နွားစားသောနဂါးနှင့် လာဘ်စားပြီး ဥပဒေမျက်ကွယ်ပြုသူများရေးသားသူ- ငြိမ်းချမ်း၊ ရဲနောင်၊ မောင်တာ




ဈေးကောင်းရသဖြင့် ယခုနှစ်ဧပြီလက အိမ်ရှိခိုင်းနွားကို ရောင်းလိုက်သော ဒေါ်စန်းဌေးတစ်ယောက် သူ့ဆုံးဖြတ်ချက်ကို နောင်တရနေလေပြီ။ ယခုအခါ သူနွားပြန်ဝယ်လိုသော်လည်း ဈေးကြီးလွန်း၍ ပြန်မ၀ယ်နိုင်တော့ပါ။

လွန်ခဲ့သောတစ်နှစ်က ခိုင်းနွားတစ်ကောင်လျှင် ကျပ်လေးသိန်းဝန်းကျင်တန်ဖိုးရှိရာမှ ယခုနှစ်တွင် ကျယ်ဆယ်သိန်းခန့်အထိ ရှိနေပါပြီ။

“ဈေးကောင်းရပြီဆိုပြီး ရောင်းလိုက်တာ။ အခုနွားဈေးက အရမ်းကြီးနေတော့ ဘယ်လိုမှ ပြန်မ၀ယ်နိုင်တော့ဘူး”ဟု ညောင်ဦးမြို့နယ် သစ်ထောင့်တောင်ကျေးရွာမှ တောင်သူဒေါ်စန်းဌေးက အားလျှော့သောလေသံဖြင့် ပြောသည်။

အိမ်နီးချင်းတရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက် နွားများကို ၂ နှစ်အတွင်း နည်းလမ်းမျိုးစုံဖြင့် အဆမတန်ဝယ်ယူနေမှုကြောင့် ယခုကဲ့သို့ ဈေးများမြင့်တက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နွားကိုအဓိကထား၍ လုပ်ကိုင်ကြရသော တောင်သူလယ်သမားများအနေဖြင့် ခိုင်းနွားရှားပါးမှု ကြုံတွေ့နေရပြီး ၀ယ်ယူစားသုံးသူများမှာလည်း အမဲသားဈေးနှုန်း မြင့်တက်မှုကို ခံစားနေရပြီဖြစ်သည်။

တရုတ်နဂါးကြီးဆီသို့ နွားမှောင်ခို အဓိကတင်ပို့သောနေရာဖြစ်သည့် ရှမ်းပြည်နယ်နှင့် ခိုင်းနွားအများဆုံးထွက်ရှိသော မြန်မာပြည်အလယ်ပိုင်းဒေသများမှာ ယခုအခါ ခိုင်းနွားရှားပါးမှုနှင့် ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရသော နေရာများဖြစ်သည်။

နွားအကောင်ရေ ပိုလျှံနေသောကြောင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ပါ ပြန်လည်ရောင်းချနေရသော မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှာ လက်ရှိအချိန်တွင် နွားရှားပါးမှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

“ဒီဘက်မှာ ရောင်းစရာနွားလည်း မကျန်တော့ဘူး။ လယ်ထွန်ဖို့လည်း နွားတွေမရှိတော့ဘူး”ဟု တရုတ်ပြည်သို့ တရားမ၀င် နွားများတင်ပို့နေသော နေရာတစ်ခုဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှ နွားတင်ပို့နေမှုကို နေ့စဉ်မြင်တွေ့နေရသူ ဒေသခံတောင်သူဦးညွန့်ဝေက နိုဝင်ဘာ ၇ ရက်တွင် ပြောပါသည်။ ထို့ကြောင့် ဦးညွန့်ဝေတို့ဒေသတွင် နွားဈေးကြီးလွန်းနေပြီး ခိုင်းနွားလည်း ရှားပါးလွန်းကာ ၀ယ်နိုင်သောသူလည်း မရှိသလောက်ပင်။ သူလည်း ကျွဲတစ်ကောင်နှင့်သာ ထွန်ယက်စိုက်ပျိုးနေရသည်။

ခိုင်းနွားရှားပါးသောကြောင့် လယ်ထွန်စက်များဖြင့် ထွန်ယက်စိုက်ပျိုးလျှင် သီးနှံထွက်နှုန်းမှာ နွားများဖြင့် ထွန်ယက်စိုက်ပျိုးသလောက် သီးနှံအထွက်တိုးမှုမကောင်းကြောင်း ရှမ်းပြည်မြောက်ပိုင်း တောင်ယာလုပ်ကိုင်သူများကဆိုသည်။

လယ်ထွန်စက်ဖြင့် ထွန်ယက်သောအခါ နွားနှင့်ထွန်ယက်သလောက် ထယ်ရေးမကြေပဲ၊ သီးနှံအထွက်ပိုနည်းပြီး နွားဖြင့်ထွန်ယက်မှုသည် လိုချင်သလို ထွန်ယက်စိုက်ပျိုးနိုင်သောကြောင့် သီးနှံပိုထွက်သည်ဟု နောင်ချိုမြို့နယ်ရှိ တောင်သူများကတော့ဆိုသည်။

ငါးရက်တစ်ကြိမ်ပြုလုပ်လေ့ရှိသော အညာဒေသနှင့် ရှမ်းပြည်နယ်ရှိ ဒေသတွင်းနွားပွဲဈေးများတွင် ရောင်းချလျှင် ရရှိနိုင်သောဈေးနှုန်းနှင့် တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့လျှင်ရမည့် အမြတ်အစွန်းက နွားဝယ်ရောင်းလုပ်သူကုန်သည်များအတွက် မည်သည့်နေရာတွင် ရောင်းချရမည်ဆိုသည့်အချက်ကို စဉ်းစားစရာမလိုတော့ပေ။

နွားပွဲစားဈေးများမှ နွားများကို နွားပွဲစားများမှတစ်ဆင့် အဓိက၀ယ်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တို့တွင် စုရပ်ထားရှိသည်။ ထို့နောက် နွားများကို လူဖြင့်ဆွဲ၍သော်လည်းကောင်း၊ ၁၂ ဘီးကားများဖြင့် တင်၍သော်လည်းကောင်း တရုတ်ပြည်သို့ နေ့စဉ်တရားမ၀င်တင်ပို့လျက်ရှိသည်။ ၁၂ ဘီးကားတစ်စီးလျှင် နွားအကောင်ရေ ၂၂ ကောင်ထည့်ကာ တင်ပို့နေခြင်းဖြစ်သည်။ နွားများကို လူဖြင့်ဆွဲပြီး ကုန်းကြောင်းဖြင့်သွားလျှင် လူတစ်ယောက်ကို နွားနှစ်ကောင်ဆွဲ၍သွားကြောင်း ဆမ္မဆယ်ဒေသခံများကပြောသည်။

ယခုဆောင်းပါးရေးရန်အတွက် နောင်ချိုမြို့နယ်သို့ နိုဝင်ဘာ ၇ ရက်က သွားစဉ်အခါမှာပင် တရုတ်ပြည်သို့တင်ပို့ရန် ဆမ္မဆယ်ကျေးရွာ လယ်ကွင်းများတွင်ထားသော တင်ဆောင်မည့်နွားများနှင့် အဆိုပါ ၁၂ ဘီးကား ၁၀ စီးဝန်းကျင်ကို နောင်ချိုလမ်းခွဲ၌ ရပ်နားထားသည်ကို တွေ့မြင်ခဲ့ရသည်။

အမှန်တော့ ကျွဲ၊ နွား၊ ဆိတ် အကောင်လိုက်သာမက အေးခဲအမဲသားကိုပါ ပြည်ပနိုင်ငံများသို့ တင်ပို့ခွင့်ပိတ်ပင်ထားပြီး အကောက်ခွန်ဥပဒေအရသာမက အရေးကြီးပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့်ပါ တားမြစ်ထားသည်။ သို့သော် တရုတ်သို့ တရားမ၀င်တင်ပို့နေသော နွားစီးကြောင်းကြီးက မြင်သာလွန်းလှသည်။ တရားမ၀င်တင်ပို့သောကြောင့် တိုင်းပြည်အတွက် အခွန်အခမရဘဲ လမ်းကြောင်းတစ်လျှောက်ရှိ အစိုးရ၀န်ထမ်းအချို့သာ လာဘ်လာဘရကာ နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးနေသည်။

လက်ရှိအချိန်တွင် နောင်ချိုမှ ငါးရက်လျှင် နွားအကောင်ရေ တစ်ထောင်ခန့်နှင့် အောင်ပန်းမှ ငါးရက်လျှင် နွားအကောင်ရေ သုံးထောင်ဝန်းကျင် တင်ပို့နေပြီး ထိုစုရပ်နှစ်ခုမှ ပျမ်းမျှတစ်ရက်လျှင် တရားမ၀င်နွားတင်ပို့မှုမှာ အကောင်ရေရှစ်ရာခန့်ရှိနေသည်။ တရုတ်နိုင်ငံသို့ နွားတင်ပို့မှုများသည် လွန်ခဲ့သော ၁၀ နှစ် ၀န်းကျင်ကတည်းက ပို့ဆောင်နေသော်လည်း ယခု ၂ နှစ်အတွင်းမှ ပိုများလာခြင်းဖြစ်သည်။

ယခုအကောင်ရေနှုန်းဖြင့် ဆက်လက်တင်ပို့နေပါက မြန်မာနိုင်ငံတွင် လာမည့်တစ်နှစ်၊ ၂ နှစ်အတွင်း ခိုင်းနွားရှားပါးလွန်းပြီး လယ်ယာလုပ်ငန်းခွင် အခက်တွေ့မည်ဖြစ်သလို အမဲသားဈေး ခေါင်ခိုက်မည့်အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု နွားပွဲဈေးများတွင် လုပ်ကိုင်နေသော နွားပွဲစားများက တညီတညွတ်တည်းပြောသည်။

ယခုအတိုင်း ဆက်လက်တင်ပို့နေမည်ဆိုပါက နောက် ၂ နှစ်အကြာတွင် နွားများမှာ မျိုးသုဉ်းပျောက်ကွယ်နိုင်ပြီး သယံဇာတကဲ့သို့ ရှားပါးနိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှိုင်မြင့်ဦးကသုံးသပ်သည်။

နွားဈေးကောင်းရရှိနေသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း အချို့ဒေသများတွင် မရောင်းချဘဲ ငယ်မွေးခြံပေါက်နွားများကိုသာ အားကိုးအားထားပြု၍ လုပ်ကိုင်နေကြသူများလည်း ရှိနေဆဲပါ။

“နွားရောင်းမယ်လို့ပြောရင် နှစ်ရက်မကြာဘူး။ ဘယ်တွေကမှန်းမသိဘူး။ လာဝယ်ကြတယ်။ ဒီဘက်မှာတော့ သိပ်မရောင်းဘူး”ဟု မကွေးတိုင်း၊ နတ်မောက်ဒေသခံ တောင်သူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအတွင်းမှ နွားများမှာ မွေးမြူရေးနွားမဟုတ်ဘဲ သဘာဝအစားအစာများဖြစ်သည့် မြက်၊ နွားစာများကိုစားသုံးပြီး အရသာအလွန်ကောင်းမွန်သောကြောင့် တရုတ်လူမျိုးများက အထူးကြိုက်နှစ်သက်ကြောင်း နွားတင်ပို့နေသူများကဆိုသည်။

မြန်မာနွားများသည် လျှာနာ၊ ခွာနာရောဂါဖြစ်တတ်သောကြောင့် တရုတ်အစိုးရက မြန်မာပြည်မှနွားများကို တရုတ်နိုင်ငံသို့ နွားအကောင်လိုက်တင်ပို့ခွင့် လုံးဝပိတ်ပင်ထားသည်။ ထို့ကြောင့်
မြန်မာနိုင်ငံမှ ခိုးသွင်းလာသောနွားများကို မူဆယ်မြို့အနီးတစ်ဝိုက်တွင် သတ်ဖြတ်ပြီး ကယ်ရီလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကျယ်ခေါင်မြို့တွင် နေထိုင်သော မြန်မာတစ်ဦးကပြောသည်။

“တရုတ်မှာ အမဲသားဈေးကောင်းလို့ ဆက်တိုက်ပို့နေတာ။ သိပ်မကိုက်ရင်လည်း အဆင်ပြေမယ့်မြို့တွေကို ပို့နေတာလို့ကြားတယ်”ဟု ၎င်းကဆိုသည်။

တရုတ်သို့ တရားမ၀င် ကောင်ရေများစွာတင်ပို့သော နွားစီးကြောင်းကြောင့် သက်ရောက်မှုကတော့ ဈေးတိုင်း၊ အိမ်တိုင်းလိုလိုသို့ ရောက်နေသည်။ ယခင်ကာလ ပြည်တွင်းဈေးကွက်တွင် အမဲသားတစ်ပိဿာလျှင် လေးထောင်ကျပ်ဈေးသာရှိသော်လည်း ယခုအချိန်တွင် အမဲသားတစ်ပိဿာလျှင် ကျပ်ရှစ်ထောင်ဈေးထိ ပေးဝယ်ယူနေရသည်။ ယခင်က အောက်ခြေလူတန်းစားများမှာ အသားဟင်းစားလျှင် ဈေးချိုသောအမဲသားကို စားကြသော်လည်း ယခုအချိန်တွင် တစ်ပိဿာလျှင် ကျပ်လေးငါးထောင်သာပေးရသော ကြက်သားနှင့်ဝက်သားကို ပြောင်းလဲစားသုံးနေကြပြီဖြစ်သည်။

“အမဲသားပေါတဲ့ဒီနေရာမှာတောင် အမဲသားကိုမစားနိုင်ကြတော့ဘူး”ဟု ပုဂံညောင်ဦးမြို့နယ် မိုးနတ်ကုန်းကျေးရွာမှ အိမ်ရှင်မတစ်ဦးဖြစ်သူ မကြည်ကြည်ဝင်းကပြောသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း ခိုင်းနွားများမပြုန်းတီးရေးအတွက် သားသတ်လိုင်စင်(စီ)စနစ်ကို ဖျက်သိမ်း၍ သင့်လျော်သည့်စနစ်တစ်ခုဖြင့် အစားထိုးရန် ဆောင်ရွက်နေသည်ဟုဆိုပါသည်။

၂၀၁၀ မေလ ၁၂ ရက်တွင် ကုမ္ပဏီနှစ်ခုကို မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် နွားနှင့်ဆိတ်များ တရားဝင်တင်ပို့ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် သက်ဆိုင်ရာက ပြန်လည်တားမြစ်ခဲ့သည်။

နယ်ကျော်နွားများဖြစ်လျှင် သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသည်ဆိုသော်လည်း ဒေသလိုအပ်ချက်ကြောင့် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ပါမစ်ဖြင့် နယ်ကျော်နွားတင်ပို့လျှင် ရနိုင်သည်။ ဥပမာအားဖြင့် မကွေးတိုင်း နတ်မောက်မြို့ လေးအိမ်နွားပွဲဈေးမှ နွားများကို လိုအပ်ချက်ကြောင့် မန္တလေးတိုင်း၊ မိတ္ထီလာနွားပွဲဈေးသို့ တင်ပို့ခွင့်ပြုရသည်ဟု လေးအိမ်နွားပွဲဈေးမှ ဦးမန်းကပြောပြသည်။

“အဓိကပို့တာက နွားပွဲဈေးတစ်ခုကနေတစ်ခု ကြားခံပြီး ပို့နေကြတာ။ အချို့ကလည်း ခွင့်ပြုမိန့်ပါမစ်နဲ့၊ တချို့ကလည်း လမ်းကြောင်းရှင်းပြီး တရုတ်ကိုပို့ကြတာ။ ကျွန်တော့်ကို ပါမစ်တစ်ခုပဲ ထုတ်ပေး၊ တစ်ခေါက်သယ်လို့ရတာကို သုံးလေးခေါက်ရအောင်သယ်ပေးမယ်”ဟု မိတ္ထီလာမြို့ ဒေသခံဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်တာ သားသတ်လိုင်စင်(စီ) လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးကပြောသည်။

ယခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလလယ်ထိ တရားမ၀င်နွားတင်ပို့မှု ၃၀၀ ကျော်တွင် နွားအကောင် ၄၀၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

“ခိုင်းနွားရှားလို့ လုံးဝခွင့်မပြုထားပါဘူး။ ပြည်နယ်အစိုးရကလည်း ဖွင့်ပေးပိုင်ခွင့်မရှိပါဘူး။ အခုလောလောဆယ် တိရစ္ဆာန်အကောင်ကို ဘယ်နိုင်ငံမှ တင်ပို့ခွင့်လုပ်တာမရှိသေးပါဘူး”ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူးဦးလှထွန်းကဆိုပါသည်။

မှောင်ခိုတင်ပို့မှုများကြောင့် ဒေသတွင်း ခိုင်းနွားရှားပါးမှုကြုံတွေ့လာရပြီး သက်ဆိုင်ရာအနေဖြင့် အထိုင်အဖွဲ့၊ ရွေ့လျားအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးဖမ်းဆီးနေသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နွားတင်ပို့မှုစုရပ်ဖြစ်သော နောင်ချိုမြို့သို့ အလယ်ပိုင်းဒေသမှ ကျောက်မြောင်း-လက်ပံလှ-နောင်ချို၊ မြင်းမူ-မြောင်-နွားထိုးကြီး-မြင်းခြံ-နောင်ချို၊ မန္တလေး-မေမြို့-နောင်ချို စသည့်လမ်းကြောင်းများရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့သို့ သာစည်၊ ရမည်းသင်း၊ ဘုရားငါးဆူ၊ အောင်ပန်းစသော နွားတင်ပို့သည့်လမ်းကြောင်းရှိသည်ဟု နွားပွဲစားအများစုကဆိုသည်။

ထို့အပြင် တရုတ်နှင့်ထိစပ်လျက်ရှိသော ကချင်နယ်တွင်လည်း မြစ်ကြီးနား-ဗန်းမော်-လိုင်ဇာလမ်းကြောင်းမှတစ်ဆင့် တစ်ရက်လျှင် နွားအကောင်ရေ ၇၀ ခန့် တရားမ၀င်တင်ပို့နေသည်။

