“ကူဋဒန္တသုတ်တော်အရ နိုင်ငံခေါင်းဆောင်၏ ရှိသင့်သည့်အရည်အသွေးအား ချဉ်းကပ်လေ့လာခြင်း”


ဗုဒ္ဓဒေသနာတော်ရှုဒေါင့်အရ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊လူမှုရေးစသော အရေးပြဿ နာ တွေကို ဖြေရှင်းနိုင်ရန်၊ နိုင်ငံတော်ကို ဘက်စုံတိုးတက်စည်ပင်စေရန်အတွက် ဒီဃနိကာယ်လာ ကူဋဒန္တသုတ်တော်ကို လေ့လာတင်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာအဓိကတင်ပြပေးလိုတာက နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါသောဖွဲ့ စည်းပုံအယူအဆကို နိုင်ငံတော်၏ ခေါင်ဆောင်သူတစ်ဦးအတွက် လိုအပ်သော အချက်အလက်အရည်အသွေးများကို အဓိကထားဆွေးနွေးမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူနိုင်ငံ့ခေါင်းဆောင်သည် ထိုနိုင်ငံ၏ အနာဂတ်နှင့် ကံကြမ္မာကို အဓိကအဆုံးအဖြတ်ပေးနိုင်သူဖြစ်လို့ လွန်စွာအရေးကြီးလှပါတယ်။ ဒီလိုအရေးကြီးလှတဲ့ နိုင်ငံ့ခေါ င်းဆောင်ဟာ ငါသိငါတတ်၊ငါဆုံးဖြတ်ချက် ငါယုံကြည်ချက်တာမှန်တယ်လို့တယူသန်ဆုံးဖြတ် တတ်သူ၊ ကိုယ့်အကျိုးစီးပွားသာကြည့်တတ်ပြီး အများပြည်သူတို့၏ အကျိုးစီးပွားကို လျစ်လျူရှုတ တ်တဲ့ အတ္တဆန်သော ကိုယ်ကျိုးရှာသမားမဖြစ်သင့်ပါဘူး။ ထို့အပြင် ခေါင်းဆောင်တစ်ဦးမှာ အသိ ပညာ၊အတတ်ပညာများနှင့် တွေးတောကြံဆမှု၊ အရှည်ကို ကြိုတင်သိမြင်နိုင်မှု၊စသည့် အများထ က်သာလွန်သော ကိုယ်ပိုင်အရည်အချင်းများလည်း ရှိရန်လိုအပ်ပါတယ်။ ခေါင်းဆောင်တစ်ေ ယာက်အတွက်လိုအပ်သည့် အရည်အချင်းများကို ကူဋဒန္တသုတ်တော်အရ ခေတ်သ စ်တွေးခေါ်မှု များနှင့်ပေါင်းစပ်ပြီး ခွဲခြမ်းစိပ်ဖြာ မီးမောင်းထိုးပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံရဲ့ခေါင်းဆောင်ဆိုတာ လူ့မှုအသိုင်းအ၀န်းမှာတော့ အမြင့်မားဆုံး၊အကြီးကျယ်ဆုံးေ သာ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကူဋဒန္တသုတ်တော်အရ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာ အဓိကအချက် ကြီးနှစ်ချက်အပေါ်မှာ အခြေခံထားပါတယ်။

ထိုအချက်ကြီးနှစ်ချက်မှာ-

(၁) ပြည်သူအများ၏ သဘောတူညီထောက်ခံမှု။ { Consent of the majority of people.}

(၂) ကိုယ့်ကျင့်သီလနှင့် ပြည့်စုံမှု။ { Moral conduct.} တို့ဘဲဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒအရခေါင်းဆောင်သူသာ ပြည်သူ့အကျိုးပြုသော၊ ကိုယ်ကိုယ့်မကြည့် အာဏာရှင်မ ဆန်သူ ဖြစ်နိုင်မှာဖြစ်ပါတယ် ။ပြည့်သူဆန္ဒနှင့်ဆန့်ကျ င်သော ပြည့်သူထောက်ခံမှု မရှိသောခေါင်း ဆောင်မှုသည် ပြည်သူနှင့်၊ အုပ်ချုပ်သူအစိုးရတို့အကြား ယုံကြည်မှုကင်းမဲ့၍ အထင်အမြင် လွဲမှား ကာ တစ်ဖက်နှင့်တစ်ဖက် အမြင်စောင်းနေကြ၍ ညီညွ့တ်မှုကင်းပြီး တိုင်းပြည်ကောင်းကျိုး မလုပ် နိုင်ကြတော့သဖြင့် အဖက်ဖက်က ဆုံးရှုံးနစ်နိုင်မှုများ ဖြစ်လာနိုင်သဖြင့် နိုင်ငံ့ေ ခါင်းဆောင်သည် ပြည့်သူအများ၏ သဘောဆန္ဒနှင့်အညီ ရွေးချယ်တင်မြောက်ထား သူဖြစ်သင့်၍၊ အာဏာရရှိသည့် အခါတွင်လည်း ပြည်သူ့ဆန္ဒအတိုင်းသာ စီမံအုပ်ချုပ်သင့်ပါတယ်။

တိုင်းပြည်၏ ခေါင်းဆောင်သည် ကိုယ်ကျင့်သီလ ၊လူ့ကျင့်ဝတ်တို့နှင့်ပြည့်စုံမှ သာ ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတစ်သိုက် ဖြာင့်ဖြောင့်လိုက်၏ ဆိုသကဲ့သို့ တိုင်းသားပြည်သူအားလုံးပါ ကိုယ်ကျင့်သိက္ခာနှင့်ပြည့်စုံပြီး ဒုစရိုက်မှုတွေ ရှောင်ရှား၍ တိုင်ပြည်တိုးတက် စည်ပင်လာနိုင်မှာဖြစ်ပါတယ်။ ထို့သို့အခြေခံ ကိုယ့်ကျင့်တရားတွေ စောင့်ထိန်းပါက စီပွားရေးနှင့် နိုင်ငံတော်ေ ခါင်းဆောင်မှု အပိုင်းမှာပါ အောင်မြင်မှုများ ရရှိလာမှာဖြစ်တယ်။

နိုင်ငံအတွင်းမှာ မည်မျှပင် သယံဇာတပေါများကြွယ်ဝချမ်းသာပါသော်လည်း ကိုယ့်ကျင့် သိက္ခာ၊လူ့ကျင့်ဝတ်ကင်းမဲ့သော နိုင်ငံသည် မတိုးတက်မချမ်းသာနိုင်သလို၊ ကမ္ဘာအလည်မှာလည်း မျက်နှာမရသိက္ခာကျစရာသာဖြစ်ပေါ်လာနိုင်သောကြောင့် ထိုအချက်နှစ်ချက်ကိုအခြေခံကျသည့် အဓိကရှိသင့်သည့်တရားများအဖြစ်ေ ဖ်ာပြထားခြင်းပင်ဖြစ်ပါတယ်။ထိုအချက်နှစ်ချက်နှင့်ပြည့်စုံသော ခေါင်းဆောင်ကောင်းသည် မင်းကျင့်တရား(၁၀)ပါး၊ နာယကဂုဏ် (၆)ပါး၊ သင်္ဂဟတရား(၄)ပါး တို့နှင့်အညီ အုပ်ချုပ်နိုင်၍ ပြည်သူပြည်သားတို့၏ ဓနစွမ်းအား၊ပညာစွမ်းအား၊ သီလ(စာရိတ္တ) စွမ်းအား တို့တိုးတက်အောင် ခေါင်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်။

အထက်ပါ အချက်(၂) ကိုအခြေခံ၍ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် အောက်ပါအ ချက်များကိုလည်း ပြုလုပ်၊ဖြည့်ဆီး၊လိုက်နာဆောင်ရွက်ပေးသင့်ပါတယ်။

(က) တရားမျှတမှု၊ လူ့အခွင့်အရေးရှိမှု၊ ပရဟိတလူမှုအကျိုးပြုလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းမှုတို့နှင့် သက်ဆိုင်သည့် ကွန်ဖရင့်အစည်းအဝေများ ကျင်းပ၍ တွေဆုံဆွေးေ နွး အေ ဖြရှာခြင်း။

{ Doing conference for justice, human right, social activities and environment.}

ထို့ကွန်ဖရင့်များကို အစိုးရတာဝန်ရှိသူများသာမက၊ ပါတီနိုင်ငံရေးအဖွဲ့အစည်း များ၊ပြည်သူ ၊ပြည်သားအားလုံးမှ တက်ရောက်၍၊အဖြေရှာ၊အကြံပြု တင်ပြဆွေးနွေးပူးပေါင်းပါဝင်သင့်၏။ မိမိနိုင် ငံတော်အား အမှန်တကယ်တိုးတက်ေ စချင်တာမှန်ပါက အပြစ်ပြော၊ဝေဘန်ပုတ်ခတ်နေခြင်းသည် အကျိုးမရှိဘဲ အကျိုးမဲ့ကိုသာဖြစ်စေနိုင်သောကြောင့် နိုင်ငံတော်ကို တိုးတက်စေချင် သော စေတ နာမှန်ပါက ပါတီစွဲ၊ပုဂ္ဂိုလ်များကို ခ၀ါချကာ အစိုးရနှင့် လက်တွဲဆောင်ရွက်သင့်ပါတယ်။

(ခ) နိုင်ငံတော်၏ လုံခြုံရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိပြီး ပြည်သူများ ၏အရိပ်အာဝါသကောင်းမွန်မှုများ ရှိစေရန် စီမံကာကွယ်ထားခြင်း။

{Providing protection, shelter and security for country.}

နိုင်ငံတစ်နိုင်ငံအတွက် လုံးခြုံဘေးကင်းစေရန် တိုင်းတပါးမှ ကျူးကျော်ဝင်ရောက် မှုများမ ရှိစေရန်အတွက် ဥပဒေဆိုင်ရာနှင့်၊ စစ်ရေးဆိုင်ရာလုံခြုံမှုများစီမံထားသ င့်ပါတယ်။ နိုင်ငံမည်မှပင် တိုးတက်နေပါစေ ကျူးကျော်ဝင်ရောက်၍ စီးပွားရေး၊ပိုင်န က်မြေခိုးယူမှု၊လူမျိုးရေးဝါးမျိုဖျက်ဆီး မှုများရှိနေပါက ထိုနိုင်ငံငအတွက် ရေရှည်မှာ မည်သို့မှ မအေးချမ်းနိုင်သောကြောင့် နိုင်ငံ တော် ကာကွယ်ရေး၊ ဘေးကင်းလုံခြုံရေးကို အထူးသတိထား ကာကွယ်ရမှာဖြစ်ပါတယ်။

(ဂ) လာတ်ပေးလာတ်ယူမှုများ မရှိစေရန် နိုင်ငံဝန်ထမ်းတို့ကို လခငွေတိုးမြှင့်ေ ပးခြင်း။

{ Giving higher salary for staff of a country, not to be bribe.}

တိုင်ပြည်တစ်ပြည်၏ မတိုးတက်မှု၊ဆုတ်ယုတ်အကြောင်းအရာများတွင် လာတ်ပေး၊ လာတ် ယူခြင်းသည်လည်း အဓိကအကြောင်းအရာတခုပင်ဖြစ်၏။ ထိုသို့လာတ်ပေး၊လာတ်ယူ အကျင့်ပျ က်ချစားမှု ပပျောက်စေရန်အတွက် ၀န်ထမ်းတွေကို လုပ်အားခလစာငွေများ အလုံအလောက်ချီး မြှင့်သင့်ပါတယ်။ လုံလောက်စွာလုပ်အားခငွေ ရရှိပါကအလွယ်တကူ လာတ်စားမှုများမဖြစ်တော့၍ အကျင့်ပျက်မှုများ လျော့နည်းသွားနိုင်မှာဖြစ်ပါသည်။

(ဃ) နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေနှင့် မကိုက်ညီသော လုပ်ရပ်မှန်သမျှကို လာတ် စားမှုမရှိဘဲ အရေးယူတားမြစ်ခြင်း။

{ Prohibiting every unlawful action without any bribe.}

ပြည်သူ၊ပြည်သားများ၊ အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ အားလုံးတို့အနေ ဖြင့် တည်ဆဲဥပဒေများကို မိမိတို့၏ ရာထူး၊အာဏာ၊ပါဝါများဖြင့် လက်တလုံးကြားမလုပ်ဘဲ၊ အပြည့်အ၀လိုက်နာရပါမည်။ စည်းကမ်းရှိမှသာ စည်ပင်တိုးတက်နိုင်ပေမည်၊ မည်သူပင်ဖြစ်စေ ဥပဒေအထက်တွင်မရှိစေရန်ကြပ်မ တ်ဆောင်ရွက်၍၊ဥပဒေကိုချိုးဖောက်သော လုပ်ရပ်မှန်သမျှကို မျက်နှာကြီး၊မျက်နှာသေးမရွေးဘဲ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမှုများပြု လုပ်သင့်ပါတယ်။ ဒါမှသာ တိုင်ပြည်ကြီး တိုးတက်ချမ်းသာလာမည်ဖြစ်ပါတယ်။

(င) တိုင်းပြည်တစ်ပြည်အတွက် မဖြစ်မနေလိုအပ်သော ပညာရေး၊စီပွားရေးနှင့်၊ ကျမ္မာရေး အသိအမြင်များ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊မီးစသည့် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ် ဆောင်ပေးခြင်း။

{ Making offering or gifts the education, business, medical knowledge, street, wather, light of people need.}

ပညာရေး၊ကျမ္မာရေးနှင့် ဆက်သွယ်ရေးစသည်တို့သည် နိုင်ငံေ တ်ာဘက်စုံတိုးတ က်မှုအတွ က် ဗဟုသုတစွမ်းအားနှင့် လူသားအရင်းအမြစ်များရရှိစေနိုင်သောကြောင့် အပြည့်အ၀ ဖြည့်ဆည်း ပေးရပါမည်။ ဗဟုသတ အကြားအမြင်ရှိမှသာ တိုင်းပြုပြည်ပြုလုပ်ငန်းများတွင် ပါဝင်နိုင်မှာ ဖြစ်ပါ သည်။

(စ) ဘာသာရေးခေါင်းဆောင်များဖြစ်သည့် စိတ်ကောင်းစာတတ် အကျင့်မြတ်သော ဆရာ တော်သံဃာတော်များထံမှ အကြံဉာဏ် သြ၀ါဒများကို ခံယူလိုက်နာခြင်း။

{ Observing precepts and .Getting advice from religion teachers who are well-restrained in moral rule and spiritual advanced.}

ရုပ်ပိုင်းဆိုင်ရာ မည်မျှပင်တိုးတက်စေကာမူ စာရိတ္တပိုင်း နိမ့်ကျနေပါက ထိုတိုးတက်မှုသည် ကြာရှည်ခံနိုင်လိပ်မှာမဟုတ်ပေ ။ရုပ်ပိုင်း၊စိတ်ပိုင်းဘက်စုံတိုးတက်၍ ကိုယ်ကျင့်သီလစာရိတ္တ ကောင်းမွန်စေရန်အတွက်၊ ဘာသာရေစာပေများကို ကျောင်းသားလူရွယ်ဘ၀မှစ၍ အတန်းကျောင်း များတွင် ပြဋ္ဌာန်းပေးခြင်းဖြင့် စာရိတ္တကိုမြှင့်တင်ပေးသင့်၏။

ဘာသာတရားကိုအားပေးချီးမြောက်၍ ထိုဘာသာတရား၏ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးမှသာ ရုပ်အပြင်ပိုင်းတိုးတက်လာသည်နှင့်အမျှ၊ စိတ်အတွင်းစာရိတ္တပိုင်းတိုးတက်လာ၍ ဒေါသ၊မောဟ၊မာနများကင်း၍ အေးချမ်းသာယာနိုင်စေနိုင်ပေမည်။အောက်ခြေဖောင်ဒေးရှင်း မခိုင် ပါက အပေါ်ပိုင်းထုထည်ကြီးမားလာသည်နှင့်အမျှ ပြိုကျပျက်စီးတာမြန်လေပင်ဖြစ်၏။ နိုင်ငံခေါင်းဆောင်များအနေဖြင့်လည်း တိုင်းသားပြည်သူတို့အား စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ တိုးတွက်မှုအတွက် ဘာ သာရေးအဆုံးအမများကို ထိတွေ့ဆက်ဆံစေရုံမကဘဲ၊ မိမိကိုယ်တိုင်ပင် ဘာသာ ရေးအဆုံးအမ သြ၀ါဒကို ဆရာတော်သံဃာတော်များထံ သြ၀ါဒခံ လိုက်နာသင့်ပါသည်။

အထက်ပေါ်ပြပါအချက်တို့သည် နိုင်ငံခေါင်းများအနေဖြင့် ဖြည့်ဆည်းပေးရမည့်အချက် များပါသကဲ့သို့၊ ကိုယ်တိုင်လိုက်နာကျင့်သုံးရမည့်အချက်များလည်း ပါရှိပါတယ်။

ကူဋဒန္တသုတ်တော်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ နိုင်ငံရေးအဖွဲ့အစည်ခေါ င်းဆောင်များမှာ နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် ရှိသင့်သော ကိုယ်ပိုင်အရည်အချင်းများကို အရေးတကြီး ဖော်ပြ ထားပါတယ်။ နိုင်ငံခေါင်းဆောင်ဖြစ်ရန် ရည်ရွယ်ထားသူတိုင်းဟာ တိုင်းတပါးသား သို့မဟုတ် တိုင်းတပါးနှင့် သွေးနှေားထားသူ၊ မဖြစ်သင့်ကြောင်းကို အလေးထား သတိပေးလမ်းညွှန်းထား၏။ နိုင်ငံခေါင်းဆောင်ရာထူးအတွက် ရည်မှန်ထားသူ သို့မဟုတ် ခေါင်ဆောင်ဖြစ်နေသူ သူ အောက်ပါ ကိုယ်ပိုင်အရည်အသွေးများကို ပိုင်ဆိုင်ထားရပါမည်။

(က) မိမိ၏မျိုးဆက်ရင်သွေး နှင့် မိမိ၏မိဘနှစ်ပါးတို့မှာ မျိုးရိုးစင်ကြယ်မှုရှိခြင်း။ ဆိုလိုသည် မှာ မိဘနှစ်ပါးနှင့် မိမိ၏မျိုးဆက်များမှာ အခြားတိုင်းတပါးသားတို့နှင့် သွေးေ ရာနှောမှုမရှိသော နိုင်ငံ သွေးသားစစ်စစ်ဖြစ်ရပါမည်။

{ Birth- Purity of parents and generation. It means all of the parents should be the citizen.}

နိုင်ငံ၏ခေါင်ဆောင်သည် ထိုနိုင်ငံ၏သွေးမျိုးရိုးစစ်စစ်သာဖြစ်ရပါမည်။အဘ ယ်ကြောင့် ဆိုသော “အမျိုးမစစ်လျှင် အမှန်တကယ်အရေးကြုံလာလျှင် အမျိုးမချစ်နိုင်ပေ” အမျိုးကို မချစ်တတ်သောသူသည်လည်း တိုင်းပြည်ကို အမှန်တကယ်ချစ်ဘို့ဆိုတာမဖြစ်နိုင်တော့ချေ။ တစ်ခု နှင့်တစ်ခုသည် ဆက်စပ်လျှက်ရှိ၏။ တိုင်းပြည်အား အမျိုးမစစ်သူ၊အမျိုးမချစ်သူများ အုပ်ချုပ်ပါက လူမျိုးလဲတုံး၊ဘာသာပြုန်းပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အမျိုးသားရေးစိတ်ဓါတ်များကွ ယ်ပျောက်၍ ကိုယ့်နိုင်ငံသူ့လူမျိုးဖြစ်သွားကာ တိုးတက်ပြီး အကျိုးမထွက်ဖြစ်သွားပေမည်။ အသိပညာဖြင့် သတိဝင်ကာ ရေရှည်မျှော်တွေးလေေ လ အန္တရာယ်ကြီးမာလေလေဖြစ်၏။

(ps- ယခုလည်း ဒကာမကြီးဒေါ်စုကြည်သမ္မတ ဖြစ်စေနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန် ကြိုးစားနေကြောင်း ကြားသိရပေ၏။ လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ်လျော့ချရေး စသည့်အချက်များမှာ ပြင်သင့်ပြင်ထိုက် တာမှန်ပါသော်လည်း ၊ နိုင်ငံ၏ အချုပ်အခြာနှင့် အမျိုးဘာသာ၊သာသနာတော်၏ အနာဂတ်အတွက် များစွားအရေးကြီးလှသော ၅၉(စ) ကဲ့သို့သော ထိလွယ်ရှလွယ်သည့် ဥပဒေမျိုးကို ချစ်ခြင်း၊သံယောဇဉ်ရှိခြင်းစသော ဆန္ဒဂတိ သို့မလိုက်ဘဲအမြိ မန်မာပြည်၏ ရှေ့ရေးကိုသာ အရှည်တွေး၍ ဆုံးဖြတ်သင့်ပါတယ်။ ဒေါ်စုကို ချစ်လို့မျက်စေ့မှိတ်ကာ ပြင်ဆင်လိုက်ပါက ဒေါ်စုမရှိတော့သည့်တချိန်ချန်မှာ ၄င်းပြင်ဆင်လိုက် သည့်ဥပဒေအရ တရုတ်တို့၊ကုလားတို့လည်း မြန်မာပြည်တွင် သမ္မတဖြစ်လာပေတော့မည်။ ထိုသို့တရုတ်ကုလားများ သမ္မတဖြစ်ခြင်းကို လက်ခံနိုင်သည်ဆိုပါက ယခု ၅၉(စ) ဥပဒေအား ပြင်ဆင်ရန်သာရှိတော့၏။ ချွင်းချက်အနေဖြင့် ဒေါ်စုတယောက်တည်းအတွက်သာ သီးသန့်အခွင့်ထူးခံခွင့် ပေး၍ပြင်ဆင်နိုင်မူကား သင့်မြတ်ပေလိပ်မည်။)

(ခ) နိုင်ငံ့ခေါင်းဆောင်သည် ခန့်ညားတည်ကြည်၍ နှစ်လိုဖွယ်ရှိခြင်း၊ မပု၊မရှည်၊မ ပိန်မ၀လွန်းသော ဥပဓိရုပ်ရှိခြင်း။

{ Being handsome and pleasant. Not short, not tall, not fat, and thin so much.}
နိုင်ငံခေါင်ဆောင်တစ်ဦးအတွက် ဥပဓိရုပ် ခန့်ညားခြင်းသည်လည်း အရည်အသွေးေ ကာင်းတခုပင်ဖြစ်၏။ ဥပဓိသမ္ပတ္တိနှင့်ပြည့်စုံခြင်းသည် မိမိလုပ်ဆောင်လိုသည့် အလုပ်အတွက် များစွာအထောက်အကူးဖြ စ်စေပါသည်။ မြန်မာ့သမိုင်းတွင် ဦးနုသည် မည်သည့်လုပ်ဆောင်မှုမှ မည်မည်ရရမရှိပါဘဲ မမြဲခေါင်းဆောင်ဖြစ်ရခြင်းမှာလည်း ဦးနု၏ ဥပဓိရုပ်ကောင်းမွန်မှုကြောင်းဖြ စ်ကြောင်း လေ့လာမှတ်သားဖူး၏။

(ဂ) လာတ်ယူခြင်းမရှိရန်အတွက် နိုင်ငံခေါင်းဆောင်သည် မိမိကိုယ်ပိုင် များပြားသော ပစ္စည်းဥစ္စာများ ပိုင်ဆိုင်းထားခြင်း။ { Possessing a great-wealth. It is not to be bribe.}
ပစ္စည်းဥစ္စာ မရှိနွမ်းပါးသူများ နိုင်ငံခေါင်းဆောင်ဖြစ်လာသည့်အခါတွင် ပစ္စည်ဥစ္စာဖြစ့်သိမ်း သွင်း၍ အလွယ်တကွယ် လာတ်ပေး၊လာတ်ယူမှုများ ပြုလုပ်နိုင်သဖြင့် ၊ နိုင်ငံခေါင်းဆောင်သည် ပင်ကိုကပင် ချမ်းသာကြွယ်သူဖြစ်ရန်လိုအပ်ခြင်းဖြစ်၏။

(ဃ) လက်နက်ကောင်း၊စစ်တပ်ကောင်း ပိုင်ဆိုင်ခြင်း။ { Possessing well-weapon, and well-army.}

