““အထွေထွေအကျပ်အတည်းဖြစ်လို့ ဆူပူကြရင် ဘယ်လိုလုပ်မလဲလို့ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို ပြောတော့ အဲဒီလို မဖြစ်အောင် လုပ်မယ်တဲ့””
ဦးအောင်မင်းနဲ့ ကျွန်တော်တွေ့တော့ ပြောတယ်။ ခင်ဗျားတို့ ဘယ်တော့ နောက်ကြောင်း ပြန် မှာ လဲဆိုတော့ ကျွန်တော်တို့ နောက်ကြောင်း မပြန်ဘူးတဲ့ နောက်ကြောင်း ပြန်လို့ လည်းမရဘူး။ နောက်ကြောင်းပြန်ရင် ကျွန်တော်တို့ သေသွားမှာ၊ ဒုက္ခ အကြီး အကျယ် ဖြစ်သွားမှာ။ ဒီအတိုင်းသွားတာက မျောသွား လို့ရ တယ်။ နောက်ေ ကြာင်း ပြန်သွား ရင် လက်နက် ကိုင် အဖွဲ့တွေကလည်း စုမိနေပြီ။ ကျွန်တော်တို့ အကုန်ဒုက္ခ ဖြစ်သွားမယ်တဲ့။ သူက ဒီလိုပြောတော့ ကျွန်တော့် အထင် သူတို့သဘောက အချိန်ဆွဲမယ်၊ လိမ်မယ်၊ ဒီမိုကရေစီ အတုနဲ့ မျောမယ့်သဘော . . .
ဝါရင့်
နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သည့် ၁၉၉၀ ရွေးကောက်ပွဲဝင်
မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း အား ဖြတ်သန်း ခဲ့ရာ နိုင်ငံရေး
အတွေ့အကြုံများနှင့် မွန်ဒီမိုကရေစီပါတီ၏ သမိုင်းေ ကြာင်း ဆောင်ရွက်
ချက်များ၊ လတ်တလော ရပ်တည် ဆောင်ရွက် ချက်များနှင့် တိုင်းရင်းသားပါတီ
တစ်ရပ် အနေဖြင့် နိုင်ငံရေး သဘော ထားများအား မေးမြန်း ဖြစ်ခဲ့ သည်များ ကို
ဖော်ပြအပ် ပါသည်။
ယခင်တစ်ပတ်မှအဆက်
၉၀ ရွေးကောက်ပွဲပြီး နောက်ပိုင်း
စစ်တပ်ကလည်း အာဏာမလွှဲဘူး။ ၁/၉၀ ကို ကြေညာလိုက်တယ် ဆိုတော့ နောက်ပိုင်းမှာ
မွန်ဒီမိုကရေစီ ပါတီအနဲ့ ဘယ်လို ဆက်ပြီး ရပ်တည်ခဲ့ရလဲ။
ပျက်သွားတဲ့အခါကျတော့ ကျွန်တော်တို့က
မှတ်ပုံတင်မရှိပေမယ့် ဆက်လုပ်တယ်။ အဖမ်းခံရတယ်၊ အစစ် ဆေးခံရ တယ်။ ဒါပေမဲ့
ကျွန်တော်တို့ ဆက်လုပ်ခဲ့တယ်။ …
ဦးသိန်းစိန်တို့က
ဒီမူကို မလျှော့ချင်ဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်ဦးတုန်းကတော့
ဦးရွှေမန်းကလည်း ပြည်သူ့ဆန္ဒရှိရင် ပြင်လို့ရတယ် ပြောပြီး နောက်တော့
ဦးသိန်းစိန်လမ်းပဲ လိုက်သွားတယ်။ လွှတ်တော်ထဲ ၀င်ခဲ့ကြဖို့လမ်းပဲ။
သူတို့လုပ်နေတာက အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတွေက တရားဝင် အဖွဲ့အစည်း
မဟုတ်ဘူး၊ နိုင်ငံရေး အဖွဲ့အစည်း ထောင်လို့မရဘူး။ နိုင်ငံရေး
လုပ်ငန်းလုပ်လို့မရဘူး။ ငြိမ်းချမ်းရေး လာဆွေးနွေး ပိုက်ဆံပေးမယ်။ ဒါ
ဖျက်ဆီးတာပဲ . . .
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီနဲ့ ၉၀ ရွေးကောက်ပွဲ ကြားကာလမှာ ပါတီအနေနဲ့ ထူးခြားတဲ့ နိုင်ငံရေး ဆောင် ရွက်မှုတွေ လုပ်ခွင့်ရခဲ့လား။
၁၉၉၃ ခုနှစ်မှာ ကျွန်တော်ထောင်က လွတ်လာတယ်။
၉၅ မှာ ဗိုလ်မှူးအောင် ရောက်လာပြီး တိုင်းပြည် ငြိမ်းချမ်းအောင် တွေ့ဆုံ
ဆွေးနွေးရေး လုပ်နိုင်ဖို့် ဦးသန်းရွှေဆီ စာရေးကြမယ်ဆိုလို့ လူစုကြတယ်။
ဗိုလ်မှူးအောင်ပါ လိုက်စုကြတာ။ နှစ်ရက် လောက်ကြာတော့ အလျင်လိုတယ် မြန်မြန်
လုပ်ပါလို့ ပြောတယ်။ ဒီတော့ ရနိုင်သလောက် စုလိုက်တာ ကျွန်တော်ရယ်၊
ဗိုလ်မှူးအောင်ရယ် အပါအ၀င် ၂၃ ယောက်ရတယ်။ ကျွန်တော်တို့ စာရေးလိုက်တယ်။
သတိထား ဒီမိုကရေစီအတုဖြစ်နေမယ် အဲဒီလို ဗိုလ်ချုပ်အောင်ဆန်း ကြိုပြောသွားတာရှိတယ် . . . အခုက စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီဆိုပြီး စည်းကမ်းက သူတို့ပေးတဲ့ စည်းကမ်း၊ အာဏာရှင်က ပေးတဲ့စည်းကမ်း၊ အဲဒီစည်းကမ်းကြောင့်ပဲ ဒီမိုကရေစီဆိုတာ ပျက်သွားတာ၊ အတုဖြစ်သွားတာ . . .တည်ဆဲဥပဒေ အရလုပ်ရမယ်။ လက်နက်ချရမယ်၊ လက်နက်ချပြီးေ တာ့ နိုင်ငံရေးပါတီ ထောင်ရမယ် ပြီးမှရွေးကောက်ပွဲဝင် . . .
