“နိုင်ငံရေး အရဖြစ်စေ၊ စီးပွားရေး အရ ဖြစ်စေ၊ ဖိနှိပ်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း လုပ်ရင် အဓမ္မပြုခြင်း သာဖြစ် တယ်” (တောင်ကလေးဆရာတော်)
အဓမ္မလူမှုအဖွဲ့အစည်းအသုံးမကျတဲ့ စည်းရုံးလှုံ့ဆော်မှုတွေကို ကျင့်သုံးပြီး လူထုနိုင်ငံရေး လှုပ်ရှားမှုတွေကို မကြိုက်သလို ကြိုက်သလိုနဲ့ ရန်တိုက်တဲ့ အချင်းချင်းအန်တုမှုတွေ လုပ်နေတာကို တွေ့ရ . . .
လူ့အဖွဲ့အစည်းတစ်ခုမှာ မိမိနေထိုင်တဲ့
တိုင်းပြည်အတွင်း ညီတူညီမျှပိုင်စိုးတဲ့ သယံဇာတတွေကို တရားသဖြင့် မဝေခွဲ
(မခွဲဝေ)ရင် အဓမ္မလူမှုအဖွဲ့အစည်းပေါ် ပေါက်လာကြရစမြဲပါပဲ။ မတရားတဲ့ (အဓမ္မ)
လူမှုအဖွဲ့အစည်း ပေါ်ပေါက်လာရင်
(၁) Elitism = အညာအဖြန်းကြီးစိုး သောဝါဒ
(၂) Ethno Centrism = လူမျိုးကြီး ၀ါဒ
(၃) Racism = ခွဲခြားမှုဝါဒ
(၄) Classism = ပေါ်အောက်ခွဲခြား သည့်ဝါဒ
(၅) Sexism = လိင်ခွဲခြားသည့်ဝါဒ
(၆) Nationalism = အမျိုးခွဲခြားသည့် ၀ါဒ
(၇) Heterosexism = လိင်တူအခြေ ခံသည့်ဝါဒ
(၈) Ageism = လူကြီးလူငယ်ဝါဒ တွေထွက်ပေါ်လာကြစမြဲပါပဲ။ …
မြင်နိုင်
အဓမ္မ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်လာရင်
(၁) သဘာဝသယံဇာတ
(၂) နိုင်ငံရေးအာဏာ
(၃) ပညာရေး
(၄) ကျန်းမာရေးစောင့်ရှောက်မှု
(၅) ဥပဒေစတဲ့ အခွင့်အရေး တွေဟာ
တန်းတူ(ရှိမှု) ရမှု မဖြစ်နိုင်ပါ။ လူမှုအဖွဲ့ အစည်းတစ်ခုရဲ့ တည်ဆောက်
ဖွဲ့စည်းပုံ မညီ မျှရင် အဓမ္မစနစ် အဖွဲ့အစည်းကြောင့် လူမဆန်တဲ့ ပြုမူမှုတွေ၊
ဖြစ်ရပ်မှန် မဟုတ်တဲ့ တည်ဆောက် ပုံတွေ တွေ့ကြရစမြဲပါ။ ဒီအခြေအနေကို
မြန်မာပြည် နိုင်ငံရေးခေတ် ကာလတစ်လျှောက်လုံး မြင်နိုင်ပါတယ်။
ပွဲကြည့်သူ မဖြစ်ရ
ယနေ့မြန်မာပြည်ကို ကြည့်ပါ။ လူ့အဖွဲ့အစည်း တည်ဆောက်ပုံစနစ် (Social Structure
) ဟာ သဘာဝ အလျောက်ဖြစ် တည်တဲ့ လူမှုစနစ် မဟုတ်ပါ။ နိုင်ငံရေး သမားတွေ
လှည့်ကွက်ထဲက တည်ဆောက်တဲ့ လူမှုစနစ် တစ်ခု ဖြစ်နေတယ်။ ဒီလိုစနစ်မျိုးနဲ့
မြန်မာ့လူမှု အဖွဲ့အစည်းမှာ မရှိသင့်ပါ။ (မဖြစ်သင့်ပါ)။ ဒီလို လူမှု အဆောက်
