သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းအပေါ် သုံးသပ်ချက်
သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နေပြည်တော်မှာ ဌာနဆိုင်ရာ အုပ်ချုပ်မှု နဲ့ ဆိုင်တဲ့ မိန့်ခွန်းပြောကြားရာမှာ သူတို့ အစိုးရရဲ့ အချို့ နေရာ ဒေသ ဌာနတွေမှာ အစိုးရ အောက်ခြေ၀န်ထမ်းတွေဟာ လူထု နဲ့ ဆန့် ကျင်ပြီး အဂတိ လိုက်စား၊ လဒ်ပေး လဒ် ယူတာတွေ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
အားလုံးသိပြီးသားကို မြန်မာအစိုးရ အကြီးအကဲ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ပထမ ဆုံး ပရိသတ်ရှေ့ ၀န်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။
မိန့်ခွန်း နားထောင်ရတာတော့ ဘုရားတရားနာရသလိုပဲ နားထောင်လို့ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုတာ ဘာသာတရား လိုက်နာသလိုမျိုး နောက်ဘ၀ အကျိုးဆက်နဲ့ ကုသိုလ်ကံ အကြောင်း မပါတော့၊ လူတွေ အနေနဲ့ မိန့်ခွန်း တခု ကို ဘုရားတရားလို လိုက်နာဖို့ မလွယ်ပါ။ နိုင်ငံရေး မှာ စနစ် ကသာ အဓိက အလုပ်လုပ်တာပါ။ ပိုဆိုးတာက မိန့်ခွန်းပြောနေတဲ့ လူပုဂ္ဂိုလ် ကိုယ်တိုင် ပြည်သူ နဲ့ အောက်ခြေ၀န်ထမ်းတွေ အမှန်အကန် ရွေးချယ်ထားသူ မဟုတ်လို့ပါ။
အောက်ခြေ၀န်ထမ်း၊ ဆိုတဲ့ နေရာမှာ ရပ်ရွာ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးများ အပါအ၀င် ကို ဆိုလိုခြင်း ဖြစ်တယ်လို့ ယူဆပါတယ်။
သမ္မတကြီး အနေနဲ့ ပြဿနာ တခုကို မြင်ထားတယ် ဆိုတဲ့ သဘောကို ပြောလိုက်ခြင်းလဲ ဖြစ်ပါတယ်။
ဒါပေမယ့်....
အဲဒီ ပြဿနာ သည် ဘယ်လို အကြောင်းကြောင့် ဖြစ်ပေါ်လာရသနည်း? ဆိုတာတော့ ထည့်သွင်း ပြောကြားသွားခြင်း မရှိပါ။
တချို့ ဖေစ်ဘွတ် ပေါ်မှာ ကောမ်မန့် ပေးထားတာကတော့ လစာ မလောက်လို့ အဂတိ လိုက်စား ရခြင်း ဖြစ်တယ် လို့ အများပိုင်း ထောက်ပြကြပါတယ်။ မှန်သင့် သလောက်လဲ မှန်ပါတယ်။
သို့သော်... ပြဿနာ ဇစ်မြစ်ဟာ လစာ မဟုတ်ပါ။ မြန်မာ နိုင်ငံထက် လစာ အများကြီး ပေးထားတဲ့ ဂဒါဖီ အစိုးရ နဲ့ ဆီးရီးယား အာဆတ် အစိုးရ လို အထက်အောက် အုပ်ချုပ်ပုံ နိုင်ငံတွေမှာလဲ အဂတိ လိုက်စားမှု ရှိနေတယ် ဆိုတာပါပဲ။
ဂဒါဖီ အစိုးရ ဆိုလျှင် အစိုးရ ၀န်ထမ်းတွေကို လောက်ငှယုံတင် မက နေရာထိုင်ခင်း နဲ့ ကျန်းမာရေး၊ လူမှုရေး အာမခံ ချက် တွေတောင် ပေးထားပါသေးတယ်။ သို့သော် အဂတိ လိုက်စားမှု မှတ်တမ်းမှာ ကမ္ဘာ့ထိပ်ဆုံးက ချိပ်စမြဲပါ။
ဘာ့ကြောင့်လဲ...
ပညာရှင်တွေရဲ့ အဆိုအရ.....
ကောင်းမွန်တဲ့ အစိုးရ ဖြစ်လာဖို့ အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်မဲ့ အကောင်းဆုံးနည်းလမ်းဟာ ပြည်သူတွေကို ပါဝင်ခွင့် (Public Participation) ပေးဖို့ပါ။ ထိုသို့ ပါဝင်ခွင့် ဆိုတဲ့ နေရာမှာ တိုင်ချက်ဖွင့်လို့ ရအောင် ဖုန်းနံပါတ် ပေးထားခြင်းကို ပြောတာ မဟုတ်။ အဲဒီ ၀န်ထမ်းတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ်နိုင်တဲ့ စနစ် တခု တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။ အဲဒါကတော့ ဗဟိုချုပ်ကိုင်မှု စနစ်ကို လျှော့ချ ပြီး ဒေသန္တရ အစိုးရ တွေကို လုပ်ပိုင်ခွင့် အာဏာ များများ အပ်နှင်းဖို့ နဲ့ ပြည်သူတွေကို သူတို့ နဲ့ ထိတွေ့ ဆက်ဆံမဲ့ အောက်ခြေအဆင့် ဒေသန္တရအာဏာပိုင် များကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် ခန့်ထား ရေး ပင် ဖြစ်ပါတယ်။
၂၀၀၈ အခြေခံ ဥပဒေ လို နေပြည်တော် သမ္မတ အနေနဲ့ လုပ်ပိုင်ခွင့်တွေကို သိမ်းကျုံးယူထားတဲ့ စနစ်နဲ့ ဘယ်လိုမှ သမ္မတကြီး ပြောတဲ့ ပြဿနာ တွေကို လက်တွေ့ ဖြေရှင်းလို့ မရပါ။
လူ ဆိုတာ ကိုယ့်ကို အာဏာပေးထားတဲ့ လူတွေရဲ့ စကား၊ အမိန့်၊ မျက်နှာပဲ ကြည့်တတ်တာ သဘာဝပါ။ နေပြည်တော် အစိုးရ အနေနဲ့ အာဏာပေးထားရင် နေပြည်တော် အစိုးရ အဖွဲ့ဝင်တွေ ရှေ့မှာသာ ကောင်းအောင် လုပ်ပြမယ်။ သမ္မတ ရှေ့မှာတော့ ဖင်ကုန်းခိုင်းရင်တောင် ငြင်းမှာ မဟုတ်ပါ။
ဒါပေမယ့် တကယ်တမ်း နေ့စဉ်ထိတွေ့နေတာက ဒေသခံ ပြည်သူတွေနဲ့ပါ။ နေပြည်တော် အစိုးရ ဟာ ဒေသန္တရ အစိုးရ အဖွဲ့တွေနဲ့ အချိန်တိုင်း နေနိုင်တာ မဟုတ်။ ကျန်တဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ပြည်သူတွေကို ရှိတယ်လို့တောင် ထင်မှာ မဟုတ်ပါ။
ဒေသခံ ပြည်သူတွေက အာဏာပေးထားရင် ဒေသခံ ပြည်သူတွေရဲ့ မျက်နှာ ကြည့်လာမှာ အမှန်ပါ။ ဒါက အလွယ်ဆုံး သဘောတရားပါ။
ဒီတော့... သမ္မတ ကြီးအနေနဲ့ ပြဿနာကိုပဲ ထောက်ပြ မနေပဲ.. လက်တွေ့ဆံတဲ့ အပြောင်းအလဲ ကို လုပ်ပြဖို့ စောင့်နေပါတယ်။
၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်ပြီး ဗဟိုချုပ်ကိုင်မှု စနစ်ကို လျှော့လိုက်ပါ။ ပြည်တွင်း ငြိမ်းချမ်းရေးလဲ အမှန်တကယ် ဖြစ်လာမှာပါ။ ဒါကို ဖက်ဒရယ် လို့ ခေါ်ပါတယ်။
Credit: Lachid Kachin
Read More »
မြန်မာ့တပ်မတော်၏ ရာဇသံအကျိုးရလဒ်
မြန်မာ့တပ်မတော်သည် KIA အမြစ်ပြတ်ချေမှုန်းရေး
အတွက် အားသွန်ခွန်စိုက်စီမံချက် ချမှတ်ဆောင်ရွက်
လျက်ရှိသည်။ မြန်မာ့တပ်မတော်ကKIAကိုဒီဇင်ဘာလ
(၂၅)ရက်နေ့တွင် နောက်ဆုံးရက်သတ်မှတ်ကာ နောက်
ဆုတ်သွားရန် ရာဇသံပေးထားခဲ့သည်။ ထိုရက်မတိုင်မီ
ကပင် မြန်မာအစိုးရတပ်ဖွဲ့က KIA ကို ထိုးစစ်ဆင်တိုက်
ခိုက်ခဲ့သည်။ ဒီဇင်ဘာလ(၁၉)ရက်ခန့်မှစတင်ကာ စစ်
ဆင်ရေးပြင်ဆင်မှု၊ စစ်ကြောင်းပို့လွှတ်မှု တို့ကို အရှိန်မြှင့်
ဆောင်ရွက်လာခဲ့သည်။ KIA ၏ ရှေ့တန်းစခန်းငယ်ကိုပင်
လက်နက်ကြီးဖြင့် ပစ်ခတ်မှု သာမက၊ စစ်ရဟတ်ယာဉ်
(၂)စင်းဖြင့် (၂)ရက်ဆက်တိုက် လာရောက်ပစ်ခတ်တိုက်
ခိုက်ခဲ့သည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် မြန်မာ့တပ်မ
တော်သည် လူ၊ လက်နက်၊ ကျည်တို့ကို လိုသလောက်ဖြုန်း
ပြစ်ရန် စီမံချက်ချထားပြီ ဖြစ်ကြောင်း သုံးသပ်ရသည်။
မြန်မာ့လေတပ်သည်လည်း ဒီဇင်ဘာလတွင် တပ်ဖွဲ့၊
လက်နက်ခဲယမ်းများ ပို့ဆောင်ပေးခြင်းကိုသာ မကတော့
ဘဲ တိုက်ပွဲအတွင်းသို့ စစ်ရဟတ်ယာဉ်များ ပါဝင်ကူညီ
တိုက်ခိုက်ခဲ့သည်မှာ အကြိမ်အရေအတွက်များလာပြီ
ဖြစ်သည်။
မြန်မာ့တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်ဖြစ်သော
ယူဂူဆလပ်နိုင်ငံထုတ်(Soko G-4 Super Galeb) အမျိုး
အစား ဂျက်တိုက်လေယာဉ်(၄)စီး ကိုလည်း မြစ်ကြီးနား
လေတပ်စခန်းသို့ ပို့ဆောင်ပေးခဲ့သည်။ ယခုစစ်ဆင်
ရေးအတွက် စစ်ရဟတ်ယာဉ် သာမက၊ တိုက်လေယာဉ်
ကိုပါ အသုံးပြုရန် စီစဉ်လျက်ရှိနေပြီ ဖြစ်သည်။
ဒီဇင်ဘာလ(၂၇)ရက် မနက်(၁၀)နာရီခန့်တွင် ကင်း
ထောက် ဂျက်လေယာဉ်(၁)စီးသည် ဒေါ့ဖုန်းယန် –
နားလုံ- ခယါ – အောင်ဂျာယန် – နမ်ဆမ်ယန် –
ဂန်ဒေါ်ယန် ကို ဖြတ်သန်း၍ သတင်းထောက်လှမ်းနေ
ကြောင်း သိရှိရသည်။
ယခုကဲ့သို့ လေကြောင်းမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်
လာခြင်းသည်ကချင်အမျိုးသားလူထုတရပ်လုံးအတွက်
နိုင်ငံရေးအချိုးအကွေ့တစ်ခုခုဖြစ်စေရေး၊ နိုင်ငံရေးဆုံး
ဖြတ်ချက်တစ်ခုခုကို အလျင်အမြန်ချမှတ်စေရေးကို တွန်းအားပေးနေခြင်းပင်ဖြစ်တော့မည် ဖြစ်သည်။
နောင်ဖြစ်ပေါ်လာမည့်အကျိုးဆက်အတွက် မြန်မာနိုင်ငံ
သူ နိုင်ငံသားများက ပြစ်တင်ဝေဖန်ပြောဆိုမှုများသည်
အခါနှောင်းလာစေမည်ဖြစ်သည်။အပြစ်ဆို၊အပြစ်ဘို့စရာ
များ ပေါ်ပေါက်လာနိုင်သော်လည်း မြန်မာ့ တပ်မတော်၏
တွန်းအားပေးဖန်တီးမှု၏ အကျိုးရလဒ်ဟု သတ်မှတ်ရတော့