ဘယ်လို အကြောင်းအရာမျိုးလဲ ခင်ဗျ။ တွေ့ဆုံ ဆွေးနွေးကြဖို့လား။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့
တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့၊ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဖို့
ဆိုပြီးတော့ စာထဲမှာ ရေးပေးလိုက်တာ။ အဲဒီစာကို ကျွန်တော်တို့ အမျိုးသား
ဒီမိုကရေစီချုပ်ကိုလည်း ပေးတယ်။ ဒါပထမဆုံး လုပ်ဖြစ်တာ။ နောက်တစ်ခုကျတော့
အဲဒီနဲ့ တစ်ဆက်တည်း ဘာလုပ်လို့ ရမလဲဆိုတာ ခွန်ထွန်းဦးတို့နဲ့ စုပြီးတော့
ကျွန်တော်တို့ စဉ်းစားရတယ်။ ရခိုင်ရယ်၊ မွန်ရယ်၊ ဇိုမီးရယ်၊
ရှမ်းရယ်ပေါင်းပြီးတော့ ရင်ကြားစေ့ရေး အမျိုးသား ဒီမိုကရေစီနဲ့
တွေ့ဆုံပြီးတော့ ဆွေးနွေးပါလို့ စာနောက် တစ်ခေါက် ထပ်ပို့ကြတယ်။
အဲဒီစပြီးတော့ အမျိုးသား ရင်ကြားစေ့ရေး စလုပ်တာ။ ဒေါ်အောင်ဆန်းစုကြည်
လွတ်လာတဲ့ အခါကျတော့ တွေ့ဆုံ ဆွေးနွေးပြီးတော့ ဘာလုပ်လဲ ဆိုတော့ လွှတ်တော်
မခေါ်ရင် ကိုယ့်ဘာသာကိုယ် ခေါ်မယ်ဆိုပြီးတော့ UNA နဲ့ပေါင်းပြီးတော့
ရှေ့မေးခဲ့တဲ့ ဓာတ်ပုံထဲက CRPP ဖွဲ့တယ်။ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ရယ်၊ ကျွန်တော်တို့ လေးယောက်ရယ် ငါးဖွဲ့ပဲ ရှိတယ။်
အဲဒါနဲ့စဖွဲ့တယ်။ စဖွဲ့တဲ့အခါ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က
လွှတ်တော် ခေါ်ရေးကို ပြောလို့မရလို့ရှိရင် ကိုယ့်ဘာသာခေါ်မယ်။ ကျွန်
တော်တို့ တိုင်းရင်းသားအဖွဲ့တွေက လွှတ်တော် ကိုယ်စားလှယ်တွေ ကျွန်တော်တို့
မန်းဒိတ်ယူပြီးတော့ စုထား တယ်။ NLD လည်း မန်းဒိတ် ယူပြီးတော့ စုထားတယ်။
ပြီးတော့ အဲဒီမန်းဒိတ်နဲ့ ကျွန်တော်တို့ ခေါ်မယ်။ နောက်ပိုင်း
ဒေါ်အောင်ဆန်းစုကြည် တို့က မရှိတဲ့ အခါကျတော့ မလုပ်ဖြစ်တော့ဘူး။ အဲဒီမှာ NLD
က ပြဿနာ ပေါ်တယ်။ မန်းဒိတ်ပေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက
ဦးအောင်ရွှေဆီကို စာရေးတယ်။ သူတို့မန်း ဒိတ် ပေးထားတာပေါ့ လွှတ်တော် ဘာလို့
မခေါ်သလဲ။ တွေ့ချင်တယ် ဆိုပြီးတော့။ ဦးအောင်ရွှေက ဒါဟာ CRPP ရေးတာပေါ့။
ဒါပေမဲ့ CRPP မှာက NLD ပဲ တော်တော် များများပါတယ် ဆိုတော့ သူပဲ
သွားရှင်းရတယ်။ သွားရှင်းတော့ မတည့်ဘူး။
NLD က လူတွေပဲပေါ့။
ဟုတ်တယ်။ မရရအောင် လွှတ်တော်ခေါ်မယ်ဆိုပြီး
ဘာလုပ်လဲဆိုတော့ ကျွန်တော်တို့ဆီက လူတွေနဲ့ ပေါင်းပြီးတော့ ပြီးတော့
ကုလသမဂ္ဂကို လက်မှတ်ထိုးတင်တယ်။ ဒီလူတွေကို NLD အကုန်ဖြုတ်ပစ်တယ်။
ဒေါ်နော်အုန်းလှတို့ရော အကုန်ပါ သွားတာပေါ့။ ကျွန်တော်တို့က ပြောတယ်
မလုပ်ကောင်းပါဘူး၊ အရေးယူတယ် ဆိုရင်လည်း တခြားပုံစံနဲ့ အရေးယူ၊
ရာထူးလျှော့ပေါ့။ ဒီတော့ဦးအောင်ရွှေတို့ ပါတီကိုကိုင် နေတဲ့သူတွေက ပါတီ
ညီလာခံကျရင် ဒီလူတွေ ပြန်တင်ပေါ့။ ခင်ဗျားတို့ ပါတီညီလာခံက ဘယ်တော့
ဖြစ်မှာလဲလို့။ အဲလို ပြဿနာပေါ်တယ်။
ကျွန်တော်နဲ့ ဦးအောင်ရွှေနဲ့က
တပ်ထဲမှာတည်းက အစေးမကပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ၉၀ မတိုင်ခင် ရွေးကောက်ပွဲ