နိုင်ငံတစ်နိုင်ငံ ဘေးကင်းလုံခြုံရန်အတွက် ခေတ်မီလက်နက်များ၊ အရည်အချင်းပြည့်ဝေ သာတပ်မတော်သည် အရေးကြီးလှပါတယ်။ အားနည်းသူကို အားကြီးသူက အနိုင်ယူဗိုလ်ကျလေ့ ရှိတဲ့ အတ္တကြီးမား လူ့လောကသဘာဝအတိုင်း ဘယ်လောက်ပင် တရားမျှတသည်ဆိုဆို လက်န က်၊စစ်တပ်အားကောင်းသည့် စူပါပါဝါအင်အားကြီးနိုင်ငံကြီးများမှာ အင်အားသေးနိုင်ငံများအပေါ် သြဇာအာဏာပြဖိအားပေး အကြိုက်ဆောင်ခိုင်းစေလေ့ရှိပါတယ်။ ထို့ကြောင့် ကမ္ဘာအလည်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်အတွက် နိုင်ငံတော်ကို အခြားနိုင်ငံများမှ နည်းမျိုးစံဖြင့် စော်ကား ဗိုလ်ကျမှုမရှိစေရန်၊ ကမ္ဘာအလည်တွင်ကိုယ့်နိုင်ငံကိုလေးစားကြရန်၊ ခေတ်မီလက်နက်ကောင်းများ၊ အရည်အချင်းရှိစစ်တပ်များမှာ မရှိမဖြစ်လိုအပ်ပါတယ်။

(င) ပြည်သူ၊ပြည်သားအားလုံးအပေါ်၌ ယုံကြည်မှုရှိခြင်း၊ ရက်ရောထောက်ပန့်မှုရှိခြင်း၊ သဘောထားကြီးမား ကျယ်ပြန့်ခြင်း။ { Being faithful and being generous to all.}

နိုင်ငံခေါင်ဆောင်ဟာ ပြည်သူတို့အပေါ် ရန်သူများကဲ့သို့ သံသယမ၀င်ဘဲ ယုံကြည်မှုရှိရ ပါမည်။ ထို့အပြင် ပြည်သူတို့၏ လိုအပ်ချက်များကိုလည်း ထောက်ပန့်ဖြည့်ဆည်းပေး၍ ၊ သထေား ထားသေးသိမ်းခြင်းမရှိဘဲ ပြည်သူတို့အပေါ်၌ သီးခံခွင်လွှတ်ပြီးမိမိ၏ သာသမီးများကဲ့သို့ သဘော ထားကာ၊ သဘောထားကြီးမားရပါမည်။

(စ) အသိဉာဏ်ပညာနှင့် ပြည့်စုံ၍၊ အရာရာကိုကိုယ်ပိုင်အသိပညာဖြင့် ဝေဘန်စဉ်းစား၊ ဆုံးဖြတ်နိုင်သူဖြစ်ခြင်း။ {Having intelligence. He should a person who can decide all.}

နိုင်ငံ့ခေါင်ဆောင်ဟာ စဉ်းစားဆင်ခြင်တုံတရားရှိရပါမည်။ သူများသွေးထိုးတိုင်း၊ မြောက် ပင့်၊ ဂုံချောတိုင်း ယုံကြည်လွယ်လျှင် နိုင်ငံအတွက် များစွာနစ်နာ၍ ကောင်းကျိုးမဲ့နိုင်သဖြင့် အသိ ပညာ၊ဗဟုသတနှင့်ပြည့်စုံ၍ ကိုယ်ပိုင်ဆုံးဖြတ်ဆင်ခြင်နိုင်စွမ်းများ လိုအပ်ပါသည်။

(ဆ) ဆက်သွယ်ရေးစသည့်တို့ကို နားလည်တတ်ကျွမ်းခြင်း။ {Skillfulness in communication.}

နိုင်ငံတော်တိုးတက်ရေးမှာ ဆက်သွယ်ရေးသည်အဓိကကအခန်း ကဏ္ဍမှာပါရှိသကဲ့သို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ရေး၊စီးပွားရေးစသည့် သံတမန်ဆိုင်ရာအခန်းကဏ္ဍများမှာလည်း ဆက်သွယ်ရေးစနစ်သည်များစွာအထောက်အကူပြုပါတယ်။ ထို့ကြောင့် နိုင်ငံခေါင်းဆောင်သည် ဆွယ်သွယ်မှု သံတမန်ဆိုင်ရာ သဘောသဘာဝများကို နားလည်ထားဘို့လိုအပ်လှပါသည်။

(ဇ) နိုင်ငံတော်၏ မျက်မှောက်အခြေအနေကို သုံးသတ်ဆင်ခြင်နိုင်စွမ်းရှိခြင်း။ {Ability to think of the present situation of the country.}

ခေါင်းဆောင်ဟာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသည့် တိုးတက်မှု၊ဆုတ်ယုတ်မှု၊စသည် များကို စဉ်းစားဝေဘန်သုံးသတ်၍ ၊ ပြင်သည့်သည်ကိုပြင်၊ဖြည့်သင့်သည်ကိုဖြည့်စွက်ရပါမည် ဒါမှသာ နိုင်ငံတော်သည် ပစ္စပ္ပန်နှင့် အနာဂတ်ကာလပါ စည်ပင်ထွန်းကားတိုးတက်နိုင်ပါမည်။

အထက်ပါဆွေးနွေးတင်ပြချက်များသည် ခေါင်းဆောင်တဦးအတွက် အတွင်းကော၊အပြ င်ပါ၊လိုအပ်သော အရည်အသွေဒများပင်ဖြစ်ပါတယ်။ ၄င်းအချက်များမှာ နိုင်ငံခေါင်းဆောင်များအ တွက်သာ မဟုတ်ဘဲ စီးပွားရေး၊လူမှုရေးအစရှိသည့် လူမှုအဖွဲ့အစည်းအများအတွ က်ပါ ပြည့်ဝသည့် ခေါင်ဆောင်မှုအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါသည်။

ကူဋဒန္တသုတ်တော်သည် နိုင်ငံတော်၏ ပြည့်ဝသော ခေါင်းဆောင်မှုစွမ်းရည်နှင့် ၊နိုင်ငံတော်၏ပြဿနာများကိုဖြေရှင်းအဖြေရှာရာမှာ ထင်ရှားလှသော သုတ်တော်ပင်ဖြစ်ပါသည်။ ထိုသုတ်ေ တ်ာပါ နည်းနာနိဿယျတို့သည် အုပ်ချုပ်သူ နိုင်ငံခေါင်းဆောင်နှင့် အုပ်ချုပ်ခံပြည်သူ နှစ်ဖက်စလုံး ထိခိုက်မှုတစ်စုံတရာမရှိသောကြောင့်၊ လိုက်နာ ကျင့်သုံးကြသည့် နိုင်ငံတော်နှင့် အဖွဲ့အစည်းတို့သည် လောက၊ဓမ္မပိုင်းများမှာ ဟန်ချက်ညီ၍ ဘက်စုံးဖွဲ့ဖြိုးတိုးတက်မှာဖြစ်ပါသည်။

Ref;
University of Kelaniya, Sri Lanka. Postgradue Institue of Pali and Buddhist Studies, မှ ပို့ချသည့် Buddhiist Doctrines of the Pali-Nikaya; Analysis and Interpretation. ဘာသာ ရပ်၏ Buddhist Concept of Organization as amean to solve the social problem in country with reference to Kutadanta-sutta. Topic-
အားအခြေခံရေးသားဆွေးနွေးတင်ပြထားခြင်းဖြစ်ပါသည်။


(အမိရွှေပြည်၊ သာယာစည်အောင်တူယှဉ်ကြိုးပမ်း၊ ရှေ့သို့လှမ်းနိုင်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဘာသန္တရဆေက ဓမ္မာစရိယ.
B.A,{Indo-Aryan}
M.A,{Buddhist Studies)
Ph.D, {Thesis)
____________________________

Dhammavira Ashin ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
Read More »

သန်းခေါင်စာရင်း နှင့် တိုင်းရင်းသား လူမျိုးများ – ဒေါက်တာမြင့်သိန်း (ရန်ကုန်တက္ကသိုလ်)

စာရင်းတွင် အပြောင်းအလဲ ပြုလုပ်ရခြင်းများတွင် အချို့မှာလည်း တိုင်းရင်းသား မဟုတ်သူများအတွက် ရည်ရွယ်ချက် ရှိရှိဖြင့် စာရင်းအတွင်း ထည့်သွင်းရန် ကြိုးပမ်းမှုများ ရှိခြင်းကြောင့် တာဝန်ရှိသူတို့က စိစစ်ကာ ဖြုတ်ချခဲ့ ရခြင်းများ လည်း ဖြစ်ဖွယ်ရှိသည်။
 နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စများအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေ ဆိုင်ရာကိန်းဂဏန်း အချက်အလက်များ ရရှိရန်အတွက် ၂၀၁၄ ခုနှစ် မတ်လ ၃၀ရက် နေတွင် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်သည်။ ရုပ်မြင်သံကြား ပညာပေးကြော်ငြာတွင် ““အချက်အလက်များ မမှန်ကန်ပါက နစ်နာသူမှာပြည်သူသာ”” ဟူသည့် ဆောင်ပုဒ်တစ်ခုပါရှိသည် ကိုတွေ့ရသည်။ နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံး အလုပ်တို့တွင် ကိုယ့်နိုင်ငံ လူဦးရေစာရင်း အချက်အလက် ခိုင်မာမှုရှိရေး သည်လည်း ပါဝင်ပေသည်။ သို့မှသာ နိုင်ငံအတွက် စီမံကိန်းများ ဆက်လက်ချမှတ် အကောင်အထည် ဖော်ရာတွင် မှန်ကန်တိကျသည့် ဆုံးဖြတ်ချက် များချမှတ်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၀နှစ် တစ်ကြိမ် စနစ်တကျ သန်းခေါင် စာရင်းများပြုစုခဲ့ရာ ၁၈၉၁၊ ၁၉၀၁၊ ၁၉၁၁၊ ၁၉၂၁၊ ၁၉၃၁ တို့တွင် ကောက်ယူ ခဲ့သည်ကို တွေ့ရသည်။ အင်္ဂလိပ်တို့ အစောဆုံး ကောက်ယူခဲ့သည့် နှစ်မှာ ၁၈၇၂ ခုနှစ်က ဖြစ်ပြီး ရခိုင်နှင့် တနင်္သာရီ ကိုသိမ်းပိုက်ပြီး နောက်ပိုင်း ကောက်ယူခဲ့ ခြင်းဖြစ်သည်။  သန်းခေါင်စာရင်းနှင့် ပတ်သက်သည့် အစီရင်ခံ စာလည်း စာရင်းကောက်ပြီး မကြာမီတွင် ပုံနှိပ်ထွက်ပေါ် လာလေ့ရှိသည်။ သို့သော် အိနိ္ဒယ၏ အစိတ်အပိုင်း ဖြစ်ခဲ့စဉ်တွင် အိနိ္ဒယ သန်းခေါင်စာရင်း အတွင်း၌ မှတ်တမ်း တင်ခဲ့ခြင်းဖြစ်သည်။ သန်းခေါင်စာရင်းတွင် လူဦးရေ စာရင်းအပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် အားကိုးရသည့် အချက်အလက် အသေးစိတ်များ အားလုံးပါဝင်သည့် စာအုပ်ဖြစ်ပြီး ယနေ့ ထက်တိုင် သမိုင်းတန်ဖိုးများစွာ ရှိခဲ့သည့် စာအုပ်များ ဖြစ်ပေသည်။ …
ထိုစာအုပ်များကို လေ့လာလိုက်သည့် အခါ မြန်မာနိုင်ငံအတွင်း တွေ့ရှိခဲ့ကြောင်း မှတ်တမ်း တင်ခဲ့သည့် တိုင်းရင်းသား လူမျိုးစု အချို့သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ကောက်ယူသည့် သန်းခေါင် စာရင်းများတွင် ပါဝင်ထည့်သွင်းခြင်း မခံရသဖြင့် ပျောက်ကွယ် သွားရသည့် လူမျိုးများ ဖြစ်သွားသည်ကို တွေ့ရှိရသည်။ လူမျိုးက ရှိနေသော်လည်း စာရင်းမှ ဖျောက်ဖျက်ခြင်း ခံရခြင်းဖြစ်သည်။ ထိုသို့ ပျောက်ကွယ်သွားရသည့် လူမျိုးငယ်များတွင် အချို့မှာ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် သက်ဆိုင်ရာ ပြည်နယ်များ အတွင်း တိုင်းရင်းသား လူမျိုးစုကြီးများ၏ ဖုံးကွယ်မှု ခံရသည်များလည်း ပါပုံရသည်။ အချို့ တိုင်းရင်းသား မျိုးနွယ်စုကြီးများက  ၎င်းတို့နှင့် ဘာသာစကား အုပ်စုမတူသည့် တိုင်းရင်းသား မျိုးနွယ်စုအချို့ ကိုပင် ၎င်းတို့ အုပ်စုထဲသို့ ထည့်သွင်းပေးရန် သက်ဆိုင်ရာ ပြည်နယ်အတွင်း အာဏာပိုင် အဖွဲ့အစည်းများသို့ တောင်းဆိုကာ ထည့်သွင်းခဲ့ခြင်းဖြင့် လူမျိုးစုကြီး၏ လူဦးရေ အင်အားကို တိုးပွားအောင် လုပ်ယူမှုများလည်း သမိုင်းတွင် ရှိခဲ့ပေသည်။ ထို့ကြောင့် တစ်ချိန်က သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဦးဖေမောင်တင်က ၁၉၆၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခြင်း မတိုင်မီ မှတ်ပုံတင် အရာရှိချုပ်ထံ ရေးသားပေးပို့ သည့်စာတွင် ““သန်းခေါင်စာရင်း ဌာနဆိုင်ရာ အရာရှိများ အထူးသဖြင့် နယ်ဆင်း၍ လက်တွေ့ အမှုထမ်းနေသော အရာရှိငယ်များသည် မိမိတို့ တာဝန် ၀တ္တရားအရ သန်းခေါင်စာရင်းနှင့် သက်ဆိုင်သော မှတ်တမ်းများ စီစဉ် ဆောင်ရွက်ရာတွင် နိုင်ငံရေးသမားများက နိုင်ငံရေး သဘောအရ မိမိတို့လိုလားသည့် အတိုင်း မှတ်တမ်းများကို ပြုပြင်ရန် နယ်အရာရှိငယ် များအား ဖိနှိပ်ဖွယ်ရာ ရှိသည်ဟု ကျွန်ုပ်တို့ မြှော်ခေါ်တွေးဆမိသော ကြောင့်ဖြစ်ပေသည်။ ဤကဲ့သို့ မည်သည့် အခါမျှ မလုပ်သင့်ပေ။—အစိုးရသည် ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ သန်းခေါင်စာရင်း အရာရှိများအနက် ရာထူးအငယ်ဆုံး အရာရှိတိုင်အောင် အတိအကျ ညွှန်ကြားလွှာများ ပေးပို့သင့်သည်။ ယင်းညွှန်ကြားစာတွင် သန်းခေါင်စာရင်း အရာရှိငယ် တို့အား မိမိတို့၏ တာဝန် ၀တ္တရားအရ မှတ်တမ်းများ ရေးသားရာတွင် မှန်ကန်မှု ကိုသာလျှင် အဓိကထားပြီး ကြောက်ရွံ့ တွန့်ဆုတ်ခြင်း မရှိစေရ၊ မျက်နှာလိုက်ခြင်း မရှိစေရဟူ၍ ညွှန်ကြားပေးရန် ကျွန်ုပ်တို့က မျှော်လင့် ပေသည်””ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။ နောက်ပိုင်း ခေတ်များတွင်လည်း ထိုသို့ သော ပြဿနာမျိုး ပေါ်ပေါက်ခဲ့သည်ကို လူတွေ့ မေးမြန်းချက်များ အရသိရပေ သည်။ ယနေ့တိုင်အောင်လည်း ထိုအဖြစ်အပျက်မျိုး ရှိနေဆဲပင်ဖြစ်သည်။ ဗမာကို လူမျိုးကြီးဝါဒ ကျင့်သုံးသည်ဟု အော်နေသည့်ကြားမှ တိုင်းရင်းသား လူမျိုးကြီးက တိုင်းရင်းသား လူမျိုးငယ်များအပေါ် ကိုယ့်ပြည်နယ်အတွင်း ဖိနှိပ် ရန်ကြိုးပမ်း မှုများသည် မျက်မှောက် ခေတ်တွင်လည်း ကြားနေမြင် နေရပေသည်။
တစ်နည်းအားဖြင့် သန်းခေါင်စာရင်းသည် စီးပွားရေး၊ လူမှုရေးအတွက် ခိုင်မာတိကျသည့် အချက်အလက်များ ရရှိစေရန် ကောက်ယူမှု ဖြစ်သော်လည်း နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသား လူမျိုးစုများအတွင်း အချင်းချင်း အသာစီး ရရန်အတွက် လှုပ်ရှားလာနိုင်သည့် အချက်ကိုလည်း သတိရှိရန် လိုပေသည်။ ထို့အတူ တိကျသည့် ကွန်ပျူတာစနစ် အခြေခံသော အချက်အလက် စာရင်းသွင်း အသုံးပြု မှုကြောင့် နစ်နာနိုင်သည့် တိုင်းရင်းသား လူမျိုးစုများလည်း ရှိကြမည် ဖြစ်ပေသည်။ကွန်ပျူတာစနစ် ဖြစ်လာခြင်းကြောင့် တိုင်းရင်းသား လူမျိုးများ ဘယ်နှမျိုးဟု တိတိကျကျ သတ်မှတ်ရမည့် ပြဿနာ စတင်ရင်ဆိုင်ရပေမည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ကျော်ဟု ယခုအစိုးရ လက်ထက်တွင် မသဲမကွဲ သာပြောဆို ရေးသား ခဲ့ကြသည်။ ယခင် အစိုးရလက်ထက်က တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅မျိုး ရှိသည်ဟု ရေးသားခဲ့ရာမှ နောက်ပိုင်းတွင် ၁၀၀ ကျော်ဟူ သည့်အသုံးအနှုန်းကို ပြောင်းလဲ အသုံးပြုခိုင်းလာ ခဲ့ခြင်း ဖြစ်သည်။
