လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်ဆိုတဲ့ ခေါင်းစဉ်ကို မင်းတို့
မှတ်မှတ်သားသား ဖတ်လိုက်စေချင် ပါတယ်။ ငါ့အသက် ၈၆ နှစ် ရှိပါပြီ။
ဒုတိယကမ္ဘာစစ်ကြီး ကိုလည်း မီလိုက်တယ်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ်
ဆိုတာတွေကိုလည်း မီလိုက်တယ်။ အဲဒီလို ဒီနေ့ထိ ကြုံ ခဲ့သမျှခေတ်တွေထဲမှာ
လွတ်လပ်ရေးရတဲ့ ခေတ်တောင်မှ (ကုန်ကုန်ပြောလိုက်မယ်) လွတ်လပ်ရေးနေ့တောင် မှ
ဒီ ခေတ်လောက် အလွန်တရာ အားတက်စရာကောင်းတယ် လို့ ငါမထင်မိပါဘူး။ မင်းတို့
ကုသိုလ်၊ ငါတို့လို သက် ကြီးရွယ် အိုတွေရဲ့ ကုသိုလ်ကြောင့် မင်္ဂလာခေတ်သစ်နိ
ဒါန်းကို ကြုံလာကြရခြင်းဖြစ်တယ်။
ဒီမိုကရက်တစ်တော် လှန်ရေး … ဘာတော် လှန်ရေး၊ ညာတော်လှန်ရေးဆိုတဲ့
စကားလုံးတွေကို ကြားရတာ ငါ့မှာဖြင့် နားကျင်နေပြီ။ နားချဉ်တာ မဟုတ်ဘူး။
နားယဉ်တာ မဟုတ်ဘူး။ နားထဲ မှာ ကျင်ခနဲ၊ ကျင်ခနဲ ဖြစ်သွားတာကို ပြောတာ။
ဒါကြောင့် မင်္ဂလာခေတ်သစ်ကြီး တည်ဆောက်ရေးကာလကို မင်္ဂလာ
ခေတ်သစ်ကြီးနိဒါန်းလို့ ကမ္ပည်းတင်လိုက်ခြင်း ဖြစ်ပါ တယ်။
မင်းတို့စဉ်းစားကြည့်လေ။ ငါ လူပျိုပေါက် ကာလမှာ လွတ်လပ်ရေးရခဲ့တယ်။
လူငယ်ဘာဝ ဘယ် လောက်ပျော်ခဲ့သလဲ။ ဒါပေမယ့် ငါတို့မြို့ လွတ်လပ်ရေး အောင်ပွဲ
ကျင်းပတဲ့ မြို့လယ်ကွင်းကြီးရဲ့ထိပ်မှာ အာဇာ နည်ကျောက်တိုင်ကြီး ရှိတယ်။
လွတ်လပ်ရေးမရ ခင်လေး မှာပဲ ကျဆုံးသွားခဲ့ရတဲ့ ရဲ့ဘော်တွေအတွက်ပေါ့။ ငါတို့
မြို့ရဲ့ လေးငါးဆယ်မိုင်အကွာမှာ ကွန်မြူနစ်သူပုန်တွေ ရှိတယ်။ ဒီတော့ ဘယ်မှာ
လွတ်လွတ်ကျွတ်ကျွတ် ပျော်နိုင် ကြပါ့မလဲ။ အဲဒီအချိန်မှာ မြို့ကို တာဝန်ယူ
စောင့်ရှောက် နေကြတဲ့ တပ်မတော် သားတွေ၊ ပြည်သူ့ရဲတွေကရော လွတ်လွတ်လပ်လပ်
ပျော်နိုင်ကြပါမည်လား။ ဒီနေ့ မင်္ဂ လာခေတ်သစ်ကြီး တည်ဆောက်ရေး
နိဒါန်းပျိုးလိုက်ချိန် မှာတော့ ငါတို့အားလုံးမျက်နှာတွေမှာ မျှော်လင့်ချက်
ပြုံး ပန်းတဝေဝေနဲ့ လွတ်လွတ်ကျွတ်ကျွတ် ကြီး ပျော်နိုင် ကြပြီ ပေါ့။
ကိုယ့်သားစဉ်မြေးဆက် မျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက်ပြုံးပန်းတွေ
ဝေနေကြတာပေါ့။ ဒီကြားထဲမှာ ကမ္ဘာ တစ်ဝန်း တိုင်းခန်းမြို့ရွာအသီးသီးက
မုဒိတာအနု မောဒနာသံတွေ လှိုင်လှိုင်ကြီးထွက်လာတော့ ငါတို့မှာ နှစ်ဆတိုးပြီး
ပီတိဖြစ်ရပြန် တာပေါ့။ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘိုးဘိုးအောင်သင်းရဲ့
တစ်သက်တာမှာ ဒီလောက်အားတက်ကြည်နူးရ တဲ့ ခေတ်ကောင်းခေတ်မြတ်ကို တစ်ခါမျှ မ
ကြုံခဲ့ဖူးတာ အမှန်ပါ မောင်တို့ရာ။ စဉ်းစားကြည့်လေ။ ဒီက နေ့ နိုင်ငံတော်
အစိုးရက ကြိုးကြိုး ပမ်းပမ်းလုပ်ဆောင်နေတာတွေကို ကြည့်လိုက်လေ။
နိုင်ငံနဲ့လူမျိုးတို့ ရဲ့ တိုးတက်မှု စီမံကိန်းတွေ၊ လျာ ထားချက်တွေ၊
အဆင့်ဆင့် အပွား ပွားများပြားလှတာကို တွေ့ရပါလိမ့် မယ်။ ငါဖြင့် အဲဒါတွေကို
သတင်း စာတွေမှာဖတ်ပြီး နိုင်ငံတော်အစိုး ရ ခေါင်းဆောင်အတွင်းပိုင်းမှာ
တိုးတိုးတိတ်တိတ် တိုင်ပင်ကြံဆ နေပုံတွေ၊ အဲဒီနောက် အတွင်းပိုင်း က
နည်းနည်းချဲ့ပြီး ချပြညှိနှိုင်း မှုတွေ စသည်အားဖြင့် အဆင့်ဆင့် သူတို့တစ်တွေ
ဦးနှောက်က ချွေးယိုကျလာအောင် လုပ်ကိုင်လှုပ်ရှားခဲ့တာတွေကို လှမ်းပြီး
တွေး လိုက်မိ ရင် စိတ်မောမိတတ်ပါတယ်။
မင်းတို့ စဉ်းစားကြည့် လေ။ ပြဿနာပေါင်း၊ ကိစ္စပေါင်း နည်းရော့လား။
နိုင်ငံရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ဟိုအ ရေး၊ ဒီအရေး၊ ဒီအရေး၊
ဟိုအရေး … အရေး၊ … အရေး၊ … အဲဒီလို အရေးကြီးတာ၊ ငယ်တာ စုံနေအောင်
ဝိုင်းဝန်းစဉ်းစားကြ တယ် မဟုတ်လား။ သူတို့တွေ စဉ်းစားကြံဆသမျှကို
အနှစ်ချုပ်ပြီး ကြည့်လိုက်တော့ မင်းတို့လူငယ် တွေအတွက် (ဝါ) မျိုးဆက်သစ်
တွေအတွက် ပန္နက်ရိုက်နေတာလို့ ငါ က ယုံကြည်လိုက်မိပါတယ်။ ဒါ ကြောင့်
ဒီဆောင်းပါးခေါင်းစဉ်ကို လူငယ်တွေ အတွက် လူကြီးတွေရဲ့ ပန္နက်ရယ်လို့
ယုံယုံကြည်ကြည် ဝံ့ ဝံ့စားစား ကမ္ပည်းထိုးလိုက်တာပါ ပဲ။
ဒီပန္နက်ရိုက်ဆိုတဲ့စကား လုံးကို ဘာကြောင့်သုံးရတယ်ဆို တာ ပြောချင်ပါတယ်။
ငါ့စိတ်ထဲ မှာ လူတစ်ယောက်ရဲ့ ဘဝ အတွက် အရေးအကြီးဆုံးက (၁) ကျန်းမာရေး (၂)
ပညာရေး အဲဒီ အချက် နှစ်ချက် အရေးကြီးဆုံးဆို တာ ငါက ခိုင်ခိုင်မာမာကြီး
ယုံကြည်နေတယ်။ ကလေးတစ် ယောက် မွေးလာလိုက်လို့ ဘဝကို အစပြုလိုက်ပြီဆိုရင်
လူကြီးမိဘ တွေ ဝိုင်းဝန်းစူးစမ်းကြတာက ကိုယ်လက်အင်္ဂါ စုံရဲ့လား။ မျက်စိ
မြင်၊ နားကြားရဲ့လား စတဲ့ အချက် တွေကို စူးစမ်းကြည့်ကြပြန်တယ်။ ကျန်းမာရေး
အခြေခံ ပစ္စည်းတွေ မဟုတ်လား။ အဲဒါတွေကထဲက တစ်ခုခု ချို့တဲ့နေရင် အနုတ်လက္ခ
ဏာနဲ့ ဘဝကို စရပြီဖြစ်သွားပြီ ပေါ့။ အဲဒီလို မပြည့် မစုံတဲ့ အနုတ် လက္ခဏာနဲ့
ဘဝကို စခဲ့ရသူတစ် ယောက်ဟာ လူဖြစ်တန်ဖို့ ထပ်မံ ဖြည့်ဆည်းရတဲ့ ပညာရေးကို
