သန်းစိုး (ဘောဂဗေဒ)
နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ကျင်းပသွားတဲ့ ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်က သမ္မတဦးသိန်းစိန်ရဲ့ အဖွင့်မိန့်ခွန်းမှာ နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးလိုတဲ့ အဖွဲ့ အစည်းများက မိမိနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အစီအမံများကို ဦးစားပေးကဏ္ဍ (Priority Sector) နှင့် ဦးစားပေးနယ်မြေ (Priority Area) တို့ကို သိရှိလိုကြတဲ့ အတွက် ယခုကဲ့သို့ ဖိုရမ်များကို ကျင်းပဆောင်ရွက်ရခြင်း ဖြစ်တယ် လို့ ပြောကြားသွားတာဟာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေး ဖိုရမ်တွေပြုလုပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ သိရှိဖို့ လိုအပ် ပါလိမ့်မယ်။
၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွေ ကျင်းပနေခဲ့တာ ယခု မြန်မာနိုင်ငံအပါအဝင် ငါးကြိမ်ရှိသွားပါပြီ။ ၂၀၁၃ ခုနှစ်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွေကတော့ ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့မှာ ကျင်းပတဲ့ နှစ်ပတ်လည် အစည်းအဝေးနဲ့ စတင်ခဲ့ပါတယ်။ များသောအားဖြင့် ကတော့ ဒါးဗိုစ်မြို့ဟာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွေ ပုံမှန်ကျင်းပတဲ့မြို့ ဖြစ်သလို ဒေသဆိုင်ရာအလိုက် စီးပွားရေး ဖိုရမ်တွေကိုလည်း ဦးဆောင် ကျင်းပပေးတဲ့ အဖွဲ့အစည်း ရုံးစိုက်ရာ လည်း ဖြစ်ပါတယ်။ ဒါးဗိုစ်မှာ ကျင်းပတဲ့ပွဲကတော့ နိုင်ငံတကာ အသိပညာ ရှင်တွေ၊ သမ္မတ၊ ဝန်ကြီးချုပ်စတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ အနုပညာ နယ်ပယ်ကလူတွေ၊ နိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်းကလူတွေ၊ ဘဏ်နှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ၊
၂၀၁၃ ခုနှစ် ဧပြီလ ၇ ရက်မှ ၈ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘူကားမြို့ မှာ Strategic Dialogue on the future of the South Caucasus and Central Asia ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒုတိယပွဲ ဖြစ်ပါတယ်။ အဓိကတော့ ဗဟိုအာရှနိုင်ငံတွေနဲ့ ကော့ကေးဆပ် နိုင်ငံတွေရဲ့ အနာဂတ် ရွေးချယ်မှု အတွက် မဟာဗျူဟာ ဆွေးနွေးပွဲလို့ ခေါင်းစဉ် တပ်ထားတာကြောင့် ဒေသ တွင်းဆိုင်ရာ ဗဟိုပြုတဲ့ ဆွေးနွေးပွဲလို့ သုံးသပ်လို့ရပါတယ်။ အဲဒီပွဲမှာ အကြောင်းအရာပေါင်း ၁၂ ခုထိ ဆွေးနွေးခြင်း၊ စာတမ်း တင်ခြင်းတို့ကို တွေ့ ရပါတယ်။ များသောအားဖြင့် နိုင်ငံတကာ စီးပွားရေး ခန့်မှန်းချက်နဲ့ အလား အလာများ၊ ဒေသတွင်း စီးပွားရေးစိန်ခေါ်ချက် အလားအလာများ ၊ နိုင်ငံ တစ်ခုချင်းရဲ့ စီးပွားရေးတိုးတက်မှုများ၊ စီးပွားရေး နယ်ပယ် အလိုက် ဆွေးနွေးမှုများ၊ အကြောင်းအရာတွေကို များသော အားဖြင့် ဆွေးနွေးကြတာ ဖြစ်ပါတယ်။
တတိယအကြိမ် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက် မှ ၂၅ ရက်နေ့အထိ လက်တင်အမေရိက နိုင်ငံများထဲက ပီရူးနိုင်ငံ လီမာမြို့မှာ ဖွံ့ဖြိုး တိုးတက်မှုတွန်းအား၊ လူမှု အဖွဲ့အစည်းကို အားပြုဖန်တီး (Delivering Growth, Strengthening Societies) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ စီးပွားရေး တိုးတက်မှုနဲ့အတူ ဒေသတွင်း ဘက်ညီဖွံ့ဖြိုးမှုနှင့် ဒေသခံ လူထုအပေါ် ကျခံ သုံးစွဲပေးရမယ့် လူမှုအရင်းအနှီးများကို အစိုးရ၊ အရပ် ဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍ သုံးဖက်စလုံးက