၁၉၇၃ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်ခဲ့စဉ်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ထုတ် ဗိုလ်တထောင် သတင်း စာတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုး ၁၄၃မျိုး စာရင်းကို သန်းခေါင်စာရင်း အတွက်ပြုစုထားပြီ ဖြစ်ကြောင်း လူမျိုး အမည်နှင့် ဖော်ပြပါရှိလာသည်။ သို့သော် ၁၉၇၃ ခုနှစ် မတ်လ ၁၆ရက်နေ့တွင် ဗဟို သန်းခေါင် စာရင်း၏ လူမျိုးစုစာရင်း ထုတ်ပြန်သည့်အခါ ၁၀၈မျိုး ဖြစ်သွားသည်ကို လေ့လာမိသည်။ နောက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅မျိုးဟု သတ်မှတ် စာရင်းကတွင် ကျယ်လာခဲ့ပြန် သည်။ ထိုသို့ ပြောင်းလဲမှု ဖြစ်စဉ်များတွင် နိုင်ငံရေး ကိစ္စများ ပါဝင်နေပြီး အချို့သော တိုင်းရင်းသား လူမျိုးများသည် လူမျိုးစု အဖြစ် သတ်မှတ်ခြင်း မခံရဘဲ လူမျိုး စာရင်းမှ ပျောက်ကွယ် သွားရသည်များ ရှိခဲ့သည်ဟု ဆိုသည်။ စာရင်းတွင် အပြောင်းအလဲ ပြုလုပ်ရခြင်းများတွင် အချို့မှာလည်း တိုင်းရင်းသား မဟုတ် သူများအတွက် ရည်ရွယ်ချက် ရှိရှိဖြင့် စာရင်းအတွင်း ထည့်သွင်းရန် ကြိုးပမ်းမှုများ ရှိခြင်းကြောင့် တာဝန်ရှိသူတို့က စိစစ်ကာ ဖြုတ်ချခဲ့ ရခြင်းများလည်း ဖြစ်ဖွယ်ရှိသည်။ တိုင်းရင်းသား ၁၀၈မျိုး စာရင်းမှ လူမျိုး (၇) မျိုးမှာ ယခုနောက်ပိုင်း သတ်မှတ် ထားသည့် ၁၃၅မျိုး စာရင်းတွင် ပါဝင်မလာ တော့သည်ကို တွေ့ရသည်။ ထို့အတူ ပအိုးဝ်ကို ယခင်က ရှမ်းအုပ်စု ထဲတွင် တစ်စု၊ ပအိုးဝ်(တောင်သူ)ကို ကရင်အုပ်စုထဲတွင် တစ်စုထားရှိရာမှ ပေါင်းလိုက်မည်လား၊ ခွဲထားမည်လား ဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်။ ယခင် တိုင်းရင်းသား ၁၄၃မျိုး စာရင်းတွင် ပါဝင်ခဲ့သည့် တောင်သား လူမျိုးများသည်လည်း နောက်ပိုင်း (၁၃၅)မျိုး စာရင်းထဲတွင် ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
တစ်ချိန်က ကိုလိုနီခေတ် မှတ်တမ်းများတွင် တွေ့နေရသည့် လူမျိုးစုအချို့သည် လွတ်လပ်ရေးရပြီး နောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါမလာသကဲ့သို့ အချို့မှာ နီးစပ်သည့် လူမျိုးများ၏ ၀ါးမျိုခြင်းကို ခံသွား ရပြီး အချို့မှာလည်း ပျောက်ကွယ် သွားခဲ့ရသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ်တွင်းရှိ ဖွန်လူမျိုး များသည် ကချင်ဒေသတွင်း ရှမ်းတို့နှင့် ရောနှော ပျောက်ကွယ် သွားရပြီး အရေးကြီးသည့် ဘာသာစကားပါ ပျောက်ကွယ် သွားသည်ကို တွေ့ရသည်။ ထိုလူမျိုးစုသည် ဗမာတို့ဆင်းသက်လာပုံကို ကောက်ကြောင်း လိုက်နိုင်သည့် အဓိ ကလူမျိုးစုဟု ပညာရှင်များက သတ်မှတ် ထားခဲ့ကြသည်။ သို့သော် ယခုအခါ ရှမ်းစကားပြောသည့် နေရာတွင် ရောနှော နေထိုင်ခြင်းဖြင့် မျိုးဆက် ကြာလာသည်နှင့် အမျှ ဘာသာစကား ရောနှောလာမှုကြောင့် သုတေသန လုပ်ရန် အလွန်ခဲယဉ်းသွားပြီ ဖြစ်သည်။ ထို့အတူ ထရုံ လူမျိုးစုသည် ပျောက်ကွယ် လုနီးပါး ဖြစ်သည်ကို တွေ့ရှိရသည်။ ယခုအခါ ထရုံလူမျိုး ဦးရေမှာ ၂၀ လောက်သာ ရှိတော့သကဲ့သို့ ဖွန်လူမျိုးများမှာလည်း ၁၀၀ လောက်ပင် မရှိနိုင်ဟု ယူဆရသည်။ ထိုလူမျိုးများ ကတော့ ၁၃၅ မျိုးကို အခြေခံထားလျှင် ဆက်လက် ပါနေဦးမည်ဖြစ် ပေသည်။
အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း တိုင်းရင်းသား လူမျိုးစုမည်မျှနှင့် စာရင်းသွင်း တွက်ချက်မည်ဆိုသည့် အချက်မှာ သန်းခေါင်စာရင်း အချက်အလက်ထည့် သွင်းရာတွင် ကွန်ပျူတာစနစ် သုံးခြင်းကြောင့် အရေးပါ လာပေသည်။ ရှေးယခင် ကကဲ့သို့ စာရင်းကောက်ယူလျှင် လူမျိုး ကိစ္စသည် စာရင်းတွင် မပါသည့် လူမျိုးများ တွေ့ရှိပါက ထပ်တိုး စာရင်းဖြင့် ထည့်သွင်း နိုင်သော်လည်း ကွန်ပျူတာစနစ်သည် ပရိုဂရမ် အခြေပြုကာ အချက်အလက် ကောက်ခံသူက ကောက်ခံ ပေးရမည် ဖြစ်ခြင်းကြောင့် စာရင်းသွင်း ဖြည့်စွက်မှုများသည် ကွန်ပျူတာကုဒ် စနစ်ကို အထောက်အကူပြုသည့် တိကျ သောပုံစံဖြင့် သွားရမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးအတိ အကျ စာရင်းထားရှိမှ အချက်အလက် ထည့်သွင်း၍ ရမည်ဖြစ်သည်။ တာဝန်ရှိ သူ၏ ခရီးစဉ်များတွင် ပြောကြားသည့် မိန့်ခွန်းများအရ တိုင်းရင်းသား ၁၃၅မျိုး ကို အခြေခံမည်ဖြစ်သည်။ ကွန်ပျူတာ စနစ်ကြောင့် လူမျိုးစု အမည်များကို လည်း သတ်မှတ်ချက်အတိုင်း အတိအကျ ရေးရမည်ဖြစ်ရာ ထိုစနစ် သုံးသည်နှင့် ကုဒ်နံပါတ်ဖြင့် စာရင်းသွင်း ရမည်ဖြစ်ရာ တိုင်းရင်းသား အခေါ်အဝေါ်များ မသေမချာ ဖြေမိ လျှင်ကုဒ်သွင်းသည့် အခါမှားယွင်း နိုင်သဖြင့် နစ်နာမှု ရှိလာပေမည်။
ဥပမာ အားဖြင့်လူမျိုး ၁၃၅မျိုးနှင့် ထည့်သွင်း စာရင်းကောက်လျှင် ရှမ်းလူမျိုးစု ၃၀ကျော် စာရင်းတွင် ရှမ်းနီ (သို့မဟုတ်) ရှမ်းဗမာ လူမျိုးကို မတွေ့ရပေ။ ရှမ်းနီတို့၏ ရှေးအကျဆုံး အမည်မှာ တိုင်းလျံ ဖြစ်သည်။ ၁၉၇၃ခုနှစ်က သတင်းစာတွင် ထုတ်ပြန်ထားသည့် လူမျိုးစု စာရင်းတွင် ရှမ်းဗမာလူမျိုးဟု ပါသော်လည်း ၁၃၅မျိုးတွင် ရှမ်းနီ (သို့မဟုတ်) ရှမ်းဗမာတို့ကို တိုင်းလျမ် အမည်ဖြင့် ပါရှိလာသည်ကို တွေ့ရသည်။ ထိုအမည်သည် လူသုံးနည်းပါးသည့် အမည်ဖြစ်သည်။ သူတို့ ကိုယ်သူတို့ ယခုအခါ ပြောဆိုနေကြသည်မှာ ရှမ်းနီ ဟူ၍လည်းကောင်း၊ ရှမ်းဗမာဟူ၍ လည်း ကောင်းခေါ်ဆိုကြသည်။ တိုင်းလျံဟု ခေါ်ဆိုသူ အနည်းအကျဉ်း ရှိသည်။ ၁၃၅ မျိုး စာရင်းတွင် တိုင်းလွယ်၊ တိုင်းလုံ၊ တိုင်းလျမ်ဟူသည့် လူမျိုး အမည်များပါ ၀င်ပြီး တိုင်းရင်းသားတို့ အတွင်း နားရည် ၀နေသည့် ရှမ်းနီ (သို့မဟုတ်) ရှမ်းဗမာ ဟူသည့်အမည်မျိုး မပါဝင်ချေ။ တိုင်းလွယ်၊ တိုင်းလုံ၊ တိုင်းလျမ် ဟူသည့် အမည်များသည် အသံမတိမ်းမယိမ်း တူသဖြင့် အချိန်မရွေး အုပ်စုတစ်ခု အတွင်းသို့ မှားယွင်း ရေးသွင်း နိုင်ပေသည်။ တိုင်းလျံခေါ် ရှမ်းနီလူမျိုးစုသည် ကချင်ပြည်နယ်တွင် ကချင်ပြီးလျှင် ဒုတိယအများဆုံး လူမျိုးစုကြီး ဖြစ်သည်ဟု ဆိုသည်။ ရှမ်းနယ်တွင်လည်း ပျံ့နှံ့နေထိုင် သူများဖြစ်သည်။ သူတို့ကိုယ် သူတို့ရှမ်း ဗမာဟု အခေါ်များခြင်းကြောင့် တစ်ချိန်က သန်းခေါင်စာရင်း လုပ်သည့်အခါသည် လူမျိုးအမည်မှာ တိုင်းရင်းသားစာရင်း တွင်မရှိဟုဆိုကာ သန်းခေါင်စာရင်း အရာရှိကရှမ်း (သို့မဟုတ်) ဗမာစာရင်းထဲသို့ ထည့်သွင်းခဲ့ခြင်းကို ခံခဲ့ရကြောင်း ၎င်းင်းတို့၏ တင်ပြချက်အရ သိရှိရသည်။ ယခုကောက်ယူမည့် ကွန်ပျူတာ စနစ်ကို အခြေခံသော သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကောက်ယူသူက သတ်မှတ်စာရင်း တွင်ပါသည့် အမည် စာရင်းအတိုင်းသာ ကောက်ယူမည် ဖြစ်သည်။ ဖြေကြားသူက ရှမ်းနီ (သို့မ ဟုတ်) ရှမ်းဗမာဟု မိမိတို့ကိုယ်ကိုယ် ခေါ်နေကျအတိုင်း ဖြေလိုက်သည်နှင့် ၎င်းတို့အား တာဝန် ပေးထားသည့် စာရင်း ဇယားတွင် ပါဝင်သည့် လူမျိုးအမည် မဟုတ်ဟု စာရင်းကောက်သူက ယူဆ လိုက်လျှင် သင့်တော်ရာ စာရင်းများသို့ ထည့်သွင်း ခံရမည်ဖြစ်သည်။ ထိုသို့ ထည့်သွင်း လိုက်သည်နှင့် မိမိတို့ တိုင်းရင်းသား လူဦးရေ စာရင်းမှ လျော့ပါးသွားမည်ဟု ယူဆရန်ရှိပေသည်။ ထိုသို့ ဖြစ်ပေါ်လာလျှင် သာမန်အားဖြင့် မသိသာ လှသော်လည်း နိုင်ငံရေးတွင် များစွာအရေးပါသည့် အချက် တစ်ခုဖြစ်နေပေသည်။
ထို့အတူ ရခိုင်ပြည်နယ်တွင် ခမီလူမျိုး ရှိသကဲ့သို့ ချင်းပြည်နယ်တွင်လည်း ခမီလူမျိုး ရှိပေသည်။ သမိုင်း ကြောင်းအရ အတွင်းကျကျ လေ့လာသည့်အခါ မျိုးနွယ်စုနှစ်စုမှာ ဆက်နွှယ်မှု ရှိပေသည်။ ခရီးဝေးသွားသဖြင့် ကွာခြားလာသည်များ ရှိသော်လည်း သုတေသနပြုချက်အရ ဆက်နွှယ်နေသည့် လူမျိုးများဖြစ်သည်။ တိုင်းရင်း သား ၁၃၅မျိုး စာရင်းတွင် ချင်းလူမျိုးစုအတွင်း ကခမီကို ခမီဟု သုံးထားပြီး ရခိုင်ပြည်နယ်တွင် ရှိသည့်ခမီကို ခမွီးဟု သုံးထားသည် ကိုတွေ့ရသည်။ သို့သော် တိုင်းရင်းသား လူမျိုးစု နှစ်မျိုးလုံးက သူတို့ကိုယ် သူတို့ခေါ်သည့်အခါ ခမီ (သို့မဟုတ်) ခမီးဟုပင် ခေါ်ကြသည်။ ချင်းပြည်နယ်တွင်းရှိ ခမီကခမီ (သို့မဟုတ်) ခမီးခေါ်ခြင်းမှာ သန်းခေါင်စာရင်း ကောက်ယူရာ တွင်ထိခိုက်မှု မရှိသော်လည်း ရခိုင်ပြည် နယ်တွင်းရှိ ခမီကခမီ (သို့မဟုတ်) ခမီးဟု ဖြေဆိုခြင်းသည် ထိခိုက်မှုရှိနိုင်သည်ကို တွေ့ရပေသည်။သူတို့ကိုယ်သူတို့ မည်သူ ကမျှခမွီးဟု အသံထွက်လေ့ မရှိဟု သိရသည်။ တစ်ခါတစ်ရံ မြိုခမီဟု သူတို့ ကိုယ်သူတို့ ပြောလေ့ရှိသည်။ တိကျသည့် ကွန်ပျူတာစနစ် ပုံစံအတိုင်း ရေးသွားလျှင် ခမီဆိုသည်နှင့် ချင်းအုပ်စု စာရင်းထဲ သို့ရောက် သွားမည် ဖြစ်သည်။ မြိုခမီဟု သုံးလျှင်လည်း မြိုလူမျိုးစု ထဲသို့လည်းကောင်း၊ ခမီလူမျိုးစု ထဲသို့ လည်းကောင်း စာရင်းကောက်သူ၏ စိတ်ခံစားချက် အပေါ်မူတည်ကာ ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့်စာရင်း ကောက်ယူသူ၏ ကိုင်တွယ် အသုံးပြုမှုနှင့် စဉ်းစားဉာဏ်သည် အခရာဖြစ်နေသည်ကို တွေ့ရသည်။ စာရင်းကောက်သူက ရခိုင်ပြည်နယ် ထဲတွင် ကောက်ယူခြင်းဖြစ်သဖြင့် ခမီဟု ဖြေဖြေ၊ ခမီးဟုဖြေဖြေ၊ ခမွီးကို ဆိုလိုကြောင်း သိနေသဖြင့် ပြင်ဆင်ကောက်ခံ ခြင်းပြုလုပ်ခဲ့လျှင်သော် လည်းကောင်း၊ ခမီလူမျိုးစု ခေါင်းဆောင်တို့က စည်းရုံးဟောပြောကာ သန်းခေါင်စာရင်းလာ ကောက်လျှင် ကိုယ့်လူမျိုးအမည် ကိုမိမိ တို့ ခေါ်နေကျ အတိုင်း မဖြေဘဲ ခမွီးဟု ဖြေရန်ပြောထားခြင်း သော်လည်း ပြုလုပ်နိုင်မှ သာလျှင် အဖြေမှန်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက ခမီဟုဖြေသည်နှင့် ချင်းအုပ်စုရှိခမီများတွင် လူဦးရေ များတိုးပွား နေမည်ဖြစ်ပြီး ရခိုင်အုပ်စုရှိ ခမီလူမျိုးစုတွင် လူဦးရေ နည်းသွားမည်ဖြစ်သည်။ နိုင်ငံရေးအရ ရွေးချယ်ပိုင်ခွင့် ကိစ္စပေါ်ပေါက်လာသည့် အခါမျိုးတွင် နစ်နာမှုရှိနိုင်သည့် အချက်တစ်ခုဖြစ်သည်။ထိုကဲ့သို့ နစ်နာမည့် တိုင်းရင်းသား လူမျိုးစုများမှာ အများအပြားပင်ဖြစ် လာနိုင်သည်။
အမှန်အားဖြင့် တိုင်းရင်းသား လူမျိုးစု အမည်စာရင်းတွင် အခြားဒေသအခေါ် အမည်ကွဲများရှိပါက ထိုအချက်ကို လေ့လာသုတေသန ပြုကာ ထိုအမည်ကွဲများကို မှတ်ချက်ဖြင့် ထည့်သွင်းပေး ထားနိုင်လျှင် ထိုပြဿနာအတွက် အနည်းနှင့် အများဖြေရှင်းပြီးသား ဖြစ်သွားမည်ဖြစ်သည်။ သို့မဟုတ်ပါက နိုင်ငံရေး အခွင့်ကောင်း စောင့်နေသူများ အတွက် ဖန်တီး ရယူနိုင်သည့် လုပ်ကွက် တစ်ခုဖြစ် နိုင်သည်ကို တွေ့ရသည်။ ဖြစ်လာ နိုင်သည့် အချက်များကို အရှည်မျှော်တွေးကာ ပညာရှင်များနှင့် သုတေသနပြုဆောင် ရွက်သင့်သည့် ကိစ္စများ ဖြစ်သော်လည်း အချိန်မရှိတော့ချေ။ စီစဉ်ပြီးဖြစ်သည့် အတိုင်း ဆက်လက် ဆောင်ရွက်မည် ဆိုပါက နိုင်ငံတော် အနေဖြင့် လူဦးရေ အရှိစာရင်းကို ရရှိနိုင်မည် ဖြစ်သော်လည်း တိုင်းရင်းသားအလိုက် လူဦးရေသည် အနည်းနှင့် အများ အမှားအယွင်း ရှိနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားတို့ အနေဖြင့်မိမိတို့ တိုင်းရင်းသားလူဦးရေကို မနစ်နာ စေလိုလျှင် ထိုပြဿနာများအား မည်သို့ ဖြေရှင်းကြမည်ဆိုသည်ကို မိမိတို့ တိုင်းရင်းသားမျိုးနွယ်စုများ အတွင်းကြို တင်ညှိနှိုင်းစီစဉ် ထားရန် လိုအပ်ပေသည်။ ခေတ်မီ တိုးတက်သည့် သန်းခေါင်စာရင်း ကောက်ယူမှု စနစ်သစ်က ခေတ်မမီ မတိုးတက်သည့် အချက်အလက် ဟောင်းများကို အခြေခံထားသည့် တိုင်းရင်းသား အမည် စာရင်းများကြောင့် ကိုယ်က အဖြေမှားလျှင် စာရင်းမှားသို့ ရောက်ကာ နစ်နာကြရမည် ဖြစ်သည်ကို တိုင်းရင်းသားတိုင်း သိရှိထားရန် လိုပေသည်။ ထို့အတူစာရင်း ကောက်ယူမည့် လုပ်ငန်းတွင် တာဝန်ယူကြမည့် သူများ၏ ပြည့်ဝသည့် ဒေသန္တရ ဗဟုသုတနှင့် မှန်ကန်သည့် စေတနာပါမှုသည်လည်း အရေးပါ မည်ဖြစ်သည်။ ၎င်းတို့က လူမျိုးစွဲ တစ်ခုခုကြောင့် သော်လည်းကောင်း၊ ရည်ရွယ်ချက်တစ်ခုခု ရှိနေလျှင်သော် လည်းကောင်း၊ စာရွက်ပါ အတိုင်း တိကျစွာ အချက်အလက် ဖြည့်သွင်းကြ မည်ဆိုလျှင် သော်လည်းကောင်း၊ ထိုသို့ သောအမေးမှား၊ အဖြေမှားများ ရင်ဆိုင်ကြရလျှင် ““အချက်အလက်များ မမှန်ကန်ပါက နစ်နာသူမှာ ပြည်သူသာ”” ဟူသည့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ ဆောင်ပုဒ်အတိုင်း ပြည်သူတို့သာ နစ်နာ ကြမည်လည်း အမှန်ပင်ဖြစ်သဖြင့် ကြိုတင်စဉ်းစား စီစဉ် ဆောင်ရွက်ရန် လိုအပ်ပေသည်။
Credit To The Myanmar Herald
Read More »