အား နည်း မသွားစေနိုင်ဘူးလား။ ဒါ ကြောင့် နိုင်ငံတော်အစိုးရရဲ့
စီမံကိန်းတွေ၊ လုပ်ဆောင်မှုတွေ ကြည့်လိုက်ရင် အဲဒီကျန်းမာရေးနဲ့ ပညာ ရေး
ဘာတွေလုပ်ပေးသလဲဆိုတာကို အရေးထားပြီးကြည့်မိတတ်ပါတယ်။
ငါကပင်ကိုယ်အားဖြင့်ကျောင်းဆရာ တစ်ယောက် ဖြစ်နေ လေတော့ ပညာရေးကို
ပိုပြီးအာရုံ ပြုမိတတ် ပါတယ်။
မင်းတို့ သတိထားကြည့် မိဖို့ ပြောချင်ပါတယ်။ အထက်မှာ ကလေးတစ်ယောက်
မွေးလာတဲ့ အခါမှာ မိဘက ကိုယ့်သားကိုယ့် သမီး ခြေလက်အင်္ဂါစုံပါရဲ့လား
စသည်အားဖြင့် ကျန်းမာရေးကို စစ်ဆေးတယ်။ ကလေးမှာ ကိုယ်ပူ၊ ခေါင်းပူဖြစ်သလား။
ခြေဖျား၊ လက် ဖျား အေးသလား စသည်အားဖြင့် စူးစမ်းကြတယ်။ ဆေးဆရာဆီ
သွားတန်ရင်သွားတယ်။
အဲဒီလိုပဲ ဥာဏ်အမြော် အမြင် ပညာအခြေခံရှိတဲ့ မိဘ တွေဟာ ကိုယ်တိုင်က
စီးပွားဥစ္စာ ချို့တဲ့လို့ ခြိုးခြံချွေတာစွာ စား သောက်နေရစေဦးတော့။ မိဘ
ကိုယ်တိုင်က ထမင်းတစ်လုတ်စီ လျှော့စားပြီး သားသမီးပညာရေး ကို
အားပေးတတ်ကြတယ်။
ဆက်ပါရစေဦး။
အရင်တစ်ပတ်က ”ဘဝ” တစ်ခုအတွက် ကျန်း မာရေးနဲ့ ပညာရေးဟာ
အရေးအကြီးဆုံးပဲလို့ ရေးခဲ့ တယ်။ ဒါကြောင့် မိသားစု တစ်စုဟာ ကလေးတစ်ယောက်
မွေးဖွားလို့ ဘဝကို စလိုက်ပြီဆိုရင် မိဘနှစ်ပါးက သူရဲ့ ကျန်းမာရေးနဲ့
ပညာရေးကို ဦးစားပေး ပြီး မြေတောင် မြှောက်ဖို့ အားထုတ်လေ့ရှိကြတယ်။
ဒီလိုပဲ။ နိုင်ငံသစ်တစ်ခုကို တည်ဆောက်တော့ မယ်ဆိုရင်
တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ ပညာ ရေးကို အခြေခိုင်အောင်
တည်ဆောက်ပေးနိုင်ဖို့ တိုင်းချစ် ပြည်ချစ် အစိုးရဟူသမျှ
ကြိုးစားလေ့ရှိကြတယ်။ ဒီကနေ့ ငါတို့အစိုးရ လုပ်ဆောင်တာတွေကို ကြည့်လိုက်ရင်
အဲဒီအခြေခံအချက်နှစ်ခုကိုအထူးစိတ်ဝင်စားစွာ ပေးအားမြှောက်ပြုနေကြောင်း
မြင်သာထင်သာရှိပါတယ်။ ဒါကြောင့် ငါကမင်းတို့ မျိုးဆက်သစ်လူငယ်တွေအတွက်
အားတက်နေမိတာ အမှန်ပါပဲ။ နောက်ပြီး မင်းတို့အတွက် အားပျက်နေမိ တာ လည်း
ရှိသေးတယ်။
ရှင်းပြပါရစေဦး။
အားပျက်မိတာက ဒီနေ့ကလေးပေါက်စတွေအတွက် မဟုတ်ဘူး။ ဒီကနေ့ ကိုးတန်းဆယ်တန်းနဲ့
တက္ကသိုလ်အဆင့် ကို ရောက်နေကြတဲ့ လူငယ်တွေအ တွက် အားပျက်အားငယ်မိတာ
အမှန်ပါပဲ။ မင်းတို့ စဉ်းစားကြည့်လေ။ နိုင်ငံတော်အစိုးရ က ပညာရေးကို
အောက်ခြေမူလတန်းကစပြီး ကမ္ဘာ့ အရည်အသွေးမီအောင် မြှင့်တင်ပေးတော့မယ်။ ပညာရေး
ဝန်ထမ်းဖြစ်တဲ့ ဆရာ၊ ဆရာမတွေ စတဲ့ ပညာရှင်များကို လည်း တတ်နိုင်သမျှ
အရည်အချင်းလည်း မြှင့်ပေးမယ်။ လူနေအဆင့်အတန်းကိုလည်း တတ်နိုင် သမျှ
ကြိုးစားမြှင့် တင်ပေးတော့မယ့် အရိပ်လက္ခဏာတွေ တွေ့နေရတယ်။
ငါထင်သလောက် ပြောလိုက်ရရင်တော့ ဘာ သာသာရပ်ဟူသမျှရဲ့ ပြဋ္ဌာန်းစာအဆင့်တွေကို
မြင့်သထက် မြင့်လာအောင် ပညာရှင် ကြီးများနဲ့ညှိနှိုင်းဆောင်ရွက် တော့မှာ
သေချာတယ်။ ဒီတော့ ကျောင်းသားတွေရဲ့ အရည်အချင်း အဆင့်အတန်းတွေဟာ နှစ်စဉ်
နဲ့အမျှ တရိပ်ရိပ် တိုးတက်နေလိမ့်မယ်။ အစိုးရက အဲဒီလောက် တင်မကသေးဘူး။
တက္ကသိုလ် ပညာရေးကိုပါ ကမ္ဘာ့ အဆင့် အတန်းမီလာအောင် အားသွန်ခွန်စိုက်
ကြိုးပမ်း လိမ့်မယ်။ လူအား၊ ငွေအား၊ အကြံဥာဏ်အား ဆိုတဲ့အားတွေကို
သုံးပြီးရင်း သုံး လာ လိမ့်မယ်လို့ ငါ ယုံကြည်စိတ် ချနေမိတယ်။
ဒီတော့ ငါက မင်းတို့အတွက် ကြိုတင်ပြီး ဟော ကိန်းထုတ်လိုက်ချင်တယ်။
နောင်ဆယ်နှစ်ကြာတဲ့ကာလ မှာ ဆယ်တန်း (သို့မဟုတ်) တန်းမြင့်ကျောင်းထွက် စာမေး
ပွဲအောင်လာတဲ့ ကလေးတွေရဲ့ အရည်အချင်းကို မင်းတို့လိုက်မ မီအောင်မြင့်တက်
သွားလိမ့်မယ်။ အဲဒီကလေးတွေ က ပညာရေး စနစ်ကောင်းကို အမှီပြုရတယ် မဟုတ် လား။
ဒီတော့ မင်းတို့ထက် ကုသိုလ်ကောင်း တယ် ဆိုရ မှာပေါ့။
ငါတို့ ရန်ကုန်တက္က သိုလ်ဟာ ဟိုး … ရှေးခေတ်က ဆိုရင် အရှေ့တောင်အာရှမှာ
အမြင့်ဆုံး ဖြစ်ခဲ့ဖူးတယ်။ ရန် ကုန်တက္ကသိုလ် က ဆယ်တန်း အောင်သွားရင်
ကမ္ဘာ့ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်မဆို အသိအမှတ် ပြုလက်ခံတယ်။ နောက်ပိုင်းမှာ
တစ်စတစ်စ နိမ့်ပါးလာလိုက်တာ ရှေးခေတ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမကြီးများက
ရင်တသပ်သပ် နဲ့ သက်ပြင်းချနေလောက်အောင်ဖြစ်ခဲ့ ရတယ်။ ဒီနှစ်အထိ အသက်
ရှင်နေသေးတဲ့ တက္ကသိုလ် ဆရာ အိုကြီးတွေ၊ ဆရာမ အဘွားကြီး တွေကို
မေးကြည့်လိုက်ရင် သူတို့ ဘဝ၊ သူတို့ပညာရေးနဲ့ မင်းတို့ခေတ်ပညာရေး
ကွာဟပုံကို ရင်နာစွာ စုတ်တသပ်သပ်နဲ့ပြောပြပါလိမ့်မယ်။ ဒီတော့ ခုလာမယ့်
ကလေးတွေ ဟာ မင်းတို့နဲ့စာတော့ ကံကောင်းတယ်လို့ မဆိုနိုင်ပေဘူး လား။
ဒီကနေ့ဆိုရင် အလွတ် ပညာသင်ကျောင်းတွေကို တရား ဝင် ဖွင့်ခွင့်ပေးထားပြီ။
ဒီတော့ ကမ္ဘာ့အဆင့်မီ ပညာရပ်အသီးသီး ကို သင်ပေးမယ်လို့ ကြေညာနေ တဲ့
ကျောင်းတွေလည်း အလျှိုလျှို ပေါ်လာနေတာ မင်းတို့ မျက်မြင် ပါပဲ။ ငါကတော့
ပညာတိုးတက် မယ်ဆိုရင် ဘယ်လိုပဲ လုပ်နေကြပါစေ။ မင်းတို့လူငယ်တွေအတွက်
ဝမ်းသာနေမိတာပါပဲ။ ငွေကြေးကတော့ အကုန်အကျ များပေ သပေါ့ကွယ်။
