ဥရောပရောက် မြန်မာများ အနေဖြင့် မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေမှု အပေါ် ထုတ်ပြန်ကြေငြာချက်

၁၃ ဇန္နဝါရီလ ၂၀၁၃ ၁။ ဗိုလ်ချုပ် မင်းအောင်လှိုင် ဦးစီးသော မြန်မာ့ တပ်မတော်သည် ကချင်ပြည်တွင် ပြင်းထန်သည့် ထိုးစစ်ဆင်နေသည်မှာ ၁၈ လ ကျော်ကြာမြင့်နေပြီ ဖြစ်ပါသည် ။ ထို ထိုးစစ်များကြောင့် ကချင်ပြည်နယ်တွင် မြေဇာပင် ပြည်သူများနှင့် လက်နက်ကိုင် တပ်ဖွဲ့ ဝင်များ အပါအဝင် ကိန်းဂဏန်း မှန်းဆလို့ မရနိုင်သည့် အသက်ဆုံးရှုံးမှုများ ဒဏ်ရာအနာတရများ အိုးအိမ်ယာများပျက်စီးမှုများ အပြင် နေ့ စဉ်နှင့် အမျှ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ဆုံးရှုံးခြင်းများ စသည့်ဘေးဒုက္ခများကို မျက်ဝါးထင်ထင် တွေ့ ကြုံ ခံစားနေကြရပါသည် ။ ပြည်သူလူထု အတွက်သုံးစွဲရမည့်ငွေကြေး ၅၀ % အထိ စစ်ပွဲများအတွက် ကုန်ကျ နေပြီ ဖြစ်ပါသည် ။ ၂။ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှ ကချင်ပြည်နယ်အတွင်းက ထိုးစစ်များကို ရပ်ဆိုင်းရန် အကြိမ်ကြိမ် အမိန့် ပေး ညွန်ကြားခဲ့ပါသည် ။ စစ်သေနာချုပ် မင်းအောင်လှိုင်အနေဖြင့် လိုက်နာ ဆောင်ရွက်မှု မရှိသည့်အပြင်ပိုမို ပြင်းထန်သည့် ထိုးစစ်များကိုသာ အဆင့်ဆင့် စီမံ ချမှတ်နေသည် ။ ခရစ်စမတ်ပွဲတော်နေ့ ၊ နှစ်သစ်ကူးပွဲတော်နေ ၊့နှစ်သစ်မင်္ဂလာနေ့ ၊ လွတ်လပ်ရေးနေ့  ၊ စသည့် မြန်မာပြည်အတွက် နေ့ ထူးနေ့ မြတ် သတ်မှတ်ရက်များကိုအခွင့်ကောင်းယူပြီး ဂျက်တိုက်လေယာဉ်များ စစ်သုံးဟယ်လီကော်ပတာများ လက်နက်ကြီးများအပြင်ဓါတုလက်နက်များ အကူအညီဖြင့် တပ်များကို အလုံးအရင်းနဲ့  တိုးချဲ့ ပြီး ကချင်ပြည်နယ်ရှိ KIA / KIO ဌါနချုပ်ရှိရာလိုင်ဇာမြို့ အထိ ပြင်းထန်သော ထိုးစစ်များ အဆက်မပြတ် ဆင်နွဲနေပါသည် ။ ၃။ အစဦးကာလများတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ဂျက်လေယာဉ်ပျံများ သုံးစွဲ ခြင်းမရှိဟု ပြည်တွင်းနှင့် ပြည်ပ မီဒီယာများသို့ လိမ်လည်ပြောကြားခဲ့ပါသည် ။ ဂျက်တိုက်လေယာဉ်များ ကချင်ဒေသတွင် ပျံသန်းနေသည်ကို အထောက်အထား ဓါတ်ပုံများ ဗီဒီယိုဖိုင်များ ထွက်ပေါ်လာသောအခါ မြန်မာ့ တပ်မတော်အတွက် ရိက္ခာများ ချပေးသည်ဟု ဖြေရှင်းပါသည် ။ ကုလသမဂ္ဂ ဥရောပကောင်စီ အမေရိကန် အပါအဝင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန် အပြစ်တင် လာသောအခါတွင် မိမိကိုယ်ကို ကာကွယ်သည်( Self Defense ) ဟု ဗြောင်လိမ် ဖြေရှင်းခဲ့ပါသည် ။မြန်မာ့ တပ်မတော်အနေဖြင့် ကချင်ပြည်နယ်ရှိ KIA စခန်းများကို တပ်ရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် စစ်ဆင်ပြီး KIA စခန်းများကို တခုပြီး တခု သိမ်းပိုက်ခဲ့သည့် အပြင် ယ္ခုနောက်ဆုံး KIA ဌါချုပ် ကိုပါ လက်နက်ကြီးများနှင့် ပစ်ခတ် သိမ်းပိုက်ရန် ကြိုးစားနေသည်ကို မိမိကိုယ်ကိုကာကွယ်ရန်ဖြစ်သည်ဟု ဆင်ခြေပေး ဖြေရှင်းခြင်းမှာ နိုင်ငံတော် သမ္မတ၏ မရှိသော သိက္ခာ ကို ထပ်လောင်း ချနေခြင်းဖြစ်သလို ကမ္ဘာ့  စာမျက်နှာပေါ်တွင်လည်း မြန်မာအစိုးရ၏ စိတ်ပျက်ဖွယ်ရာ ပျက်လုံး ဖြစ်နေရပါသည် ။ တချိန်တည်းမှာလည်း ဝန်ကြီး အောင်မင်း ဦးဆောင်နေသော ငြိမ်းချမ်းရေး မစ်ရှင် အဖွဲ့ နှင့် အပြစ်အခတ် ရပ်စဲထားသောရှမ်းပြည်နယ်မှ SSA / RCSS နယ်မြေများကိုလည်း ယ္ခုကြေငြာချက် ထုတ်သည့် အချိန်ထိ မြန်မာ့ တပ်မတော်မှထိုးစစ်များ ဆင်နွဲနေပါသည်။ အဆိုပါ တရားမဲ့ လူ့ အခွင့်အရေး ချိုးဖေါက်မှုများကို FBE မှ ရှုံ့ ချကန့် ကွက်ပြီးထိုးစစ်ဆင်နေမှုများကို တနိုင်ငံလုံးတွင် အမြန်ဆုံး အပြီးအပိုင် ရပ်စဲပေးရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုပါသည် ။ ၄။ သမ္မတ ဦးသိန်းစိန်က နိုင်ငံရေးအဆင့် ဆွေးနွေးရန် တိုင်းရင်းသားများ ကိုယ်စားလှယ် အားလုံး ပါဝင်သည့်လ္ဂတ်တော်သည်သာ အကောင်းဆုံးဖြစ်ကြောင်း နေပြည်တော်တွင် ၅ ရက် ဇန္နဝါရီလ ၂၀၁၃ နေ့ က ဥက္ကဌ မူတူးစေဖိုး အပါအဝင်KNU ခေါင်းဆောင်များနှင့် တွေ့ ဆုံပွဲတွင် အတိအလင်းပြောကြားခဲ့သည် ။ တိုင်းရင်းသားများကို ၂၀၁၅ ရွေးကောက်ပွဲကတဆင့် လွတ်တော်ထဲ မရောက် ရောက်အောင် စစ်သေနာချုပ် မင်းအောင်လှိုင် ၏စစ်ရေးနည်းဖြင့် ဖြေရှင်းနေသည်ကို FBE မှ ပြင်းထန်စွာ ရှုံ့ ချ ကန့် ကွက်လိုက်သည် ။ ၅။ မြန်မာပြည်တွင်းမှ အပြောင်းအလဲများကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသော ဥရောပရောက် မြန်မာ့အရေးဆောင်ရွက်နေသူများ အဖွဲ့ ဝင်များ အနေဖြင့် ယ္ခုကဲ့သို့ တိုင်းရင်းသား လုပ်သား ပြည်သူများ စစ်ဒုက္ခပင်လယ်ဝေ တော့မည်ကိုတွက်ဆ ထားသည့်အလျှောက် စစ်တပ်တွင် တာဝန် အရှိဆုံး အမြင့်ဆုံးရာထူး စစ်သေနာချုပ် မင်းအောင်လှိုင် ကို စစ်မြေပြင် လူ့ အခွင့်ရေးချိုးဖေါက်များဖြင့် ဥရောပ တရား ရုံးများတွင် တရားစွဲဆိုနိုင်ရန် ၂၀၁၂ မှစတင်ပြီးwar crimes, crimes against humanity, ethnic cleansings အစရှိသည့် ပြစ်မှုများကို သက်ဆိုင်ရာ အဖွဲ့ အစည်းများမှတာဝန်ရှိသူများ ဥပဒေပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက် နေဆဲဖြစ်ပါသည်။ FBE အဖွဲ့ ဝင်များ အနေဖြင့်စစ်သေနာချုပ်မင်းအောင်လှိုင်ကိုလူ့ အခွင့်အရေး ဆိုင်ရာ ပြစ်မှုများ ကျူးလွန်သူအဖြစ် ဥရောပ တရားရုံးများတွင် တရားစွဲနိုင်ရန် တရားဥပဒေဘောင်အတွင်း ရောက်လာအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၆။ ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကချင် စစ်ပြေးဒုက္ခသည်ပေါင်း ၈သောင်းမှ ၁ သိန်းဝန်းကျင်ခန့် ရှိနေပြီဟု ကျွမ်းကျင်သော ပညာရှင်များက ခန့် မှန်းကြပါသည် ။ထိုအထဲတွင် ကလေးနှင့် သက်ကြီး ရွယ်အိုများမှာ ၆၅ %ရှိနေသည်ဟု သိရပါသည် ။ မြန်မာ အစိုးရ အနေဖြင့် လူသားခြင်း စာနာထောက်ထားသောအားဖြင့် စစ်ပြေးဒုက္ခသည်များကိုကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့ အစည်းများက ကူညီရန် တောင်းဆိုနေခြင်းကို ခွင့်ပြုပေးရန် တိုက်တွန်း လိုက်သည် ။ ၇။ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ ဒီမိုကရေစီလမ်းပြ ခေါင်းဆောင်တဦး ဖြစ်ပြီး တိုင်းရင်းသားလုပ်သားပြည်သူအများစု၏ ယုံကြည် အားကိုး အားထားသည့် ခေါင်းဆောင် ပုဂ္ဂိုလ်ထူး တဦးလည်း ဖြစ်ပါသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် သန့် ရှင်းသော အစိုးရ (Clean Government ) / ကောင်းမွန်သောအုပ်ချုပ်ရေး အစိုးရ(Good Governance ) ဟု ကြိမ်ဖန်များစွာ ထုတ်ပြန်ကြွေးကျော် နေသည့် သမ္မတဦးသိန်းစိန် နှင့် လက်တွဲဆောင်ရွတ်နေသူ ဖြစ်ပါသည်။ ကချင်ပြည်နယ်ရှိ တိုင်းရင်းသား ညီအကိုများသာမက တိုင်းနှင့် ပြည်နယ် တဝှမ်းလုံးမှ တိုင်းရင်းသား လုပ်သားပြည်သူများကစစ်တပ်မှ ပြင်းထန်သည့် ထိုးစစ်များအပေါ် လူထုခေါင်းဆောင် ပြည်ထောင်စု ခေါင်းဆောင်ပီပီ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်စစ်ရေး ပဋိပက္ခများကို ငြိမ်းချမ်းသော နည်းလမ်းများ ရှာဖွေပြီး ကူညီ အဆုံးသတ်ပေးရန် ဆန္ဒပြု တောင်းဆိုပါသည်။ ပြည်သူ့ လူထု အကျိုးပြုရမည့် ငွေများကို သုံးစွဲပြီး စစ်တပ်မှ ပဋိပက္ခများကို မှားယွင်းသည့် ပြင်းထန်သော စစ်ရေး နည်းလမ်းများနှင့်ဖြေရှင်းနေသည်က ဝမ်းနည်းဖွယ်ရာတွေ့ မြင်ကြားသိနေရပါသည် ။ ၈။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်သားပြည်သူတရပ်လုံးက ယုံကြည်အားကိုးသည့် စိတ်ဆန္ဒဖြင့် အခက်အခဲများကို ရင်ဆိုင်ပြီးလွတ်တော်ထဲမှာ နေရာယူနိုင်အောင် မဲဆန္ဒပေးပြီး တင်မြောက် ခဲ့ပါသည် ။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုခေါင်းဆောင်အဖြစ်၎င်း ပြည်ထောင်စု ခေါင်းဆောင် အဖြစ်၎င်း လွတ်တော်ကိုယ်စားလှယ်အဖြစ်၎င်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ အဖြစ်၎င်း တိုင်းပြည်တွင် မလိုလားအပ်သော အခြေအနေများ ပဋိပက္ခများ တွင် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် တိုင်းပြည်အနာဂါတ်အကျိုးအတွက် လွတ်တော် အတွင်း / အပြင် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိနေပါသည် ။ ဝေဖန်ပြောဆိုခွင့်လည်း ရှိနေပါသည်။ ဒီမိုကရေစီအစိုးရ လမ်းပြ ဖေါ်ဆောင် နေသူတဦး အနေဖြင့် အခြားဒီမိုကရေစီနိုင်ငံ ခေါင်းဆောင်များ ကဲ့သို့  ပြည်သူလူထုအတွက် လိုအပ်လာလျှင် အစိုးရ ဖိတ်ကြားချက် ခွင့်ပြုချက် ရရှိရန် မလိုသည့် အစဉ်အလာကောင်းများကိုမြန်မာပြည်တွင် အုပ်မြစ်ချပေးရန် လိုအပ်လာပါသည် ။ အာဏာသိမ်း စစ်အစိုးရမှ စိတ်တိုင်းကျ တာဝန်ပေးလိုက်သောလက်ရှိ အစိုးရ အဖွဲ့ ဝင်များနှင့် မြန်မာ့တပ်မတော်မှ တိုင်းရင်းသား လုပ်သားပြည်သူ တရပ်လုံးကို ဆင်းရဲခြင်း တွင်းနက်ထဲသို့ ပို့ ဆောင်နေသော ပဋိပက္ခများကို ငွေ အကုန်အကျများသည့် စစ်ရေး အသွင် ဖြေရှင်း နေခြင်းကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင် ဖြေရှင်းရန် အတွက် ဝင်ရောက်ပြီး ကူညီဆောင်ရွက်ရန် အချိန်ကျပြီဟုကျွန်ုပ်တို့  FBE အဖွဲ့ သားများက ယုံကြည်ကြပါသည် ။ စစ်မြေပြင်အတွင်းက ဒုက္ခအတိရောက်နေသော တိုင်းရင်းသား ညီအကိုများ ဆင်းရဲတွင်းထဲက လုပ်သားပြည်သူများ ဘဝကို စာနာထောက်ထားသောအားဖြင့် အနာဂါတ် ပြည်သူလူထု ငြိမ်းချမ်းရေး အတွက် စစ်ဦးချုပ် မင်းအောင်လှိုင်မှ စစ်ပွဲများကို ချက်ခြင်း ရပ်ဆိုင်းရန် ဥရောပရောက် မြန်မာများက တိုက်တွန်း တောင်းဆို အပ်ပါသည် ။ ဥရောပရောက် မြန်မာများ https://www.facebook.com/notes/htay-tint
Read More »

လူသိနည်းတဲ့ ပြည်နယ်ခွဲထွက်ရေး အငြင်းပွားမှုကြောင့် ဖြစ်ပွားတဲ့ အမေရိကန် ပြည်တွင်းစစ်ကြီးအပြီမှာ............