လုပ်မယ်ဆိုတော့ ကျွန်တော့်ကို ခေါ်ပြီးတော့ မေးတယ်။ အန်ကယ် ရွေးကောက်ပွဲ
လုပ်မယ်။ ကျွန်မ ငယ်ငယ်ကလည်း ကြားဖူးတယ် မဲလိမ်တယ်၊ မဲခိုးတယ်၊
အနိုင်ကျင့်တယ် ဘာညာဆိုတာ ကြားဖူးတယ် ပေါ့။ အဲဒီလို မဖြစ်အောင်
ကော်မတီတစ်ခု ဖွဲ့မယ်ဆိုပြီးတော့ သူက ပြောတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က။
အဲဒီတုန်းက ဦးဝင်းတင်ရှိတယ်။ နောက်ဦး ချစ်ခိုင်ရယ်၊ ဦးအောင်ရွှေရယ်၊
ကျွန်တော်ရယ်၊ ဒေါ်အောင်ဆန်း စုကြည်ရယ် ငါးယောက်ပေါ့။ ကျွန်တော်ပြောတယ်
ဒေါ်အောင်ဆန်းစုကြည်လို့ ကော်မတီဖွဲ့စရာ မလိုဘူးလို့
ဗိုလ်မှူးကြီးချစ်ခိုင်နဲ့ ဗိုလ်ချုပ်အောင်ရွှေကို မေးကြည့်လို့။ မဲလိမ်တယ်၊
မဲခိုးတယ်၊ အနိုင်ကျင့်တယ် ဆိုတာ သူတို့ပဲ လုပ်ခဲ့တာလို့။ ကျွန်တော်တို့
ကိုယ်တိုင်လည်း အပစ်ခံရတယ်လို့ ကျွန်တော် ပြောလိုက်တယ်။ အဲဒီမှာ
ကော်မတီဖွဲ့ဖို့ ပျက်သွားရော။ စကားပြောပြီး ထွက်လာတော့ ဗိုလ်ချုပ်အောင်ရွှေက
လက်ဖက်ရည် သောက်ရအောင် ဆိုပြီးတော့ လက်ဖက်ရည် ခေါ်တိုက်တယ်။ ပြီးတော့
ခင်ဗျားဗျာတဲ့ ကျွန်တော်တို့ လုပ်တယ်လို့ ဘာဖြစ်လို့ ပြောရတာလဲတဲ့။
မဟုတ်ဘူးလားလို့ ကျွန်တော်က မေးတယ်။ အဲဒါတော့ ဟုတ်တော့ ဟုတ်တာပေါ့ဗျာ၊
ဒေါ်အောင်ဆန်းစုကြည် ရှေ့သွားပြောတော့ ဘယ်ကောင်းမလဲတဲ့။ ဦးအောင်ရွှေလို့
ကျွန်တော်တို့ အရင်က မတည့်ဘူး၊ ရန်သူပေါ့။ ဒါပေမဲ့ အခုတော့ မဟာမိတ်
ဖြစ်သွားပြီ၊ ပေါင်းလုပ်တယ် ဒါတွေ မစဉ်းစားနဲ့တော့လို့။
ကျွန်တော် သူတို့ကို အမြဲပြောခဲ့တယ်။ ခင်ဗျားတို့ NLD ဟာ First Line
လည်း မရှိဘူး Second Line လည်းမရှိဘူး ဘာမှမရှိဘူးလို့။ ခင်ဗျားတို့
ရပ်သွားရင် ဘယ်သူ ဆက်လုပ်မလဲ။ ဦးလွင်ကတော့ နား မထောင်ဘူး ထွက်သွားတယ်။
ဗိုလ်မှူးကြီး ချစ်ခိုင်နဲ့ ဗိုလ်ချုပ်အောင်ရွှေကို ကျွန်တော်ပြောတာ။
ကျွန်တော် ခဏခဏ ပြောတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ တိုင်းရင်သား
အဖွဲ့တွေကို အဖွဲ့ သေးသေးလေးတွေ ဆိုပြီး၊ တိုင်းရင်းသားအဖွဲ့မှာ First
Line, Second Line ရှိတယ်။ အာဏာသိမ်းတော့ First Line ကအဖမ်းခံရတော့ Second
Line က ဆက်ပြီးတော့ လုပ်နိုင်တယ်။ ခင်ဗျားတို့ အဲလို လုပ်ဖို့လိုတယ်လို့်
ကျွန်တော် ပြောတယ်။ နောက် ခင်ဗျားတို့ကလည်း စီမံကိန်း ကျကျနန
ချပေးဖို့လိုတယ် ကျွန်တော်ပြောပြခဲ့တယ်။ ဒါပေမဲ့ မလုပ်ဘူး။ အခုထိပဲ၊ NLD
မှာအခုထိ First Line, Second Line မရှိဘူး။ အဲဒီအတိုင်း သွားရင် ဘယ်လို
ဆက်လုပ်မလဲ။ ဦးဆောင်ပါတီကြီးလို့ သူတို့ကိုယ်သူတို့ ထင်နေကြတာပဲ ရှိတယ်။
၂၀၁၀ မှာ အဘတို့ မှတ်ပုံမတင်ဘူးနော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င်ပေါ့။
ကျွန်တော်တို့က ၉၁ ခုနှစ်ကတည်းက မတရား အဖျက်ခံထားရတာ။
၂၀၁၂ မှာ NLD က ရွေးကောက်ပွဲ ၀င်လိုက်တယ်။ တရားဝင် မှတ်ပုံတင်ပြီးတော့လေ။
ကျွန်တော်တို့ ခေါ်တယ်။ မှတ်ပုံတင် မရှိရင်
နိုင်ငံရေး လုပ်ရတာ မလွယ်ဘူး။ အခုက လုပ်လို့ရတယ် ဆိုပေမယ့် အပြည့်အဝ