နိုင်ငံတော်အကြံပေး ဒေါက်တာဖေဉဏ်(ဦးပညာဝံသ)နှင့် တွေ့ဆုံခြင်း – မောင်ရေစက်

“နိုင်ငံရေးတွေပြောချင်ရာ ပြောနေတာလည်း အကုန်လုံး အမှားချည်းပဲ အမှန်တစ်ခုမှ မရှိဘူး . . .

အာဏာလွှဲတဲ့အချိန်မှာ မိန်ရာသီမှာ ဂြိုဟ်တွေ အများကြီးပဲ . . .”

 မြန်မာပြည် ပထမ လွတ်လပ်ရေးရတဲ့ အချိန်မှာ ကြာသပတေးနံပူးတယ် ရေနံ၊ သဘာဝ ဓာတ်ငွေ့ အဲဒါတွေနဲ့ ချမ်းသာတယ် ပြဿနာ ဘာပဲတက်တက် တိုင်းပြည်ကတော့ ဒုက္ခဖြစ်စရာ ဘာမှမရှိဘူး ကြာသပတေးကတော့ ဘာသာရေး ထွန်းကားတာတို့ ဆိုင်တယ် တို့တိုင်းပြည်မှာ ဗုဒ္ဓဘာ သာသာသနာပိုပြီး ထွန်းကားအောင် လုပ်ဖို့လိုတယ် ထွန်းကားလာရင် တိုင်းပြည် မှာ စောင့်ရှောက်နေတဲ့ နတ်ကောင်းနတ်မြတ်တွေ . . . သာသနာတော်တွေ ကို စောင့်ရှောက်ေ နတာ အဲဒီပုဂ္ဂိုလ်တွေက ပိုပြီးတော့ အကူအညီပေးလာမှာပေါ့ …
http://thandawsint.files.wordpress.com/2013/12/pn2.jpg?w=253&h=380
ဘုန်းကြီးဝတ်နေသော နိုင်ငံတော်သမ္မတ အခါတော်ပေး၊ နိုင်ငံတော် အကြံပေး ဒေါက်တာဖေဉာဏ် (ဓာတ်ပုံ-ဆန်းဝင်းထွန်း)
မြန်မာနိုင်ငံတွင် လမ်းစဉ်ပါတီခေတ်၊ န၀တ နယကခေတ်၊ စစ်အစိုးရမှသည် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တိုင်အောင် နိုင်ငံတော် အကြီးအကဲများ လက်စွဲ၊ နိုင်ငံတော်အကြံပေး၊ အခါတော်ပေး အဖြစ်လည်းကောင်း၊ ပြည်တွင်း မီဒီယာလုပ်ငန်း အကြီးအကဲ အချို့နှင့် လွှတ်တော် အကြီးအကဲ အချို့ကို ဗေဒင်နက္ခတ် ပညာရပ်များ သင်ကြား ဖြန့်ဝေပေး ခဲ့ရပြီး နေပြည်တော်တွင် ကျယ်ပြန့် ကြီးမား ခံ့ညားသည့် ဗုဒ္ဓဂယာပုံစံတူ သတ္တဌာနနှင့် သတ္တဌာန တရားရိပ်သာတို့ကို သမ္မတဦးသိန်းစိန် အစိုးရမှ တည်ထား နိုင်ရန်အတွက် အဓိက အကြံပေး အကောင်အထည် ဖော်စေခဲ့သည့် နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဖေဉာဏ် (ယခုမှော်ဘီမြို့၊ ၂ ရပ်ကွက် ဧက ၃၀ ကျော် ကျယ်ဝန်းသည့် စန္ဒကူးမြိုင် သာသနာ့ ရိပ်သာကို တည်ထောင်လျက်ရှိသူ ဆရာတော်ဦး ပညာဝံသ)ကို မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့က ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံ ဂါရ၀ပြုကာ နိုင်ငံတော်အရေး၊ ဘာသာရေး၊ အမျိုးသားရေး အတွက် သိလိုသည်များ မေးမြန်းခွင့် ရခဲ့ပါသည်။ နှစ်ပေါင်း ၂၀ ကျော် နိုင်ငံတော်အဆင့် အကြံပေး၊ အခါတော်ပေးအဖြစ် ယခုတိုင် ရပ်တည်လျက် ရှိသော်လည်း ရဟန်းဝတ်ဖြင့် တောရဆောက်တည်၍ သီတင်းသုံးဖော် ရဟန်းတော် နှစ်ပါးနှင့်သာ ခေါင်းပါးစွာ သီတင်းသုံးလျက် ရှိသည်ကိုလည်း ဖူးတွေ့ရပါသည်။ ဦးပညာဝံသ (ဒေါက်တာဖေဉာဏ်)၏ စန္ဒကူးမြိုင် ရိပ်သာတောအုပ်အတွင်း သမ္မတရုံး ၀န်ကြီးဦးစိုးသိန်းလှူ ဒါန်းထားသော ထုံးဖြူဖြူစေတီနှင့် သမ္မတကြီး ဦးသိန်းစိန် လှူဒါန်းထားေ သာ ကျောက်စိမ်းရုပ်ပွားတော် ကိန်းဝပ်စံပယ်မည့် သိမ်ဆောက်လုပ်မည့် နေရာတို့ကို လည်း တွေ့ရှိခဲ့ရ သည်။ နိုင်ငံတော် အကြံပေးတစ်ဦး အနေဖြင့် လစာတစ်သိန်းနှစ်သောင်းကျပ်၊ မော်တော်ယာဉ် မရရှိဘဲ အချိန်ကာလကြာမြင့်စွာ တာဝန် ထမ်းဆောင်ပြီး နိုင်ငံတော်အတွက် လိုအပ်ချက်များကို သမ္မတထံ တိုက်ရိုက်ပြောကြား တင်ပြခြင်း အခွင့်အရေး ရပါလျက် မြန်မာသံတော်ဆင့် မီဒီယာမှတစ်ဆင့် ထုတ်ဖော်ပြောကြား အသိပေးလိုသော ဆရာကြီး ဒေါက်တာ ဖေဉာဏ်၏ ပွင့်ပွင့်လင်းလင်း ပြောကြားချက်များကို ဖော်ပြလိုက်ပါသည်။  …
အရှင်ဘုရားက အစိုးရအဆက်ဆက် အနောက်တိုင်းနက္ခတ်နဲ့ ပတ်သက်ပြီး နေတစ်ဆူ၊ လတစ်ဆူလိုဖြစ်ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနီးကပ် အကြံပေးဖြစ် နေရဲ့သားနှင့် အဲဒီလို အခြေအနေမျိုးက ရဟန်းဝတ်ဖို့ ဘယ်လို စိတ်ကူးလိုက်တာလဲ ဘုရား။
မြတ်စွာဘုရား လက်ထက်က ဂါထာတော်တွေကို ဖတ်ဖူးမှာပါ။ အဲဒီမှာ တကယ့် ဗြဟ္မဏ ဆရာကြီးတွေရှိတယ်။ ဗေဒင်သုံးပုံကို ရပြီးတော့မှ ရဟန်းဝတ်သွားပြီးတော့ ရဟန္တာဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်တော် များများက အဲဒီလိုပဲ။ လောကီပညာတောင်မှ ဗေဒင်ဖီလိုဆော်ဖီ အထွတ်အထိပ်ပဲ။ ဖီလိုဆော်ဖီကို ကျွမ်းကျင် သွားတယ်။ အဲဒီလူတွေက လောကမှာ ဗေဒင်နဲ့မပြီးဘူးဆိုတာ သိသွားတယ်။ လောကထက် လွန်မြောက်တဲ့ လောကုတ္တရာဆိုတာ ရှိတယ်။ ငယ်ငယ်တုန်းက ဘာသာတရား ကိုင်းရှိုင်းတဲ့အဖေ၊ အမေက မွေးဖွား လာတဲ့အတွက် ကံကောင်းပါတယ်။ မဟာစည် ဆရာတော် ဘုရားကြီးဆီမှာ ကျကျနန အားထုတ်ခဲ့တယ်။ အနီးကပ် ၁၂ နှစ်လောက် အားထုတ်ခဲ့တယ်။ ဖီလိုဆော်ဖီ လောကီမှာ ချမ်းသာတယ်ဆိုတာ ဘာမှ အဓိပ္ပာယ် မရှိဘူး။ လောကမှာ မှန်တယ်ဆိုတာ ဘာမှမရှိဘူး။ နိုင်ငံရေးတွေ ပြောချင်ရာ ပြောနေတာလည်း အကုန်လုံး အမှားချည်းပဲ။ အမှန်တစ်ခုမှ မရှိဘူး။ အဲဒါကြောင့် ကိုယ်ငယ်ငယ်လေးတုန်းက ရဟန်းဝတ်ချင်ခဲ့တယ်။ လူကြီးတွေက အမြဲ ဆုံးဖြတ်ရတဲ့ လူတွေလေ။ ဗေဒင်နဲ့ ပတ်သက်ပြီးတော့ အခြေအနေ ဘယ်လိုလဲတဲ့။ အိန္ဒိယမှာ ဗေဒင်ပညာ ထွန်းကားတယ်ဆိုတာ ကာလကတ္တားက ဗေဒင်နည်း ယူလာတဲ့ လူတွေဟာ အတွေးအခေါ်တွေ ရင့်ကျက်သွားမယ်ဆိုရင် တိုင်းပြည်အတွက် တစ်ချိန်မှာ အားကိုးရတယ်။ ကလေးတွေ ကတော့ လောလောဆယ် သုံးလို့ မရသေးဘူး။ အနည်းဆုံး ၁၀ နှစ်လောက်တော့ မွေးရဦးမယ်။ အတွေ့အကြုံ ၁၀ နှစ်လောက် လုပ်မှဖြစ်လာမှာ။ မြန်မာပြည်မှာ ယောအတွင်းဝန် ဦးဖိုးလှိုင်၊ ဦးသိန်းဖေတို့ ပေါ်တယ်လေ။ ပြီးရင် တကယ်မှန်အောင် ဟောနိုင်တဲ့ ဆရာစန္ဒြ ပေါ်လာတယ်။ ဦးဝေဠု ဆိုတာလည်း ရှိတယ်။ မေမြို့က။ ဦးဝေဠုက ဗေဒင်ကို ၀ါသနာပါတယ်။ အဲဒီမှာ ဘယ်အချိန်မှာ ဖြစ်တတ်တယ်။ ဘယ်အချိန် ဖြစ်မလဲဆိုတာ မပြောနိုင်ဘူး။ အနောက်တိုင်းကျတော့ အချိန်ကိုချပြတာ အရမ်းကောင်းတယ်။ အဲဒါကို ဦးဝေဠုက နားလည်တယ်။ ဦးဝေဠုဆီမှာ ဆရာစန္ဒြ သွားသင်ခဲ့တယ်။ သူတစ်ယောက်ပဲ မှန်အောင် ဟောနိုင်တယ်။ ကျန်တဲ့ လူတွေကတော့ အခြံအရံတွေပေါ့။ သူ့ဟာနဲ့ သူမှန်တာ ချည်းပဲလေ။ ဘယ်အချိန်ဖြစ်မလဲ ဆိုတာ ပြဿနာကိုး။
ဗိုလ်ချုပ်ကြီး . . .က မေးပါတယ်။ တို့ခေတ်တုန်းက အိန္ဒိယမှာ အက်စ်ထရော် လော်ဂျီကယ် (Astrological) မဂ္ဂဇင်းဆိုတာ လတိုင်းထွက်တယ်။ လတိုင်းဖတ်တယ်။ ဦးသန်းမောင်ဆီက ယူထားတယ်။ အင်္ဂလန်မှာ ဘွဲ့ပေးတယ် ဆိုတာလည်း ဘုန်းကြီးတွေ ဘွဲ့ပေးတဲ့ စာအုပ်လေ။ အနောက်တိုင်း နက္ခတ် ပညာ သဘောတရားများ အဲဒီစာအုပ် ပို့လိုက်သေးတယ်။ အမေရိကန်မှာ တက္ကသိုလ်တွေမှာ ပြဋ္ဌာန်းတာတွေ အဲဒီ ခေတ်တုန်းက အများကြီး ဖတ်ခဲ့တော့ နားလည်နေတာပေါ့။ နောက်ပိုင်းကျ ဆရာမြိုင်တို့ ပေါ်လာတယ်။ သူတို့လည်း အကြမ်းအဖျင်းတော့ ရတယ်။ တိတိကျကျ မရဘူး။ အဲဒီတော့ ဆရာမြိုင်ပြီးရင် ထူးထူးချွန်ချွန်လူ မပေါ်လာဘူး။ သို့သော် ဒဂုန်(ဆရာဒဂုန်) သူက ဦးနှောက်ရှိတယ်။ ကိုယ်နဲ့ခင်လည်း ခင်ပါတယ်။ သူမလုပ် နိုင်တဲ့ဟာ လုပ်နိုင်အောင် ဆိုပြီးတော့ လူငယ်လေးတွေ စုပြီးတော့ အိန္ဒိယက ဘွဲ့ယူအောင် လုပ်ပေးနိုင်တယ်။ သူတို့တွေ ထက်လာတယ်။ အဲဒီအဖွဲ့တွေက အများကြီး လေ့လာရဦးမယ်။ အဲဒီအဖွဲ့က အားကိုးရတဲ့ လူတွေ မြန်မာပြည်မှာ ပေါ်လာပြီ။
pn4
နေပြည်တော်၊ သတ္တဌာနတရားရိပ်သာ အုတ်မြစ်ချပွဲတွင် သမ္မတဦးသိန်းစိန် တက်ရောက်ပြီး အခါတော်ပေး ဒေါက်တာဖေဉာဏ် (ခေါင်းဖြူနှင့် လက်အုပ်ချီလျက်)ကို တွေ့ရစဉ်။
တပည့်တော်တို့ တိုင်းပြည် ဒီလိုအခြေအနေဆိုးတွေ ဖြတ်ခဲ့တော့ လွတ်လပ်ရေး ရတဲ့အချိန် ရွေးတာပေါ့။ ၄ နာရီ မိနစ် ၂၀  ရွေးလိုက်တဲ့ အခါမှာ တိုင်းပြည် ကံကြမ္မာအတွက် အကောင်းအဆိုး ဘယ်လိုရှိပါသလဲ ဘုရား။
အဲဒါပေးတော့ အင်္ဂလိပ်က ဗေဒင် အရမ်းနားလည်တယ်။ သူတို့ကို သွားယှဉ်လို့မရဘူး။ သူတို့မင်းသားတစ်ပါး၊ ဘုရင်တစ်ပါး မွေးလာတယ် ဆိုရင်လည်း ၀ှက်ထားနိုင်တယ်။ မြန်မာပြည်ကို လွတ်လပ်ရေး ပေးတဲ့အချိန်မှာ အချိန်တစ်ခု ပေးလိုက်တယ်။ ဦးသန်းမောင်ကလည်း တစ်မျိုးပေးတယ်။ သူတို့က မဟာမြိုင်ကျောင်း၊ အခု စမ်းချောင်းထဲမှာ ပါသွားပြီ။ ဥယျာဉ်တိုက်ထဲမှာ စည်းဝေးတယ်။ အဲဒီမှာ မဟာမြိုင် ဆရာတော်ဆိုပြီးတော့ ကနောင်မင်းသားကြီးရဲ့ မြေးပေါ့ အဲဒီ ဆရာတော် ဘုရားကြီးက။ အဲဒီဘုန်းကြီးမှာ မင်းမျိုးမင်းနွယ်တွေ လည်းပါတယ်။ ဦးဘဆွေတို့လည်း ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့လည်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတော့ သေသွားပြီလေ။ ကိုသိန်းဟန် တို့လည်းပါတယ်။ မြန်မာပြည်ကို ဘယ်အချိန် ရွေးမလဲဆိုတာ ၀ိုင်းရွေးကြတာ။ ရွေးတာ နောက်ဆုံး ယူလိုက်တဲ့လူက ဘယ်သူလဲဆိုတော့ ဦးသန်းမောင်ဟာလည်း ပယ်တယ်။ ဘယ်သူ့ကို ပေးလဲဆိုတော့ ပဲခူးက ဆရာကြီး ဦးသက်တင်တို့ အဲဒီဇာတာကို ပေးလိုက်တယ်။ အဲဒီအချိန်ပေးတဲ့အထဲမှာ အဲဒီဇာတာ အကောင်းဆုံးပဲ။ ဦးသန်းမောင်ပေးတာက စနေ၊ အင်္ဂါပူးလိုက်တော့ မိသားစုတွေက ဒီ့ထက်ပိုပြီး ကွဲပြဲဖို့ပဲ ရှိတော့တယ်။ ပြည်တွင်းရေးပေါ့။ အခု ကြာသပတေးနံ ပူးလိုက်တော့ တိုင်းပြည်ကြီးကတော့ မပျက် စီးဘူး။ ဆူပူမှုတွေကတော့ဖြစ်တယ်။ သို့သော် တိုင်းပြည်မပျက်စီးဘူး။ အကုန်လုံးတော့ ထိန်းထားနိုင်တယ်။ ကြာသပတေးနံ အနေအထားတွေလည်း ကောင်းတယ်။ တနင်္ဂနွေလည်း အဲဒီတုန်းက အနေအထား တော်တော် ကောင်းတယ်။ တခြားနည်းလမ်းတွေ ယူလိုက်ရင် တအားဆိုးသွားလိမ့်မယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒီဘက်ကို အာဏာလွှဲတဲ့ အချိန်အခါက တိုင်းပြည် အတွက် ကောင်းနိုင်ပါသလား။
သူတို့လက်ထက်မှာ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ဗေဒင် တကယ်တတ်တဲ့လူလည်း မရှိဘူး။ တို့နဲ့လည်းဝေးတယ်။ သူတို့ဆီမှာ အိမ်တော်ဝန်လုပ်တာတော့ ကိုယ်နဲ့ရင်းနှီးတာ ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပတ်သက်ပြီး သူ့တူတွေနဲ့ ရင်းနှီးတာတွေလည်း ရှိတယ်။ သူ့အနေနဲ့လည်း အဲဒီလောက်ထိ စဉ်းစား နိုင်မှာမဟုတ်ဘူး ထင်တယ်။ အသေးစိတ် ဟောတာတော့ အဲဒီလောက်ထိလည်း ဘယ်သူမှအချိန် မပေးနိုင်ဘူး။ ကိုယ့်ကျောင်းမှာတော့ အချိန်ရတော့ လေ့လာဖို့ အချိန်ရတာပေါ့။
pn
ဓာတ်ပုံ – ဆန်းဝင်းထွန်း
တပည့်တော်ပြောတာက အရှင်ဘုရား အမြင်ကိုပြောတာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာလွှဲတုန်းက အချိန်အခါ တိုင်းပြည်ကံကြမ္မာ ဘယ်လိုရှိမလဲလို့။
အာဏာလွှဲတဲ့ အချိန်မှာ မိန်ရာသီမှာ ဂြိုလ်တွေ အများကြီးပဲ။ တနင်္ဂနွေလည်း ရှိတယ်။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးလည်း ရှိတယ်။ မိန်ရာသီ ယူရေးနပ်စ် ၀င်လာတိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ် စေတယ်။ အပြောင်းအလဲကြီး တစ်ခုတော့ ဖြစ်သွားတာပေါ့။ အေးအေးချမ်းချမ်းတော့ မဟုတ်ဘူး။ ရေရှည် မှာတော့ အကောင်းဘက်ကို ပြောင်းသွားမှာပေါ့။ မိန်ရာသီ အားကြီးနေတဲ့ အချိန်မှာ ပြောင်းသွားတာ ကြောင့်လေ။
လွှတ်တော်အစည်းအဝေးတွေ ကျင်းပလိုက်တဲ့အချိန်က  တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာ ဘယ်လိုရှိနိုင်လဲ ဘုရား။
အာဏာလွှဲတဲ့ အချိန်တွေကတော့ အရေးကြီးတာ ပေါ့နော်။ မိန်ရာသီရဲ့ သဘောက ပိုရင်းနှီးလိမ့်မယ်။ မြန်မာပြည် ပထမ လွတ်လပ်ရေးရတဲ့ အချိန်မှာ ကြာသပတေးနံ ပူးတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့ အဲဒါတွေ နဲ့ချမ်းသာတယ်။ အဲဒါတွေကို ပိုပြီးဖွံ့ဖြိုးအောင် လုပ်နိုင်ရင် ချမ်းသာလာမှာပေါ့။ ပြဿနာ ဘာပဲတက်တက် တိုင်းပြည်ကတော့ ဒုက္ခဖြစ်စရာ ဘာမှမရှိဘူး။ ကြာသပတေးကတော့ ဘာသာရေး ထွန်းကားတာတို့ ဆိုင်တယ်။ တို့တိုင်းပြည်မှာ ဗုဒ္ဓဘာသာ သာသနာ ပိုပြီး ထွန်းကားအောင် လုပ်ဖို့လိုတယ်။ ထွန်းကားလာရင် တိုင်းပြည်မှာ စောင့်ရှောက်နေတဲ့ နတ်ကောင်း နတ်မြတ်တွေ ဆိုတာရှိတယ်။ သာသနာတော်တွေကို စောင့်ရှောက် နေတာလည်း ရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက ပိုပြီးတော့ အကူအညီ ပေးလာမှာပေါ့။
သာသနာ့ဘောင်မှာ ရဟန်းဝတ်ပြီးတော့ သီတင်းသုံးနေရတဲ့ အကြောင်းက ဘာလဲဘုရား။
ရဟန်းဝတ်တယ်ဆိုတာ သံသရာဘေးကို ကြောက်လို့ ၀တ်တာပါပဲ။ ရှည်လျားစွာသော သံသရာကို ကြောက်လို့ ၀တ်ခြင်း ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်ကျိုးအတွက် ၀တ်တာ။ ကိုယ်နိုင်တာလေးတွေ လုပ်ရမယ် ပေါ့နော်။  မြန်မာပြည်ဆိုရင်လည်း သာကီဝင် မင်းမျိုးတွေလေ။ တို့မြန်မာပြည် ဆိုရင်လည်း မြန်မာပြည်အကျိုး အတွက်ပေါ့နော်။ နောက်ပြီးတော့မှ ကိုယ်ကျိုးအတွက် လုပ်တာပေါ့။ ဒါကတော့ ဘုရားအစရှိသော အလောင်းတော်တွေကတော့ အဲလိုလုပ်တာပေါ့နော်။ တို့ကျတော့လည်း ပမွှားတွေကိုး။ ပထမကိုယ့်ကိစ္စလေး အရင် ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်သွားအောင် တရားတော်နဲ့ လုပ်တယ်။ နောက်ပြီးတော့ ကိုယ်ရလာတဲ့ ဟာလေးတွေကို ပြောရမယ် ဆိုရင်တော့ မြတ်စွာဘုရား အစရှိသော သူတော်ကောင်းတွေက နေလို လလိုထွန်း လင်းပြီးတော့ သွားကြတယ်ပေါ့နော်။ တို့ကတော့ ဆီမီးခွက်လေးတွေလိုပေါ့။ ကိုယ်နဲ့သူများလည်း လင်းပါစေ ဆိုတဲ့ဆန္ဒနဲ့။ ပြောနိုင်တာလေးတွေ ပြောလို့ရအောင် ဆိုပြီးတော့ သင်္ကန်းဝတ်တာပေါ့နော်။ အရင် တုန်း ကတော့ လူ့ဘောင်နဲ့ တရားရှာတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ ၁၉၇၀ ကျောင်းသား သပိတ်တွေဖြစ်တယ်။ သပိတ်တွေဖြစ်တဲ့ အချိန်မှာ အဒေါ်များက သီလရှင်တွေ။ သီလရှင်တွေဆိုတာ မဟာစည်ဒေသမှာ တရား ၀င်ထိုင်လိုက်တယ်။ တက္ကသိုလ် ကျောင်းသားဘ၀ပေါ့ လူငယ်ဘ၀ ၁၈၊ ၁၉ နှစ်လောက်ပေါ့။ အခု အချိန်ပြန်တွက်ကြည့်တော့ နှစ်ပေါင်း ၄၄ နှစ်ရှိသွားပြီ။ ၀င်တော့လည်း မဟာစည်ဆရာတော် ဘုရားကြီးဆီ ၀င်ရတာ။ မဟာစည်ဆရာတော် ဘုရားကြီး ဆိုတာလည်း အဓိကရ ပုဂ္ဂိုလ်ကြီးနော်။ မြန်မာပြည်မှာ အနော် ရထာမင်း လက်ထက်တုန်းက ရှင်အရဟံ လိုမျိုးပေါ့။ နောက်ပြီးတော့ ဒီဘက်ခေတ်မှာ လယ်တီ ဆရာတော်ဘုရားကြီးလိုမျိုး။ ခေတ်တစ်ခေတ် ပြောင်းအောင် သာသနာပြုနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် ပေါ့နော်။ အဲဒီ ပုဂ္ဂိုလ်မြတ်ဆီမှာ ငယ်ငယ် ၁၈ နှစ်သားလောက်တည်းက ဆရာတော်နဲ့ အနီးကပ် ၁၂ နှစ် နေခဲ့ရတယ်။ တက္ကသိုလ်ကနေပြီးမှ ဆရာဝန်ဖြစ်တဲ့အထိ ဆရာတော်ကြီးနဲ့ အနီးကပ် ၁၂ နှစ်လောက် နေပြီးတော့မှ ဆရာတော်ကြီး ပရိနိဗ္ဗာန်ပြုတဲ့ အချိန်အထိ ၁၉၈၂ ခု၊ သြဂုတ်လ ၁၄ ရက်နေ့ အထိပေါ့နော် အနီးကပ် ကြည်ညိုရတယ်။
နောက်ပိုင်းကျမှ ကိုယ့်အသက် ၅၀ လောက်မှာ ဒီသာသနာမှာ ရိပ်သာ တည်ထောင်တယ်။ တည်ထောင်တဲ့ အချိန်မှာ ကိုယ်က လူဝတ်နဲ့ဆိုတော့ တရားနာပဲ ၀င်မပြောဘူး။ ၀င်မပြောတော့ ဘာအခက် အခဲတွေ တွေ့လဲဆိုတော့ တရားအားထုတ်တဲ့ လူတွေက ဘယ်လို တွေးလဲဆိုတော့ ဒီဆရာကြီးဟာ ဆူပဲဆူတယ်ပေါ့။ တရားကျတော့ နားမလည်ဘူး ထင်တယ် ဆိုပြီးတော့။ ကိုယ်က ၀င်ပြောခွင့် မရတော့ တချို့ဟာတွေကျတော့ တရားနဲ့ ပတ်သက်ပြီးတော့ သင်တန်းပေးရတာ အခက်အခဲတွေ သွားတွေ့တယ်။ ဒီမှာ တရားအားထုတ်တဲ့ လူတွေ၊ အဲလူတွေကလည်း ဆရာပြန်ဖြစ်တော့ ထိန်းရသိမ်းရတာ နည်းနည်း ခက်လာတာပေါ့။ တို့ကတော့ မဟာစည် ဆရာတော်ဘုရားကြီးနည်းနဲ့ သင်ခဲ့ရတော့ ဒါတွေ သိပ်မဟုတ်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ၀င်ပြောလို့ မရတော့ဘူး။ အခုလည်းတို့ တိုင်းပြည်မှာ သမထက အားကြီးလာတယ်လေ။ သမထနဲ့ သွားရင်တော့ ခမ်းခမ်းနားနားလေးတော့ ရတယ်။ ဈာန်ရတယ်၊ အဘိညာဉ်ရတယ်၊ ဒိဗ္ဗစက္ခုရတယ်၊ ဒိဗ္ဗ သောတ ရတယ်။ အဲလိုလေးတွေ ကြီးကြီးကျယ်ကျယ် ကြီးတော့ ဖြစ်တယ်။ နိဗ္ဗာန်သွားဖို့ဆိုတာ အချိန်ပိုကြာတယ်။ ၀ိပဿနာ နည်းနဲ့ကျတော့ မြန်မြန်ရောက်တယ်။ ဥပမာ ပါရမီရှိတဲ့ သူကျတော့ ၇ ရက်နဲ့ ရောက်တယ်။ အများအားဖြင့်တော့ တစ်လနှစ်လ လောက်မှ နေရာကျသွားတာရှိတယ်။ အဲဒါကိုမှ ဆရာတော် ဘုရားကြီးက လက်ခံတယ်ဆိုတော့ ဗုဒ္ဓ၀ိပဿနာ လမ်းစဉ်ပေါ့နော်။ အဲလိုသွားတာရှိတယ်။ တို့လည်း အဲလိုမျိုးပေါ့။ တို့ဆရာသမားရဲ့အာဘော်ကို ပြောပြချင်တယ်။ ပြောပြချင်တော့ ဘုန်းကြီးဝတ်နဲ့ ပြောပြရင် နည်းနည်းပိုပြီးတော့ အဆင်ပြေတာပေါ့။
pn3
ဓာတ်ပုံဆန်းဝင်းထွန်း
တရားပြတယ် ဆိုတာလည်း တရားနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး သင်တန်းပေးချင်တဲ့ စိတ်လေးတော့ ရှိပါတယ်။ တရားပြန်တာကျတော့ ဆရာတော်ကြီးတွေလည်း ပြန်နေကြတာပဲလေ။ မြန်မာပြည်မှာဆိုရင် မဟာစည် ဆရာတော်ကြီးတွေရှိတယ်။ နောက်ပြီးတော့ မိုးကုတ် ဆရာတော် ဘုရားကြီးတွေ ရှိတယ်။ အဲဒါ တွေလည်း ပရိသတ်တွေနဲ့ အကြီးအကျယ် တရားပြနေတာနော်။ သင်တန်းပေးနေတဲ့ ဟာလေးတွေတော့ ရှိပါတယ်။ ပုဂ္ဂိုလ်ချင်း အဆင်ပြေဖို့ လိုတယ်ပေါ့။ ပုဂိ္ဂုလ်ချင်းအဆင် ပြေဖို့ လိုတယ်ဆိုတာက တချို့ဘုန်းကြီးနဲ့ တရား လာအားထုတ်တဲ့ သူတွေနဲ့ တအား ဝေးနေတယ်။ ဝေးတယ်ဆိုတာ ဘုန်းကြီးက သူ့ဘာသာသူ တရားဟောသွားတယ် တရား လာအားထုတ်တဲ့ သူတွေကျတော့ မမေးမလျှောက်ရဲဘူး။ မမေးမလျှောက်ရဲ တော့ ဘုန်းကြီးပြောတဲ့ဟာပဲ လူအဖို့က သိပ်နားမလည်ဘူး။ နောက်ပြီးတော့ လူပုဂ္ဂိုလ်ရဲ့အခက်အခဲကိုလည်း ဘုန်းကြီးက မသိဘူး။ အဲဒီတော့ ပြီးပြည့်စုံ မရဘူး။ ဘုန်းကြီးလည်း နိုင်ငံခြားသွားတာနဲ့ ဟိုသွား ဒီသွားနဲ့ တကယ် မေးချင်တဲ့ သူတွေအတွက် အခက်အခဲရှိတယ်။ သေသေချာချာလည်း မေးလို့ မရဘူး။ အဲလို မျိုးလေးတွေ ရှိတယ်။ အဲဒါလေးတွေ ကျတော့ ကိုယ်က အနီးကပ် ကြည့်ပေးတာပေါ့နော်။ နောက်ပြီးတော့ ရာသီဥတု ဆိုတာကလည်း မြန်မာပြည်မှာ ကတော့ တစ်မြို့နဲ့ တစ်မြို့ကတော့ သိပ်မကွာပါဘူး။ ဒီမှာတော့ တောတောင်လေး ဘာလေးရှိတယ် ဆိုတော့ ဥတုသုံးပါးက မျှတတော့ အပူအအေး မျှတာပေါ့နော်။ အဆောက် အအုံကလည်း တစ်နိုင်လေး ဆောက်ထားတာပေါ့နော် တရားအားထုတ်ရင်လည်း တရားအားထုတ်လို့ ရတာပေါ့လေ။ အကောင်းကြီးတော့ မဟုတ်ဘူးပေါ့။ သာမန် အားထုတ်မယ် ဆိုရင်တော့ အားထုတ်လို့ ရတာပေါ့။ အာဟာရကျတော့လည်း သိပ်ပြီးတော့ ခက်ခဲတာ မရှိဘူး။ ဒါလေးတွေ အဆင်ပြေအောင် ကိုယ်က ပြုပြင်ပေးပြီးတော့ တရားလာထိုင်တဲ့ သူတွေကို ထိန်းပေးနေတာပေါ့။ အနီးကပ်လေး ပြောပြတာပေါ့။ တချို့ကျတော့ တကယ်လည်း တရားအားထုတ်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ တရားအားထုတ်လာတာ သမထလေး ဖြစ်နေကြတယ်။ သမထလေးဖြစ်နေတော့ သမထလေးမှာ ပျော်ပြီးတော့ နိဗ္ဗာန်မဂ်ဖိုလ် ကျတော့ မရောက်နိုင်ကြဘူးလေ။ ပြောရမယ် ဆိုရင်တော့ နာမရူပ ပရိစ္ဆေဒဉာဏ် ဆိုတာရှိတယ်။ လောကီ ဉာဏ်တွေပေါ့။ အဲဒီအထဲမှာ အရောင်နည်းနည်းပါးပါး မျိုးစုံပေါ့။ ဒိဗ္ဗစက္ခုရတာတွေ၊ အကြားအမြင် တွေရပြီးတော့ လူတွေက အဲဒီမှာ ပျော်နေကြတယ်။ အဲဒီက ကျော်သွားမှ ဥဒယဘယဉာဏ် ဆိုတာရှိတယ်။ လောကုတ္တရာဉာဏ်ပေါ့။ ဥဒယဘယဉာဏ်မှာလည်း တစ်ခါဈာန်တွေ ရှိတယ်။ အဲဒီကနေ မလွန်မြောက် နိုင်ကြဘူး။ အဲဒါကို လွန်မြောက်အောင် ဆိုပြီးတော့ ဘယ်လိုဘယ်လို သွားတယ်ဆိုပြီးတော့ တရားလေးတွေ ရှင်းပြနေတာပေါ့။ အဲလိုမျိုးပေါ့ ကြီးကြီး ကျယ်ကျယ်တော့ မဟုတ်ဘူး။ သို့သော်လည်းပဲ လိုအပ်တဲ့ ပုဂ္ဂိုလ် တွေကို အနီးကပ်လေး ထိန်းသိမ်းပြီးတော့ ပြောပြနိုင်အောင် ဆိုပြီးတော့ အဲဒီစိတ်ကူးလေးတော့ ရှိပါတယ်။

Credit To The Myanmar Herald
Read More »

ပြည်သူက သတိ၊ အစိုးရက ကတိWritten by မောင်တင်ဦး (မြောင်းမြ)