မည် ဖြစ်သည်။
မနောသန်းနိုင်
မြစ်ကြီးနား(၂၇ – ၁၂ – ၂၀၁၂)
Read More »
ကချင်အမျိုးသားတွေ တန်းတူညီမျှေ၇း တောင်းဆိုနေတာ မှားနေလို့ လား ?
ဗမာ့သတ်မတော်၊ ဗမာအမျိုးသားေ၇းဝါဒီများ၊ သိန်းစိန်အစိုး၇တို့  အနေဖြင့် ကချင်စစ်ပွဲကို လူမျိုးေ၇း စစ်သို့  ကူးပြောင်းအောင် မီဒီယာ၊သံတမန်၊ စစ်တပ် နည်းမျိုးစုံ အသုံးပြုကာ တိုက်ခိုက်နေကြ သော်လည်း အမှန်စင်စစ် ဤစစ်ပွဲသည် နိုင်ငံေ၇းစစ်ပပွဲပင်ဖြစ်သည်၊ နိုင်ငံေ၇း အယူအဆ စစ်ပွဲဟု ဆိုလျှင် ပို၍နီးစပ်သည်။
ဤစစ်ပွဲမှာ ဗမာသတ်မတော် မှစတင်တိုက်ခိုက်၇န်လို၍ ဖြစ်ပေါ်လာသော စစ်ဖြစ်သည်၊ ယခုအချိန်ထိ ကချင် ကျေးရွာများ ၇ာချီဖျက်ဆီးခံကြ၇ပြီ၊ အပြစ်မဲ့ ကချင်ပြည်သူများ ၇ာချီပြီး သတ်ဖြတ်၊ နှိပ်စက် ညှင်းဆဲ၊ မုဒိန်းကျင့်၊ ဖမ်းဆီး ခံကျ၇ပြီ။ ဤသို့ တဖက်သတ် ဗမာတပ်များ သတ်ဖြတ်အနိုင်ကျင့် နေသော အခြေအနေတွင် ဗမာလွတ်တော်၊ ဒီမိုကေ၇စီအင်အားစုများ၊ အတတ်ပညာရှင်များ၊ လူမှုေ၇း အသင်းအဖွဲ့ များ၊ ရုပ်စွဆုံး တိုင်း၇င်းအချို့  ပါးစပ်ပိတ်ထားကြသည်၊ အကယ်၍ KIA တပ်များ ဗမာ ကျေးရွာ ဗမာလူထုအပေါ် ဗမာ့သတ်မတော် ကဲ့သို့ ပြုမူလျှင် ဘယ်လိုအခြေအနေ တုန့် ပြန် လာနိုင်မည်ကို မေးစ၇ာပင် မလို သိနေသော အဖြေ ဖြစ်သည်။
၈၈၈၈ အေ၇းတော်ပုံသည် နိုင်ငံေ၇းပြဿနာဖြစ်သလို ၂၀၀၇ သံဃာတော်အေ၇း မှာလည်း နိုင်ငံေ၇း ပြဿနာ များဖြစ်ကြသော်လည်း ယခုထိ ဤနိုင်ငံေ၇းပြဿနာများ ပြေလည်လာနိုင်စ၇ာ အကြောင်း မရှိပါ။
အဘယ်ကြောင့်ဆိုသော် အနစ်(၆၀)ကျော် ဗမာ့သတ်မတော်နှင့် ဗမာအမျိုးသားေ၇းဝါဒီ တို့ ၏ တဇောက်ကန်း ပြုစုပျိုးထောင်ခဲ့သောစနစ် ၌ယဉ်ပါးနေပြီဖြစ်သော လူဦးေ၇မှာ ဗမာပြည်လူဦးေ၇၏ ၆၀% ခန့် ရှိနေသောကြောင့် ဖြစ်သည်။ ပြန်ဂျီးတွန်းယူဖို့ ဆိုတာ တော်တော်လေး မလွယ်တဲ့ကိစ္စပါ၊
သိန်းစိန်အစိုး၇ဟာ ပြုပြင်ပြောင်းလဲေ၇း ဆိုတဲ့ဟာကို ကြက်တူရွေးအော်သလို အာခေါင်ပေါက်အောင် အော်လည်းဘဲ ထူးမခြားနား ပါ၊ တပ်မတော် ကနိုင်ငံတော်၇ဲ့  အေ၇းကြီးတဲ့ အာဏာတွေကို ချုပ်ကိုင် နေသမျှ ကာလပတ်လုံး ဘယ်လို ဒီမိုကေ၇စီမျိုးမှ ထွန်းကားလာစ၇ာ အကြောင်းမရှိပါ၊ တပ်မတော် က နိုင်ငံတော်အာဏာကို ဆက်လက်ဆုပ်ကိုင် နေသမျှ ကာလပတ်လုံး ဥပဒေစိုးမိုးေ၇း ဆိုတာလည်း Monkey business ပါ၊ ပြီးတော့ ဦးပိုင်၇ဲ့  အာဏာလည်း ဆက်လက်ကြီးထွားနေအုံးမှာပါဘဲ၊ ဦးပိုင်ကြီးထွား နေ၇င် ပြည်တွင်းစစ်ဆိုတာ ကုန်ဆုံးသွားဖို့  မဖြစ်နိုင်တော့ဘူး .. ဘာကြောင့်ဆိုတော့ ဦးပိုင်ဟာ အစိုး၇ ထိန်းချုပ်မှု အောက်က ကင်းလွှတ်နေပြီး တပ်မတော် အတွက် လိုသလောက် လက်နက် ခဲယမ်းမီးကျောက် တွေကို ထုတ်လုပ်ပေးနေလို့ ပါဘဲ။ ဒီနေ၇ာမှာ ကြီးတော်နွားကျောင်း နေတာက ဗမာအမျိုးသားေ၇းဝါဒီတွေပါ .. အာဏာရှင်တစုကြောင့် တိုင်းပြည်လည်း ဖွတ်ဖွတ်ကျေခဲ့ပြီ ဗမာအမျိုးသား ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ မန္တလေး ၇တနာပုံ ဒေသဟာလည်း တရုပ်ပြည် နီးပါး ဖြစ်လုလု .. ဒါတောင်ခုထိ အဲဒီမျက်ကန်း ဗမာအမျိုးသားေ၇းဝါဒီတွေက ၇န်သူအစစ် ဘယ်သူမှန်း မသိကြသေးဖူး .. ၈၈၈၈အေ၇းတော်ပုံ တုံးကလည်း ပါကြလေ၇ဲ့ ၊ ၂၀၀၇ သံဃာ အေ၇းအခင်း တုန်းကလည်း ဆွမ်း၊ ကွမ်း၊ေ၇ချမ်း ကပ်ကြလေ၇ဲ့  .. ဟိုခုန် ဒီခုန် များတော့ ခေါင်းမူးကြပြီနဲ့  တူပါ၇ဲ့ ။
ကချင်တို့ ၇ဲ့ တော်လှန်ေ၇းဟာ ၈၈၈၈အေ၇းတော်ပုံနဲ့  တူသလို ၂၀၀၇သံဃာ အေ၇းအခင်း နဲ့ လည်း ဆင်ပါတယ်၊ အဓိကနိုင်ငံေ၇းပြဿနာပါ၊ ကချင်အမျိုးသားတွေ ၁၉၈၀ ခုနှစ်ကနေ အခုထိ တောက်ရှောက် တောင်းဆိုနေတာက တိုင်း၇င်းသားများ၇ဲ့  ကိုယ်ပိုင်ပြဌန်းခွင့်နဲ့  တန်းတူညီမျှေ၇းပါ၊ ၁၉၈၀-၈၁ အပစ်အခတ်၇ပ်စဲေ၇း လုပ်ကြတုန်းက အစိုး၇ကို KIA အဖွဲ့ အနေနဲ့  ခွဲထွက်ခွင့် မတောင်းဆို ခဲ့ပါဘူး၊ ယုတ်စွဆုံး KIA အဖွဲ့ ဖက်က အစိုး၇၇ဲ့  မဆလ စနစ်ကို ထောက်ခံပေးမယ် ကိုယ်ပိုင်ပြဌန်းခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ နိုင်ငံေ၇း ပြဿနာ ဖြေရှင်းမခံတဲ့ နေ၀င်းအစိုး၇က လက်နယ်ချဖို့ ဘဲ ဖိအားပေးတာကြောင့် အဲဒီငြိမ်းချမ်းေ၇း ပျက်ပြားခဲ့တယ်၊ တဖန် ၁၉၉၄ အပစ် အခတ် ၇ပ်စဲေ၇း စာချုပ်တုန်းကလည်း အစိုး၇ဖက်က ကတိတွေ အမျိုးမျိုးပေး နောက်ဆုံး KIA အဖွဲ့  ယုံပြီး အစိုး၇နဲ့  ပူးပေါင်းခဲ့ကြတယ်၊ ညောင်နှစ်ပင်ညီလာခံမှာ ကချင်ဖက်ကတင်ပြ ခဲ့တဲ့ ၁၉ချက်ဟာ ကချင်နိုင်ငံထူထောင်ဖို့ ဆိုတာ တခုမှမပါဘူး .. ကချင်အဖွဲ့  အနေနဲ့  ဘယ်တုန်းကမှ ခွဲထွက်ေ၇းကို မဆွေးနွေးခဲ့ကြပါဘူး၊ UNFC မှာခေါင်းဆောင်တာဝန်ယူပြီး တိုင်း၇င်းသားတွေ ဗမာပြည်ကနေ ခွဲထွက် ကြဖို့ ပေါ်လစီလည်း မဆွဲကြပါဘူး၊ ခွဲထွက်ေ၇းဆိုတဲ့ စကားဟာ အာဏာရှင်ကြီးတွေက ဦးနှောက်မှာ ကွမ်း(ယာ) ဘဲပြည့်နေပြီဖြစ်တဲ့ ဗမာအမျိုးသားေ၇းဝါဒီတွေနဲ့  စစ်ခွေးတွေကို ကျွေးနေတဲ့ အစာပါ၊ ဘယ်တိုင်း၇င်းသားဆီက အသံ မဟုတ်၇ပါဘူး။
အစိုး၇ဖက်က မီဒီယာအကူအညီနဲ့  ညစ်ပတ်တာနောက်တခု ရှိသေးတယ် .. နိုဝင်ဘာလဆန်း ရွှေလီ ဆွေးနွေးပွဲ KIA အဖွဲက ဗိုလ်ချုပ် ဂွမ်မော်မလာလို့  ဆိုတဲ့ဟာကြီးက ညဏ်မဲ့လွန်းပါတယ် တပ်ကိစ္စ ဆွေးနွေးဖို့  ဘယ်သူတွေ တက်ေ၇ာက်ကြမယ် ပြီးတော့ Agenda ကိုကြိုပြီးညှိကြ၇ပါမယ်၊ အောက်တိုဘာ (၂၈)၇က်ညအထိ KIA အဖွဲ နဲ့  KIO ငြိမ်းချမ်းေ၇းအဖွဲ့ အနေနဲ့  ဦးအောင်မင်းနဲ့  အဖွဲ့  လာကြမယ် ဆိုတာထက် ပိုပြီး မသိကြပါဘူး၊ KIO အဖွဲ့ ဖက်က ဦးအောင်မင်းပို့ ထားတဲ့စာ အတိုင်း သူတို့ ပြောပြောနေတဲ့ အလွတ်သဘော ဆွေးနွေးပွဲကြီးကို စိတ်ရှည်လက်ရှည် သွားထိုင်ပေးကြ ပါတယ်။(အလျဉ်းသင့်၇င် အဲဒီ ဦးအောင်မင်း၇ဲ့ စာကို ပြည်သူထံ ချပြလာပါလိမ္မယ်။ ဗိုလ်ချုပ် ဂွမ်မော် အနေနဲ့  ငြိမ်းချမ်းေ၇းအတွက် ပြည်နယ် အဆင့် ဗိုလ်မှူးကြီး သန်းအောင် နဲ့ တောင် တွေခဲ့တာဘဲ .. အကျိုးအကြောင်းညီ၇င် ဗဟိုအဆင့် စစ်ဖက်က ကိုယ်စားလှယ်တွေနဲ့  မတွေ့ စ၇ာ အကြောင်း မရှိနိုင်ပါဘူး .. မလိမ့်တပတ်နည်းနဲ့  ဆို၇င်တော့ ကချင်အမျိုးသားတွေ နားလည်နိုင် ကြမယ် မထင်ဘူး။)
ကချင်စစ်ပွဲဟာ သာမန်စစ်ပွဲ၊ လူမျိုးေ၇းစစ်ပွဲ လုံးလုံး မဟုတ်ပါဘူး .. အနှစ်(၆၀)ကျော် အာဏာစွဲ နေတဲ့ အာဏာရှင်နဲ့  တန်းတူညီမျှေ၇းအတွက် တိုက်နေတဲ့ စစ်ပွဲကြီးပါ၊ တကယ်လို့  ကချင် အမျိုးသားတွေ တိုက်ဖျက်ခံ၇၇င် တခြားဘယ်တိုင်း၇င်းသား အဖွဲ့ ကို ဆော်၇မလဲ .. တိုင်း၇င်းသားတွေ၇ဲ့  တန်းတူညီမျှေ၇း ဆိုတာ နစ်ရှည် တိတ်ဆိတ် သွားနိုင်ပါတယ်။ စစ်အာဏာရှင်တွေ၇ဲ့  အောင်ပွဲ နောက်မှာ ဓီမိုကေ၇စီ ဆိုတဲ့ အိပ်မက် လုံးလုံးမရှိပါဘူး။
နောက်လက်ရှိစိုး၇ိမ်စ၇ာကောင်းတဲ့ အခြေအနေ တခုက ဒီမိုကေ၇စီခေါင်းဆောင်၇ဲ့  ပြည်သူဖက်က ၇ပ်တည်မှုအခြေအနေဘဲ .. သီအို၇ီ ဘယ်လောက် ကောင်းကောင်း လက်တွေ့ မပါ၇င် အလုပ် မဖြစ်ဘူး၊ တ၇ားဥပဒေစိုးမိုေ၇း ဆိုတာ တ၇ားဥပဒေ ချိုးဖေါက်သူကို အေ၇းမယူနိုင်ဘဲ ကောင်းလာ နိုင်ပါ့မလား .. တိုင်းပြည်အတွက် ဘာကောင်းတာ တခုမှ မလုပ်ခဲ့တဲ့ စစ်အုပ်စုနဲ့  အနှစ်(၆၀) စွဲကိုင်ခဲ့တဲ့ အဲဒီ Ideology ကို မတိုက်ဖျက်နိုင်သမျှ ကာလပတ်လုံး ငြိမ်းချမ်းသာယာ ၀ပြောသော နိုင်ငံသစ်သို့  မေ၇ာက်နိုင်ပါ။
နိဂုံး အနေဖြင့်  ကချင်အမျိုးသားများနှင့် တိုင်း၇င်းသားတို့  ၏ ကိုယ်ပိုင်ပြဌန်းခွင့် နှင့် တန်းတူညီမျှေ၇း ဆိုတာကို တောင်းဆိုနေတာ မှားသလား။
အညတြ ကချင်စစ်သည်ဟောင်း တစ်ဦး