“နွားတွေမြင်တွေ့နေရတာ စိတ်မကောင်းဘူး။ ဖမ်းလည်းခဏပဲ ။နောက်နေ့ပြန်ပြီးတင်ပို့နေတာပဲ။ ဖမ်းတုန်းတော့ ခဏရှောင်နေကြတာ။ နောင်ချိုက အာဏာပိုင်တွေကလည်း ထိထိရောက်ရောက် မတားဆီးကြဘူး”ဟု ဦးညွန့်ဝေကပြောသည်။

ခိုင်းနွားပေါများရာဒေသများဖြစ်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင် အသင့်အတင့်ရှိသော ခိုင်းနွားတစ်ကောင်လျှင် အများဆုံးကျပ်ဆယ်သိန်းထိရှိသော်လည်း တရုတ်သို့တင်ပို့လျှင် ကျပ်ဆယ့်ငါးသိန်းခန့်ထိ ရရှိနေကြောင်း နွားပွဲစားများကပြောသည်။ တရားမ၀င်နွားတင်ပို့ရာတွင် စတင်ဝယ်ရသောနေရာမှ တရုတ်နယ်စပ်အရောက် နွားတစ်ကောင်လျှင် လမ်းတစ်လျှောက် ဖြတ်သန်းခလိုင်းကြေး တစ်သိန်းနီးပါးပေးရသည်ဟု နွားကုန်သည်များကဆိုသည်။

တရားမ၀င်နွားသယ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ်မှ အာဏာပိုင်များ၊ စည်ပင်၊ ထောက်လှမ်းရေး၊ အကောက်ခွန်နှင့် ဖြတ်သန်းရာဒေသများတွင် နွားများထားရှိရန်အတွက် ဒေသခံများအား အခကြေးငွေပေးရသည်ဟု နွားကုန်သည်အချို့ကပြောသည်။

“ဒီနေရာမှာ ဈေးချိုရင် ဒီနေရာကိုလာဝယ်တယ်။ နွားပွဲဈေးတစ်ခုမှာ တောင်သူအစစ်အမှန် လာဝယ်တယ်ဆိုတာ လေးငါးဦးထက်မပိုဘူး။ တောင်သူက ဒီဈေးနှုန်းကိုလည်း မတတ်နိုင်ဘူး”ဟု နှစ်နှစ်ဆယ်ကြာ နွားပွဲစားပြုလုပ်လာသူတစ်ဦးဖြစ်သူ မိတ္ထီလာမြို့မှ ဦးမြင့်အောင်ကပြောသည်။

တောင်သူများမှာ ခိုင်းနွားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးလာပြီး ယခင်က နွားထွန်ရှဉ်းနှစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် တစ်ရှဉ်းသာရှိတော့သလို ယခင်က နွားထွန်ရှဉ်းတစ်ရှဉ်းရှိသူသည် ယခုအချိန်တွင် နွားမများဖြင့် ထွန်ယက်စိုက်ပျိုးနေသူများလည်းရှိသည်။ လယ်ထွန်စက်တစ်စီးလျှင် ၁၆ သိန်းနီးပါးရှိနေသောကြောင့် တောင်ယာလုပ်ငန်းလုပ်ရန် ခိုင်းနွားရှားပါးလာသော ဒေသများရှိ တောင်သူများသည် ခိုင်းနွားထွန်ရှဉ်းရှိသောအိမ်၏ အငှားနွားထွန်ရှဉ်းများကိုသာ အသုံးပြုကြသည်။

“ကိုယ့်နိုင်ငံကနေ သူများနိုင်ငံကို ထွက်တာသာလွယ်တာ။ ကုန်သွားလို့ သူများနိုင်ငံကပြန်သွင်းရင် မလွယ်တော့ဘူး”ဟု မိတ္ထီလာမြို့မှ နွားပွဲစားလုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်သိန်းကပြောသည်။

နွားတစ်ရှဉ်းထောင်ဖို့စိတ်ကူးက ဒေါ်စန်းဌေးတွင်ရှိနေဆဲ။ ထို့ကြောင့် နွားဈေးပြန်ကျလာမည့် မရေရာသောအချိန်ကာလတစ်ခုကို ဒေါ်စန်းဌေးတစ်ယောက် မျှော်လင့်နေသည်။

Credit To 7Day News Journal
Read More »

လူ၊ Infrastructure နှင့် Institution ဇေယျသူ

မြန်မာနိုင်ငံ တည်ဆောက်ရေးတွင် Infrastructure ခေါ် အခြေခံ အဆောက်အဦ အရေးကြီးကြောင်း အားလုံးသိကြပြီး ဖြစ်သည်။ အဆောက်အအုံ၊ လမ်း၊ တံတား စသည့် Infrastructure သည် ချို့တဲ့သည်။ သို့သော် လူနှင့် Institution တို့က Infrastructure ထက်ပင် ပိုပြီးအခရာ ကျသည်။
နောက်ဆုံးပေါ် ဈေးကြီးပေ့ ကုန်ပစ္စည်းများ ရောင်းချသော ကုန်တိုက်သို့ အညောင်းပြေ အညာပြေ လမ်းလျှောက်ရင်း ဝင်သွားမိသည်။ နိုင်ငံခြားမှ တိုက်ရိုက် လာရောက် ဖွင့်လှစ်သည်ဟု နာမည် ကြီးနေသည့်အတွက် မည်သို့မည်ပုံ ဆောင်ရွက်နေသနည်းကို စူးစမ်းချင်သည့် အတွက်လည်း ပါသည်။
ဝင်ဝင်ချင်း မြင်လိုက်ရသော လုံခြုံရေး စစ်ဆေးသည့် အခင်းအကျင်းက သပ်သပ်ရပ်ရပ် ရှိသည်။ ပြင်ဆင် ခြယ်သထားသည့် ဒီဇိုင်းတို့ကလည်း ထူးခြားသည်။ Brand တို့က မြန်မာကြိုက်တွေ ပါသလို မြန်မာတွင် သိပ်မတွေ့ရသည့် Brand တွေလည်း ရှိသည်။ အရောင်းဝန်ထမ်း အမျိုးသမီးငယ်တွေ ဝတ်စုံက သပ်သပ်ရပ်ရပ် သားသားနားနား။ ဝယ်သူရှင်းသည့် အချိန်မို့လား မသိ၊ အရောင်းဝန်ထမ်းတို့ ဆိုင်တစ်ဆိုင်၊ Brand တစ်ခုနှင့်တစ်ခု စကားလှမ်းအော် ပြောနေကြသည့် အသံက ကြွက်စီကြွက်စီဖြင့်။ ပြောသည့်အသံ အမျိုးအစားကလည်း ဆူညံသံအဆင့် အသံမျိုးများ။ အချို့ဆိုင်တွင် ဝန်ထမ်းများစုပြီး စကားပြောနေကြသည့်အတွက် သူတို့ စကားစပြတ်မှာပင် ကိုယ်က စိုးရိမ်သလိုလို ဖြစ်ပြီး ဝင်မကြည့်ဖြစ်ခဲ့။ သူတို့ဆိုင်ရှေ့ ဝယ်သူ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမှန်းလည်း စကားဝိုင်းတွင် နစ်မြောနေသူတို့ သတိမထားမိကြ။ ဆိုင်တွင် လူမရှိသော မြန်မာကြိုက် Brand ဆိုင်ခန်းတစ်ခုကို ဝင်ကြည့် မိဖြစ်သည်၊ အစကတော့ ကြည့်ရုံ သက်သက်သာ ဖြစ်သော်လည်း အင်္ကျီတစ်ထည်ကို ဈေးမေးချင်လာသည်။ ဆိုင်ဝန်ထမ်းကို စောင့်သော်လည်း မရွှေချောလား၊ ကိုယ်တော်ချောလားမသိ ပေါ်မလာသဖြင့် ထွက်လာခဲ့သည်။ ထိုကုန်တိုက်တွင် အရောင်းဝန်ထမ်း လုပ်ရသည်မှာ ကောင်းလေစွ။ လှလှပပ ဝတ်စား၊ အချင်းချင်း စကားစမြည်လေးပြော၊ အချိန်တန် လစာရတယ် ကောင်းတယ်ဟုတ်။ ထို့ထက် ကောင်းသော အလုပ်ပင် ထိုလောက်ကောင်းမည် မထင်။
မြန်မာ လေယာဉ်လိုင်းတို့ စီးလျှင်လည်း အလားတူ ဖြစ်ရပ်မျိုး တွေ့ရသည်။ မြန်မာလေယာဉ်မယ်၊ လေယာဉ်မောင်တို့သည် မျက်နှာလေးတွေ ချိုကြ၊ ယဉ်ကျေးကြပါ သော်လည်း အလုပ်လုပ်ကိုင်ရာတွင် အသံထွက်သည်။ ဟိုဘက်ချပါ၊ ဒီဘက်ပို့ပါ စသည်ဖြင့် ဝါရင့် လေယာဉ်မယ်တို့က အသံပြု ကွပ်ကဲကြရာ အသံ ပိုထွက်ပြန်သည်။ ပြည်ပလေကြောင်း လိုင်းများတွင် ဆိုလျှင် လုပ်ငန်း ဆောင်တာတို့ကို မျက်နှာရိပ် မျက်နှာကဲ၊ လက်ဟန်ခြေဟန် ဖြင့်သာ ဆောင်ရွက် သွားကြသည်။ ပါးစပ်က အသံဗလံထွက်ခြင်း အလွန်နည်းသည်။ အကြိမ်ကြိမ် လေ့ကျင့် ဇာတ်တိုက်ထားခြင်း၏ ရလဒ်လည်း ဖြစ်ပုံရသည်။ ဒါတောင် မြန်မာနိုင်ငံသို့ ပြေးဆွဲသည့် ပြည်ပ လေယာဉ်လိုင်းတို့သည် အလုပ်သင် အချိုးအစားများ ပုံရပြီး မြန်မာခရီးစဉ်ကို လေ့ကျင့်ရေး ကွင်းသဖွယ် ကျင့်သုံးထားကြခြင်း များသည်။
နိုင်ငံတကာ မယ်ပြိုင်ပွဲများ၏ သဘောတရားသည်လည်း ထိုအတိုင်း ဖြစ်ပုံရသည်။ အဝတ်စနှစ်စသာ ကိုယ်ပေါ်တွင် ချန်ပြီး လူရှေ့သူရှေ့စင်ပေါ် လမ်းလျှောက်ရုံမျှ ကိစ္စသာဆိုလျှင် ကျန်အဝတ်များ ချွတ်ချလိုက်ရုံ။ လုပ်ရဲလျှင် ရပြီ၊ ကျန်တာ သိပ်မလို။ သို့သော် ဗဟုသုတ၊ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ မေးလာသော မေးခွန်းအထာကို ပေါက်ခြင်း၊ ချက်ကျလက်ကျ ပြန်ဖြေခြင်းတို့မှာ လုပ်ရဲရုံနှင့် မရ။ အခံဝမ်းစာလည်း ရှိ၊ လေ့လာအားလည်း ကောင်း၊ ဆင်ခြင်ဉဏ်လည်း ရှိပါမှ။ ထိုအရာတို့ကို သုံးလေးလနှင့် လုပ်မရ၊ အချိန်ယူပြီး တည်ဆောက်ရသည်။ ပြိုင်ပွဲဝင်မည်ဟု ပြင်ဆင်ထားခြင်း နှင့်လည်း မဆိုင်လှ။ နဂိုကတည်းက ကိုယ့်ကိုယ်ကိုယ် ထူးချွန်အောင် တည်ဆောက်ထားလျှင် ပြိုင်ပွဲအထာ အတွက်သာ ပြင်ဆင်ရန် လိုသည်။
ကုမဏီတစ်ခု တည်ထောင်လိုသည် ဆိုပါစို့။ တတ်နိုင်လျှင်အခန်း၊ အဆောက်အအုံ ချက်ချင်းလက်ငင်း ဝယ်လိုက် ငှားလိုက် ပရိဘောဂများထည့် ဆိုင်းဘုတ် ချိတ်လိုက်လျှင် ကုမ္ပဏီ အပြင်ပန်းရပြီ။ သို့သော် ကုမ္ပဏီကို ဦးဆောင်မည့်သူ၊ တာဝန်ခံမည့်သူ၊ ကုမ္ပဏီတွင် ပါဝင်လှုပ်ရှားမည့် သူများမှာမူ ထို Infrastructure များကဲ့သို့ အဆင်သင့် ချက်ချင်း တပ်လိုက် ဆင်လိုက်ရန် မလွယ်။ တတ်ကျွမ်းသူတို့ကို ရှာနိုင် ခန့်နိုင်လျှင်ပင် သူတို့ အတူတူအလုပ် လုပ်နိုင်အောင် တစ်သင်းသားတည်း စိတ်ဓာတ် ဖြစ်လာအောင် စီမံချထားပေးရန် လိုသေးသည်။
မြန်မာနိုင်ငံ ပညာရေး နိမ့်ကျခဲ့ခြင်းတွင် ပညာရေး အသုံးစရိတ် နည်းပါးခြင်းသည် အဓိက အကြောင်းရင်း တစ်ရပ်ဟု အဖြေထုတ်ကြသည်။ စာရေးသူ အမြင်တွင် ထိုနည်းပါးသော ပညာရေး အသုံးစရိတ်ကိုပင် ခွဲဝေ သုံးစွဲပုံ ပြင်လိုက်နိုင်ခဲ့လျှင် ပညာရေး အခြေအနေ ယခုလောက် မဆိုးနိုင်။ Infrastructure ဖြစ်သည့် အဆောက်အဦများ တည်ဆောက်ကာ တက္ကသိုလ်များ အရေအတွက် များခဲ့သော်လည်း ကျောင်းတွင်းရှိလူများ (ကျောင်းသားများ၊ ဆရာများ) ကို တည်ဆောက်ရန် ငွေသုံးစွဲမှု နည်းပါးခဲ့ခြင်းသည် မြန်မာ့ပညာရေး အားနည်းရခြင်း၏ အဓိက အကြောင်းတရားတစ်ရပ် ဖြစ်သည်။
Institution ခေါ် စည်းဘောင် သွင်းခြင်းသည်လည်း အခြေခံ အဆောက်အဦတို့နှင့် သဘောတရား တူတူပင် ဖြစ်သည်။ ဥပမာ-နေပြည်တော်တွင် ခမ်းနားကြီးကျယ်သော လွှတ်တော် အဆောက်အအုံကြီး တည်ဆောက်ထားရုံဖြင့် တိုင်းသူပြည်သားတို့ အကျိုးကို ဆောင်ရွက်နိုင်သော ဥပဒေပြု လွှတ်တော်ကြီး အလိုလို ဖြစ်မလာကြောင်း တွေ့ခဲ့ရပြီး ဖြစ်သည်။ အဆောက်အအုံတွင်းရှိ လူများကို တည်ဆောက်ခြင်း၊ ထိုလူများ တစ်ဦးနှင့်တစ်ဦး ပူးတွဲ အလုပ်လုပ်ကိုင်ကြခြင်း၊ လွှတ်တော် အလေ့အထများ မွေးမြူကြခြင်းတို့ဖြင့်သာ လွှတ်တော် တဖြည်းဖြည်း အသက်ဝင်လာပြီး လွှတ်တော်ဟူသော Institution တစ်ခုကို ပြည်သူတို့ မြင်လာရသည်။
လွှတ်တော် ဆိုသည်မှာ Formal Institution ခေါ် အလုပ်သဘော စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ Formal Institution ဖြစ်သည့် ယဉ်ကျေးမှုဆိုလျှင် ပိုမိုရှုပ်ထွေး သိမ်မွေ့သည်။ ကားတင်သွင်းခွင့် မူဝါဒကို လျှော့ချပေးပြီး ကတည်းက မြန်မာနိုင်ငံတွင်းတွင် ကားသစ်များ သို့မဟုတ် တစ်ပတ်ရစ် ကားသစ်များကို စီးလာနိုင် ကြသည်။ သို့သော် ကားများ သစ်လာရုံဖြင့် ယာဉ်စည်းကမ်း လိုက်နာမှုများ၊ ယာဉ်တစ်စီးနှင့်တစ်စီး နားလည် ညှာတာခြင်း ကဲ့သို့သော Formal Institution များမူ အလိုအလျောက် တက်လာခြင်း မရှိသည်ကို တွေ့ရမည်။ ပြည်တွင်းသို့ ကားများကို ချက်ချင်းလက်ငင်း တင်သွင်း လိုက်နိုင်သော်လည်း ကားပေါ်တွင် တက်ထိုင်မည့် သူများကိုမူ တင်သွင်း မရနိုင်ပါ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှု တိုးတက်လာရန် အချိန်ယူရဦးမည်သာ ဖြစ်သည်။
ငွေရှိလျှင် Infrastructure ကို ချက်ချင်းလက်ငင်း တည်ဆောက် ယူနိုင်သည်။ လူကို ချက်ချင်း ဖန်ဆင်းမရပါ။ Institution ကို ဥုံဖွဆိုပြီး မန်းမှုတ် မရနိုင်ပါ။ လူမပါသော၊ Institution မပါသော Infrastructure သည် ခေါင်းမပါသော ကိုယ်နှင့်သာ တူပေလိမ့်မည်။
Credit To The Voice Weekly
Read More »

ဆင်းလတ်စ်သွားတောလားနှင့်မှေးမှိန်ပျောက်ကွယ်သွားသောဖက်ဒရယ်တပ်မတော်အလားအလာ (ကျော်ကိုကို)



ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယမြောက်ဥရောပခရီးစဉ်များအဖြစ်
ဗြိတိန်နိုင်ငံကိုဝင်ပြီး ဆင်းဟတ်စ်တက္ကသိုလ်ကို သွားရောက်လေ့လာခဲ့ပါတယ်။
ဗြိတိန်က ဗမာစစ်တပ်ကို ပံ့ပိုးကူညီမယ်လို့  တရားဝင်ကြေညာပြီးနောက်မှာ
ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုလေးစားကြည်ညိုသော တပ်မတော်တစ်ခု
အဖြစ် မြင်ချင်တယ်လို့  မိန့် ခွန်းထဲမှာ ပြောကြားသွားပါတယ်။
ဒီလိုအကြောင်းအရာတွေကို လေ့လာပြီးတဲ့အခါ စစ်တပ်ရဲ့ အနေအထားကို
စောင့်ကြည့်လေ့လာတဲ့အခါ လူထုလေးစားကြည်ညိုတဲ့စစ်တပ်ဖြစ်လာဖို့ 
ဆောင်ရွက်နေတာထက် လူထုကို ပိုပြီးရွံ့ လာ၊ ကြောက်လာအောင်သာ
ဆက်လက်လုပ်ဆောင်နေတာဖြစ်ကြောင်း သံသယမရှိဘဲ ကျွန်တော်တို့ 
လက်ခံရလိမ့်မယ်။