အအုံနဲ့ နေရင် မြန်မာလူမျိုးတွေဟာ ဘေးဒဏ် သင့်ခံရတဲ့ လူမျိုးဖြစ်သွား
နိုင်ပါတယ်။ ဘေး ဒဏ်သင့် ခံရတဲ့ လူမျိုးဖြစ်သွားရင် ၀ါဒလွန် ကဲသူတွေကို
ဆရာတင်ခံရပြီး ပွဲကြည့် သူအဖြစ်နဲ့ (ခေါင်းညိတ်သူ အဖြစ်နဲ့) နေကြရမယ်။
အရှင်တို့ဟာ ဒီလိုဝါဒရှင် အောက်က လွန်မြောက်အောင် သူတို့ရဲ့ သတ်မှတ်ချက်
နယ်နိမိတ်ကို (လက်မခံသင့်တာတွေ အားလုံးကို) ရယူပိုင်ဆိုင်မှု ရောက်တဲ့အထိ
ပြောင်းလဲယူရမယ်။
သိရမယ်
ဥပမာ မတရားသဖြင့် နိုင်ငံရေး အာဏာ
ကိုရယူတဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ဆန့်ကျင်မလား၊ ဒါမှမဟုတ် ပေါင်းစည်းမလား။
မိမိရဲ့အတွေး၊ မိမိရဲ့အပြုအမူ၊ မိမိရဲ့ဆန္ဒသဘောထားတွေကို အများနားလည် အောင်
ဘယ်လိုပေး သိလိုပါသလဲ။ (ဘယ်လိုပေး သိမလဲ) နိုင်ငံရေး အာဏာဆိုတာ
ဆက်နွှယ်ပတ်သက်နေမှု ထူထပ်တာကြောင့် အယူအဆ အားလုံးကို ဖော်ပြထားတဲ့
နိုင်ငံရေးလည်း မဟုတ်ပါ။ ပြန်စိစစ်ရတဲ့ နိုင်ငံရေး၊ လွတ်လွတ်လပ်လပ်
မဖော်ပြတဲ့ နိုင်ငံရေးကို ခြိမ်းခြောက်မှု အယူအဆတွေ ဘယ်လောက် များပြားနေ
သလဲဆိုတာကို နိုင်ငံရေး လုပ်တဲ့သူတွေကို သင်ပေးနေမှာ ဖြစ်ပါတယ်။
သုံးသပ်ပါ
စက်တင်ဘာလ ၁၁၊ ၂၀၀၁ရက်နေ့တုန်းက လူမှုအဖွဲ့
အစည်းအလွန် အားကောင်းတဲ့ အမေရိကန်တိုင်းပြည်ကို အကြမ်းဖက်သမားတွေက
ကမ္ဘာ့ကုန်သွယ် ရေးဗဟိုဌာနကြီးကို လေယာဉ်နဲ့ တိုက်လိုက်တယ်။ စီးပွားရေး
အဆောက် အအုံကြီး နာရီပိုင်းအတွင်း မြေပြင်ပေါ်မှာ ပျက်စီးပျောက်
ကွယ်သွားတယ်။ အကြမ်းဖက်အုပ်စုက ကြမ်းကြမ်း တမ်းတမ်း ဆန့်ကျင်လိုက်လို့
ကြမ်းတမ်းတဲ့အုပ်စုကို မကောင်းဆိုးဝါး အဖြစ်သတ်မှတ်ပြီး အာဖဂန်နဲ့ အီရတ်ကို
ဝင်တိုက်ပြီး တုံ့ပြန်လိုက်တယ်။ ဆန့်ကျင် ဘက်ကြမ်းတမ်းသူတွေကို
မကောင်းဆိုးဝါး အဖြစ်နဲ့ ၀င်တိုက် တုံ့ပြန်လိုက်တာကို နိုင်ငံရေး သဘောတရား
အရ အဖြေရှာရင် မှန်ကန်သင့်မြတ်တယ်လို့ ယူဆကြတဲ့ သူ တွေရှိကြမှာပါ။
မြန်မာပြည်မှာ ၁၉၈၈ခုနှစ် အရေး
အခင်းစတင်ဖြစ်ပေါ်ရာကစပြီး ၂၀၁၀ ပြည့် နှစ်အထိ ဆန့်ကျင်မှု ကာလ သတ်မှတ်ချက်
အတွင်း နိုင်ငံရေး အာဏာကို ၀ါဒစရိုက် နည်းဖြင့်
