တဲ့
မီးဖိုချောင် ထိန်းသိမ်းမှု မလုံခြုံလို့ရှိရင် ဒီမိသားစုဟာ ဘယ်တော့မှ
စီးပွားရေး … မဖြစ်ဘူးတဲ့။ အဲတော့တဲ့ တစ်နေ့ကိုတဲ့ ငရုတ်သီးတစ်တောင့်၊
ကြက်သွန်တစ်ဥ အလေအလွင့် ဖြစ်ရင်တောင်မှ ရက်တွေ များလာတဲ့ အခါကျတော့
ငရုတ်သီးတောင့်တို့၊ ကြက်သွန်တို့က အများကြီး လေသွားတယ်တဲ့။ အဲတော့
ကြက်သွန်တစ်ဥ၊ ငရုတ်သီး တစ်တောင့်က စပြီးတော့မှပေါ့ အဲဒါကို အန်တီက
ခေါင်းထဲမှာ မှတ်ထားတယ်။
ဒါ သခင်စိုးကမှာတာပေါ့။ အမျိုးသမီးတွေကို မှာတာလား။
အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်လေ။
အိမ်ထောင်တစ်ခုမှာ အဓိက စီးပွားရေးက မီးဖိုချောင်ပဲ။ စီးပွားရေး၊
နိုင်ငံရေး၊ စစ်ရေး၊ စစ်ရေးက နောက်ဆုံး ပိတ်ပဲလေ။ စီးပွားရေးက ထိပ်ကပဲ။
အဲတော့ တိုင်းပြည်တစ်ခု မှာလည်း ဘာပဲဖြစ်ဖြစ် အန်တီတို့ အိမ်တစ်အိမ်မှာ
စီးပွားရေးအရ မီးဖိုချောင်ကိစ္စ ပြေလည်လို့ရှိရင် အားလုံး အေးချမ်းသာယာတာပဲ။
သဘောကို ပြောတာလေ။ နိုင်ငံတစ်ခုအနေနဲ့လည်း စီးပွားရေး ပြေလည်လို့ရှိရင်
နိုင်ငံရေးက သာယာမှာပဲ။ ဒီသဘောမျိုးပဲပေါ့။ ဒါအန်တီ ဟိုဟာ ဖြစ်သလောက်
ပြောပြတာပါ။ ဒီခေတ်က ပညာရှိတွေ ပေါပြီးတော့ ပိုပြီးတော့တောင်မှ။
အဘနဲ့ အန်တီနဲ့က နိုင်ငံခြားသွားသေးလား။
စင်ကာပူသွားတယ်။
စင်ကာပူသွားတာကျတော့ ဘယ်လို ဖြစ်ပြီး သွားဖြစ်သွားတာလဲ။
သမီးက သူ့အဖေ အသက်ထင်ရှား ရှိတုန်းကို ရောက်ဖူးစေချင်လို့ ဆိုပြီးတော့ အတင်းခေါ်တာ။
အဲဒီတုန်းက ဗီဇာတွေဘာတွေ လွယ်လွယ်ကူကူကျလား။
အန်တီတို့က အသက်ကြီးတဲ့လူတွေ ဆိုတော့
အန်ကယ်ကြီးရော အန်တီရော နှစ်ယောက်လုံး အသက်ကြီးတဲ့ လူတွေဆိုတော့
ဒီအိမ်မှာပဲ ဒီမှာခေါ်ပြီးတော့ ရိုက်တာ။
ဘယ်နှခုနှစ်လောက်ဖြစ်မလဲ။
အခုဆို လေးငါး၊ ခြောက်နှစ်လောက်တော့ ရှိပြီထင်တယ်။ ပြန်ကြည့်ရင်တော့ သိတယ် ဘယ်တုန်းကဆိုတာ။
စင်ကာပူမှာ ဘယ်လောက်ကြာခဲ့လဲ။
သွားချင်တော့လည်း အန်ကယ်ကြီး သွားချင်တာ။
အန်တီက ပိုက်ဆံကုန်လို့ မသွားဘူးလို့။ သမီးကလည်း သူ့အဖေ တော်ကြာ သေသွားရင်
အန်တီ့အပြစ် ဖြစ်မှာလေ။ အဲဒါကြောင့်မို့လို့ သွားတာ။ ဟို ရောက်ခါကျတော့
လုပ်သွားတာက တစ်နှစ်၊ လေယာဉ်လက်မှတ်ရော ဘာရော။ အဆုံးခံရတာ အန်တီတို့မှာ။
နှစ်လတည်းနဲ့ ပြန်လာလို့။ ပြောလို့မရဘူး။ ပြန်မယ်အတင်း။ လေယာဉ်ပေါ်ကျတော့
လေယာဉ် မောင်လေးတွေက မေးတယ်။ အဘတဲ့ နောက်ထပ် လာဦးမှာလားတဲ့။ အေး
လာခဲ့ဦးမယ်တဲ့။
မောင်ရေစက်
Credit To The Myanmar Herald
Post a Comment