28 December 2012
Credit:  Lachid Kachin Face Book Page
Read More »
အစိုးရတပ်မှလူနေရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ
ဂန်ဒေါ်ယန်ရှိ အမြောက်တပ်ရင်း(၃၇၀)သည် နမ်ဆန်ယန်
ကျေးရွာဘက်သို့ ၁၀၅ မမ (၂)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့
သည်။
ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်အမြောက်တပ်ရင်းမှ KIA တပ်
စခန်းများရှိရာ အဘက်ဘက်သို့ ၁၀၅ မမ (၄၇)ကြိမ် ပစ်ခတ်
တိုက်ခိုက်ခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် အရပ်သား(၁)ဦး
သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ကျဆုံးများ
-------------------
ဒီဇင်ဘာလ(၂၇)ရက် ည(၈)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ်
မလန့်ယန်(Ja Pu)ရွာအထွက်တွင် စစ်ဆင်ရေး လမ်းကြောင်း
ကို လာရောက်စစ်နေသော စစ်ယာဉ်(၅)စီးဖြင့် ရောက်ရှိလာ
သော တပ်ဖွဲ့တို့အား KIA တပ်ဖွဲ့မှ ပျောက်ကြားစနစ်ဖြင့်
ဟန့်တားတိုက်ခိုက်ရာ အများအပြား ထိခိုက်/ကျဆုံး ခဲ့
ကြောင်း သိရှိရသည်။
(MKN)
မြန်မာစစ်တပ်က လေကွဲမီးလောင်လက်နက်၊ဓါတုလက်နက်ဖြင့်အသုံးပြုKIA, အားတိုက်ခိုက်
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ
တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်
နက်ကြီးကို အသုံးပြုလာကြောင်း သိရှိရသည်။
ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ
တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော
မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊
၎င်းမှကွဲထွက်လာသော အစိတ်အပိုင်း များလည်း
ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး
တောက်လောင်၍ ကျဆင်းလာခဲ့သည်။ ၎င်း အပိုင်း
အစများထိမိသော အ၀တ်များ သစ်ရွက်ခြောက်များ
သည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှထွက်လာ
သော အငွေ့ကိုရှူရှိုက်မိသူများသည်အသက်ရှူကြပ်
လာကာ ခေါင်းမူးအော့အန်မှုများ ဖြစ်ခဲ့ကြောင်း
သိရှိရ သည်။
မြန်မာအစိုးရသည် တရားလွန်ကောက်ကျစ်စဉ်းလဲ
သော အပြုအမူများကို အစွန်းကုန်ထုတ်သုံး၍ ပြည်
တွင်းစစ် နှင့် မကိုက်ညီသောလက်နက်များကို အသုံး
ပြုနေပြီဖြစ်သည်။ အဆိပ်ဓါတ်ငွေ့ပါသော လက်နက်
များကို လွန်ခဲ့သည့်နှစ်များတွင်လည်း သွင်သွင်ကျယ်
ကျယ် အသုံးပြုကာ KIA တပ်စခန်းများကို သိမ်းပိုက်
ခဲ့ကြသည်။
(MKN)
 အစိုးရတပ် အမြောက်ဆံကျ၍ ကချင် အရပ်သား၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဌာနချုပ် အနီးသို့ ယနေ့ နံနက်ပိုင်းက အစိုးရတပ်ဖက်မှ ပစ်ခတ်သည့် အမြောက်ဆံ ကျရောက်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃ ဦးအနက် နှစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အသက် ၄၂ နှစ် အရွယ် လယ်သမား ဂျာဂျီ တူးဂျာ ဆိုသူဖြစ်ပြီး ၄င်းအား လိုင်ဇာ ဆေးရုံသို့ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
ကွယ်လွန်သူ၏ ဇနီးနှင့် ဆွေးမျိုးများ၏ ပြောဆိုချက်အရ လယ်ကွင်းထဲတွင် ကားပြင်နေစဉ် အနီးသို့ အစိုးရ စစ်တပ်ဘက်မှ ပစ်ခတ်သည့် အမြောက်ဆံ ကျရောက်ပေါက်ကွဲပြီး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူ ၃ ဦးတို့သည် ဖရဲသီးခင်းထဲတွင် ရှိနေကြစဉ် နောက်ထပ် အမြောက်ဆံ ကျရောက်ပေါက်ကွဲပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ကျောင်းဆရာမ၊ ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မလာမုန် ခိုင်လင်းမှာ ဒဏ်ရာအများအပြား ရရှိကြောင်း သိရသည်။ ဒေါက်တာ လာစန်း၏ အဆိုအရ မလာမုန် ခိုင်လင်းမှာ အရေးပေါ်သွေးသွင်းရန် လိုအပ်ကြောင်း၊ သို့သော် အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရသည်။
တတိယမြောက် ဒဏ်ရာရရှိပြီး ဆေးရုံ ရောက်လာသူ အမျိုးသားမှာ အသက် ၅၃ နှစ်အရွယ် မာရစ် မာဆန်း ဖြစ်ပြီး ခြေထောက်တွင် ဒဏ်ရာရှိကြောင်း၊ ခြေထောက်ဖြတ်တောက်ရန် လိုမလိုကို ရှင်းလင်းစွာ မသိရသေးကြောင်း ဒေါက်တာ လာစန်း က ဆိုသည်။
ထို့အပြင် အသက် ၅၃ နှစ်အရွယ် ဒေါ်လာမာလူးမှာလည်း ဒဏ်ရာ အသေးစား အနည်းငယ်ရရှိသည်ဟု သိရသည်။
ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများ အဆိုအရ ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ၁၀၅ မမ အမြောက်ဆံ ကျရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း KIA လိုင်ဇာ ဗဟိုဌာနချုပ် အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုမှ ဒေသခံများကို မိမိလုံခြုံရေးအတွက် ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ထားရန် အသိပေးထားသည်။
  Credit: Irrawaddy
Read More »
လီဒို လမ်းမကြီး ပြန်ဖွင့်ရန် အိန္ဒိယ ပြည်နယ်အစိုးရ တောင်းဆို
ledoroadနယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနှင့် မြန်မာနိုင်ငံအား ဆက်သွယ်ပေးနိုင်
သည့် သမိုင်းဝင် စတီးဝဲလ် Stilwell ခေါ် လီဒို Ledo လမ်းမကြီးကို
ပြန်လည်ဖွင့်လှစ်ရန် အိန္ဒိယဘက်မှ ဒေသခံ ပြည်နယ် အစိုးရက
တောင်းဆိုလိုက်သည်။
နယ်စပ်ကုန်သွယ်မှုများ ထူထောင်ကာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာ
စေရေးအတွက် ထိုလမ်းမကြီးအား အမြန် ပြန်ဖွင့်နိုင်ရန်
အရူနာချာပရာဒက်ရှ် Arunachal Pradesh ပြည်နယ် ဝန်ကြီးချုပ်
နမ် တူကီ Nabam Tuki က ကြာသပတေးနေ့က ဗဟိုအစိုးရအား
တောင်းဆိုလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
“အဓိပ္ပါယ်ပြည့်ဝတဲ့ အရှေ့မျှော်မူဝါဒအတွက် မရှိမဖြစ် လိုအပ်တာကတော့ ကုန်းမြေ ဆက်သွယ်မှုဖြစ်ပြီး ဒီလမ်းမကြီး ကို ပြန်ဖွင့်ခြင်းအားဖြင့် ဒေသတွင်းမှာ နည်းလမ်းအမျိုးမျိုးနဲ့ အကျိုးပြုစေပါလိမ့်မယ်” ဟု မစ္စတာ တူကီ က နယူးဒေလီတွင် ကျင်းပသည့် အမျိုးသား ဖွံ့ဖြိုးရေးကောင်စီ (NDC) အစည်းအဝေးတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လီဒို လမ်းမကြီးဟုလည်း ခေါ်ကြသည့် အဆိုပါ စတီးဝဲလ် လမ်းမကြီးကို ပြန်ဖွင့်ခဲ့ပါက နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း အပြင် နယ်စပ်ဒေသ အဖျက်အမှောင့် လှုပ်ရှားမှုများကိုလည်း ထိန်းချုပ်နိုင်ကာ သတင်းအချက်အလက် ပိုမိုစီးဆင်း
စေနိုင်ပြီး ပြည်သူချင်း ယဉ်ကျေးမှု ဆက်ဆံရေးများလည်း ပိုမိုအားကောင်းလာစေခဲ့မည်ဟု မစ္စတာ တူကီက
ထောက်ပြသည်။
အိန္ဒိယနိုင်ငံ၊ အာသံ Assam ပြည်နယ်၊ လီဒို Ledo မြို့လေးမှ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ကို ဖြတ်ကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ဆက်သွယ်ထားသည့် အဆိုပါ လမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များက
ဖောက်လုပ်ခဲ့ကြကြခြင်း ဖြစ်သည်။
တရုတ်ဖြူ ချန်ကေရှိတ်၏ အကြံပြုချက်အရ အမေရိကန် ဗိုလ်ချုပ်ကြီး ဂျိုးဇက် စတီးဝဲလ် အား ဂုဏ်ပြု၍ စတီးဝဲလ် လမ်းမကြီးဟု ၁၉၄၅ ခုနှစ်တွင် ပြောင်းလဲခေါ်ဝေါ်လာကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မပြုပြင်တော့ဘဲ ထားခဲ့သည့် ၁,၇၂၆ ကီလိုမီတာ အရှည်လမ်းမကြီးတွင် အများစုမှာ အသုံးပြုနိုင်သည့်အနေအထားတွင်ရှိပြီး မြန်မာပြည်တွင်းမှ ၁၆ဝ ကီလိုမီတာခန့်သာ ပြန်လည်ပြုပြင်ရန် လိုအပ်သည်ဟုဆိုသည်။