လုပ်လို့မရဘူး။ နိုင်ငံရေး လုပ်ဖို့ဆိုတာ မှတ်ပုံတင်ဖို့ လိုတယ်။
မှတ်ပုံတင်ကြမယ် ဆိုပြီး။ ကျွန်တော်တို့က ခင်ဗျားတို့ ပါတီကို ခင်ဗျားတို့
လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဝင်၊ လွှတ်တော် ရောက်လည်း
ဘာမှလုပ်လို့ မရဘူးလို့ ။ ကျွန်တော်တို့ မ၀င်ဘူး။ ကျွန်တော်တို့ အခြေအနေ
ကြည့်မယ်။ လုပ်သင့်မှ ကျွန်တော်တို့ လုပ်မယ်။
အနည်းဆုံးတော့ နိုင်ငံရေးသမားတွေနဲ့
တွေ့ဆုံဆွေးနွေးရေး လုပ်မယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့
ရွေးကောက်ပွဲဝင်ဖို့ ပြန်စဉ်းစားမယ်လို့။
၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရက်တစ်
အတိုက်အခံ ပါတီတွေထဲမှာ NLD တစ်ပါတီတည်း မှတ်ပုံ တင်ပြီးတော့
ကြားဖြတ်ရွေးကောက်။ ပွဲဝင်တာလား။ ပါတီတွေနဲ့ တရားဝင် မှတ်ပုံတင်ဖို့
ဆွေးနွေးကြ သေးတယ် မဟုတ်လား အဘ။
ဒါက နောက်မှ။ ခွန်ထွန်းဦးတို့
လွတ်လာပြီးတော့ တိုင်းရင်းသား ကိစ္စတွေပါ ဆွေးနွေးပွဲလုပ်တာ။ ကျွန်တော်တို့
ကတော့ ဖွဲ့စည်းပုံကို လက်မခံဘူး။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို
လက်မခံနိုင်ဘူး။ သို့သော်လည်းပဲ အဲဒီမှာ ဆွေးနွေးမှုအရ ဒါကို စွန့်လွှတ်ပြီး
တိုင်းရင်းသားတွေ ဘက်က အရှုံးခံပြီးတော့ မှတ်ပုံတင်ရတာ။ ကျွန်တော်တို့
ပေးလိုက်ရတာတွေ အများကြီးပဲ။
၂၀၀၈ ဥပဒေကို လက်မခံနိုင်တာ လျှော့ပေးလိုက်ရတာ။ ဖွဲ့စည်းပုံဆိုတာ ဒီမိုကရေစီနဲ့ မဟုတ်ဘူး။
နောက် ကလင်တန် လာတုန်းက ကျွန်တော်တို့
တိုင်းရင်းသားက ၄ ယောက်ရယ်၊ ဒေါ်အောင်ဆန်း စုကြည်ရယ်၊ ဦးဝင်းတင်၊
ဦးတင်ဦးနဲ့ တွေ့ကြတယ်။ တခြားလူ မ၀င်ရဘူး။ ဆွေးနွေးတာက ကြားဖြတ်
ရွေးကောက်ပွဲ ပြီးလို့ရှိရင် ကျွန်တော်တို့ကို မှတ်ပုံတင်ဖို့။
အခုပြောသလိုဆို ၉၀ ပါတီတွေ မှတ်ပုံတင်လိုက်တာဟာ မကောင်းဘူးဆိုတဲ့ သဘောလား။
ဝင်ပြီးတော့ လုပ်တာ ဘာဖြစ်လို့လဲ။
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ပြောတယ်။ သူ ဥက္ကဋ္ဌလုပ်တဲ့
လက်ပံတောင်းတောင်မှာကိစ္စ အခုထက်ထိ ဆန္ဒပြတုန်း။ နောက်တခြားတပ်က သိမ်းထားတဲ့
လယ်တွေ အများကြီး ရှိသေးတယ်။ ခရိုနီတွေ သိမ်းထားတဲ့ မြေတွေလည်း အများကြီး
ရှိသေးတယ်။ ဒါတွေကို ပြန်တောင်းလို့ ရုတ်ရုတ် ဖြစ်နေတာတွေ
ဘာလုပ်ပေးနိုင်လဲ။ အဲဒါတစ်ခု ကျွန်တော် ပြောတယ်။ နောက်တစ်ခုက
အလုပ်သမားတွေလည်း သပိတ်မှောက်တယ် အမြဲတမ်း။ ဒီလူတွေ နေစရာ နေရာမရှိ၊၊
စားစရာ မရှိရင် သူပုန်ထ သွားမယ်ပေါ့။ အကယ်၍ အထွေထွေ အကျပ်အတည်း ဖြစ်လို့
ဆူပူကြရင် ဘယ်လို လုပ်မလဲလို့ ကျွန်တော် ဒေါ်အောင်ဆန်း စုကြည်ကို ပြောတော့
အဲဒီလို မဖြစ်အောင် လုပ်မယ်တဲ့။ သူလုပ်လို့ ရ၊ မရ ကြည့်ရမှာပေါ့။
ဖြစ်လို့ရှိရင်တော့ တိုင်းပြည်က အခြေအနေ မကောင်းဘူးလို့တော့ ပြောခဲ့တယ်။
ဒီလိုပဲ၊ ဦးအောင်မင်းနဲ့ ကျွန်တော်
တွေ့တော့ ပြောတယ်။ ခင်ဗျားတို့ ဘယ်တော့ နောက်ကြောင်း ပြန်မှာလဲ ဆိုတော့