ဘေးအမျိုးမျိုးဖြစ်ပေါ်အောင် လုပ် ကြံဖန် တီးကြတဲ့ လူ့အဖွဲ့အစည်း အုပ်စုတစ်
စုရဲ့လုပ်ရပ်ကို မြန်မာလူထုတွေ နိုင်ငံရေး သိမ်းသွင်းမှု အောင်ပွဲ
(သို့မဟုတ်) အချင်းချင်း သင့်မြတ်ရေး လုပ်ငန်းစဉ်ဟာ အလွန်လေး စားထိုက်တဲ့
နိုင်ငံရေးစနစ်ပါပဲ။
မြန်မာ့နိုင်ငံရေး လမ်းစဉ်
ပဋိပက္ခ-ဖြစ်စဉ် တစ်ခုဟာ အရင်းအမြစ်ကို
မသုံးသပ်ဘဲ အဖြေရှာဖို့ (ရဖို့) ခဲယဉ်းပါတယ်။ အိမ်နီးနားချင်း၊
ခြံစည်းရိုးချင်းနဲ့ နယ်နိမိတ်ချင်းများ ပဋိပက္ခရှိကြ (ဖြစ်ကြ)သလို ရင်းသူ၊
စိမ်းသူတို့လည်း ပဋိပက္ခ(နှစ်စု၊ နှစ်ဖွဲ့) ရှိကြတာပါပဲ။
တစ်ဖက်သတ်(တစ်ဖက်သား) အပြစ်တင်၊ တင်းမာမှု အမျိုးမျိုးနဲ့ ဖြစ်နေကြတဲ့
ပဋိပက္ခလောက ကို နားလည်ပေးနိုင်မှု အပြည့်အ၀ထား တတ်တဲ့သူဟာ
ရည်ရွယ်ချက်ကောင်းကို ပြည့်ဝတဲ့သူလို့ ဆိုရမယ်။
ဒါကြောင့် (၁) အဆက်အသွယ် လုပ်ခြင်း
(၂) အရင်းအမြစ်တွေကို မျှဝေခြင်းဟာ
အကြမ်းမဖက်ခြင်း လူမှု အသိုင်းအ၀ိုင်းကို ဖန်တီးတာပါပဲ။ ဒီလမ်းစဉ် ဟာ
မြန်မာတွေ သွားရမယ်။ မြန်မာတွေ ယူထားရ မယ်။
စည်းရုံးသိမ်းသွင်း
မြန်မာအစိုးရထဲက အချို့ခေါင်း ဆောင်တွေဟာ
ဘာသာရေးနဲ့ နိုင်ငံရေးတွဲ ဖက်ပြီး နိုင်ငံရေး စားဖားကြီးတွေ လုပ်နေ ကြတယ်။
ကိုယ်ပိုင် အရည်အချင်း မဲ့ပြီး စိတ်ထားပါ မဖြူစင်ဘဲတွေရတယ်။ မှား ယွင်းတဲ့
နိုင်ငံရေး လမ်းစဉ်တွေကို လက်ခံကျင့်သုံးယူပြီး အကြမ်းဖက်ခြင်း လောကကို
ဖန်တီးတယ်။ ခွဲခြားဆက်ဆံတယ်။ မုန်း တီးခြင်းနဲ့ အချင်းချင်းကို
ရန်တိုက်တယ်။ စစ်နဲ့နိုင်လိုမင်းထက်သုံးတယ်။ တစ်နိုင်ငံ လုံးသုံးတဲ့ငွေကို
တစ်ယောက် တည်း သုံးချင်တယ်။ နောက်လိုက်သူတွေက သဘော ကျလို့ အတုယူကြတယ်။
သင်းဖွဲ့ကို ပါတီနိုင်ငံရေး ဖြစ်အောင်လုပ်တယ်။ အများ
နဲ့ဆိုင်တဲ့ပိုင်ဆိုင်မှုကို စုပေါင်းပြီး ဖွဲ့စည်း ပိုင်ဆိုင်လိုကြတယ်။
ပဋိပက္ခများအောင် ဖက်တဲ့နည်းနဲ့နိုင်ငံရေးကို စည်းရုံးသိမ်း သွင်းတယ်။
သူ့မူနဲ့သူ့လူ
ဒီလိုစည်းရုံး သိမ်းသွင်းတဲ့ နည်းပရိ
ယာယ်ကြောင့် မြန်မာပြည်ကို တစ်ပါတီ အာဏာရှင်စနစ်လားလား လှုပ်ရှား ပြတဲ့