D-16-12
မြစ်ဆုံတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မြန်မာနိုင်ငံပိုင်မြစ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရဲ့မြောက်ဘက် ကချင်ပြည်နယ် ဒေသတစ်နေရာ မေခနဲ့ မလိခဆုံရာ အရပ်မှာ အပြစ်ကင်းစင်တဲ့ ကလေးငယ် တစ်ယောက်လို အေးချမ်းစွာ ဖြစ်တည်လျက် ရှိပါတယ်။ ဒါဟာ သဘာဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပါပဲ။
သက်မဲ့ဆိုပေမယ့် သက်ရှိလို နိုင်ငံတော်ကို အလုပ်အကျွေး ပြုနေတာ ဖြစ်ပါတယ်။ သက်ရှိသတ္တ၀ါ ငါး၊ ငှက်၊ လူသားများစွာဟာ သူ့ကိုမှီခို အသက်ရှင်နေကြ ရတာပါ။ ဒါ့အပြင် မေခနဲ့မလိခက စလိုက်တဲ့ မြစ်ဆုံဟာ မြန်မာနိုင်ငံတစ်ဝန်း လွှမ်းခြုံစီးဆင်းတဲ့ ဧရာဝတီမြစ်ကြီးရယ်လို့ ပေါ်ထွန်းလာပါတယ်။ မြန်မာပြည်တွင်းမှစပြီး မြန်မာပြည်တွင်းမှာသာ အဆုံးသတ်တဲ့ မြန်မာနိုင်ငံပိုင် မြစ်စစ်စစ် ဖြစ်ပါတယ်။
ဒီလို နိုင်ငံ့အကျိုးပြု မြစ်ဆုံကြီးကို လူတစ်စု၊ စီးပွားရေးသမားများက ပြည်ပနဲ့ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်းကို တည်ဆောက်ဖို့ ကြိုးပမ်းအကောင်အထည် ဖော်ခဲ့ပါတယ်။
ဒါကို တိုင်းပြည်ချစ်တဲ့ ဧရာဝတီမြစ်ကိုချစ်တဲ့ ပြည်သူတွေက ၀ိုင်းဝန်းတားဆီးကြလို့ အများဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတွေ ၀မ်းသာသွားပါတယ်။ နိုင်ငံတော် သမ္မတကြီးကိုလည်း ချီးကျူးဂုဏ်ပြုမိပါတယ်။
ဒါပေမဲ့ ၀မ်းသာမှုက သမ္မတသက်တမ်း တစ်ခုတည်းအတွက်သာဖြစ်လို့ အပြည့်အ၀ ၀မ်းမသာနိုင်ကြပါဘူး။ ခုပဲ လက်ရှိသမ္မတကြီးရဲ့ သက်တမ်းက ထက်ဝက်ကျော်လာပါပြီ။ နောင်သက်တမ်းထက်ဝက် နှစ်နှစ်ခွဲကျော် ကာလမှာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးဟာ ပြီးဆုံးတော့မှာပါ။
ခုပဲ CPI ကုမ္ပဏီ တာဝန်ရှိသူတွေက ဒေသခံတွေကို ပြန်စည်းရုံးနေပါပြီ။ နားမလည်တဲ့ ဒေသခံတွေ ရိုးသားတဲ့ ဒေသခံတွေ၊ ရွာသူရွာသားတွေခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြားယောင်းတဲ့နောက် နားယောင်သွားမှာ စိုးရပါတယ်။ သတိလက်လွတ် ဖြစ်သွားမှာ စိုးရပါတယ်။
မြန်မာ့လျှပ်စစ်
လျှပ်စစ်ဓာတ်အား အလျှံပယ် ထွက်နေလို့ တိုင်းတစ်ပါးကို ရောင်းစားရတယ်လို့ တစ်ခါက ၀န်ကြီးတစ်ပါးပြောတာ ကြားမိလိုက်သလိုပဲ။ နယ်စပ်ချင်းကပ်နေတဲ့ ဟိုဘက်နိုင်ငံမှာ မီးတွေထိန်ထိန်လင်းလို့။ မြန်မာဘက်ခြမ်းမှာ မှောင်လို့။
ခုတော့ မကြာမီက လျှပ်စစ်ဓာတ်အားခတွေ တိုးမြှင့်ကောက်ခံမယ် ဆိုတာကို လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။ လက်ရှိဈေးနှုန်းက အရှုံးပေါ်နေတယ်လို့ ဆိုပြန်ပါတယ်။ ဒီတစ်ခါတော့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူ့ဘက်က ရပ်တည်ပြလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်း ပြည်ထောင်စုဝန်ကြီး လက်ခံမယ်လို့ ဆိုလာပါတယ်။ ပြည်ထောင်စုလွှတ်တော်က လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံတာကို အရေးကြီးအဆို တင်သွင်းကာ လက်ငင်းမကောက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က မည်သို့ပင် ဆုံးဖြတ်စေကာမူ နိုင်ငံတော် သမ္မတကတော့ ဒီနှစ်ဘဏ္ဍာရေးနှစ်ကုန်ရင် လျှပ်စစ်ဓာတ်အားခ တိုးကောက်ရေး အစီအစဉ်ကို အကောင်အထည် ဖော်မှာပါဆိုတဲ့ သ၀ဏ်လွှာကို ပေးပို့ပြီး ပြည်သူတွေကို သွယ်ဝိုက်သတိပေးလိုက်ပါတယ်။ လပိုင်းလေး သက်သာတာနဲ့ ပြည်သူတွေခမျာ ကျေနပ်လိုက်ရမှာလား။
သူဌေးတစ်ယောက်အတွက် သင်္ဘောမှောက်တာ အရေးမကြီးပေမယ့် သူတောင်းစား ခွက်ပျောက်သွားတဲ့ ပြည်သူတွေ ဒုက္ခပင်လယ် ဝေရပါတော့တယ်။ လူတစ်ယောက်အတွက် ဘ၀မှာ ခိုင်လုံတဲ့ အာမခံချက် တစ်ခုတော့ ရှိသင့်ပါတယ်။ နောင်နှစ်တစ်ရာ ဘာဖြစ်မှာ မသေချာပေမယ့် နောင် ၁၀ လ ဘာဖြစ်မယ်လောက်တော့ ရေရေရာရာ ရှိသင့်ပါတယ်။
ခုလည်း ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်စဉ်က ပြည်သူတစ်ရပ်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် ကန့်ကွက်ခဲ့ကြပါတယ်။ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၊ ပြည်သူများ မေ့စပြုလာပါပြီ။ ပြည်သူတွေ မေ့မေ့လျော့လျော့ မနေကြပါနဲ့။ နိုင်ငံရေးသတိ၊ လူမှုရေးသတိ၊ မိမိတစ်ဦးချင်းစီရဲ့ ပါဝင်ပတ်သက်နေမှုသတိ စတဲ့အရေးကြီး ကိစ္စရပ်တွေမှာသာ သတိထားရမှာ မဟုတ်ပါဘူး . . . . .
ဘ၀မှာ အာမခံချက် ပေးနိုင်တာက ခိုင်မာတဲ့ဥပဒေမှာ တာဝန်ယူနေတဲ့ နိုင်ငံတော် အကြီးအကဲများရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ တရားရေးမဏ္ဍိုင်များပဲ ဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင်ဆိုတာ နိုင်ငံတော်ရဲ့ပဋိညာဉ်ပါ။ လူတစ်ဦးချင်းစီရဲ့ ကတိက၀တ်ပါ။ အစိုးရမင်းများရဲ့ သစ္စာပါ။
ဒါတွေ မခိုင်မာဘဲ မတည်တံ့ဘဲ အဲဒီနိုင်ငံရဲ့ ပြည်သူတွေရဲ့ ဘ၀ဟာ မရေမရာ ဖြစ်နေမှာပါဘဲ။
CNG Gas ဈေးနှုန်းဟာ နာရီပိုင်းအတွင်း ဈေးခုန်တက်တာ ကြုံရဖူးပါတယ်။ ဘတ်စ်ကားခ တစ်စီးဈေးနှုန်းတစ်မျိုး လမ်းပိုင်းတွေ တစ်စီးနဲ့တစ်စီး မတူအောင်ဖြတ်ပြီး ကားခကောက်လို့ ကားခတစ်ရာ ပေးရမလား၊ နှစ်ရာပေးရမလား ကားပေါ်ရောက်ပြီး စပယ်ယာ တောင်းသလောက် ပေးကြပေရော့။ ဥပဒေရဲ့ တိကျမှု မရှိတာကြောင့် စပယ်ယာတွေနဲ့ ခရီးသည်တွေ နေ့စဉ်စကားများနေ ရပါတယ်။ ဒီလိုမျိုးဖြစ်အောင်များ တမင်တကာ ဖန်တီးနေသလားလို့ တွေးစရာ ဖြစ်လာပါတယ်။ ဒါမှမဟုတ် စီမံခန့်ခွဲနေတဲ့ မထသကပဲ လွဲချော်နေတာလား ဆန်းစစ်သင့်ပါတယ်။
မနေ့ကစီးတဲ့ ကားခ ကျပ် ၁၀၀ ကျတဲ့ လမ်းပိုင်းကို ဒီနေ့စီးတဲ့ကားခက လမ်းပိုင်းချင်း တူပေမယ့်ကျပ် ၂၀၀ ကျပြန်ပါသတဲ့။
အနာဂတ်ဆိုတာ စီမံကိန်း ရေးဆွဲထားမှုရဲ့ လက်အောက်မှာ ပုံဖော်လို့ရနိုင်တဲ့ စီမံမှုတစ်ခု ဖြစ်ပါတယ်။ စီမံကိန်း ရေးဆွဲသူများရဲ့ ပညာအရည်အချင်း ရေရှည်အမြော်အမြင် ကြီးမားမှု အထပ်ထပ်အခါခါ ပြုလုပ်ထားတဲ့ သုတေသန ရလဒ်များ ပိုင်ဆိုင်ထားမှု၊ စိတ်ထားကောင်းမြတ်မှု စတာတွေကို စနစ်တကျ ပေါင်းစပ်ပြီး ရုပ်လုံးဖော်နိုင်ရင် အအနာဂတ်ဟာ ကြိုတင်ထုဆစ်လို့ရတဲ့ ဘ၀တစ်စိတ်တစ်ပိုင်းပါ။
ရေရာတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူတွေဟာ လူဖြစ်ရကျိုး နပ်သလို စိတ်ချမ်းသာတဲ့ လူစားမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
ခုမြစ်ဆုံရဲ့ အနာဂတ်ဟာ ရေရာပြီလား။ ဒါဆို လျှပ်စစ်ဓာတ်အားခ၊ ကားခ၊ ဖုန်းခေါ်ဆိုခ၊ စည်ပင်ခွန်အခ၊ အမှိုက်ခွန်ခ၊ မြေခွန်ခ၊ လမ်းတံတားဖြတ်သန်းခ၊ CNG Gas မနက်ဖြန်အတွက် ဘယ်လောက်အာမခံမှု ရှိပါသလဲ၊ ဘယ်သူက အာမခံမှာလဲ၊ တစ်စုံတစ်ခု လွဲချော်ရင် ကျွန်တော်တာဝန်ယူတယ်လို့ ဘယ်ပြည်ထောင်စုဝန်ကြီးက ဘယ်နှခါ အာမခံ ကတိစကား ကြားရဖူးပါသလဲ။ ရေရှည်ဖြေရှင်းရဦးမယ့် မြေပိုင်ဆိုင်မှု၊ လယ်ယာမြေပိုင်ဆိုင်မှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကားပါမစ် ရရှိမှု၊ ကားတင်သွင်းမှု၊ တက္ကသိုလ်ဝင်ခွင့် ရရှိရေးနဲ့ ရမှတ်ဆက်စပ်မှု၊ ဘွဲ့ရပြီး အလုပ်အကိုင် ရရှိမှု၊ ရာထူးမှန်မှန်ကန်ကန် တိုးမြှင့်ခံစားခွင့် ရရှိမှု၊ လုပ်အားခ ထိုက်ထိုက်တန်တန် ပုံမှန်ရရှိမှု၊ မိသားစု တစ်စုချင်းအလိုက် မနက်ဖြန်အတွက် စားဝတ်နေရေး သေချာမှု၊ လက်ပံတောင်းတောင် မြေယာပြဿနာ ဖြေရှင်းပေးမှု၊ မိကျောင်းကန် တပ်မြေသိမ်းထားခြင်းကို ညှိနှိုင်းပေးမယ့် အမှု....။
ထို့အတူ ငြိမ်းချမ်းရေးကို ရေရှည်ပြေလည်စေမယ့် နိုင်ငံရေး နည်းလမ်းတွေ မသုံးဘဲ အပေးအယူလုပ်တဲ့နည်းဟာ လာဘ်ပေးလာဘ်ယူလုပ်တဲ့နည်းနဲ့ တူနေသလား သံသယပွားသူလည်း တိုးလာနေပါတယ်။
အနာဂတ်ထဲကို မရေမရာ တိုးဝင်ရတာ မျက်ကန်းလမ်းလျှောက်ရတာနဲ့ တူပါတယ်။ ဘာတွေကို ရင်ဆိုင်ရမလဲ၊ ဘယ်လိုပြင်ဆင် ထားရမလဲ၊ ဘယ်အရာကို အားကိုးရမလဲ၊ ဘယ်အရာကို ရှောင်ရှားပစ်ရမလဲ။
ချောက်တွေရှိလား။ ကူးဖြတ်ရခက်တဲ့ မြစ်တွေရှိလား၊ တောင်တွေဆီးတားနေသလား၊ ချုံတွေပိတ်ကာထားသလား၊ ဆူးခင်းလမ်းတွေ ဖြတ်ရမှာလား၊ ပန်းဥယျာဉ်တွေ ရှိသလား၊ ပန်းခင်းလမ်းတွေနဲ့ ဖြောင့်ဖြူးနေသလား။
အသိအမြင် အတွေ့အကြုံ ကြွယ်ဝလာတဲ့ လူသားအနေနဲ့ အနာဂတ်ဆိုတာ မရေရာဘူး ဆိုပေမယ့် ခန့်မှန်းပုံဖော်လို့ ရနိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။
သတိ
အနာဂတ်ကို ရေရာအောင် ထုဆစ်လို့ ရနိုင်လာပါတယ်။ မိုးရွာမှာကို ကြိုတင်ခန့်မှန်း နိုင်ပါတယ်။ မုန်တိုင်းတိုက်မှာ ဘယ်နေရာမှာတိုက်မှာ၊ ဘယ်နှမိုင်နှုန်းနဲ့တိုက်မှာ၊ ဘယ်အချိန် တိုက်မှာကအစ ခန့်မှန်းပြီး အန္တရာယ်ကို ရှောင်ရှားနိုင်ပါပြီ။ တမင်တကာ ပုံမဖော်ချင်လို့ ပုံမပေါ်အောင် ဆောင်ရွက်နေတာတွေကြောင့် အနာဂတ်ဟာ စမ်းတ၀ါးဝါး ဖြစ်နေတာပါ။
လူတွေ မေ့လျော့တတ်ပါတယ်။ လက်ငင်းကြုံတွေ့ရတဲ့ ဘ၀ကိုသာ အဓိက ထားတတ်ကြပြီး ကြုံခဲ့တဲ့အတိတ်၊ ကြုံတော့မယ့် အနာဂတ်ကို မေ့မေ့လျော့လျော့ နေတတ်ကြပါတယ်။
လက်ငင်းရင်ဆိုင် မတွေ့မချင်း မခံစားတတ်ကြပါဘူး။
ခုလည်း ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်စဉ်က ပြည်သူတစ်ရပ်လုံး အုန်းအုန်းကျွက်ကျွက် တစ်ခဲနက် ကန့်ကွက်ခဲ့ကြပါတယ်။ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများ၊ ပြည်သူများ မေ့စပြုလာပါပြီ။ ပြည်သူတွေ မေ့မေ့လျော့လျော့ မနေကြပါနဲ့။ နိုင်ငံရေးသတိ၊ လူမှုရေးသတိ၊ မိမိတစ်ဦးချင်းစီရဲ့ ပါဝင်ပတ်သက်နေမှုသတိ စတဲ့အရေးကြီး ကိစ္စရပ်တွေမှာသာ သတိထားရမှာ မဟုတ်ပါဘူး။ နိုင်ငံတော် အကြီးအကဲများရဲ့ ကတိပြောဆိုချက်၊ ကြေညာချက်တွေကအစ သတိရှိရှိ စောင့်ကြည့်နေကြရမှာပါ။ ပြည်သူတွေ သတိရှိခြင်းက နိုင်ငံတော် အကြီးအကဲများရဲ့ ကတိတည်ခြင်းကို တွန်းအားပေးနေတာ ဖြစ်ပါတယ်။ ပြည်သူတွေ သတိရှိရှိ စောင့်ကြည့်နေလေလေ နိုင်ငံတော် အကြီးအကဲတွေရဲ့ ကတိတည်အောင် ဂရုစိုက် ဆောင်ရွက်ရလေလေ ဖြစ်ပါတယ်။
သတိဆိုတာ ပိုတယ်မရှိပါ။ဘူး။ သတိဆိုတာ လိုတယ်သာ ရှိတာပါ။ ထို့အတူ ကတိဆိုတာ ပျက်တယ်ဆိုတာ မရှိရသလို ကတိဆိုတာ တည်ကြည်ရစမြဲ ဖြစ်ပါတယ်။
သတိသမ္ပစဉ်ကို ဥာဏ်နဲ့ယှဉ်ပြီး တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုးကို အစဉ်ကာကွယ်စောင့်ရှောက်တဲ့ သတိရှိကြဖို့၊ အစိုးရကလည်း ပေးထားတဲ့ ကတိတည်ကြဖို့ အသိပေးအပ်ပါကြောင်း ...။
Credit To First 11

Read More »

ယမ်းငွေ့ဝေဆဲ မန်စီနယ် ------------ ရေးသားသူ- အောင်ခိုင်၊ မရန်


အစိုးရနှင့် ကေအိုင်အိုတို့ကြား အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သော မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နှစ်ပတ်ကျော်ခန့်အကြာ မန်စီမြို့နယ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မုန်းဒိန်ပါ၊ နမ့်လင်းပါကျေးရွာဝန်းကျင်များတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ်နှင့် ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ၂ နှစ်ကျော်ကာလအတွင်း စစ်ဘေးဒုက္ခသည် ပြည်သူတစ်သိန်းကျော်အရေး မဖြေရှင်းနိုင်မီ စစ်ရှောင်ပြည်သူများ ထပ်မံတိုးပွားနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မန်စီမြို့နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ကြား တပ်များနေရာယူထားမှုမှာ တစ်ဖက်နှင့်တစ်ဖက် တစ်မိုင်ခန့်သာကွာဝေးနေသည်။ ယင်းကြောင့်ပင် အချိန်မရွေး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

အစိုးရနှင့် ကေအိုင်အိုကြား ငြိမ်းချမ်းရေးဆွေးနွဲပွဲများ ပြုလုပ်နေသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားနေရခြင်းအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။

ဖန်ခါးကုန်းစစ်ရှောင်စခန်း
ဗန်းမော်မြို့အစွန်ရှိ ဖန်ခါးကုန်းစစ်ရှောင်စခန်းတွင် အသက် ၆၇ နှစ်အရွယ်ရှိ စစ်ဘေးဒုက္ခသည် ဦးအင်ခွန်နော်တစ်ယောက် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် တန်းစီစောင့်ဆိုင်းနေပါသည်။ သူကဲ့သို့ တိုက်ပွဲများကြောင့် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးတိမ်းရှောင်လာရသော စစ်ဘေးဒုက္ခသည်ပြည်သူများကို လ၀ကမှ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ဦးအင်ခွန်နော်မှာ အောက်တိုဘာလနှောင်းပိုင်းက မုန်းဒိန်ပါကျေးရွာတွင် အစိုးရနှင့် ကေအိုင်အေတို့ကြားဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။

“လက်နက်ကြီးသံတွေ တ၀ုန်းဝုန်းနဲ့ ရွာထဲမှာ ယာလုပ်နေရင်းက ထွက်ပြေးလာရတော့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပေါ့”ဟု ဦးအင်ခွန်နော်က သူ့အတွေ့အကြုံကိုပြောပြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်ပြောကြားချက်များမှာ ကွဲပြားနေပါသည်။

အစိုးရဘက်က မန်စီမြို့နယ်တွင် စစ်ဆင်ရေးပြုလုပ်ခြင်းမဟုတ်ဘဲ ရဲတပ်ဖွဲ့လက်လှမ်းမမီသည့် မှောင်ခိုလမ်းကြောင်းများကို တပ်မတော်ကရှင်းလင်းခြင်းဖြစ်ပြီး ကေအိုင်အေတပ်ဘက်က အထက်၏အမိန့်ကိုမလိုက်နာဘဲ စတင်ပစ်ခဲ့ခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အောက်တိုဘာလ မြစ်ကြီးနားဆွေးနွေးပွဲအတွင်း နှစ်ဖက်သဘောတူညီခဲ့သည့် အရေးပါသော အများပြည်သူသုံးလမ်းများ ပြန်ဖွင့်နိုင်ရန် ကေအိုင်အေဘက်မှ တပ်သားများ နောက်ဆုတ်ပေးခဲ့သော်လည်း အစိုးရတပ်က သတ်မှတ်လမ်းကြောင်းအတိုင်း မ၀င်လာသည့်အတွက် မလွှဲမရှောင်သာ တိုက်ပွဲများပြန်လည်ဖြစ်ပွားရသည်ဟု ကေအိုင်အေဘက်မှ တုံ့ ပြန်ထားသည်။

ထို့အပြင် ယခုတိုက်ပွဲများဖြစ်ပွားရာ ဒေသများသည် ကေအိုင်အေတပ်များတည်ရှိရာ နယ်မြေများဖြစ်ပြီး အစိုးရတပ်များမ၀င်လာရန် ဆွေးနွေးပွဲတိုင်း၌ ပြောကြားထားခဲ့ကြောင်း ကေအိုင်အေဘက်ကလည်းဆိုပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုပြုလုပ်လာပြီး တိုက်ပွဲအရှိန်လျှော့ရန် သဘောတူထားကြပါလျက် မန်စီနယ်တစ်ဝိုက်တွင် တိုက်ပွဲများထပ်မံဖြစ်ပွားခြင်းအပေါ် ပြည်သူများလည်း မျက်စိလည်လျက်ရှိသည်။ ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကိုယ်တိုင် ပထမဆုံးအကြိမ် ရန်ကုန်မြို့သို့လာရောက်ပြီး အစိုးရတာဝန်ရှိသူအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သောကြောင့် ယုံကြည်မှုပိုခိုင်မာလာအောင် ကြိုးပမ်းနေပါလျက် မရပ်တန့်သောတိုက်ပွဲများက ပဟေဠိဖြစ်စေသည်။

ကချင်အရေးလေ့လာစောင့်ကြည့်သူများနှင့် ဒေသတွင်း အဖွဲ့အစည်းများကမူ ယခုဖြစ်ပွားသောတိုက်ပွဲများကြောင့် အစိုးရဘက်မှ နယ်မြေစိုးမိုးမှုပိုမိုရရှိပြီး၊ ကေအိုင်အေတပ်များကို နယ်စပ်ဘက်သို့ ဖိတိုက်သည့်ပုံစံဖြစ်နေကြောင်း သုံးသပ်ကြသည်။

ထို့အပြင် အစိုးရနှင့်ကေအိုင်အို မေလဆွေးနွေးပွဲက သဘောတူညီခဲ့သည့် စစ်ရှိန်လျှော့ချရေး၊ တိုက်ပွဲများထပ်မံမဖြစ်ပွားရေးတို့ကို နှစ်ဖက်စလုံးမှ ချိုးဖောက်သည့် သဘောဖြစ်အောင် ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်း ၎င်းတို့ကသုံးသပ်ကြသည်။

“ဆွေးနွေးပွဲတွေ ရှည်နိုင်သမျှရှည်အောင် ဆွဲဆန့်ပြီးလုပ်။ နယ်မြေစိုးမိုးရေးဝင်လုပ် နယ်စပ်ကိုတွန်းပို့၊ နောက်ဆုံးမလှုပ်သာတော့မှ လည်ပင်းညှစ်ပြီးအဖြေတောင်းမယ့် သဘောလို့မြင်တယ်”ဟု ကချင်အရေးစောင့်ကြည့်သူတစ်ဦးကဆိုသည်။

ဆွေးနွေးပွဲရလဒ်များအပေါ် ထိခိုက်မည်စိုးရိမ်သဖြင့် မြန်မာ့တပ်မတော်မှ ကေအိုင်အိုထိပ်ပိုင်းသို့ တရားဝင်အကြာင်းကြားပြီးမှ တရားဥပဒေစိုးမိုးရေးအတွက် လှုပ်ရှားခဲ့သော်လည်း အောက်ခြေကမလိုက်နာလိုသဖြင့် တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိပ်တန်းအရာရှိတစ်ဦးကပြောသည်။

“ရဲတပ်ဖွဲ့လက်လှမ်းမမီတဲ့ ဒေသတွေမှာ မှောင်ခိုလမ်းကြောင်းတွေတားမြစ်ဖို့ တပ်မတော်ကတာဝန်ရှိတယ်။ ဒီလိုလုပ်တာ အဲဒီဒေသမှာရှိတဲ့ ကေအိုင်အေတွေအကျိုးကို အတော်နစ်နာစေတယ်လို့ သိရတယ်။ သူတို့ရဲ့အပေါ်က ညွှန်ကြားချက်ကိုကြားရပါတယ်။ အောင်ခြေကမလိုက်နာလို့ဖြစ်ရတာ”ဟု ဆိုပါသည်။

ယခုလတ်တလော တိုက်ပွဲများဖြစ်ပွားခဲ့သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်ဒေသများသည် သဘာဝသယံဇာတများစွာရှိပြီး မဟာဗျူဟာကျသည့်နေရာများ ဖြစ်နေသည်ဟုလည်း ကချင်အရေးလေ့လာသူများကဆိုပါသည်။