လက်တွဲ ညီညီ ဖော်ဆောင် ပေးရမယ်လို့ ဆိုထားပါတယ်။ အဓိက ပြောပြချင်တာ ကတော့ စီးပွားရေး တိုးတက်မှုနဲ့အတူ ဒေသရဲ့ လူမှုရေးကဏ္ဍတွေမှာ ကျခံ သုံးစွဲရမယ့် ကုန်ကျစရိတ် များအပေါ်မှာ အဲဒီအဖွဲ့ သုံးခုစလုံးက တာဝန် ယူပေးရမယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ နောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ အဆိုပါ Cooperative Social Responsibilities ဘာသာရပ်ဟာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာတာကို တွေ့ရတယ်။ ဆွေးနွေးပွဲမှာ အကြောင်းအရာ ခေါင်းစဉ် ၃၂ ခုထိ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းတို့ကို တွေ့ရပါတယ်။
၂၀၁၃ ခုနှစ်အတွင်း မေလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ စတုတ္ထအကြိမ် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို အာဖရိကတိုက် တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့မှာ အာဖရိက ကတိကဝတ်များအတွက် မောင်းနှင်အား (Delivering on African’s Promise) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါ တယ်။ အဆိုပါ ခေါင်းစဉ်အောက်မှာပဲ ပြန့်ကျဲနေတဲ့ စီးပွားရေး အတွက် ပြန် လည် စုစည်းခြင်း၊ စီးပွားရေးဆိုင်ရာ ကျောထောက်နောက်ခံ များကို မဟာဗျူဟာ ကျကျ မြှင့်တင်ရေး၊ အာဖရိက talent များ အတွက် တံခါး ဖွင့်ထားရေးဆိုတဲ့ မူ သုံးခုအပေါ်မှာ ဦးတည် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ စီးပွားရေး ဖိုရမ်မှာ ပုံမှန် တွေ့ရတာကတော့ အမျိုးသမီး တန်းတူအခွင့်အရေး၊ Global Young Leader တို့အကြောင်းကို ထည့်သွင်း ဆွေးနွေးခဲ့တာက ထူးခြားတယ်လို့ ဆိုရမှာပါ။ ကိတ်တောင်းဖိုရိမ် မှာတော့ အကြောင်းအရာပေါင်း ၄၉ ခုအထိ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်း များကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ မကျင်းပမီ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်ကနေ ၂၆ ရက် နေ့ အထိ ပဉ္စမအကြိမ် ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကိုတော့ အလယ်အာရှလို့ ပြောလို့ ရမယ့် မြေထဲပင်လယ် နိုင်ငံများထဲက ဂျော်ဒန်နိုင်ငံ၊ ပင်လယ်သေ ဒေသမှာ ကျင်းပခဲ့ပါတယ်။ တောင်အာဖရိက ဒေသနိုင်ငံများ၊ အလယ်အာရှ နိုင်ငံ များနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုလွယ် ပြောင်းလွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများ (Advancing conditions for Growth and Resilience) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခြင်း ဖြစ်ပါ တယ်။ ဒေသတွင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ခေါင်းဆောင်များအပါအ၀င် တက်ရောက်သူပေါင်း ၉၀၀ ကျော်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ရေရှည် ရည်မှန်းချက်များနှင့် ရေတို ဦးစားပေးနယ်ပယ်များကို ဆွေးနွေးခြင်း၊ အကောင်အထည်ဖော်ခြင်း တို့ကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ထူးခြားတဲ့ အကြောင်းအရာတွေ ကတော့ လစ်ဗျားနိုင်ငံရဲ့ စီးပွားရေး အလားအလာ၊ အီရတ်နိုင်ငံ ပြန်လည် ထူထောင်ရေးဆိုင်ရာ အကြောင်းအရာ တို့ဖြစ် ပြီး ဒေသတွင်း စားသုံးသူ လူဦးရေသန်း ၃၆၀ အတွက် ဝန်ဆောင်မှုများနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များအပါအဝင် အကြောင်းအရာပေါင်း ၃၃ မျိုးအထိ ဆွေးနွေးခြင်း စာတမ်းဖတ်ခြင်းတို့ကို တွေ့ရပါတယ်။