အခြေအနေတွေထွက်လာတာကို တွေ့ရ တယ်။ အသုံးမကျတဲ့ စည်းရုံးလှုံ့ဆော်မှု တွေကို
ကျင့် သုံးပြီး လူထုနိုင်ငံရေး လှုပ်ရှားမှုတွေကို မကြိုက်သလို ကြိုက်သလိုနဲ့
ရန်တိုက်တဲ့အချင်းချင်းအန်တုမှုတွေ လုပ် နေတာကို တွေ့ရတယ်။
ဒီအမူအကျင့်တွေဟာ နိုင်ငံရေး လှုပ်ရှားမှု တစ်လျှောက် လုံးမှာ မမြင်ချင်
လောက် အောင် တွေ့ရတယ်။ ရှည်ရှည်ဝေးဝေး ကြည့်ဖို့ မလိုပါ။ မိတီ်္ထလာ အရေး၊
ပဲခူး အနောက်ခြမ်းအရေး၊ လားရှိုး အရေးတွေဟာ ရုတ်တရက် နားမလည်တဲ့ သူတွေက
အဖျက်အမှောင့် အုပ်စုတစ်စုက လုပ်သလိုလိုနဲ့ ထင်ရ တယ်။ တကယ်တော့ လက်ရှိ
အစိုးရ နိုင်ငံရေးလုပ် ဆောင်မှုဟာ အစိုးရကို လူထုကထောက်ခံ ပွဲလုပ် စေချင်
တဲ့ ဆန္ဒကြောင့် အော်ပေး၊ ဟစ်ပေး၊ ထောက်ခံပေးမယ့် အလုပ်တွေကို
ဖန်တီးယူတာပါပဲ။ သူ့မူနဲ့ သူ့လူပါပဲ။
အကွက်ချ နိုင်ငံရေး တွေဖန်တီး
ဒီမိုကရေစီ နိုင်ငံတစ်ခုဟာ အစိုးရကို
ထောက်ခံတဲ့ လူထုပြပွဲတွေ၊ အစိုးရကို ဆန့်ကျင်တဲ့ လူထုပြပွဲတွေ မရှိရင်
အာဏာရ အစိုးရကို ချီးမွမ်းကြမယ့် သူတွေ မရှိပါဘူး။ ကွန်မြူနစ်နိုင်ငံရေး
တွေတောင် ဆန္ဒပြပွဲ တွေရှိသေး တာပဲ။ ဒီမိုကရေစီ နိုင်ငံရေးဆို ရင်တော့
တော်လှန်ရေး ချီတက်ပွဲတွေ မရှိလို့ မဖြစ်တာအမှန်ပါပဲ။ ဘယ်အစိုးရ မဆို
ပြည်သူ့ထောက်ခံ အားပေးမှုကို လိုချင်ကြ တာပါပဲ။ တမင်တကာ အကွက်ဆင်ပြီးလုပ်
ခိုင်းတဲ့ လူထု ဆန္ဒပြပွဲတွေ လည်းရှိ တတ်ပါတယ်။ အရှင်တို့ မြန်မာလူမျိုးတွေက
နိုင်ငံရေးအမြင် မစုံကြသေးတော့ နိုင်ငံရေး ဟာ ကိုယ်နဲ့ မဆိုင်ဘူး
ချည်းသက်သက်ပဲ ထင်နေမိတယ်။ အဲဒီအထင်ကြောင့် မြန်မာ ပြည်နိုင်ငံရေး
စားဖားကြီး တွေက အမျိုးမျိုး လှည့်ပြီး အကွက်ချနိုင်ငံရေးတွေ ဖန်တီး
လုပ်စားနေကြတယ်။
နိုင်ငံတော် သစ္စာဖောက်တယ်လို့ မမြင်ရ
မြန်မာပြည် နိုင်ငံရေးဟာ အာဏာရ ပါတီတွေကို
ကြည့်လိုက်ရင် အစိုးရဆန့် ကျင်တဲ့ နိုင်ငံရေး အစီအစဉ်တွေ မလုပ်ဘဲ အစိုးရရဲ့
အလုပ်ကို ၀င်ရောက်ပူး ကပ်လုပ် ကိုင်နေကြတာတွေကို တွေ့ရတယ်။ လူထုအကျိုးကို
အကြောင်းပြပြီး အစိုးရရဲ့ အဓိကမူဝါဒ တွေကို လိုက်လံပြီးတော့