ချစ်ရပါသောမိတ်ဆွေတို့ရေ အသားရောင် မခွဲခြားဘူးဆိုတဲ့ အမြင့်ဆုံးသက်သေပြချက်က မစ္စတာအိုဘားမား အမေရိကန်ပြည်ထောင်မှာ သမ္မတဖြစ်လာခြင်းပါ။ အခုလို အခြေနေမျိုးရောက်ဖို့ အတွက်လူမည်းတွေ ယနေ့ အချိန်မှာရနေတဲ့ အခွင့်ရေးတွေက တောင်းဆိုရုံနှင့် ရနေတာ မဟုတ်ပါဘူး။ Civil rights တွေကို စနစ်တကျ တိုက်ပွဲဝင်ခဲ့ရတာ ရာစုနှစ်နှင့်ချီခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူမည်းကျွန်ကိစ္စကြောင့်လို့ လူသိများပြီး လူသိနည်းတဲ့ ပြည်နယ်ခွဲထွက်ရေး အငြင်းပွားမှုကြောင့် ဖြစ်ပွားတဲ့ အမေရိကန် ပြည်တွင်းစစ်ကြီး အပြီးမှာ Separate-but-equal doctrine ဆိုပြီး လူဖြူလူမည်း ခွဲခြားတဲ့ စနစ်ဆိုးကြီး ထွက်ပေါ်လာပါတယ်။ အဲဒီစနစ်ဆိုးကြီးက လူဖြူတွေ စားသောက်ဆိုင်ထဲ လူမည်းမ၀င်ရတာက စလို့ အစုံပါပဲ။ သို့သော် ပြဌာန်းချက် အခန်းကြီး ၁၄ ပါ အမေရိကန်ဖွဲစည်းပုံ ကိုလည်း မထိခိုက်အောင် ပညာသားပါပါနှင့် လုပ်ခဲ့ပြီး။ Grandfather clause လိုခေါ်တဲ့ မဲမပေးနိုင်အောင် ကန့်သတ်တဲ့ ဥပဒေနှင့် လူမည်းတွေကို နိုင်ငံရေးနယ်ပယ်မှလည်း ဖယ်ထုက်ထားခဲ့ပါတယ်။ အဲဒီလို အခြေနေကနေ လူမည်းတွေ ယနေ့တည်းတူ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေများမှာ ပါဝင်လာနိုင်အောင် တိုက်ပွဲဝင်ခဲ့တာတွေမှာ ကျနော်တို့ အတုယူစရာတွေရှိပါသည်။ တိုက်ပွဲတွေ အများကြီးမှ Alabama ပြည်နယ်က တခုသော တိုက်ပွဲအကြောင်းကို ပြောပြချင်ပါသည်။ အဲဒီတိုက်ပွဲက ဘတ်စ်ကားပေါ်က လူဖြူလူမည်း ခွဲခြားတဲ့ စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲပါ။ Separate-but-equal doctrine အရ လူမည်းတွေက ဘတ်စ်ကားရဲ့ အနောက်ဖက်အခြမ်းမှာသာ ထိုင်ခွင့်ရှိပြီး။ အကယ်လို့ လူဖြူတွေ လာရင်ထပေးရပါမည်။ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလမှာ အသက် လေးဆယ့်သုံးနှစ်အရွယ် Rosa Park လို့ခေါ်တဲ့ လူမည်းအမျိုးသမီးဟာ တနေကုန်အလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ်စွာနှင့် အိမ်ပြန်ဖို့ ဘတ်စ်ကား စီးတဲ့အခါမှာ ကားရဲ့အရှေ့ဖက်ပိုင်းမှာ နေရာလွတ်နေပြီး ကားပေါ်မှာလည်း လူမည်းတွေသာရှိလို့ တွေ့တဲ့နေရာလွတ်မှာ သူမ ၀င်ထိုင်လိုက်ပါလာခဲ့သည်။ နောက်မှတ်တိုင်တွေရောက်တော့ လူဖြူအချို့ကားပေါ်တက်လာပြီး အခြားနေရာလွတ်တွေ အများကြီးရှိပါလျှက် Rosa Park ထိုင်နေတဲ့ ခုံကိုလာပြီးထခိုင်းတဲ့ အခါမှာတော့ သူမ မထပေးခဲ့ပါဘူး။ အဲဒီအတွက် ဘတ်စ်ကား ဒရိုင်ဘာကလည်း အော်ဟစ်ပြီးထခိုင်းသော်လည်း သူမ ဆက်ပြီး ထိုင်နေခဲ့ပါသည်။ ကားပေါ်ပါသည့် လူမည်းအမျိုးသားများလည်း ကြောက်ရွံ့ပြီး ကားပေါ်က ဆင်းကုန်ပါသည်။ သူမကတော့ ထိုင်မြဲထိုင်နေသည့် အတွက် မကြာခင်ရဲတွေရောက်လာပြီး သူမကို ဖမ်းဆီးသွားပါတယ်။ ပြီးတော့ သူမကို ၁၀ ဒေါ်လာ ဒဏ်ငွေရိုက်ခဲ့ပါသည်။ အဲဒီအခါမှာတော့ လူမည်းတွေ အားလုံးမခံမရပ်နိုင်ဖြစ်ကြပြီး။ မကြေနပ်ကြောင်း ဆန္ဒပြကြတယ်။ လူမည်းတွေအားလုံး တညီတညွှတ်ထဲ မြိုတော်ဘတ်စ်ကားလိုင်းကို မစီးနင်းပဲ ဆန္ဒပြဖို့ အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် Dr. Martin Luther King, Jr. ဦးဆောင်ပြီး ဆုံးဖြတ်ချက်ချ တိုက်ပွဲဝင်ခဲ့ပါသည်။ တနှစ်ပတ်လုံး မြို့တော်ဘတ်စ်ကားလိုင်းများကို လူမည်းများ အားလုံးမစီးနင်းတော့ပဲ သပိတ်မှောက်ခဲ့လို့ နောက်ဆုံးတော့ ဘတ်စ်ကားပေါ်က လူဖြူလူမည်းခွဲခြားတဲ့ စနစ်ချုပ်ငြိမ်းသွားရသည်။ အမေရိကန်သမိုင်းမှာ ကျော်ကြားလှသည့် ရိုးရိုးလေးနှင့် အင်မတန်မှ ဆိုးဝါးလှတဲ့ စနစ်ဆိုးကြီးကို ဆန့်ကျင်တိုက်ပွဲဝင် အနိုင်ယူခဲ့သည့် သမိုင်းပါ။ အဲဒါမျိုးကျနော်တို့တွေ အတုယူပြီး စနစ်တကျလုပ်စေခြင်ပါသည်။ ကျနော်တို့တိုင်းပြည်မှာ အင်မတန်မှ အားရကြေနပ်စရာ ကောင်းလှအောင် ဦးဆောင်ဆန္ဒပြသူများရှိပါသည်။ သို့သော် ဆန္ဒပြတာချည်း လုပ်နေလို့ မိမိတို့လိုလားချက်များ ရလာမည်မဟုတ်ပါ။ မရခဲ့ရင် နောက်ဆက်တွဲ မိမိတို့တွေဖက်က ဘာတွေဆက်လုပ်သွားမည်နည်း ဘယ်လိုဆန့်ကျင် သပိတ်မှောက်ပြီး မိမိလိုလားချက်ကို ရယူမည်နည်းကို ဦးဆောင်သူများ စဉ်းစားတွေးတောသင့်ပါသည်။ Freedom of speech ရှိသည့် အမေရိကန်ပြည်ထောင်စုတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၂၀၁၂ ရွေးကောက်ပွဲကာလမှာ အမေရိကန်သမ္မတအိုဘားမား ပြုလုပ်သော လူထုဟောပြောပွဲတခုတွင် အမေရိကန်လူငယ်(အဖြူ)တဦးက ထပြီး သမ္မတအိုဘားမား၏ လုပ်ဆောင်ချက်များကို လက်မခံနိုင်ကြောင်း မရပ်မနားပြောလို့ သူ့ကို နှောက်ယှက်မှုနှင့် ဖမ်းဆီးအရေးယူလိုက်သည်။ ဆိုလိုတာက ကျနော်တို့ ဆန့်ကျင်မည် သပိတ်မှောက်မည် ဆိုပါက တနစ်တကျရှိရမည်။ နောက်ဆက်တွဲ လုပ်ဆောင်ချက်များရှိရမည်။ သို့ဖြင့်ပါလျှင် ဥပဒေအခြေနေမပေးတဲ့ ၁၉၅၅ ခုနှစ်မှာတောင် လူမည်းတွေ အခွင့်ရေးရအောင် တိုက်နိုင်ခဲ့ပါသည်။ ဒီလိုမဟုတ်ပဲ မိမိဆန္ဒပြရုံတချက်ပဲဆိုလျှင် ၂၀၁၂ လိုအချိန်မှာ မအောင်မြင်တဲ့ လူငယ်လို ရင်ဆိုင်ရပါမည်။ ကျနော်သည် အနစ်နာခံ တိုက်ပွဲဝင်နေသော ပြည်တွင်းမှ ပြည်သူများနှင့် ခေါင်းဆောင်များကို သတိပြုမိစေရန် စေတနာဖြင့် ရေးရခြင်းဖြစ်ပြီး။ မထိမျက်မြင် နှိမ့်ချဝေဖန်သည့် သဘောလုံးဝ မပါရှိပါ။ လက်မခံနိုင်စရာ ရှိပါက ကျနော်၏ မသိဆိုးဝါးမှုကြောင့် ခွင့်လွှတ်ပါရန် တောင်းပန်အပ် ပါသည်။ ချစ်ခင်စွာဖြင့် Credit:ရဲမင်းထွန်း ဓါတ်ပုံမှာ Rosa Parks ကို ဖမ်းဆီးပြီး လက်ဗွေနှိပ်နေစဉ်။ Photo credit to: rosaparksfacts.com
Read More »

ကချင်ဒေသ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ

ကချင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေုတုန်းဖြစ်ပါတယ်။ အစိုးရဘက်က ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အေဌာနချုပ်နဲ့ မိုင် အစိတ်လောက်အကွာ နေရာတခုနဲ့ ၆ မိုင်အကွာ ဒေသတခု တို့မှာ ခြေလျှင်ထိုးစစ်ဆင်နွဲနေသလို လေယာဉ်ကလည်း ကူညီပစ်ခတ်ပေးနေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ ကေအိုင်အေအဖွဲ့ရဲ့ တပ်မဟာ (၃) ဒေသမှာ အစိုးရရဲ့ ခြေလျှင်ထိုးစစ်မှာတော့ အထိအခိုက်များ တာကြောင့် ပြန်ပြီးဆုတ်ခွာသွားရာမှာ စစ်သုံးပစ္စည်းတွေနဲ့ လက်နက်ကြီးတချို့ကို KIA ဘက်က သိမ်းဆည်း ရမိလိုက်တယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မခွာညိုက တင်ပြထားပါတယ်။ ကချင်ပြည်နယ်ဘက်မှာ အစိုးရနဲ့ ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေကြား ကချင်ဌာနချုပ်ရှိရာ လိုင်ဇာအနီးမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ရာမှာ သုံး-လေးလကြာ တိုက်ပွဲတွေ မရှိဘဲ ငြိမ်သက်နေခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ (၃) ဘက်မှာလည်း ဒီကနေ့မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြောင်း KIA ပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။ “အခုကို လေယာဉ်နဲ့ပစ်နေတုန်းပဲ၊ ခါယာဘွမ်မှာတော့၊ ခါယာဘွမ်ကတော့ ဗဟိုဌာနရဲ့ အနောက်ဘက်လောက်ကျတယ်။ မိုင်အားဖြင့်တော့ ဗဟိုဌာနချုပ်ကနေပြီး အနောက်ဘက် ၆ မိုင်လောက်ရှိမယ်။ ၁၂ နာရီပတ်ဝန်းကျင်လောက်မှာ လာပြီးတော့ ပစ်တယ်။ ” တပ်မဟာ (၃) တပ်စွဲထားတဲ့ ဂျာမိုင်ဘွမ် တပ်စခန်းဘက်ကို စင်လုံကဘာ ဘက်ကနေ လက်နက်ကြီးနဲ့ အရင်ပစ်ပြီးတော့ နောက်ပိုင်းမှာ ခြေလျှင်ထိုးစစ် စတင်ခဲ့ကြောင်းနဲ့ နေ့ခင်း ၁၂ နာရီဝန်းကျင်မှာ လေယာဉ်နဲ့လာရောက် ကူညီ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ တိုက်ပွဲအခြေအနေအတွင်း လေကြောင်းကနေ ပြင်းပြင်းထန်ထန် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဟာ ဒီနေ့ ဟာ ပထမဆုံးဖြစ်တယ်လို့လည်း ဦးလာနန်က ပြောပါတယ်။ “ဒီနေ့ လာပစ်ခတ်တဲ့နေရာကတော့ တပ်မဟာ (၃) ဒေသပေါ့ဗျာ။ တပ်မဟာ (၃) ဒေသမှာ လေယာဉ်ကနေ ပစ်ပြီးတော့ ပြင်းပြင်းထန်ထန်လာပြီး ပစ်ခတ်တာမျိုး၊ ဗုံးကြဲတာမျိုးလုပ်တာကတော့ တိုက်ပွဲကာလ တလျှောက်လုံးမှာ ဒီနေ့က ပထမဆုံးပါ။ အခု ဒီအချိန်လောက်မှာပဲ - အခု ပြောနေတဲ့အချိန် ၄ နာရီဝန်းကျင်လောက်မှာပဲ ခါယာနားမှာ လေယာဉ် နှစ်စင်း လာပြီးတော့ပစ်ခတ်နေတယ်။ အဲဒီမှာလည်း ခါယာမှာ ခြေလျှင်တပ်ဖွဲ့တွေ တက်လာတယ်။ မွန်းလွဲပိုင်းမှာ စတင်တာပါ။ အခုလည်း ဟိုမှာ လေယာဉ်နဲ့ပစ်ခတ်တာမျိုး လုပ်နေတယ်။ လေယာဉ်ပစ်ခတ်တဲ့နေရာကတော့ တပ်မဟာ (၃) ဒေသရယ်၊ ဗဟိုဒေသဖြစ်တဲ့ ခါယာဘွမ်မှာလည်း သူတို့ လေယာဉ်နဲ့ ပစ်ခတ်နေကြတယ်၊ မြေပြင်တိုက်ပွဲတွေလည်း ရှိနေတယ်ခင်ဗျ။” KIA ရဲ့ တပ်မဟာ (၃) တပ်စွဲထားတဲ့ ဂျာမိုင်ဘွမ်တပ်စခန်းဘက်ကို စင်လုံကဘာ ဘက်ကနေပြီးတော့ မြန်မာအစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ခြေလျှင်ထိုးစစ် စတင်ခဲ့ပြီး နေ့ခင်း ၁၂ နာရီဝန်းကျင်မှာတော့ လေယာဉ်နဲ့ လာရောက် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဦးလနန်က ပြောပါတယ်။ အစိုးရနဲ့ KIA တို့ရဲ့ တိုက်ပွဲတွေအတွင်း အစိုးရဘက်က လေကြောင်း တိုက်ခိုက်မှုတွေရှိလာခဲ့ရာမှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကတော့ KIA အဖွဲ့က မြေပြင်ကနေ ပြန်လည် ပစ်ခတ်မှုကြောင့် စစ်ရဟတ်ယာဉ် တစင်းပျက်ကျခဲ့ပါတယ်။ အစိုးရဘက်က စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့တာ ဖြစ်တယ် လို့ ပြောပေမဲ့ KIA ဘက်ကတော့ သူတို့ ပစ်လိုက် တဲ့ လေယာဉ်ပစ်ကျည် ထိမှန်ပြီး စက်ချွတ်ယွင်းသွားတာဖြစ်ကြောင်း အခုလို ပြောပါတယ်။ “ကျနော်တို့ ရှေ့တန်းက report အရတော့ အဲဒီမှာ ၂ နာရီခွဲကနေ ၃ နာရီအထိ လာပစ်ခတ်တယ်။ အောင်ဂျာ ကျေးရွာပတ်ဝန်းကျင်ပါ။ အဲဒီမှာ ကျနော်တို့ရဲ့ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး သင်တန်းကျောင်းတခုရှိတယ်။ အဲဒီနားတဝိုက်မှာ သူတို့ လာပစ်ခတ်တာပါ။ ကျနော်တို့ဘက် ကလည်း နဂိုရ်ထဲက နေရာယူထားတဲ့ လေယာဉ်ပစ် အဖွဲ့တွေ ရှိပါတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ ကျည် ၂၇ တောင့် ပစ်လိုက်တယ်။ အဲဒီမှာ ကျည်အချို့က ရဟတ်ယာဉ်ကို သွားပြီးထိတယ်။ ရှေ့တန်း မှာ ရောက်နေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ မျက်မြင်ကိုယ်တွေ့ရယ်၊ နောက် သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာ ကျနော်တို့ သတင်းပြန်သုံးသပ်ပြီးမှပဲ ကျနော်တို့ဘက်က အတည်ပြု ပါတယ်ခင်ဗျ။ အဲဒါ ရဟတ်ယာဉ် ၂ စင်းဟာ မွန်းလွဲပိုင်း ၃ နာရီလောက်မှာ အောင်ဂျာကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ကျနော်တို့ရဲ့ KIA စခန်းကို လာပြီး ပစ်ခတ်တာမျိုး လုပ် တယ်။ အဲဒီလို လုပ်တဲ့အခါမှာ ကျနော်တို့ဘက်ကလည်း လေယာဉ်ပစ်လက်နက်တွေနဲ့ ပြန်ပြီးတော့ ခုခံပစ်ခတ်တဲ့အခါမှာ ရဟတ်ယာဉ်တစင်းဟာ ကျည်ထိမှန်ပြီးမှပဲ စက်ပျက်သွားတာပေါ့။ စက်ပျက်သွားပြီး သူတို့ရဲ့ လာရာလမ်းကြောင်းကို ပြန်သွားတယ်။ နောက် ပိုင်း အဲဒီရဟတ်ယာဉ်ဟာ ခါယာဘွမ်ဆိုတာ- တာလောကြီးတဝိုက်နားမှာပါ၊ အဲဒီမှာ ပျက်ကျသွားတယ်။ အဲဒါ ကျနော်တို့ရဲ့ရှေ့တန်း ရဲဘော်တွေရဲ့ ပြောဆိုချက်ပါ။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကလည်း ကျနော်တို့ဘက်က ပစ်ခတ်တဲ့ကျည် ထိမှန်သွားတယ်ဆိုတဲ့ ကျနော်တို့ ဘက်က အတည်ပြုပါတယ်ခင်ဗျ။” ကျည်ထိပြီး စက်ချွတ်ယွင်းသွားတဲ့ စစ်ရဟတ်ယာဉ်ဟာ နောက်ကြောင်းပြန်လှည့်သွားခဲ့ပြီး တိုက်ပွဲဖြစ်ရာ ဒေသနဲ့ ၁၀ မိုင်လောက် အကွာ တာလောကြီးနယ်တဝိုက်မှာ ပျက်ကျသွား ခဲ့တာ ဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။ (source-VOA News)
Read More »

တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ အရိုက်ခံရ၍ ပွဲပျက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃။ တရားဥပဒေကို စိန်ခေါ်နေမှုများဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်၍ ပြည်သူများအား မီဒီယာများမှ တင်ပြနိုင်ရန် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု မှ စီစဉ်ခဲ့သော်လည်း ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ဦးထင်ကျော်အား ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခံ ခဲ့ရသောကြောင့် ဆက်လက်ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ နိုင်ငံအတွင်း တရားဥပဒေချိုးဖောက်မှုများ၊တရားဥပဒေ အလွဲသုံးစား ပြုမှုများအား ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်၍ ပြည်သူများနှင့် မီဒီယာများ ရှေ့တွင်ဖော်ထုတ် ဆွေးနွေးသွားရန်ရည်ရွယ်ခဲ့သော်လည်း ရိုးရိုးလေး အဝေးပြေးယာဉ်လိုင်းပိုင်ရှင် ဦးသိန်းနိုင်အပါအဝင် လေးဦးမှ တော်ဝင်နှင်းဆီခန်းမ ရှေ့တွင် ပွဲစီစဉ်သူ ဦးထင်ကျော်အား ထိုးကြိတ်ကန်ကျောက်၍ ရန်ပြုခဲ့သောကြောင့် တော်ဝင်နှင်းဆီခန်းမမှ တာဝန်ရှိသူများမှ ပွဲအား ဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ကြသောကြောင့် ပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့ရပြီး ရန်ပြုနှောင့်ယှက်ခဲ့သူ ဦးသိန်းနိုင်အား အရေးယူမှုများဆောင်ရွက်နိုင်ရန် ဗဟန်းရဲစခန်းတွင် (ပ)၁၄/၂၀၁၂ ၂၄၉/၃၂၅/၁၁၄ ပုဒ်မတို့ဖြင့် အမှုဖွင့်ဆိုခဲ့ကြောင်းသိရှိရသည်။ “တော်ဝင်နှင်းဆီခန်းမရှေ့ရောက်တော့ ထင်ကျော်လားမေးပြီး ထိုးတယ်၊ အဓိကက ကျွန်တော့်ကို ထိုးခြင်းမထိုးခြင်းထက် ဒီကနေ့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ခရိုနီတွေက စိန်ခေါ်နေတယ်ဆိုတာ ဒါက သက်သေပဲ။ ဒါဟာ လူထုကိုစော်ကားတာနဲ့ အတူတူပဲ၊ ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာကို သတင်းစားရှင်းလင်းပွဲ လုပ်တာမဟုတ်ဘူး၊တိုင်းပြည်နဲ့လူမျိုးအတွက်လုပ်တာ”ဟု ထိုးကြိတ်ခြင်းခံရသူ ဦးထင်ကျော်က ပြောကြားသည်။ ယခုကဲ့သို့ တရားမဲ့စရိုက်ဆန်စွာဖြင့် ရန်ကုန်မြို့လည်တွင် ဝင်ရောက် ထိုးနှက်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေ စိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကိုပါ စော်ကားခြင်း ဖြစ်ကြောင်း ၊ ရန်ကုန်မြို့လည်တွင်ပင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း သည်ဆိုပါက နိုင်ငံနေရာဒေသ အနှံ့အပြားတွင် မည်မျှ မင်းမဲ့စရိုက်ဆန်စွာပြုမူဆောင်ရွက်နေကြမည်မှာ ခန့်မှန်းသိရှိနိုင်ကြောင်း ဆက်လက်ပြောကြား သည်။ နိုင်ငံနှင့်အဝှမ်းတွင် တရားဥပဒေချိုးဖောက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း မည်သို့အခက်အခဲများ ရှိစေကာမူ ဆက်လက်ဖော်ထုတ် သွားမည် ဖြစ်ကြောင်းနှင့် ခရိုနီများနှင့် ပတ်သက်၍ မတရားလုပ်မှုများ၊ မသာမာမှုများ၊ တရားဥပဒေပြင်ပ လောင်းကစားမှုများအား ပြည်သူသိရှိစေရန် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ ယင်းသို့ ထိုးကြိတ်ခဲ့မှုအပေါ် ဗဟန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့်ဆို ထားကြောင်း သိရသည်။ ဝေယံ အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Read More »

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲ KNU တက်ရောက်

ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကနေ ဘယ်တော့မှ ခွဲထွက်မှာ မဟုတ်သလို နိုင်ငံတော်က ချမှတ်ထားတဲ့ ဒို့တာဝန် အရေးသုံးပါး ကိုလည်း ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက်သွားမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်မှာ ပြုလုပ်တဲ့ (၇၅) ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီနှစ်မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက်လည်း ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်စုံကို နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ အ.ထ.က.(၁) အလုံ ကျောင်းဝင်းထဲကို ကိုယ်တိုင်သတင်း သွားယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုသူရစိုးရ တင်ပြထားပါတယ်။ နှစ်ပေါင်းများစွာ အတွင်းမှာ ပထမအကြိမ် တက်ရောက်လာတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် တည်ဆောက်သွားမှာ ဖြစ်ပြီး နိုင်ငံရေး ပြဿနာ ကိုလည်း နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံးကိုယ်စား အခုလို ပြောသွားခဲ့ပါတယ်။ “ညီညွတ်ရေး၊ ငြိမ်းချမ်းရေးကို ကျနော်တို့ မျှော်မှန်းပြီးတော့ ဘယ်လိုပဲ အခက်အခဲ၊ ဘယ်လိုပဲ စိန်ခေါ်မှု၊ ဘယ်လိုပဲ စမ်းသပ်မှုတွေ ကြုံတွေ့ရပါစေ၊ ကျနော်တို့ ငြိမ်းချမ်းရေးကို မဖြစ်မနေ တည်ဆောက်သွားမယ်။ ကရင်အမျိုးသားတွေရဲ့ အခွင့်အရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ နိုင်ငံရေး စားပွဲပေါ်မှာ တန်းတူရည်တူ ဂုဏ်သိက္ခာရှိရှိတဲ့ ဖြေရှင်းသွားမယ်ဆိုတာကို KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ သဘောထားကိုယ်စား ပြောကြားရင်း နိဂုံးချုပ်ပါတယ်။” ဒါ့အပြင် ဒီကနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။ တိုင်းရင်းသားအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး။ တန်းတူညီမျှရေးအတွက် မိမိတို့ကံကြမ္မာကို မိမိတို့ ပြဌာန်းနိုင်တဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အပြောင်းအလဲ များစွာကို ကရင်တိုင်းရင်းသားများကိုယ်တိုင် အားထုတ် ဖန်တီး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့သ၀ဏ်လွှာကို ကရင်တိုင်းရင်းသူ တဦးက အခုလို ဖတ်ပြသွားခဲ့ပါတယ်။ “အခုလို ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူး အခါသမယမှာ ကရင်အမျိုးသားများ အပါအ၀င် တိုင်းရင်းသားလူမျိုးများ အားလုံးအတွက် စစ်မှန်ပြီး ငြိမ်းချမ်းတဲ့၊ အားလုံး တန်းတူပြီး မိမိတို့အရေး မိမိတို့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ပြဌာန်းနိုင်တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အပြောင်းအလဲ များစွာကို ကရင်အမျိုးသားများ ကိုယ်တိုင် အားထုတ်ပါဝင် ဖန်တီး နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်)” ကရင်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်လာကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ခရစ်ယာန် သင်းအုပ်ဆရာတွေ အပါအ၀င် တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ဖယောင်းတိုင် မီးထွန်းပြီး ဆုတောင်းခဲ့ကြပါသေးတယ်။ ကရင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အမေရိကန် သံအမတ်ကြီးဟာလည်း ကရင်နှစ်သစ်ကူး ကျင်းပတဲ့ ကျေးရွာတချို့ကို သွားရောက်ခဲ့သလို ကရင်ပြည်နယ် ဖားအံ မြို့မှာလည်း နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီ ကရင်ပြည်နယ် တာဝန်ခံ ဒေါ်နန်းခင်ထွေးမြင့် က ပြောပါတယ်။ VOA
Read More »

ဗြိတိသျှစပစ်ဖိုင်းယားတွေပြန်ပေးရင် ပတ္တမြားငမောက်နဲ့နန်းစဉ်ရတနာတွေပြန်တောင်းပေးနိုင်မလား

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။ ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။ ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။ ၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက် ၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား ၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား ၄။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား ၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား ၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။ ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။ ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ် ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ကျောက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။ စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ ။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား ။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal Ruby လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ ။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ ။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား ။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။ အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။ သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။ ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။ သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။ Credit: Nain Konain
Read More »

ဗမာအစိုးရ လိုင်ဇာဒေသကို ဘာ့ကြောင့်အပြင်းအထန် စစ်ဆင်နေ ရသလဲ...

လိုင်ဇာကို သိမ်းပိုက်ရရှိရန် ဗမာ တပ်မတော်သည် ဗမာပြည် ပြည်တွင်းစစ်သမိုင်းတွင် ရက်အတိုအတွင်း အရက်စက်ဆုံး ငွေကြေးအကုန်အကျအများဆုံးနဲ့  အပြင်းထန်ဆုံ့းတိုက်ပွဲကို ဆင်နွဲနေကြောင်း တရုတ် - မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ပြောကြားသည်၊ ဗမာ စစ်တပ်သည် ဒီဇင်ဘာ ၂၄ မှ ဇန်နဝါရီ (၇) ရက်ထိ လေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ်ရှိခဲ့ပီး ထောင်ပေါင်းများစွာသော ၁၀၅ မမ၊ ၁၂၀ မမ အမြောက်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်၊ ဗကပ နှင့် တိုက်ခဲ့တဲ့ စီစီဝမ်–တာပန် တိုက်ပွဲ (1986) တွေမှာတောင် ဒီလောက်ကြီးမားတဲ့ လက်နက်ကြီး နှင့် ဝေဟင် ပစ်ကူမှု မယူခဲ့ဘူးဟု ဦးအောင်ကျော်ဇောက ဆက်ပြောပါသည်။ (ဗကပ မပြိုကွဲခင် ကာလထိ ဗကပသည် ဗမာပြည်တွင် အင်အားအတောင့်တင်းဆုံးနှင့် နိင်ငံရေးသြဇာအကြီးမှားဆုံး တော်လှန်ရေးအင်အားစုဖြစ်သည်။ ယနေ့ UWSA "ဝ" တပ်မတော်သည် ဗကပခွဲထွက်အဖွဲ့ တဖွဲ့ ဖြစ်သည်။) ဗမာ စစ်တပ်နှင့် နီးစပ်သည့် သိတင်းရပ်ကွက်များအရ ယခုထိုးစစ်အတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ မှ ယခုလ ၆ ရက်နေ့ အထိ ဗမာ တပ်မတော်ဘက်မှ အရာရှိနှင့်အခြားအဆင့်ကျဆုံးသူ စုစုပေါင်း ၂၀၀ ကျော်နှင့် ဒဏ်ရာရသူ ၃၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။ မြစ်ကြီနား - ဗန်မော် ကားလမ်းအား ထိန်းချုပ်ထားသော တောင်ကုန်များပေါ်မှ ကေအိုင်အေက ဗမာတပ် ရိက္ခာပို့ စစ်ကြောင်းများကို ချုံခိုတိုက်ခိုက်ခြင်ကြောင့် ယခုလို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗမာအစိုးရကပြောသော်လည်း ကေအိုင်အေကို ပြစ်ဒဏ်ပေးရေးနှင့် လိုက်ဇာဒေသကို ထိန်းချူပ်ထားလိုခြင်းကြောင့် ဖြစ်ကြောင်း ဦးအောင်ကျော်ဇော်က ဆက်ပြောပါသည်။ " ရည်ရွယ်ချက်ကတော့ လိုင်ဇာထိန်းချူပ်ရေးပဲ တစ်ကတော့ ကေအိုင်အေကို အပစ်အခတ်ရပ်ရေး ဖိအားပေးဖို့ နောက်တစ်ခု က စီးပွားရေးမြို့ ဖြစ်တဲ့ လိုင်ဇာကို မြို့ ပျက်ကြီးဖြစ်သွားအောင်ကြိုးစားတာဖြစ်တယ်၊ တစ်ခုလုံးကို ကြည့်မယ် ဆိုရင် ဗမာ စစ်တပ်က ကေအိုင်အေကို ဒဏ်ပေးနေတာ ပညာပေးနေတာ သိပ်ရှင်းတယ်၊ စစ်တပ်နဲ့ အစိုးရ မကွဲပါဘူး အတူတူပါဘဲ" ဟုဆိုသည်။ ယနေ့ အချိန်ထိ လေကြောင်းနှင့် အမြောက်ကြီးများ ပစ်ကူပြီး တိုက်ခိုက်သော်လည်း ပွိစ့် ၇၇၁ (Bum Re Bum) နှင့် အခြား ပစ်ကုန်းအနည်းငယ်သာ ဗမာတပ်က သိမ်းပိုက်ရရှိသည်။ ဖွန်းပျန်ဘွမ် ကို သိမ်းပိုက်ရန် ထိုးစစ်မှာ ယနေ့ အထိ အောင်မြင်မှု မရသေးဘဲ အကျအရှံးများစွာနှင့် တပ်ဆုတ်သွားရသည်။ ၁၇ နှစ်ကြာ အပစ်ရပ်ထားသည့် ကေအိုင်အေနှင့်ဗမာတပ်တို့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ မှစ၍ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပွဲကြောင့် စစ်ပြေးဒုက္ခသည်း ဦးရေ ၁ သိန်းကျော်ခန့် ရှိနေပြီး ဗမာစစ်တပ်ဘက်မှ ကချင်ကျေးရွာများအား စနစ်တကျ မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲသည့် ဓာတ်ပုံ ဗွီဒီယိုဖိုင်များလည်း အင်တာနက်ပေါ်တွင် ပျံ့ နှံ့ နေသည်။ (source-သျှမ်းသံတော်ဆင့်)
Read More »

ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ

'ဆေးလိပ်ဖြတ်ရတာ လွယ်ပါ တယ်။ ကျွန်တော်ဆို အခါတစ်ရာ လောက်ဖြတ်ပြီးပြီ' ဟု မာ့စ်တွိန်းက ဆေးလိပ်ဖြတ်ရခက်ပုံကို သရော်ပြီး ပြောခဲ့ဖူးပါသည်။ ဆေးလိပ်ဖြတ်ရန် နည်း အမျိုးမျိုးရှိပါသည်။ သို့သော် ကျွမ်းကျင်သူအများဆုံးလက်ခံထားသည့် အချက်များမှာ ဆေးလိပ် ဖြတ်သည့် နည်းများအနက် တစ်မျိုးချင်းစီသုံးမည့် အစား နည်းလမ်းများအား ပူးပေါင်း အသုံးပြုခြင်းက ပို၍ အသုံးဝင်သည် ဟူသောအချက်ဖြစ်သည်။ ဥပမာ ဆေးလိပ်ဖြတ်ရာတွင်နီကိုတင်းအစားထိုး ပစ္စည်း များသုံးခြင်းတစ်မျိုးထဲထက် ကျွမ်းကျင်သူများနှင့်ဆွေးနွေးတိုင်ပင် ခြင်းနည်းဖြင့် ပေါင်းသုံးပါက ပို၍ အသုံးဝင်လေသည်။ ဆေးလိပ်ဖြတ် ရာတွင် လုပ်ဆောင်သင့်သောအရေး ကြီး အချက် များကို ဖော်ပြလိုက်ပါသည်။ ၁။ ဘာလို့  ဆေးလိပ်ဖြတ်သင့်တယ်ဆိုတဲ့ ကိုယ်ပိုင်အကြောင်းပြချက်ကိုစာရင်း လုပ်ထားပါ။ ၂။ စိတ်ဖိစီးမှုနည်းသည့်အချိန်မျိုးတွင် ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။ ၃။ ဆေးလိပ်စဖြတ်မည့်နေ့ ကို သတ်မှတ်ပြီးလျှင် ဖြတ်ဖြစ်အောင် ဖြတ်ပါ။ ၄။ ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးလိပ် ဖြတ်ရာမှာ အမြဲသတိပေးနေမည့်သူ များ ထားရှိပါ။ ဥပမာ လုပ်ဖော်ကိုင် ဖက်သူငယ်ချင်း၊ မိသားစုများအား အကူအညီတောင်းထားပါ။ ၅။ ဆေးလိပ်ဖြတ်ရာမှာ အကူအညီ ပေးနိုင်မည့်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ သုံးပါ။ ၆။ ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းမဲ့ ဇုန်များ(ဥပမာရုပ်ရှင်ရုံ၊စာကြည့်တိုက်၊ ကဇာတ်ရုံ)သို့ သွား၍ ဆေးလိပ် သောက်ချင်စိတ်ကို ထိန်းပါ။ ၇။ နေ့စဉ်လုပ်စရာရှိသည်များကို ဆေးလိပ် သောက်ချိန်မကျန်အောင် ကြိုတင်အစီအစဉ် ဆွဲထားပါ။ ၈။ ဆေးလိပ်သောက်ရာတွင်သုံးသည့် အသုံးအဆောင်များအား အိမ်၊ ကား၊ အလုပ်ရုံးခန်းများမှ ဖယ်ထားပါ။ ၉။ ပတ်ဝန်းကျင်မှ ကြုံတွေ့ လာနိုင် သည့်ပြဿနာများ၊ စိန်ခ်ါမှုများအား ဖြေရှင်း နိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။ ဥပမာ ဆေးလိပ်သောက်တတ်သူများ နှင့်အပြင်ထွက်လျှင်မည်ကဲ့သို့ငြင်းမည် ကို ကြိုပြင်ထားပါ။ ၁ဝ။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့် ခန်းလုပ်ခြင်းက သင့်ကျန်းမာရေးကို ပိုကောင်းစေရုံသာမက ဆေးလိပ်ဖြတ် ရာမှာလည်း အကူအညီပေးပါတယ်။ ဥပမာ ရေကူးရင်း ပြေးရင်း ဆေးလိပ် သောက်လို့မရပါဘူး။ ၁၁။ လက်ကို အအားမနေပါစေနဲ့။ လုပ်စရာမရှိဘူးဆိုရင်တောင် လက်မှု လုပ်ငန်းတွေဖြစ်တဲ့၊ ဥယျာဉ်စိုက်ခြင်း၊ လက်သမားအလုပ်စတာတွေ လုပ်နေ သင့်ပါတယ်။အဲဒီလိုမဟုတ်ရင်တောင် အပ်ချုပ်နေခြင်း၊ စာလုံးဆက်ခြင်းစတဲ့ ကစားနည်းမျိုးတွေလုပ်နေသင့်ပါတယ်။ ၁၂။ဆေးလိပ်ဖြတ်ရင်း 'ယင်း'ထသကဲ့ သို့ ကြုံတိုင်း 4D ကို လေ့ကျင့်ထားပါ။ 4D ဆိုတာ (၁) Delay (အချိန်ဆွဲပါ) 'ယင်း'ထလာလျှင် ခံနိုင်ရည်ရှိရန် တစ်နေ့ နည်းနည်းအချိန်ဆွဲပြီး ခံနိုင် ရည်ရှိရန် ကြိုးစားပါ။ (၂) Drink water (ရေသောက်ပါ) ရေသောက် ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ် တွေကို အပြင်ထွက်စေရုံသာမက လက်နဲ့ပါးစပ်ကိုလည်း အလုပ်များစေ ပါတယ်။ (၃) Distract yourself (ကိုယ့်ကိုယ် ကို စိတ်ပြောင်းရန် ကြိုးစားပါ)အမြဲ တက်ကြွအောင်နေပါ။တစ်ခုခုကိုအမြဲ လုပ်နေပါ။ (၄) Deep breathing (အသက်ပြင်း ပြင်းရှုပါ) ၁၃။ နောက်ဆုံးအနေနဲ့အရေးကြီးဆုံး အချက်ကတော့ ဘယ်တော့မှအရှုံးမ ပေးပါနဲ့။ ဆေးလိပ် ဖြတ်တယ်ဆိုတာ စက်ဘီးစီးသင်ရသလိုပါပဲ ပြုတ်ကျ မယ်၊ ပြန်တက်မယ်။ ဒီလိုနဲ့ ကြိုးစား ရတာပါပဲ။ ဆေးလိပ်စဖြတ်စဉ်မှာ ဆိုး ဝါးတဲ့နေ့တွေ ကြုံရနိုင်ပါတယ်။ ဒါပေ မယ့် ကောင်း တဲ့နေ့ တွေ က အဲဒီဆိုးဝါး တဲ့နေ့တွေပြီးရင် ရောက်လာတော့ မယ်ဆိုတာ မမေ့ပါနဲ့။ အဝင်း Ref:MNT Health Updates Journal Vol-1,No-46 အေးချမ်းမွန်မှ Health Updates Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Read More »

တရုတ်နိုင်ငံ၏ အမျိုးသားသန်း ၃၀နီးပါး ပိုနေသည့်ပြဿနာကြောင့် ကချင်ပြည်နယ် ဒုက္ခသည်စခန်းများ၌ရှိသည့် အမျိုးသမီးများ ကျားချောင်း သလို အချောင်းခံနေရကြောင်း ကိုမင်းကိုနိုင် ပြောကြား.......