ယခုတစ်ဖန် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကိုတော့ ဇွန်လ ၅ ရက်ကနေ ၇ ရက်နေ့အထိ နေပြည်တော် MICC ခန်းမမှာ သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာ ၂၃ ခုအထိရှိပြီး အထူးသဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လယ်ယာကဏ္ဍ၊ အလုပ်သမား အခွင့်အရေး တန်းတူညီ မျှမှု နှင့် မြန်မာ့ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အကြောင်းအရာတွေကတော့ လတ်တလော ဖြစ် ပျက်နေတဲ့ မြန်မာ့စီးပွားရေး နှင့် တိုက်ရိုက်ပတ်သက်တဲ့အတွက် စိတ်ဝင်စားစရာ ကောင်းမှာပါ။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာ ကတော့ ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပမယ့် မြန်မာ့ အနာဂတ် ဘာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးစိုးသိန်းတို့ရဲ့ Myanmar-What Future ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ့် အကြောင်းအရာကတော့ လူထုစိတ်အဝင်စား ဆုံးဖြစ်လာမှာပါ။
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ Call on Investors to Focus on How to Help Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွေမှာ အဆိုပါဖိုရမ်ဟာ နိုဘယ်လ် ဆုရ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း ပြောတာဖြစ် တာကြောင့် နိုင်ငံတကာ မီဒီယာများ အပါအဝင် နိုင်ငံတကာရဲ့စိတ်ဝင်စားမှု အများဆုံး ခံရတဲ့ ဖိုရမ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာ ကမ္ဘာ့စီးပွားရေး ဖိုရမ် ခုနစ်ကြိမ်ကို ဒေသဆိုင်ရာ အလိုက် ကျင်းပခဲ့ပါတယ်။ အာရှအတွက်ကတော့ မြန်မာနိုင်ငံဟာ အခုလို စောစောစီးစီးကျင်းပခွင့် ရတာဟာ အင်မတန် ထူးခြားတဲ့ ဖြစ်စဉ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။
ပထမနေ့မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အသေးစိတ် ပြောရရင် ပထမနေ့မှာတော့ စက်မှု လုပ်ငန်းဆိုင်ရာ အကြံပြု ဆွေးနွေးပွဲကို တစ်နေကုန် ကျင်းပမှာ ဖြစ်ပါတယ်။
ဒုတိယနေ့မှာတော့ 1) Vision for east Asia’s network future 2) the business mandate in Myanmar 3) Myanmar : what future 4) Sustainable energy for resilient growth 5) Pursuing the Asia Century 6) Taking ahead with Young Global Leaders-Business for Development 7) the Long-term view Partnering for a new vision for Agriculture 9) Asia’s New Narrative 10) Moving from a cash to Banked Economy 11) Fair Labor is Smart Business 12) Smart Health 13) Mapping Risks : An East Asia Context တို့ကို သက်ဆိုင်ရာ ခန်းမအလိုက် ကျင်းပမှာ ဖြစ်ပါတယ်။ ကျင်းပတဲ့ နေရာတွေကတော့ အဲဒီအစီအစဉ်ထဲမှာ ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။
နောက်ဆုံးနေ့မှာတော့ 14) Powering Growth through Strategic Infrastructure 15) Extracting Opportunities, Sustaining Livelihoods 16) From Social Protection to Financial Inclusion 17) Mainstreaming Gender 18) Taking Quantum Leaps with Technology 19) Chasing the Next Big Idea 20) Thinking ahead with Young Global Leaders – Inclusive Development 21) A Blueprint for Sustainable Tourism 22) Meet Myanmar Parliamentarians 23) Taking Myanmar to work ဆိုပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အကြောင်း စုံတာကို တွေ့ရပါတယ်။