ထောက်ခံနေကြတယ်။ အစိုးရ သိက္ခာတက် စေအောင်လုပ်ပေး နေတာဖြစ်ပေမယ့် ဒီမိုကရေစီ
နိုင်ငံရေးကို အကဲခတ်သုံးသပ်တဲ့ နိုင်ငံရေး ပုဂ်္ဂိုလ်တွေ ကတော့ အာဏာရတဲ့
အဲဒီပါတီကြီးတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေဟာ အာဏာရှင်စနစ်ပြန်ကြီး
စိုးရေး အတွက်ပဲ လုပ်ဆောင်တဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ တကယ်တော့
နိုင်ငံရေးဟာ အစိုးရကို ဆန့်ကျင်တာကို နိုင်ငံတော် သစ္စာဖောက်တယ်လို့
မမြင်ရပါ။ အဲဒီအမြင်ဟာ ဒီမိုကရေစီ နိုင်ငံရေး မူဝါဒနဲ့ တခြား စီဖြစ်နေ
ပါတယ်။
ဒီမိုကရေစီဆိတ်သုဉ်း
မြန်မာ့နိုင်ငံရေးဟာ သည်းခံခွင့်ပြု
နိုင်လောက်တဲ့ နိုင်ငံရေး ရင့်ကျက်မှုမျိုးတွေ မရှိသေးပါဘူး။
နိုင်ငံရေးဆိုတာ မိမိတို့ ဆန့်ကျင်နေတဲ့သူနဲ့ ပါတီတွေကို ဆန့်ကျင်မှု
ခွင့်ပြုပေးရမယ်။ သည်းခံပေးရမယ်။ မိမိကို ဆန့်ကျင်တဲ့ သူကို သစ္စာဖောက်သူ၊
သစ္စာမဲ့သူလို့ မမြင်ရပါ။ မူဝါဒမဲ့စွာ ဆန့်ကျင်တဲ့ သူမဖြစ်ဖို့ ဒီမိုကရေစီ
နိုင်ငံရေးမှာ လိုအပ်တယ်။ ဒီမိုကရေစီ အလေ့အကျင့် မပြည့်ဝသေးတဲ့ အရှင်တို့
မြန်မာပြည်ဟာ အတိုက်အခံသဘောတွေ လှုပ်ရှားမှုတွေ တွေ့လာရင်
မကောင်းမှုအမျိုးမျိုးနဲ့ သမုတ် ပြီးသည်းမခံကြတဲ့ ယုတိ္တမဲ့ စိန်ခေါ်မှုတွေ
လုပ်နေ တာကို တွေ့ရတယ်။ အဲဒီယူဆ ချက်ဟာ အမှန်တရားအရ ယူဆတာ မဟုတ်ဘဲ သံသယအရသာ
ယူဆမှုဖြစ် တယ်။ သံသယအဖြစ်နဲ့ တက်တက်ကြွကြွ လုပ်တဲ့ နိုင်ငံရေးဟာ
အကြမ်းဖက်မှုဖြစ် သွားတတ်တယ်။ အကြမ်း ဖက်မှု ဖြစ်လာတဲ့ နိုင်ငံရေးဟာ
ဒီမိုကရေစီရေး ဆိတ်သုဉ်းပါတယ်။ ဒီမိုကရေစီ နိုင်ငံရေး ဆိတ် သုဉ်းနေရင်
ဖောက်ပြန်တဲ့ အစိုးရတွေ ကြီးစိုးမှု အမျိုးမျိုးလုပ်နေမှာပါပဲ။
လက်လွတ်ဆုံးရှုံး
အာဏာရှင်၊ အစိုးရကြီးစိုးတဲ့ အချိန်က
မြန်မာပြည်သူတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယူဆချက်တွေ၊ အမြော်အမြင်တွေ
မစဉ်းစားရဲ၊ မဆွေးနွေးရဲကြဘဲ ကြောက်စိတ်စိုး ရိမ်စိတ်တွေနဲ့ပဲ တိတ်တိတ်
ကလေးကြိတ် မှိတ်ပြီး နေကြရတယ်။ ကွဲလွဲ ဆန့်ကျင်တဲ့ နိုင်ငံရေးယူဆချက်
အကြောင်း အရာတွေ တစ်ပါးပါးပြောမိဆိုမိရင် ““ယူဂျီတွေ၊ ကွန်မြူနစ်တွေ၊