တရုတ်နိုင်ငံ၏ အမျိုးသားသန်း ၃၀နီးပါး ပိုနေသည့် ပြဿနာနှင့် တပ်မတော်နှင့် ကေအိုင်အိုတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုတို့ကြောင့် ကချင်ပြည်နယ် ဒုက္ခသည်ခစန်းများရှိ အမျိုးသမီးအများစုသည် ကျားချောင်းသလို အချောင်းခံနေရကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။ ဇန်န၀ါရီ ၁၀ ရက်နေ့က ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သော '' ကချင်ပြည်နယ် အပစ်အခတ် ရပ်စဲရေး ဆန္ဒထုတ်ဖော်ပွဲတွင် ကိုမင်းကိုနိုင်အနေဖြင့် စစ်ဘေး ဒုက္ခသည်စခန်းများမှ အမျိုးသမီးများ တရုတ်နိုင်ငံသို့လူကုန်ကူးခံရမူကို ကျားချောင်းသလို အချောင်းခံနေသည်ဟု တင်စားပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားအားလုံး ယင်းအဖြစ်အား ကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က'' ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ယောက်ျားသားတွေ မရှိသလောက်ပါ။ဘယ်သွားနေကြလည်း ဆိုတော့ သူတို့မိသားစုကို ငွေပို့နိုင်လို့ ပို့နိုင်ညား တရုတ်ပြည်မှာ ရရာအလုပ် သွားလုပ်နေကြရတာပါ။ကျန်ခဲ့တာက မိန်းမနဲ့ကလေးတွေ အများစုပါ။မိန်းမတွေထဲမှာ အရွယ်ကောင်းမှန်ရင် ကျားချောင်းသလို အချောင်းခံနေရပါတယ်။ဘယ်သူတွေ ချောင်း နေလည်းဆိုတော့ ကျွန်တော်တို့ အိမ်ခေါင်းရင်းမှာ သန်း ၃၀လောက် ယောက်ျားသားတွေ ပိုနေတဲ့ပြဿနာပါ''ဟု ပြောကြားခဲ့ပါသည်။ ''ဒုက္ခသည်စခန်းထဲက ကလေးအမေတွေရော၊ ကလေးတွေရဲ့ အမတွေရော။ကျွန်တော်ပြောရတာ ခက်ပါတယ်ဗျာ။ကျွန်တော်တို့ ကာကွယ်ကြရပါလိမ့်မယ်။ငွေဟာ သိပ်ငတ်မွတ်နေတဲ့ ကလေးတွေ ဘ၀အတွက် ပျာယာခတ်နေပြီဆိုရင် ကျွန်တော်တို့ နှမတွေ အမျိုးမျိုး ဖြစ်သွားနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်နေကြပါတယ်။သိပ်ပူပန်ရတဲ့အခါ ခေါင်းတွေထူသွားတဲ့အခါ ဖြစ်တတ်ပါတယ်။ယဉ်ကျေးအောင် သုံးကြရင် လူကုန်ကူးတို့ဘာတို့ သုံးကြတာပေါ့။စစ်ဖြစ်နေသ၍ အမျိုးကောင်းသမီးတွေဟာ ငွေနဲ့အ၀ယ်ခံနေရတာတွေ တစ်မယားကို နှစ်လင်ဖြစ်မယ့် အခြေအနေတွေကို ရောက်နေရပါတယ်''ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့သည်။ ''ကျွန်တော်တို့က ကြက်ကလေး၊ငှက်ကလေး ၀က်ကလေးလို မွေးပြီးမှ နေဖို့ထိုင်ဖို့အတွက် မိန်းမတွေကို ရောင်းစားနေရတယ်ဆိုတာ ကမ္ဘာကြီးက သိဖို့ကောင်းပါတယ်။ အိမ်ထောင်စု တစ်စုတိုင်းမှာ ဒီလိုမိန်းကလေး တစ်ယောက်နှုန်းစီ ရှိနေပါတယ်''ဟု ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ ဦးချိုက ပြောပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများအား အတင်းအဓမ္မ လက်ထက်ရန် တရုတ်နိုင်ငံသို့ ရောင်းစားသည့် အမှုအများဆုံးဖြစ်ကြောင်းနှင့် ယင်းသို့ ရောင်းစားခံရသည့် ဖြစ်စဉ်များမှာ ကချင်ပြည်နယ်တွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ အတင်းအဓမ္မ ထိမ်းမြားလက်ထက်ရန် အရောင်းစားခံရသည့် မြန်မာအမျိုးသမီး အရေအတွက်မှာ သောင်းဂဏန်းကျော် ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးဗဟိုတွင် ဆယ် နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူးကြီး ရာလျံမုန်း(အငြိမ်းစား)က ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ ရောင်းစားရာတွင် နိုင်ငံအတွင်း အမျိုးသမီး ပြတ်လပ်မှု ဖြစ်ပေါ်နေသော တရုတ်အမျိုးသားများက ဇနီးမယားအဖြစ် ပေါင်းသင်းရန် ၀ယ်ယူခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးတစ်ဦးကို ဘုံမယားအဖြစ် အဓမ္မပေါင်းသင်းသည့် အဖြစ်မျိုးပါ ဖြစ်ပေါ်နေသည်ဟု သိရသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုတွင် အမျိုးသမီးများကိုသာမက ကလေးသူငယ်များကိုပါ မွေးစားရန် ရောင်းချခြင်းများ ရှိနေကြောင်း သိရသည်။၂၀၀၆မှ ၂၀၁၂ခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ လူကုန်ကူးမှု ၈၈၅ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၄၅၃ဦးကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။ Credit:EMG
Read More »

Electronic Online ဆွေးနွေးရန် KIO နှင့် အစိုးရငြိမ်းအဖွဲ့သို့ လွှတ်တော် တိုက်တွန်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အကြား မျက်နှာချင်းဆိုင် ပြန်လည်မတွေ့ဆုံနိုင်မီ နှစ်ဖက် Electronic Online ဆွေးနွေးမှုများ ပြုလုပ်ကြပါရန် ပြည်သူ့လွှတ်တော်က ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန် တိုက်တွန်းအကြံပြုလိုက်သည်။ People-parliament“ကချင်ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဖက် တာဝန်ရှိသူများ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရန်အတွက် ခက်ခဲမှုရှိနေစဉ်ကာလအတွင်း ပွင့်လင်းမြင်သာသော Electronic Online ဆွေးနွေးမှုများကို အများပြည်သူ ထင်သာမြင်သာရှိရန် ထုတ်ပြန်ခြင်းများဖြင့်” ဟူ၍ လွှတ်တော်ကြေညာချက်တွင် ဖော်ပြပါရှိသည်။ နေ့စဉ်နှင့်အမျှ စစ်ဘေးဒဏ် ခံစားနေကြရသော ပြည်သူများအတွက်နှင့် နှစ်ဘက် ထိခိုက်ဆုံးရှုံးမှုများအတွက် စိတ်မချမ်းမြေ့ဖွယ်အခြေအနေများ တွေ့မြင်နေရ၍ ထိုသို့ တိုက်တွန်းရခြင်းဖြစ်ကြောင်းလည်း ပြည်သူ့လွှတ်တော်က ဆိုသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်တည်ဆောက်မှုများကြားတွင် ပြည်သူများ စိုးရိမ်ထိတ်လန့်ကြီးစွာနှင့် များပြားသော ဒုက္ခကို ခံစားရပ်တည်နေကြရသည်ဟုလည်း လွှတ်တော်က ရှုမြင်သည်။ “စစ်ရေးအရှိန် တင်းမာနေမှုများအား လျှော့ချပြီး ထာဝရငြိမ်းချမ်းရေးလမ်းကြောင်းကို တည်ဆောက်ပေးကြပါရန်” လည်း ပြည်သူ့လွှတ်တော်က တိုက်တွန်းထားသည်။ အဆိုပါကြေညာချက်မှာ သောကြာနေ့တွင်ကျင်းပသော လွှတ်တော်အစည်းအဝေးအတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးသိန်းဇော် ၏ “အရေးကြီးအဆို” တင်သွင်းပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး လွှတ်တော်ကြေညာချက်ပါ စကားလုံးများမှာလည်း ထို အရေးကြီးအဆိုပါ စကားလုံးများ အတိုင်းပင် သုံးစွဲထားသည်ကို တွေ့ရှိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ၊ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သော ကိုယ်စားလှယ်များနှင့် KIO ဘက်မှ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် အောက်တိုဘာ ၃၀ ရက်နေ့တွင် နောက်ဆုံးအကြိမ် တွေ့ဆုံပြီးနောက် ဆွေးနွေးပွဲများ ပြန်လည် မစတင်နိုင်သေးသည်မှာ ယနေ့တိုင်ဖြစ်ပြီး စစ်ရေးတိုက်ပွဲများလည်း ပြင်းထန်စွာဖြစ်ပွားနေဆဲဖြစ်သည်။
Read More »

KIA တပ်ဖွဲ့များ ဒေါ့ဖုန်းယန် အစိုးရ နောက်တန်း စခန်းထိ တန်ပြန်စစ်ဆင်

ဗန်းမော်-လိုင်ဇာ လမ်းကြောင်းမှ KIA စစ်ကြောင်းများသည်၊ အစိုးရ၏ ဒေါ့ဖုန်းယန်နှင့် လဂျားယန်ကြားရှိ အစိုးရ နောက် တန်း တပ်ဖွဲ့များကို ယနေ့ မနက်ပိုင်းမှ စပြီး ညနေပိုင်း အထိ ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟု ၄င်းစစ်မျက်နှာရှိ KIA ရှေ့တန်း စစ်ဆင်ရေးမှူး တဦးက ပြောပါသည်။ “ဒေါ့ဖုန်းယန် စခန်းနားအထိ လက်နက်ကြီးတွေနဲ့ တနေ့လုံးလိုလို ပစ်ခတ်နေကြနေပါတယ်။ သူတို့က တက်လာတာမ ဟုတ်ဘူး။ ကျနော်တို့က ဆင်းတိုက်နေတာပါ။ ဖြစ်တဲ့နေရာက လဂျာယန်စခန်းရဲ့ အောက်ဖက်တွေမှာပါ။ သူတို့ရဲ့ နောက်တန်း စခန်းတွေနားမှာပေါ့။ တိုက်ပွဲရဲ့ နောက်ဆုံး အခြေအနေကတော့ ညနေ (၄) နာရီ အထိ မသိရသေးဘူး။” ဟု ဆိုပါသည်။ ထို့အပြင် ယနေ့ မနက်ပိုင်း၌လည်း လိုင်ဇာမြို့ အနောက်ဖက် (၇) မိုင်အကွာ၌ ရှိသော ခါရာဘွန် တောင်ဖက်၌ တနေ့လုံး တိုက်ပွဲဖြစ်ပွား နေခဲ့သလို မြစ်ကြီးနား-လိုင်ဇာလမ်းကြောင်းမှ နမ်းဆန်ယန် ကျေးရွာ ၀န်းကျင်၌လည်း တိုက်ပွဲများ တနေကုန် ဖြစ်ပွားနေခဲ့သည်ဟု ဆိုပါသည်။ ဤကဲ့သို့ တနေကုန် တိုက်ပွဲဖြစ်ပွားနေသော်လည်း လက်နက်ကြီးများမှ တပါး လေကြောင်း တိုက်ခိုက်မှု မရှိဟု ဆိုပါသည်။ ဇန္နာဝါရီ (၉) ရက်နေ့တွင် တိုက်ပွဲပြင်းထန်ခဲ့သော KIA တပ်ရင်း (၂၄) စခန်း နေရာဖြစ်သည့် ဖွန်းပျန်ဘွမ် စခန်းနေရာ ဖက်၌ ယနေ့ တိုက်ပွဲများ မရှိသဖြင့် KIA တပ်များသည် စခန်း ၀န်းကျင်ကို ရှင်းလင်းခဲ့ရာ ထိခိုက် ဒါဏ်ရာ ရရှိထားသော နေရာများစွာကို တွေ့ရှိရပါသည်။ အစိုးရ တပ်များသည် ဤကဲ့သို့ ထိခိုက်ကျဆုံးမှု များပြားသောကြောင့် (၂) ရက်တာမျှ စစ်ဆင်မှု မလုပ်နိုင်တော့ဘဲ လှုပ်ရှားမှု နဲပါးလာခြင်းဖြစ်သည်ဟု KIA ဖက်မှ ယူဆထားပါသည်။ ဤသို့သော အခြေအနေမျိုးကြောင့် KIA မှတန်ပြန် စစ်ဆင်မှု ပြုလုပ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသည် ဆိုရမည်ဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့များ၏ စစ်ဆင်ရေး ရည်ရွယ်ချက်များကို မသိရသော်လည်း ၄င်းတို့၏ လှုပ်ရှားမှုများမှာ ငြိမ်သက်နေပါ သည်။ ဤငြိမ်သက်မှုသည် ငြိမ်းချမ်းရေးအတွက် ပြည်သူ့ လွှတ်တော်၏ တိုက်တွန်းချက်နှင့်လည်း သက်ဆိုင်နိုင်သ လို၊ သွေးစည်းညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) ၏ ထုတ်ပြန်ချက်နှင့်လည်း သက် ဆိုင်နိုင်ပါသည်။ http://www.phophtaw.org/burmese/index.php/statement-pressrelease/statement/2634------kiokia--.html ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများသည်လည်း အစိုးရ စစ်ဆင်ရေးများကို ရှတ်ချသည့် အနေနှင့် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံအပါဝင် UN ကလည်း စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောကြား ခဲ့ပြီးဖြစ်ပါသည်။ ဤသို့ကြောင့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးသည် အစိုးရအပေါ်၌သာ မူတည်မည်ဖြစ် ပါသည်။ (source- ရွှေဟင်္သာသတင်းဌာန)
Read More »

တရုတ်ဘက်တွင်ကချင်တိုင်းရင်းသားများဆန္ဒထုတ်ဖေါ်

ယနေ့(ဇန်န၀ါရီ၁၀ရက်)တွင်ကျရောက်သော ကချင်ပြည်နယ်နေ့တွင် တရုတ်နိုင်ငံတွင်းနေထိုင်သော ကချင်မျိုးနွယ်စုတိုင်းရင်းသားများက လိုင်ဇာမြို့နှင့်ချောင်းသာခြားသော တစ်ဘက်ခြမ်း တရုတ်နိုင်ငံ၊ယူနန်ပြည်နယ် နားပန်းမြို့သို့ရောက်ရှိကာနယ်စပ်ဂိတ်မှစစ်ပွဲများရပ်တန့်ရေး နှစ်ဖက်နိုင်ငံအစိုးရများကိုတောင်းဆိုကာ ဆန္ဒပြကန့်ကွက်မှု့များပြုလုပ်ခဲ့ကြကြောင်း လိုင်ဇာဒေသခံများထံမှသိရသည်။ လိုင်ဇာမြို့ရှိ ကချင်တိုင်းရင်းသားဒေသခံများကိုလည်း အော်ဟစ်ကာ အားပေးခဲ့ကြပြီး ၊လိုင်ဇာဘက်ခြမ်းတွင်လည်း ဒေသခံများစုရုံးရောက်ရှိလာပြီး နံနက်ပိုင်းကတည်းက စုဝေးခဲ့သော တရုတ်ဘက်ခြမ်းမှ ကချင်မျိုးနွယ်စုတိုင်းရင်းသားများကို တရုတ်နိုင်ငံနယ်စပ်ဂိတ်မှ တာဝန်ရှိသူများက ညနေတွင် လိုင်ဇာဘက်ခြမ်းသို့ သွားရောက်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။ စုဝေးရောက်ရှိလာသူများသည် ယူနန်ပြည်နယ်တွင်း တွင် နေထိုင်ကြသူ များဖြစ်ပြီး နံနက်ပိုင်းတွင် ထောင်ဂဏန်းရှိသောလူအုပ်မှာ ညနေပိုင်း တွင် နှစ်နိုင်ငံဘက်ခြမ်းစလုံးတွင် သောင်းဂဏန်းအထိဖြစ်လာပြီး ဟိုဘက်နှင့်သည်ဘက် လက်ခုပ်တီးအော်ဟစ်အားပေးမှုများပြုလုပ်ခဲ့ကြောင်း လိုင်ဇာမြို့ခံများထံမှသိရသည်။ (by-7 day news)
Read More »