ဒါပေမယ့် မောင်တို့ရေ …။ တစ်ခုတော့ စိတ်ချထားပါ။ ဒီအစိုးရရဲ့ ချမှတ်ထားတဲ့
စီမံကိန်း မူအရ ပြောလိုက်ရမယ်ဆိုရင် အဲ ဒီ အလွတ်ကျောင်းတွေအားလုံး ထက်
နိုင်ငံတော် အထက်တန်း ကျောင်းတွေ၊ တက္ကသိုလ်တွေက အပြတ်အသတ် သာသွားအောင်
လုပ်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သင်ပေးတဲ့ ပညာရေးဝန် ထမ်း
ဆရာ၊ဆရာမတွေကလည်း အရည်အသွေး ပိုပြီးမြင့်မား လာ လိမ့်မယ်။ သက်ဆိုင်ရာ
အစိုးရရဲ့ ထောက်ပံ့မှု ငွေကြေးအင်အားတွေ ကြောင့် သင်ထောက်ကူပစ္စည်း တွေ၊
စက်ကိရိယာ စွမ်းအားတွေကလည်း ပိုမိုမြင့်မားလာလိမ့်မယ်။ သင်ကြားရေးအတွက်
ကုံလုံပြည့်စုံတဲ့ အဆောက်အအုံကြီးတွေလည်း ဟည်းနေအောင်ပေါ်ထွက်လာ လိမ့်မယ်။
အဲဒီအပြင် ကုလသမဂ္ဂ အစရှိတဲ့ နိုင်ငံတကာ အကူအညီ တွေကလည်း ဒလဟော ဝင်လာ
လိမ့်ဦးမယ်။ ဒီတော့ နောင်ဆယ် နှစ်ကာလမှာ လူလားမြောက်လာ မယ့်
မျိုးဆက်သစ်တွေရဲ့ ကုသိုလ် ကံကို မင်းတို့ မှန်းဆလို့ သာ ကြည့်ကြပါတော့။
တစ်ခုသေချာတာကတော့ ပညာရေးစနစ်ဟောင်းနဲ့ ကြီးပြင်း ခဲ့ရရှာတဲ့ မင်းတို့ခေတ်
မျိုးဆက် သစ်တွေထက် နောင်ဆယ်နှစ် ကာလ မျိုးဆက်သစ်တွေက ပညာရေး ဘက်မှာ
အဆပေါင်းများစွာ သာ လွန်နေလိမ့်မယ်ဆိုတာ ငါက ဟောကိန်းထုတ်လိုက်ရ ပါတယ်။
အရင်တစ်ပတ်က ”ဘဝ” တစ်ခုအတွက် ကျန်း မာရေးနဲ့ ပညာရေးဟာ
အရေးအကြီးဆုံးပဲလို့ ရေးခဲ့ တယ်။ ဒါကြောင့် မိသားစု တစ်စုဟာ ကလေးတစ်ယောက်
မွေးဖွားလို့ ဘဝကို စလိုက်ပြီဆိုရင် မိဘနှစ်ပါးက သူရဲ့ ကျန်းမာရေးနဲ့
ပညာရေးကို ဦးစားပေး ပြီး မြေတောင် မြှောက်ဖို့ အားထုတ်လေ့ရှိကြတယ်။
ဒီလိုပဲ။ နိုင်ငံသစ်တစ်ခုကို တည်ဆောက်တော့ မယ်ဆိုရင်
တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ ပညာ ရေးကို အခြေခိုင်အောင်
တည်ဆောက်ပေးနိုင်ဖို့ တိုင်းချစ် ပြည်ချစ် အစိုးရဟူသမျှ
ကြိုးစားလေ့ရှိကြတယ်။ ဒီကနေ့ ငါတို့အစိုးရ လုပ်ဆောင်တာတွေကို ကြည့်လိုက်ရင်
အဲဒီအခြေခံအချက်နှစ်ခုကိုအထူးစိတ်ဝင်စားစွာ ပေးအားမြှောက်ပြုနေကြောင်း
မြင်သာထင်သာရှိပါတယ်။ ဒါကြောင့် ငါကမင်းတို့ မျိုးဆက်သစ်လူငယ်တွေအတွက်
အားတက်နေမိတာ အမှန်ပါပဲ။ နောက်ပြီး မင်းတို့အတွက် အားပျက်နေမိ တာ လည်း
ရှိသေးတယ်။
ရှင်းပြပါရစေဦး။
အားပျက်မိတာက ဒီနေ့ကလေးပေါက်စတွေအတွက် မဟုတ်ဘူး။ ဒီကနေ့ ကိုးတန်းဆယ်တန်းနဲ့
တက္ကသိုလ်အဆင့် ကို ရောက်နေကြတဲ့ လူငယ်တွေအ တွက် အားပျက်အားငယ်မိတာ
အမှန်ပါပဲ။ မင်းတို့ စဉ်းစားကြည့်လေ။ နိုင်ငံတော်အစိုးရ က ပညာရေးကို
အောက်ခြေမူလတန်းကစပြီး ကမ္ဘာ့ အရည်အသွေးမီအောင် မြှင့်တင်ပေးတော့မယ်။ ပညာရေး
ဝန်ထမ်းဖြစ်တဲ့ ဆရာ၊ ဆရာမတွေ စတဲ့ ပညာရှင်များကို လည်း တတ်နိုင်သမျှ
အရည်အချင်းလည်း မြှင့်ပေးမယ်။ လူနေအဆင့်အတန်းကိုလည်း တတ်နိုင် သမျှ
ကြိုးစားမြှင့် တင်ပေးတော့မယ့် အရိပ်လက္ခဏာတွေ တွေ့နေရတယ်။
ငါထင်သလောက် ပြောလိုက်ရရင်တော့ ဘာ သာသာရပ်ဟူသမျှရဲ့ ပြဋ္ဌာန်းစာအဆင့်တွေကို
မြင့်သထက် မြင့်လာအောင် ပညာရှင် ကြီးများနဲ့ညှိနှိုင်းဆောင်ရွက် တော့မှာ
သေချာတယ်။ ဒီတော့ ကျောင်းသားတွေရဲ့ အရည်အချင်း အဆင့်အတန်းတွေဟာ နှစ်စဉ်
နဲ့အမျှ တရိပ်ရိပ် တိုးတက်နေလိမ့်မယ်။ အစိုးရက အဲဒီလောက် တင်မကသေးဘူး။
တက္ကသိုလ် ပညာရေးကိုပါ ကမ္ဘာ့ အဆင့် အတန်းမီလာအောင် အားသွန်ခွန်စိုက်
ကြိုးပမ်း လိမ့်မယ်။ လူအား၊ ငွေအား၊ အကြံဥာဏ်အား ဆိုတဲ့အားတွေကို
သုံးပြီးရင်း သုံး လာ လိမ့်မယ်လို့ ငါ ယုံကြည်စိတ် ချနေမိတယ်။
ဒီတော့ ငါက မင်းတို့အတွက် ကြိုတင်ပြီး ဟော ကိန်းထုတ်လိုက်ချင်တယ်။
နောင်ဆယ်နှစ်ကြာတဲ့ကာလ မှာ ဆယ်တန်း (သို့မဟုတ်) တန်းမြင့်ကျောင်းထွက် စာမေး
ပွဲအောင်လာတဲ့ ကလေးတွေရဲ့ အရည်အချင်းကို မင်းတို့လိုက်မ မီအောင်မြင့်တက်
သွားလိမ့်မယ်။ အဲဒီကလေးတွေ က ပညာရေး စနစ်ကောင်းကို အမှီပြုရတယ် မဟုတ် လား။
ဒီတော့ မင်းတို့ထက် ကုသိုလ်ကောင်း တယ် ဆိုရ မှာပေါ့။
ငါတို့ ရန်ကုန်တက္က သိုလ်ဟာ ဟိုး … ရှေးခေတ်က ဆိုရင် အရှေ့တောင်အာရှမှာ
အမြင့်ဆုံး ဖြစ်ခဲ့ဖူးတယ်။ ရန် ကုန်တက္ကသိုလ် က ဆယ်တန်း အောင်သွားရင်
ကမ္ဘာ့ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်မဆို အသိအမှတ် ပြုလက်ခံတယ်။ နောက်ပိုင်းမှာ
တစ်စတစ်စ နိမ့်ပါးလာလိုက်တာ ရှေးခေတ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမကြီးများက
ရင်တသပ်သပ် နဲ့ သက်ပြင်းချနေလောက်အောင်ဖြစ်ခဲ့ ရတယ်။ ဒီနှစ်အထိ အသက်
ရှင်နေသေးတဲ့ တက္ကသိုလ် ဆရာ အိုကြီးတွေ၊ ဆရာမ အဘွားကြီး တွေကို
မေးကြည့်လိုက်ရင် သူတို့ ဘဝ၊ သူတို့ပညာရေးနဲ့ မင်းတို့ခေတ်ပညာရေး
ကွာဟပုံကို ရင်နာစွာ စုတ်တသပ်သပ်နဲ့ပြောပြပါလိမ့်မယ်။ ဒီတော့ ခုလာမယ့်
ကလေးတွေ ဟာ မင်းတို့နဲ့စာတော့ ကံကောင်းတယ်လို့ မဆိုနိုင်ပေဘူး လား။
ဒီကနေ့ဆိုရင် အလွတ် ပညာသင်ကျောင်းတွေကို တရား ဝင် ဖွင့်ခွင့်ပေးထားပြီ။