သစ်္စာဖောက်တွေ””ဆိုပြီး လူပုံအလယ်မှာ ရှုတ်ချခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးဟာ
နိုင်ငံရေးတွေ စိတ်ဝင် စားတဲ့ကလေးတွေ အလိုအလျောက် စိတ် ဓာတ်ရေးရာ
ချိုးနှိမ်ခံခဲ့ရတယ်။
တကယ်တော့ ကွဲလွဲဆန့်ကျင်တဲ့ အယူအဆတွေဟာ
သေသေချာချာလေ့ လာကြရင် (နားထောင်ကြည့်ရင်) ယုတိ္တ ဆန်တဲ့ ယူဆမှုတွေ၊
ဆင်ခြင်တုံတရားစုတွေ၊ အကျိုးပြုကောင်းတွေ အများကြီးပါရှိနေတာ ကိုတွေ့ ရတယ်။
ဒါကြောင့် နိုင်ငံရေးကို လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆွေး
နွေးခွင့်ထားခဲ့တာဖြစ်တယ်။ နိုင်ငံရေးမှာ လွတ်လပ်စွာ တွေးခေါ်ခွင့်၊
ဆွေးနွေးခွင့် မထားရင် ဆန့်ကျင်အမြင်တွေ မမြင်ရဘဲ တင်ပြခွင့်အမြင်တွေပါ
လက်လွတ် ဆုံးရှုံး ကြရတယ်။
အာဏာရှင် အစိုးရမြင်ကွင်း
နိုင်ငံရေး အချို့ဟာ ကွဲလွဲတဲ့
ယူဆချက်ရှိတဲ့ နိုင်ငံရေးအယူကို လက်မခံကြ ဘဲ အမှားလုပ်သူ အဖြစ်နဲ့ သဘောထား
တယ်။ နိုင်ငံရေးဆိုတာ အခြေခံစနစ်ချင်း မတူညီကြပါ။ ဘာသာရေးကို အခြေခံတဲ့
နိုင်ငံရေး ၀ါဒပဲဖြစ်ဖြစ်၊ အခြေမခံတဲ့ ၀ါဒပဲ ဖြစ်ဖြစ် ဆင်ခြင်တုံတရားများ
အခြေခံမှု မပါရင် လူထုလိုအပ်ချက်နိုင်ငံရေး အကျိုး စီးပွားကောင်း
ဖြစ်လာနိုင်စရာ မရှိပါ။ (ရှိမယ် မဟုတ်ပါ) အာဏာရှင် နိုင်ငံရေးစနစ်
ကိုလေ့လာပါ။ ယခင်မြန်မာပြည် အာဏာရှင် အစိုးရဟာ ပြောတိုင်း၊
ခိုင်းတိုင်းလိုက်နာမှ အမှန်လို့သတ်မှတ်တယ်။ မလိုက်နာ သူကို အမှားလို့
မြင်တယ်။ ပြိုင်ဘက်ကို ရန်ဘက် သတ်မှတ်တယ်။ ယှဉ်ပြိုင်သူကို
ရင်ဆိုင်သူအဖြစ်မြင်တယ်။ ပြိုင်ဘက်ကို ထောင်သွင်းတယ်။ အကျဉ်းချတယ်။
ဝိုင်းတိုက်ကြတယ်ဆိုတဲ့ ဒီပြုမူချက်တွေဟာ အာဏာရှင် အစိုးရတိုင်း လိုလိုမှာ
မြင်တွေ့ နိုင်ပါတယ်။
အားမနည်းစေပါ
မြန်မာပြည်ဟာ တိုင်းရင်းသားတွေ (သို့မဟုတ်)
လူမျိုးကို အခြေခံတဲ့နိုင်ငံရေး ပါတီတွေ ဖွဲ့စည်းထားတာ ရှိပါတယ်။
လူမျိုးကွဲပြား ခြားနားနေမှုကြောင့် နိုင်ငံရေး
အာဏာကျင့်သုံးဖို့ခက်ခဲလာနိုင်တယ်လို့ မြန်မာပြည် နိုင်ငံရေးကို
သုံးသပ်တဲ့သူတွေက ယူဆကြတယ်။ ဤအရှင်က အဲဒီလို မယူဆပါ။ မြန်မာပြည်မှာရှိတဲ့