မကြာသေးခင်က ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုကို
နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး လက်နက်တွေနဲ့ ဝင်ရောက်ခဲ့တာမျိုးတွေ
ရှိသလို ဗန်းမော်၊ မန်စီမြို့ နယ်တွေမှာလည်း သစ်ခိုးဂိုဏ်းနှိမ်နင်းတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ ဝင်ရောက်တိုက်ခိုက်နေတာမျိုးတွေရှိပါတယ်။ ထို့ အပြင်
မြစ်ကြီးနားမြို့ မှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ 
ဆွေးနွေးပွဲမှာလည်း ဗမာအစိုးရဖက်က ပြောရေးဆိုခွင့်ရှိသူ စစ်တပ်အကြီးအကဲ
တစ်ဦးက ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တည်ဆောက်ရေး မဖြစ်နိုင်ဘူးလို့ 
မီဒီယာရဲ့ အမေးကို ပြန်လည်ဖြေကြားသွားတာကို ကြားလိုက်ရပါတယ်။
သူဆိုလိုတာက လက်ရှိစစ်တပ်ဖွဲ့ စည်းပုံနဲ့  အာဏာချုပ်ကိုင်မှုအထိုင်ကို
ဘယ်နည်းနဲ့ မှ ပြင်ဆင်လို့ မရဘူးလို့  တိုင်းပြည်ကို လူသိရှင်ကြားထုတ်ဖော်
ကြေညာလိုက်တာနဲ့ တူပါတယ်။

ကျွန်တော်တို့ လေ့လာသုံးသပ်ကြည့်တဲ့အခါ ဗမာစစ်တပ်က အရှေ့ တောင်အာရှမှာ
အင်အားအများဆုံးစစ်တပ်ဖြစ်သလို အာဏာကို ချုပ်ကိုင်လွှမ်းမိုးမှုရှိနေတဲ့
စစ်တပ်လည်းဖြစ်ပါတယ်။ လူမျိုးစုပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံထဲက
လူမျိုးတစ်မျိုးတည်း လွှမ်းမိုးထားတဲ့စစ်တပ်ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကို
ရှည်ကြာစွာဆင်နွှဲလာခဲ့ပြီး နိုင်ငံ့စုစုပေါင်းထွက်ကုန်ရဲ့  ရာခိုင်နှုန်းအတော်များများကို
စစ်သုံးစရိတ်အဖြစ် သုံးစွဲခွင့်ရထားတဲ့စစ်တပ်လည်းဖြစ်ပါတယ်။
နှစ်စဉ် စစ်သင်တန်းများ၊ စစ်တက္ကသိုလ်များမှ လူငယ်များကို ခေါ်ယူလေ့ကျင့်ပြီး
စဉ်ဆက်မပြတ် အင်အားဖြည့်တင်းနေတဲ့ စစ်တပ်ဖြစ်တဲ့အပြင် နိုင်ငံရေးကဏ္ဍ
မှာလည်း ဦးဆောင်တဲ့နေရာက ကြီးကြီးမားမား ပါဝင်ပက်သက်နေတဲ့
စစ်တပ်လည်းဖြစ်ပါတယ်။ ဒါတွေဟာ ထင်ထင်ရှားရှား လူသိလို့ ၊ မြင်လို့ ရတဲ့
အပိုင်းတွေဖြစ်ပြီးတော့ လူထုကို မသိမသာဝါဒဖြန့် ထားမှ လူထုဟာ စစ်တပ်ကို
ကြောက်ရွံ့ နေရမယ်ဆိုတဲ့စိတ် တဖြည်းဖြည်ချင်း သွင်းပေးရင်းနဲ့ 
ပုံရိပ်ကြီးထွားလာတဲ့အခြေအနေမှာရှိနေပါတယ်။

တကယ်တော့ ဗမာစစ်တပ်သန္ဓေတည်ပေါက်ဖွားရာနိုင်ငံက ဂျပန်နိုင်ငံဖြစ်ပြီး
ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မှာကြီးထွားရှင်သန်နေတဲ့ ပဒေသရာဇ်တစ်ပိုင်း၊
ဖက်ဆစ်တစ်ပိုင်း စစ်တပ်ပုံစံကို မော်ဒယ်လ်ထားပြီး ဗမာစစ်တပ်အတွက်
ပုံသွန်းလောင်းခဲ့တယ်လို့ ပြောရင် မမှားပါဘူး။ ဒါပေမယ့် ပြည်ချစ်စိတ်ဓာတ်ရှိတဲ့
ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ခေါင်းဆောင်အချို့ ကြောင့် လမ်းမှားကို
ရောက်မသွားဘဲ တော်လှန်တဲ့ပြည်သူနဲ့ လက်တွဲပြီး ဖက်ဆစ်ကို မောင်းထုတ်နိုင်
ခဲ့ကြပါတယ်။ ဒါဟာ တစ်ချိန်က လူထုလေးစားကြည်ညိုတဲ့တပ်မတော်အဖြစ်
နိုင်ငံရေးရပ်တည်မှု မှန်ကန်ခဲ့တယ်ဆိုတာပြသနိုင်တဲ့ အကောင်းဆုံးလက်နက်
တစ်ခုပါဘဲ။

ဗမာ့တပ်မတ်ာခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံရေးလောကမှာ
စစ်တပ်ပါဝင်ပက်သက်ခြင်းမရှိအောင် တော်တော်သတိထားပြီး ဆောင်ရွက်ခဲ့တာ
တွေ့ ရပါတယ်။ သူကိုယ်တိုင်နိုင်ငံရေးလုပ်ဖို့  စစ်တပ်ကထွက်ပြီး
ဦးအောင်ဆန်းအဖြစ်နဲ့ သာ ဖဆပလအဖွဲ့ ကြီးကို ဦးဆောင်လို့ ယာယီအစိုးရ
ဖွဲ့ စည်းခဲ့တာဖြစ်တယ်။ ယနေ့  စစ်ယူနီဖောင်းနဲ့  လွှတ်တော်အခန့် သား
တက်ထိုင်တာမျိုးကို ဗိုလ်ချုပ်အောင်ဆန်းက လုံးဝနှစ်မြို့ လိမ့်မယ်မဟုတ်ပါဘူး။
စစ်တပ်ဟာ အာဏာနိုင်ငံရေးနဲ့  ဘယ်လိုမှ မအပ်စပ်တဲ့ အဖွဲ့ အစည်းတစ်ခု
ဖြစ်ကြောင်း ဗိုလ်ချုပ်က ပုံဖော်ပြသသွားခဲ့ပါတယ်။ ပြီးတော့ ဗိုလ်ချုပ်ရဲ့ ဆန္ဒအရ
စစ်တပ်ထဲမှာ လူမျိုးစုပေါင်းစုံပါဝင်တာကို လိုလားပါတယ်။ ဒီနိုင်ငံမှာ လူမျိုးစု
ပေါင်းစုံနေထိုင်တာဖြစ်တဲ့အတွက် စစ်တပ်ဟာ လူများစုလူမျိုးစုတစ်မျိုးတည်းနဲ့ ဘဲ
ဖွဲ့ စည်းရမှာမဟုတ်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး လွတ်လပ်ရေးမကြေညာနိုင်သေးခင်အထိ
တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ နယ်ချဲ့ ဆန့် ကျင်ရေး၊ ဖက်ဆစ်ဆန့် ကျင်ရေး
စရိုက်လက္ခဏာအပြည့်အ၀ရှိခဲ့ပြီး ပြည်သူလူထုအကျိုးစီးပွားဘက်က ရှိခဲ့တယ်လို့ 
သတ်မှတ်ရပါလိမ့်မယ်။ အဲဒီအချိန်က တော်လှန်တဲ့နိုင်ငံရေးအယူအဆ၊
တိုးတက်တဲ့အမြင်ရှိတဲ့ စစ်ဗိုလ်စစ်သားတွေ တပ်မတော်မှာရှိသေးတဲ့အပြင်
ပြည်သူလူထုကိုချစ်ပြီး ပြည်သူ့ အကျိုးစီးပွားကို ရှေ့ တန်းတင်တဲ့
ပြည်ချစ်စစ်သားတွေလည်း ရှိနေသေးတယ်လို့  တိတိပပ ရည်ညွှန်းရပါလိမ့်မယ်။
ဖဆပလခေတ်ရောက်တဲ့အခါ တပ်မတော်ဘ၀ကနေ အာဏာရပါတီရဲ့ 
လက်ကိုင်တုတ်စစ်တပ်ဘ၀ကို လျှောကျပြီး လူမျိုးရေးအမုန်းတရားတွေကိုပါ
စစ်တပ်တွင်းတည်ဆောက်လာတဲ့အထိ အကြီးအကျယ်မှားယွင်းတဲ့
လမ်းကြောင်းပေါ် တစတစနဲ့ ပိုမိုရောက်ရှိလာပါတယ်။

အဲဒီကမှတစ်ဆင့် ဗိုလ်နေ၀င်းအုပ်ချုပ်တဲ့အချိန်မှာ နိုင်ငံရေးအရ ပါဝင်စွက်ဖက်
တာတွေ၊ ဘက်လိုက်မဲဆွယ်တာတွေလုပ်လာတဲ့အပြင် အောက်ခြေမှာ
ပြည်တွင်းစစ်ကို အသဲအမဲဆင်နွှဲပြီး ကာ/ချုပ်က သူ့ သြဇာတည်ဆောက်ရေးကိုသာ
နည်းအမျိုးမျိုးနဲ့ လုံးပန်းနေတဲ့ ဖောက်ပြန်တဲ့စစ်တပ်ဖြစ်လာပါတော့တယ်။
သူ့ ကိုယ်သူ တပ်မတော်ရဲ့ ခေါင်းကိုင်ဖခင်ကြီးတစ်ဦးအဖြစ် ပုံဖော်ခဲ့တဲ့
ဗိုလ်နေ၀င်းဟာ စစ်တပ်ဆိုတာ ပြည်သူရဲ့ အထက်မှာရှိတဲ့ မိုးကျရွှေကိုယ်တွေ
ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်တစ်ရပ်ကို စနစ်တကျတည်ဆောက်ပြီးတော့
အာဏာသိမ်းယူလိုက်တဲ့အခါ ပြည်သူကိုဆန့် ကျင်တဲ့စစ်အုပ်စုတစ်စု
မွေးဖွားလာရပါတယ်။ စစ်အုပ်စုထဲမှာ အာဏာကို လိုသလိုသုံးစွဲပိုင်ခွင့်
အပြည့်အ၀ရှိတဲ့အချိန်ကစပြီး တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစတဲ့
အခြေအနေတွေ ပြောင်းပြန်လှန်လိုက်သလို နိမ့်ကျပျက်စီးဆုတ်ယုတ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းချမှတ်တဲ့လမ်းစဉ်နဲ့  လုံးဝဆန့် ကျင်ပြီး တပ်မတော်ရဲ့ 
ကောင်းမွန်တဲ့အစဉ်အလာတွေဟာ ပျောက်ချင်းမလှ ပျေက်ဆုံးကုန်ပါတော့တယ်။

ဒါ့ကြောင့် ပြည်တွင်းစစ်ကာလ စစ်တပ်ရဲ့  ရက်စက်ဆိုးရွားမှုတွေကို
ပြည်သူတွေဟာ ခါးစည်းခံရင်းက လူမျိုးစုံလက်နက်ကိုင်အင်အားစုတွေအဖြစ်
အသွင်ပြောင်းရင်း မိမိတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်ခဲ့
ပါတယ်။ ဖော်ပြပါအခြေအနေတွေအပြင် လက်နက်မကိုင်တဲ့ လူထုလှုပ်ရှားမှုတွေ
မှာလည်း စစ်တပ်က အကြမ်းတမ်းဆုံးနည်းမျိုးစုံသုံးပြီး ဖြေရှင်းခဲ့တာကို
အထင်အရှားတွေ့ ကြရမှာပါ။ ရှစ်လေးလုံးဒီမိုကရေစီတော်လှန်ရေးကြီးမှာ
ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့တဲ့အတွက် ဒီကနေ့ ထိ
သွေးတွေမခြောက်သေးပါဘူး။ ဗမာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်
တလျောက်မှာ ပါဝင်ခဲ့တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အပြုသဘောမဆောင်ဘူး
ဆိုတာ စဉ်းစားတတ်တဲ့လူမှန်သမျှ သိပြီးဖြစ်ပါလိမ့မယ်။

အခုတလောကိစ္စတွေမှာလည်း စစ်တပ်ကအငြိမ်းစားယူပြီး ပါတီအသွင်ပြောင်းထား
သူတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်ယူနေတာဖြစ်ပေမယ့် စစ်တပ်ကတော့
ဘယ်နယ်မြေ၊ ဘယ်ဒေသကမှ ပြန်လည်ဆုတ်ခွာသွားသေးတာမဟုတ်ပါဘူး။
လက်နက်ကိုင်တပ်တွေ ထပ်တိုးဖြည့်တင်းတာနဲ့  စစ်အခြေစိုက်စခန်းတွေ
ရှေ့ တိုးချထားတာတွေကိုသာ တွင်တွင်ကျယ်ကျယ်ကြီး လုပ်ဆောင်နေတာကို
အထင်အရှားတွေ့ မြင်နေရပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့ စည်းပုံမှာ ထည့်သွင်းရေးဆွဲ
သလို စစ်ရေးစစ်ရာကိစ္စတွေကို စစ်တပ်က လွတ်လပ်စွာစီမံခန့် ခွဲခွင့်ရှိသည်ဆိုတဲ့
အချက်ကို အခိုင်အမာ အကောင်အထည်ဖော်နေတာတွေ့ ရတဲ့အတွက်
သမ္မတအပါအ၀င် ဘယ်အရပ်သား၊ ဘယ်အရပ်ဖက်လူ့ အဖွဲ့ အစည်း၊
ဘယ်အစိုးရအဖွဲ့ အစည်းကမှ စစ်တပ်ရဲ့ သြဇာကို လျှော့ချလို့ မရဘူးဆိုတာ
သက်သေထူနေတာဖြစ်မယ်လို့ သုံးသပ်မိပါတယ်။

ကျွန်တော်တို့ ဗမာပြည်နိုင်ငံရေးကို လေ့လာသုံးသပ်တဲ့အခါ လက်တွေ့ အခြေအနေ
တွေကို ယထာဘူတကျကျသုံးသပ်ဖို့  အမှန်တကယ်လိုအပ်နေပါတယ်။
စိတ်ဆန္ဒစွဲကင်းကင်းနဲ့  အမှန်ကိုအမှန်အတိုင်းမြင်ကြဖို့  တိုက်တွန်းလိုပါတယ်။
မဟာဗျူဟာမဲ့ အကောင်းလွန်အမြင်မျိုးနဲ့  စစ်တပ်၊ အရပ်ဖက် ပေါင်းစပ်ပြီး
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့ စည်းဖို့  ချဉ်းကပ်ရင်လည်း တကယ်တမ်း
လက်တွေ့ မကျဘူးလို့ ဘဲ ဝေဖန်ပါရစေ။ ငြိမ်းချမ်းရေးတည်ဆောက်ကြရာမှာ
အလျင်စလို အပြီးသတ်ဖို့ ကြိုးစားခဲ့ကြတဲ့ တိုင်းရင်းသားအင်အားစုတွေဟာ
သမိုင်းမှာ လက်နက်ချတွေအဖြစ်နဲ့ သာ နိဂုံးချုပ်ခဲ့ရပြီး လိုလားတဲ့ပန်းတိုင်ကို
ဘယ်တုန်းကမှ မရောက်ခဲ့ကြတာကို ကောင်းကောင်းသင်ခန်းစာယူပြီး
အခုတစ်ကြိမ်မှာ ထပ်မလွဲချော်ကြတော့ဘူးလို့  ယုံကြည်ထားပါတယ်။
ဒီလိုဘဲ ပြည်ပနိုင်ငံရေးသမားတွေအနေနဲ့ လည်း သိပ်အကောင်းမြင်လွန်းတာတွေ
လျှော့ပြီး ဝေဖန်စရာရှိတာဝေဖန်ဖို့ နဲ့  ဖိအားပေးစရာရှိတာတွေကို
လက်တွန့် မနေကြဖို့  အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်။

ကျော်ကိုကို

(သမဂ္ဂဂျာနယ် အတွဲ ၁၊ အမှတ် ၄၅ မှ ထုတ်နုတ်ဖော်ပြပါသည်)
Read More »

ပြင်ဆင်ရေး၊ အသွင်ကူးပြောင်းရေးနှင့် အချစ်မပါသော အိမ်ထောင်ရေး

 

နိဒါန်း

အမျိုးသားရေးနိုးကြားမှု အသွင်ဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ရေးဆွဲမလား ဟူသည့် မေးခွန်းသည်လည်း လက်ရှိကြား သိရသည့် သတင်းများအရ ပြင်ဆင်ရေးလမ်းကြောင်း ကိုသာ သွားကြတော့မည့် သဘောသို့ တိမ်းညွတ်နေသည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်လမ်းကြောင်း ကသာ လျှောက်လှမ်းသွားမည့် ရည်မှန်းချက်ကို လူသိထင်ရှား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံဥပဒေပါ ပေးထားချက်များအတိုင်း ဆောင်ရွက်သွားမည် ဟူ၍ ဖြစ်သည်။