ဖိုရမ်တွေ ကျင်းပတဲ့ နေရာမှာလည်း နေရာ ဒေသအလိုက် ကျင်းပသလို၊ သက်ဆိုင်ရာ နိုင်ငံအလိုက် အရေးကြီး Issues များကို ဆွေးနွေးကြတာ ဖြစ် ပါတယ်။ အခုပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကတော့ မြန်မာ့စီးပွားရေး အကြောင်း ပိုများပါတယ်။ သို့ပေမဲ့ လည်း မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ မလွဲမသွေ ပြုလုပ် အကောင် အထည်ဖော်ပေးရမယ့် အကြောင်းအရာ ကတော့ စီးပွားရေး ဖွံ့ဖြိုးမှု အသီး အပွင့်ကို ဒေသဆိုင်ရာအလိုက် တိုင်းရင်းသား ဒေသအလိုက်၊ အကျိုးတူ ခံစားခွင့် ရရှိရေး ဖြစ်ပါတယ်။
တိုင်းရင်းသား ဒေသတွေဟာဆိုရင် စီးပွားရေး ပုံသဏ္ဌာန် ဟာ ခေတ်နောက်ကျသလို၊ စီးပွားရေး အသီးအပွင့်ကို ရယူခံစားနိုင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေး အလုပ်အကိုင် လုပ်ငန်းပုံစံ နည်းပါးသလို စီးပွားရေး အသိပညာ ဗဟုသုတ နည်းပါးပါတယ်။ ဒီလို ဖြစ်နေတဲ့အတွက် အခုမြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ Regional Economic Development ဆန်တဲ့ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးသင့်တယ်လို့ အကြံပြု လိုပါတယ်။ မြန်မာပြည် စီးပွားရေး အခင်းအကျင်းဟာ တိုင်းရင်းသား ဒေသတွေမှာ တောက်လျှောက် နိမ့်ပါးနေတာ ယခု တိုင်အောင် ဖြစ်နေပါတယ်။
ခုဆိုရင် မဟာဗျူဟာ စီးပွာရေး အကွက်အကွင်းတွေကို ထုံးစံအတိုင်း ခရိုနီများက လက်ဝါးကြီး အုပ်သလို ဖြစ်နေတော့ တိုင်းရင်းသားဒေသတွေ မှာရှိတဲ့ စီးပွားရေး အခွင့်အလမ်းတွေ (ဥပမာ-တိုင်းရင်းသားဒေသတွင်းမှာ
အစိုးရသစ် လက်ထက်မှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ စီးပွားရေး လုပ်ငန်း များနှင့် သက်ဆိုင်သော ဆွေးနွေးပွဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစည်းအဝေးများမှာ အဖွင့်မိန့်ခွန်း ခြွေခဲ့တာဆိုတာ အခုဆိုရင် (၁၁)ကြိမ် ကျော်ပါပြီ။ အစိုးရသစ်ရဲ့ ဒုတိယ လုပ်ငန်းစဉ်ဖြစ်တဲ့ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး အစီအစဉ်ဟာ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် ၂၀၁၅ နှင့်အညီ ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်နှုန်း လျှော့ချမယ်ဆိုပြီး အကောင် အထည် ဖော်မယ်လို့ စီမံကိန်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ အစိုးရသစ်ရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်ဟာ တိုင်းရင်းသားဒေသတွေမှာ ဟန်ချက်ညီညီ စီးပွားရေးတိုးတက်ဖို့ အထောက်အကူပြုတယ် ဆိုပေမယ့် အခုချိန်ထိတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေမှာ သီးခြားအစီအစဉ်နဲ့ အကောင် အထည်ဖော်မှုတွေဟာ အားနည်းလွန်းနေပါတယ်။ တိုင်းရင်းသားအရေး ဟာ နိုင်ငံရေးမှ ကင်းလွတ်ပြီး တိုင်းရင်းသားဒေသများ စီးပွားရေး လုပ်ငန်းငယ်များ ဖော်ဆောင်ရေး ဖွံ့ဖြိုးရေးစီမံကိန်းကတော့ အထူး လိုအပ်နေပါတယ်။
စောစောက သမ္မတပြောတဲ့ စီးပွားရေး ဖိုရမ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲ့ ဦးစားပေး ကဏ္ဍ (Priority Sector) နဲ့ ဦးစားပေး နယ်မြေ (Priority Area) တို့ကို သိရှိလိုကြတဲ့အတွက် ဖိုရမ်များ ကျင်းပရခြင်း
ဆိုတဲ့ မူနှင့် ကွဲလွဲမှာကို စိုးရိမ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဒေသဆိုင်ရာ အကြောင်းအရာတွေ ဘယ်လောက် ပါသလဲဆိုတာတွေ၊ ဒေသဆိုင်ရာက လူတွေ ဘယ်လောက် အကျိုးရှိနိုင်မလဲ ဆိုတာတွေကို သမ္မတ မိန့်ခွန်းနှင့် ထောက်ပြရမှာ ဖြစ်ပါတယ်။
Credit To The Voice Weekly
Post a Comment