တိုင်းရင်း သားတွေဟာ လူမျိုးရေးကို အဓိကထားတဲ့ တိုင်းရင်းသားတွေ မဟုတ်ကြပါ။
အကယ်၍ လူမျိုးရေးကို အဓိကထားမယ့် တိုင်းရင်းသားတွေများ ဖြစ်ခဲ့ရင်တောင်
လူမျိုးရေးကို အဓိကထားတဲ့ နိုင်ငံရေး တော့ လုပ်ကြမယ် မဟုတ်ပါ။
ဘာကြောင့်လဲ ဆိုရင် ပြည်ထောင်စု စနစ်နဲ့
တည်ထောင်တဲ့ တိုင်းပြည်ဟာ လူမျိုးသက်သက်ကို အဓိကထားတဲ့ နိုင်ငံရေး ပါတီတွေ
မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းဆို တာမျိုးတူ အုပ်စုတွေနဲ့ ပိုင်းခြားထားတာ
ကြောင့် ပါတီ နိုင်ငံရေး စနစ်ပေါ်ပေါက် လာလို့ မျိုးတူအုပ်စုတွေ အခြေခံပြီး
ဖွဲ့စည်းထားတဲ့ ပါတီဟာ နိုင်ငံရေးကို ခံယူတဲ့ နေရာမှာ တူညီတဲ့ခံယူချက်တွေ
ပေါင်းစည်းထား တာကြောင့် ဒီမိုကရေစီနိုင်ငံရေးကို အားမနည်းစေနိုင်ပါ။
နောက်မကြာ မြန်မာပြည်မှာ
ဂျူးလူမျိုးတွေကို နာဇီတွေ နှိမ်နင်းတဲ့
အဖြစ်ဟာ လူမျိုးရေးကို အဓိကထားလွန်းတဲ့ နိုင်ငံရေးကြောင့် ဆိုပြီးတော့
သုံးသပ် ထားပါတယ်။ လူမျိုးတစ်မျိုးလုံး ပျောက်ကွယ်သွားအောင် နိုင်ငံရေးနဲ့
ဖိအုပ်စီးထား လို့မရပါ။ နည်းမျိုး စုံနဲ့ လုပ်နေပေမယ့် နောက်ဆုံးတော့
မဆလပါတီကြီးတစ်ရပ် လုံး ပျောက်ကွယ်သွား သလိုပဲဖြစ်သွား တာပါပဲ။
လူမျိုးအားလုံးရဲ့ အကျိုးစီးပွားဟာ နိုင်ငံရေး သို့မဟုတ် ပါတီတွေနဲ့
မသက်ဆိုင်ပါ။ လူမျိုး အကျိုးကိုကြည့်ပြီး ပါတီဖွဲ့စည်း ထားတာမဟုတ်လို့
လူမျိုးကို စည်းရုံးပြီး ပါတီဖွဲ့စည်းပြီး အပြုတ်တိုက်ပေမယ့် ခု ခေတ်ကာလမှာ
နာဇီ တော်လှန်ရေးလိုလည်း လုပ်လို့မရတော့ပါ။ နိုင်ငံရေးဟာ ပြိုင်ဆိုင်မှု
မဟုတ်ပါ။ ပါတီကသာ ပြိုင်ဆိုင်ရ မှာဖြစ် ပါတယ်။ ပါတီဖွဲ့ပြီး မပြိုင်ရင်
ဒီမိုကရေစီ အားမရှိပါ။ တစ်ပါတီစနစ်နဲ့ ကြီးစိုးတဲ့ မြန်မာ့ ဆိုရှယ်လစ်ခေတ်
ကိုပြန်ကြည့်ပါ။ အာဏာရယူပြီး ပြိုင်ဆိုင်ကြသူ မရှိတာကြောင့်
အာဏာကြီးစိုးမှုနဲ့ပဲ အချိန်ကုန်ပြီး ကျဆုံးသွား ကြတယ်။ ဒီလိုအဖြစ်နဲ့
ကြုံရတဲ့ ပါတီတွေ ကမ္ဘာပေါ်မှာ များစွာရှိသလို နောက်မကြာ မြန်မာပြည်မှာ