အစောဆုံး ပြောကြားခဲ့သူ

နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ကျိန်ဆိုပြီး နိုင်ငံ့တာဝန်ကို လွှဲ ပြောင်းရယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာပင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ ပေးထားချက်အတိုင်း ပြင်ဆင်ကြရန် ထုတ်ဖော် ပြောကြားခဲ့သည်။ ဆိုရလျှင် နိုင်ငံတော်သမ္မတကြီး သည် စတင် တာဝန်ထမ်းဆောင်ချိန်မှာပင် ပြင်ဆင်ရေးလမ်းကြောင်းကို ဖော်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ပိုမိုထင်ရှားစေရန် အတွက် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ကောက်နုတ်ချက်ကို အောက်ပါအတိုင်း ပြန်လည်ဖော်ပြလိုသည်။
per_psyatkpy_HZ“အမျိုးသား ပြန်လည် ပေါင်းစည်းညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ်(၇)ရပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်း ပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ဥပဒေ ပြင်ပရှိ အဖွဲ့အစည်းများ ရှိနေကြပါတယ်။ ဒီပုဂ္ဂိုလ် အဖွဲ့အစည်းများဟာ မိမိတို့ နိုင်ငံသားများ ဖြစ်ကြပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဖြစ်ကြသလို ကျွန်တော်တို့ အစိုးရအဖွဲ့ ကိုလည်း ကိုယ့်တိုင်းရင်းသားတွေနဲ့ အဆင့်ဆင့် ပါဝင်ဖွဲ့စည်းထားတဲ့ ကိုယ့်အစိုးရအဖြစ် မြင်ဖို့ လိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)မှာ လုပ်ထုံးလုပ်နည်း များနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ပေးထားပြီး ဖြစ်ပါတယ်။”
ဤသည်မှာ စတင်တာဝန်ယူချိန်မှာပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ထားရှိသော နိုင်ငံတော်သမ္မတကြီး၏ သဘောထားကို အတိအလင်း ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။ ပေးထားချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)နှင့် (ခ)တို့သည် ပြင်ဆင်ပုံ ပြင်ဆင်နည်းကို သတ်မှတ်ပေးထားခြင်းသာ ဖြစ်သည်။ ပြင်လိုသော် ဤအတိုင်းပြင်ဟု ဆိုထားသည့် ပြင်ဆင်ရေးဆိုင်ရာ ပေးထားချက်များလည်း ဖြစ်သည်။

ဘယ်လိုပြင်ကြမလဲ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပုဒ်မပေါင်း ၄၅၇ ခု ရှိပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရန် ပြဋ္ဌာန်းထားသည့် ပုဒ်မပေါင်း ၉၅ ခု ရှိရာ ၂၀ ဒသမ ၇၉ ရာခိုင်နှုန်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင်းမှာပင် ပြင်ဆင်နိုင်သည့် ပုဒ်မပေါင်း ၃၆၂ ခု ၇၉ ဒသမ ၂၁ ရာခိုင်နှုန်း ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အဓိကကျသည်မှာ ပုဒ်မ ၁ မှ ၄၈ အထိ ဖြစ်သော အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ဖြစ်သည်။ အဆိုပါ အခြေခံမူများ (Basic Principles) ကို အခြေခံ၍ ကျန်ပြဋ္ဌာန်းချက်များ ပြဋ္ဌာန်းထားခြင်း ဖြစ်သည်ကိုလည်း ပုဒ်မ ၄၈ တွင် “နိုင်ငံတော် အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေ ပြဋ္ဌာန်းရာတွင် လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့် လမ်းညွှန်ချက်များ ဖြစ်သည်” ဟူ၍ ပြဋ္ဌာန်းထားကြောင်း တွေ့ရှိနိုင်သည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲခဲ့ရာတွင် ပထမဦးစွာ အခြေခံမူများကို ဆွေးနွေးညှိနှိုင်းပြီး ယင်းအခြေခံမူ များကို အခြေခံ၍ အသေးစိတ် အခြေခံရမည့်မူများ ဟူ၍ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။ ယင်းမူများ အတည်ပြု သဘောတူညီပြီးနောက် ပြဋ္ဌာန်းချက်များ အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အခန်း(၁)ကို အခြေခံ၍ အခန်း(၂)မှ အခန်း(၁၅)အထိ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ဤသို့ ရှင်းလင်းနေရခြင်း အကြောင်းရင်းမှာ အခန်း(၂)မှ အခန်း(၁၅)အထိ ပါရှိသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ယင်းပုဒ်မများကိုသာ ကွက်၍ မပြင်သင့်ဘဲ မူလအခြေခံထားသည့် အခြေခံမူကိုပါ ပြင်ဆင်ရမည် ဖြစ်သည့်အတွက် အခန်း(၁) ပါ ပုဒ်မပေါင်း(၄၈)ခုကို ကိုင်တွယ်ရမည်ဟု ရည်ညွှန်းလိုခြင်း ဖြစ်သည်။
တစ်ဖန် အခန်း (၁) ပါ ပုဒ်မပေါင်း ၄၈ ခုသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး၏ မူဘောင် Spirit of Constitution ဖြစ်သည့်အတွက် မူဘောင်ကို ဦးစွာအကျေအလည် ညှိနှိုင်းဆွေးနွေးရန် လိုအပ်မည် ဖြစ်သည်။ ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြလာသည့် တင်ပြချက်များအပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် မူဘောင် သဘောတူညီချက် တို့ကို ပြန်လည်တိုက်ဆိုင်၍ စိစစ်သုံးသပ်ရမည့် သဘောရှိသည်။

ဘယ်လောက်အထိ ပြင်မလဲ

ပြင်ဆင်ရေး စားပွဲဝိုင်းတို့တွင် သူ့လိုလားချက်၊ ကိုယ့်လိုလားချက် စသည်အားဖြင့် နိုင်ငံရေး အင်အားစု အသီးသီးတို့၏ ဆန္ဒပေါင်းများစွာ၊ ပြင်ဆင်ချက်ပေါင်းများစွာ ရှိနေကြမည်မှာ မုချဖြစ်၍ ဆန္ဒပေါ် အခြေပြုသော ပြင်ဆင်ရေးအစီအစဉ် တို့လည်း ကိုယ်စီကိုယ်စီ ရှိနေကြပေလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေကို လက်တွေ့ ကျင့်သုံးလာကြသည်မှာ (၂)နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၍ တွေ့ကြုံလာရသော အခက်အခဲများကို ပြေလည်စိမ့်သောငှာ လည်းကောင်း၊ အမျိုးသားညီညွတ်ရေးကို ရှေးရှုစေခြင်းငှာ လည်းကောင်း ဦးစားပေး ရည်မှန်းချက် ပန်းတိုင်များကို ဆစ်ပိုင်းလေ့လာပြီး ပြင်ဆင်ရေးဆိုင်ရာ ဘုံသဘောတူညီချက် ရှာဖွေဖော်ထုတ်သော် မသင့်လောဟု တွေးမိသည်။ အကြောင်းရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရမည်မှာ (၂၀.၇၉ ရာခိုင်နှုန်း) ရှိသည် ဖြစ်၍ ပြင်ဆင်ရေးဒိုင်ယာလော့ မည်မျှအထိ ခရီးရောက်မည်နည်း ဟူသော မေးခွန်းကြောင့် ဖြစ်သည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် ပြင်ဆင်ရမည့် ပုဒ်မများကို လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရသည်-
(၁) အခန်း (၁) ၊ နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၁ မှ ၄၈ အထိ၊ (တစ်ခန်းလုံး)
(၂) အခန်း (၂) ၊ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပုဒ်မ ၄၉ မှ ၅၆ အထိ၊ (တစ်ခန်းလုံး)
(၃) အခန်း (၃) ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ (ပုဒ်မ ၅၉) ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း (ပုဒ်မ ၆၀)
(၄) အခန်း (၄) ၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၇၄) ၊ ပြည်သူ့လွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၀၉)၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၄၁) ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်း (ပုဒ်မ ၁၆၁)
(၅) အခန်း (၅) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၀၀)၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၀၁) ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၄၈) ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း (ပုဒ်မ ၂၇၆)
(၆) အခန်း (၆)၊ တရားရုံးများဖွဲ့စည်းခြင်း (ပုဒ်မ ၂၉၃) ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖွဲ့စည်းခြင်း (ပုဒ်မ ၂၉၄) ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်များ ဖွဲ့စည်းခြင်း (ပုဒ်မ ၃၀၅) ၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၏ ကြီးကြပ်မှုအောက်ရှိ တရားရုံးများ (ပုဒ်မ ၃၁၄) ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းခြင်း (ပုဒ်မ ၃၂၀) ၊
(၇) အခန်း (၁၁) ၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ (တစ်ခန်းလုံး)
(၈) အခန်း (၁၂) ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ရန် လိုအပ်သည့် ပုဒ်မများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅% ကျော်ဖြင့် ပြင်ဆင်နိုင်သော ပုဒ်မများ(ပုဒ်မ ၄၃၆)
အထက်ပါ ပြဋ္ဌာန်းချက်များကို လေ့လာခြင်းအားဖြင့် အခန်း (၇) တပ်မတော်၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်း၊ အခန်း (၁၀) နိုင်ငံရေးပါတီများ ဟူသည့် အခန်း (၄) ခန်းပါ ပြဋ္ဌာန်းချက်များမှာ လွှတ်တော်တွင်း ပြင်ဆင်ရေးဖြင့် ပြီးမြောက်နိုင်မည်။ သို့သော် အခန်း (၁) အခြေခံမူနှင့် ညီညွတ်ရမည်ဟူ၍ တွေ့ရှိနိုင်သည်။ လွှတ်တော်တွင် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ ဘုံသဘောတူညီချက် များကို တည်ဆောက်နိုင်လျှင် များစွာ လူးသာလွန့်သာ မည်ကို တွေ့ရှိနိုင်သည်။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး။ ပြည်နယ် လုပ်ပိုင်ခွင့်များ ခွဲဝေထားသော နောက်ဆက်တွဲ ဇယားများမှာ ဖက်ဒရယ် စစ်ရေးအတွက် အဓိကဖြစ်နေပြီး လွှတ်တော်တွင်း ပြင်ဆင်ရေး လမ်းကြောင်းနှင့်ပင် ပြီးပြတ်မည်၊ သို့သော် အခန်း (၁) အခြေခံမူနှင့် ညီညွတ်ရမည်၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု လိုအပ်မည် ဖြစ်သည်။
လွှတ်တော်တွင်း အင်အား ချိန်ခွင်လျှာကို မိမိတို့ဘာသာ ဆင်ခြင် သုံးသပ်တော်မူ နိုင်ကြရန်သာ လိုသည်။ သို့ဆိုလျှင် အဖြေမှန်နှင့် နီးစပ်နိုင်ကြ ပေလိမ့်မည်။

ဘယ်ဟာကို စပြင်မလဲ

ဤတွင် လက်ရှိ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျွမ်းကျင်သူများ စသည့် Stakeholder အားလုံး၏ ဘုံသဘောထား တစ်ရပ် ထွက်ပေါ်နိုင်ရန် မည်သည့်ကို အစပြုမည်နည်း ဟူသော မေးခွန်းတစ်ရပ် ပေါ်ထွက်လာသည်။ ပြည်တွင်းစစ် နိဂုံးချုပ်ရေးသို့ သွားလိုသော် ပြည်နယ်-ပြည်ထောင်စု အငြင်းပွားမှုများကို ဦးစွာ ရှင်းရန် လိုအပ်မည်။ တပ်မတော်အနေနှင့် နိုင်ငံရေးမှ အပြီးဆိုင် ဆုတ်ခွာရေးသည် ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝ ရ-မရ ဟူသောအချက်နှင့် တိုက်ရိုက် ဆက်နွှယ်နေသောကြောင့် ယခုပြင်ဆင်သည့် အဆင့်တွင် အပြီးတိုင် ဆုတ်ခွာရေးအထိ မမှန်းသင့်ဘဲ ရှေ့တစ်ဆင့်ဖြစ်သည့် ငြိမ်းချမ်းရေးကိုသာ ရှေးရှုသင့်ကြောင်း တွေ့ရှိနိုင်သည်။
Politics is The Art of Possible ဟု ဆိုကြသည့်အတိုင်း ဆန္ဒထက် အမြော်အမြင်ကို ဆင်ခြင် ခွဲခြားလျက် ဈာန်သမာပတ် ဝင်စားနိုင်မှသာ ဖြစ်နိုင်ခြေအနုပညာကို ဖန်တီးနိုင်ကြမည် ဖြစ်သည်။ ၂၀၁၅ မတိုင်မီ ဟူသော အချိန်ဇယားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု မှန်သမျှ အပြတ်ဖြတ်နိုင်-မဖြတ်နိုင် ကိုလည်း အင်အားနှင့် အလုပ်နှိုင်းယှဉ် ချိန်ဆကြရန် အရေးကြီးပေမည်။
နိုင်ငံရေးခေါင်းဆောင်များ သတိပြုရမည်မှာ လက်ရှိအနေအထားသည် အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေကြဆဲ ဖြစ်၍ စတန်းဖို့ တက္ကသိုလ်ပါမောက္ခ တယ်ရီကား၏ အဆိုအတိုင်း “အသွင်ကူးပြောင်းရေး ဟူသည်မှာ အချစ်မပါဘဲ ပြုလိုက်ရသော အိမ်ထောင်ရေး” ဟူသည်ကို သတိချပ်ကြရန် ဖြစ်သည်။ အသွင်ကူးပြောင်းရေးကို အသွင်ကူးပြောင်းရေး ဟူ၍ နားလည်နိုင်ခြင်း မရှိခဲ့ပါလျှင် မိမိစံနှင့်အညီ၊ မိမိ စရွေးနှင့်အံကိုက် ဟူသော စိတ်ကူးစံများဖြင့် မချစ်သော်လည်း အောင့်ကာမနမ်းနိုင်ဘဲ အိမ်ထောင် တကွဲတပြား အဖြစ်ခံရမည့်ကိန်း ဆိုက်နိုင်ပေသည်။ သန်း ၆၀ မိသားစုကြီး၏ အိမ်ထောင်ရေး ဖြစ်သောကြောင့် ဆန္ဒထက် ဉာဏ်အမြော်အမြင် တို့ကသာ ဖြစ်နိုင်ခြေ အနုပညာကို ဖန်ဆင်းနိုင်မည် ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
မှူးဇော်
 http://thevoicemyanmar.com/
Read More »

ကရင်လူမျိုး



  • ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။

လူမျိုးစုများ


ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် စော တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နော် တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် မန်း တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နန့်တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။

ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း


ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသော အခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်း မှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။

ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်


ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတ၀ှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။ကရင်နှစ် သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ


၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေးရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့ မဟုတတ်) ကရင်ပြည်ပြန်ပေးဖို့ ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ ပေါ်တက်၍ ကရင်လူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင့်ပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆကလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့ သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။
  1. ကရင်ပြည်ချက်ခြင်းပြန်ပေး၊
  2. ကရင်တကျပ်၊ ဗမာတကျပ်၊
  3. လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
  4. ပြည်တွင်းစစ်အလိုမရှိ
စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့ များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများသည် ကရင်လူမျိုးများအနေနှင့် အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းဖြစ်သည်။ ကရင်ကံကြမ္မာ ပရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမြိုးသားရေး လှုပ်ရှားမှုသမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာ ဆောင်သည် ပရင်အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ပရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့ ၊ ကရင်အမျိုးသားများ၏ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့ ၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့ ၊ ကရင်ကို ကမ္ဘာက ပိုမိုသိစေသည့်နေ့ ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက်နေ့ အထိ ဖာပွန်မြို့ တွင်ကျင့်ပသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ကရက်မှ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ် (၁) တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်ကရက်ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူ ဆန္ဒပြပွဲဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာလေသည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်း ၁၉၃၇


ဥပဒေကြမ်းအမှတ် ၂၆။ ၁၉၃၇။

နိဒါန်း

ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်းကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထိုသို့သော အကြောင်းကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။
ခေါင်းစဉ်ငယ် ၁။
(၁) ဤဥပဒေကို ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေ ၁၉၃၇ ဟု ခေါ်တွင်စေရမည်။ (၂) ဤဥပဒေသည် ဘုရင်ခံက ကြေညာချက် ထုတ်ပြန်သည့်နေ့မှ အစပြု၍ အထူးသဖြင့် ယခုကြေငြာသော အချိန်မှစ၍ ချက်ခြင်း အာဏာတည်စေရမည်။ (၃) ဤဥပဒေသည် ဗြိတိသျှမြန်မာနိုင်ငံ တ၀ှမ်းလုံးကို အာဏာသက်ရောက်စေရမည်။

ရှင်းလင်းချက် ၁။

(၁) ကရင်အမျိုးသားများဆိုသည်မှာ ၎င်းတို့၏ အမျိုး၊ ဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် မသက်ဆိုင်ဘဲ အားလုံးသော ကရင့်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင် အနွယ်တူ လူမျိုးများ အားလုံးကိုဆိုလိုသည်။

(၂) ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် အခြားသော တိုင်းရင်းသားများ၊ ပြည်သူများ၊ အမျိုးသားများ၏ နှစ်သစ်ကူးနေ့ အတိုင်းပင် အတိအကျ အဓိပ္ပါယ်ရပေသည်။ ကောင်းမြတ်သောနှစ်၏ ပထမနေ့ဖြစ်သည်။ ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် မြန်မာပြက္ခဒိန် ပြာသိုလဆန်း (၁)ရက်နေ့နှင့် ဆီလျှော်သည့်အတိုင်း ကရင်ပြက္ခဒိန်နှစ်အရ ‘သလေး၊ ထိုက်ခေါက်ဖိုး လဆန်ုး (၁)ရက် သို့မဟုတ် (၂) ရက်တွင် ကျရောက်ပေသည်။
နှစ်သစ် အလို့ငှာ ဤနေ့ရက်သို့ ကျရောက်သောအခါ ကရင်အမျိုးသားများသည် ၀ါးအိမ်သစ်များကို တည်ဆောက်ခြင်း၊ ပစ္စည်းဟောင်းများကို ပြုပြင်ခြင်း၊ တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များကို သတ်မှတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဤကိစ္စများကို အားလုံးသောကရင်များက နေရာတိုင်းမှာ အသိအမှတ်ပြုကြသည်။ ရုပ်တုကိုးကွယ်သူ ကရင်များက နတ်များကို ကိုးကွယ်ပသခြင်းဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာ ကရင်များက ဘုရားရှိခိုးခြင်း၊ ကျောင်း ဇရပ်သွားခြင်း၊ သံဃာတော်များထံမှ တရားနာယူခြင်းတို့ဖြင့် လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များက ဆုတောင်း ဘုရားရှိခိုးခြင်း စသည်တို့အပြင်သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ် အားလုံးသည် ကြီးစွာသော စည်းဝေးခြင်းများ ပြုကြလျှက် စုရုံးကြသော သက်ဆိုင်ရာ ဘာသာရေး ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ကရင်များ နေထိုင်ရာ ဒေသတိုင်းတွင် ပြုလုပ်ကြပေသည်။ သို့ဖြစ်၍ ကရင်အမျိုးသားတို့၏ သမိုင်းတွင် ဤနေ့ရက်များသည် အကြီးကျယ်ဆုံးသော ပျော်ပွဲရွှင်ပွဲနေ့များ ဖြစ်ကြပေသည်။