ကျွန်တော်တို့ နောက်ကြောင်း မပြန်ဘူးတဲ့ နောက်ကြောင်း ပြန်လို့လည်း မရဘူး။
နောက် ကြောင်းပြန်ရင် ကျွန်တော်တို့ သေသွားမှာ၊ ဒုက္ခအကြီးအကျယ်
ဖြစ်သွားမှာ။ ဒီအတိုင်း သွားတာက မျှောသွား လို့ရတယ်။ နောက်ကြောင်း
ပြန်သွားရင် လက်နက်ကိုင်အဖွဲ့ တွေကလည်း စုမိနေပြီ။ ကျွန်တော်တို့ အကုန်
ဒုက္ခ ဖြစ်သွားမယ်တဲ့။ သူက ဒီလိုပြောတော့ ကျွန်တော့်အထင် သူတို့သဘောက
အချိန်ဆွဲမယ်၊ လိမ်မယ်၊ ဒီမိုကရေစီ အတုနဲ့ မျောမယ့်သဘော။ ဒီမိုကရေစီ
အတုလို့ ပြောတာက ဗိုလ်ချုပ်အောင်ဆန်း ရှိတည်းက ပြောဖူးတာ ရှိတယ်။ ကမ္ဘာမှာ
ဒီမိုကရေစီ ခေတ်စားလာပြီ။ မင်းတို့သတိထား ဒီမိုကရေစီအတု ဖြစ်နေမယ်လို့
ပြောတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်။
ကိုယ့်ရဲ့လွတ်လပ်စွာ လုပ်ပိုင်ခွင့်ဟာ တခြားလူရဲ့ ဒီမိုကရေစီကို
သွားမထိရဘူး။ တခြားလူရဲ့ လွတ်လပ်ခွင့်ကို သွားထိရင် တို့ခံသွားရမယ်။
အဲဒီလို ဗိုလ်ချုပ်အောင်ဆန်း ကြိုပြောသွားတာ ရှိတယ်။ အခုတွေ့နေရပြီ။
ဘာကြောင့်အခု ဒီမိုကရေစီအတု တွေ့ရပြီလို့ ပြောနိုင်တာလဲ။
ကျွန်တော်တို့က ကိုလိုနီခေတ်မှာ
လူဖြစ်လာတာ။ အဲဒီတုန်းကတောင် လွတ်လပ်စွာ စည်းရုံးခွင့်ဆိုတာ၊ လွတ်လပ်စွာ
နိုင်ငံရေးပါတီ ထောင်ခွင့်ဆိုတာ ရှိတယ်။ တို့ဗမာအစည်းအရုံး၊ ဂျီစီဘီအေ၊
ဆင်းရဲသား ၀ံသာနုအသင်း အကုန်ရှိတယ်။ ဘယ်အဖွဲ့မှ မှတ်ပုံမတင်ရဘူး။ ဒါ
ကိုလိုနီခေတ်မှာနော်။ အဲဒီတုန်းက ဘယ်လောက်လဲ ဆိုရင် သခင်က လမ်းဘေးမှာ
အော်ဆဲပြီး တရားဟောနေတာ။ ပုလိပ်လာပြောရင်၊ ဟေ့ပုလိပ် မင်းတို့ကို
ငါတို့ပိုက်ဆံပေး ထားတာ၊ ငါတို့ လုံခြုံရေးအတွက် ဆိုပြီး ပြောလွှတ်တာ။ သာမန်
လူကတောင် ပုလိပ်ကို အိမ်နောက်ဖေးမှာ မိန်းမ ထဘီလှန်းထားတာ ပျောက်သွားရင်
ဟေ့ဒါမင်းတာဝန်ပဲ ဆိုပြီးတော့ ပြောတာ။ အခုဒီလိုပြောလို့ရလား။ ကျွန်တော်တို့
ပြည်သူ့ရဲဘော် ထောင်တယ်၊ ပြည်သူ့ရဲဘော်ကို တပ်လို့ မသုံးရဘူး၊ အဖွဲ့ပဲ
သုံးရမယ်ဆိုတော့ အဖွဲ့လို့ ပြန်ပြောင်းရတယ်။ နောက်ပြီးတော့ ပြည်သူ့ရဲဘော်
ဂျာနယ်ထုတ်တယ်။ ကျွန်တော်ကိုယ်တိုင် ထုတ်တယ်၊ တာဝန်ခံလုပ်တယ်၊
ဘယ်စာပေစိစစ်ရေးမှ မတင်ရဘူး။ ဒါကိုလိုနီခေတ်။ နောက်ပြောမယ်ဆို ဗိုလ်နေ၀င်း
အာဏာသိမ်းပြီး တုန်းကတောင် ကျွန်တော်တို့ အဖွဲ့ မဖျက်သိမ်း သေးဘူး။ ၆
ခရိုင်၊ ၈ ခရိုင်ဖွဲ့တာတွေ လုပ်တယ်။ ကျွန်တော်ကိုယ်တိုင် လမ်းမတော်
ပလက်ဖောင်းမှာ ကုလားထိုင် ချပြီးတော့ တရားဟောတာ အစိုးရ မကြောက်ရဘူး။
အဲဒီလို လမ်းဘေးမှာ ဟောလို့ရတယ်။ အခု ရလား။ အခုဆို ဆန္ဒပြခွင့် တင်ရတယ်။ ဒါ
တောင်ခွင့်ပြုမှ။ ကျွန်တော်တို့ မွန်ပြည်နယ် ရရှိရေးဆိုပြီးတော့ ၄၈
ခုနှစ်တုန်းက ဆန္ဒပြတယ်။ မော်လမြိုင်မှာ လူ ၄သန်း ကျော်လောက် တက်တယ်။
ဘယ်သူမှလာ မစစ်ဘူး။ ဘယ်သူမှ လာမတားဘူး။ အဲဒါ ဒီမိုကရေစီ ခေါ်တာ။
အခုက စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီဆိုပြီး
စည်းကမ်းက သူတို့ပေးတဲ့ စည်းကမ်း၊ အာဏာရှင်က ပေးတဲ့စည်း ကမ်း၊