ကြီးစိုးတဲ့ ပါတီကြီး အချို့လည်း ကြုံရနိုင်မယ့် အနေအထားတွေမှာ
ရှိတယ်ဆိုတဲ့အကြောင်း တွေ့ထားပါတယ်။
စွမ်းနိုင်သည့် အရည်အချင်းသာ
အရင်က မြန်မာပြည်မှာ ဖက်ပြိုင်
ကင်းတဲ့ပါတီဟာ မဆလပါတီပါပဲ။ ပြိုင်ဘက်မရှိလို့ အဂတိတွေ လိုက်စားပြီး
လာဘ်ပေးလာဘ်ယူမှုတွေ ဖော်မပြနိုင်လောက် အောင်များပြားခဲ့တယ်။
ပါတီကြီးစိုးတဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီ နိုင်ငံရေး မဟုတ်ပါ။
ပါတီနိုင်ငံရေးဟာ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်မရှိရင် နိုင်ငံတော်နဲ့
ပါတီသတ် မှတ်ထားချက် ရှိနေပြီလို့သာ မှတ်ရမယ်။ အဲဒီသဘောတရားဟာ ယခင် မဆလ
ခေတ် မြန်မာ့နိုင်ငံရေးကို လေ့လာရင် မြင် နိုင်ပါတယ်။ ခုခေတ် နိုင်ငံရေးဟာ
ပါတီ အစွဲအလမ်း မထားကြဘဲ ကိုယ်စားပြုတဲ့ ပုဂ်္ဂိုလ်ပဲ ရွေးတင်ကြပါတယ်။
ပါတီတွေကိုလည်း စွဲစွဲမြဲမြဲ မထားသလို ပုဂ်္ဂိုလ်ကိုလည်း မြဲမြဲမြံမြံ
မထားပါဘူး။ အရည်အချင်းနဲ့ အရည်အသွေး ပြည့်ဝရင် နိုင်ငံရေးဟာ အစွဲအလမ်း
မရှိဘဲ ကျင့်သုံးတဲ့နိုင်ငံရေး စနစ်အတိုင်း သွားနေတာပါပဲ။ နိုင်ငံရေး
ပါးဝမှု မရှိသေးတဲ့ အချိန်မှာတော့ ပါတီခေါင်းဆောင်၊ နိုင်ငံရေး
ခေါင်းဆောင်ဆိုပြီး သမုတ် တင်ပြီးထားကြဦးမှာပဲ။ နောက်ဆုံးပြ နိုင်ငံရေး
ပန်းတိုင်ဟာ ပုဂ်္ဂိုလ်ရေး ပါတီရေး မဟုတ်ဘဲ စွမ်းနိုင်သည့် အရည်အချင်းသာ
ဖြစ် ပါတယ်။
နှလုံးအိမ်မှာ စွဲမြဲစွာ
ခေတ်ကာလ နိုင်ငံရေး လှည်းဘီးဟာ
လူထုချည်းသက်သက်ပဲ နစ်နာပြီး ခံစား ရမယ်လို့ မရှိပါ။ အခွင့်အရေး တွေ၊
ရပိုင် ခွင့်တွေ၊ အကာအကွယ်တွေ မရသေးတဲ့ အချိန်မှာ အရှင်တို့လူထုတွေဟာ တရား
မျှတမှုကိုသာ ကျင့်သုံးတတ်အောင် တည် ဆောက်ထားကြပါ။ တရားမျှတတဲ့ ဥပဒေ တွေ
လက်တွေ့ကျင့်သုံးမှုကိုလည်း ကြိုး စားကြပါ။ လက်တွေ့ကျင့်သုံးရေးရဲ့ အနှစ်
သာရဟာ ဒီမိုကရေစီ စနစ်ရဲ့ပန်းတိုင် ပါလို့ သိထားရမယ်။
- လူမှုတရားမျှတရေး
- လူထုအကျိုးစီးပွား ကာကွယ်ရေး
- မတရားဥပဒေအမိန့် မထုတ်ပြန် နိုင်ရေးတွက် ကို မြန်မာလူထု နှလုံးအိမ် မှာ စွဲမြဲစွာတည်ရှိဖို့ပါပဲ။
Credit To Myanmar Herald
Post a Comment