KIA အပေါ် မြန်မာစစ်တပ်က အပြင်းထန်ဆုံး စစ်ပွဲ ဆင်နွဲနေ

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးရှိ KIA တပ်စခန်းများအား မြန်မာစစ်တပ်မှ လေကြောင်းပစ်ကူပေး၍ ထိုးစစ်ဆင်နေခြင်းသည် ပြည်တွင်းစစ်သမိုင်းတွင် အချိန်တိုအတွင်း အပြင်းထန်ဆုံး စစ်ပွဲများဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင် ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “အခုထိုးစစ်မှာ ဗမာတပ်ရဲ့ အင်အားသုံးစွဲမှု ၊ ကြည်းတပ် ၊ လေတပ်ပါဝင်မှု ၊ အမြောက်သုံးစွဲမှုတွေကိုကြည့်ရင် ဗမာစစ် တပ်ရဲ့သမိုင်းမှာ အချိန်တိုအတွင်း အရက်စက်ဆုံးနဲ့ အပြင်းထန်ဆုံးစစ်ပွဲဖြစ်တယ်” ဟု သူက ဆိုသည်။ လွန်ခဲ့သည့်ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စ၍ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် ရ မိုင်ခန့်အကွာ လဂျားယန်ရွာ နှင့် အနီးတစ်ဝိုက် အချက်အခြာနေရာများအား မြန်မာအစိုးရတပ်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေရာ နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။ ၄င်းစစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၆ ရက်နေ့မှ ယခုလ ရ ရက်နေ့အထိ မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ၁၁၉ ကြိမ်ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။ “နယ်စပ်ရေဒါ မှတ်တမ်းအရဆိုရင် ပန်ဝါအပါအဝင် လဂျားယန်ဘက် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၁၁၉ ကြိမ်ရှိတယ်။ အရင် ဗကပနဲ့ဖြစ်တဲ့ တာ့ပန်တိုက်ပွဲ စီစင်ဝမ် - တာပန်တိုက်ပွဲ (၁၉၈၆) ဒီလောက်ကြီးမား တဲ့တိုက်ပွဲတွေမှာတောင် ဒီလို မသုံးခဲ့ဘူး၊ ၁၀၅ မမ၊ ၁၂၀မမ အမြောက်ပစ်ခတ်မှုကလည်း တစ်ရက်ကိုရာချီရှိ တယ်၊ ရက်အလိုက်တွက်ရင် ထောင်ချီရှိပါတယ်၊ ဒါကိုကြည့်ရင် ဗမာပြည် ပြည်တွင်းစစ်သမိုင်းမှာ စစ်ဆင်ရေး တစ်ခုအတွင်း အပြင်းထန်ဆုံးနဲ့ ငွေကြေး အကုန်အကျ အများဆုံးစစ်ပွဲလို့ပြောနိုင်တယ်” ဟု သူကဆက်ပြော သည်။ မြန်မာစစ်ဘက်နှင့် နီးစပ်သည့်သတင်းရပ်ကွက်များ အဆိုအရ ယခုထိုးစစ်အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ယခုလ ၆ ရက်နေ့အထိ မြန်မာတပ်မတော်ဘက်မှ အရာရှိနှင့်အခြားအဆင့်ကျဆုံးသူ စုစုပေါင်း ၂၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၃၀၀ ကျော်ခန့်ရှိကြောင်းလည်း သိရသည်။ မြစ်ကြီးနား - ဗန်းမော် ကားလမ်းအား ထိန်းချုပ်ထားသော အဆိုပါ အချက်အခြာတောင်ကုန်းများတွင် KIA တပ်ဖွဲ့မှ အခိုင် အမာ စခန်းတည်ဆောက်၍ မြန်မာအစိုးရ ရိက္ခာပို့ စစ်ကြောင်းများအား ခြုံခိုတိုက်ခိုက်ခြင်း ကြောင့် ယခုလို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြန်မာအစိုးရဘက်က ပြောသော်လည်း တကယ်လက် တွေ့မှာ KIO အပေါ် ပြစ်ဒဏ်ပေးရေးနှင့် လိုင်ဇာဒေသထိန်းချုပ်ထားလိုခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ဇော က ဆက်ပြောသည်။ “ရည်ရွယ်ချက်ကတော့ လိုင်ဇာထိန်းချုပ်ရေးပဲ တစ်ကတော့ ကေအိုင်အိုကို အပစ်အခတ်ရပ်ရေးဖိအားပေးဖို့ နောက်တစ်ခု က စီးပွားရေးမြို့ဖြစ်တဲ့ လိုင်ဇာကို မြို့ပျက်ကြီးဖြစ်သွားအောင်ကြိုးစားတာဖြစ်တယ်၊ တစ်ခုလုံး ကို ကြည့်မယ် ဆိုရင် ဗမာ စစ်တပ်က ကေအိုင်အေကို ဒဏ်ပေးနေတာ ပညာပေးနေတာ သိပ်ရှင်းတယ်၊ စစ်တပ်နဲ့ အစိုးရ မကွဲပါဘူး အတူတူပါပဲ” ဟု ဆိုသည်။ ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်ထားသည့် KIA နှင့်အစိုးရတပ်တို့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစ၍ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ဦးရေ ၁ သိန်းကျော်ခန့်ရှိနေပြီး မြန်မာစစ်တပ် ဘက်မှ ကချင်ကျေးရွာများအား စနစ်တကျ မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည့် ဓါတ်ပုံ ဗွီဒီယိုဖိုင်များလည်း အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည်။ Credit:သျှမ်းသံတော်ဆင့်
Read More »

KIA တပ်ရင်း (၂၄) စခန်းကို သိမ်းရန် ကြိုးစားသော်လည်း မအောင်မြင်

ယမာန်နေ့တွင် KIA တပ်ရင်း (၂၄) စခန်း၏ အောက် ပို့စခန်း တခုကို သိမ်းထားသော အစိုးရ တပ်များသည် ဖွန်းပျန်ဘွမ် စခန်း ဌာနချုပ် သိမ်းပိုက်နိုင်ရန် အကြိမ် ကြိမ် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ဟု တိုက်ပွဲကို ကြီးကြပ်နေသူ KIA အရာရှိ တဦးက ပြောပါသည်။ “ (၅) ကြိမ်တိတိ တက်ထိုးတယ်။ တက်လာတိုင်း လန် ကျသွားပါတယ်။ မနက်က (၁၀) နာရီ လောက်မှာ တိုက် ပွဲစပါ တယ်။ အပြန်အလှန် အနီးကပ် တိုက်လိုက် ပါ တယ်။ တကြိမ်တက်တိုင်း လန်ကျတာနဲ့ ဆုတ်တယ်။ ပြီးတော့ တပ်ပြင် ပြီးတာနဲ့ ပြန်တိုက်တယ်။ အကျအ ဆုံးများ လိမ့်မယ် ထင်တယ်၊ နောက် (၅) ကြိမ်လဲ ပြည့် တော့ ဆုတ်သွားခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့က မနေ့က သူတို့ သိမ်းထားတဲ့ လကန်ဘွမ်ပိုစ့် ကာကင်းကို ပြန် တိုက်ပြီး ၀ိုင်းထားလိုက်တယ်။ လက်နက် ကြီးတွေက တော့ ပွိုင့် (၇၇၁) ကနေ တလစပ်မနား တမ်းပစ်ပေး ခဲ့တယ်။ လေယာဉ်ကတော့ ဒီနေ့ မလာဘူးဗျ။” ဟု ဆိုပါသည်။ ဤကဲ့သို့ လန်ကျသွားသော အထူးတပ်များနှင့် စကခ (၂၁)တပ်ဖွဲ့များကို Bum Re Bum ခေါ် ပွိုင့်၇၇၁ စခန်း အောက် နားရှိ လုံလော့ အစိုးရ စခန်းမှ တပ်ဖွဲ့များက စစ်ကူပေးပါသည်။ သို့သော် လုံလော့တပ်များသည် ပွိုင့်၇၇၁ စခန်းမှတပ် များ ထပ်မံနယ်မချဲ့နိုင်ရန် ချ ထားသော KIA တပ်ရင်း (၂၃)မှ တပ်ဖွဲ့များနှင့် ထိပ် တိုက်တိုးပြီး ပြင်းထန်စွာ တိုက်ပွဲဖြစ် ပွားခဲ့သဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရပါသည်။ ဤသို့ကြောင့် KIA တပ်ဖွဲ့ များသည် စစ်ကူ မရခဲ့ဘဲ ကြားညှပ ပိတ်မိနေသော အ ထူးတပ်များကို ညနေ (၄) နာရီအထိ ပြင်းထန်စွာ တို က်ခိုက်နေဆဲဟု ဆိုပါသည်။ ဤကဲ့သို့ အစိုးရ အထူးတပ်များ ပိတ်မိနေသော်လည်း လေကြောင်းနှင့် တိုက်ခိုက်ခြင်းများ မရှိပေ။ လေကြောင်း များ သည်လည်း မိမိတို့တပ်များ ကြားညှပ်နေသည့် အ တွက် ဗုံးကျဲ ရခက်ခဲလှသဖြင့် တိုက်ခိုက်မှု မပြုလုပ်နိုင်ခြင်း ဖြစ် ကြောင်း အကဲခတ်များက ယူဆပါသည်။ သို့သော် အ စိုးရ လေကြောင်းသည် မြစ်ကြီးနား-လိုင်ဇာ လမ်းကြောင်း ၌ရှိ သော နမ့်ဆန်ယန်းရွာကို ယနေ့ နေ့လည်ပိုင်းတွင် ဗုံး ကျဲခဲ့ပါသည်။ KIA တပ်ဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့တို့သည် တနေ့လုံး တိုက် ပွဲဖြစ်ပွားနေခြင်း ဖြစ်ပါသည်။ အစိုးရ လက်နက်ကြီး ပစ် အားမှာ မူဟန်ကိုင်းတောင် လက်နက်ကြီးကုန်း ပျက်စီးသွား သည့် အတွက် ယမာန်နေ့ကထက် ပစ်အားများ နဲပါးခဲ့သည် ဟု KIA ဖက်က ဆိုပါသည်။ ဤအခြေအနေကြောင့် နက်ဖြန်တွင် အစိုးရ စစ်ရဟတ်ယာဉ် များ လှုပ်ရှားလာဖွယ် ရှိနေပါသည်။ သို့သော် လကန်ဘွမ် ပိုစ့်ကာကင်းတွင် အ၀ိုင်းခံနေရသော အစိုးရ အထူးတပ်များ မှာမူ နောက်ဆုတ်ရန် ခက်ခဲနေလိမ့်မည်ဟု အကဲခတ်များ က သုံးသပ်နေပါသည်။ (source- ရွှေဟင်္သာသတင်းဌာန)
Read More »

ဗမာစစ်အစိုးရ၊ ကချင် နဲ့ တရုတ်

ကချင်တိုင်းရင်းသားအားလုံး ဆန့်ကျင်တဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဗမာစစ်အစိုးရနဲ့ တရုတ်က အတင်းအကျပ် အကောင်အထည်ဖော်တာဟာ မဟာအမှားကြီးဖြစ်တယ်လို့ ချင်ဟွာတက္ကသိုလ်က သမိုင်းပါမောက္ခ ကျင်ဟွီ က မြင်ပါတယ်။ ကေအိုင်အို ကချင်အဖွဲ့ဟာ ရေအားလျှပ်စစ်လုပ်ငန်းကို ဆန့်ကျင်တာ မဟုတ်ဘဲ၊ မြစ်ဆုံဆည်ကိုသာ ဆန့်ကျင်တာလို့ ဆိုပါတယ်။ ဥပမာ တာဘိန်ရေအားလျှပ်စစ်ကို ကေအိုင်အို သဘောတူချက်နဲ့ တရုတ်ကုမ္မဏီက တည်ဆောက်ပါတယ်။ ဒီလုပ်ငန်းကို ဗမာစစ်တပ်က ဝင်ရောက်ချုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အခါမှာ စစ်ဖြစ်ရပါတယ်။ စစ်အစိုးရခေတ်မှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍများပြားလာတာမို့ မြန်မာ့ပြည်တွင်းရေးဟာ တရုတ်စီးပွားရေးနဲ့ ဆက်စပ်နေပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးဟာ ကေအိုင်အိုအဖွဲ့ ဗမာစစ်တပ်နဲ့ တရုတ်အစိုးရတို့ရဲ့  သုံးပွင့်ဆိုင် ဆက်ဆံရေးပေါ်မှာ မူတည်နေပါတယ်။ ကချင်လူမျိုးတွေ အထွန့်အမြတ်ထားတဲ့ မြစ်ဆုံဒေသမှာ ရေကာတာ တည်ဆောက်တာဟာ အသိဥာဏ် မရှိတဲ့ အကြံအစည်းဖြစ်တယ်လို့ Mandalay Confucius Institute ခေါ် တရုတ်ယဉ်ကျေးမှု့ ဌာနက လီကျူကျင်က ဆိုပါတယ်။ မြစ်ဆုံဟာ ကချင်အမျိုးသားလက္ခဏာအသွင် ဆောင်နေတာကြောင့် တရုတ်နဲ့ စစ်အစိုးရ အပြုအမှုကို ကချင်အားလုံး ဆန့်ကျင်ကြတာဖြစ်တယ်လို့ ပါမောက္ခ ကျင်ဟွိ က သုံးသပ်ပါတယ်။ တရုတ်နဲ့ စစ်အုပ်စု ကြိတ်ဝိုင်းလုပ်၊ အမြတ်ထုတ်တာဟာ ကေအိုင်အိုအတွက် လက်မခံနိုင်စရာ ဖြစ်လာပါတယ်။ လောဘကြီးလွန်းတဲ့အတွက် ကချင်အရေးကို အလေးမထားသလို ဖြစ်သွားပါတယ်။ သံယဇာတကြွယ်ဝတဲ့ ကချင်ပြည်နယ်မှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ကို ထိုက်ထိုက်တန်တန် နေရာမပေးခဲ့ရင် ငြိမ်းချမ်းရေးရဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ကချင်အရေးကို နိုင်ငံရေးအရ အလေးအနက် ဆွေးနွေးဖို့ လိုပါတယ်။ ကေအိုင်အိုအဖွဲ့ဟာ ၂၀၀၆ မှာ အမျိုးသားညီလာခံ တက်ရောက်ပြီး ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ကချင်ပြည်နယ်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ပေမဲ့ စစ်အစိုးရက မှတ်ပုံတင်ခွင့် မပေးဘဲ ကေအန်အေကို နယ်ခြားစောင့်တပ် လုပ်ခိုင်းဖို့သာ အာရုံစိုက်ခဲ့ပါတယ်။ နယ်ခြားစောင့်တပ် မလုပ်နိုင်တဲ့ ကေအိုင်အိုကို ရွေးကောက်ပွဲပြီးရင် အပြုတ်တိုက်မယ့်အကြောင်း အဲဒီတုန်းက ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ ဦးသိန်းစိန် က ၂၀၁၀ စက်တင်ဘာလဆန်းမှာ မြစ်ကြီးနားမှာ ပြောကြောင်း ကေအန်ဂျီ ကချင်သတင်းဌာနက မှတ်တမ်းတင်ထားပါတယ်။ ၂၀၁၁ မှာ အစိုးရသစ်ဖွဲ့ပြီး မကြာမီ ဇွန်လ (၉) ရက်နေ့မှာ စစ်ပြန်ဖြစ်ပါတယ်။ အစိုးရသစ် သက်တမ်း (၁) နှစ်ပြည့်တော့ တဖက်နဲ့တဖက် အမြင်မှား၊ အထင်မှား လွှဲမှားခဲ့တာတွေကို သူ့လက်ထက်မှာ အဆုံးသတ်ဖို့ လိုကြောင်း ဗမာဟာ တိုင်းရင်းသားလူမျိုးတစ်ခုသာ ဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ နိဂုံးချုပ်ရေးဟာ နိုင်ငံတော်တည်ဆောက်ရေးရဲ့  အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြောပြန်ပါတယ်။ ပြည်နယ်ပြည်ထောင်စု လွှတ်တော်အဆင့် (၃) ဆင့်မှာ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ပထမဆုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာ ကေအိုင်အိုဟာ (၁၇) နှစ် နေခဲ့ပြီ ဖြစ်ပါတယ်။ Source - VOA Burmese 8/1/2013
Read More »