ဒီတော့ ကမ္ဘာ့အဆင့်မီ ပညာရပ်အသီးသီး ကို သင်ပေးမယ်လို့ ကြေညာနေ တဲ့
ကျောင်းတွေလည်း အလျှိုလျှို ပေါ်လာနေတာ မင်းတို့ မျက်မြင် ပါပဲ။ ငါကတော့
ပညာတိုးတက် မယ်ဆိုရင် ဘယ်လိုပဲ လုပ်နေကြပါစေ။ မင်းတို့လူငယ်တွေအတွက်
ဝမ်းသာနေမိတာပါပဲ။ ငွေကြေးကတော့ အကုန်အကျ များပေ သပေါ့ကွယ်။
ဒါပေမယ့် မောင်တို့ရေ …။ တစ်ခုတော့ စိတ်ချထားပါ။ ဒီအစိုးရရဲ့ ချမှတ်ထားတဲ့
စီမံကိန်း မူအရ ပြောလိုက်ရမယ်ဆိုရင် အဲ ဒီ အလွတ်ကျောင်းတွေအားလုံး ထက်
နိုင်ငံတော် အထက်တန်း ကျောင်းတွေ၊ တက္ကသိုလ်တွေက အပြတ်အသတ် သာသွားအောင်
လုပ်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သင်ပေးတဲ့ ပညာရေးဝန် ထမ်း
ဆရာ၊ဆရာမတွေကလည်း အရည်အသွေး ပိုပြီးမြင့်မား လာ လိမ့်မယ်။ သက်ဆိုင်ရာ
အစိုးရရဲ့ ထောက်ပံ့မှု ငွေကြေးအင်အားတွေ ကြောင့် သင်ထောက်ကူပစ္စည်း တွေ၊
စက်ကိရိယာ စွမ်းအားတွေကလည်း ပိုမိုမြင့်မားလာလိမ့်မယ်။ သင်ကြားရေးအတွက်
ကုံလုံပြည့်စုံတဲ့ အဆောက်အအုံကြီးတွေလည်း ဟည်းနေအောင်ပေါ်ထွက်လာ လိမ့်မယ်။
အဲဒီအပြင် ကုလသမဂ္ဂ အစရှိတဲ့ နိုင်ငံတကာ အကူအညီ တွေကလည်း ဒလဟော ဝင်လာ
လိမ့်ဦးမယ်။ ဒီတော့ နောင်ဆယ် နှစ်ကာလမှာ လူလားမြောက်လာ မယ့်
မျိုးဆက်သစ်တွေရဲ့ ကုသိုလ် ကံကို မင်းတို့ မှန်းဆလို့ သာ ကြည့်ကြပါတော့။
တစ်ခုသေချာတာကတော့ ပညာရေးစနစ်ဟောင်းနဲ့ ကြီးပြင်း ခဲ့ရရှာတဲ့ မင်းတို့ခေတ်
မျိုးဆက် သစ်တွေထက် နောင်ဆယ်နှစ် ကာလ မျိုးဆက်သစ်တွေက ပညာရေး ဘက်မှာ
အဆပေါင်းများစွာ သာ လွန်နေလိမ့်မယ်ဆိုတာ ငါက ဟောကိန်းထုတ်လိုက်ရ ပါတယ်။
အရင်တစ်ပတ်ကနောင်ဆယ်နှစ်ကြာတဲ့အခါမှာပေါ်ပေါက်လာမယ့်ကျောင်းသားလူငယ်တွေရဲ့
အရည်အသွေးကို ဒီကနေ့ကျောင်း သားဘွဲ့ရတွေက မမီနိုင်တော့ ဘူးလို့ ရေးခဲ့တယ်။
အဲဒီဟောကိန်းကို ထုတ်ခဲ့တာက ထင်ရာမြင်ရာ ရမ်းသမ်းပြီး ပြောခဲ့တာ မဟုတ်
ပါဘူး။ ဒီက နေ့ အစိုးရပညာရေးဌာန တာဝန်ရှိသူများရဲ့ လုပ်ဆောင် ချက်တွေကို
ကြည့်ပြီး သေချာပေါက် ထုတ်လိုက်တဲ့ ဟော ကိန်းတွေ ဖြစ်ပါတယ်။
မင်းတို့ စဉ်းစားကြည့်လေ။ စာသင်ကျောင်းတွေမှာ ကျောင်းတွင်းစာမေးပွဲဆိုရင်
သက်ဆိုင်ရာ၊ နီးစပ်ရာ ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်သင်တန်းတက်ကြရတယ်။
သက်ဆိုင်ရာဘာသာရပ်ဆရာ၊ ဆရာမတွေကလည်း သူတို့မေးလိုက်မယ့်မေးခွန်းတွေကို
ကြိုတင် ပြီး သင်ပေး လိုက်ကြတာပဲ။ ဒီတော့ ဆရာ၊ ဆရာမကျူရှင်ကို သင်
တန်းတက်လိုက်ကြရင် စာမေးပွဲကို အလွယ်တကူအောင် သွားကြတာပဲ။ အဲဒါတွေက
ကိုးတန်းအထိ ထုံးတမ်းစဉ် လာလို ဖြစ်သွားတယ်။ ဒါပေမယ့် ဆယ်တန်းရောက်တော့
ကျောင်းတွင်း ဆရာ၊ ဆရာမတွေရဲ့ ကျူရှင်နဲ့ မရတော့ ဘူး။ အပြင်က သဲသဲမဲမဲ
ကြော်ငြာနေကြတဲ့ ကျူရှင်တွေကို ပြေးရပြန်တော့ တယ။် ပြင်ပ ကျူရှင်တွေကလည်း
အပြိုင် အဆိုင်တွေ များလေတော့ ကြိုးစားပမ်းစား သင်ပေးကြပါ တယ်။ ဒီတော့
ပညာရေးမဟုတ်တော့ဘဲ စာမေးပွဲအောင် မြင်ရေး ပညာသင်ကြားမှုဖြစ်လာတာကို
တွေ့နေရတယ်။
ဟိုရှေးခေတ်ကတော့ ငါ မှတ်မိသလောက်ပြောရရင် စာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသားဟာ
သက်ဆိုင်ရာ ပညာ ရပ်ကို တကယ် တတ်သိ နားလည်ခြင်း ရှိ၊ မရှိ စမ်းသပ်တဲ့
မေးခွန်း ‘စိမ်း’ (Unseen)
တစ်ပုဒ်ပါလာလေ့ရှိတယ်။ ဆိုလိုတာက ကျောင်းသင်ပြ ဋ္ဌာန်း ချက်စာအုပ်မှာမပါတဲ့
Óဏ်စမ်းမေးခွန်းပဲ။ အထူးသဖြင့် ဂဏန်းသင်္ချာဘာသာ ရပ်မှာ အဲဒီလို မေးခွန်း
‘စိမ်း’ ပါလာလေ့ ရှိတယ်။ အဲဒီ မေးခွန်းကို မဖြေမနေရ သတ်မှတ်ထားလေ့ရှိတယ်။ သ
ဘောကတော့ ကျောင်းသားဟာ သက်ဆိုင်ရာ ဘာသာရပ် ကို ကျကျ နန၊ ခြေခြေမြစ်မြစ်
နားလည်ခြင်း ရှိ၊ မရှိ စမ်း သပ်လိုက်တာပဲ။ မြန်မာစာ၊ အင်္ဂလိပ်စာတို့မှာတော့
စာစီ စာကုံး၊ Óဏ်စမ်းစာပိုဒ် ‘စိမ်း’ တွေနဲ့ စမ်းသပ်လေ့ရှိ တယ်။ ဆိုလိုတာက
စာဖြေသူ ကျောင်းသားရဲ့ ပင်ကို အရည်အချင်းကို ပေါ်လွင် လာအောင် မေးခွန်း
ထုတ်လေ့ ရှိတယ်။ နောက်ပြီး အဖြေလွှာတွေကို (တက္ကသိုလ်ဝင် စာ မေးပွဲဆိုရင်)
တက္ကသိုလ်ကပဲ စစ်ဆေးတယ်။ တက္ကသိုလ် ဆရာတွေနဲ့ မလုံလောက်တာကြောင့်
တန်းမြင့်ကျောင်း ဆရာတွေကို ခေါ်ယူစစ်ဆေးစေဦးတော့ တက္ကသိုလ် ဆရာတွေက
ကြီးကြပ်ရတယ်။ စာမေးပွဲစစ်ဆေးရာ တိုင်း၊ မြို့နယ် စသည်တို့ကို သတိထား
ခွဲဝေပြီး နေရာချထား ပေးတယ်။ တိုတိုပြောရ ရင်တော့ စာစစ်သူနဲ့ စာဖြေ
ကျောင်းသားနဲ့ လုံးဝအဆက်အစပ် မရှိနိုင်အောင် စီစဉ် ထားတဲ့သဘောပါပဲ။
ဆိုလိုတာက စာဖြေသူ ကျောင်းသား ဟာ သက်ဆိုင်ရာ ဘာသာရပ်ကို ကျက်စာ၊ မှတ်စာသာ
မက ပညာအခြေခံကိုပါ ရ၊ မရ စစ်ဆေးတဲ့သဘော ပါပဲ။
ဒီတော့ကာ အခုအစိုးရရဲ့ ပညာရေးဌာန လှုပ်ရှားစီမံ နေတဲ့စနစ်ကို
မှန်းဆကြည့်လိုက် ရင် ဘယ်ဘာသာရပ်ကိုမဆို သေ ချာ တတ်အောင် သင်၊ မတတ်ရင်
စာမေးပွဲ မအောင်နဲ့ဆိုတဲ့စနစ် ဖြစ်လာလိမ့်မယ်။ စာမေးပွဲမေးခွန်း မှာလည်း
မဖြေမနေရ Óဏ်စမ်း ပုစ္ဆာ ‘စိမ်း’တွေ ပါလာလိမ့်မယ်။ ဒီတော့ ကျူရှင်တွေ၊