အဲဒီစည်းကမ်းကြောင့်ပဲ ဒီမိုကရေစီဆိုတာ ပျက်သွားတာ၊ အတုဖြစ်သွားတာ။
ဒီအခြေအနေပေါ်မှာ အဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲ။
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊
ဥပဒေစိုးမိုးရေး သူလုပ်လို့မရသေးဘူး၊ ငြိမ်းချမ်းရေး လုပ်လို့
မရသေးဘူးတဲ့။ အဲဒီ ဥပဒေ စိုးမိုးရေး မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ
မရှိဘူး။ ဒီမိုကရေစီ မရှိသမျှ ကာလပတ်လုံး ဒီဖွဲ့စည်းပုံကို ဘယ်လို
လုပ်ပြီးတော့ ပြင်မလဲ။ ဖွဲ့စည်းပုံရဲ့ ဟာကွက်၊ ပျော့ကွက်၊ ကောင်းကွက်ကို
ပြည်သူလူထုကို ချပြီးတော့ ပြောဖို့ဆိုတာ ခွင့်ပြုချက်ရမှ။ ဒီပုံစံနဲ့
လွှတ်တော်တွင်းမှာ လုပ်လို့ မရဘူး။ UNFC ပြောတာက လွှတ်တော် ပြင်ပမှာ
ရေးဆွဲဖို့၊ အသစ်ပြန်လည် ရေးဆွဲဖို့။ သူတို့အပြင်မှာ FCDCC (Federal Constitution
Drafting Collecting Committee) ကော်မတီ ရှိတယ်။အဲဒီ ကော်မတီက
ကိုစိန်ဝင်းတို့ အကုန်ပါတယ်။ NCUB၊ NDF နောက်ပြီးတော့ တိုင်းရင်းသား
အဖွဲ့အစည်းတွေ အကုန်လုံး ပေါင်းဆွဲထားတာ။ အပြင်က အဖွဲ့အစည်းလိုက် ဆိုရင်
လူ့ဘောင်သစ်ပါတယ်၊ ABSDF တို့ပါတယ်။ အခြေခံ ဥပဒေ ရေးထားပြီးသား။
သုံးပုံတစ်ပုံကို ၂၀၀၄ မှာပြီးတယ်။ သုံးပုံနှစ်ပုံကို ၂၀၀၆ ဖေဖော်ဝါရီမှာ
ပြီးတယ်။ အကုန် သဘောတူ ကြတယ်။ သာမန် နည်းနည်းပါးပါး ကွဲလွဲတာပဲ ရှိတယ်။
အခြေခံတွေ ဘာမှမကွဲဘူး။ ပိုတယ်၊ လိုတယ်ဆိုရင် ဖြုတ်လိုက်ရုံပဲ။
အဲဒီလိုဖွဲ့စည်းပုံကို အသစ်ရေးလိုက်ရင် စစ်တပ်က နောက်ကြောင်းပြန်မှာကို စိုးရိမ်နေကြတယ်။
နောက်ကြောင်း ပြန်မယ်ဆိုတာ အစိုးရနဲ့
ပေါင်းစားချင်တဲ့ သူတွေကပြောတာ။ နောက်ကြောင်းပြန်မယ်၊ မပြန်ဘူးနဲ့
တစ်ယောက်ကို တစ်ယောက် ခြောက်ပြီးတော့ တိုက်ပွဲကို အရှိန်မပျက်အောင်
လုပ်ထားတာ။
ဦးအောင်မင်းနဲ့ ပြောတော့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပြောဖြစ်ကြသေးလား။
ဦးအောင်မင်းကို ကျွန်တော်ပြောတာက
ယုံကြည်မှု တည်ဆောက်တာ လုပ်တာက ခင်ဗျားတို့ လုပ်ရမှာ ကျွန်တော်တို့
တိုင်းရင်းသား လုပ်စရာ မလိုဘူး။ ၉၀ ရွေးကောက်ပွဲ ပြီးတဲ့အခါကျတော့ လွှတ်တော်
ခေါ်ပေးမယ် ဆိုပြီးတော့ မခေါ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့က
အနိုင်ရပါတီ တာဝန်ဆိုပြီးတော့၊ တစ်ဖက်က အနိုင်ရ ပါတီကို ဖိထားပြီး
ခင်ဗျားတို့ ကြိုက်သလို လုပ်တယ်။ အဲဒီမှာ အရင်က အပစ်အခတ် ရပ်စဲရေးတစ်ခါ
လုပ်ပြီးပြီ၊ ပျက်သွားတယ်။ ဘာလို့ပျက်လဲဆိုတော့ ခင်ဗျားတို့ နိုင်ငံရေး
ဆွေးနွေးတာတွေ မလုပ်ဘူး၊ ကတိတွေ ဖျက်တယ်။ ခင်ဗျားတို့ ဖျက်ခဲ့တဲ့ ကတိတွေကို
ပြန်လုပ်ပါ။ ခင်ဗျားတို့ အရင်က ကတိပေးခဲ့တာတွေ ပြန်လုပ်မယ် ဆိုမှ
ယုံကြည်မှု တည်ဆောက်လို့ ရမှာလို့။ ကျွန်တော်တို့က အားလုံး အဆင်သင့်ပဲ၊ ဘာမှ
လုပ်စရာ မလိုတော့ဘူး။ ကျွန်တော်တို့က ကတိပေးတာ၊ ဖျက်တာမရှိဘူး။
ခင်ဗျားတို့သာ ကတိပေးပြီး ဖျက်တာလို့။
အခု အပစ်အခတ် ရပ်စဲရေးကတော့ တော်တော် ခရီးပေါက်နေပြီလို့ ပြောကြတယ်။