မာနလေးတွေ လျှော့စေချင်

“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။ ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်ထားတဲ့ အပြောလေးတွေ ဖြစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်လေးတွေ ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကို တွေ့ရတတ်ပါတယ်။ မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကေတာ့ တလဲြမာနေ လးေ တြေၾကာင့္ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကို ကိလေသာတစ်မျိုးအဖြစ် ဖော်ပြထားပြီး သတ္တ၀ါတွေကို ပူလောင်စေတတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ် ညွန်ပြကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇဉ်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့ ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူးရှိတဲ့သူကလည်း ရာထူးကို အမှီပြုပြီး မာနတက်ကြသလို ပညာတတ်သူကလည်း ပညာမာန၊ ပိုက်ဆံရှိသူကလည်း ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊ အသက်ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့ အရာလေးတွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလို အလိုလို ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီး မှားမှန်းသိရဲ့နဲ့ အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ ဒီသဘောတွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့ ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အမှားအမှန် ပြဿနာများမှာ အဖေဆိုတဲ့ မာန၊ အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်း ဆိုတဲ့ မာန စတဲ့စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန် တတ်တာတွေ ရှိတတ်ပါတယ်။ ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စလေးကိုပဲ မာနက ကြားခံ နေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှားသွားတယ်၊ ခွင့်လွှတ်ကွာ…”လို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး ဖြစ်ကုန်တတ်ပါတယ်။ သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့ မာနအ စွဲကြောင့်ပဲ ဖြစ်ပါတယ်။ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။ မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။ မာနကြီးလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာ မင်္ဂလာ တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေ မရှိဖြစ်လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင် မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့်လိုက်တော့ မာနတရား လက်ကိုင်ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင်အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။ မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင် ဖြစ်အောင်အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်လောက်ပဲလှလှ မာနကြီးပါက စက်ဆုတ်ရွံ့ရှာခံရ တတ်ပါတယ်၊ ရာထူးဌာနန္တရ ဘယ်လောက်ပဲကြီးကြီး ခက်ထန်မောက်မာပါက အမုန်းခံရ တတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်း မာနကြီးပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေတဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ အစွဲတွေနဲ့ အစာမကျေ မှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။ အရင်းစစ်တော့ မာနကြောင့်ပါပဲ။ တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါတယ်။ အမှန်တော့ မာနဆိုတဲ့ ကိလေသာကို လောကုတ္တရာ အရိယာမဂ်နဲ့သာ အပြီးပယ်သတ်နိုင်ပါတယ်။ ရဟန္တာဖြစ်မှ မာနကင်းစင်ပါ တယ်။ ဒါပေမယ့် ရဟန္တာမဖြစ်ခင် ပုထုဇဉ် ဘ၀မှာလည်း ကိုယ့်စိတ်ကလေးကို သတိနဲ့ထိမ်းပြီး မာနမကြီးနိုင်အောင်၊ မာန မထောင်နိုင်အောင်၊ မာန်မာန မတက်ကြွအောင်၊ ကိုယ့်ကိုယ်ကို စိတ်ကြီးမ၀င်အောင် သတိထားကာ ကြိုးစားလေ့ကျင့်မယ်ဆိုရင် မာနလေးတွေ တဖြည်းဖြည်း လျှော့လာတတ်ပါတယ်။ ပညာတတ်လေလေ၊ အထက်တန်းရောက်လေလေ၊ အသက်၊ဂုဏ်ကြီးလေလေ နှိမ့်ချတတ်တဲ့ အကျင့်လေးတွေ နဲ့ နေနိုင်ြ ဖစ်အောင် ကြိုးစားသင့်ပါတယ်။ စပါးနှံလိုပေါ့။ စပါးနှံဟာ အသီးအနှံ အောင်လေလေ အကိုင်းညွှတ်လေလေ ဖြစ်သလို အသက်သိက္ခာ ဂုဏ်ပညာ ကြီးလေလေ ကိုယ့်ကိုယ်ကို နှိမ့်ချလေဖြစ်အောင် သတိပြုသင့်လှပါတယ်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးဆိုရင် ကိုရင်လေးတွေနဲ့ စကားပြောတာတောင် မင်းနဲ့ငါနဲ့ မပြောဘဲ “ကိုရင်တို့… အရှင်ဘုရားတို့..“ စသဖြင့် ပြောတယ်လို့ ဆိုပါတယ်။ ပညာရှိဟာ အဲဒီလို ဖြစ်သင့်ပါတယ်။ ဆရာတော်ကြီးဟာ ပညာတတ်တာနဲ့အမျှ ကိုယ့်ကိုယ်ကို နှိမ့်ချမှုဟာလည်း အတုယူစရာ ကောင်းလှပါတယ်။ ကြည်ညိုစရာကောင်းလှပါတယ်။ ငါပညာတတ်ဆိုပြီး မာန်မာန မထားဘဲ ကိုရင်လေးကအစ တလေးတစား ဆက်ဆံတာဟာ ပညာရှိများရဲ့ ဂုဏ်တစ်ခုပါပဲ။ ပညာအရာ ဧတဒဂ်ဖြစ်တော်မူတဲ့အပြင် ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးလည်းဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးဆိုရင် သင်္ကန်းဝတ်တာ မညီလို့ပြောတဲ့ ကိုရင်လေးကိုပင် “တင်ပါဘုရား… ပြန်ပြင်ဝတ်လိုက်ပါမယ် ဘုရား..“လို့ တလေးတစား အလေးအထားကာ နှိမ့်ချဆက်ဆံ တာလေးတွေ တွေ့ရပြန်တော့ ပညာရှိများရဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ အကျင့်လေးတွေအပေါ် ကြည်ညိုမိပါတယ်။ ဒီပညာရှိကြီးများလောက် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့ နိဝါတတရား မထားနိုင်တာတောင်မှ သတိတရား လက်ကိုင်ထားပြီး မာနလေးတွေ လျှော့တတ်တဲ့ အကျင့်လေးတွေ လေ့ကျင့်ကြည့်သင့်ပါတယ်။ နှိမ့်ချတယ်ဆိုတာ မာနကိုလျှော့ တာဖြစ်တဲ့အတွက် မာနလျှော့လေလေ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးဖြစ်လေလေ ဖြစ်ပါတယ်။ နှိမ်ချတတ်တဲ့ နိဝါတ တရားတွေများများ ရှိလေလေ ကိုယ့်သန္တာန်မှာ မင်္ဂလာတရားတွေ တိုးလေဖြစ်ပြီး မင်္ဂလာရှိရင် ကုသိုလ်လည်းရှိပြီ ဖြစ်ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် မာနလေးတွေ လျှော့ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ မာနကြီးခြင်းနဲ့ နှိမ့်ချခြင်းတို့ဟာ ဆန့်ကျင်ဘက်တွေ ဖြစ်တာနဲ့အမျှ တန်ပြန်သက်ရောက်တဲ့ အကျိုးရလာဘ်ဟာလည်း အလွန်ကွာခြားလှပါတယ်။ မာနကြီးတဲ့သူဟာ ကိုယ်ကိုယ်ကို အထင်ကြီးမှုဘက် ဦးတည်နေပြီး သူတပါးအပေါ် အဂါရ၀ ဖြစ်စေတတ်ပါတယ်။ နှိမ့်ချတတ်သူကတော့ သူတပါးအပေါ် ဂါရ၀တရားထားမှုဘက် ဦးတည်နေပြီး ကိုယ့်ကိုယ်ကို နိဝါတ မင်္ဂလာရှိစေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မာနတရားဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို ဆုတ်ယုတ်စေတယ်ဆိုတာ အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလို သံသရာမှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့ မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့ အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း… အရှင်ဝိစိတ္တ- မနာပဒါယီ ...................................................... http://www.venvicitta.com/2010/01/blog-post.html မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
Read More »

စစ်ခွေးနဲ့ စစ်သားရောမချနဲ့ ငါ့အမျိုးလဲ စစ်သားပဲ

မနေ့က စာတပုဒ်တင်လိုက်တော့ စစ်သားလို့ယူဆလို့ရတဲ့လူတချို့က ပေါက်ကွဲကြတယ် အဲဒါဟာ သူတို့ဒီပိုစ့်ကိုနားမလည်ဘူးဆိုတာပြတာပဲ သာမာန်လူတွေအလွယ်တကူနားလည်နိုင်တဲ့စကားတွေကို သူတို့နားမလည်ရှာနိုင်ဘူး ဒါမှမဟုတ်နားလည်ရဲ့သားနဲစစ်ခွေးဖြစ်နေလို့  စစ်ခွေးနဲ့ စစ်သားအတူတူပဲဆိုပီးရောကြိတ်ပီးတော့ မျက်ရည်ခံထိုးချင်တဲ့သဘောလဲဖြစ်ရင်ဖြစ်မှာပေါ့ ကိုယ့်ကိုကိုယ် စစ်ခွေးဖြစ်နေပီယူဆပီးပေါက်ကွဲ ပြနေတာဖြစ်ရင်ဖြစ်မှာပေါ့ ပေါက်ကွဲနေတဲ့ မောင်ဒူလေးတို့ရေ မင်းတို့ရဲ့ ငါ့အပေါ်ဝေဖန်ချက် ပေါက်ကွဲချက် စိန်ခေါ်ချက်တွေကို တယောက်ချင်းဖြေရှင်းဖို့ရာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ဒီလောက်ရိုးရိုးလေးရေးထားတဲ့ စာတပုဒ်ရဲ့သဘောတရားကို နားလည်ဖို့ ဒီလောက်ဒုံးဝေးနေမှတော့ မင်းတို့ဆီ ငါကွန်မန့်တွေဝင်ရေးရင် မင်းတို့လဲလက်ညောင်း ငါလဲလက်ညောင်းတယ် အဲဒါကြောင့် မင်းတို့ ငဒူအပေါင်းအတွက် ဒီနေရာကနေ တခါထဲ ဖြေရှင်းပေးလိုက်တယ် နောက်တခါ ငါ့ကိုတိုက်ခိုက် ချင်ရင် ငါပြောတာတွေကို ပြန်လည်ဖြေရှင်းချက်ပါမှ ဝေဖန်ပါ ငါရေးတဲ့ပိုစ့် ငါတာဝန်ယူတယ် ငါပြောခဲ့တဲ့အဲဒီအချက်အလက်တွေကိုမဖြေရှင်းနိုင်ပဲ ကော်ဆဲသလိုဝူးဝူးဝါးဝါး နဲ့ မင်းဘာကောင် ငါဘာကောင် အူကြောင်ကြား လာလုပ်ရင်တော့ စိတ်လဲမတိုဘူး စိတ်လဲမဝင်စားပါဘူး ပြန်လည်ဖြေရှင်းနေမှာလဲမဟုတ်ပါဘူး မင်းတို့မပြည့်ဝတဲ့အသိဥာဏ်အတွက် သနားနေဖို့ပဲရှိပါတယ် တကယ်တော့ စစ်ခွေးစစ်သားကွဲပြားမှုမှာ ဖေ့ဘုတ်သုံးစွဲသူအပေါင်းက အလိုအလျှောက်သိပီးဖြစ်ရာ ဤမျှလောက်အကျယ်တဝင့်ရှင်းပြနေရတာကိုကတော်တော်ကို ရီစရာကောင်းတဲ့အဖြစ်ပါပဲ စစ်ခွေးနဲ့ စစ်သားရောမချနဲ့ ငါ့အမျိုးလဲ စစ်သားပဲ ---------------------------------------------------- စစ်ခွေးနဲ့ စစ်သား ကွဲပြားပုံကို လူတော်တော်များများကနားလည်သဘောပေါက်သော်လည်း လူအချို့မှာမူ နားလည်သဘောပေါက်ခြင်းမရှိပေ စစ်ခွေးဟု အခေါ်ခံရတိုင်း စစ်သားအားလုံးကိုသိမ်းကြုံးခေါ်သည်ဟု ယူဆပီးပေါက်ကွဲလေ့ရှိသည် အမှန်မှာ ထိုသို့ပေါက်ကွဲခြင်းကသာ ပြည်သူကိုအကျိုးပြုချင်သော စစ်သားများအတွက် ခံရခက်စရာပင်ဖြစ်သည် ထိုသို့ ပေါက်ကွဲလျှင် ကျနော်လဲ ပေါက်ကွဲပြချင်သည် ကျနော့်အမျိုးထဲမှာလည်း စစ်သားရှိသည် မင်းတို့စစ်ခွေးနဲ့ ငါ့အမျိုးစစ်သား လာမရောချပါနဲ့ ကိုယ့်ကိုကိုယ် ဘာမှန်းညာမှန်းခွဲခြားသိနိုင်သောအသိပညာမရှိလျှင် စစ်ခွေး အင်္ဂါ ရပ်များကို ရေးပြပါမည် စစ်ခွေးဆိုသည်မှာ..... ၁။လက်နက်အားကိုးနှင့် ပြည်သူကိုနှိပ်စက်သည် ၂။လက်နက်မကိုင်ရချိန်၌ အွန်လိုင်းပေါ်တက်၍ တိုင်းပြည်အတွက် အနစ်နာခံဆောင်ရွက်သူများအား မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်သည် ၃။မမှန်ကန်သောသတင်းများ ဖြန့်ဝေပီး လူထုထင်ရောင်ထင်မှားဖြစ်အောင်လုပ်သည် ၄။ပြည်သူအများနှင့် ဆန့်ကျင်သော အသိရှိသည် (ဥပမာ- အခုလောလောလတ်လတ် လက်ပတောင်းတောင်အရေးတွင်ကြည့်ပါ အစိုးရမတောင်းပန်ရသေးခင်က သူတို့လေသံများအရ ဘုန်းကြီးများ ငြိမ်ငြိမ်မနေချင်၍ အသုံးမကျ၍ ခံရခြင်းဟု စွပ်စွဲခြင်းမျိုး) ၅။ဦးနေဝင်းလက်ထက်မှစ၍ ယနေ့အထိ တပ်မတော်ခေါင်းဆောင်များ၏ချို့ယွင်းချက်များကြောင့် တိုင်းပြည်အတိဒုက္ခရောက်ရသည်ကို ဘယ်တော့မှဝန်မခံလိုကြ စစ်ခွေးအမျိုးအစား ၃မျိုးရှိသည် ၄င်းတို့မှာ.. ၁။စစ်ခွေးအငယ်စား (အထက်ပါ စစ်ခွေးများအားထောက်ခံသည် သူတို့ရေးသမျှအား shareသည် likeသည်) ၂။စစ်ခွေးအလတ်စား(ကိုယ်တိုင် စတေးတပ်များရေးသည် အကျင့် အလုပ် မြင့်မြတ်သော နိုင်ငံ့ခေါင်းဆောင်များအား ပေါက်ပန်းလေးဆယ်ပုံများလုပ်ကာ သရော်သည် ရိသည်ထေ့သည်) ၃။စစ်ခွေးအကြီးစား( ကိုယ်ပိုင်ဘလော့များထောင်သည် noteများ သတင်းများကို အမှန်တဝက်အမှားတဝက်ရောသမမွှေကာ လူထုထင်ရောင်ထင်မှားဖြစ်အောင်လုပ်သည်) အထက်ပါအချက်များ သင့်မှာရှိနေပီဆိုလျှင် စစ်ခွေးစင်စစ် ဧကန်ဖြစ်ပီဟုမှတ်ပါ စစ်ခွေးအခေါ်ခံလျှင်ပက်ပက်စက်သက်နာလိုက်ပါ အွန်လိုင်းမှာ စစ်ခွေးအခေါ်ခံရတာ အထက်ပါအချက်များကြောင့်ပင်ဖြစ်သည်ကို နားလည်သဘောပေါက်ကြပါ အကယ်၍ ခင်ဗျားဟာ စစ်ခွေး မဟုတ်ပါလျှင် စစ်ခွေးအခေါ်ခံရတိုင်းမနာပါနှင့် တကယ်ဆိုလျှင် ဤစစ်ခွေးအပေါင်းအား တရားသော မျှတသောစစ်သားများနှင့် ကျွန်ုပ်တို့ပူးပေါင်းပီး ပညာပေးရမည်ဖြစ်သည် မည်သို့မျှပေးမရပါက လူ့အသိုင်းအဝိုင်းအပြင်သို့သာ ခွေးမောင်းသလိုမောင်းကြဖို့သာရှိသည် တပ်မတော် ဂုဏ်သိက္ခာပျက်ခြင်းသည် အထက်ပါစစ်ခွေးများကြောင့်ဖြစ်သည် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ လူတစ်ဦးတစ်ယောက် မကောင်းခြင်းသည် အဖွဲ့အစည်းဂုဏ်ကိုမထိခိုက်နိုင်ပေ ထိုမကောင်းသူအား အဖွဲ့အစည်းအတွင်းဆက်ထားခြင်း အားပေးထောက်ခံခြင်းသာလျှင် အဖွဲ့အစည်းဂုဏ်ကိုပျက်ခြင်းဖြစ်သည် ဥပမာဆိုရလျှင် စစ်ဗိုလ်ချုပ်တစ်ယောက် လာဘ်စားခြင်းသည် တပ်မတော်ရဲ့ဂုဏ်ကိုထိခိုက်ခြင်းမဟုတ် ထိုသူအပြစ်ပြုလုပ်ခြင်းကို ဖော်ထုတ်အရေးယူမှုမပြုခြင်းသည်သာလျှင် တပ်မတော်၏ဂုဏ်ကိုထိခိုက်ခြင်းဖြစ်သည် ခင်ဗျားတို့တသက်လုံးအဘခေါ်ခဲ့သော ဗိုလ်ခင်ညွှန့် လာဘ်စားသည်ကို အဝေမတည့်လို့အဖမ်းခံရမှသာ ကျနော်တို့သိခွင့်ရခဲ့သည် ဤကဲ့သို့ပင် ကျော်ဘ ထွန်းကြည် အစရှိသူများသည်လည်း ခင်များတို့ကြည်ညိုသောအဘများပင်ဖြစ်သည် အသိနောက်ကျသောကြောင့် အကြိမ်တသောင်းလောက်အဘခေါ်ပီးဖြစ်ရာ အလွန်ဝမ်းနည်းဖွယ်ကောင်းလေစွ ထိုကဲ့သို့ အဘများစွာလက်ရှိတပ်မတော်အတွင်း၌ ကျန်လိမ့်ဦးမည် ထိုသူများအားဖယ်ထုတ်ရေးမှာ တပ်မတော်၏တာဝန်သာဖြစ်သည် မဖယ်ထုတ်ပါက ဂုဏ်သိက္ခာမရှိသောအဖွဲ့အစည်းဖြစ်လိမ့်မည်.. ထိုအဘများသည် ခင်ဗျားတို့နှင့် အင်မတန် လက်လှမ်းမမှီ၍မတတ်နိုင်ပါဟုဆိုလျှင် ယခုစစ်ခွေးများမှာ ခင်ဗျားတို့နှင့် လက်လှမ်းမှီသူများဖြစ်သည် ထိုစစ်ခွေးများအား စစ်သားများနှင့် အကန့်ခွဲထား စေချင်ပါသည် ထို့ကြောင့် စစ်ခွေးကိုစစ်ခွေးဟုသာ နာနာခေါ်ပေးကြပါ သူတို့ကိုယ်ပိုင်အမှတ်များကိုဖော်ထုတ်၍ စစ်ရုံးသို့တိုင်ကြားပါ စစ်သားများကိုယ်တိုင်က ခေါ်ပေးလျှင် ဒီစစိခွေများအတွက်နေရာမရှိပါ ဗိုလ်မှုးချုပ်ကျော်ဇောကို စစ်ခွေးဟုခေါ်မည့်သူမရှိ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးကို စစ်ခွေးဟုခေါ်မည့်သူမရှိ ဗိုလ်မှုးကြီးကြည်မောင်ကို စစ်ခွေးခေါ်မည့်သူမရှိပါ ချစ်ခင်လေးစားကြပါသည် ဗိုလ်နေဝင်းကိုမူ စစ်ခွေးအကြီးဆုံးဟုခေါ်ကြပေသည် အော့နှလုံးနာကြပေသည် ထိုစစ်ခွေး စစ်သားရောထွေးမှုပြဿနာမှာ စစ်ခွေးများ၏ ကလိန်ဥာဏ်ပင်ဖြစ်သည် အမည်အလွဲသုံးစားလုပ်မှုပင်ဖြစ်သည် ဗိုလ်ချုပ်တည်ထောင်ခဲ့သောတပ်မတော်အား အလွဲသုံးစားအလုပ်မခံကြပါနှင့် တိုင်းပြည်ကိုအကျိုးပြုချင်လျှင်အရောထွေးမခံကြပါနှင့် စစ်ခွေး အကြောင်း ဖေ့ဘုတ် သုံးစွဲသူများက သိနေ၍ ခေါ်ခြင်းဖြစ်သည် သူတို့စိတ်ထဲ ကွဲပြားခြားနားစွာ နားလည်သဘောက်ပေါက်ထားပီး ဖြစ်ရာ အကယ်၍ ခင်ဗျားတို့ဟာ စစ်ခွေးအင်္ဂါ ရပ်များနှင့်မညီညွှတ်ပါက မနာကြပါနှင့် အကုန်လုံးကိုသိမ်းခေါ်နေကြခြင်းမဟုတ် ဆိုတာ နားလည်သဘောပေါက်ကြပါ စစ်ခွေးကို စစ်ခွေးခေါ်နေသောသူများရဲ့အမျိုးတွေဟာလည်း စစ်သားတွေပါပဲဆိုတာ သတိရကြပါ Credit:သံလွင်ရရစ်
Read More »