ကြေငြာချက်၏ အကြောင်းအကျိုးများ

တိုင်းရင်းသား လူမျိုးစုများကိုယ်တိုင် ၎င်းတို့၏ ရှေးရိုးစဉ်လာ ထုံးတမ်းဓလေ့များကို စောင့်ထိန်းခြင်း၊ မြင့်မြတ်သော ဘာသာရေးတရားနှင့် စပ်ဆိုင်သောနေ့များကို အသိအမှတ်ပြုခြင်း တို့သည် ဗြိတိသျှအစိုးရ၏ ထာဝရ နိုင်ငံရေး မူဝါဒဖြစ်ပေသည်။ သို့ဖြစ်၍ မြန်မာပြည်လူမျိုးစုတို့၏ ဘာသာရေးနှင့် စပ်ဆိုင်သော နေ့များ၊ မြင့်မြတ်သောနေ့များကို ဗြိတိသျှ အစိုးရက အသိအမှတ် ပြုသည်ကို ကျွန်ုပ်တို့ မြင်တွေ့ကြရသည်။ တိုင်းရင်းလူမျိုးများ မဟုတ်ကြသော တရုတ်၊ ဥရောပသားတို့သည် သူတို့နှင့်အတူ သူတို့၏ ဘာသာရေးနှင့်ဆိုင်သော မြင့်မြတ်သောနေ့များကို ကျွန်ုပ်တို့၏ မြေပေါ်သို့ ဆောင်ယူခဲ့ကြသည်။ ၎င်းကို ဗြိတိသျှ အစိုးရအနေဖြင့် အစိုးရ ရုံးပိတ်ရက်၊ အားလပ်ရက်အဖြစ် အသိအမှတ်ပြုခဲ့ပေသည်။

မြန်မာနိုင်ငံ၏ ဒုတိယအရေးအပါဆုံး တိုင်းရင်းသား လူမျိုးဖြစ်သည့် ကရင်အမျိုးသားများမှာမူ မည်သည့်မြင့်မြတ်သော နေ့နှင့် ဘာသာရေးနှင့်ဆိုင်သောနေ့မျှ အသိအမှတ်ပြုခြင်း မခံရသေးပေ။

အမှန်တကယ် လိုအပ်နေသည်ဖြစ်၍ ကြီးစွာသော သံဝေဂကြီးရလျှက် ကရင်ခေါင်းဆောင်များနှင့် သက်ကြီးသူများ တို့သည် အသိအမှတ်ပြုပေးရန် အားထုတ်ကြိုးပမ်း ခဲ့ကြပေသည်။ ဤကိစ္စကို အစိုးရထံ မေးမြန်းကြ၏။ ထင်ရှားပေါ်လွင်အောင် ဆောင်ရွက်ခဲ့ကြသည်။ သို့မဟုတ် အစိုးရက အသိအမှတ်ပြုရန် အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသည်။
ငြိမ်းချမ်း၍ ဥပဒေကိုစောင့်သိသော၊ သစ္စာရှိသော၊ တခါက ဗြိတိသျှအစိုးရ၏ ချီးမြှင့် မြောက်စားခြင်းကို ခံခဲ့ရသော ကရင်အမျိုးသားများသည် ယခုကဲ့သို့ သိသာစွာ ငြိမ်တိတ်နေသည်မှာ ၀မ်းနည်းဖွယ် ဖြစ်ပါသည်။ သည်ကနေ့ အခြေအနေတွင် အမျိုးသားလှုပ်ရှားမှုဖြင့် ကရင်အမျိုးသားတို့သည် နေရာတကာမှာ လူမသိ၊ သူမသိဖြစ်နေကြရသည်ကို မိမိတို့ဘာသာ မိမိတို့ မြင်တွေ့လာကြရသည်။

သူတို့၏ ပြင်းပြသောဆန္ဒများ၊ အစဉ်မပြတ် အချိန်တိုင်း၌ ရယူလိုမှုနှင့် တရားဥပဒေအရ ညီညွတ်လျှက် ထိုက်သင့်သော တောင်းဆိုမှုများကြောင့် မသိကျိုးကျွံ လျစ်လျူပြုမှုများကို ပျက်ပြယ် စေခဲ့သည်။ ယနေ့ ကရင်အနွယ်ဝင်များနှင့် ကရင့်ရိုးရာရှေးဟောင်း ဓလေ့ထုံးစံများကို ထိန်းသိမ်း စောင့်ရှောက်ရန် မြန်မာပြည်သစ်၏ ဖွဲ့စည်းပုံ ဥပဒေအသစ်အရ အခြားသော တိုင်းရင်းသားလူမျိုးများ နှင့် ရင်းမြစ်တူညီစွာ အရေးပါသော လူမျိုးတမျိုးဖြစ်သည့် အတိုင်း မိမိတို့၏ ရခွင့်ရလမ်းများကို အသိအမှတ်ပြုစေရန် အစိုးရထံမှောက် တင်ပြခဲ့ပေသည်။

ထို့ကြောင့် ကရင်အမျိုးသားတို့သည် မြန်မာနိုင်ငံ၌ ဒုတိယ အရေးပါသော တိုင်းရင်းသားများ ဖြစ်ကြ၍လည်းကောင်း၊ အတိတ် ပစ္စုပ္ပန် ၂-ဋ္ဌာန၌ အစိုးရအပေါ် သစ္စာရှိသော တိုင်းရင်းသားလူမျိုးများ ဖြစ်ကြ၍ လည်းကောင်း၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို မြန်မာလ ပြာသိုလဆန်း (၁) ရက်နေ့ သို့မဟုတ် (၂)ရက်နေ့ကို သတ်မှတ် ပြဋ္ဌာန်းပေးလိုက်သည်။ အမျိုးသားများ၏ ပွဲတော်များ၊ ရိုးရာဓလေ့များကို စောင့်ထိန်းခြင်းသည် မလိုအပ်ဘဲလျှက် အခြားသော တိုင်းရင်းသားများနှင့် တသီးတခြားကွဲလွဲအောင် ဆောင်ရွက်ကြရန် မဟုတ်ပေ။ အမျိုးသားရေးနှင့် စပ်ဆိုင်သော ကွဲလွဲမှုများ၊ သီးခြားရှိမှုများသည် ပြဿနာမဟုတ်ပါ၊ ဂုဏ်သိက္ခာတက်စရာများသာ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများသည် မြန်မာ တိုင်းရင်းသားများသာ ဖြစ်ကြသည်။ အနွယ်တူများအဖြစ်သာ သိရှိနေကြပါသည်။ ကရင် တိုင်းရင်းသားများအနေဖြင့် သူတို့၏ ရှေးဟောင်း ဓလေ့ထုံးတမ်းများကို စောင့်ထိန်းရန်ကိုသာ စသည်ဖြင့် အလိုရှိကြသည်။ အခြားသော တိုင်းရင်းသားများတို့၏ ထုံးဓလေ့များတို့ကို လေးစား လိုက်နာကြရသည့်နည်းတူ မိမိတို့၏ ထုံးဓလေ့ များကိုလည်း လေးစားတတ်ရန်မျှသာ ဖြစ်ပါသည်။ ဤတခုတည်းသော ရည်ရွယ်ချက်ဖြင့်ပင် ဤဥပဒေကြမ်းကို တင်ပြ မိတ်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါသည်။ တမြေထဲနေ၊ တရေထဲ သောက်ကြသူ သားချင်း ညီအစ်ကို မောင်နှမများ၊ မြန်မာ့လွှတ်တော် အဖွဲ့ဝင်များအနေဖြင့် စိတ်ရောကိုယ်ပါ ထောက်ခံကြလိမ့်မည်ဟု ရိုးသားစွာ မျှော်လင့်မိပါသည်။

ဂျွန်ဆင်ဒီဖိုးမင်း(လွှတ်တော်အမတ်၊တောင်ငူမဲဆန္ဒနယ်)

ပထမဆုံးသော ကရင်နှစ်သစ်ကူးနေ့ အသံလွှင့်မိန့်ခွန်း


ယနေ့သည် သမိုင်းဝင်နေ့ဖြစ်ပါသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုသော ကရင်အမျိုးသား နေ့လည်း ဖြစ်ပါသည်။ ဤနေ့ရက်သည် ကရင်တမျိုးသားလုံး၏ မင်္ဂလာအခါနေ့လည်း ဖြစ်ပါသည်။
တသီးတခြား၊ တကွဲတပြား နေထိုင်လာခဲ့ကြရာမှ ကျွန်ုပ်တို့သည် ယနေ့မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့် နိုင်ငံတော် အရေးအခင်းတွင် ပါဝင်ဆောင်ရွက် ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကြမ္မာကို ဖန်တီးရာ၌ အဓိကကဏ္ဍမှ ပါဝင်နိုင်ကြမည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့လူမျိုး ဆိတ်သုဉ်းမသွားပဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့၏ ပယောဂ ကျေးဇူးကြောင့်မှ မဟုတ်ပဲ ကျွန်ုပ်တို့၏ ထူးခြားသော ပင်ကိုယ်အရည်အချင်း များကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ၊ ရိုးသားကြသည်။ စိတ်ထား ဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတူပေါင်ဖက် ဆက်ဆံပေါင်းသင်း သွားခြင်းဖြင့် ကျွန်ုပ်တို့၏ အမျိုးသား ဂုဏ်သိက္ခာ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်းဖြင့် မြှင့်တင်ခြင်းများ ပြုနိုင်သည်ဟု ယုံကြည်ကြသည်။
ကျွန်ုပ်တို့တတွေ ဆုံးဖြတ်ချက်ချရမည့်အချိန် ကျလာခဲ့ပါပြီ။ ကျွန်ုပ်တို့သည် ယခင်ကဲ့သို့ပင် တသီးတခြား ရပ်တည်၍ မိမိတို့ဘ၀ ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ ကြမ္မာကို ဖန်တီးရာ၌ တတပ်တအား လက်တွဲပါဝင် ဆောင်ရွက်ကြမည်လော။
ကျွန်ုပ်တို့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးမှုကို တည်ဆောက်ရင်း၊ ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင် ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသား ခေါင်းဆောင်များ အနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်နိုင်ငံတော် အကျိုးစီးပွားကို ဦးလည်မသုန် ဆောင်ရွက်ကြမည်။
ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုးသား အမွေအနှစ်များ၊ ရှေးဟောင်း ကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ ယွာ ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့၏ ဆုံးမသြ၀ါဒကို ပြန်လည် ကျင့်သုံးကြပါမည်။ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်တဦးချင်း အနေဖြင့် လည်းကောင်း၊၊ တအိမ်တမိသားစု အနေဖြင့်လည်းကောင်း၊ ဘ၀သစ် တရပ်ကို ပါဝင်ဖန်တီး ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်သည်။
ခေတ်နှင့်လျှော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများ ကြံဆချမှတ်ကာ ကြောက်ရွံ့မှုကင်းစွာ နေထိုင် ကျင့်ကြံခြင်း ပြုလျက် အခြားသော တိုင်းရင်းသားများနှင့် တစိတ်တ၀မ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးများ ပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွား ကြမည်။
ထို့ကြောင့် ကျွန်ုပ်တို့တတွေသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြု လုပ်ငန်းများတွင် ဖော်ပြပါ ယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့ရက်မြတ် - ကရင်နှစ်သစ် မင်္ဂလာအချိန်တွင် အဓိဋ္ဌာန်ပြုကြပါစို့။

ပုံ- စံစီဖိုး၊ ရွှေဘ၊ လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ (၁၉၃၈-ခု၊ ဒီဇင်ဘာလ ၂၁ ရက်) ကရင်သက္ကရာဇ် ၂၆၇၈-ခုနှစ်၊သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း (၁)ရက်

ကရင်အမျိုးသားအလံတော်



၁၉၃၆ခုနှစ် ဒေါက်တာဘမော်၏ ညွန့် ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသားအမျိုးသား အဖွဲ့ ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်
  1. ကရင်နှစ်သစ်ကူးနေ့ (ကရင်အမျိုးသားနေ့ )
  2. ကရင်အမျိုးသားသီိချင်း
  3. ကရင်အမျိုးသားအလံတော် စသည်တို့ ကို တောင်းဆိုခဲ့ကြသည်၊၊
ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီးသည် ကရင်ခေါင်းဆောင် များနှင့်ကရင်အမျိုးသားများထံ “ ကရင်အမျိုးသားအလံ” ပုံစံများရေးစွဲ၍ တင်ပို့ ကြရန်မေတ္တာရပ်ခံခဲ့ သည်။ ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီး၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရရရှိ ကရင်အမျိုးသားများ ထံမှ အလံပုံစံပေါင်းတစ်ရာကျော်ရောက်ရှိလာခဲ့ သည်။ ။ ကရင်အမျိုးသားအဖွဲ့ ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစံတစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမအဆင့် ရွေးချယ်လိုက်သည်။ထိုမှတဆင့် (၁၂)ခုအနက်မှစိတ်ကြိုက်(၃)ခုကို ထပ်မံရွေး ချယ်ခဲ့ သည်။ နောက်ဆုံး(၃)ခုမှ အသင့်တော်ဆုံးအကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤသို့ နောက်ဆုံးအတည်ပြုရွေးချယ်လိုက်သောအလံမှာမန်းဘခင်(၀န်ကြီးဟောင်း) ရေးဆွဲသောအလံ ပုံစံပင်ဖြစ်သည်။ ယခုတရားဝင်အတည်ပြုသုံးစွဲနေသောအလံတော်သည် ဤအလံပင်ဖြစ်သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေ၀န်းနှင့်ဖားစည်ပါရှိ သော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤသို့ အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေ၀န်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ် အနှစ်သာရကို အလံပုံစံရှင် မန်းဘ ခင်သည် အောက်ပါအတိုင်း အဓိပ္ပယ်နှင့်အနှစ်သာရကို ဖော်ဆော်ထားပေသည်။
  1. အလံတော်၏ အနီရောင်သည် ကရင်အမျိုးသားများ၏ ရဲရင့်ခြင်းနှင့်သူရသတ္တိပြည့်စုံခြင်းကို ဖော်ဆော်သည်။
  2. အလံတော်၏ အဖြူရောင်သည် ကရင်အမျိုးသားများ၏ဘ၀နှင့် စိတ်ထားများဖြူစင်သန့် ရှင်း စင်ကြယ်ခြင်းကို ဖော်ဆောင်ထားသည်။
  3. အလံတော်၏အပြာနုရောင်သည် ကရင်အမျိုးသားများ၏ ဖြောင်မတ်တည်ကြည်ခြင်းနှင်သ စ္စာရှိခြင်းကို ဖော်ဆောင်ထားသည်။
  4. အလံတော်၏ တက်သစ်စနေ၀န်းသည် ကရင်အမျိုးသားများ၏ လူမှုရေးဘ၀တိုးတက်သာယာရေးကိုဖော် ဆောင်ထားသည်။
  5. အလံတော်၏ ဖားစည်သည် ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုနှင့်သာယာဝပြောခြင်းကို ဖော်ဆောင်ထားသည်။
ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့်ကရင်အမျိုးသားနှစ်သစ် ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့်ယဉ်တွဲ၍ စိုက်ထူကြသည်။