မြန်မာနိုင်ငံမှ မြစ်ကြီးနား-တနိုင်း-ပန်းလောင်း လမ်းပိုင်းအား ကျပ်သန်းပေါင်း ၂၅ဝ ကုန်ကျခံကာ ဖောက်လုပ်ပြင်ဆင် လျက်ရှိကြောင်း မြန်မာ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမအား နိုဝင်ဘာလတွင်းက ပြောဆို ခဲ့ဖူးသည်။
မြစ်ကြီးနား-ကန်ပိုက်တီး လမ်းပိုင်းကို တရုတ်အစိုးရမှ ၂ဝဝ၇ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ကျန်လမ်းပိုင်းဖြစ်သည့်
မြစ်ကြီးနား-တနိုင်းကို ယုဇနကုမ္ပဏီက လုပ်ကိုင်လျက်ရှိသည်။
အိန္ဒိယ အစိုးရဘက်မှမူ ထိုလမ်းမကြီးအား ၎င်း၏ ခွဲထွက်သူပုန်များ အသုံးချမည်ကို စိမ်းရိမ်လျက်ရှိသည်ဟုလည်း
ဝေဖန်သူများက ဆိုသည်။
(source-မဇ္ဈိမသတင်းဌာန)
Read More »
၂၆-၁၂-၂၀၁၂ နေ့ ပြောကြား သော သမ္မတ မိန့်ခွန်း
ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက် ခဲ့ပြီး ခေတ်စနစ်သစ် အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ အချို့ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ အတည်ပြုပြဋ္ဌာန်းရန် ပြင်ဆင်ဆဲဖြစ်ပါတယ်။ ခေတ်ဟောင်းစနစ်ဟောင်းက ခေတ်သစ်စနစ်သစ်ကို ကူးပြောင်းရာမှာ တွေ့ကြုံရလေ့ရှိတဲ့ အတွေ့အကြုံနည်းပါးမှု၊ အပြောင်းအလဲအတွက် ပြင်ဆင်ချိန်လိုအပ်မှုနဲ့ အခြားရင်ဆိုင်ဖြေရှင်းရတဲ့ အခက်အခဲတွေ မည်သို့ပင်ရှိစေကာမူ ယခုထိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ညင်သာချောမွေ့အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြတဲ့ လွှတ်တော်၊ အစိုးရ၊ တရားလွှတ်တော်၊ တပ်မတော်နဲ့ ပြည်သူတစ်ရပ်လုံးကိုရော၊ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းအသီးသီးကို အထူးကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
ယခင်အစိုးရက ပြည်သူများရဲ့ လိုအင်ဆန္ဒနဲ့အညီ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်တို့ကို ထူထောင်နိုင်ရန် လွှဲပြောင်းပေးခဲ့မှုအပေါ် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြေခံမူများနဲ့အညီ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ တနည်းအားဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတာဝန်ကြီးကို ပထမအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက်၊ ပါတီအသီးသီးနဲ့ရော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပါ၊ မတူတာတွေ ဘေးမှာထားပြီး၊ တူညီတဲ့သဘောထားတွေနဲ့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာကြောင့်၊ အထိုက်အလျောက် အောင်မြင်မှုရရှိနေသော်လည်း၊ အချို့နေရာတွင် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေလည်း ကျန်ရှိပါတယ်။ကျန်ရှိတဲ့လုပ်ငန်းတွေ အောင်မြင်ရေးနဲ့ ကျွန်တော်တို့အစိုးရ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများမှာ၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး၊ ပြည်သူတစ်ရပ်လုံး လက်တွဲပါဝင် ပူးပေါင်းပြီးဆောင်ရွက်ပေးကြပါလို့ နှိုးဆော်ပန်ကြားလိုပါတယ်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေဟာ ဒေသတွင်း အခြားနိုင်ငံများထက် နောက်ကျကျန်နေပြီး၊ ဆောင်ရွက်ရမယ့် လုပ်ငန်းပမာဏဟာ ကြီးမားကျယ်ပြန့်တဲ့အတွက်၊ ကာလတို၊ ကာလရှည် ဦးစားပေး အစီအမံတွေကို စနစ်တကျ ရေးဆွဲစီမံမှသာ၊ နိုင်ငံတော်နဲ့ပြည်သူတွေအတွက် ထိရောက်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေး အကြံပေးကောင်စီနဲ့ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ပူးပေါင်းဆွေးနွေးညှိနှိုင်းပြီး “စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်” ရေးဆွဲပြီးဖြစ်တဲ့ အတွက် ဒီနေ့ကျင်းပမယ့် စီမံကိန်းကော်မရှင် အစည်းအဝေးမှာ ဆွေးနွေး အတည်ပြုကြမှာ ဖြစ်ပါတယ်။
စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင် ညှိနှိုင်းရေးဆွဲနေစဉ် တစ်ပြိုင်တည်းမှာ စီးပွားရေးကဏ္ဍအလိုက် ပြုပြင်ရမယ့် မူဝါဒ၊လုပ်ငန်းစဉ်တွေကို ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးကလည်းကောင်း၊ ဒေသအလိုက် လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် မူဝါဒ၊ လုပ်ငန်းစဉ်တွေကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ပြည်သူများအပါအဝင် အလုပ်ရုံဆွေးနွေးပွဲများကျင်းပပြီး သဘောထားအကြံဥာဏ်များ ရယူခဲ့ကြပါတယ်။
အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနေစဉ်မှာပဲ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲခဲ့ကြပါတယ်။
ဒီလိုအချိန်တိုအတွင်း တစ်ခုပြီးမှတစ်ခု လုပ်ခြင်းမျိုးမဟုတ်ဘဲ ဆောင်ရွက်ရန်ရှိတဲ့ အလုပ်တွေကို တစ်ပြိုင်တည်း လုပ်ဆောင်နေသလို၊ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းရဖို့နဲ့ လူမှုစီးပွားရေးမှာ တိုးတက်စေမယ့် လုပ်ငန်းတွေကို တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိပါတယ်။
ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ငွေလဲနှုန်းနဲ့ ငွေကြေးကဏ္ဍ အပြောင်းအလဲမှာ မက်ခရိုစီးပွားရေး တည်ငြိမ်အောင် ဆောင်ရွက်ရင်း တစ်ဖက်က တိုင်းပြည်စီးပွားရေးမှာ အရေးပါတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုတိုးတက် ရရှိရေးအတွက် အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဇုန်နဲ့ စက်ရုံစုစီမံကိန်းများ၊ မြို့ပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်းများကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့ရာတွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးမှုနဲ့ ဈေးကွက်ဝယ်လိုအား ကျဆင်းနေခြင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှု အပြီးတိုင်ရုပ်သိမ်းရန် လိုအပ်နေခြင်း၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်ခံစားရခြင်း၊ စတဲ့ အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးနေတဲ့အတွက် လက်ရှိအခြေအနေကနေပြီး ပြည်သူတို့ရဲ့ လက်ရှိစီးပွားရေး သိသာထင်ရှားစွာ တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းနှိုးဆော် လိုပါတယ်။
ယခုလို နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ သာမန်စီမံရုံဖြင့် အလိုအလျောက် ဖြစ်ထွန်းတိုးတက်လာမှာ မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်မှသာ အောင်မြင်တိုးတက်မှာ ဖြစ်ပါတယ်။
လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု ထိရောက်အောင်မြင်ဖို့အစိုးရ အုပ်ချုပ်မှုယန္တရားရဲ့ စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ဖို့ လိုအပ်ပါတယ်။
နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ထွန်းတိုးတက်အောင် ကြိုးပမ်းရာမှာ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ အစိုးရအုပ်ချုပ်ရေးယန္တရား စွမ်းဆောင်ရည် ထိရောက်ထက်မြက်မှုအပေါ်မှာ မူတည်ပါတယ်။ ခေတ်စနစ်သစ်တစ်ရပ်ကို ပြုပြင်ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်ရာမှာလည်း ရှေးယခင် အတွေးအမြင် လုပ်နည်းအတိုင်း ဆောင်ရွက်လို့မရတော့ဘဲ ဒီမိုကရေစီကျင့်စဉ်နဲ့ လိုက်လျောညီထွေရှိမယ့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေးအမြင်များနဲ့ ကျယ်ကျယ် ပြန့်ပြန့် တွေးခေါ်မြော်မြင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အစည်း အနေနဲ့ရော၊ ပြည်သူများရဲ့ အခွန်ဘဏ္ဍာနဲ့ ပြည်သူ့ဝန်ကို ထမ်းဆောင်နေကြတဲ့ နိုင်ငံဝန်ထမ်း အားလုံးကို ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းတဲ့ အစိုးရ ( Good Governance, Clean Government ) ဖြစ်အောင် ကြိုးပမ်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ကိစ္စအဝဝမှာ ပြည်သူလူထု အတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ မှာကြား တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။
သို့ရာတွင် ပြည်သူလူထုနဲ့ ထိတွေ့နေတဲ့ ဌာနဆိုင်ရာနဲ့ မြို့နယ်၊ ရပ်ကျေး အဆင့်အထိ အဆင်မပြေမှု များစွာရှိနေတဲ့အပြင် အချို့နေရာဒေသ၊ ဌာနတွေမှာ -
ပြည်သူလူထု သဘောထားဆန္ဒနဲ့ ပြည်သူလူထုရဲ့ အသံကို နားမထောင်ဘဲ မတိုင်ပင်ဘဲ မိမိတို့သဘော အလျောက် ဆောင်ရွက်နေခြင်း၊
မိမိတို့ လုပ်ဆောင်မှုများ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိအောင် ချပြမှုမရှိခြင်း၊
ပြည်သူလူထုက သိလို၍ မေးမြန်းခြင်းနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက် တောင်းဆိုခြင်းများအပေါ် တာဝန်ယူဖြေရှင်းပေးမှု မရှိခြင်း၊
ကဏ္ဍအလိုက်၊ ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့ ဒေသန္တရအလိုက် ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနဲ့အညီ စီမံအုပ်ချုပ်လုပ်ကိုင်မှု မရှိခြင်း၊
ထိုသို့ ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နောက်ဆက်တွဲ အဂတိ လိုက်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခြင်း၊
အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ပြည်သူများအတွက် လျှင်မြန်ချောမွေ့မှုမရှိဘဲ နှောင့်နှေးကြန့်ကြာ၍ အခက်အခဲများ တွေ့ရှိနေခြင်း၊
စီမံခန့်ခွဲ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းနေခြင်း၊စတဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသောအစိုးရရဲ့ အင်္ဂါရပ်များ၊ အရည်အသွေးများ ချို့ယွင်းအားနည်းနေတာကို တွေ့ရှိရပါတယ်။ ထိုသို့ အားနည်းမှုများကြောင့် မြို့နယ်အဆင့်တွင် ပြည်သူနှင့် ထိတွေ့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများ၊ အချို့ဒေသတွင် ရပ်ကွက်ကျေးရွာအဆင့် အုပ်ချုပ်မှုကို ပြည်သူများက လိုလားနှစ်သက်ခြင်း မရှိသည့် အခြေအနေများ ပေါ်ပေါက်တာကို တွေ့ရှိရတဲ့အတွက် အောက်ခြေ ရပ်ကျေးအဆင့်မှ အထက် ပြည်ထောင်စုအဆင့်အထိ ပြုပြင်ပြောင်းလဲ သင့်သည်များကို ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်လာပါတယ်။
ဒါကြောင့် အစိုးရဌာနအဖွဲ့အစည်းများရဲ့ စီမံအုပ်ချုပ်မှုစနစ် တိုးတက် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ တတိယအဆင့် လုပ်ငန်းအဖြစ် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနဲ့အညီ ပြည်သူ့ဝန်ကို ဆောင်သော ပြည်သူ့ဝန်ထမ်းမျာြး ဖစ်အောင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှ ပြည်ထောင်စု အဆင့်အထိ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြောင်းလဲခြင်း လုပ်ဆောင်ရမှာဖြစ်သလို အစိုးရအဖွဲ့အစည်း ယန္တရားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲခြင်း ကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်၊ အမူအကျင့်၊ လုပ်ပုံလုပ်နည်းများ ပြင်ဆင်ရာမှာ ခေါင်းဆောင်မှုနေရာတွေမှာ တာဝန်ယူကြရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့်ကအစ ပြည်ထောင်စုဝန်ကြီး အဆင့်အထိ ခေါင်းဆောင်ကောင်းအင်္ဂါရပ်နဲ့ ညီညွတ်အောင် ပြုမူကျင့်ကြံ အားထုတ်ဖို့နဲ့ ပြည်သူတွေ အားကိုးယုံကြည် စိတ်ချရအောင်ကြိုးစားကြဖို့ ပြောကြားလိုပါတယ်။
ယခုပြုလုပ်လျက်ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများကို မိမိတို့ဝန်ထမ်းတစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန် လိုအပ်သကဲ့သို့ မိမိတို့ဝန်ထမ်းအဖွဲ့အစည်းအသီးသီး၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း အာရုံစိုက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
ဒီလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာမှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် တစ်ရပ်တွင် အစိုးရနဲ့ ပြည်သူ အပြန်အလှန် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှု ကောင်းဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မယ့် စီမံအုပ်ချုပ် လုပ်ကိုင်မှုကို ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြို့နယ်တစ်ခုမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ လူမှုရေး စီးပွားရေး လူထုလူတန်းစား ကိုယ်စားလှယ်ပါဝင်တဲ့ မြို့နယ်ကော်မတီ ဖွဲ့စည်းပြီးမြို့နယ်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရေးအရာကိစ္စ အရပ်ရပ်အတွက် မြို့နယ်ကော်မတီအောက်မှာ ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။မြို့နယ်ရဲ့ အရေးအရာကိစ္စအားလုံးကို မြို့နယ် ကော်မတီအစည်းအဝေးဖြင့် စုပေါင်းဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်းဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်သည့် စနစ်ဖြင့် ဖွဲ့စည်းပြင်ဆင် ဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ဒီလိုပဲ ခရိုင်ကော်မတီအဆင့်မှာလည်း အလားတူ ဆောင်ရွက်သွားစေမှာဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာအဆင့်မှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ခန့်ထားပြီးလျှင် အခြားရပ်ကွက်ကျေးရွာလူကြီးများ ရွေးချယ်ပူးပေါင်း ပါဝင်တဲ့ ရပ်ကွက်ကျေးရွာကော်မတီ ဖွဲ့စည်းပြီးစုပေါင်းဆွေးနွေး တိုင်ပင်ဆုံးဖြတ်၊ အကောင်အထည်ဖော် ဆောင်ရွက်တဲ့စနစ် ဆက်လက်ဖွဲ့စည်းဆောင်ရွက်မှသာ ရှေးယခင် တစ်ဦးတစ်ယောက်တည်း အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့သော ပြည်သူလူထု မလိုလားတဲ့ ပြဿနာတွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရများအနေနဲ့ ကော်မတီဖွဲ့စည်းမှု အဆင့်ဆင့် ခိုင်မာကောင်းမွန်အောင် ဆောင်ရွက်ကြဖို့နဲ့ ဆောင်ရွက်မှုကိစ္စများမှာ ဥပဒေနဲ့အညီဖြစ်ရေး စီမံဆောင်ရွက်သွားရန် မှာကြားလိုပါတယ်။
ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ မြို့နယ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မြို့နယ်စည်ပင်သာယာရေးလုပ်ငန်းဟာ အထူးအရေးကြီးတဲ့အတွက် အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များသက်သက်ဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ အားနည်းချက်များ ရှိနိုင်ပါတယ်။ ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေ အမှတ်၃အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ ပြည်သူလူထု အတွင်းက ရွေးကောက်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊မြို့နယ်များမှာ စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်။
ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများအနေနဲ့လည်း ဥပဒေ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပြီးရုံးလုပ်ငန်းစနစ် မြန်ဆန်အောင် ဆောင်ရွက်ခြင်းတို့အပြင် ဘတ်ဂျက်လိုငွေ လျော့နည်းသက်သာစေရန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် ဦးစီးဌာန၊ ဘုတ်၊ ကော်ပိုရေးရှင်း ဖွဲ့စည်းမှု၊ ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်မှုများကို ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စု ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို အစိုးရအဖွဲ့ကဏ္ဍအလိုက် ကော်မတီ (Cabinet Committee)များ ဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခြင်းဖြင့် မူဝါဒချမှတ်မှုများ ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာ ခွဲဝေအပ်နှင်းမှုကို ဆောင်ရွက်ရာ၌ ပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများနဲ့ တိုင်းဒေသကြီး ပြည်နယ်များက တာဝန်ယူ ဆောင်ရွက်ရမယ့် လုပ်ငန်းများကို စနစ်တကျ ပိုင်းခြားသတ်မှတ်ခြင်းများကိုလည်း ပိုမိုထိရောက်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်လုပ်ဆောင်သွားမည် ဖြစ်ပါတယ်။ အလားတူကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအာဏာ ခွဲဝေပိုင်းခြားမှုကို သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း မူဘောင်များ စီမံထိန်းသိမ်းမှုကို အဓိကထား၍တာဝန်ခံဆောင်ရွက်ပေးရမှာဖြစ်ပြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများကတော့ ဒေသမှာရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးကိုကြီးကြပ်ကွပ်ကဲ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စအဝဝအတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ရမှာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၅၆တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်ကြောင်း ဖော်ပြထားပြီး ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။
အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန် အောင် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရေးလုပ်ငန်းစဉ်သည် ယနေ့ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီ အလေ့အကျင့်များ ရှင်သန်လာရေးအတွက် အဓိကအခန်းကဏ္ဍမှ နေ၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်တဲ့အတွက် ဌာနအသီးသီးတွင် ပါဝင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအသီးသီးတို့၏ နိုင်ငံရေးစေတနာ မှန်ကန်စွာနှင့် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ကြရန် အလေးအနက် တိုက်တွန်းလိုပါတယ်။ ယနေ့အချိန်အခါဟာ နိုင်ငံသား တစ်ဦးချင်းစီအနေနဲ့လည်းကောင်း၊ အစိုးရအဖွဲ့အစည်း အသီးသီးအနေနဲ့ လည်းကောင်း၊ နိုင်ငံရေးပါတီအားလုံး အနေနဲ့လည်းကောင်း ကျရာကဏ္ဍမှ စိတ်ရင်းစေတနာကောင်းဖြင့် လုပ်ဆောင်နိုင်မယ်ဆိုရင် မိမိတို့ ကြုံတွေ့ နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုအားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီးငြိမ်းချမ်းသာယာတဲ့ အနာဂါတ်မြန်မာနိုင်ငံသစ်ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် -
နိုင်ငံတကာက မြန်မာနိုင်ငံအပေါ်မှာ ကောင်းမွန်သော အုပ်ချုပ်မှု ရှိ မရှိ တိုင်းတာချက်စံများအရ များစွာအားနည်းနေတာ တွေ့ရှိရပါတယ်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ထွန်းတိုးတက်အောင် ဆောင်ရွက်ရမယ့် အချက်များအနက် လာဘ်ပေးလာဘ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးထိန်းသိမ်းကြပါလို့ မှာကြားလိုပါတယ်။ တားဆီးထိန်းသိမ်းရာမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူပါ တာဝန်ရှိတဲ့အလျောက် အမျိုးသားအကျင့် စာရိတ္တ မထိခိုက်အောင် ပြည်သူများအားလုံး ပါဝင်ထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုပါတယ်။ပြည်သူ့ဘဏ္ဍာ၊ လစာရယူပြီး ပြည်သူ့ဝန်ကို ထမ်းဆောင်ကြတဲ့ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့သားကောင်းများအနေနဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ တစ်ဦးချင်း၊ တစ်ဌာနချင်း ကောင်းအောင် ပြုပြင်ကြ ဆောင်ရွက်ကြပြီး တိုင်းပြည်နဲ့လူမျိုးဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံး ပြန်လည် ကောင်းမွန်အောင် စိတ်ဓါတ်ကောင်းကောင်း၊ စည်းကမ်းကောင်းကောင်းနဲ့ နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးကို စေတနာကောင်းကောင်းနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ပါတယ်။
Credit:  CJMyanmar
Read More »
ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါ တယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
၁။ အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်
ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေး တာတို့ လုပ်ဆောင်ပေးပါတယ်။
၂။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်
ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။
၃။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်
ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေ ပါတယ်။
၎။ အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်
ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေတယ်လို့ ဗပကမလနိကေ မှတ်ချက်ပေးထားပါတယ်။
၅။ စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်
ဘူးသီးဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေ ပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။
၆။ ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်
ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျ စေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။
၇။ အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။
၈။ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင် အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေ ပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာ ကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။
၉။ သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်
ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။
Credit: (Royal Hero Media)
Read More »
ရှမ်း/မြာက်ပိုင်းဒေသ အစိုးရတပ် အများအပြား အင်အားဖြည့်
အခုပွင့်လင်းရာသီမှာ ကချင်ပြည်နယ် အတွင်းမှာ တပ်တွေ
တိုးချထားပြီး ကေအိုင်အိုတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေချိန်
မှာ ရှမ်းပြည်မြောက်ပိုင်းဒေသမှာလဲ မြန်မာအစိုးရ တပ်တွေ
က တပ်အင်အားထောင်နဲ့ချီပြီး ဖြည့်တင်း တိုးချဲ့နေတယ်လို့
သိရပါတယ်။
လွန်ခဲ့တဲ့ လေးငါးရက်လောက်က စတင်ပြီးတော့ ရှမ်းပြည်
မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနဲ့ ပလောင်ဒေ
သတွေမှာ အစိုးရတပ်တွေ အများအပြား တိုးချလာတယ်လို့
ပလောင်တပ်မှုး တာ့ဖုန်းကျော်က ပြောပါတယ်။
"များတော့များတယ်ဗျ စကခ ၁ နဲ့ စကခ ၁၆ သိန္နီ၊ ဒီဘက်