ကျူရှင်ဆရာ တွေ ရှိနေစေဦးတော့။ သူတို့က လည်း ကျောင်းသားတွေ ကို ခြေ
ခြေမြစ်မြစ် သဘောပေါက်အောင် ကြိုးစားပမ်းစား သင်ပေးရတော့ မယ်။
ပညာရပ်ဆိုင်ရာ စာအုပ်စာ တမ်းတွေကို နှိုက်နှိုက် ချွတ်ချွတ် ရှာဖွေလေ့လာပြီး
ကျောင်းသားတွေ ကို သင်ပေးရလိမ့်မယ်။ ဘာပဲဖြစ် ဖြစ် ပညာရပ်ပေါင်းစုံ
တစ်ဟုန်ထိုး တိုးတက်မှု အတွက် အစွမ်းကုန် တက်ညီ၊ လက်ညီ ဝိုင်းဝန်းတဲ့ပညာ
ခေတ်ကြီးကို ရောက်လာတော့မှာ မလွဲမသွေ ဖြစ်လာမယ်လို့ ဟော ကိန်း
ထုတ်လိုက်ချင်ပါတယ်။
ဒီတော့ ခေတ်သစ်ကြီးကိုမီ အောင် လိုက်ချင်ရင် မင်းတို့တစ် တွေ ဘာလုပ်ကြမလဲ။
ဒါတွေကို စဉ်းစားကြရတော့မယ်။ ကြိုတင်ပြင်ဆင်ကြရတော့မယ်။ မင်းဟာ မကြာမီမှာ
တက္ကသိုလ်အဆင့် ကျောင်းသားတစ်ယောက် ဖြစ်လာ တော့မယ်ဆိုပါတော့။ မင်း
လေ့လာသင်ယူမယ့် ပညာရပ်တွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို
ကြိုတင်လေ့လာဆည်းပူးရလိမ့်မယ်။ အဲဒီပညာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေထံမှာ
သွား ရောက်ဆည်းကပ်ပြီး နည်းနာခံယူ ရလိမ့်မယ်။
သတိရလာလို့ ပြောလိုက်ရ ဦးမယ်။ မနေ့တစ်နေ့ကပဲ ငါ့ တပည့်ဟောင်းနှစ်ယောက်
လာပြီး ကန်တော့ကြတယ်။သူတို့တစ်တွေ ကို ငါက နွေကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာ
သင်ပေးခဲ့ဖူးတယ်။ သူ တို့က တက္ကသိုလ် ကျောင်းသား ဖြစ်ခါနီးတွေပေါ့။
တစ်ယောက်က YIT ကျောင်းသား ဖြစ်သွားတယ်။ အဲဒီအတောအတွင်းမှာပဲ ကျောင်း တွေကို
ပိတ်လိုက်ပြန် ပါလေရော ။ ကျောင်းတွေ ပိတ်ထားတော့ တ ပည့်တစ်ယောက်က အလကားနေ
အလကားပဲဆိုပြီး ဘာရယ်မဟုတ်၊ ကွန်ပျူတာသင်တန်း သွား တက် တယ်။ YIT တက္ကသိုလ်
ပြန်ဖွင့်တာ စောင့်နေရင်းဆိုပါတော့။
တစ်နေ့မှာ ငါနဲ့တွေ့ကြ တော့ သူက ကျောင်းတွေ ပြန်မဖွင့် သေးတာကိုပြောပြီး
စိတ်ပျက် လက်ပျက် ညည်းတယ်။ ဒါကြောင့် ငါက လွှတ်ခနဲ စကားတစ်ခွန်းကို
ပြောလိုက်မိတယ်။ ”မင်းက ဘာ လဲ၊ YIT ဘွဲ့ရ လက်သမားကြီးပဲ ဖြစ်ချင်နေတာလား၊
ခုလုပ်နေ တဲ့ ကွန်ပျူတာပညာကို နက်နက်နဲနဲ တတ်ကျွမ်းလာအောင် ဆက်ပြီး
လေ့လာပါလား” လို့ ပြောလိုက်မိ တယ်။ တစ်နေ့က လာပြီး ကန်တော့ရင်း သူက
ပြန်ပြောတယ်။ ”ဆရာရယ်၊ ဆရာပြောတဲ့ လက် သမားကြီးဆိုတဲ့ စကားလုံးကို ကြား
လိုက်ရတော့ ကျွန်တော် လန့်သွားတယ်။ အဲဒါနဲ့ ကျွန်တော် လုပ် လက်စ
ကွန်ပျူတာကို ဆက်ပြီး အားစိုက်လုပ်မိတာပဲ။ ဒီကနေ့ ဒီ လိုအခြေ အနေ
ရောက်လာတာပါ ပဲ”
သူက ကွန်ပျူတာအဆင့်မှာ ဘယ်လောက်ထိအောင် ရောက် သွားလဲဆိုတာ ငါမသိပါဘူး။ သို့
သော် စင်ကာပူမှာရှိတဲ့ ကမ္ဘာ့ အဆင့်မီကုမ္ပဏီကြီးတစ်ခုမှာ ကွန် ပျူတာဆိုင်ရာ
အကြီးအကဲတစ် ယောက် ဖြစ်နေပြီ။ သီတင်းကျွတ် ခွင့်ရက် တစ်လလောက် ရချိန်မှာ
ငါ့ကို လာပြီး ကန်တော့တာပါပဲ။
ဒီတော့ မင်းတို့ သတိထားဖို့ က ပညာရပ်တစ်ခုကို လေ့လာဖို့ ရယ်၊
ခြေခြေမြစ်မြစ် သိနားလည် အောင် လုပ်ဖို့ရယ်၊ အဲဒါတွေ က
အလွန်အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။
မင်းမှာ အချိန်တွေ ပိုနေသ လား။ တစ်ခုခုကို လေ့လာနေရလို့
အချိန်မလောက်နိုင်အောင် ယား လို့မှ မကုတ်အားအောင် ဖြစ်နေ သလား။
မင်းကိုယ်မင်း အားမနာ ပါးမနာ စစ်ဆေးကြည့်ပါလား။
အရင်တစ်ပတ်က ပညာရပ်အသစ် အသစ်တွေ ကို လေ့လာရမယ်။ ကိုယ်စိတ်ဝင်စားရာ
ဘာသာရပ်ကို စာဖတ်ခြင်း၊ ကျွမ်းကျင် သူများထံ ချဉ်းကပ်ဆည်းပူးခြင်းအားဖြင့်
လေ့လာသင်ယူ ရမယ်ဆိုတဲ့အကြောင်းကို ရေး သားခဲ့ပါတယ်။
ဒီနေရာမှာ ဒီကနေ့ လူငယ်တွေရဲ့ ကြိုးပမ်း လေ့လာနေမှုကို သတိထားနေမိတာကြောင့်
ပြောလိုက် ရဦးမယ်။ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား စသည်အားဖြင့်
သင်ကြားလေ့ လာနေ တာကို တွေ့ရပါ တယ်။ အဲဒီလို နိုင်ငံခြားဘာသာစကားတွေ လေ့လာ
သင်ယူနေတာဟာ အလွန်ကောင်းတဲ့ လက္ခဏာပါပဲ။ သို့သော် ဘာသာစကား ဆိုတာဟာ
ပညာရပ်တစ်ခု မဟုတ်ဘူးဆိုတာကိုတော့ သတိပြုသင့်တယ်။
မင်းဟာ မြန်မာကလေး တစ်ယောက်ဖြစ် လို့ မြန်မာ
စကား၊ မြန်မာစာကို ပြောတယ်။ ဖတ်တတ်၊ ရေးတတ်တာပဲ။ အဲဒါကို ပညာလို့
ပြောမလား။ ပညာရပ်တစ်ခု မဟုတ်သေး ဘူး။ အဲဒီလိုပဲ ကိုရီးယားဘာသာစကား၊
ဂျပန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား စတာတွေကို ပြောတတ်၊ ဆိုတတ် ရုံနဲ့ ပညာတတ်
တစ်ယောက်ဖြစ်ပါ့မလား။ ဒါတွေကို သေသေချာချာ၊ လေးလေးနက်နက်စဉ်းစားရလိမ့်မယ်။
ဘာသာစကားတစ်ခုကို တတ်ကျွမ်းခြင်း ဟာ ပညာရပ် တစ်ခုဆီကို တက်လှမ်းလေ့လာဖို့
လှေကားတစ်စင်းသာ လျှင် ဖြစ်တယ်ဆိုတာကို နားလည်ထားရလိမ့်မယ်။ သို့ သော်လည်း
ကိုရီးယား၊ ဂျပန်၊ တရုတ် စတဲ့ တိုင်းပြည် တွေကို သွားမယ်ဆိုရင်
အဲဒီတိုင်းပြည်တွေမှာ အလုပ်လုပ် ဖို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာ
ဘာသာ စကားကို ကျွမ်းကျင်နေတာအကောင်းဆုံးပေါ့။ သို့သော် အဲဒါဟာ ပညာရပ်တစ်ခု
မဟုတ်ဘူး။ ပညာရပ်တစ်ခုကို လေ့လာသင်ယူဖို့ လှေကားထစ် တစ်ဆင့်သာလျှင် ဖြစ်
တယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါ တယ်။ မင်းတို့ သေချာသဘောပေါက်ထားဖို့
လိုအပ်တာက ဘာသာ စကားအသစ်တစ်ခုကို လေ့လာခြင်းဟာ ပညာရပ်အသစ် တစ်ခုကို
တတ်ကျွမ်းနားလည်ဖို့သာလျှင် အရင်းခံဖြစ် တယ်ဆိုတာကို မေ့မနေကြဖို့ပါပဲ။
ဆိုကြပါစို့။ ကိုရီး ယားဘာသာစကား ကို လေ့လာပြီဆိုပါတော့။ တတ်ကျွမ်း ပြီ
ဆိုပါတော့။ မင်းက စကားပြန်လုပ်မှာလား၊ စင်စစ်အား ဖြင့် စကားပြန်ဆိုတာ
အသက်မွေး ဝမ်းကျောင်း လုပ်ငန်း တစ်ခုသာလျှင် ဖြစ်တယ်။ သူဟာ အတတ်ပညာရှင်၊
အသိပညာရှင်တစ်ယောက် မဟုတ်ဘူး။ အတတ်ပညာ ရှင်၊ အသိပညာရှင်တစ်ယောက်
ဖြစ်ချင်ပါတယ်ဆိုရင် အဲဒီဘာသာစကားကိုတော့ အခြေပြုပြီး (လှေကားထစ် လုပ်ပြီး)
အတတ်ပညာ၊ အသိပညာတစ်ခုဆီကို လှမ်း တက်ရလိမ့်မယ်။ အခု ငါ ဆွေးနွေးချင်တာက
မင်းဟာ ဘာသာစကားတစ်ခု ကို လေ့ လာပြီဆိုလျှင် စကားပြန်လုပ် ဖို့လား၊ အတတ်ပညာ
အသိပညာတစ်ခုခုကို လေ့လာ သင်ယူဖို့လားဆိုတာ ကို ပြတ်ပြတ် သားသား စဉ်းစားစေ
ချင်တယ်။
ငါတို့ မြန်မာလူမျိုး တွေဟာ ပါဠိဘာသာစကား၊ ပါဠိစာပေကို သင်ယူလေ့လာခဲ့ကြတယ်။
ဗုဒ္ဓတရားတော် ဆိုတဲ့ အသိပညာ ကို လေ့လာချင် တာကြောင့်၊ သိနားလည်ချင်တာ
ကြောင့် ပါဠိစကား၊ စာပေကို သင် ယူခဲ့ကြတယ်။ အဲဒီလိုပဲ ခေတ် သစ်ပညာ
ရပ်တွေကို လေ့လာသင် ယူချင်တာကြောင့် အင်္ဂလိပ်စာပေ၊ အင်္ဂလိပ်စကားကို
မှတ်သားဆည်း ပူးခဲ့ကြရတယ်။ အဲဒီကိစ္စတွေဟာ ပညာရပ်ကြောင့်ဖြစ်တယ်ဆိုတာ
အလွန်ထင်ရှားပါတယ်။
ဂျပန်ခေတ်မှာ ငါတို့ မြန်မာတွေ ဂျပန်ဘာသာစကားကို သင်ယူခဲ့ကြတယ်။
ပညာရပ်တစ်ခု ခုကို လေ့လာဖို့ မဟုတ်ဘူး။ ဂျပန်တွေနဲ့ စကားပြောတတ်အောင်၊
ထမင်းစား၊ ရေသောက်ပြောတတ် ဆိုတတ်အောင် သင်ယူလေ့လာခဲ့ ကြတာပဲ။ ဂျပန်ခေတ်ကို
လည်း ကုန်သွားပါလေရော။ အဲဒီဂျပန် စကားတွေကို မေ့မေ့ပျောက် ပျောက်
ဖြစ်ကုန်ကြတာပဲ။ ဂျပန် ခေတ်မှာ ဂျပန်စကားပြန် လုပ်ခဲ့တဲ့ သူတွေတောင်မှ
ဂျပန်စကားတွေကို မေ့ကုန်ကြတာ ငါ့ရဲ့ကိုယ်တွေ့ဖြစ်ပါတယ်။ ဂျပန်စကား တတ်ခဲ့
တဲ့အတွက် ဘာပညာ ကိုမှ ဟုတ်တိ ပတ်တိ မရခဲ့ပါဘူး။
ဒီတော့ ဘာသာစကား အသစ်တစ်ခုကို သင်ယူလေ့လာ မယ်ဆိုရင် အသိပညာ၊ အတတ်
ပညာတစ်ခုခု တိုးတက်သိကျွမ်း လာမှသာ အဲဒီဘာသာစကားကို လေ့လာရကျိုး နပ်တယ်လို့
ယူဆ မိပါတယ်။
အတိုချုပ်ပြောရရင်တော့ ဒီ ကနေ့ မြန်မာပြည်မှာ ဘာသာ စကားသင်တန်းတွေ
အလျှိုလျှို ပေါ်လာကြတယ်။ ဘာသာစကား သင်တန်းကြော်ငြာတွေ စာနယ်ဇင်း
အစောင်စောင်တွေမှာ တွေ့နေရ တယ်။ လူငယ်တွေကလည်း စိတ် ဝင်စားကြတယ်။ အဲဒီ
သင်တန်းတွေကို တက်ကြတယ်။ ဘာလုပ်ဖို့တက်ကြသလဲ။ အသိပညာ၊
အတတ်ပညာတစ်ခုခုကိုရယူဖို့ တတ်ကြတာလား၊ အဲဒီ ဘာသာစကားကို ပြောတတ်၊ ဆိုတတ်ရုံ
ထမင်းစား ရေသောက် သိနား လည်ရုံ တတ်ကြတာလားဆိုတာ သေသေချာချာ စဉ်းစားဖို့
ကောင်း တယ်။
ဒါတွေကို ပြောနေတာ က မင်းတို့တစ်တွေ မလိုအပ်တဲ့ နေရာမှာ အချိန်တွေကို အလ ဟဿ
သုံးစွဲနေမိမှာစိုးလို့ ရေးနေ တာ ပါ။ အချိန်ကုန်တာချင်းတူရင် အသိပညာ၊
အတတ်ပညာတစ်ခုခု ကို ရတဲ့နေရာမှာ အချိန်ကုန်ကြစေ ချင်ပါတယ်။ အချိန်ရဲ့
တန်ဖိုးကို အထူးပြောမနေချင်ဘူး။ တန်ဖိုးရှိ တဲ့အချိန်ကို ထိုက်ထိုက်တန်တန်
အသုံးချတတ်စေချင်လို့ပါပဲ။ ဘာ သာစကားနဲ့ တတ်သိပညာ ဟာ ဘယ်ဒင်းက
ပိုပြီးတန်ဖိုးရှိတယ်ဆို တာဟာ နားလည်ကြဖို့ သင့်ပါပြီ။ နောက်ဆုံးမှာတော့
အသိပညာ၊ အတတ်ပညာ တစ်ခုခု မှာ သိနားလည်သူက လောကကို ဦးဆောင်သွားမှာပဲ။
အဲဒီမှာ ဘာသာစကားတတ်တဲ့ ကျွမ်းကျင်သူက စကားပြန်၊ ဘာသာပြန် ဖြစ် လာကြမှာပါ
ပဲ။ ဒီတော့ မင်းကိုယ်မင်း မေး ကြည့်ဖို့ပဲ။ ပညာရှင်ဖြစ်ချင်တာ လား။
စကားပြန် ဖြစ်ချင်တာလား။ ဒါပါပဲ။
အရင်တစ်ပတ်က နိုင်ငံခြားဘာသာစာပေ စကားတစ်ခုကို လေ့လာသင်ယူခြင်းနဲ့
ပန်းတိုင်ရည်မှန်း ချက်အကြောင်းကို ရေးခဲ့ပါ တယ်။ ထမင်းစား၊ ရေသောက်
ပြောတတ်ရုံ၊ ဆက်သွယ်ရေးပစ္စည်းတစ်ခုအဖြစ် အသုံးချရုံ လောက်ကိုသာလျှင်
မရည်မှန်းဘဲ အသိပညာ၊ အတတ် ပညာတစ်ခုကို ရသည်ထိအောင် ကြိုးပမ်းသင့်ကြောင်းကို
လည်း ရေးခဲ့ပါတယ်။
အဲဒီလို အသိပညာ၊ အတတ်ပညာကို လေ့လာဆည်းပူးဖို့အတွက်ဆိုရင်တော့ ငါတို့
မြန်မာလူမျိုးတွေအတွက် အင်္ဂလိပ်ဘာသာ စကားဟာ အသင့်လျော်ဆုံး
ဖြစ်တယ်လို့ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ကဗြိတိသျှအင်ပါယာထဲမှာ
ကျရောက်ခဲ့ ဖူးလေတော့ အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့ဆက်ဆံခဲ့ရတာ
နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ စာသင်ကျောင်းတွေမှာ လည်း အင်္ဂလိပ်ဘာသာစကားကို
မသင်မနေရ ပြဋ္ဌာန်းခဲ့ တာ ဒီနေ့တိုင်အောင်ပဲ။ အရင်ကဆိုရင် ဂဏန်းသင်္ချာက အစ
ဘာသာရပ် အားလုံးကို အင်္ဂလိပ်လိုပဲ သင်ယူခဲ့ရ တယ်။ မြန်မာစာဘာသာရပ်မှအပ
အခြားဘာသာရပ်တွေ အားလုံးကို အင်္ဂလိပ်လို သင်ယူခဲ့ရ တယ်။ ဒီတော့ ဆယ်