အကြောင်းစုံဆိုရသော် …


ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင် ရင်းနှီးသူများ ရောက်လာကြသည်။ လာရသည့် အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို ဘယ်လိုလဲ၊ အံ့သြစရာပဲ၊ တယ်ဆန်းကျယ်ပါလား၊ ရှင်းပြပါဦး ဆို၍ အသီးသီးမေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေမျှသာ ဖြစ်ခဲ့သည်။ ကျေနပ်မှု ရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာ မပေါ်ခဲ့ပေ။ကရင်လူငယ်တသိုက်လည်း အားရ၀မ်းသာရှိလှသည်။ နှစ်သစ်ကူးနေ့ပွဲ စည်ကားရန်နှင့် နှစ်စဉ်ပိုမိုစည်ကား သိုက်မြိုက်စွာ ပြုလုပ်ရန် ကြိုးပမ်းကြသည်ကို တွေ့မြင်နေရသည်မှာ ၀မ်း မသာဘဲ မရှိနိုင်ပေ။ နှစ်စဉ် ပိုမိုစည်ကားစေရန် ကြိုးစားလျက်ပင်၊ ထို့ကြောင့်လည်း မိုမိုစည်ကားလျက်ပင်တည်း။သို့သော်ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကားရန် ပိုမိုထွန်းတောက် လာမည့်အစား မှေးမှိန်စေသော အကြောင်းအရာတချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်အချို့သည် ကရင်စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။ ကရင်သက္ကရာဇ်ဟာ ယုံမှားစရာဝီစိကိစ္ဆာ ရှိစရာပဲလို့ မြည်လာပေသည်။ ထိုသို့ မြည်သံကား မကျယ်သေး။ ပို၍ မကျယ်မီ ယုံမှားသံသယ ကင်း စင်အောင် ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းဆိုသည့် ကဏ္ဍမှာ ဇန်န၀ါရီလ (၁)ရက်နေ့ ရွေးရမလား၊ ဆရာယုဒသန် ရောက်သောနေ့ကို ရွေးရမလား။ ပြဿနာပေါ်ပေါက်သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတ ပညာရှင်တို့က ယူဆကြသည်။ဤကဲ့သို့ တွေးထင်ကြသူများအား အပြစ်ဆိုစရာ မရှိပေ။ ဤပြဿနာ ရှိသမျှ ကာလပတ်လုံး ကရင်နှစ်သစ်ကူး ပွဲတော်နေ့၏ အရောင်အ၀ါသည် ပိုမိုထွန်းလင်း တောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဖက်သို့သာယိုင်အံ့။ ကျေနပ်လောက်အောင် သံသယ မရှိလောက်အောင် ရှင်းလင်းဖို့ လိုပေသည်။
  1. ပဲခူးနယ်၊ ဟင်္သာတနယ်၊ တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးကြသည်။ သို့သော် မကွယ်ပျောက်သေး။
  2. ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခု ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေးထိုင်ခုတ်ဖို လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့သည် ပြာသိုလဆန်း(၁)ရက်နဲ့ (၂)ရက်တွင် ကျရောက်သည် ဟု ဆိုထားပေသည်။(The Karen New Year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟုပါရှိသဖြင့် Bill ဘီလ် ဥပဒေကြမ်းကို ဖတ်မိလျှင် မည်သည့်နေ့ကို ရွေးချယ်ရမည့်ပြဿနာ မပေါ်နိုင်ပေ။-သတိ- ကရင်နှစ်သစ်ကူးနေ့ ၂-ရက်တောင်း၏။ သို့သော် (၁)ရက်သာ ရ၏။
  3. မြေပြန့်ကရင် ပြာသိုလဆန်း(၁)ရက်၊ သလေး၊ ထိုင်ခုတ်ဖို (၁)ရက်နေ့တွင်ကျင်းပ၏။
  4. ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲ လဆန်း (၁)ရက်နေ့တွင်ကျင်းပ၏။
  5. ဖားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာဝင် ကရင်များ နယုန်လအတွင်း စနေနေ့ကျသော နေ့တနေ့တွင် ကျင်းပ၏။
  6. ဒုံရင်းနယ် လဲကယ်ဘာသာဝင် ကရင်များသည် တန်ဆောင်မုန်း လဆန်း ပထမစနေနေ့မှာ ကျင်းပ၏။
(ကိုးကားချက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ် ၁-၂က၊ ခ၊ဂ၊ဃ၊) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးက ရှိခဲ့ဖူးကြောင်း ထင်ရှားလှ၏။ သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ကရင်နှစ်သစ်ကူးပွဲတော်နေ့ အသက်ဝင်လာပုံသေကံမရောက် သက်မပျောက်ဆိုဘိသကဲ့သို့ ပျောက်ကွယ်လု သေလုဆဲဆဲတွင် ကရင်နှစ်သစ်ကူးပွဲတော် သည် တဖန်ပြန်လည်၍ အသက်ဝင်လာ၏။ ဟင်္သာတနယ်၊ တောင်ငူနယ်၊ ပဲခူးနယ်တို့မှ နှစ်သစ်ကူးပွဲတော်ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားသော ကရင်လယ်သမားကြီးတို့ အားနည်းချည့်နဲ့နေသောကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို ရှေးကကဲ့သို့ စည်ကားလှအောင် ဖော်ထုတ်လိုကြ၏။ သူတခွန်း၊ ကိုယ်တခွန်း တစတစနှင့် နိုင်ငံတော်ရက်အားဖြစ်ပြီး တနိုင်ငံလုံးရှိ၊ ရုံးများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော နိုင်ငံတော်ရက်အားဖြစ်စေလို၏။ကရင်နှစ်သစ်ကူးပွဲတော်သည် ရှေးပသဏီ နှစ်ပေါင်းများစွာက နှစ်ပေါင်း ၂၇၀၀ ကျော်လောက်ကပင် ကျင်းပခဲ့ ကြ၏။ တခါတရံ မှေးမှိန်၍ တခါတရံ စည်ကားလှ၏။ အင်္ဂလိပ်ခေတ်တွင် ကံခေ၍ ကွယ်ပျောက်လုနီး ဆင်းရဲလှ၏။ စတိမျှသာ ကျင်းပသော ဘ၀နှင့်ကြုံခဲ့ရ၏။ ဟင်္သာတ၊ ပဲခူး၊ တောင်ငူတွင် အလွန်နည်းလှသော အချို့ကရင် လယ်သမား တို့သည် ပြာသိုလဆန်း (၁)ရက်နေ့ နံနက် နေထွက်တပြူ၌ ကောက်ဦးစားပွဲကျင်းပကြ၏။ ပဲခူးဘုရင်မ ရှင်စောပု လက်ထက်က နှစ်သစ်ကူးပွဲ အလွန်စည်ကားကြောင်းနံနက်လက်ဖက်ရည်ကြမ်းဝိုင်းတွင် လူကြီးများ ပြောကြဆိုကြသည်ကို ငယ်စဉ်ကတည်းက ကြားသိခဲ့ ရသည်။ကရင်နှစ်သစ်ကူးပွဲတော် ပြန်လည်ပေါ်ထွက်ရန်စတင်လာပုံနယ်များမှ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖော်ထုတ်လိုသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိတို့ ကိုယ်စားလှယ် မင်းတိုင်ပင် အမတ်များကို ဆာင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြ၏။ တစ်ယောက်ကစ တရာဆိုဘိ အလားပြန့်နှံ့သွား၏။ မင်းတိုင်အမတ်၊ ကိုယ်စားလှယ်များမှာ နှစ်သစ်ကူး ပွဲတော်ကို ဖော်ထုတ်ပေးရန်တာဝန်ယူကြရ၏။အမျိုးသားထု၏ ဆန္ဒနှင့်ကရင်အမတ် ၁၂ ဦးတို့၏ ကြိုးပမ်းချက်ဒေသအသီးသီးရှိ ကရင်လူထုတို့က မိမိတို့နှစ်စဉ် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်ကို သင်္ကြန်ပွဲတော်၊ ခရစ္စမတ်ပွဲတော်တို့ကဲ့သို့ အစိုးရ အသိအမှတ်ပြု ပြည်ထောင်စု တ၀ှမ်းလုံးရှိ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော အများပြည်သူ အားလပ်ရက် နိုင်ငံတော်ရက်အားဖြစ်စေလိုကြသည်။ ၎င်းကို ဆောင်ရွက်ပေးပါရန် တောင်းဆိုလာကြရာ ကရင်အမျိုးသား ခေါင်းဆောင်များကလည်း မိမိတို့၏ သမိုင်းဝင်နေ့ ရရှိရန်အတွက် တာဝန်ယူ ကြိုးပမ်းလေတော့သည်။အမတ် ၁၂ ဦးတို့၏ ဆွေးနွေးချက်လွှတ်တော်အတွင်းရှိ ကရင်အမတ် ၁၂ ဦးသည် အမှတ်(၂၅၃)၊ မောင်ဂိုမာရီလမ်း (ယခုအခါဗိုလ်ချုပ်အောင်ဆန်းလမ်း) စောမြတ်သိန်း၏ တိုက်ခန်းတွင် နှစ်သစ်ကူးနေ့ကိစ္စကို တိုင်ပင်ဆွေးနွေးကြ၏။ အချို့အမတ်များသည် စိတ်မ၀င်စားကြပေ။အကြောင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်သည် ခေတ်မမှီဟု ယူဆကြသည်။ လာမည့် ၁၉၃၈ ခုနှစ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း(၁)ရက်သည် န်န၀ါရီလ(၁)ရက်နေ့တွင်သာကျ၏။ ၎င်းအပြင် နောင်လာမည့် နှစ်များတွင်လည်း ကရင်နှစ်သစ်ကူးနေ့သည် ခရစ္စမတ် ဒီဇင်ဘာ (၂၅) ရက်နေ့နှင့် ဇန်န၀ါရီ (၁) ရက် ကမ္ဘာ့နှစ်သစ်ကူးနေ့ရက် ပတ်ဝန်းကျင်တွင်သာ လှုပ်ရှားနေ၍ ကရင်တို့ ပိုက်ဆံကုန်ပြီး လူပင်ပန်းမည်ဟုဆို၏။၎င်းအပြင် သင်္ကြန်သည် ကရင်ဗုဒ္ဓဘာသာများ၏ နှစ်ကူးရက် ဖြစ်သည်။ ခရစ်စမတ်နေ့လည်းရှိသည်။ နယူးရီးယား မလိုပါဟု ဆိုလာကြသည်။ပထမအကြိမ် ဆုံးဖြတ်ချက်မကျ၊ ဒုတိယအကြိမ်တွင် ဂျွန်ဆင် နှင့် စောမြတ်သိန်း တို့ လိုသလိုလုပ်ကြ ဟူ၍ ဆုံးဖြတ်ချက် ကျလာခဲ့သည်။ဆောင်ရွက်ပုံဂျွန်ဆင်နှင့် မြတ်သိန်းတို့သည် လွှတ်တော်အတွင်းဝန်ကြီး မွန်ဝတ်လုံ ဦးဘဒွန်း (B.A. Bar at law) နှင့် ဆွေးနွေး၏။ လွှတ်တော်လုပ်ငန်းတွင် အကျွမ်းအကျင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။ မင်းတို့ ကိစ္စက မလွယ်ဘူး။ အမတ်တဦးက ကန့်ကွက်လျှင် ခက်သွားမည်။ လွှတ်တော်အမတ် ၁၃၂ ယောက်ရှိ၍ မင်းတို့ ၁၂ ယောက်ရှုံးမှာပဲ ဟု အားပေးပြောကြား လိုက်သည်။ထိုအခါ ဂျွန်ဆင်က ဖြစ်နိုင်တဲ့လမ်းကိုရှာပြီး အကြံပေးပါ။ အကူအညီပေးပါ။ ဉာဏ်ထုတ်ပါ လို့ တိုက်တွန်း၏။ ဦးဘဒွန်းက ငါတတ်နိုင်သလောက်ကူညီမယ်၊ နက်ဖြန်လာပါ ဟုဆို၏။ ချိန်းဆိုရက်တွင် ဦးဘဒွန်းက လမ်းတော့ရှိတယ်၊ ဒါလဲ မလွယ်ဘူး ဟုဆိုပြီး အောက်ပါအတိုင်း ရှင်းပြ၏။

ဥပဒေကြမ်း Bill သွားရိုးလမ်းစဉ်

  1. Bill ရေး၊ မဲဖောက်၊ လွှတ်တော်တွင် တင်သွင်းသည်။
  2. တင်သွင်းသည့်အခါ ကန့်ကွက်သူများလျှင် Bill သေ၏။
  3. တင်သွင်း၍ရသော်လည်း အမတ်တဦးက ရွေးချယ်ကော်မတီသို့ပို့ရန် အကြံပေးနိုင်၏။ ပို့သော် တနှစ်လောက် ကြာ၏။
  4. ၎င်းမှ ပြန်လာသော် ဆွေးနွေးနိုင်သည်။ မဲရှုံးလျှင် Bill သေ၏။
  5. အမတ်တဦးက ပြည်သူ့ထင်မြင်ချက် တောင်းဖို့ အကြံပေးနိုင်၏။ တောင်းက ၂-နှစ်လောက် ကြာနိုင်သည်။ ၎င်းမှပြန်လာလျှင် လွတ်တော်တွင် ဆွေးနွေးရ၏။ မဲရှုံးလျှင် Bill သေ၏။မဲနိုင်လျှင် -
  6. အထက်လွတ်တော်သို့ တက်ပြီး၎င်းမှ -
  7. ဘုရင်ခံထံသို့ ရောက်၏။ အင်္ဂလိပ်စီးပွားရေးကို မထိခိုက်လျှင် လက်မှတ်ထိုး၏။ Bill သည် ACT ဖြစ်လာ၏။