ကွတ်ခိုင်ဘက်မှာရော ၊ မန်တုံဘက်ရော၊ နမ့်ခမ်းဘက်ရော၊
နမ့်ဆန်ဘက်ရော နမ့်ဆန်ဘက်မှာတက်လာတာက ခန့်မှန်း
ခြေ ၄၀၀ နဲ့ ၅၀၀ ကြားလောက်ရှိမယ်၊ မန်တုံနဲ့နမ့်ခမ်းဝန်း
ကျင်လဲ ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ ကွတ်ခိုင်ဘက်ကလဲ
လောလောဆယ် ၃၀၀ ၀န်းကျင်လောက်ရှိမယ်၊ လောလော
ဆယ်တော့ ဘာတိုက်ပွဲမှ မရှိဘူး လေးရက်ငါးရက်ရှိပြီ သူတို့
တပ်တွေ ဟိုဘက်ရွှေလိုက် ဒီဘက်ရွှေလိုက်"
အရင်တုန်းက အဲဒီဒေသမှာ အခုလောက် တပ်အင်အားတွေ
များများစားစားနဲ့ လှုပ်ရှားတာမရှိဘူး။အဲလို လှုပ်ရှားနေသ
လို ၂ဖက် ကြီးကြီးမားမား တိုက်ပွဲတွေမရှိပေမဲ့ နယ်မြေစိုးမိုး
ရေး လုပ်တာဖြစ်တဲ့အတွက် မကြာခင်တိုက်ပွဲတွေ ဖြစ်လာနိုင်
စရာရှိတယ်လို့လဲ သူက ဆက်လက်ပြောပြပါတယ်။
"ကျနော်တို့သိရသလောက်ကတော့ သူတို့နယ်မြေစိုးမိုးရေး
အကုန်လုံးလုပ်မယ်လို့ပြောတယ်၊ ကျနော်တို့ လက်နက်ကိုင်
တပ်ဖွဲ့တွေ အကုန်လုံးရှင်းမယ် အဲလိုကြားရတာပေါ့၊ ကချင်
ဘက်မှာဆိုရင် အခု လိုင်ဇာဘက်ပေါ့ ကေအိုင်အို တပ်မဟာ
၎ ၊ အခုပလောင်ဘက်ထွက်နေတဲ့ဟာ ဒါတွေအကုန်လုံး ရှင်း
မယ် ဒါတွေ အကုန်လုံးရှင်းပြီးပီဆိုရင်တော့ ရှမ်းဘက်က
ဝမ့်ဟိုင်းဘက်ကိုရှင်းမယ် အဲလို ကျနော်တို့သတင်းရတယ်"
ရှမ်းပြည်မြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ် ဇွန်လက စတင်ပြီး
ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်လာတဲ့ တချိန်တည်းမှာတိုက်ပွဲတွေ ပြန်ဖြစ်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင်
၁၁ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်
ထိုးထားပေမဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၊
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်
တစ်တပ်ဦး ABSDF လက်နက်ကိုင်အဖွဲ့တွေနဲ့ အခုအချိန်
အထိ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။
 Lachid Kachin face book page
Read More »
မီးလောင်ဗုံး ဟု ပြောခဲ့သည်မှာ မှားယွင်းကြောင်း ဒေါက်တာခင်မောင်ညို ၀န်ခံပြောကြား
လက်ပံတောင်းတောင်အရေးအခင်းတွင် ရဲတပ်ဖွဲ့ က မီးလောင်ဗုံးများ သုံးစွဲခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကြိုတင်ခန့် မှန်း ပြောကြားခဲ့သည့်အတွက် အထူးပင် စိတ်မကောင်း ဖြစ်မိကြောင်း ဒေါက်တာ ခင်မောင်ညိုက ယေန့  ထုတ်ဖော် ပြောကြားလိုက်သည်။
ယင်းကိစတွင် မိမိအနေဖြင့် ရရှိသမျှ အထောက်အထားများကို အခြေခံ၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ အလဲဗင်းမီဒီယာ၊ ဒီဗွီဘီနှင့် အခြား မီဒီယာအချို့  က မိမိထံ လာရောက်၍ သဘောထားထင်မြင်ချက် တောင်းခံခဲ့ကြောင်း၊ ထိုသို့  ပြောကြားရာတွင် မိမိအနေဖြင့် ရရှိသမျှသော ဓါတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ ကို လေ့လာကြည့်ရှု၍ ခန့် မှန်းပြောကြား ခဲ့ ခြင်း ဖြစ်ကြောင်း၊ သို့ ရာတွင် ခန့် မှန်းပြောကြားရာတွင်လည်း တစ်သက်လုံး သင်ယူလေ့လာခဲ့သော ဓါတုဗေဒ သဘောတရားများ၊ သီအိုရီများ စသည်တို့ နှင့် ချင့်ချိန်၍ ပြောကြားခဲ့ ကြောင်း၊ လက်တွေ့  အသုံးပြုခဲ့သော ဗုံးအစအနများ၊ ဗုံးနမူနာများ စသည်တို့ ကို ကြည့်ရှုစစ်ဆေးနိုင်ခြင်း မရှိသဖြင့် မှားယွင်းနိုင်သည် မှာလည်း မှန်ပါကြောင်း၊ ထိုအချိန်တွင် အစိုးရဘက်မှ သတင်းထုတ်ပြန်ချက် အားနည်းနေသဖြင့် ရရှိသမျှ သတင်းအချက်အလက်များကို အခြေခံရခြင်း ဖြစ်ကြောင်း အငြိမ်းစား ဓါတုဗေဒပါမောက ဒေါက်တာ ခင်မောင်ညိုက ပြောကြားသည်။
ဒေါက်တာခင်မောင်ညို၏ ပြောကြားချက်သည် အခြေအနေ ပိုမိုဆိုးဝါးသွားစေရန် မီးလောင်ရာ လေပင့် မဖြစ်ခဲ့ဘူးလား ဟု မေးမြန်းရာ မိမိအနေဖြင့် ထိုမျှအထိ မျှော်မှန်းထားခဲ့ခြင်း မရှိခဲ့ ကြောင်း၊ တတ်သည့်ပညာ မနေသာ ဆိုသလို အမေးရှိလာ၍ ဖြေကြားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိမှ မီးလောင်ဗုံး ဖြစ်နိုင်သည ဟု သာ ပြောကြားခဲ့ခြင်း ဖြစ်ပြီး မျက်ရည်ယိုဗုံး မဖြစ်နိုင် ဟူ၍လည်း ပြောကြားခဲ့ကြောင်း၊ ယင်းပြောကြားချက်များကြောင့် အခြေအနေ ပိုမိုဆိုးဝါးစေခဲ့ပြီး သံဃာများ၏ ဒေါသကို နှိုးဆွသလို ဖြစ်စေခဲ့သည်ဆိုလျှင် မိမိ၏ ပညာရပ်ဆိုင်ရာ မှားယွင်းမှု ဟု ပြောကြားလိုကြောင်း ၄င်းက ဖြေကြားသည်။
ဆက်လက်၍ ဒေါက်တာခင်မောင်ညိုက နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး မီးမလောင် ဟု ပြောခဲ့ရခြင်းမှာလည်း နိုင်ငံတကာ အဓိကရုဏ်းများကို ထောက်ရှု၍ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါတုဗေဒသဘောတရားတွင် မီးလောင်အောင် ဖော်မြူလာ ထုတ်လျှင်လည်း ရပါကြောင်း၊ မီးခိုးဗုံး ဆိုသော်လည်း မီးလောင်နိုင်သည့် မီးခိုးဗုံးများ ထွက်ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ မိမိ၏ ခန့် မှန်းချက် စောစီးစွာ ပေါ်ထွက်လာခဲ့ခြင်းမှာလည်း မီဒီယာများက လာရောက်မေးမြန်းသဖြင့် မိမိ သိရှိနားလည်ထားသမျှ ပညာရပ်ဆိုင်ရာများကို အခြေခံ၍ ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ယခုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယင်းကိစကို စစ်ဆေးဖော်ထုတ်နေပြီ ဖြစ်ရာ မိမိ၏ ပြောကြားချက်များကြောင့် ကော်မရှင်အပေါ် ယုံကြည်မှု အားနည်းစေမည်ကိုလည်း မလိုလားကြောင်း၊ ကော်မရှင်မှာ လက်တွေ့  အသုံးပြုခဲ့သည့် ဗုံးစဗုံးနများကို သိပံနည်းကျ စစ်ဆေးဖော်ထုတ်မည် ဖြစ်၍ မိမိ၏ ခန့် မှန်းပြော ကြားချက်ထက် ပိုမို၍ တိကျခိုင်မာမည် ဟု ယုံကြည်ထားကြောင်း၊ မိမိအနေဖြင့် လေ့လာထားသော ပညာရပ်ဆိုင်ရာ ဗဟုသုတအပေါ်တွင် အခြေခံ၍ ပြည်သူများ သိရှိနားလည် စေရန် နိုင်ငံတကာတွင် မျက်ရည်ယိုဗုံး သုံးကြသော်လည်း မီးလောင်ခြင်း မရှိသည်ကို ထင်ရှားစေရန် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ရေနှင့် မီးစုန်း ဓါတ်ပြုလျှင် မီးလောင်ကျွမ်းသည် ဟူသည်ကို သိပါသလား ဟု မေးမြန်းရာ ဒေါက်တာခင်မောင်ညိုက မှန်ပါကြောင်း၊ မီးစုန်းသည် ရေနှင့်တွေ့လျှင် သေချာပေါက် မီးလောင်ကြောင်း၊ မီးစုန်းပါဝင်မှု အချိုးအစား အနည်းအများပေါ်မူတည်၍ မီးလောင်ကျွမ်းမှု အနည်းအများ ဖြစ်စေတတ်ကြောင်း၊ ယင်းကာလက မိမိအနေဖြင့် မီးစုန်းဓါတ် ပါဝင်နိုင်သည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက် မိမိအား မှားယွင်းသည် ဟု ပြောလျှင်လည်း ခံရမည်သာ ဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက်များ အလွန်အကျွံ ဖြစ်ခဲ့သည် ဟု ဆိုပါက ထိုအချိန်က တွေ့  ရှိရသော သတင်းဓါတ်ပုံများကို ကြည့်၍ ဖြစ်ပေါ်လာသော စိတ်ခံစားမှုကြောင့် ဖြစ်ခဲ့သည် ဟု ပြောကြားလိုကြောင်း၊ မိမိ၏ပြောကြားချက်များကြောင့် လူအများ၏ ဒေါသကို ပိုမိုဖြစ်စေခဲ့သည် ဟု ဆိုပါက မိမိအနေဖြင့် ပညာရှင်တစ်ယောက်၏ စိတ်ခံစားမှု ဟူ၍သာ နားလည်ပေးစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကော်မရှင်မှ စစ်ဆေးတွေ့ ရှိချက်သာ အစစ်အမှန် ဟု မိမိအနေဖြင့် လက်ခံမည် ဖြစ်ကြောင်း၊ မပြည့်စုံသော အထောက် အထားများကို အခြေခံ၍ ခန့် မှန်းပြောကြားလျှင် မိမိကဲ့သို့ ပင် မှားယွင်းနိုင်ပါကြောင်း၊ ပညာရှင်များသည် တိကျခိုင်မာမှသာ ပြောကြားသည်ဟူသော ဆိုရိုးကို မိမိလက်ခံပါကြောင်း၊ စောစီးစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းအတွက် မိမိအနေဖြင့် စိတ်မကောင်း ဖြစ်ရပါကြောင်း အကျယ်တ၀င့် ရှင်းလင်း ပြောကြားသည်။