တန်းလောက်အောင်ပြီးပြီဆိုရင် ဘယ်ပညာရပ်ကိုမဆို အင်္ဂလိပ်လို
ဖတ်ရှုလေ့လာနိုင်ကြတယ်။ အဲဒီနည်း အားဖြင့် ရှေးခေတ်မြန်မာတွေဟာ မိမိတို့
နှစ်သက်ရာပညာရပ်ကို အင်္ဂလိပ်ဘာသာစကားနဲ့ လေ့လာဆည်းပူးနိုင်ကြ တယ်။ နောက်
ပိုင်းမှာတော့ အင်္ဂလိပ်စာပေ လေ့လာဖတ်ရှု မှု အားနည်းလာခဲ့ကြတယ်။
ကုန်ကုန်ပြောရရင် ဆယ် တန်းအောင်ပြီးသူ ၊ ဘွဲ့ရပြီး သူတွေထဲမှာတောင် အင်္ဂလိပ်
စာကို ကျွမ်းကျွမ်းကျင်ကျင် မဖတ်နိုင်ကြတာ တွေ့နေရ တယ်။ ဒါပေမယ့်
နိုင်ငံခြား ဘာသာ စကား ထဲမှာ အင်္ဂလိပ် စာဟာ ငါတို့အဖို့ အနီးစပ်ဆုံး၊
အရင်းနှီးဆုံးဘာသာ စကား ဖြစ်နေတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာစကား ကို
သင်ယူလေ့လာခြင်းဟာ ငါတို့အတွက် အသင့်လျော် ဆုံးလို့ ထင်နေမိတယ်။
နောက်တစ်ချက် သတိပြုသင့်တာက ဗြိတိသျှ အင်ပါယာကြီးဟာ တစ်ခါတုန်းက
‘နေမဝင်အင်ပါယာ’ လို့တောင် ခေါ် ရလောက်အောင် ကမ္ဘာတစ်ခုလုံးနီးပါးကို
လွှမ်းမိုးနိုင်ခဲ့တယ်။ ဗြိတိသျှလူမျိုးတွေကလည်း ကမ္ဘာအနှံ့ အပြားကို
စွန့်စွန့်စားစား သွားရောက်လေ့လာကြတယ်။ လေ့လာတွေ့ရှိသမျှကိုလည်း
စာအုပ်စာတမ်းတွေ ရေး သားပြီး မှတ်တမ်းတင်လေ့ရှိကြတယ်။ အဲဒါကြောင့်
ဘယ်အကြောင်းအရာမဆို အင်္ဂလိပ်စာပေမှာတွေ့ရှိနိုင်တယ်။ ဖတ်ရှုလေ့လာနိုင်တယ်။
ကုန်ကုန်ပြောရရင် ငါတို့မြန်မာ လူမျိုးတွေ ဟာ ဗုဒ္ဓဘာသာကို
ကိုးကွယ်လာခဲ့ကြတယ်။ ဒါပေမယ့် မြန်မာလို ပြန်ဆိုမှုအတွက်
မကြိုးပမ်းခဲ့ကြဘူး။ မနေ့တစ်နေ့က မှ ဆဋ္ဌသင်္ဂါယနာတင်တော့ ပိဋကတ် မြန်မာပြန်ကို
လုပ်နိုင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဘုရား ရှင်ရဲ့ ဒေသနာတွေကို အင်္ဂလိပ်လို
ဘာသာပြန်ပြီး ဖြစ်နေ ပြီ။ ဒီတော့ အင်္ဂလိပ်တွေဟာ အသိပညာ၊ အတတ်ပညာ အတွက်
ဘယ်လောက်ထိ ကြိုးပမ်းအားထုတ်ကြ တယ် ဆိုတာ ထင်ရှားသိသာလှပါတယ်။ ဒါကြောင့်
ငါတို့ မြန်မာလူမျိုးတွေ အနေနဲ့ ဘာသာခြားစာပေတွေ ထဲမှာ အင်္ဂလိပ်စာပေ ကို
သင်ယူ လေ့လာဖို့က အသင့်လျော်ဆုံးပဲ လို့ ယူဆမိပါတယ်။ ကျောင်းနေ စဉ်မှာလည်း
အင်္ဂလိပ်စာကို မယူမ နေရ သင်ယူကြ ရတာဖြစ်လို့ တကယ်ကြိုးစားရင် အခက်အခဲ
တွေ့စရာ အကြောင်းမရှိပါဘူး။ အခု ကျောင်းသားလူငယ်တွေ (ဆို လိုတာက)
ဆယ်တန်းအောင်ပြီး၊ ဘွဲ့ရပြီး လူငယ်တွေမှာတောင် များသောအားဖြင့် အင်္ဂလိပ်ဘာ
သာစကားနဲ့ စာပေကို ကျွမ်းကျင် စွာ ဖတ်ရှုနိုင်သူ နည်းသွားတာကို တွေ့နေရတယ်။
ဒီတော့ အင်္ဂလိပ် ဘာသာစာပေ ဖတ်ရှုမှုကို ဒီထက် ပိုပြီး ကြိုးစားအားထုတ် သင့်
တယ် လို့ ထင်မိတယ်။ ဆိုလိုတာက တခြားသော မျိုးခြားဘာသာစကား တွေကို
လေ့လာကြမယ်ဆိုရင် ငါ တို့ မြန်မာလူမျိုးတွေ အတွက် အင်္ဂ လိပ်စာပေကို
လေ့လာကြရင် အကောင်းဆုံးပဲလို့ ထင်မိပါတယ်။
လူငယ်တွေအတွက် အင်္ဂလိပ်စာကို လေ့လာဖတ်ရှုရာ မှာ သတိထားရမယ့် အချက်က တော့
မိမိတို့ စိတ်ဝင်စားရာ၊ နှစ် သက်ရာ ပညာရပ်နဲ့ပတ်သက်တဲ့ အင်္ဂလိပ်စာအုပ်တွေကို
ဖတ်ရှုလေ့လာခြင်းပါပဲ။ ငါတွေ့ဖူးသလောက်ပြောရရင် ငါနဲ့ သိကျွမ်းတဲ့ လက္ခဏာ
ဆရာ၊ ဗေဒင်ဆရာ တချို့ဟာ အင်္ဂလိပ်စာ အခြေခံအားဖြင့် သိပ်ပြီး
မြင့်မြင့်မားမား မဟုတ်ကြဘူး။ ဒါပေမယ့် သူတို့က စိတ်ပါလက် ပါ ဖတ်ရှုကြတော့
အဲဒီစာအုပ်တွေ ကို အင်္ဂလိပ်လို ကျွမ်းကျင်စွာ ဖတ် နိုင်လာကြတယ်။ ဗေဒင်လက္ခဏာ
ဟောစာတမ်းတွေထဲမှာ ပါလာ တတ်တဲ့ ဇာတာရှင်၊ လက္ခဏာရှင် တွေရဲ့
ဇာတ်လမ်းဖြစ်ရပ်တွေကို လည်း ကျွမ်းကျင်စွာ ဖတ်နိုင်လာ ကြတယ်။ ဒီတော့
ကိုယ်စိတ်ဝင် စားတဲ့ ပညာရပ်ဆိုင်ရာ အင်္ဂလိပ် စာအုပ်တွေကို ဖတ်ရှုလေ့လာခြင်း
အားဖြင့် အင်္ဂလိပ်စာပေကိုပါ ထိုက်သင့် သလောက် ကျွမ်းကျင် လာကြတာပဲ။
ဒီကနေ့ခေတ်မှာလည်း ကွန်ပျူတာပညာရပ်ကို စိတ်ဝင် စားတဲ့ လူငယ်တွေဟာ ကွန်ပျူတာ
ပညာ အင်္ဂလိပ်စာအုပ်တွေကို ကျွမ်းကျင်နားလည်စွာ ဖတ်နိုင်လာ ကြတယ်။ ကွန်ပျူတာ
ပညာရပ် အသစ်တစ်မျိုး တိုးတက်ပြောင်းလဲ လာရင် အဲဒီပညာရင်အသစ် အကြောင်းကို
အင်္ဂလိပ်လို ဖတ်နိုင် လာကြတာပဲ။ ဒီတော့ ပညာရပ်ကို လေ့လာဆည်းပူးနေရင်း
အင်္ဂလိပ် ဘာသာစာပေကို အမှတ်မထင် အကျွမ်းဝင်လာကြတယ်လို့ ဆိုနိုင် ပြန်ပါတယ်။
သို့သော်လည်း အဲဒီဗေ ဒင်လက္ခဏာဆရာတွေ၊ ကွန်ပျူ တာပညာရှင်လေးတွေကို အင်္ဂလိပ်
ကဗျာအကြောင်း သွားမေးရင် တော့ သူတို့ခမျာ ပြောတတ်ချင်မှ ပြောတတ်မှာပေါ့။
ကဗျာတို့၊ ဝတ္ထု တို့ ဆိုတာတွေက ရသစာပေဆိုင် ရာ အနုပညာတွေ မဟုတ်လား။ သူတို့က
အဲဒါတွေကို စိတ်မဝင် စားဘူးလေ။
ဒီတော့ အကြံပေးချင် တာက မင်းစိတ်ဝင်စားတဲ့ အသိ ပညာ၊ အတတ်ပညာတစ်ခုခု
အကြောင်းကို အင်္ဂလိပ်လို လေ့လာ ပါ။ ကိုးတန်း၊ ဆယ်တန်းလောက် ထိ ကျောင်းသင်
အင်္ဂလိပ်စာ အခြေခံရှိခဲ့ရင် မကြာခင်မှာ အင်္ဂ လိပ်လို ကျွမ်းကျင်စွာ
ဖတ်နိုင်လာ လိမ့် မယ်လို့ ပြောဝံ့ပါတယ်။
အရင်တစ်ပတ်က အတတ်ပညာ၊ အသိပညာတစ်ခု ခုကို ဆည်းပူးလိုတဲ့ လူငယ်တွေဟာ
အင်္ဂလိပ်ဘာသာ စကားကတစ်ဆင့် အဲဒီ ပညာကို လေ့လာရင် ပိုပြီးလွယ်ကူ နိုင်ကြောင်း