အပစ်အခတ် ရပ်စဲရေးကလည်း အရင်ကတစ်ခါ
“၀”ကစပြီးတော့ လုပ်တာ အကုန်လုံးပါပြီး လုပ်ခဲ့တာပဲ။ ဒီမှာလည်း သူတို့
လုပ်တဲ့နည်းက တိုင်းရင်းသားအဖွဲ့တွေ စုပြီးတော့လာရင် သူတို့လက်မခံဘူး။
တစ်ဖွဲ့စီလာကြ ဆိုပြီးလုပ်တာ။ ၉၅-၉၆ အထိ ကျတော့ KNU ပဲလုပ်ဖို့ကျန်တယ်။
ဒီတော့ KNU ကို ဖိတိုက် တယ်။ တခြားသူ ကူလို့မရဘူး။ ကူလို့ရှိရင်
ငြိမ်းချမ်းရေး လက်မှတ်ထိုးတာ ပျက်သွားမှာကိုး။ အခုလည်း ကချင်ကို
ထားပြီတော့ ဖိတိုက်ပြီး သူတို့လိုတဲ့ပုံစံရမှ တွေ့တာ မဟုတ်လား။
သူ့တို့နည်းက အဲဒီလို။ အခုတော့ လိုင်ဇာ တွေ့ဆုံမှုကနေစပြီး ၁၇ ဖွဲ့
ညီညွတ်သွားပြီ။ ခွဲဖို့မလွယ်တော့ဘူး။ ဒါပေမဲ့ သူတို့ နောက်တစ်နည်းက
မျှားတာလေ။ KNU ကိုဆို ပိုက်ဆံတွေပေးပြီး ကုမ္ပဏီထောင်ဖို့တွေ လုပ်ပြီးမှ
ကွဲမလို ဖြစ်ကြသေးတယ်။ ဒါပေမဲ့ မကွဲဘူး။
မြစ်ကြီးနားမှာ တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု မရလိုက်တာ ဘယ်လိုကြောင့်လို့
သုံးသပ်မိလဲ။ ဘယ်အချက်တွေကြောင့် ဖြစ်မလဲ။ အချို့ တိုင်းရင်းသားတွေကတော့
အဲဒီတွေ့ဆုံမှုကို ပမာဏ အဆင့်ပဲ ကြိုမှန်းထားတယ်လို့ ပြောကြတယ်။
မရဘူးဆိုတာက ကျွန်တော်ပြောတာက မူက
မတူကြဘူး။ သမ္မတ ဦးသိန်းစိန် ပြောတဲ့မူက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊
နောက်လွှတ်တော်အဆင့်။ အဲဒီလွှတ်တော်အဆင့်က တည်ဆဲဥပဒေ အရလုပ်ရမယ်။
လက်နက်ချရမယ်၊ လက်နက်ချပြီးတော့ နိုင်ငံရေးပါတီ ထောင်ရမယ် ပြီးမှ
ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ရောက်ပြီးမှ ပွင့်လင်းမြင်သာစွာ ပြောဆိုတော့
လက်မခံနိုင်ဘူး။ ဦးသိန်းစိန်တို့က ဒီမူကို မလျှော့ချင်ဘူး။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်ဦးတုန်းကတော့ ဦးရွှေမန်းကလည်း
ပြည်သူ့ဆန္ဒရှိရင် ပြင်လို့ရတယ်ပြောပြီး နောက်တော့ ဦးသိန်းစိန်လမ်းပဲ
လိုက်သွားတယ်။ လွှတ်တော်ထဲ ၀င်ခဲ့ကြဖို့ လမ်းပဲ။ သူတို့ လုပ်နေတာက အပစ် အခတ်
ရပ်စဲရေး အဖွဲ့အစည်းတွေက တရားဝင် အဖွဲ့အစည်း မဟုတ်ဘူး၊ နိုင်ငံရေး
အဖွဲ့အစည်းထောင်လို့ မရဘူး။ နိုင်ငံရေးလုပ်ငန်း လုပ်လို့မရဘူး။
ငြိမ်းချမ်းရေး လာဆွေးနွေး ပိုက်ဆံပေးမယ်။ ဒါ ဖျက်ဆီးတာပဲ။
လက်ရှိ နိုင်ငံရေး အခြေအနေကြီးမှာ အဘတို့ မွန်ဒီမိုကရေစီပါတီ အနေနဲ့ ဘယ်လိုမူဝါဒ ချမှတ်ပြီးတော့ လုပ်သွားဖို့ရှိလဲ။
ကျွန်တော်တို့က ရှိရင်းစွဲပဲ UNA ချထားတဲ့
မူပေါ့။ ဒီမိုကရေစီနဲ့ တန်းတူရေးပဲ။ ဒီမိုကရေစီကို ရအောင်လုပ်ရ မယ်။
တိုင်းရင်းသားအားလုံး တန်းတူရေးဖြစ်အောင်၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ
တန်းတူဖြစ်အောင် လုပ်ရမယ် ဆိုပြီးတော့ ကျွန်တော်တို့ ဒီတန်းတူရေး၊
တန်းတူရေးက ဖက်ဒရယ်မူကို အခြေခံတယ်။ ကျွန် တော်တို့ ကိုင်တဲ့ အခြေခံမူက
ခင်ဗျားတို့ လေ့လာကြည့်ပါ ကမ္ဘာမှာ ဖက်ဒရယ်မူဟာ အစစ်အမှန်ဆိုရင်
နှစ်ခုရှိတယ်။ လူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေ ပေါင်းထားတဲ့ ဖက်ဒရယ်မူ၊