ကေအိုင်အေ တပ်ရင်း ၂၇ မှ အရာရှိတစ်ဦးကမူ“နယ်မြေစိုးမိုးရေးလုပ်ချင်လို့လို့မြင်တယ်။ စီးပွားရေးအရပိတ်ချင်ရင် နယ်စပ်ဂိတ်ဘက်ကို ပိတ်နိုင်တာပဲ”ဟု တိုက်ပွဲများဖြစ်ပွားနေရခြင်းအပေါ် သူ့အမြင်ကိုပြောပြသည်။

ပြီးခဲ့သည့် တစ်လကျော်ကာလအတွင်း မန်စီမြို့နယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အနည်းဆုံး ကျေးရွာ ၁၅ ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ၍ တရုတ်နယ်စပ် မန်ဝိန်းကြီးဒေသ လဂတ်ယန်စခန်း၊ ဗန်းမော်မြို့ဝန်းကျင်ရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယခုလက်ရှိအချိန်တွင် မန်စီမြို့နယ်တွင် အစိုးရတပ်မှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခုနှင့် တပ်ရင်း ၁၅ ရင်းခန့် လှုပ်ရှားနေသည်။ ကေအိုင်အေဘက်မှလည်း တပ်ရင်း ၁၊ ၁၂ နှင့်၂၇ တို့လှုပ်ရှားလျက်ရှိသည်။

နှစ်ဖက်တပ်များမှာ နီးကပ်လွန်းသည့်အပြင် စစ်ရေးလှုပ်ရှားမှုများရှိသဖြင့် အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်သည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။

“ကျွန်တော်တို့ကတော့ စစ်ပြေးဒုက္ခသည်တွေ အချိန်မရွေးထပ်လက်ခံနိုင်အောင် ပြင်ဆင်နေပါတယ်”ဟု ဖန်ခါးကုန်းစစ်ရှောင်စခန်း တာဝန်ခံဒူဝါဇော်ဘောက်ကပြောသည်။

အစိုးရနှင့်ကေအိုင်အေတို့ကြား ပြီးခဲ့သည့် ဆွေးနွေးပွဲနှစ်ခုအတွင်း စစ်ရှိန်လျှော့ချရန်၊ ရှေ့တန်းပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Mointaring Committe)များ ဖွဲ့စည်းသွားကြရန် သဘောတူညီခဲ့ကြသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်နိုင်မှုမရှိသေးပေ။

သိန်းနှင့်ချီသည့် စစ်ရှောင်ဒုက္ခသည်များအပါအ၀င် ပြည်သူအားလုံးအတွက် စာရွက်အပေါ်မှ နှစ်ဖက်သဘောတူညီချက်များကို အမှန်တကယ်လိုက်နာပြီး လက်တွေ့အကောင်အထည်ဖော်သင့်ကြောင်း ကချင်စစ်ပွဲငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်နေသူများက အကြံပြုပြောဆိုပါသည်။

“နှစ်ဖက်သဘောတူတဲ့အချက်တွေကို အပြင်မှာ လက်တွေ့အကောင်အထည်ဖော်ဖို့က အရေးကြီးပါတယ်”ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCU)မှ ဦးအင်ရှန်ဆန်အောင်ကပြောသည်။
Credit To 7Day News Journal

ဓာတ်ပုံ- မရန်
Read More »

“အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိုတော့ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရရဲ့မူဘောင်မှာက ထာဝရငြိမ်းချမ်းရေးရဖို့ လက်နက်စွန့်ရမှာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး” ------



ရှမ်းပြည်နယ်တောင်ပိုင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံခြင်း
------
မောင်တာ

ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အခြေစိုက်ထားသော ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသော အင်အားကြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး၊ အပစ်အခတ်ရပ်စဲပြီးနောက် RCSS ထိန်းချုပ်ဒေသတွင်း ဒေသဖွံ့ဖြိုးရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးနှင့် မူးယစ်ဆးဝါးတိုက်ဖျက်ရေး တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ရာ နိုင်ငံရေးဆွေးနွေးပွဲများအတွက် (RCSS/ SSA)၏ သဘောထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မည်သို့ရှေ့ဆက်သွားရန် ရည်မှန်းနေသည် စသည်တို့ကို RCSS/SSA ဌာနချုပ်ရှိရာ ထိုင်း-မြန်မာနယ်စပ် လွယ်တိုင်းလျန်းဒေသသို့သွားရောက်ကာ RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်အား မေးမြန်းခဲ့သည်များမှ စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း RCSS ထိန်းချုပ်ဒေသတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့်ပေါ့။ ဘယ်ကဏ္ဍတွေမှာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်မှုရှိလာပါလဲ။

ဖြေ- အပစ်အခတ်ရပ်စဲထားတာ ၂ နှစ်တော့ရှိပြီပေါ့။ ဒါပေမဲ့ တိုးတက်မှုပိုင်းတော့ ဘာမှသိသိသာသာ ထင်ထင်မြင်မြင်ကြီးတော့ မရှိသေးပါဘူး။ တိုးတက်မှုပိုင်းမဖြစ်လာရတာ အပိုင်းသုံးပိုင်းရှိပါတယ်။ နံပါတ်တစ် နားလည်မှုတွေကွာခြားနေတယ်။ အပစ်ခတ်ရပ်စဲထားတဲ့ သဘောတူဆုံးဖြတ်ချက် ၃၂ ချက်ရှိတယ်။ အဲဒီ ၃၂ ချက်ထဲမှာ တပ်မတော်ဘက်က လိုက်နာတယ်ဆိုတာ နှစ်ချက်လောက်ပဲရှိတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲထားတဲ့ ၂ နှစ်လောက်အတွင်းမှာ တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ထပ်ဖြစ်ခဲ့တယ်။ စစ်ပွဲတွေဖြစ်ရတဲ့အကြောင်းက တပ်မတော်ဘက်က RCSS အဖွဲ့ဝင်တွေကို တောထဲဝင်ပြီး လိုက်ရှာပြီးတော့ ပစ်တဲ့အတွက်ကြောင့်ပါ။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲထားပေမယ့် နားလည်မှုသဘောထားတွေကတော့ ကွဲလွဲနေသေးတယ်။ ပထမအပစ်ရပ်ဖို့ ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့အချိန်မှာ ဒီ RCSS ရဲ့ စစ်သားတွေရှိတဲ့နေရာမှာ တပ်တွေချမယ်၊ နောက်ပြီး တပ်မတော်ဘက်ကလည်း တောထဲဝင်ရင် သတင်းတွေပြန်ကြားပေးဖို့၊ သတင်းပေးဖို့ သဘောတူညီထားကြတယ်။ ပြီးတော့ RCSS ဘက်ကလည်း မြို့ထဲကိုသွားမယ်၊ လက်နက်ပါမယ်ဆိုရင် အကြောင်းကြားပေးဖို့ အဲဒါတွေ သဘောတူညီထားကြပါတယ်။ ခုတော့ သဘောတူထားတဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။

မေး- သဘောတူညီချက်တွေထဲက အကောင်ထည်မဖော်နိုင်သေးတဲ့အချက်တွေ များနေတာက ဘယ်လိုအနှောင့်အယှက်ဖြစ်စေနိုင်လဲ။

ဖြေ- အကောင်အထည်မဖော်နိုင်တာတွေကို ပြန်ပြီးဆွေးနွေးဖို့လိုပါတယ်။ နားလည်မှုကွဲလွဲနေတာတွေ။ သဘောထားချင်းမတူတာတွေကို ပြန်ဆွေးနွေးဖို့လိုပါတယ်။ ပြန်ဆွေးနွေးဖို့က အရေးကြီးပါတယ်။ ပြန်ပြီးဆွေးနွေးတာက သေနတ်တွေပစ်ခတ်နေတာ၊ တိုက်ခိုက်နေတာထက် ပိုကောင်းပါတယ်။ အကယ်၍ ပြန်ပြီးမဆွေးနွေးကြဘဲ ဓားတွေသုံးပြီး ဖြေရှင်းမယ်ဆိုရင် မဖြစ်နိုင်ဘူး။ နှစ် ၆၀ ကြာ ပြည်တွင်းစစ်ကလည်း ဖြစ်လာခဲ့ပြီးပြီ။ တပ်မတော်ကလည်း တိုင်းရင်းသားတွေကို အပြတ်၊ တစ်ခါတည်း မချေမှုန်းနိုင်ဘူး။ တိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်ကိုမနိုင်ဘူး။ ပြည်တွင်းစစ်ရဲ့ဆိုးကျိုးက ပြည်သူလူထုပဲ ခံစားရတယ်။ ဒါကြောင့် ပြန်ဆွေးနွေးဖို့က အရေးကြီးတယ်။ ပိုပြီးတော့ကောင်းတဲ့လမ်းစဉ် ဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးတာကတော့ ကောင်းတဲ့လမ်းစဉ်ဖြစ်ပါတယ်။ ပြုံးပြီးတော့ ဆွေးနွေးကြပြီး ရယ်ရွှင်ပြီး တရင်းတနှီးဆွေးနွေးကြပြီး ရည်မှန်းချက်ပန်းတိုင်ကို လျှောက်ရမှာဖြစ်ပါတယ်။

မေး- ၂၀၁၄ ခုနှစ်ထဲမှာရော သဘောတူထားတဲ့အချက်တွေကို အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ- ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ စကားတွေကို သတိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ လုပ်ချင်တယ်၊ ရချင်တယ်ဆိုရင်တော့ ခေါင်းဆောင်တဲ့သူကစပြီးတော့ လုပ်ရင်တော့ရနိုင်ပါတယ်တဲ့။ ခေါင်းဆောင်ဆိုတာ အာဏာရှိတဲ့သူပေါ့။ သူတို့က ငြိမ်းချမ်းရေးကို တကယ်ရချင်တယ်၊ တကယ်လုပ်မယ်ဆိုရင်တော့ တစ်ခါတည်းနဲ့ ပြီးသွားနိုင်ပါတယ်။ အဲဒီကိစ္စတွေမှာ အခက်အခဲဆိုတာ ဘာမှမရှိနိုင်ပါဘူး။ သူတို့က ငြိမ်းချမ်းရေးကို တကယ်မလိုချင်လို့ အကြောင်းပြချက် တစ်မျိုးပြီးတစ်မျိုးရှာပြီးတော့ ပြဿနာတွေ ရှာမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ရနိုင်မှာမဟုတ်ဘူး။

မေး- RCSS အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုမူဝါဒနဲ့ သွားနေပါသလဲခင်ဗျ။

ဖြေ- RCSS အနေနဲ့က အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတော်သမ္မတနဲ့ ဆွေးနွေးထားတယ်။ သဘောတူညီချက်တွေလည်း ရရှိပြီးပြီ။ RCSS ဘက်ကတော့ နိုင်ငံရေးဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ နိုင်ငံရေးဆွေးနွေးမှုအတွက်လည်း RCSS က မူဘောင်တွေရှိပြီးပါပြီ။ မူဝါဒလမ်းစဉ်တွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လိုပါတယ်။ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုမူဝါဒဟာ ဖက်ဒရယ်စနစ်ဖြစ်ဖို့လိုပါတယ်။ ဒုတိယအချက်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့ အရေးကြီးပါတယ်။ နောက်ပြီး တတိယအချက်ကတော့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒါကတော့ RCSS ရဲ့ အရေးကြီးတဲ့မူဝါဒပါပဲ။

မေး- အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်တဲ့ လိုင်ဇာဆွေးနွေးပွဲမှာ RCSS က လက်မှတ်မထိုးခဲ့ပါဘူး။ အထက်ကလူကြီးတွေနဲ့ မတိုင်ပင်ရသေးလို့ လက်မှတ်မထိုးတာလို့တော့ သိထားရပါတယ်။ အဲဒီပေါ်မှာ ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုများပြောချင်ပါသလဲ။

ဖြေ- ဆွေးနွေးမှုရဲ့ဆုံးဖြတ်ချက်ရလဒ်က ဘယ်လိုလဲဆိုတော့ ဒီဘက်က ရည်ရွယ်ပြီးသွားတာက အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ထွက်လာတာက နိုင်ငံရေးနဲ့ပတ်သက်တယ်။ အဲဒါကြောင့် လက်မှတ်မထိုးသေးတာ။ တကယ်နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုရင်တော့ လိုင်ဇာတစ်ခုတည်းနဲ့ မပြီးသေးဘူး။ ရှမ်းပြည်တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့သဘောထားကိုလည်း တောင်းခံဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် လက်မှတ်မထိုးသေးတာပါ။

မေး- အခုဆို အစိုးရနဲ့တိုင်းရင်းသားတွေ နှစ်ဖက်လုံးက မူဘောင်တွေထုတ်ကြတယ်။ အစိုးရကထုတ်တဲ့မူဘောင်နဲ့ပတ်သက်ပြီးတော့ရော ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေရဲ့သဘောထားကို WGEC ကနေ တင်ပြဆွေးနွေးထားတာရှိပါတယ်။ အစိုးရရဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိုတော့ သဘောမတူပါဘူး။ နိုင်ငံတော်သမ္မတကပေးလာတဲ့ မူဘောင်ကိုတော့ RCSS အနေနဲ့ သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ အစိုးရရဲ့ မူဘောင်မှာက ထာဝရငြိမ်းချမ်းရေးရဖို့အတွက် လက်နက်စွန့်ရမှာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး။ သဘောမကျဘူး။

မေး- RCSS လိုပဲ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ဒီအချက်ပေါ်မှာ အခြေခံပြီးတော့ ဒီမူဘောင်ကို သဘောမတူကြဘူး။ ဒီလိုမျိုးကွဲလွဲချက်တွေ ရှိနေမယ်ဆိုရင် ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေးမှာ ဘယ်လိုမျိုးထိခိုက်မှုတွေရှိနိုင်မလဲ။

ဖြေ- အကယ်၍ အစိုးရဘက်ကနေ တပ်မတော်ဘက်က သူတို့ချထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို လက်ခံပြီးတော့ ပြန်လည်မပြင်ဆင်ဘူးဆိုရင်တော့ ဒီအပစ်အခတ်ရပ်စဲရေးဟာ ပျက်စီးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်ပွဲတွေ ထပ်ဖြစ်လာဦးမယ်ထင်ပါတယ်။

မေး- ဥက္ကဋ္ဌအနေနဲ့ အစိုးရကို ဘယ်လိုများအကြံပြုချင်ပါသလဲ။

ဖြေ- RCSS အနေနဲ့ MPC ဘက်ကိုလည်း အကြံဉာဏ်ပေးထားတယ်။ ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း အကြံဉာဏ်ပေးထားတယ်။ ဘယ်လိုအကြံဉာဏ်ပေးထားလဲဆိုတော့ ငြိမ်းချမ်းရေးလိုလားတယ်ဆို နှစ်ဖက်အလျှော့အတင်းတွေလုပ်မှ ဖြစ်နိုင်မယ်။ အလျှော့အတင်းတွေလုပ်ပြီး တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးမှဖြစ်နိုင်မယ်။ အကယ်၍ ဆက်ပြီးတင်းမာနေဦးမယ်ဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်လာခဲ့တာလည်း နှစ် ၆၀ ကြာလာခဲ့ပြီး ဘာမှထူးခြားတိုးတက်မှုဆိုတာ မရှိခဲ့ဘူး။ အခြေအနေတွေဟာ ဘယ်အချိန်ထိဆက်ပြီး ဆိုးနေဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ အကယ်၍ ဆက်ပြီးတင်းမာနေဦးမယ်ဆိုရင်တော့ တိုက်ပွဲတွေကထပ်ဖြစ်မယ်။

မေး- စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေအပြင် ဘာတွေများထပ်ပြီး လိုအပ်သေးတယ်လို့ ထင်ပါသလဲ။

ဖြေ- ထာဝရငြိမ်းချမ်းရေးဆိုတာ ပထမအချက်အနေနဲ့ နိုင်ငံတော်သမ္မတချထားတဲ့ မူဘောင်လမ်းစဉ်အတိုင်း ဆက်လုပ်ရင်လည်း ဖြစ်နိုင်တယ်။ သမ္မတက ဘယ်လိုလဲဆိုတော့ ပထမတစ်ပြည်လုံးအပစ်အခတ်ရပ်စဲကြတယ်။ နိုင်ငံရေးမူဘောင်တွေ ရေးဆွဲကြမယ်။ နောက်တစ်ခါ နိုင်ငံရေးဆွေးနွေးပွဲကိုပြုလုပ်မယ်ပေါ့။ အဲဒီလိုဆိုရင် ထာဝရငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာပါ။

မေး- ဖွဲ့စည်းပုံဥပဒေနဲ့ပတ်သက်ပြီး RCSS ရဲ့ သဘောထားက ပြင်ဆင်မှာလား။ အသစ်ပြန်ရေးချင်တာလားခင်ဗျ။

ဖြေ- ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ RCSS ရဲ့ဘက်က ဘယ်လိုလဲဆိုတော့ ဆွေးနွေးမှုတော့ အရေးကြီးတယ်။ ဒီဘက်ကနေ အသစ်ရေးဆွဲမယ်ဆိုလည်း မဖြစ်နိုင်ဘူး။ အဲဒီတော့ အားလုံးပါဝင်ဆွေးနွေးပြီး ပြင်ဆင်ဖို့လိုပါတယ်။ အရေးကြီးတာက စစ်မှန်တဲ့ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်အရဆိုရင် အာဏာတွေက ပြည်သူတွေကို ခွဲဝေပေးရမယ်။ အခုအခြေအနေက ဒီမိုကရေစီအုပ်ချုပ်မှုစနစ် မဖြစ်သေးဘူး။ တပ်မတော်က အာဏာတွေကို ချုပ်ကိုင်ထားဆဲပဲ။

မေး- ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ RCSS အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာရှိလား။

ဖြေ- ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ RCSS ဘက်က ပြင်ဆင်မှုတွေရှိပါတယ်။ နောက်ပြီး ကမ္ဘာမှာလည်း ဖက်ဒရယ်မူဆိုတာ ကြီးထွားလာနေပါပြီ။ အမေရိကန်ရဲ့ဥပဒေတွေကို ဥပမာယူပြီးတော့ လုပ်နေတာတွေရှိပါတယ်။

မေး- လွှတ်တော်မှာတော့ ဖက်ဒရယ်နဲ့ပတ်သတ်လို့ ဂျာမနီရဲ့ဖက်ဒရယ်သဘောမျိုး ပြောဆိုနေသံကြားရပါတယ်။ အဲဒီတော့ RCSS အနေနဲ့ ဘယ်လိုပြင်ဆင်ထားတာလဲခင်ဗျ။

ဖြေ- သိပ်တော့မကွဲပြားပါဘူး။ နည်းနည်းပဲကွာခြားတာပါ။ ဂျာမနီက ဥပမာပဲယူယူ၊ အမေရိကန်က ဥပမာပဲယူယူ အများကြီးကွာခြားမှုသိပ်မရှိပါဘူး။

မေး- တိုင်းရင်းသားအများစုပြောနေကြတဲ့ ဖက်ဒရယ်တပ်မတော်ကိစ္စပေါ့။ ဖက်ဒရယ်တပ်မတော်ဆိုတာ တကယ်ဖြစ်လာမယ်လို့ ယုံကြည်လား။

ဖြေ- အဲဒီကိစ္စ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ တိုင်းရင်းသားတွေဘက်က ဦးဆောင်သူတွေ၊ ခေါင်းဆောင်တွေ၊ ပြီးတော့ တပ်မတော်ဘက်က တပ်ဦးစီးချုပ်တွေအချင်းချင်း အကြိမ်ကြိမ်ဆွေးနွေးဖို့ လိုသေးတယ်။ အခုတော့ တပ်မတော်ကို တိုင်းရင်းသားတွေက ယုံကြည်မှုတအားကြီး နည်းနေသေးတယ်။ အခု ယုံကြည်မှုတွေ တည်ဆောက်ဖို့ အရေးတကြီးလိုအပ်နေပါသေးတယ်။ ဖက်ဒရယ်မူဆိုတာ အချင်းချင်းပေါင်းစည်းနေထိုင်ကြတာပါ။ ပေါင်းစည်းမှုမဖြစ်နိုင်သေးဘူးဆိုရင်တော့ Federal Military (ဖက်ဒရယ်တပ်မတော်)ဆိုတာ မဖြစ်နိုင်သေးဘူး။ အခုတပ်မတော်ရဲ့ ရပ်တည်မှုအပေါ် အခြေခံပြီးပြောမယ်ဆိုရင်တော့ ပြည်ထောင်စုတပ်မတော်ဆိုတာ ဖြစ်လာဖို့ကိစ္စမလွယ်ကူဘူး။ မဖြစ်နိုင်ဘူး။ အကယ်၍ ဖက်ဒရယ်တပ်မတော်ဖြစ်မလာရင် ပြီးတော့တစ်ဖက်ကလည်း အချင်းချင်းအလျှော့အတင်းတွေလုပ်ပြီး ဆွေးနွေးကြ၊ အ၀င်အထွက်တွေလုပ်ပြီးတော့ အဆင်မပြေကြဘူးဆိုတော့ စစ်ပွဲတွေ ဆက်ဖြစ်နေဖို့ပဲရှိတယ်။

မေး- RCSS ကရော ပြည်ထောင်စုတပ်မတော်နဲ့ပတ်သက်လို့ ပြင်ဆင်ထားတာ
ရှိပါသလား။

ဖြေ- ဖက်ဒရယ်စနစ် ဖွဲ့စည်းပုံအရ ဒီပြည်ထောင်စုတပ်မတော်ရဲ့မူဘောင်ပေါ်မှာ RCSS ဘက်ရဲ့ သဘောထားကိုပဲ ယူလို့မရဘူး။ တပ်မတော်ရဲ့သဘောထားကိုပဲ ယူလို့မရဘူး။ အားလုံးဝိုင်းပြီးတော့ တပ်မတော်ဘက်၊ တိုင်းရင်းသားတွေဘက် အားလုံးဝိုင်းဝန်းဆွေးနွေးပြီး ၀ိုင်းဝန်းလုပ်ဆောင်မှရမယ်။ ထိုင်ပြီးဆွေးနွေးဖို့ လိုအပ်ပါတယ်။ RCSS ရဲ့ သဘောထားကိုပဲ ပြောမယ်ဆိုရင်လည်း တပ်မတော်က လက်ခံမှာမဟုတ်ဘူး။ တပ်မတော်ကချထားတဲ့ သဘောထားကိုလည်း RCSS က လက်ခံနိုင်မှာမဟုတ်ဘူး။ ညှိယူဖို့လိုပါတယ်။ စည်းလုံးမှုပေါ့။ နှစ်ဦးနှစ်ဖက်က အတူတူလက်တွဲလျှောက်ဖို့လိုပါတယ်။ တစ်ဖက်သက်လျှောက်လို့မရပါဘူး။ နှစ်ဖက်အတူတူလာကြမှရမှာ။ အကယ်၍ တစ်ဖက်က တအားကြီးတင်းမာပြီးတော့ လုပ်နေရင်လည်းမရဘူး။ အကယ်၍ နှစ်ဦးနှစ်ဖက်က တအားကြီးတင်းမာနေရင်တော့ အပစ်အခတ်တွေက ထပ်ပြီးတော့ဖြစ်လာဦးမှာပဲ။

မေး- ဟိုတစ်လောက ရှမ်းပြည်ပေါင်းစည်းညီညွတ်ရေးကော်မတီ ဖွဲ့တယ်ဆိုပြီး ကြားသိရပါတယ်။ SSPP/SSA ပေါ့လေ။ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဆိုရင် SNLD ကို နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ထားတယ်။ အဲဒီတော့ RCSS အနေနဲ့ရော နောက်ပိုင်းမှာ ဘယ်လိုအစီအစဉ်တွေနဲ့ ဆက်သွားဖို့ရှိလဲခင်ဗျ။

ဖြေ- ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ရဲ့ UNSSC (ရှမ်းပြည်ညီညွတ်ရေးကော်မတီ)က ရှမ်းပြည်ရဲ့ကိုယ်စားပြုပြီးတော့ နိုင်ငံရေးဆွေးနွေးဖို့ ရည်ရွယ်ပါတယ်။

မေး- ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး UNODC ရဲ့ စစ်တမ်းတွေအရ အစိုးရနဲ့အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒေသတွေမှာ ဘိန်းနဲ့မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှုက ပိုများလာတယ်လို့ ပြောထားတယ်။ ရှမ်းပြည်နယ်မှာဆိုလည်း မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းရှိတယ်ဆိုတော့ ဘယ်လိုကြောင့် များလာလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။