ရေးခဲ့ပါတယ်။ ဒီကနေ့ ဆယ်တန်းအောင် အဝေးသင်ကျောင်းသား လူငယ်တွေဟာ
အင်္ဂလိပ်စာပေဖတ်ရှုသူ အလွန်နည်းကြတယ်။ အင်္ဂလိပ်စာပေဖတ်ရှုမှု ဘာကြောင့်
နည်းသလဲဆိုတာကို စူးစမ်းကြည့် လိုက်တော့ကောင်းကောင်း မဖတ်တတ်ကြလို့ပါပဲ။
သူတို့တစ်တွေဟာ (ငါစူးစမ်းမိသလောက်) အင်္ဂလိပ်စာဖတ်ဖို့ကိုလည်း မဝံ့မရဲ
ဖြစ်နေကြတယ်။ အင်္ဂလိပ်စာကို ဖတ်တတ်သလို လို အီယောင်ဝိုးဝါးနဲ့ လမ်းခုလတ်မှာ
ယောင်ပေပေ ဖြစ်နေကြတာတွေများ တယ်။ ဘာကြောင့် ဒီလိုဖြစ်လာရသ လဲဆိုတာကို
စဉ်းစားကြည့်မိတယ်။ ငါ့အတွေ့အကြုံအရ မှန်းဆမိတာက သူတို့ အင်္ဂလိပ်စာ
သင်ယူခဲ့တာက စာမေးပွဲ ဖြေနိုင်ရုံ၊ ဆရာမေးရင် ပြန်ပြောတတ်ရုံလောက်ကို ပဲ
အာရုံပြု မှတ်သားခဲ့ကြတာ ဖြစ်နေတယ်။
သူတို့ ကိုယ်တိုင်က တကယ်သိချင်၊ တတ်ချင်တာမျိုး မဟုတ်ကြဘူး။ ဒါကြောင့်
အင်္ဂလိပ်စာသင်ယူမှု လမ်းခုလတ် မှာ ယောင်ပေပေ ဖြစ်နေကြတာပဲလို့
ဆုံးဖြတ်မိပါတယ်။
ဒီစာတွေကို ရေးနေတာဟာ ဆယ်တန်းအောင် (အဝေးသင်) လူငယ်တွေကို ရည်ရွယ်ပြီး
ရေးနေတာ ဖြစ် တယ်။ ဒီတော့ မင်း ကိုယ်တိုင်လည်း ဆယ်တန်းအောင် အဝေးသင်
ဖြစ်နေခဲ့ရင် မင်းကိုယ်မင်း အဲဒီလိုပဲ ဖြစ်နေ သလားလို့ ပြန်လည်
သုံးသပ်စေချင် တယ်။ မင်းကိုယ်တိုင်က အင်္ဂလိပ်စာကို ဝံ့ဝံ့စားစား ဖတ်ဖူးသလား။
အင်္ဂလိပ်စာပေ ဝတ္ထုဆိုတာတွေကို ဘယ်နှခါ ကောက်ကိုင် ဖူးသလဲ။ ကောက်ကိုင်ပြီး
နည်းနည်းပါးပါး ဖတ်ကြည့်၊ ပြီးတော့ စာ အုပ်ကို အမှတ်မထင်
ပြန်ချထားလိုက်တာပဲလား။ ဆက် ဖတ်ဖို့ စိတ်လျှော့သွားလိုက်တာပဲလား
စသည်အားဖြင့် မင်းကိုယ်မင်း စစ်ဆေးကြည့်သင့်ပါတယ်။ အထက်မှာ ငါပြောခဲ့ သလို
ယောင် ဝါးဝါး ဖြစ်နေရင်တော့ မင်းတကယ် တတ်အောင် အင်္ဂလိပ်စာကို
ရင်ဆိုင်ရလိမ့်မယ်။ အခု ငါ ရေးမှာတွေက အင်္ဂလိပ်စာကို တကယ်တတ်ချင်တဲ့
ယောင်ဝါးဝါးဖြစ်နေရှာတဲ့ လူငယ်တွေအတွက် ရေးမှာ ဖြစ်ပါတယ်။
မင်းတို့အရွယ် လူငယ်တွေအဖို့ သည်းခြေကြိုက်တာက ဝတ္ထုတို ဖြစ်ပါတယ်။
မင်းကိုယ်တိုင် အင်္ဂလိပ်ဝတ္ထု တွေကို စိတ်လိုလက်ရ ဘယ်နှပုဒ်ဖတ်ဖူးသလဲ။
ပြဋ္ဌာန်းချက်ဝတ္ထုတွေကို စာမေးပွဲအတွက် ဖတ်ရတာကိုတော့ စကားထဲ ထည့်မပြောပါနဲ့။
ကိုယ့်ဘာသာ ကိုယ် ဖတ်ချင်စိတ် ရှိလို့ ဖတ်တာမျိုးကို ဆိုလိုတာပါ။
ဒီနေရာမှာ အင်္ဂလိပ်ဘာသာစာပေနဲ့ ငါတို့ မြန်မာ ဘာသာစာပေ
ကွာခြားပုံလေးတစ်ခုကို ပြောချင်တယ်။ ငါတို့ မြန်မာစာပေမှာ ဒုတိယတန်း၊
တတိယတန်း မြန် မာစာလောက် အခြေခံရပြီဆိုရင် သမိုင်းဘာသာ၊ ဘာသာ ရေးစာပေ၊
မြန်မာ့သမိုင်း၊ ဗုဒ္ဓဘာသာ စာပေတွေကို (စိတ်ဝင်စားရင်) ဖတ်နိုင်သွားကြတာပဲ။
အင်္ဂလိပ်ဘာသာ စာပေမှာတော့ အဲဒီလို မဟုတ်ဘူး။ နှစ်တန်း၊
သုံးတန်းအခြေခံရှိရုံနဲ့ စာကြီး ပေကြီးတွေကို ဖတ်နိုင်ဖို့ မလွယ်ဘူး။
ဒါကြောင့် အင်္ဂလိပ် စာပေလောကမှာ ဂန္ထဝင်စာပေကြီး တွေ ကို ကျောင်းသားလူငယ်တွေ
ဖတ်နိုင်အောင် ‘လွယ်ရှင်း၊အကျဉ်း ချုံ့’ စာအုပ်ကလေးတွေ ပြုစုထား လေ့
ရှိကြတယ်။ ဒီတော့ မင်းတို့ လို လူငယ်တွေက အဲဒီလို ‘လွယ် ရှင်း၊
အကျဉ်းချုံ့’ အင်္ဂလိပ် ဂန္ထဝင် ဝတ္ထုလေးတွေကို စပြီး ဖတ်ကြည့် ကြစေချင်တယ်။
အခုဆိုရင် စာ အုပ်ဆိုင်ကြီးတွေမှာ အဲဒီလို ‘လွယ် ရှင်း၊ အကျဉ်းချုံ့’
စာအုပ်လေးတွေ တွေ့ရတတ်ပါတယ်။ အဲဒါတွေကို ဝယ်ပြီး ဖတ်ကြည့်ပါ။
ဖတ်တဲ့အခါမှာ အဘိဓာန် သုံးဖို့ မကြောက်ပါနဲ့။ မပျင်းပါနဲ့။ မင်းဟာ ဝတ္ထုကို
အရသာ ခံနေရုံ မဟုတ်ဘဲ ဘာသာစကားကို လေ့ လာနေသူ ဖြစ်ကြောင်း သတိရပါ။
ဝတ္ထုဇာတ်ကြောင်းကို နားလည်ရုံ သာမက ဘာသာစကား တည် ဆောက်ပုံ၊
ဝေါဟာရသုံးစွဲပုံ စ သည်တို့ကိုပါ လေ့လာသွားရလိမ့်မယ်။ မသိတဲ့
စာလုံးတစ်ခုကို အဘိဓာန်ကောက်ကြည့်ပြီး မှတ်သားရပါလိမ့်မယ်။ အဲဒီ
‘လွယ်ရှင်းတိုချုံ့’ ဝတ္ထုကလေးကို ဖတ်နေရင်း မသိတဲ့ဝေါဟာရတစ်ခုကိုတွေ့ရင်
အရေးကြီးတဲ့ စကားလုံးမှအပ အဘိဓာန် လှန်မနေ ပါနဲ့။ ဇာတ်လမ်းဇာတ်ကွက်အရ
အရေးကြီးတဲ့ စကားလုံး ဖြစ်နေရင်တော့ အဘိဓာန်ကို ချက်ချင်းကောက်လှန်ပြီး
ကြည့်ရမှာပေါ့။ မှန်းဆပြီး သိနိုင်တဲ့ စကားလုံးတွေကို ကျော်လွှားပြီး
ဝတ္ထုပြီးအောင် ဖတ်လိုက်ပါ။ ဒါ ပေမယ့် ဝတ္ထုပြီးဆုံးသွားတဲ့အခါ မှာတော့ဖြင့်
မသိတဲ့စကားလုံးတွေ ကို အဘိဓာန်မှာ ပြန်ပြီးရှာဖွေ မှတ်သားရပါလိမ့်မယ်။
အဲဒါသည် ပင်လျှင် ဘာသာစကား တစ်ခုကို လေ့လာ ဆည်းပူးခြင်းလုပ်ငန်းတွေ ပါပဲ။
ဒီခေတ်မှာ မင်းတို့တစ်တွေ ကုသိုလ်ကံ ကောင်းကြပါပေတယ်။ အင်္ဂလိပ်-မြန်မာ
အဘိဓာန်တွေ အလျှိုလျှို ထွက်ပေါ်လာ တာ တွေ့ရတယ်။ အဘိဓာန် ပြုစု သူ
ပညာရှင်တွေကလည်း စာသင် သားတွေကို အလွန်မေတ္တာထား ကြတယ်။ ဒါကြောင့် ဒီခေတ် လူ
ငယ်တွေအဖို့ ကုသိုလ်ကံကောင်း တယ်လို့ ဆိုလိုက်ရခြင်းပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် မင်းတို့ လူငယ်တွေအတွက် လူ ကြီးတွေက ပန္နက်ရိုက်ပေးနေတယ် ဆိုရမှာပေါ့။
အောင်သင်း
Post a Comment