နောက်ပြီးတော့ ဒေသကို ပေါင်းထားတဲ့ အခြေခံမူ။ သပ်သပ်စီ လုပ်ထားတယ်။ ကမ္ဘာမှာ
အဲလိုပဲ လုပ်ထားတယ်။ နှစ်ခု ရောလိုက်လို့ရှိရင် မမှန်တော့ဘူး။ အလိမ်ပဲ။
ပြည်ထောင်စုယောင်ပေါ့။ ကျွန်တော်တို့က လိုချင်တာက ဖက်ဒရယ် ပြည်ထောင်စုကို
လိုချင်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားကိစ္စ၊ ဒီမိုကရေစီကိစ္စ
တိုက်ပွဲဝင်နေတာက ကျွန်တော်တို့ တိုင်းရင်းသားထဲမှာ ဗမာလည်း ပါတယ်၊
ဗမာလည်းရဖို့ ကျွန်တော်တို့ လုပ်တာ။ ဒီမိုကရေစီက အကုန်လုံး ရရမယ် ညီတူ
ညီမျှရရမယ်။
မွန်ဒီမိုကရေစီပါတီရယ်၊ မွန်ဒေသလုံးဆိုင်ရာ ပါတီရယ် ပူးပေါင်းဖို့အတွက် ဆောင်ရွက်နေကြတဲ့ အခြေအနေ ဘယ်လိုရှိလဲ။
အခြေအနေက ပြောရခက်တယ်။ ညှိလို့ မရသေးဘူး။
မလွယ်ဘူး။ မွန်နှစ်ပါတီမှာ ကွဲတာက ကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ်မူ သူတို့
လက်မခံဘူး။ နောက်တစ်ခုက ဖွဲ့စည်းပုံပြင်တဲ့ကိစ္စ။ ကျွန်တော်တို့က
အစိုးရနဲ့လည်း မပေါင်းနိုင်ဘူး။
နှစ်ဖွဲ့ပေါင်းဖို့ အဘတို့ပဲ စပြီးကမ်းလှမ်းခဲ့တာ မဟုတ်လား။
ကျွန်တော်တို့ စကမ်းလှမ်းတယ်လို့
ပြောလို့ရပါတယ်။ ကိုယ်စကမ်းလှမ်းတော့ သူတို့က ၀န်ကြီးတွေဖြစ်နေလို့၊
အာဏာရလို့ သွားကပ်ချင်တယ်လို့ အသံထွက်လာတယ်။
နှစ်ပါတီပေါင်းဖို့ ကိစ္စကို မွန်ပြည်နယ် သံဃာတွေ၊ လူထုတွေက ဖြစ်စေချင်တာလို့ ကျွန်တော်တို့ အပြင်ကနေ ကြားနေရတယ် ခင်ဗျ။
ဟုတ်ပါတယ်။ အကုန်လုံးက ဖြစ်စေချင်တယ်လေ။
ဟိုတလောက အစည်းအဝေး လုပ်တယ်လေ။ သူတို့ ဆန္ဒယူတယ်။ စာရွက်ဝေတယ်။ ပေါင်းဖို့၊
မပေါင်းဖို့ပေါ့။ မပေါင်းဖို့ ကမ်းလှမ်းတာ ၇ စောင်လောက် ထွက်လာတယ်။
ကျွန်တော်တို့မှာ ပေါင်းစည်းရေး ကော်မတီ ရှိတယ်။ အာဏာအပြည့်အ၀ ပေးထားတယ်။
လာမယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့ရော ဆုံးဖြတ်ပြီးပြီလား။
ကျွန်တော်တို့က မှတ်ပုံတင်ကျဖို့
တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ပြင်ဆင်ထားတယ် ဆိုတာက အခြေအနေကို နည်းနည်း
ကျွန်တော်တို့ စဉ်းစားတာက ၂၀၁၅ မှာ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။ ပြည်သူတွေရဲ့
ဆန့်ကျင်မှုတွေကြောင့် ရွေးကောက်ပွဲ ရွှေ့သွားနိုင်တယ်။ ကျွန်တော်တို့လည်း
အဲဒီလို မဖြစ်အောင် ဆုတောင်း တာပေါ့။ ကျွန်တော်တို့ ပြင်ဆင်တာက ကျေးရွာ
ရပ်ကွက်ထိ စည်းရုံးရေးဆင်းတယ်။ ဆိုင်းဘုတ်ပါတင်တယ်။ ကျွန်တော်တို့ရဲ့
နိုင်ငံရေး လမ်းစဉ်ကို ချပြတယ်။ မျိုးဆက်သစ် လူငယ်တွေကို နိုင်ငံရေးသင်
တန်းတွေ ပေးတယ်။ နိုင်ငံရေး သင်တန်းပေးတာက အပြည့်အ၀ ကျေနပ်မှုမရှိသေးဘူး။
လူငယ်တွေကို ရအောင်မွေးရ မှာလေ။ နိုင်ငံရေး ခံယူချက်က သူတို့ထက်မြင့်တယ်၊
သူတို့ထက် မှန်တယ်ဆိုရင် ငါတို့မရဘူး။ နိုင်ငံရေး အတွက်တော့ ပြင်ဆင်နေတယ်။
နယ်မြေ တိုးချဲ့တဲ့အခါ ကျိုက်ထို၊ ဘီးလင်းပေါ့။ ပဲခူးဘက်ကူးဖို့ ကြိုးစား
နေတယ်။
Credit To The Myanmar Herald
Post a Comment