ဥပဒေကြမ်း Bill ဖြတ်လမ်း


၁။ Bill ရေးမဲဖောက်တင်သွင်းသည်။ ၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူမရှိအောင် မလွယ်ပါ။ ၃။ ကန့်ကွက်သူမရှိသော် ၃၊၄၊၅၊၆ အဆင့်ကို ကျော်လွှား၍ Governor in council ဘုရင်ခံနှင့် ၀န်ကြီးစုံညီ အစည်းအဝေးတွင် ၀န်ကြီးများအားလုံး သဘောတူ၊ မေတ္တာရပ်ကာ လွတ်တော်တွင် ကန့်ကွက်သူမရှိသော် Bill ကို လက်မှတ် ထိုး၍ ACT ပြုနိုင်၏။ ACT ဖြစ်လျှင် ကရင်နှစ်သစ်ကူးနေ့သည် ဂေဇက်ဝင် နေ့တနေ့ဖြစ်လာသည်။သွားရိုးသွားစဉ် လမ်းနှင့်မအောင်နိုင်၊ ကန့်ကွက်သူ မရှိအောင် စွမ်းနိုင်သလား ဟုမေး၏။ ကြိုးစားမယ် ဆိုပြီး Canteen စားသောက်ခန်းမသို့ သွားကြ၏။ ဆွေးနွေး၏။ အကြံရ၏။အကြံကောင်းလျှင်တချက်ထိုစဉ်က လွှတ်တော်အမတ်များ လစာမရှိသေး။ လိုချင်ကြ၏။ မည်သူတဦးတယောက်မှ လစာဥပဒေကြမ်းကို မတင်ရဲကြ။ ခဲပေါက်ခံရမှာကြောက်ကြသည်။ အကြံမှာ ဒို့ ကရင်နှစ်သစ်ကူးပွဲ ဥပဒေကြမ်းကို တင်မည်။ မကန့်ကွက်လျှင် အမတ်လစာ ဥပဒေကြမ်းကို တင်မည်ဟု လက်တို့မည်။ ဒီလိုဆို ကန့်ကွက်သူ မရှိဖြစ်ပြီး ဒို့-ကရင်နှစ်သစ်ကူးပွဲ အောင်ရမယ် လို့ တိုင်ပင်တယ်။(၂)ဦး သဘောတူ လစာဥပဒေကြမ်းကို တင်မည်ဟု ခဲကိုအရဲစွန့်ပြီး Challenge (စိန်ခေါ်)လိုက်တယ်။စိန်ခေါ်ပြီးနောက် လွှတ်တော်စားပွဲခန်းတွင် မြတ်သိန်း နှင့် ဂျွန်ဆင် မျက်နှာပွင့်၏။ စားပွဲခန်းမထဲဝင်လျှင် စားပွဲတိုင်းက ဂျွန်ဆင်၊ မြတ်သိန်း၊ လာပါ၊ထိုင်ပါ၊ ကြိုက်တာ အော်ဒါ လုပ်ပါ ဟု ဖိတ်ခေါ်ခဲ့သည်။ စားသောက်ပြီးက Members salary bill ကို တင်ပါ။ မကြောက်ပါနဲ့ လို့ တိုးတိုးအားပေးကြ၏။ Karens’ New Year Day Bill ကို ဦးဘဒွန်းက ရေးပြီး ဂျွန်ဆင်က တင်၏။သခင်အောင်ဆန်းနှင့်တွေ့ဆုံပုံဂျွန်ဆင်နှင့် မြတ်သိန်းတို့ Members salary bill တင်မယ်လို့ သတင်းပြန့်ပွားတယ်။ နှစ်ရက်ကြာမှ ဖေဗီယမ် ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖေဗီယမ်ပါတီ အတွင်းရေးမှူးတို့ ရောက်လာသည်။ ဦးဘခိုင်၊ စောမြတ်သိန်းတို့ အလွန်ရင်းနှီး၏။ စောမြတ်သိန်းလာပါ ဟု မိမိတိုက်ခန်းသို့ ခေါ်သွား၏။ ရောက်သော် သခင်အောင်ဆန်းနှင့် သခင်လှရွှေတို့ကို တွေ့၏။ တဦးနှင့်တဦး နှုတ်ဆက်ကြသည်။ပြီးတော့ သခင်အောင်ဆန်းက စောမြတ်သိန်း Members salary bill တင်မယ်ဆို၊ ဟုတ်ရဲ့လား ဟု မေး၏။သိန်း … ဟုတ်တယ်တင်မယ်ဆန်း … မတင်ပါနဲ့ဗျာသိန်း … ဘာဖြစ်လို့လဲဆန်း … ဗမာ့လွှတ်တော်ကြီး သိက္ခာကျမယ်သိန်း … သိက္ခာမကျပါဘူး၊ လွှတ်တော်တိုင်းမှာ အမတ်တွေ လစာနဲ့ပဲဆန်း … သူတို့ယူတာ ယူပေါ့။ ကျွန်တော်တို့အမတ်တွေ လစာမ ယူရင်ကောင်းမယ်သိန်း … မယူရင် မကောင်းဘူး၊ တိုင်းပြည်နာမယ်ဆန်း … ဘာဖြစ်လို့လဲဗျာသိန်း … ဘတ်ဂျက်ငွေပို ရှိနေတယ်၊ လခမယူရင် ဒီငွေတွေကို အလကားမထားဘူး၊ Queen’s Own Highlander စကော့တလန် တောင်ပေါ် စစ်သားတွေ ခေါ်ယူမယ်၊ ဘုရင်ခံလည်း စကောလောက် မျက်နှာရှိသွားမယ်၊ ခုလည်း King’s Own Highlander ရှိနေပြီဆန်း … ဟုတ်ရဲ့လားဗျာသိန်း … စဉ်းစားကြည့်လေဆန်း … (ခေါင်းကုတ်လျှက်) ခက်တာဘဲ၊ We are between the deep sea and the devil ဟု ပြော၏။သိန်း … We are between the deep sea and the devil on one side and the green field on the eitherဆန်း … ခင်ဗျားကတော့ လုပ်တော့မယ်၊ သခင်ကိုယ်တော်မှိုင်း ဟောပေးလို့ရတဲ့ မဲတွေ အလွဲသုံးစား မလုပ်ပါနဲ့သိန်း … စိတ်ချပါ၊ မလုပ်ပါဘူးဆန်း … ဗျာ … ခင်ဗျား Good တယ်ထင်ရင် Do သာ Do ပါ ဆို၏။၎င်းနောက် ဦးဘခိုင်က လက်ဖက်ရည်နှင့် တည်ခင်း ကျွေးမွေး၏။ ပြီးတော့ နှုတ်ဆက်၍ လူချင်းခွဲကြတော့၏။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြု ဥပဒေကြမ်းကို လွှတ်တော်သို့ ၂၃-၇-၃၇ နေ့တွင် ဂျွန်ဆင် တင်၏။ ဦးဖိုးမျှင်က ထောက်ခံ၏။ စောမြတ်သိန်းက ကန့်ကွက်သူမရှိအောင် ကြိုတင်၍ လှည့်လည်ကာ လက်တို့၏။ဒါတောင်မှပဲ Mr.Leach (European Leader) က စကားပြောသေး၏။ Amendment ပြင်ဆင်ချက်ပါသည်။ စည်းကမ်းမကျ ဟု ဆို၏။ ဥက္ကဋ္ဌကြီးက မင်း Bill ကို ကန့်ကွက်တာလား၊ ပြင်ဆင်ချက်ကို ကန့်ကွက်တာလား ဟု မေးရာ ဂျွန်ဆင်က You are right လို့ ပြောလိုက်ရာ Laughter ဖြစ်သွား၏။ ထိုအခါ Leach က Bill ကို မကန့်ကွက်ပါ။ မည်သူ Bill ကို ကန့်ကွက်မလဲ ဟု ဥက္ကဋ္ဌကြီးက မေးရာ လွှတ်တော်တခုလုံး ငြိမ်နေ၏။ ဤကား Victory အောင်ပွဲပေတည်း။အဆင့် ၃၊ ၄၊ ၅၊ ၆၊ တို့ကို ကျော်လွှား၍ စောဖေသာ(အခွန်ဝန်ကြီး)က အနည်းငယ် လှုပ်ရှားရသည်မှာ ဘုရင်ခံနှင့် ၀န်ကြီးများစုံညီ အစည်းအဝေးတွင် ကရင်နှစ်သစ်ကူး Bill ကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ။ ၀န်ကြီးများ အားလုံးလည်း သဘောတူသောကြောင့် Bill မှ ACT ဖြစ်ဖို့ လက်မှတ်ထိုးရန် မေတ္တာရပ်ခံ၏။ အသင့်ပင် ဘုရင်ခံလက်မှတ်ထိုး၍ ဥပဒေကြမ်းများ ဥပဒေဖြစ်သွား၏၁၉၃၇ ဒီဇင်ဘာလတွင် တာဝန်အရ ပြည်ထဲရေးဌာနက သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း ၁-ရက်သည် ဂေဇက်ဝင် နိုင်ငံတော်ရက်အား ဖြစ်သည်ဟု ကြေညာ၍ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများကို နိုင်ငံတော်တ၀ှမ်းလုံးတွင် ပိတ်စေ၏။ သေလုဆဲဆဲ ဖြစ်နေသော ကရင်နှစ်သစ်ကူးပွဲနေ့သည် လှလှပပကြီး ထည်ဝါစွာ ပြန်လည် ထွက်ပေါ်လာ၏။ ၂၈-၇-၃၇ နေ့တွင် အမတ်လစာ ဥပဒေကြမ်း Members salary bill ကို ဂျွန်ဆင်တင်၏။ ကန့်ကွက်သူမရှိ။ Bill သည် ACT အဖြစ် အလွယ်တကူ ဖြစ်သွားတော့သည်။ သူ့အကျိုးဆောင်၍ ကိုယ့်အကျိုးအောင်သော သာဓကတခုတည်း။ကရင်နှစ်သစ်ကူးပွဲတော်နေ့ ရရှိခြင်း အဖြစ်မှန်ကို တင်ပြရခြင်း အကြောင်းမှာ တောင်းယူရသော နှစ်သစ်ကူးနေ့ မဟုတ်။ အခွင့်ကောင်း ရသော၊ ညဏ်ထုတ်၍ ခဲကိုစိန်ခေါ်ပြီး လွှတ်တော်တွင် မကြန့်ကြာ၊ သောင်မတင်၊ မကြာသော ရက်ပိုင်းကလေးနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်းကို နောင်လာနောက်သားများ သိထိုက်လှသည်ဟု ယူဆ၍ တင်ပြအပ်ပါသည်။ကရင့်သက္ကရာဇ် (၃)မျိုးရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံယူသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။ နောင်သက္ကရာဇ် ၁၀၁ သို့ရောက်သော် ဒွတ်တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းကြ၏။ အစဉ်အတိုင်း သက္ကရာဇ်ကို ရေတွက်လာရာ ၆၂၄-ခုသို့ ရောက်လာသောအခါ သမုန္ဒရီမင်းက ဒေါဒေါရသကိန်းအရ ၆၂၂-နှစ်ကိုဖြို၍ အကြွင်း ၂-ခုထားပြီးရေတွက်စေ၏။သက္ကရာဇ်ဖြိုရာတွင် ကမ်းယံတို့ သဘောမတူ၊ မဖြိုဘဲ ဆက်လက်၍ ရေတွက်ကြ၏။ နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတချပ် လေကြမ်း တိုက်ပြီးလွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြား ဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာ ပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စုသုံးစု ကွဲသွားတော့သည်။ပျူတို့မှာ အထက်အညာသို့ပြောင်းရွေ့၍ ယုန်လွှတ်၊ ပုဂံပြည် စသည်တို့ကို တည်ထောင်ကြ၏။ ဖြိုသက္ကရာဇ်ကို ပျူတို့ယူဆောင်သွား ကြသည်။ သက်တို့မှာ အရှေ့အရပ်သို့ ရွှေ့ပြောင်းသွားကြ၏။ ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏။ မရွှေ့ပြောင်း ကြချေ။ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄-သို့ ရောက်သောအခါ ပုပ္ပါးစောရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂-နှစ်ကိုဖြို၏။ အကြွင်း ၂-ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်၏။ ယခုအခါ ကောဇာ သက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော သက္ကရာဇ် ၁၃၂၄ ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ် မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူတော်မူသည့် နှစ်မှ စ၍ ရေတွက်သောကြောင့် မူရင်းမှာမခြား၊ အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမအကြိမ် ၆၂၂-နှစ်၊ ဒုတိယအကြိမ် ၅၆၂-နှစ်၊ နှစ်ပေါင်း ၁၁၈၄-နှစ်ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းသွားစေရန် ဇယားဖြင့် အောက်တွင် ဖေါ်ပြထားသည်။ကမ်းယံသက္ကရာဇ်၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။၂။ သက္ကရာဇ် ၁၀၁ ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။၃။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။၎။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။၅။ ယခု ကမ်းယံသက္ကရာဇ် ၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂ခုကောဇာသက္ကရာဇ်၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ယူသည့်နှစ်ကစ၏။၂။ သက္ကရာဇ် ၁၀၁ ခုနှစ်တွင်၊ သရေခေတ္တရာပြည်တည်၏၃။ သက္ကရာဇ် ၆၂၄ ခုတွင် သုမုန္ဒရီမင်း၊ ၆၂၂ ခုဖြို၏။ ၂ ကြွင်းထား၏။၎။ ဖြို သက္ကရာဇ် ၅၆၄ ပုဂံတွင် ပုပ္ပါးစော ရဟန်း ၅၆၂ ဖြို၏။ ၂ ခု အကြွင်းထား၏။၅။ ယခု ကောဇာသက္ကရာဖ် ဖြိုသက္ကရာဇ် ၁၃၄၂ ခုဖြစ်၏။ထူးကြီးဝေဠုဝန်၊ ဆရာတော်ကြီး ဦးတေရိန္ဒမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင်တတ်တဲ့ ကရင်ဆရာတော်ကြီး ဖြစ်၏။ ယမ်းကံဟာကရင်ဘဲကွ။ ကရင်အစ အင်းမကတဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က (ပြည်မြို့ တောင်ဘက်မှာ ရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင်သက္ကရာဇ်ပဲ။ မှတ်ထားပါ ဟု မိန့်ကြား၏။ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမှာ မူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ်သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ပြောင်းလဲ ခေါ်ဆိုလာသော အမည်ဖြစ်သည် ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။ (စာမျက်နှာ ၁၀ ပြည်ထောင်စု မြန်မာနိုင်ငံ ရိုးရာယဉ်ကျေးမှု - ကရင်) (Sir Arthur Phayer. Translations of Ethnological Society vol:V)၁၉၁၆ ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္ဗည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း၊ မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။ (စာမျက်နှာ ၁၆ ပြည်ထောင်စုမြန်မာနိုင်ငံ ရိုးရာဓလေ့ ထုံးစံများ - ကရင်)၁၉၃၇-နှစ် ကရင်သက္ကရာဇ် အကြောင်း ဆွေးနွေးစဉ်အခါက စာမျက်နှာ ၁၀၊ ၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးတေရိန္ဒ အား ထင်မြင်မှု ပေါ့ခဲ့သည်။ ထိုYအတွက် လက်ဆယ်ဖြာ ဦးထိပ်တင်၍ ကန်တော့ပါ၏။ထိုစဉ်က အထက်ပါ အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေအမတ် ၁၂ ယောက်တို့ ကမ်းယံသက္ကရာဇ်ဟု ဆုံးဖြတ်မည်ဟု သံသယရှိစရာ မလိုပါ။ ဤကားရှေးက ကရင်သက္ကရာဇ် ရှိခဲ့ကြောင်းပါ။တရုတ်ပြည် အနောက်ပိုင်းရှိ ကြီးမားသော တောင်ကြီးများ ၀န်းရံလျှက်ရှိသည့် ကုန်းပြင်မြင့်၊ ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ ကြ၏။ ထီဆဲမဲ့ယွား ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ ၏။ ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ်၊ အချို့ကရင်များ ယူနန်ပြည်မှ ဘီစီ ခမ ၁၁၂၈ တွင် ရွှေ့ပြောင်းလာ၏။ တပိန်၊ မြစ်ငယ်၊ ဧရာဝတီ အတိုင်း စုံဆင်း၏။ အချို့သံလွင်မြစ် အတိုင်းစုံဆင်း၏။ ဗမာပြည်သို့ ဘီစီ ခမ ၁၁၂၅ တွင် ရောက်၏။ ဒုတိယအသုတ် ဘီစီ ခမ ၇၄၁ တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ ဘီစီ ခမ ၇၃၉ တွင် ဗမာပြည်သို့ ဆိုက်ရောက်ကြ ၏။ (သုတေသီဆရာ ဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ - ကသာ၊ ဦးဖိုးတုတ် - ပညာအုပ်)ပထမအသုတ် ကရင်များ၊ ဗမာပြည် ရောက်သောအခါ လယ်ယာ စိုက်ပျိုးကြ၏ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေနေကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရ ကောက်ဦး စားပွဲကို ကျင်းပကြ၏။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ်၊ စသည်ဖြင့် ရေတွက်ရာမှ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ် မတူကြ။ နှစ်မျိုးဖြစ်နေ၏။ငယ်စဉ်က ပဲခူးနယ် တောင်ပိုင်း ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့တွင် ကောက်ဦးစားပွဲပြုလုပ်ကြ၏။ နံနက် စောစောတွင် အဘိုးတို့ ဘကြီးတို့ သူတို့၏ မိတ်ဆွေ ရွှေကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ (ထူးဖောပါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ် အကြောင်းလဲ ပါ၏။ ပဲခူး တောင်ပိုင်းသက္ကရာဇ်မှာ ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးသည်။ ၁၉၃၇ ခု ကရင်ပြည်ပြဿနာ ပေါ်ပေါက် လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ (၂၇၉၉)ခုရှိနေ၏။ (၂၈၀၀) ပြည့်ရန် တနှစ် လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ် က (၃၁၀) နှစ်ငယ်နေသည်။ ၎င်းကို ဂျွန်ဆင်အားပြရာ ဟုတ်တယ် ဒို့ တောင်ငူသက္ကရာဇ်နဲ့တူတယ် ဟုဆို၏။သက္ကရာဇ်အတွက် ကရင်အမတ် (၁၂)ယောက် စည်းဝေးပွဲလုပ်ရာတွင် ဘယ်လိုလုပ်ကြမလဲ၊ (၂)မျိုးဖြစ်နေ သည်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။သာဓကမှာ Pritured Encyclopedia ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်န၀ါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက် မှာ ဒီဇင်ဘာလ (၂၅)ရက်အတွင်း ကျင်းပ၏။ အများသဘောတူညီချက်အရ ဒီဇင်ဘာလ (၂၅)ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။ သို့သော် အကြီးအကဲများ သဘောတူဆုံးဖြတ်၍ အားလုံး ရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။ Pritured Encyclopedia; We know that this could hardly have happened in December because it rams almost containously at the time of the year in Palestine and shepherds would no keep their flocks out in the hills at night in such weather.ခရစ္စမတ် ကမ္ဘာ့သာဓကကိုယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်းကရင်သက္ကရာဇ်ကို ဖြေရှင်းကြ၏။ တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ(၇၃၉)မတိုင်မီ ကစ၍ ကရင် သက္ကရာဇ်ကို ရေတွက်ဖို့ စဉ်းစား၏။ ကရင်အမတ်တဦးက ဒို့သက္ကရာဇ်ကို ပြင်နိုင်သလားဟုဆို၏။သမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။ ဒို့အမတ် (၁၂)ဦးလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ်(၂)ခုကို ကြားချနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး Veto ဗီတို အာဏာသုံးမှုကြောင့် ယခုကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉)မှစ၍ ရေတွက်ကြသည်။ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတရှိသူများက ဘီစီ (၇၃၉)ကို ကရင်သမိုင်းမှတ်တိုင်တခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ်ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်၏ ဂုဏ်အင်္ဂါလက္ခဏာလည်းမရှိ၊ ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ် ၂၅၂၂၊ ကောက်ဦးစားပွဲ ကရင်သက္ကရာဇ် ၂၇၂၀ ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ်နှင့် လက်ခံရန် တင်ပြအပ်ပါသည်။ကရင်သက္ကရာဇ်၊ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ (ယုတ္တာ၊ ယုတ္တိဆင်ခြင်ညှိသော် ၀ီစိကိစ္ဆာ၊ မရှိရာတည့် (ရှိဘွယ်မတည့်) ထုံးရာဇ၀င် သက်သေတင်၍)

ကရင်များ ကျေးရွာများကိုတည်ဆောက်ပုံ


ကရင်လူမျိုးတို့ သည် "အူကရိုအဲလ်တက်" ကနေစ၍ ဆင်းလာရာ တဆင့်ပြီးတဆင့် ဗမာပြည်သို့ ရောက်ရှိလာကြသည်အထိ ၎င်းတို့ နှင့် အတူ နှစ်လိုဖွယ်ရာကောင်းသည့် ထုံးတမ်းဓလေ့များကိုပါ ယူဆောင်လာခဲ့ကြသည်။ ပထမဦးဆုံး ၎င်းတို့ သည် မွန်ဂိုလီးယားနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ထိုနေရာမှာ ဧရာဝတီမြစ်ဖျား၏ အထက်ပိုင်းအရပ်တွင် ရှိလေသည်။ ထိုနေရာမှစပြီး အချို့ ကရင်များမှာ ဧရာဝတီမြစ် အတိုင်း ဆင်းလာကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည်။ အချို့ မှာ ဧရာဝတီမြစ်ဝအထိရောက်ရှိကာ မြေပြန့် ဒေသတွင် နေထိုင်ခဲ့ကြသည်။ တနည်းအားဖြင့် BC ၁၁၃၄ နှင့် BC ၁၁၂၂ အကြားရှိနှစ်များအတွင်း ဗမာပြည်အတွင်းသို့ ဝင်ရောက်လာသောအခါ ၎င်းတို့ သည် အုပ်စုများအဖြစ် ဖွဲ့ ပြီးလူစုခွဲကြလေသည်။ အုပ်စုတစ်စုအတွင်းတွင် အဖွဲ့ တစ်ဖွဲ့ စီမကရှိပြီး ဤအဖွဲ့ မှာ အခြေချနေထိုင်နိုင် ရေးအတွက် နေရာကောင်းများကိုရှာဖွေရန် တာဝန်ယူကြရသည်။ ၎င်းတို့ သည် အကွက်အကွင်းကောင်းသည့်နေရာများကို ရွေးချယ်ကြ ပြီး အိုးအိမ်များဆောက်ကာ ရပ်ရွာများတည်ကြလေသည်။ ဤသို့ အားဖြင့် တစ်ရွာပြီးတစ်ရွာတည်ကြလေသည်။ ရွာတစ်ရွာတည်ပြီးလျှင် ဤရွာတွင် လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ရွာနီးပတ်ဝန်းကျင်ရှိ မြေများကို ယူထားကြလေသည်။ ဤသည်မှာ တည်ဆောက်လိုက် သည့်ရွာတိုင်းအတွက် ပြုလုပ်ခြင်းဖြစ်သည်။ အိမ်များကိုဆောက်လုပ်ရာတွင် တိုင်များအဖြစ်သစ်ပင်ပျိုးများကို အသုံးပြုသည်။ အချို့ မှာ "၀ါးပိုး" ၀ါးများကို အသုံးပြုသည်လည်း ရှိသည်။ ထိုနည်းတူစွာ အခင်းများကို တင်ရန်အတွက် ဆင့်များကိုလည်း အချို့ က သစ်ပင်ပျိုများ (သို့ ) ၀ါးပိုးဝါးများကိုသာ အသုံးပြုကြ သည်။ အမိုးအတွက်ကိုမူ အချို့ ကသက်ငယ်ကိုသုံးပြီး အချို့ ကအင်ဖက်ကို အသုံးပြုကြလေသည်။ ဓနိရွက်ကိုလည်း သုံးကြပါသည်။ ၀ါး ခြမ်းဖြင့်အိမ်ကို မိုးသည်များလည်းရှိသည်။ ၎င်းတို့ နေထိုင်သည့်အရပ်တွင် မည်သည့်ပစ္စည်းက ပေါနေသည့်အပေါ်မူတည်ပြီး အသုံးပြု ကြခြင်းဖြစ်သည်။ သက်ငယ်ပေါသည့်အရပ်တွင် အိမ်ကိုသက်ငယ်ဖြင့် မိုးလေသည်။ ဓနိပေါသောနေရာတွင် ဓနိရွက်ကိုအများအားဖြင့် အိမ်မိုးရန် အသုံးပြုကြလေသည်။ အချို့ ရွာများသည် အိမ်ခြေများ၏။ အချို့ ရွာများမှာမူ အိမ်အနည်းငယ်သာ ရှိသည်။ ရွာတိုင်းနာမည်အသီးသီးပေးထားသည်။ ရွာ၏နာမည် များကို ဤရွာထဲတွင် နေထိုင်ခဲ့ကြသည့် ဆွေမျိုးအုပ်စုတို့ ၏အကြီးအကဲနာမည်များကို အမှတ်အသားပြုပြီး မှည့်ပေးလေရှိသည်။ တခါတရံ ရွာအနီးရှိစမ်းချောင်းလေး၏နာမည်ကို အမှတ်အသားပြု၍ မှည့်ခေါ်သည်များလည်းရှိသည်။ တခါတရံ သစ်တောအုပ်၏အမည် ဖြင့်ဖြစ်စေ၊ တွေ့ ရှိရသည့် နေရာတစ်ခုခု၏အမှတ်အသားဖြင့်ဖြစ်စေ၊ ၎င်းတို့ ၏ကျေးရွာများ၏ အမည်များကို မှည့်ခေါ်လေ့ရှိသည်။ ဤကဲ့သို့ အမည်များမှည့်ခေါ်ခြင်းမှာ ၎င်းတို့ ၏ဓလေ့ထုံးစံပင်ဖြစ်သည်။ ရွာ၏ပတ်လည်ကိုလည်း ၀ါးချွန်များ (သို့ ) သစ်တုံးချွန်များအား စိုက်ထူကာရံထားကြလေသည်။ ဤကဲ့သို့ ကာရံထားရုံမက ဤအကာအရံ၏အပြင်ပတ်ပတ်လည်တွင် တခါခြံစည်းရိုးတလျှောက် မြောင်း များကိုတူကြသည်။ မြောင်းများမှာ ကျယ်လည်းကျယ်သည်၊ နက်လည်းနက်ပေသည်။ အနည်းဆုံးအကျယ်မှာ "၈" တောင်ရှိသည်။ အနက်မှာမူ "၆" တောင်ရှိသည်။ ရွာ၏အ၀င်အထွက် တံခါးမဂိတ်ပေါက်မှာ နှစ်ပေါက်သာထားရှိသည်။ ရွာဦးတွင်တစ်ပေါက်နှင့် ရွအနောက်ဖက်တွင် ထွက်ပေါက်တစ်ပေါက်ဟူ၍ပင်ဖြစ်သည်။ရွာထဲသို့ ဝင်ရန်နှင့်ထွက်ရန်အတွက် လမ်းများမထားရှိချေ။ မြောင်းအား ဖြတ်ကျော်ရန်အတွက် မတ်တင်နိုင်သည့်တံတားကို ဆောက်လုပ်ထားသည်။ ရန်သူဖြစ်စေ၊ သားရဲတိရစ္ဆာန်များဖြစ်စေ ရောက်ရှိလာပါက ဤတံတားကို ဖယ်ရှားလိုက်ကြသည်။ ဤနည်းဖြင့် ၎င်းတို့ သည် အကာအကွယ်စည်းဝိုင်းအတွင်းလုံခြုံစိတ်ချစွာ ဘေးရန်အပေါင်းမှ ကင်းဝေးအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ရွာတိုင်းတွင် ရွာသူကြီးနှင့်တကွ ရွာသူကြီးကိုကူညီသည့် ရွာလက်ထောက်လူကြီးများ အသီး သီးထားရှိလေသည်။ ဤအကြီးအကဲပုဂ္ဂိုလ်များသည် ရွာသူရွာသားများကို ဘေးရန်အပေါင်းမှ ကင်းဝေးစေရန်အတွက် ကာကွယ်စောင့် ရှောက်ပါမည်ဟု သံဓိဌာန်ချပြီး တာဝန်ကို လက်ခံယူရသည် ဖြစ်သည်။