KIA တပ်ရင်း (၂၄) ၏ ရှေ့ကာ ကင်းပွိုင့် တခု လက်လွှတ်လိုက်ရ

ယနေ့ ညနေ (၃) နာရီ နီးပါးတွင် ဗန်းမော်-လိုင်ဇာ လမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ်မှ KIA အမှတ် (၂၄) တပ် ရင်း၏ ရှေ့ကာ ကင်းစခန်း ပွိုင့်တခု လက်လွှတ် လိုက် ရကြောင်း KIA စစ်ရုံးချုပ် အရာရှိ တဦးက ပြောပါသည်။ “ လေယာဉ်နဲ့ (၁၂) နာရီမှာ တခါ၊ နေ့လည် (၂) နာရီ လောက်မှာ တခါ ဓါတုဗုံးတွေနဲ့ အကြိမ်ကြိမ် ၀ဲပြီးတော့ အပြင်းအထန် ကျဲချတယ်ဗျ။ လေယာဉ်ကလည်း အကြီး စား တိုက်လေယာဉ်တွေဗျ။ အငယ်စားလေးတွေ မ ဟုတ်ဘူးနော်။ ပြီးတော့ ခန်ကိုင်းတောင်ရဲ့၁၂၀ မမနဲ့ ၁၀၅ မမကလည်း တလစပ်ကို မနားတမ်းကို ပစ်ခဲ့ တယ်။ မရေတွက် နိုင်တော့ဘူး။ ရာနဲ့ချီ ပြီးတော့ကို ပစ်တယ်။ မြေပြင် စစ်ကြောင်းကလည်း စစ်မျက်နှာ နှစ်ဖက်နဲ့ ညှပ်ပြီး စစ်ဆင်တယ်၊ အဲဒါကြောင့် နောက် ဆုတ်ပေးလိုက်တာပါ။” ဟု ဆိုပါသည်။ ယခု လက်လွှတ်ရသော စခန်းသည်၊ ပွိုင့် (၇၇၁) ၏ အရှေ့ဖက် KIA တပ်ရင်း (၂၄) ၏ ကင်းထောက် စခန်းဖြစ်သည်။ ဤပွိုင့်သည်၊ တပ်ရင်းရုံး၏ အောက် အဆင့် ပွိုင့်တခုဖြစ်ပါသည်။ အလားတူ လဂျားယန် စခန်းကိုလည်း လက်နက်ကြီးများ နှင့် အတူ လေ ကြောင်းဖြင့်လည်း အပြင်းအထန် တိုက်ခိုက် ခဲ့ပါသည်။ သို့သော် အစိုးရ မြေပြင် တပ်ဖွဲ့များသည် ယနေ့ နံနက် ၈း၁၅ မိနစ်ခန့်တွင် တုန်ဟုန်းရွာ အရောက်၌ ကျောင်း သား တပ်မတော်နှင့် အေအိုင်အေ ပူးပေါင်းတပ်များ၏ ကြားဖြတ်ချေမှုန်း ခြင်းကို ခံရပါသည်။ ဤသို့ကြောင့် လဂျားယန် စခန်းကို လေယာဉ်နှင့် လက်နက်ကြီး များ ဖြင့်သာ တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။ အစိုးရ လက်နက်ကြီးများသည် ညနေပိုင်း (၅) နာရီအထိ ပစ်ခတ်ခဲ့သော်လည်း မြေပြင်တပ်များ၏ လှုပ်ရှားမှုသည် မရှိသလောက် ငြိမ်နေပြီးဖြစ်သည်။ လက်နက်ကြီးများ သည် KIA တပ်များ မိမိတပ်နားသို့ ချင်းကပ်ခြင်း မပြုနိုင် ရန် ကာပစ် စနစ်ဖြင့် ပစ်ခတ်နေခြင်း ဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့များသည် နယ်မြေ အနေအထားနှင့် တိုက် ပွဲပြင်းထန်မှုများကြောင့် လူအင်အား အပါဝင် စစ်ကူနှင့် ပစ်ကူ များ လိုအပ်လျက် နေပါသည်။ စစ်ကူ ရယူရာတွင် လည်း မြေပြင် စစ်ကူထက် လေယာဉ်နှင့် ရဟတ်ယာဉ် စစ်ကူများကိုသာ အားထားတော့မည်ဟု စစ်ရေး အကဲ ဖတ်များက ဆိုပါသည်။ ဤအားသာချက်ကို အစိုးရဖက် က သိရှိသွားပြီးဖြစ် ပါသည်။ ဤသို့ကြောင့် နက်ဖြန်တွင် လေကြောင်း အကူများဖြင့် အင်အားဖြည့်ပြီး KIA နှင့် ကျောင်းသား တပ်မတော်တို့၏ လဂျား စခန်းကို ပြင်းထန်စွာ တိုက်ခိုက် လာဖွယ် ရှိမည် ဟု အကဲခတ်များက ဆိုပါသည်။ (source- ရွှေဟင်္သာသတင်းဌာန)
Read More »