ဖြေ- ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တာကတော့ နိုင်ငံတော်သမ္မတက ပြည်သူလူထုရဲ့တိုးတက်မှုတွေ၊ ဖွံ့ဖြိုးမှုတွေ ဘာမှမလုပ်ပေးဘူး။ နိုင်ငံတော်သမ္မတက ပြည်သူလူထုရဲ့ တိုးတက်မှုတွေကို ဘာမှလုပ်မပေးဘူးဆိုရင်တော့ ပြည်သူလူထုက အရာရာတိုင်းကို စိုက်ပျိုးလာတာပါပဲ။ နိုင်ငံတော်သမ္မတအနေနဲ့ တပ်မတော်အနေနဲ့က ဒီမူးယစ်ဆေးဝါးတွေကို နှိမ်နင်းတယ်ဆိုပြီး ပြည်သူလူထုရဲ့ ဘိန်းစိုက်ခင်းတွေကို လိုက်ဖျက်ဆီးတယ်ဆိုတာ နည်းလမ်းမမှန်ပါဘူး။ ဥပမာအနေနဲ့ပေါ့၊ လူထုအနေနဲ့က ကိုယ်စားခါနီးထမင်းပန်းကန်ကို အဝေးကို လွှင့်ပစ်ခံလိုက်ရသလို ဖြစ်နေတယ်။ ကိုယ်စားနေတဲ့ထမင်းကို ကောက်ညှင်းနဲ့ လာလဲပေးရင်ကမှ စားနေရသေးတယ်။ အခု ပြည်သူလူထု ဘိန်းစိုက်နေရတဲ့ကိစ္စကလည်း အဲဒီလိုပါပဲ။ RCSS အနေနဲ့က ဘိန်းခင်းတွေကို တိုက်ဖျက်ဖို့ မှန်ကန်တဲ့လမ်းစဉ်မူဝါဒတွေ ရှိပါတယ်။ နိုင်ငံတော်သမ္မတနဲ့ လက်တွဲပြီးတော့ လုပ်ချင်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က RCSS နဲ့ ပူးပေါင်းဖို့ လက်မခံဘူး။ ဘာကြောင့် ပူးပေါင်းဖို့လက်မခံတာလဲဆိုတာ သဘောမပေါက်ဘူး။ အပစ်အခတ်ရပ်စဲထားပေမယ့် သဘောထားတွေက မတိုက်ဆိုင်ကြဘူး။

မေး- စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ကိစ္စကရော ဘယ်အခြေအနေရှိပြီလဲခင်ဗျ။ ပြီးခဲ့တဲ့ဇွန်လက ဥက္ကဋ္ဌကြီးရဲ့ ရန်ကုန်ခရီးစဉ်မှာတော့ ၁၉၉၆ ခုနှစ်က တပ်မတော်ရဲ့ ဖြတ်(၄)ဖြတ်မူကြောင့် ထိုင်းနိုင်ငံဘက် တိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်နိုင်ရေး ပူးပေါင်းကြိုးပမ်းမယ်ဆိုပြီး ဦးခွန်ထွန်းဦးနဲ့ ပူးတွဲကြေညာချက်ထုတ်တာ တွေ့ရပါတယ်။ အခု သူတို့ နေရပ်ပြန်နိုင်ရေး၊ ပြန်လည်နေရာချထားရေး ဘာတွေစတင်လုပ်ပေးနေပြီလဲခင်ဗျ။

ဖြေ- ပြည်သူတွေကတော့ နေရပ်ပြန်ချင်တဲ့ဆန္ဒကတော့ အမြဲရှိနေတာပေါ့။ ဒါပေမဲ့ သူတို့က နယ်မြေတည်ငြိမ်မှု၊ လုံခြုံမှုပေါ်မှာ အပူအပင်တွေရှိနေသေးတယ်။ အဲဒါကြောင့် မပြန်ရဲကြသေးတာ။ ထိုင်းဘက်မှာလည်း မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေ အများကြီးရှိနေသေးတယ်။ အကယ်၍ စစ်ပွဲတွေထပ်ဖြစ်နေဦးမယ်ဆိုရင်တော့ ပြည်သူတွေ လုံခြုံမှုမရှိသေးဘူး။ တိုက်ပွဲတွေထပ်ဖြစ်နေဦးမယ်၊ စစ်ကူတွေ တောင်းနေဦးမယ်ဆိုရင်တော့ ပြည်သူလူထုက ပြန်ရဲကြမှာမဟုတ်ဘူး။

မေး- ၂၀၁၂ ခုနှစ်က RCSS ဖွဲ့စည်းထားတဲ့ ရှမ်းတောင်တန်းချယ်ရီကုမ္ပဏီကရော စီးပွားရေးလုပ်ငန်းတွေ စလုပ်နေပြီလားခင်ဗျ။

ဖြေ- လုပ်ငန်းတွေ လျှောက်ထားတာတွေကတော့ အများကြီးပဲ။ အကောင်ထည်ဖော်တာ ဘာမှမဖော်နိုင်သေးဘူး။ သတ္တုတွင်းလုပ်ငန်းတွေလုပ်ဖို့ လျှောက်လွှာတွေ တင်ထားတယ်။ အစိုးရဘက်က ခွင့်ပြုချက်ကျလာပေမယ့် တပ်မတော်ဘက်က နယ်မြေထဲဝင်ဖို့ ခွင့်မပေးဘူး။ အဲဒါတွေကြောင့် ကြန့်ကြာနေတယ်။ သမ္မတဘက်ကတော့ နေပြည်တော်ကနေလည်း ခွင့်ပြုပေးတယ်။ ရှမ်းပြည်နယ်အစိုးရဘက်ကလည်း ခွင့်ပြုစာရတယ်။ စစ်တပ်ဘက်ကမရတော့ ၀င်လို့မရဘူး။ သတ္တုပိုင်းတွေ၊ စီးပွားရေးပိုင်းတွေ လုပ်မယ်ဆိုရင် လက်နက်ချမှ လုပ်ခွင့်ပေးမယ်ဆိုပြီး မိုင်းတုံရဲ့ဗျူဟာမှူးအောက်ကနေ သတင်းရတာပေါ့။ တာချီလိတ်ဘက်မှာလည်း စိုက်ပျိုးရေးလုပ်ဖို့ ဧက ၂၅၀၀၀ တောင်းထားတယ်။ အစိုးရနဲ့ ရှမ်းပြည်အစိုးရရဲ့ ခွင့်ပြုစာရတယ်။ ဒီဘက်ကတော့ ခွင့်ပြုချက်မရဘူး။ စီးပွားရေးနဲ့ပတ်သက်လို့ ဘာမှလုပ်ခွင့်မရသေးဘူး။ အဲဒီတော့ ပြဿနာက တပ်မတော်ဘက်ကနေ လာလာပြီးတော့ ခံနေတယ်။ တပ်မတော်က ကြားလာခံနေပြီး မပြီးနိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် တပ်မတော်က အပစ်အခတ်မရပ်စဲချင်ဘူးလားလို့တောင် တွေးမိတယ်။ အပစ်ရပ်တာ သမ္မတဦးသိန်းစိန်ကရပ်ချင်ပြီး တပ်မတော်ဘက်က မရပ်ချင်ဘူးလားလို့တောင် ထင်မိတယ်။

မေး- တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေကြားမှာ ယုံကြည်မှုလျော့နည်းနေတာနဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းရင်ရနိုင်မယ်လို့ အကြံပေးချင်လဲခင်ဗျ။

ဖြေ- ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာ ထပ်ကာထပ်ကာ ဆွေးနွေးဖို့လိုပါတယ်။ အ၀င်အထွက်တွေလုပ်ဖို့ ဆက်ဆံကြဖို့ လိုအပ်ပါတယ်။ ပုဂ္ဂိုလ်ခင်မှတရားမင်မယ်ဆိုတဲ့ စကားပုံလိုပေါ့။ အယုံအကြည်နဲ့လာမှာပေါ့။ အယုံအကြည်မရှိရင် ညီညွတ်မှုဘယ်ရမလဲ။ ညီညွတ်မှုမရှိရင် ပေါင်းစည်းမှုဘယ်ရမလဲ။

မေး- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါစေချင်သလား။ ပါဝင်လာရင်ရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ထင်ပါသလား။

ဖြေ- ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ကိစ္စမှာ အရပ်ဘက်က အဖွဲ့အစည်းခေါင်းဆောင်တွေ ပါဝင်သင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ်ထားလို့လည်း မရပါဘူး။ သူက မြန်မာနိုင်ငံကို ဒီမိုကရေစီသယ်ဆောင်လာတဲ့ ခေါင်းဆောင်ကောင်းဖြစ်ပါတယ်။

မေး- ပြည်တွင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားလူမျိုးတွေက နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေနဲ့ နယ်စပ်တွေမှာ နေထိုင်နေကြရပါတယ်။ အဲဒီအချိန်မှာ အိမ်နီးချင်းနိုင်ငံက အထူးသဖြင့် လူဦးရေများပြားတဲ့ တရုတ်နိုင်ငံလို နိုင်ငံခြားသားတွေက ပြည်တွင်းကို ၀င်လာကြတယ်။ အဲဒီတော့ ရှမ်းပြည်နယ်မှာ နိုင်ငံခြားသားစိမ့်ဝင်မှုက စိုးရိမ်ရတဲ့အနေအထားဖြစ်နေပြီလားခင်ဗျ။

ဖြေ- RCSS ထိန်းချုပ်ဒေသမှာတော့ နိုင်ငံခြားသားဝင်ရောက်မှုကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲကို ၀င်လာပြီးတော့ မြန်မာနိုင်ငံသားကတ်တွေ ကိုင်ဆောင်ထားတယ်။ ပြီးတော့ ပြည်နယ်ထဲက မြေတွေဝယ်ပြီး ကိုယ်ပိုင်မြေအဖြစ် ပြောင်းလဲလုပ်ကိုင်ကြတယ်။ အဲဒါတွေကို စစ်ဆေးဖို့ကတော့ နိုင်ငံတော်ဘက်က တာဝန်ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ထဲမှာဆိုရင် ကျိုင်းတုံဘက်တွေ၊ မူဆယ်၊ နမ့်ခမ်းဘက်တွေမှာဆိုရင် တရုတ်နိုင်ငံသားတွေဝင်လာပြီး မြေတွေဝယ်ထားတာတွေ အများကြီးရှိတယ်။

မေး- လက်ရှိရှမ်းပြည်နယ်ဟာ နိုင်ငံရေးအရဆိုရင်လည်း လက်နက်ကိုင်တွေအများကြီးနဲ့ ရှုပ်ထွေးနေတယ်။ စီးပွားရေးမှာလည်း ဒေသခံတွေက စားဝတ်နေရေးမပြေလည်လို့ ဘိန်းစိုက်ပျိုးနေရတာတွေ ရှိတယ်။ ပညာရေးမှာဆိုလည်း မြန်မာနိုင်ငံရဲ့ စာတတ်မြောက်မှုအနည်းဆုံး ပြည်နယ်တွေထဲမှာ ပါဝင်နေတယ်။ နိုင်ငံခြားသားစိမ့်ဝင်မှုလို လူမှုရေးပြဿနာတွေကလည်း ရှိနေတယ်။ အဲဒီလိုအခြေအနေမှာ ရှမ်းပြည်နယ်အတွက် ဘယ်ကဏ္ဍကို အရင်ဦးစားပေးဖြေရှင်းဖို့လိုမယ်လို့ ထင်သလဲခင်ဗျ။

ဖြေ- အဓိကကျတဲ့အချက်က ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းမှုမရှိဘူးဆိုရင်တော့ ဘာမှလုပ်လို့မရဘူး။ ရှမ်းပြည်နယ်တိုးတက်မှု ကျဆင်းနေရတာလည်း တပ်မတော်ရဲ့အုပ်ချုပ်မှုအောက် အကြာကြီးနေရတာနဲ့ ပြည်တွင်းစစ်ကြောင့်ပါ။ ပြည်တွင်းစစ်တွေကြောင့် ရှမ်းပြည်နယ်မှာ တိုးတက်မှုက ဘာမှမရှိခဲ့ဘူး။ တိုက်ပွဲတွေဖြစ်၊ ပစ်ကြခတ်ကြဆိုတော့ ပြေးကြရှောင်ကြပဲရှိနေတော့ တိုးတက်မှုဆိုတာ ဘယ်မှာရှာလို့ရပါ့မလဲ။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Credit To 7Day News Journal 
Read More »

၂၀၁၅ အလွန် အကျပ်အတည်းများ Written by ပိုက်တင်

တကယ်တော့ ၂၀၁၅ အလွန်မှာ ကြုံတွေ့နိုင်တဲ့ သန်း ၆၀ ရဲ့ အကျပ်အတည်းဟာ အဲဒီအချိန်ကျမှ ရုတ်တရက် ပေါ်လာနိုင်တဲ့ ပြဿနာများ မဟုတ်ဘဲ ပြီးခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ် မြန်မာနိုင်ငံရေး သမိုင်းမှာ လုံးဝ အခြေခံပါတယ်။ပါလီမန်ခေတ် မြန်မာ့နိုင်ငံရေး ပြဿနာများနဲ့ အထူးသဖြင့် နှစ် ၅၀ အမှောင်ခေတ်ရဲ့ ဆိုးကျိုးများကြောင့် ဒီမိုကရေစီသို့ အကူးအပြောင်းမှာ ရင်ဆိုင်ဖြေရှင်းရမယ့် အခက်အခဲများသာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အဲဒီ အကျပ်အတည်းများကို ပြေလည်အောင် ဖြေရှင်းဖို့နဲ့ ဒီမိုကရက်တိုက်ဇေးရှင်း ဆက်လက် တည်တံ့နိုင်ဖို့ အတွက် လွန်စွာ အရေးပါနေတာ တွေ့ရပါတယ်။
လစ်ဘရယ်လိုက်ဇေးရှင်း ကာလလို့ ပြောနိုင်တဲ့ အခုရွေးကောက်ခံ အစိုးရသစ် ပထမငါးနှစ် သက်တမ်းဟာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ များစွာ ကြုံတွေ့နေရသော်ငြား ၂၀၁၅ အလွန် ဒုတိယမြောက် အစိုးရသစ်ကို နိုင်ငံသစ် တည်ဆောက်ရေး လက်ဆင့်ကမ်း ပေးနိုင်ဖို့က တော်တော်ကြီး သေချာနေပြီလို့ ဆိုနိုင်ပါတယ်။ လက်ရှိအစိုးရက လမ်းကြောင်း ပြောင်းသွားနိုင်လောက်တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်ခဲ့ပါတယ်။ ကျန်သေးတဲ့ ၂ နှစ်ကာလမှာ နောက်ထပ် အခက်အခဲတွေ ပေါ်လာဖို့ ရှိနေသေးပေမယ့် ရွေးကောက်ပွဲ နီးလာတာ နဲ့အမျှ အားလုံးရဲ့ အာရုံစိုက်မှုနဲ့ မျှော်လင့်ချက်များဟာ ၂၀၁၅ ဆီကိုပဲ ရောက်သွားတော့မှာ ဖြစ်တာကြောင့် အခုကြုံတွေ့ပြီး ရသလောက် ခက်ခက်ခဲခဲ ဖြေရှင်းဖို့ လိုမယ် မဟုတ်တော့ပါဘူး။
ဒီတော့ အပြောင်းအလဲကို စတင်ခဲ့တဲ့ ပထမဆုံးသော အစိုးရ သက်တမ်းဟာ ချောချောမွေ့မွေ့နဲ့ အဆုံးသတ် နိုင်တော့မယ်လို့ ယေဘုယျ ကောက်ချက်ကို ဆွဲနိုင်ပါတယ်။
ဒါပေမဲ့ ဒုတိယမြောက် တာဝန်ယူရမယ့် အစိုးရနဲ့ လွှတ်တော်များ အတွက်ကတော့ အခုပထမ ငါးနှစ်ကာလထက် ပိုမိုကြမ်းတမ်း ခက်ခဲမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေကို ကြိုတင်တားဆီးဖို့ မဖြစ်နိုင်သလောက် ရှိသလို ကြိုတင် တွက်ဆပြီး အဖြေရှာထား လို့လည်း မရနိုင်တာကြောင့် နိုင်ငံတော်နဲ့ လူထုအတွက် ၂၀၁၅ အလွန်ကာလဟာ များစွာ အရေးကြီးပါကြောင်း အထူးတလည် ဖော်ပြလိုရင်း ဖြစ်ပါတယ်။
ဒုတိယမြောက် အစိုးရ သက်တမ်းမှာ စိန်ခေါ်မှုတွေ ပိုကြီးမားဖို့နဲ့ ပြဿနာတွေလည်း ပိုဖြေရှင်းရ ခက်ခဲဖို့အတွက် အဓိက အကြောင်းရင်းကြီး နှစ်ခု ရှိပါတယ်။
(၁) NLD နဲ့ တိုင်းရင်းသားပါတီများ (အပြတ်အသတ်) landslide အနိုင်ရရှိနိုင်ခြင်း
(၂) ၂၀၁၅ အပေါ် လူထုမျှော်လင့်ချက်များ အလွန်ကြီးမားခြင်းတို့ ဖြစ်ပါတယ်။
လူထုဟာ လက်ရှိ အချိန်အထိ အပြောင်းအလဲရဲ့အသီးအပွင့်ကို ထိထိရောက်ရောက် ခံစားနိုင်ခြင်း မရှိသေးပါဘူး။ လွတ်လပ်ခွင့် တချို့နဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် ရရှိခဲ့ပေမယ့် အထူးသဖြင့် အခြေခံ လူတန်းစားတွေ အတွက် အသက်ရှူ ချောင်လောက်တဲ့ အနေအထားကို မရောက်သေးပါဘူး။ နောက်တစ်ခုက မူပြောင်း လူမပြောင်း အခြေအနေကို မျှော်လင့်ချက် ရှိလာတာက တစ်ကြောင်း၊ လက်ရှိသမ္မတရဲ့ ရိုးသား ကြိုးစားမှုကို လက်ခံအသိအမှတ် ပြုတာက တစ်ကြောင်းကြောင့်သာ စိတ်ရှည်လက်ရှည်နဲ့ စောင့်နေကြတာ ဖြစ်ပြီး ၂၀၁၅ မှာ အတိုက်အခံ တို့ကို ပုံအောဖို့လည်း ပြင်ဆင်ထားကြတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် မူပြောင်းတဲ့အပြင် လူပါပြောင်းဖို့ ရည်မှန်းထားကြတာ ဖြစ်ပါတယ်။ ဒီတော့ အတိုက်အခံ ပါတီကြီးနဲ့ တိုင်းရင်းသား ပါတီများဟာ သေချာပေါက် အနိုင်ရကြမှာ ဖြစ်ပြီး လူထုကလည်း အဲဒီ အတိုက်အခံတို့အပေါ် မျှော်လင့်ချက် အလွန်အကျွံ ထားနေကြတာကြောင့် ၂၀၁၅ အလွန်မှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများကို ကြီးကြီး မားမား ရင်ဆိုင် ကြုံတွေ့ကြရဖို့က သေချာသလောက် ရှိနေပါတယ်။
(လုံးဝ အပြတ်အသတ် အနိုင်မယူသင့်ဘူးလို့ အခြေအနေ တစ်ရပ်မှာ ဆရာအောင်ထွဋ် ပြောခဲ့ဖူးတာကို ဒီနေရာမှာ အမှတ်ရမိပါတယ်။)
၂၀၁၅ အလွန်မှာ ဘယ်ပါတီကပဲ အစိုးရ ဖွဲ့သည်ဖြစ်စေ၊ အဲဒီအစိုးရဟာ လူထုရဲ့ မျှော်လင့်ချက်တွေကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်ဖို့ အခြေအနေတွေက အခုချိန်ထိ မရရှိသေးပါဘူး။ NLD ဟာ သေချာပေါက် လွှတ်တော်များကို အတိုင်းအတာ ကြီးကြီးမားမား လွှမ်းနိုင်မှာ ဖြစ်ပြီး အစိုးရ ဖွဲ့ခွင့်လည်း ရဖို့ ရှိနေပါတယ်။ ဒေါ်စုသာ လွှတ်တော် အကြီးအကဲ၊ ဒါမှမဟုတ် အစိုးရ အကြီးအကဲ ဖြစ်လာခဲ့ရင် သေချာပေါက် အကျပ်အတည်းများကို ကြီးကြီးမားမား ရင်ဆိုင်ရမှာပါ။
(လွှတ်တော် အကြီးအကဲ ဖြစ်နိုင်ခြေက များနေပါတယ်။ အခြားသော အတိုက်အခံ နိုင်ငံရေးသမား တစ်ယောက်ကလည်း သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ ၅၉ (စ) ကြောင့်ပါ။)
(၁) လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူမှုဘဝ မြင့်မားလိုမှု မျှော်လင့်ချက်များ
(၂) တိုင်းရင်းသားတို့ရဲ့ တန်းတူညီမျှရေး အပါအဝင် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မျှော်လင့်ချက်များဟာ ဒေါ်စု ခေါင်းပေါ်ကျမယ့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာပါလိမ့်မယ်။
အတိုက်အခံ ခေါင်းဆောင်ဆီကနေ လိုလားချက်တွေ လိုအပ်ချက်တွေကို သေချာပေါက်ရမယ်လို့ လိုတာထက် ပိုပြီး မျှော်လင့်နေကြပါတယ်။ ဒေါ်စုအနေနဲ့က အဲဒီမျှော်လင့်ချက်တွေကို ငြင်းဆိုဖို့ ခက်ခဲမှာ ဖြစ်သလို အပြည့်အဝ ရရှိအောင် ဖြည့်ဆည်း ပေးနိုင်ဖို့ကလည်း လွယ်ကူလှမယ် မဟုတ်ပါဘူး။
တိုင်းပြည်ကို ဦးဆောင်ဦးရွက် ပြုပြီး ဒီမိုကရေစီ ပီပြင်အောင်နဲ့ စီးပွားရေးအရ လူတန်းစေ့အောင် ဒုတိယမြောက် သက်တမ်း ငါးနှစ်အတွင်း ဖြည့်ဆည်းပေးဖို့၊ အကောင်အထည် ဖော်ပေးဖို့ဆိုရင် ဒေါ်စု တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်ကို စီမံခန့်ခွဲတဲ့ အလုပ်ဟာ Team Work ဖြစ်တယ်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။ ဒေါ်စုမှာ Team ကောင်းကောင်းတစ်ခု လိုအပ်နေပါတယ်။ လောလောဆယ် မှာလည်း ၂ နှစ်အတွင်း ဖြည့်ဆည်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ တွေ့ရပါတယ်။ နိုင်ငံတော်ကို ထိပ်ဆုံးကနေ အောက်ခြေအထိ တာဝန်ယူခွင့် ရတဲ့အခါ ဒေါ်စုလည်း ခက်ခဲနိုင်တာ ဖြစ်သလို လူထုလည်း ကျပ်တည်းနိုင်ပါတယ်။
အခု စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ လက်ရှိ အစိုးရရဲ့ Team က မကောင်းလို့ တိုင်းပြည် ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ ၂၀၁၅ အလွန်မှာ ပေါ်ပေါက်လာမယ့် အခက်အခဲတွေက လုံးဝခြားနားမှာ ဖြစ်ပါတယ်။ လူထုရဲ့ မျှော်လင့်ချက်များ မတူညီခြင်းကြောင့် ဖြစ်ပါတယ်။ ဒီမိုကရေစီကိုလည်း ဒေါ်စုက စံနှုန်းပြည့်သာ စဉ်းစားတာ ဖြစ်လေတော့ ၂၀၁၅ အလွန်မှာ အထူးသဖြင့် တိုင်းရင်းသားတို့က ဒေါ်စုဆီကနေ စံနှုန်းပြည့် ဒီမိုကရေစီကို သေချာပေါက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ အသိပညာရေချိန် ပြဿနာ၊ နှစ်ပေါင်း ၆၀ က ပျက်စီး ယိုယွင်းလာတဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ ဖွံ့ဖြိုး တိုးတက်ရေးကို ချက်ချင်း တွန်းတင်လို့ မရနိုင်တဲ့ အခြေအနေ စတာတွေက ၂၀၁၅ အလွန်မှာ တာဝန်ယူမယ့် အစိုးရနဲ့ လွှတ်တော်တို့ကို ဘေးကျပ်နံကျပ် ဖြစ်စေမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာ တပ်မတော်နဲ့ အတိုက်အခံတို့ ရင်ကြားစေ့ရေး တည်ဆောက်နေတဲ့ ကိစ္စကလည်း ခရီးမရောက် နိုင်သေးလေတော့ တပ်မတော်နဲ့ လုံးလုံးပတ်သက်မှု မရှိတဲ့ ပါတီကဖွဲ့မယ့် အစိုးရသစ်နဲ့ တပ်အကြား ဆက်ဆံရေးဟာ တော်တော် သတိထားရမယ့် အနေအထားကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ နောက်အစိုးရသစ် အနေနဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အခုလက်ရှိ အစိုးရထက်ပိုပြီး ခဲရာခဲဆစ် ရင်ဆိုင် ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။
ပါလီမန်စနစ် မဟုတ်လေတော့ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ဆိုတာ ဥပဒေအရ မဖြစ်နိုင်ပါဘူး။ သမ္မတ ဖြစ်သူက ကက်ဘိနက် ဖွဲ့ရမှာပါ။ ကက်ဘိနက်ကို တခြားပါတီများက ပုဂ္ဂိုလ်များ ခန့်အပ်ဖွဲ့စည်းလို့ ရပါတယ်။ ဒါပေမဲ့ ဒါ ညွန့်ပေါင်းအစိုးရ မဟုတ်ပါ။ ပါလီမန်စနစ် မဟုတ်တာကြောင့် ဖြစ်ပါတယ်။ သမ္မတနဲ့ ဒုသမ္မတ တွေဟာလည်း မတူညီတဲ့ ပါတီများနဲ့ တပ်မတော်က အမည်စာရင်းတင်တဲ့ ပုဂ္ဂိုလ်တို့ ဖြစ်လာဖို့ ရှိပြီး ဒါလည်းညွန့်ပေါင်း မဟုတ်ဘဲ အခြေခံဥပဒေ အရသာ ဖြစ်ပါတယ်။
၂၀၁၅ အလွန်မှာ အတိုက်အခံတို့က (၅၉ (စ) ကို မပြင်ဆင်နိုင်ဘဲ) အနိုင်ရတဲ့အခါ သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတကို အနိုင်ရ အတိုက်အခံပါတီက တင်သွင်း အဆိုပြုလုပ်ဖို့များ ပြောခဲ့ရင်..."
၂၀၁၅ အလွန် အကျပ်အတည်းများ လျော့ပါးသင့်သလောက် လျော့ပါးဖို့ အတွက် လောလောဆယ် လုပ်သင့်တဲ့ အချက်တွေ ရှိပါတယ်။ ပြောရရင် ၂၀၁၅ မတိုင်ခင်မှာ များများစားစား မျှော်လင့်လို့ မရနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ထက်တောင်မှ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ အတိုက်အခံတို့ အနေနဲ့ ဒီအချက်တွေကို စိတ်ဝင်စားဖို့ သိပ်များများ မမျှော်လင့်ပေမယ့် ဖော်ပြသင့်လို့ ဖော်ပြလိုက်ပါတယ်။
(၁) ဒေါ်စုအနေနဲ့ အနည်းဆုံး အသင့်အနေနဲ့ လွှတ်တော်များကို လွှမ်းမိုးနိုင်တော့မယ့် အများဆုံး အစိုးရ ဖွဲ့နိုင်တော့မယ့် ပါတီရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင် ၂ နှစ်တာ ကာလမှာ ပြည်တွင်းက နိုင်ငံရေး ကိစ္စများနဲ့ စီးပွားဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများကို နိုင်ငံတကာမှာ သွားရောက် လုပ်ကိုင်နေတဲ့ ကိစ္စများထက် အများကြီး ပိုပြီးအလေးအနက် ထားသင့် အာရုံစိုက်သင့်တဲ့ အချိန်ကို ရောက်နေပြီ ဖြစ်ပါတယ်။ ၂၀၁၅ အလွန်မှာ သေချာပေါက် အနိုင်ရမယ့် ပါတီဟာ အခြေအနေ အရပ်ရပ်ကို အကောင်းဆုံး အနေအထားရနေဖို့ လုပ်နိုင်သလောက် အစွမ်းကုန် ဆောင်ရွက်ထား သင့်ပါတယ်။
(၂) အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စများဟာလည်း ၂၀၁၅ အလွန်ကာလအတွက် အထူးအရေးပါ တဲ့အတွက် စစ်မှန်တဲ့ သဘောဆန္ဒနဲ့ နိုင်ငံရေး နယ်ပယ်မှာ ကျင်လည်နေကြသူ အားလုံးက အခုထက် အားသွန်ခွန်စိုက် ပါဝင်ကြိုးပမ်းမယ် ဆိုရင် ၂၀၁၅ အလွန်မှာ နိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းက ချော်ထွက်မသွားဖို့ အများကြီး အထောက်အကူ ရစေမှာ ဖြစ်ပါတယ်။
(၃) အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကိစ္စကို အခြေခံပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခုကို ကျင်းပနိုင်ဖို့ အားလုံးက ကြိုးပမ်းသင့်ပါတယ်။ အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပါဝင်ရမှာ ဖြစ်ပေမယ့် အဓိက ဖြစ်သင့်တာက ၂၀၁၅ အလွန် နိုင်ငံတော် တည်ငြိမ်ရေး ဖြစ်ပါတယ်။ အစိုးရ ဖွဲ့စည်းရေးကို လက်ရှိ အာဏာရပါတီ၊ အတိုက်အခံ ပါတီကြီး၊ တိုင်းရင်းသားပါတီများ အပါအဝင် ပါတီအားလုံးက ညှိနှိုင်း ဆွေးနွေး သင့်ပါတယ်။ အထူးသဖြင့် အာဏာရပါတီကြီးနဲ့ အတိုက်အခံ ပါတီတို့ အစိုးရ ဖွဲ့စည်းရေး ယေဘုယျ သဘောတူညီမှု (Consensus) တစ်စုံတစ်ရာ ရယူထားနိုင်ရင် အခုဒီဆောင်းပါးမှာ အဓိက ပြောချင်တဲ့ ၂၀၁၅ အလွန် အကျပ်အတည်းများ ဆိုတာ ရှိလာတော့မှာ မဟုတ်တာ သေချာပါတယ်။
(ဒါပေမဲ့ အနိုင်ရဖို့ သေချာသလောက် ရှိနေတဲ့ အတိုက်အခံ ပါတီကြီး အနေနဲ့လည်း ဒီလို Consensus မျိုးကို စိတ်ဝင်စားလာနိုင်ဖို့ အခွင့်အလမ်း ဟာလည်း အလွန်တရာ နည်းပါးလှတာကြောင့် ၂၀၁၅ အလွန်မှာ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးကို ခြိမ်းခြောက်မယ့် စိန်ခေါ်မှုတွေကို ရှောင်လွှဲနိုင်ဖို့ရာလည်း မျှော်လင့်ချက် နည်းပါးလှပါတယ်။
(၄) ၂၀၁၅ အလွန် လွှတ်တော်များမှာ အနိုင်ရ အတိုက်အခံ အမတ်များနဲ့ တပ်မတော်သား လွှတ်တော် အမတ်များ အကောင်းဆုံး လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်ဖို့ ဘယ်လို လုပ်ကိုင် ဆောင်ရွက်ရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ အခုကတည်းက ကြိုတင် ပြင်ဆင်သင့်ပါပြီ။ တပ်မတော်သား ကိုယ်စားလှယ်များကို ၂၀၁၅ ဒုတိယလွှတ်တော် သက်တမ်း ကာလအတွင်းမှာ လွှတ်တော်ထဲက ဖယ်ရှားရေး ကိစ္စကို လောလောဆယ် မစဉ်းစားသေးဘဲ အလုပ်အတူတူ လုပ်ဖို့ ကြိုတင် ပြင်ဆင်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးများ နိုင်ပါလိမ့်မယ်။
၂၀၁၅ အလွန်မှာ အတိုက်အခံတို့က (၅၉ (စ) ကို မပြင်ဆင်နိုင်ဘဲ) အနိုင်ရတဲ့အခါ သမ္မတလောင်းအဖြစ် လက်ရှိ သမ္မတကို အနိုင်ရ အတိုက်အခံပါတီက တင်သွင်း အဆိုပြုလုပ်ဖို့များ ပြောခဲ့ရင် အားလုံးက ဝိုင်းပြီး လှောင်ပြောင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်ဟာ လမ်းကြောင်းပေါ်မှာပဲ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေဖို့ ဆိုရင် ဒီအချက်ဟာ ရွေးချယ်စရာတွေထဲက စဉ်းစားသင့်တဲ့ တစ်ချက် ဖြစ်တယ်လို့ ယူဆပါတယ်။ ဦးနှောက် အလုပ်ပေးဖို့ အလွန်ကောင်းတဲ့ ရွေးချယ်စရာမို့ ဘယ်သူမှ ရွေးမယ့်နည်းလမ်း မဟုတ်ပေမယ့် ဖော်ပြ လိုက်ပါတယ်။ အတိုက်အခံတို့ ဘက်မှာ လက်ရှိ အနေအထားအရ ဒေါ်စုကလွဲရင် သမ္မတလောင်း အဖြစ် အမည်စာရင်းတင်ဖို့ ထင်းခနဲ လင်းခနဲ မြင်သာတဲ့ ပုဂ္ဂိုလ် တစ်ယောက်တလေမျှ မမြင်မိသေးကြောင်း ဖော်ပြလိုပါတယ်။ ဒါဟာ အတိုက်အခံတွေ ဒေါ်စုကလွဲရင် ဘယ်သူမှ အရည်အသွေး မမီဘူးလို့ ပြောလိုခြင်း မဟုတ်ဘဲ အရည်အသွေးအပြင် သြဇာလွှမ်းမိုးနိုင်မှု လူထု၊ ချစ်ခင်လေးစားမှု အစရှိသော အသွင်ကူးပြောင်းရေး ကာလအတွက် အခြားအရေးပါတဲ့ အချက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်တယ်လို့ ယူဆသောကြောင့်သာ ဖြစ်ပါတယ်။
(လက်ရှိ အာဏာရ ပါတီဘက်မှာလည်း ဦးသိန်းစိန်က လွဲရင် လူထု တလေးတစား လက်ခံလောက်တဲ့ ပုဂ္ဂိုလ် မရှိသလောက် ရှားပါတယ်။ သူရဦးရွှေမန်းလည်း ပါတီကျောထောက် နောက်ခံနဲ့ ဆိုရင် ပါတီကိုယ်၌က နိုင်ဖို့ အခွင့်အလမ်း နည်းနေတာကြောင့် မျှော်လင့်ချက် နည်းလွန်းပါတယ်။)
ဒါပေမဲ့ ဆောင်းပါး အစပိုင်းမှာ ပြောခဲ့သလိုပါပဲ။ တပ်မတော်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက ၂၀၁၅ အလွန်ကာလအတွက် အရေးပါနေတာ တွေ့ရပါတယ်။ ဒီနေရာမှာလည်း ၂၅ ရာခိုင်နှုန်းကို အလျင်အမြန် ဖယ်ရှားရေးကို လုပ်မယ်ဆိုရင် အလေးအနက် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ လက်ရှိ ဒီမိုကရေစီနဲ့ မကိုက်ညီသေးတဲ့ အခြေခံဥပဒေသည် လည်းကောင်း၊ အခြေခံဥပဒေအရ တပ်မတော်ရဲ့ ကဏ္ဍသည် လည်းကောင်း ဒီမိုကရေစီ ချောချောမောမော ပေါ်ထွန်းရေးအတွက် တစ်စိတ်တစ်ပိုင်း အရေးပါနေတဲ့အပြင် အခြေခံဥပဒေနဲ့ တပ်မတော်ကပဲ သန်း ၆၀ သော လူထု ရင်ဆိုင်ကြရမယ့် အခက်အခဲများကို ကျော်လွှားနိုင်ဖို့၊ အတိုက်အခံတို့ကပါ အားပြုသင့်တဲ့ အနေအထား ဖြစ်လာနိုင်ရုံမကဘဲ ဒီမိုကရေစီ ခိုင်မာစွာ ပေါ်ထွန်း တည်တံ့နိုင်ရေးအတွက် တစ်နည်းတစ်လမ်း အာမခံချက် ဖြစ်နေပါကြောင်း (လက်မခံနိုင်သူ အများအပြားရှိမှန်း သိလျက်နဲ့ပဲ) အားလုံးကို လေးစားစွာ တင်ပြလိုက်ရပါတယ်။
Credit To The Voice Weekly 
Read More »