ကိုးကား
  • စရှောင်ဖန်း(အင်းစိန်)
  • ၂၀၀၆-ထုတ် ပိုးကရင်မဂ္ဂဇင်းမှ
  • ဆရာကြီးစောမြတ်သိန်းလွှတ်တော်အမတ
  • သမိုင်းသုတေသီပညာရှင် စောအောင်လှ ရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)
Read More »

အာဏာပြန်သိမ်းမှာစိုးလို့ ဖက်ဒရယ်ကိစ္စမပြောဘဲ နေရမှာလား(ထက်အောင်ကျော်)


“တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားမှာ စိုးရိမ်ရဆုံးအချက်ကို ပြောပါဆိုရင်တော့ ဖက်ဒရယ်ကိစ္စ ဆွေးနွေးမှုကို အကြောင်းပြပြီး စစ်တပ်က ဖွဲ့စည်းပုံအရ အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုပါပဲ” လို့ မင်းစိုးလင်းက ပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) မှ အတွင်းရေးမှူး အခုလို စကားပြောနေတဲ့ နေရာက နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဖြစ်ပါတယ်။
ဒီလောက် အရေးကြီးတဲ့စကားကို နေပြည်တော်က လွှတ်တော်ထဲမှာ မပြောဘဲ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့အရပ်မှာ ဘာကြောင့် သွားပြောနေတာလဲ ဆိုပြီး မေးခွန်းထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလိုပါ။ စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ နော်ဝေ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးစနစ်ကို လေ့လာဖို့ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ် ၁၃ ဦးကို မြန်မာ့အရေး စိတ်ဝင်စားတဲ့ နော်ဝေ နိုင်ငံသားတွေ၊ ငြိမ်းချမ်းရေး သုတေသီတွေ၊ ပညာရှင်တွေ၊ NGO ဝန်ထမ်းတွေက မေးမြန်းစဉ် မင်းစိုးလင်းက အခုလို ပြောသွားတာပါ။
နော်ဝေနဲ့ မြန်မာဟာ မိုင်ပေါင်းထောင်ချီ ဝေးတယ်ဆိုပေမယ့် အခုလောလောဆယ် မြန်မာနိုင်ငံမှာ အရှိန်အကောင်းဆုံး လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စတွေကို အဓိက အကူအညီ ပေးနေသူဟာ နော်ဝေနိုင်ငံ ဖြစ်ပါတယ်။ Myanmar Peace Center (MPC) မြန်မာ ငြိမ်းချမ်းရေးစင်တာကို အဓိက ကူညီပေးနေတာဖြစ်ပြီး ဒီအကူအညီတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို မြန်မာအစိုးရက ဆက်တိုက် လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝေဖန်သူ တချို့ကတော့ နော်ဝေနဲ့ နိုင်ငံတကာကပေးတဲ့ အကူအညီတွေဟာ MPC နဲ့ အစိုးရ ဝန်ကြီးဌာနတွေဆီပဲ ရောက်နေပြီး ပဋိပက္ခရဲ့ အခြားတစ်ဖက်ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ မရောက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ MPC အဖွဲ့ဝင်တစ်ဦးကတော့ တိုင်းရင်းသား အဖွဲ့တွေဆီကို ဂျပန်နိုင်ငံမှ Nippon Foundation က ထောက်ပံ့ပေးနေတာ ရှိပါတယ်လို့ တုံ့ပြန်ချက်ပေးပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အရင်မဆလခေတ်၊ နဝတခေတ်ကလို မြန်မာ့တပ်မတော် အရာရှိနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကြား တီးတိုးစကား ပြောတဲ့အဆင့် မဟုတ်တောပါ့။
ပြည်တွင်းရေး ကိစ္စသက်သက် မဟုတ်တော့ပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ထဲထဲဝင်ဝင် ဆက်စပ်လာနေပြီ ဆိုတဲ့သဘော ဖြစ်ပါတယ်။
ဒီလိုနိုင်ငံတကာနဲ့ ပိုမိုဆက်စပ်လာချိန်မှာ၊ အစိုးရနဲ့ လွှတ်တော်ကိုယ်တိုင်က နိုင်ငံရေး အမြင်တွေကို လွတ်လပ်စွာ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုတောင် ပြန်ပြင်ဖို့ လွှတ်တော်ကော်မတီ ဖွဲ့ထားပေးစဉ်မှာ ဖက်ဒရယ်ကိစ္စ သိပ်ပြောရင် စစ်တပ်က အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှု ဘာကြောင့် ပေါ်ထွက်လာတာလဲ။
၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ပြင်ရေး၊ သို့မဟုတ် အသစ်ပြန်ရေးဖို့ လိုတယ်ဆိုပြီး အဖွဲ့အတော်များများက အထူးသဖြင့် အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေက ပြောဆိုဆွေးနွေးမှုတွေ အရှိန်အဟုန် ကောင်းလာတာကြောင့်လို့ ယူဆရပါတယ်။ တိုင်းရင်းသားတွေဘက်က ဒီလိုပြောဆိုမှု အရှိန်ကောင်းလာသလို အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းကလည်း ၂၀၀၈ ကို ပြန်ပြင်ဖို့ သို့မဟုတ် ပြန်ရေးဖို့ လှုပ်ရှားမှုတွေ တိုးပြီးဆောင်ရွက်လာတာ တွေ့နေရပါတယ်။
“လက်ရှိအနေအထားမှာ အစိုးရက ပြုပြင်ပြောင်လဲရေး တကယ်လုပ်နေပြီလို့ မပြောနိုင်သေးဘူး။ ပြုပြင်ပြောင်းလဲရေးဘက်ကို မျက်နှာမူထားတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်” လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာ တာဝန်ခံ ကိုမြအေးက ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေး တကယ်လုပ်ပြီဆိုရင် လတ်တလော လုပ်နေတဲ့ တင်းကျပ်မှုတွေ လျှော့ချရေး လုပ်ငန်းစဉ်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးကအစ နိုင်ငံရေးအရ အရေးကြီးတဲ့ ပြုပြင်မှုတွေကို အစိုးရဘက်က ဆောင်ရွက်ပေးဖို့ လိုတယ်လို့ သူကထောက်ပြပါတယ်။
ဒါက လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးသက်သက်ကို အားမရဘဲ တကယ့်ပြုပြင် ပြောင်းလဲရေးဆီ သွားချင်နေတဲ့ လူတွေရဲ့ဆန္ဒပါ။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ စစ်တပ်နဲ့ အစိုးရက ပေးထားသလောက်ကိုပဲ ယူပြီး အဲဒီထက် ပိုမတောင်းသင့်သေးဘူး၊ ပိုတောင်းရင် စစ်တပ်နဲ့ စစ်ဗိုလ်ဟောင်း နိုင်ငံရေးသမားတွေက အာဏာပြန်သိမ်းသွားနိုင်တယ်။ နောက်ပြန်ဆုတ် သွားနိုင်တယ်ဆိုပြီး စိုးရိမ်နေသူတွေလည်း အတော်များလာနေတာ တွေ့ရပါတယ်။
တကယ်တော့ စိုးရိမ်သူတွေဘက်က မမှားသလို ဖက်ဒရယ်တောင်းသူတွေ ဘက်ကလည်း မမှားပါဘူး။ ဒါဖြင့် ဘာမှားနေတာလဲ။ မှားနေတာက နိုင်ငံရေးစနစ်ဟောင်း လက်ကျန်နဲ့ သမားရိုးကျ စဉ်းစားပုံတွေသာ ဖြစ်တယ်လို့ ထင်ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် တပ်မတော်အုပ်ချုပ်မှု သို့မဟုတ် အစိုးရ အုပ်ချုပ်မှုအောက်မှာ နေလာရသူတွေဆိုတော့ စစ်တပ်ပြန်လာမှာကို အမြဲတမ်း စိုးရိမ်နေတာ သဘာဝကျပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီစစ်တပ်က တစ်ချိန်လုံး အနိုင်ကျင့်ထားလို့ ဘာမှမပြောနိုင်၊ မဆိုနိုင်ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသားတွေ ဘက်ကလည်း သူတို့ရဲ့ဆန္ဒကို ဒီလိုပွင့်လင်းလာချိန်မှာမှ ထုတ်မပြောရင် ဘယ်အချိန်မှာ သွားပြောရမှာလဲ။
အရေးကြီးတာက တိုင်းရင်းသား အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူတွေကြားမှာ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှု ရှိဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီနဲ့ တိုင်းရင်းသား အခွင့်အရေးဟာ ခေါင်းနဲ့ပန်းလို တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ တစ်ခုမရှိရင် တခြားတစ်ခုလည်း ရှင်သန်ဖို့ မလွယ်ဘူး ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ တည့်တည့် ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေ ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ဆိုတာနဲ့ ဒီမိုကရေစီ အင်အားစုတွေ ပြောနေတဲ့ ဖွဲ့စည်းပုံ ပြန်ပြင်ရေး ဆိုတာတွေဟာ တစ်ထပ်တည်း မကျသေးလို့ ဖြစ်ပါတယ်။
လေ့လာဆန်းစစ်သူတွေရဲ့အပြောအတိုင်းဆိုရင် ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ လက်ရှိလွှတ်တော်ထဲက လူအများစု ပြောနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် ဖက်ဒရယ်စနစ် ဆိုတာဟာ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်ကို နည်းနည်းလျှော့ချပြီး ပြည်နယ်-တိုင်းအစိုးရတွေရဲ့လုပ်ပိုင်ခွင့်ကို နည်းနည်း တိုးပေးလိုက်ဖို့လောက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ NLD နဲ့ ဒီမိုကရေစီ အင်အားစုတချို့ ပြောနေတဲ့ ဖွဲ့စည်းပုံပြင်ရေး ဆိုတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေ အာမခံချက်ရရေး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ တိုင်းရင်းသားပါတီတွေ၊ ငြိမ်းချမ်းရေး အဖွဲ့အားလုံးနီးပါး တင်ပြနေတာကတော့ လူမျိုးကို အခြေခံတဲ့၊ လူများစုဖြစ်တဲ့ ဗမာကလည်း ပြည်နယ်တစ်ခုအဖြစ် ပါဝင်တဲ့ ဖက်ဒရယ်စနစ်မျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီလို မူကွဲသုံးခု ဖြစ်နေတာကိုကြည့်ပြီး နိုင်ငံရေးသမားတွေကြား အချင်းချင်း သဘောထား ကွဲနေကြပြီ၊ ဒါကိုညှိရင်းနဲ့ စစ်တပ်က ကြားကဝင်လာပြီး အာဏာသိမ်းသွားနိုင်တယ်။ ၁၉၆၂ အာဏာသိမ်းတုန်းကလည်း ဒီလို ဖက်ဒရယ်မူ ဆွေးနွေးမှုကိုပဲ အကြောင်းပြပြီး သိမ်းသွားတာ မဟုတ်လားဆိုတဲ့ စိုးရိမ်မှုတွေ လွန်ကဲလာနေတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီလိုအမြင်မတူတာကိုက ဒီမိုကရေစီရဲ့သဘာဝပဲ ဆိုတာကို မျိုးဆက်သစ် နိုင်ငံရေးသမားတွေ လက်ခံဖို့ လိုပါတယ်။ ဒီလိုမတူတဲ့ အမြင်တွေကို ဆွေးနွေးငြင်းခုံဖို့ လွှတ်တော်ဆိုတာ ပေါ်လာတာပေါ့။ စီမီနာတွေ၊ ဆွေးနွေးပွဲတွေဆိုတာ ဒါတွေကို ငြင်းခုံဖို့ပေါ့။ အခုတော့ ကိုယ့်အမြင်၊ ကိုယ့်ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ဆွေးနွေးတာကိုပဲ စစ်တပ်ပြန်လာမှာကို ဖိတ်ခေါ်နေသူတွေအဖြစ် မြင်လာတာမျိုးကတော့ ‘စစ်တပ်ပေးသလောက်နဲ့ပဲ ကျေနပ်ပါတော့’ ဆိုတဲ့ အယူအဆမျိုး ဖြစ်နေပါတယ်။
အနှစ်ပြန်ချုပ် ရရင်တော့ အခုလို နိုင်ငံရေး ပွင့်လင်းစကာလဟာ ကိုယ့်အမြင်၊ ကိုယ့်ယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရမယ့် အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုထုတ်ပြောတာဟာ နည်းလမ်းတကျ ဖြစ်ဖို့လိုပြီး အဖြေတစ်ခုခု ရတဲ့ဘက်ဆီ ဦးတည်ဖို့ လိုပါတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား မတူတဲ့ သဘောထားတွေကိုညီအောင် အတင်းညှိတာမျိုး မဟုတ်ဘဲ မတူကွဲပြားတာတွေကို အပြန်အလှန် အသိအမှတ်ပြုဖို့၊ အပြန်အလှန် လေးစားနားလည်မှု ရဖို့ဆီ ဦးတည်သင့်ပါတယ်။
ဒီဆွေးနွေးချက်တွေအပေါ် တပ်မတော်ဘက်က စိုးရိမ်တယ်ဆိုရင်လည်း ဘာကြောင့် စိုးရိမ်တယ် ဆိုတဲ့အကြောင်း တပ်မတော်ဘက်ကလူတွေ ကိုယ်တိုင်ဝင်ရောက် ဆွေးနွေးသင့်ပါတယ်။ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်ကနေ ပြည်နယ်-တိုင်းလွှတ်တော် အသီးသီးအထိ ရှိနေတဲ့ တပ်မတော် ကိုယ်စားလှယ်တွေက တပ်ရဲ့အမြင်ကို ပွင့်လင်းစွာ ဆွေးနွေးဖို့ လိုပါတယ်။ အရပ်ဘက်ကလူတွေ ဆွေးနွေးနေစဉ် တပ်မတော်ဘက်က ဘာမှဝင်မပြောဘဲနဲ့ (ဘောလုံးစကားနဲ့ ပြောရရင်) လူကျွံဘော ထောင်ဖမ်းပြီး ပြစ်ဒဏ်ဘောရအောင် လုပ်တာမျိုး။ အာဏာပြန်သိမ်းနိုင်ဖို့ ကျားချောင်းသလို အကွက်ချောင်းနေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အဲဒီလိုချောင်းတဲ့ ခေတ်လည်း ကုန်သွားပြီလို့ ထင်ပါတယ်။
သေချာတာကတော့ ၂၀၁၃ ဟာ ၁၉၆၂ ခုနှစ် မဟုတ်တော့ပါ။ ၂၀၁၃ ရဲ့ ဇာတ်ကောင်တွေဟာ ၁၉၆၂ က ဇာတ်ကောင်တွေ မဟုတ်တော့ပါ။ ၂၀၁၃ ရဲ့ နိုင်ငံရေးသမားတွေဟာ ၁၉၆၂ က နိုင်ငံရေးသမားတွေ မဟုတ်တော့သလို ၂၀၁၃ စစ်သားတွေဟာလဲ ၁၉၆၂ တပ်မတော်သားတွေ မဟုတ်တော့ပါဘူး။ အတိတ်ကို သင်ခန်းစာယူရမှာ ဖြစ်ပေမယ့် အတိတ်မှာ တစ်ခါဖြစ်ခဲ့ဖူးတာနဲ့ အမြဲတမ်း အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ကောက်ချက်ဆွဲပြီး ဖက်ဒရယ်ကိစ္စ ဆွေးနွေးဖို့ ကြောက်နေမယ် ဆိုရင်တော့ ‘စစ်တပ်က ပေးသလောက်နဲ့ပဲ ကျေနပ်ပါတော့’ ဆိုတဲ့ အဆင့်ကိုကျော်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
http://thevoicemyanmar.com
Read More »