မဟာလူမျိုးကြီးဝါဒကို ချဉ်းကပ်ကြည့်ခြင်း

Photo Google မဟာလူမျိုးကြီးဝါဒဆိုတာ မြန်မာတွေဟာ မြင့်မြတ်တယ်လို့ ကျနော့်ရဲ့ ဆောင်းပါးမှာ လုံးဝ (လုံးဝ) မသုံးပါ ။ တချို့ကလည်း မြင့်မြတ်ခြင်းလို့  နားလည်သွား တတ်သလို ရှမ်း နဲ့  မြန်မာ တွေ့ တဲ့အခါ မြန်မာက ရှမ်းကို ငါက နံပါတ်တစ်ဖြစ်တယ် မြင့်မြတ်တယ် မဟာ လူမျိုးကြီး ဖြစ်တယ်ဆိုတဲ့ ပုံစံ မျိုးကို မဆိုလိုဘူး။ လူထုထဲမှာ ရှမ်း၊ ရခိုင်၊ မြန်မာ တခရီးထဲ သွားနိုင်ခြင်းတွေကို ထောက်ပြကြသလို အဲဒီလူတွေနဲ့  တန်းတူ ပူးပေါင်း နေထိုင်ခြင်းတွေ ကိုလည်း ထောက်ပြ ကြပါတယ် ။ အဲဒီလို နိုင်ငံရေးနယ်နဲ့  ကင်းကွာတဲ့ အမြင်တွေ ရှိခြင်းဟာ မဟာ လူမျိုးကြီးဝါဒရဲ့ အောင်မြင်မှု တရပ်လည်း ဖြစ်တယ်။ ဒီဆောင်းပါးဟာလည်း အခန်းဆက်ရေးရန် မရည်ရွယ်သော်လည်း မဟာ လူမျိုးကြီးဝါဒ အပေါ် ထိတွေ့  ဖူးသလောက် ပြောကြ ဆိုကြ ရေးကြ ဆွေးနွေးကြ တာတွေကို ကြားသိ လာရတဲ့အခါ မဟာ လူမျိုးကြီးဝါဒရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းပြရန် လိုအပ်လာတယ် ။ တချို့ကလည်း မဟာ လူမျိုးကြီးဝါဒ ဆိုတာနဲ့  ဆောင်းပါးကို မဖတ်တော့ဘူး တခါတည်း ကုန်းဆဲတာကို တွေ့ ရတယ်။ ဒါကလည်း ဖြစ်တတ်ပါတယ်။ နောက်တချက်က တန်းတူရေးအပေါ် နားမလည်တာတွေလည်း ရှိကြတာ တွေ့ တယ် ။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးနဲ့ တန်းတူရေးဟာ ဆန့် ကျင်ဘက် ဖြစ်သလို အဲဒီ နှစ်ခုဟာ အမြဲတမ်း ပဋိပက္ခအသွင်ကို ဆောင်နေတာ ဖြစ်တယ်။ မဟာ လူမျိုးကြီးဝါဒနဲ့ တန်းတူရေးကို တပြိုင်နက်တည်း ဖော်ဆောင်လို့ မရတဲ့ သဘောပါ။ မဟာ လူမျိုးကြီးဝါဒကို ကျင့်သုံးရင် တန်းတူရေးဆိုတာ မရှိတော့ဘူး။ ထို့ အတူ နိုင်ငံရေးအရ တန်းတူရေးကို ကျင့်သုံးရင် မဟာ လူမျိုးကြီးဝါဒဆိုတာ မရှိတော့ပြန်ဘူး။ တန်းတူရေးကို စာဖတ်သူတွေ ပိုမိုရှင်းလင်းအောင် (နိုင်ငံရေးအရ တန်းတူရေး) လို့  အများအားဖြင့် သုံးစွဲဖြစ်တယ်။ နိုင်ငံရေးအရ တန်းတူရေးဟာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရဲ့ ဆန့်ကျင်ဘက်ပါ။ နိုင်ငံရေးအရ တန်းတူရေးကို အချို့က အလွယ်တကူ သုံးစွဲကြသလို တန်းတူရေးကို လက်ခံ ယုံကြည်ကြောင်း ဗမာ ခေါင်းဆောင်အချို့ သုံးစွဲတာကို တွေ့သလို တန်းတူရေးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုမှုနဲ့ လက်ခံ ယုံကြည်မှုတွေဟာလည်း ရှမ်း၊ ကချင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေပြောတဲ့ တန်းတူရေး တထပ်တည်း ကျရဲ့လားဆိုတာ ဆန်းစစ်စရာ လိုပါလိမ့်မယ်။ အရှင်းဆုံးပြောရရင် မဟာ လူမျိုးကြီးဝါဒကို ပစ်ပယ်လိုက်ရင် နိုင်ငံရေးအရ တန်းတူရေးလို့ ပြောနိုင်တယ်။ ဗမာပြည်နယ်ဟာ အခြား ပြည်နယ်တွေလို ပြည်နယ်တခု အဖြစ်ဖွဲ့စည်းပြီး ညီမျှတဲ့ ကိုယ်စားလှယ် အရေအတွက် စေလွှတ်ပြီး အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းမျိုးဟာ နိုင်ငံရေးအရ တန်းတူရေးဖြစ်ပါတယ်။ အစွန်းရောက် ဗမာအမျိုးသားရေး ၀ါဒီအချို့ကတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ငြင်းဆို ကြပါတယ်။ တဖန် ပြည်သူ့လွှတ်တော်နဲ့  အထက်က ပုံစံမျိုးဖြစ်တဲ့ အမျိုးသား လွှတ်တော်မျိုးကို အာဏာတူ ပေးထားခြင်းမျိုးဟာလည်း နိုင်ငံရေးအရ တန်းတူရေး ဖြစ်ပါတယ်။ အဲဒီ အခြေခံ နှစ်ချက်ဟာ မဟာ လူမျိုးကြီးဝါဒရဲ့ ဆန့်ကျင်ဘက်ပါ။ မဟာလူမျိုးကြီးဝါဒကို ဗမာ အမျိုးသားတိုင်း လက်ခံ ယုံကြည်တာမျိုးတော့ မဟုတ်ပါဘူး။ ဆိုတော့ မဟာ လူမျိုးကြီးဝါဒလွှမ်းမိုးရေး အယူရှိသူတွေလို့ သုံးနှုန်းခြင်းဟာ မြန်မာတွေ အားလုံးကို မုန်းတီးခြင်း၊ ဆန့်ကျင်ခြင်းလို့  မယူဆစေလိုဘူး။ ခေတ်သစ် မြန်မာနိုင်ငံမှာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို မလိုလားတဲ့၊ ဆန့်ကျင်တဲ့ ဗမာအမျိုးသားတွေ ရှိကြပါတယ်။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ဆန့်ကျင်သူတွေကတော့ ဦးအောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေဟာ ထင်ရှားတဲ့ ခေါင်းဆောင်တွေအဖြစ် ညွှန်းဆို ရမှာဖြစ်တယ် ။ ဒါကြောင့် ဗမာ အမျိုးသားတွေထဲမှာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးအုပ်စုနဲ့ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လက်မခံဘဲ ငြင်းပယ်လေ့ရှိတဲ့ အုပ်စုတွေဟာ ခေတ်သစ် မြန်မာနိုင်ငံတည်ဆောက်ကတည်းက တည်ရှိလာခဲ့တာ ယနေ့အချိန်ထိ တည်ရှိနေဆဲ ရှင်သန်နေဆဲ ဖြစ်တယ်။ နိုင်ငံရေးအရ တန်းတူရေးရဲ့ ဆန့်ကျင်ဘက်ဟာ မဟာ လူမျိုးကြီးဝါဒ ဖြစ်သလို မဟာ လူမျိုးကြီးဝါဒရဲ့ ဆန့်ကျင်ဘက်ဟာလည်း နိုင်ငံရေးအရ တန်းတူရေး ဖြစ်ပြန်တယ်။ မဟာလူမျိုးကြီးဝါဒကို အကျဉ်းချုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် မြန်မာနိုင်ငံမှာ အစိုးရလုပ်ပြီး အုပ်ချုပ်သူများဟာ ဗမာတွေ ဖြစ်ရမယ် ဆိုတာပါပဲ ။ ဆိုလိုတာက တကယ့် အဆုံးအဖြတ်တွေကို ဆုံးဖြတ်ပေးမယ့်သူတွေဟာ ဗမာ အမျိုးသားတွေ ဖြစ်နေသလို လူကြား ကောင်းအောင် ဒီမိုကရေစီစနစ်အရ အဆုံးအဖြတ်တွေ ပေးရတဲ့ကာလမျိုးမှာလည်း ဗမာအမျိုးသားတွေက မဲဖြင့် အနိုင်ယူနိုင်အောင် ဖွဲ့စည်းပုံမှာ ရေးဆွဲထားပြီး ဖြစ်တယ်။ ဒီလို အခြေအနေမျိုးတွေကို ကျန် အမျိုးသားတွေ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒီလို နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ အုပ်ချုပ်သူ လူတန်းစားဟာ ဗမာ အမျိုးသားတွေ ဖြစ်နေခြင်းကို မဟာ လူမျိုးကြီးဝါဒလို့ ပြောဆိုကြတာ ဖြစ်တယ်။ အဲဒီအခြေအနေမျိုးကို မျှတတဲ့၊ သဟဇာတဖြစ်တဲ့ ငြိမ်းချမ်းလိုတဲ့ ဗမာ အမျိုးသားတွေကတော့ လက်မခံပါဘူး။ ခေတ်သစ် မြန်မာနိုင်ငံမှာ တည်ငြိမ် အေးချမ်းတဲ့ (ငြိမ်းချမ်းတဲ့) နိုင်ငံ တည်ဆောက်မယ် ဆိုရင် အဲဒီလို မညီမမျှတဲ့ ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းခြင်းကို ရှောင်ရှား သင့်တယ်လို့  ထောက်ပြ လာကြတယ်။ ဆိုတော့ ကရင်၊ မွန်၊ ရှမ်းစတဲ့ အမျိုးသားတွေဟာ နိုင်ငံရေးတိုက်ပွဲတွေ၊ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ တိုက်ရခြင်း အကြောင်းရင်း (ရင်းမြစ်) ဟာ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဗမာ အမျိုးသားလွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားခြင်းကြောင့် ဖြစ်တယ်ဆိုတာကို ရဲရဲကြီး ပြောရဲတယ်။ ဒီနေရာမှာ အရည်အချင်း အလိုက် သမ္မတဖြစ်ခြင်း၊ ၀န်ကြီးချုပ် ဖြစ်ခြင်းတွေကို မညွှန်းလိုပါဘူး။ ခေတ်သစ် မြန်မာနိုင်ငံမှာ တည်ရှိခဲ့ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု စလုံးကို ယေဘုယျ အားဖြင့် လေ့လာကြည့်ရင် လွှတ်တော် ဖွဲ့စည်းပုံတွေမှာ ဗမာ အမျိုးသားတွေနဲ့ ကျန်အမျိုးသားတွေ အချိုးအစား မညီမျှအောင် ဖွဲ့စည်းထားတာကို တွေ့ရမယ်။ (၁၉၄၇) ခု နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံမှာ ပြည်နယ် ကိုယ်စားပြုတဲ့ အမျိုးသား လွှတ်တော်ဟာလည်း ပြည်သူ့လွှတ်တော်လောက် အာဏာ မရှိပါဘူး။ ဒါ့အပြင် ပြည်နယ်တွေက အချိုးညီစွာ ကိုယ်စားပြုခွင့် မပေးခြင်းကိုလည်း (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံ အထိ သယ်ယူလာတာကို တွေ့ရမှာ ဖြစ်တယ်။ ထို့ အတူ ကရင်၊ ကချင်၊ ရှမ်း၊ မွန် စတဲ့ အမျိုးသားတွေကို ပြည်နယ်တခုစီ ဖွဲ့စည်းထားပြီး ဗမာ အမျိုးသားပြည်နယ် မဖွဲ့စည်းဘဲ ဗဟိုအစိုးရနဲ့ တွဲဘက်ထားခြင်းဟာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ပုံဖော်ထားခြင်းသာ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ အခြားပြည်နယ်တွေ တကျပ်ရတဲ့အခါ ဗမာအမျိုးသားတွေက တိုင်း (၇) ခုအတွက် (၇) ကျပ်ရမှာဖြစ်တယ်။ တကယ်လို့များ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုလည်း အာဏာတူ ပေးထားပြီး ပြည်ထောင်စု အစိုးရက လွှတ်တော်နှစ်ရပ်စလုံးကို အာမခံသည့် တိုင်အောင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို ဒီမိုကရေစီစနစ်အရ မဲခွဲဆုံးဖြတ်ရင်လည်း အမျိုးသားလွှတ်တော်မှာ ရှမ်းအမျိုးသားတွေရဲ့ ထောက်ခံမဲကို တိုင်း (၇) တိုင်း မဲ (၇) ခုပိုင်ဆိုင်ထားတဲ့ ဗမာ အမျိုးသားတွေက အနိုင် ရနိုင်သလို မွန်၊ ကရင်၊ ကချင် စတဲ့ အမျိုးသားတွေကလည်း ရှမ်းအမျိုးသားတွေရဲ့ အဆိုကို ထောက်ခံသည့် တိုင်အောင် မဲအရေအတွက် ညီမျှနေမှာ ဖြစ်တယ်။ အဲဒီလို ရေးဆွဲထားတဲ့ ပြဌာန်းထားတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မဟာ လူမျိုးကြီးဝါဒကို ပုံဖော် ထားတာဖြစ်တယ်လို့  ထောက်ပြ ကြတာဖြစ်တယ်။ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ထွန်းကားရုံနဲ့  မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်မှာ မဟုတ်သလို အာဏာရှင် မရှိခြင်းနဲ့ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အဖြေမဟုတ်ဘူးလို့  ပြောချင်တယ်။ ဆိုတော့ ရှမ်း၊ မွန်၊ ကရင်၊ ကချင်၊ ရခိုင်စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးကို ထည့်စဉ်းစားရမှာ ဖြစ်တယ်။ ဒါက ပကတိ တည်ရှိနေတဲ့ အနေအထားတွေပါ။ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ခေတ်သစ် မြန်မာနိုင်ငံအတွက် အဖြေကောင်းတခုပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ နိုင်ငံရေးအ ရတန်းတူရေးတွေကို ပြောကြ ဆိုကြ တိုက်ပွဲဝင်ကြရင် မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး (သို့မဟုတ်) ပဉ္စမ မြန်မာနိုင်ငံတော် ထူထောင်ချင်တဲ့ ဗမာအမျိုးသားတွေက ခါးခါးသီးသီး ငြင်းဆိုကြပြီး ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီတွေ၊ လူမျိုးစွဲ ရှိသူတွေအဖြစ် ပြန်လည် ထိုးနှက်ကြတာတွေကို တွေ့ရပါတယ်။ တကယ်တမ်း နက်နက်နဲနဲ စဉ်းစားကြည့်ရင် ခေတ်သစ် မြန်မာနိုင်ငံမှာ ဗမာပြည်ကို ပြည်နယ် တခုအဖြစ် ဖွဲ့စည်းပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ အဖြစ် ဖန်တီးပြီး နိုင်ငံရေးအရ တန်းတူခွင့် အခြေခံတွေနဲ့ နိုင်ငံတော်ကို တည်ဆောက်ခြင်းဟာ ကျဉ်းမြောင်းတဲ့ အမြင်လား (သို့မဟုတ်) ပြည်နယ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ နိုင်ငံရေးအရ တန်းတူခွင့်တွေ မပေးဘဲ ဗမာ အမျိုးသားတွေက အုပ်ချုပ်ရေးပိုင်းမှာ လွှမ်းမိုး နေရာ ယူထားခြင်းမျိုးဟာ ကျဉ်းမြောင်းတဲ့ အမြင်လားဆိုတာ သဘာဝ ကျကျ စဉ်းစားဖို့ လိုအပ်ပါတယ်။ ရှမ်း၊ ကချင်၊ မွန်၊ ရခိုင်၊ ကရင် စတဲ့ အမျိုးသားတွေကို ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေး ကင်းမဲ့တဲ့ ပြည်နယ်တွေ ဖန်တီးပြီး အုပ်ချုပ်ရေးပိုင်းမှာ ဗမာအမျိုးသားတွေ လွှမ်းမိုးရမယ်ဆိုတဲ့ အယူအဆရှိတဲ့ ဗမာအမျိုးသားတွေနဲ့ အဲဒီ အယူအဆကို လုံးဝ လက်မခံတဲ့ ဗမာ အမျိုးသားတွေ ဆိုပြီး တည်ရှိလာခဲ့တာ လွတ်လပ်ရေး အကြိုကာလကပင် ကနေ့အချိန်ထိပဲ ဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဗမာ အမျိုးသား ကြီးစိုးရေးမူကို တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေက တစိုက် မတ်မတ် လုပ်လာခဲ့ခြင်း အပေါ်မှာ တပ်မတော် ကြီးစိုးရေးတို့၊ အာဏာရှင်စနစ်တို့ စသည်ဖြင့် လွှဲမှားတဲ့ အမြင်တွေ ထင်ကျန် ရစ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် အရင်ရော အခုရော ပြောချင်တာက တပ်မတော် ကြီးစိုးရေးတို့၊ အာဏာရှင်စနစ် တည်တံ့ရေးတို့ရဲ့ နောက်ကွယ်မှာ ပြင်းထန်တဲ့ ဗမာ အမျိုးသားရေးဝါဒ ရှိနေတယ်ဆိုတာ ပြောချင်တယ်။ အုပ်ချုပ်ရေးပိုင်းမှာ ဗမာ အမျိုးသားများ လွှမ်းမိုးရေး အယူအဆကို သာမန်လူတွေ နားလည်အောင် ကြံစည် ပြောဆိုရာက မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး ဆိုတဲ့ ဝေါဟာရ ပေါ်လာတာ ဖြစ်တယ်။ အာဏာရှင်စနစ်လို့ မြင်လာတဲ့အခါ ရွေးကောက်ပွဲတွေ ကျင်းပပေးရင်း အာဏာရှင်စနစ် မဟုတ်ကြောင်း သက်သေပြကာ ရွေးကောက်ပွဲတွေနဲ့ အသွင် ပြောင်းပေးခဲ့ပေမယ့် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာတော့ ဗမာ အမျိုးသားလွှမ်းမိုးရေးကိုပဲ ဦးတည် ရေးဆွဲခဲ့တာ ဖြစ်တယ်။ (၁၉၇၄ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ) ဆိုတော့ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဗမာ အမျိုးသားတွေကတော့ လွတ်လပ်ရေး အကြိုကာလကပင် ယနေ့အချိန်ထိ အဲဒီအယူအဆကို ငြင်းပယ် ခဲ့ကြပါတယ်။ (၁၉၇၄) ရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံဟာ ပြည်တွင်းစစ်ကို ပိုမို တောက်လောင်အောင် လုပ်ပေးခဲ့သလို ယခု (၂၀၀၈) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေဟာလည်း ပြည်တွင်းစစ် အရှိန်မြှင့်တင်ရေးကို တွန်းပို့သလို ဖြစ်နေပြန်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မွန်၊ ကရင်၊ ကချင်၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေကို လူမျိုးစွဲတွေ၊ အမြင် ကျဉ်းမြောင်းမှုတွေ အဖြစ် ပြောဆိုချက်တွေဟာ ဘယ်အခြေခံပေါ်မှာ ပြောဆို ကြသလဲ။ အဲဒီ အခြေခံပေါ်မှာ ပြောဆိုကြတာရော တရားမျှတရဲ့လား စသည်ဖြင့် ပြန်လည် သုံးသပ်သင့်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရ တန်းတူရေး၊ ဖက်ဒရယ်ပြည်ထောင်စု၊ ပင်လုံမူ စတဲ့ အသုံးအနှုန်းတွေ ကြားရင်ပဲ လူမျိုးစွဲတွေ၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေလို့ မြင်တဲ့ ပြောတဲ့ သူကိုယ်တိုင်က ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ တဦးဆိုတာ ထင်ရှားပါတယ်။ ဆိုတော့ ငါတို့ အမျိုးသားတွေသာ အုပ်ချုပ်ရေးပိုင်းမှာ လွှမ်းမိုးရမယ် (မဟာလူမျိုးကြီးဝါဒ) အယူအဆရှိခြင်း သည်ပင်လျှင် ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ၀ါဒီ ဖြစ်တယ်ဆိုတာ ပြောချင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နိုင်ငံရေးအရ တန်းတူရေး လိုချင်ကြတဲ့ အမျိုးသားတွေဟာ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒီအဖြစ် မြင်တဲ့အမြင်တွေကို ခ၀ါ ချသင့်ပါပြီ။ ရှမ်း၊ မွန်၊ ကရင်၊ ဗမာ၊ ချင်း၊ ကရင်နီ၊ ကချင်၊ ရခိုင် စတဲ့ အမျိုးသားတွေရဲ့ ပြည်နယ်တွေကို ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေအဖြစ် ဘာကြောင့် မတည်ဆောက် ချင်ရသလဲ။ နိုင်ငံရေးအရ တန်းတူခွင့်ကိုရော ဘာကြောင့် ငြင်းပယ် ချင်ကြသလဲ ဆိုတဲ့ မွေးခွန်းတွေဟာ ကျဉ်းမြောင်းတဲ့ ဗမာ အမျိုးသားရေးဝါဒီတွေအတွက် ဒေါသ ဖြစ်စရာတွေနဲ့အတူ စိန်ခေါ်မှုတရပ် အဖြစ် သမိုင်းမှာ ထင်ကျန်ရစ်ခဲ့တာလည်း အထင်အရှား ဖြစ်တယ်။ ဆိုတော့ အစွန်းရောက် ဗမာ အမျိုးသားတွေနဲ့ တရားမျှတတဲ့၊ ငြိမ်းချမ်းရေးကို လိုလားပြီး လွတ်လပ်ရေး အကြိုကာလမှသည် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေတဲ့ ဗမာ အမျိုးသားတွေကို ကွဲပြားစွာ မြင်ဖို့ အထူး လိုအပ်ပါတယ်။ ကိုယ့်ကို ပြောရဲတာက ဗမာမုန်းတီးရေးသမား မဟုတ်ဆိုတာကို ရဲရဲကြီး ပြောရဲပါတယ်။ ဒါကြောင့် မဟာ လူမျိုးကြီးဝါဒ အခြေခံရှိတဲ့၊ ပဉ္စမ မြန်မာနိုင်ငံတော်ကို ယုံကြည်ကြတဲ့ ဗမာ အမျိုးသားတွေနဲ့ ဆွေးနွေးခြင်း ဆိုင်ရာ ဆောင်းပါးတွေကို ရေးရင်း အတွေးခြင်း အမြင်ခြင်း ဖလှယ်တဲ့ သဘောပါ။ သေချာတာ တခုကတော့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာ ငြိမ်းချမ်းရေး အပေါ်မှာ အခြေခံသလို ငြိမ်းချမ်းရေး ဆိုတာကလည်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူမှုအပေါ်မှာ အခြေခံရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ နိုင်ငံရေးအရ တန်းတူရေးဆိုတာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်။ ဒီ အုတ်မြစ် အပေါ်မှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်း ကျင့်သုံးရေးဟာလည်း ခေတ်သစ် မြန်မာနိုင်ငံရဲ့ အဖြေတခု ဖြစ်တယ်။ ဒါပေမယ့် မဟာ လူမျိုးကြီးဝါဒီ အတွက်ကတော့ ခါးသီးတဲ့ စိန်ခေါ်မှုတရပ် ဖြစ်မယ်ထင်ပါတယ်။ ။ ခိုင်လင်း (မေဃ၀တီ) စက်တင်ဘာလ (၂၁) ရက် ၊ (၂၀၁၁)၊ ညနေ (၈း၃၄) နာရီ
Read More »

ဒိန်းမတ်နိုင်ငံတွင် ကျောင်းတက်ပါက ပိုက်ဆံရ

ဥရောပတိုက် မြောက်ပိုင်း၊ ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်ရင် တကယ် ပိုက်ဆံ ရပါတယ်။ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။ မူလတန်းများ၊ Secondary, အလယ်တန်း ကျောင်းသူကျောင်းသားများ အတွက် မိဘရဲ့  စီးပွားရေး အခြေအနေကို ကြည့်ပြီး ကျောင်းလခ အကန့်အသတ် မရှိ ထောက်ပံ့ပေးပါတယ်။ ကျောင်းလခတောင် မဟုတ် ပါဘူး။ နေစရိတ်စားစရိတ် ဖြစ်ပါတယ်။ အသက် ၁၈ နှစ် ၂၀ နှစ် ဝန်းကျင် ကောလိပ်တန်း၊ တက္ကသိုလ်တန်း ဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူ များကိုတော့ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ ထောက်ပံ့ပါတယ်။ ဆင်းရဲတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြနိုင်ရင် တစ်မိသားစုလုံး စားသောက်ဖို့တောင် ထောက်ပံ့ ပါတယ်။ ကောလိပ်၊ တက္ကသိုလ်၊ အကဲဒမစ်၊ ဒီဂရီ ကျောင်းသူ၊ ကျောင်းသား များအတွက် ထောက်ပံ့ကြေးက ပိုများပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ နဲ့မလောက်တဲ့အတွက် အခြေအနေကို ကြည့်ပြီး ယင်းအထက် ထောက်ပံ့ပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ်ထားပေး ပါတယ်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီဂရီ မေဂျာ နောက်တစ်ခုကို စိတ်ကူးပေါက်လို့ တစ်နှစ်အရှုံးခံပြီး ပြောင်း ရင်တောင် ထောက်ပံ့ကြေးက ပေးမြဲ ဖြစ်ပါတယ်။ မသန်မစွမ်း ကျောင်းသူ၊ကျောင်းသား များအတွက် ထောက်ပံ့ကြေး ဘယ် အသက်အရွယ်မရွေးကိုမဆို အပိုပေးပါတယ်။ သာမန်ရနေတဲ့ ထောက် ပံ့ကြေး အပြင် တစ်လကို အမေရိကန်ဒေါ်လာ ၁၃၆၄ ဒေါ်လာ အပိုထပ်ရပါသေးတယ်။ တက္ကသိုလ်ဘွဲ့ရပြီး မာစတာ တက်မယ့် သူများ ကျတော့ ကောလိပ်အဆင့် (Tertiary education) မှာ မပါတော့တဲ့အတွက် ထောက်ပံ့ကြေးငွေ မရတော့ ပါဘူး။ သို့ပေမယ့် ဒီထက်ပိုကောင်းတာ ရပါတယ်။ တက္ကသိုလ်ရဲ့  သုသေတနဌာနတွေမှာ အလုပ်ရပြီး သူတို့ရဲ့  တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀ (၁သောင်း ၈ ထောင်) ဝန်းကျင်မှာ ရှိပါတယ်။ Ph.D တက်နေတုန်း အခက်အခဲများကို သေချာ ထောက်ပြ တင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရအုံးမှာ ဖြစ်ပါတယ်။ အထက်ပါ ငွေတွေကို ဒိန်းမတ်အစိုးရက အလကားပေးလိုက်တယ်လို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင်ဝင်တဲ့အခါ ပြန်ဆပ်ရမယ့် ဆိုတဲ့ ချေးငွေ သဘောနဲ့ ပေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ၁၅ နှစ်ကြာတောင် ယင်းချေငွေ ပြန်မပေးလည်း ဘာမှ ဥပဒေနဲ့ ညှိစွန်းမှု မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒိန်းမတ်နိုင်ငံဟာ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ ဖြစ်တဲ့အပြင် ပိုက်ဆံတောင် ရပါသေးတယ်။ နိုင်ငံကသေး၊ လူဦးရေးကလည်း နည်း၊ ဝင်ငွေများတဲ့ တိုင်းပြည်လည်း ဖြစ်တော့ ပညာရေး စနစ်ကို အကောင်းဆုံး ဖန်တီးပါတယ်။ ကျူရှင်လည်း မရှိပါဘူး။ ယနေ့အထိ ပညာရေး စနစ် တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံ ပေးတဲ့အတွက် ကမ္ဘာမှာ ထူးခြားအံ့သြဖွယ် ပညာရေး ဦးစားပေးတဲ့ နိုင်ငံအဖြစ် အသတ်မှတ် ခံထားရကြောင်း သိရပါတယ်။ -- Ref: wiki International news for myanmar http://www.innewsmyanmar.com/2013/01/blog-post_6683.html
Read More »