နံရံတိုင်းတွင် နားများ ထားသင့်၊ မထားသင့် Written by အောင်ဘိုဘိုရှိန်

တပ်မတော် ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က ပြီးခဲ့သည့် နှစ်ပတ်ခန့်က ပြုလုပ်သော စာအုပ် မိတ်ဆက်ပွဲ တစ်ခုတွင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ပြန်ဖွဲ့သင့်ကြောင်း ပြောဆိုလိုက်သည်။
သူတပ်မတော် ထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ယူစဉ်က ‘နံရံတိုင်းတွင် နားများ ရှိနေသည်’ ဟု ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့ လုပ်ငန်းစဉ်များကို ရည်ရွယ်၍ ပြောကြားခဲ့ဖူးသည်။
ယင်းသို့ ပြောဆိုချက်မှာ အတိုက်အခံ နိုင်ငံရေးသမားတို့၏ လုပ်ငန်းများကို အမြဲမပြတ် ထောက်လှမ်းနေကြောင်း သတိပေးချက်လည်း ဖြစ်ခဲ့သည်။

ပြန်ဖွဲ့မည့် ထောက်လှမ်းရေး အဖွဲ့သည် အစိုးရ အဆက်ဆက်၏ လုပ်ရိုးလုပ်စဉ် ဖြစ်သော အတိုက်အခံ နိုင်ငံရေးသမားများ၏ လုပ်ငန်းစဉ်တို့ကို စဉ်ဆက်မပြတ် ထောက်လှမ်းနေပြီး အစိုးရ လက်ကိုင်တုတ်အဖြစ် ရောက်သွားမည်ကို အတိုက်အခံ နိုင်ငံရေးသမားများနှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ စိုးရိမ်ကြသည်။

အချို့ကမူ ပြန်ဖွဲ့သင့်ကြောင်း ထောက်ခံကြသည်။
“နိုင်ငံတစ်နိုင်ငံရယ်လို့ ရှိရင် ထောက်လှမ်းရေး ဆိုတာလည်း ရှိရမယ်။ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ပေးဖို့နဲ့ တခြားနိုင်ငံတွေက အဖျက်ရန်ကို ကာကွယ် ပေးဖို့အတွက် ရှိရမယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက်ပြုသည်။

အချို့လွှတ်တော် ကိုယ်စားလှယ်များကမူ သတင်းတပ်ဖွဲ့ (Special Branch)၊ စီအိုင်ဒီ (Criminal Investigation Depart ment)၊ စစ်ဘက်ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အထူးတပ်ဖွဲ့ (စရဖ)၊ အကြမ်းဖက်မှု နှိပ်နင်းရေး တပ်ဖွဲ့နှင့် ထောက်လှမ်းရေး သတင်းပေးများကို ဖွဲ့ထားပြီး ဖြစ်သည့် အတွက် နောက်ထပ် ပြန်ဖွဲ့ရန် မသင့်ကြောင်း ကန့်ကွက်ကြသည်။
“အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံသားတွေကို ရန်သူတွေကို ဖမ်းဆီးဖော်ထုတ် အတွက်ပဲ အလုပ်လုပ်နေကြတယ်။ အရင်ကလည်း ဒီလိုပဲ။ အခုလည်းဒီလိုပဲ။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေကိုတောင် အသေးစိတ် ထောက်လှမ်းနေတာတွေ ရှိနေတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ၎င်းရင်ဆိုင်နေရသည့် ထောက်လှမ်းရေး တပ်ဖွဲ့များနှင့် ပတ်သက်၍ ပြောပြသည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ အပြီးတွင် တပ်မတော်က အာဏာသိမ်းပြီးနောက် တပ်မတော် ထောက်လှမ်းအဖွဲ့ကို ဗိုလ်ချုပ်ကြီးဟောင်း ကျော်ဆွေနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ ဦးဆောင်ကာ ပြန်လည် ဖွဲ့စည်းပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် အခြားအတိုက်အခံ ပါတီများ၏ လုပ်ငန်းစဉ် မှန်သမျှကို မပြတ် ထောက်လှမ်းခဲ့ပြီး အတိုက်အခံ အများစုကို ပုဒ်မရှာ ဖမ်းဆီး ထောင်ချခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီဝင် ရာချီ၍ ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

ထိုနှစ်ပိုင်းအတွင်း တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေးတို့က အကျယ်ချုပ်ချ၊ ဖမ်းဆီးခဲ့သည့် NLD ပါတီ ခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အရေအတွက် ထောင်ချီ ရှိသည်ဟု နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့များက ဆိုသော်လည်း စာရင်းမည်မျှ ရှိသည်ကို ယနေ့တိုင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်တွင်မှ အမျိုးသား ထောက်လှမ်းရေး၊ စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး တပ်ဖွဲ့၊ အထူးသတင်း တပ်ဖွဲ့တို့ အဖွဲ့က နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ညွန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသည့် အမျိုးသား ထောက်လှမ်း တပ်ဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရက ဖျက်သိမ်းလိုက်ပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့၏ ခေါင်းဆောင်များ ဖြစ်သော ဗိုလ်မှူးချုပ် လှအောင်၊ ဗိုလ်မှူးချုပ် ကျော်ဟန်၊ ဗိုလ်မှူးချုပ် သန်းထွန်း၊ ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ် ကျော်သိန်း၊ ဗိုလ်မှူးချုပ် သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော် တို့ကို ဖမ်းဆီး အရေးယူခဲ့သည်။

ဗိုလ်မှူးချုပ် သိန်းဆွေနှင့် ဗိုလ်မှူးကြီး ခင်အောင် အပါအဝင် တပ်မတော် ထောက်လှမ်းရေး အရာရှိကြီး ၃၈ ဦးကို အကျင့်ပျက် ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂၀ မှ နှစ် ၁၀၀ ကျော် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းများကို ဖွဲ့စည်း ခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

ယင်းနောက်ပိုင်းတွင် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ကို ဖျက်သိမ်းပြီးနောက် စစ်ဘက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (စရဖ) နှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထူးသတင်းတပ်ဖွဲ့ (Special Branch)၊ အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့ကို ထောက်လှမ်းရေးအတွက် အသုံးရန် ပြန်လည် ဖွဲ့စည်းခဲ့ကြောင်း အထူးသတင်းတပ်ဖွဲ့(Special Branch) တာဝန် ထမ်းဆောင်နေသူ တစ်ဦးကဆိုသည်။

ယင်းအဖွဲ့များ ရှိနေခြင်းကြောင့် ထောက်လှမ်းရေးတပ်ဖွဲ့ နောက်တစ်ဖွဲ့ကို ထပ်မံ မဖွဲ့သင့်ကြောင်း နိုင်ငံတော် လုံခြုံရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ရှိနေသောကြောင့် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ ဖွဲ့ရန် မလိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး အမျိုးသား ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးမှုကို ခံခဲ့ရသူ ဦးမြအေးက ဆိုသည်။
“အမျိုးသား လုံခြုံရေးအတွက် အဖွဲ့အစည်း တစ်ခုကတော့ ရှိသင့်ပါတယ်။ ဒါပေမဲ့ အခုလည်း တပ်မတော်နဲ့၊ ရဲတပ်ဖွဲ့ ရှိနေတာပဲ။ တပ်မတော် ထောက်လှမ်းရေး ဆိုတဲ့အဖွဲ့က ဒီနိုင်ငံမှာ ကောင်းကျိုး သိပ်ပေးတာ မဟုတ်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ၎င်း၏ အမြင်ကို ပြောပြသည်။

မြန်မာနိုင်ငံတွင် အစိုးရ အဆက်အဆက် ထောက်လှမ်းရေး တပ်ဖွဲ့များ ဖွဲ့စည်း ခဲ့သော်လည်း လာဘ်စားမှုများ၊ နိုင်ငံရေးတွင် ဝင်ရောက် နှောင့်ယှက်မှု များကြောင့် ပြန်လည် ဖျက်သိမ်းခဲ့ရကြောင်း၊ ထိုအခြေအနေတွင် ပြည်သူများ အပေါ်သာ ဝန်ပိလာပြီး ထောက်လှမ်းရေး ကြောက်ရသော အခြေ အနေဖြင့် နေထိုင်ခဲ့ရကြောင်း ၎င်းကဆိုသည်။
“လွတ်လပ်စွာ လှုပ်ရှားနေတဲ့ ဒီမိုကရေစီ ပြောင်လဲရေးကို ထိခိုက်လာနိုင် တယ်” အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ မှတ်ချက် ပြုသည်။

မြန်မာနိုင်ငံတွင် စစ်ဘက် အရပ်ဘက် ထောက်လှမ်းရေး အဖွဲ့အစည်းများ မဖြစ်မနေ ထားရှိရမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများကို ဒီမိုကရေစီ ဖခင်နိုင်ငံကြီးများဖြစ်သော ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု တို့တွင်လည်း ထားရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ထောက်လှမ်းရေး တပ်ဖွဲ့များကို အခြေခံဥပဒေတွင် ဖော်ပြထားသော နိုင်ငံသားများ မူလအခွင့်အရေး များကို မထိခိုက်စေဘဲ နိုင်ငံတော် လုံခြုံရေးကို လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ယင်းသို့ ထောက်လှမ်းရေး အဖွဲ့များက နိုင်ငံသားများ၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ လုပ်ဆောင်မည်ဟု ဆိုသော်လည်း လောလောဆယ်တွင် လွှတ်တော် ကိုယ်စားလှယ်များကိုပင် အသေးစိတ် မျက်ခြည်မပြတ် ထောက်လှမ်း နေသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
“တကယ် သူတို့အနေနဲ့ Reform (ပြုပြင်ပြောင်းလဲရေး) လုပ်နေတာ မှန်တယ်ဆိုရင် သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေက တရားဝင် ကြေညာရမယ်။ ပြည်သူတွေ အကြောက်အရွံ့ မရှိဘဲသွားလာ လှုပ်ရှားနိုင်အောင်လို့” ဟု ၎င်းက မှတ်ချက်ပြုသည်။

အမျိုးသား လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတွေ ထပ်ဖွဲ့သင့် မဖွဲ့သင့်ဆိုသော အချက်ကို လက်နက်ကိုင် အဖွဲ့အစည်းများ၊ အတိုက်အခံ အဖွဲ့အစည်းများ တောင်းဆိုနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုနှင့် ချိတ်ဆက် စဉ်းစားရန် လိုအပ်မည် ဖြစ်ပြီး ကမ္ဘာ့ ထိပ်တန်း ဒီမိုကရေစီ နိုင်ငံများ၏ ထောက်လှမ်းရေး အဖွဲ့အစည်းများသည် အရပ်ဘက် အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ အောက်တွင်သာ ရှိကြောင်း မြန်မာ့နိုင်ငံရေး သုံးသပ် ဆောင်းပါများ ရေးသားနေသူ နေသန်မောင်က သုံးသပ်သည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မှ စစ်မှန်တဲ့ အရပ်ဘက် အစိုးရတစ်ခုအဖြစ် ရပ်တည်လာနိုင်မှာ။ အဲ့ဒါမှလည်း အရပ်ဘက် အစိုးရ အဖွဲ့ရဲ့ အရပ်ဘက်အစိုးရ အရာရှိတွေ လက်အောက်မှာရှိတဲ့ ထောက်လှမ်းရေး တစ်ရပ် ဖြစ်လာနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

လက်ရှိ ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ လုံခြုံရေးဆိုင်ရာ စွမ်းဆောင်ရည်မှာ အားနည်းလျက် ရှိကြောင်း ပဋိပက္ခများ ဗုံးကွဲမှုများကို စုံစမ်း ထောက်လှမ်းနိုင်မှု မရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် အခု ထောက်လှမ်းရေးတွေက လုံခြုံရေးအတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်သေးဘူး။ အချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှုတွေလည်း မတွေ့ရဘူး” ၎င်း၏ အမြင်ကိုရှင်းပြသည်။
မည်သို့ပင် ဖြစ်စေကာ အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ ပြန်ဖွဲ့သင့် မဖွဲ့သင့်ကို လွှတ်တော် ကိုယ်စားလှယ်များ အကြားတွင်ပင် သဘောထား မတူညီမှုများ ရှိနေသေးသည်။

သို့သော် နိုဝင်ဘာလအတွင်း ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က နိုင်ငံတော် လုံခြုံရေးနှင့် အကြမ်းဖက်မှု အန္တရာယ်မှ ကာကွယ်ရန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ပြန်ဖွဲ့သင့်ကြောင်း အဆိုတင်သွင်း တင်ခဲ့ပြီး ယင်းအဆိုကို တိုင်းဒေသကြီး အစိုးရမှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ပြောကြား ခဲ့သည်။

ထိုကြောင့် ထောက်လှမ်းရေးအဖွဲ့ ပြန်ဖွဲ့မည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး ယခင် အစိုးရကဲ့သို့ အတိုက်အခံများ၏ လှုပ်ရှားမှုကို ‘နံရံတိုင်းတွင် နားများ ရှိနေသကဲ့သို့’ စုံစမ်းထောက် လှမ်းနေမည်ကို လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် အတိုက်အခံ ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများအကြား အတိတ်၏ အရိပ်မည်း ရှိနေသေးသည်။

“မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေရဲ့ Image (ပုံရိပ်) က တော်တော်ကြီးကို ပျက်နေပါတယ်။ ထောက်လှမ်းရေး ဆိုတာနဲ့ အစိုးရ ဆန့်ကျင်သူ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လွတ်လပ်စွာ လှုပ်ရှားသူတွေကို ဖမ်းဆီး နှိမ်နှင်းတဲ့ သူတွေလို့လည်း ပြည်သူအများစုက မြင်ကြတယ်” ဟု နေသန်မောင်က ဆိုသည်။
Credit To The Voice Weekly
Read More »