လက်ပံတောင်းတောင်အရေးတွင် ရဲတပ်ဖွဲ့ ဝင်များက ရေဖြင့်ပက်ဖျန်းပြီးမှ မီးခိုးဗုံးများ အသုံးပြုခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။ ယင်းဖြိုခွင်းမှုကြောင့် သံဃာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ ဒဏ်ရာဆိုးဝါးသော ဦးတိကမှာ ထိုင်းနိုင်ငံသို့  ပို့ ဆောင်၍ ဆေးကုသမှု ခံယူလျက် ရှိသည်။ ထိုင်းနိုင်ငံမှ ဆရာဝန်များက မီးခိုးဗုံးနှင့် ရေ ထိတွေ့  ဓါတ်ပြုခြင်းကြောင်း လောင်ကျွမ်းရခြင်း ဖြစ်ကြောင်း ကောက်ချက် ချထားသည်။
Credit:  ပလေတို ဒီမို
Read More »
ထူးဆန်းထွေလာပြည်မြန်မာ
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။
(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။
(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။
(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။
(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။
(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။
(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)
အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။
(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော
အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။
(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော
စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်
ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။
(၁၁) အိမ်သာများတွင် နိုင်ငံခြားသား အတွက် သီးသန့်  (Foreigner Only)ဟု ခွဲခြားသော ဆိုင်းဘုတ်များသည် မြန်မာတနိုင်ငံ တည်းတွင်သာ ရှိသည်။
(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍
ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။
(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက် အရောင်းရဆုံး တိုင်းပြည်မှာ မြန်မာပြည် ဖြစ်သည်။
(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။
(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော
စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။
(16) ????
(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်
ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။
(၁၈) "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို) "လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့် ဆိုင်းဘုတ်များကို ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင် တခုတည်းသော တိုင်းပြည်ဖြစ်သည်။
(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။
(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့  မီးခြစ်များကို ဓါတ်ငွေ့ နှင့် မီးခြစ်ကျောက်များ ပြန်ထည့်၍ အသုံးပြုသော စံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။
(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ် ကြွတ်ကြွတ် အိတ်များအား အကြော်ဆီအိုးထဲတွင် ထည့်ကြော်သော နည်းစံနစ်ကို မကြောက် မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထွင်ကြံဆ အသုံးချခဲ့သည်။
(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ
ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော
တိုင်းပြည်ဖြစ်သည်။
(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ် ထွက်ရှိနေ သော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့် အလွန်ချမ်းသာသော တိုင်းပြည်ဖြစ်သည်။ (မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)
(၂၄) ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အာဏာရ သွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။
(၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ
ဘိုးဘွားပိုင် ဓါးမဦးချ လယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ
ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်
သော ထူးခြားသည့်နိုင်ငံဖြစ်သည်။
(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံ လူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို ဥပဒေ အသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ ပပျောက်အောင် ဖေါ်ဆောင်သော စံနစ်သည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌ သာရှိသည်။
(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား
များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။
(၂၈) " မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအား ရုပ်မြင် သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့် အရွယ် ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည် ဖြစ်သည်။
(၂၉) မြန်မာနိုင်ငံသည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သော အမေရိကန် နိုင်ငံသား သောမတ်စ် အက်ဒီဆင်အား ဂုဏ်ပြုဆုံးသော တိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်း ခံရသည်။
(အက်ဒီဆင်အား ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင် အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကို ငါးမီးနစ်တိတိ ဖြတ်တောက်ထား ခဲ့ဖူးပါသည်)။
(၃၀) ငွေမပေးနိုင်လျှင် အကူအညီမပေးသော၊ ဘာတစ်ခုမှ စေတနာဖြင့်
ကူညီဖေါ်မရသောသူများက "ကူညီပါရစေ" ဆိုင်းဘုတ်အား မူပိုင် ယူထားသည် မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။
(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍ (ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်သော ဆရာမမျိုးသည် လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး ပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)
 credit:
(အဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ) - Facebook စာမျက်နှာမှ ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါသည်။
Read More »
အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှု ပြင်းထန်လာ၊ တိုက်ပွဲကြီးများ ဖြစ်လာနိုင်ဟု KIO ဆို
ချင်းမိုင်(မဇ္စျိမ) ။ ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) တိုင်းမှူး သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ စစ်အင်အားများ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် လိုင်ဇာအနီးသို့ ပိုမိုတိုးမြှင့်လာပြီး လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် စစ်ပွဲပြင်းထန်းလာမည့် အခြေအနေရှိနေသည်ဟု KIO နှင့် ကျောင်းသားတပ်မတော်က သုံးသပ်သည်။
ခရစ္စမတ်နေ့မှစ၍ ဗုဒ္ဓဟူးနေ့ထိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆန်တောင်နှင့် ခန်းကိုင်တောင်ရှိ အစိုးရ အမြောက် တပ်ရင်း ၃၆၄ မှ ၁ဝ၅ မမနှင့် ၁၂ဝ မမတို့ဖြင့် KIO တပ်ဖွဲ့များရှိရာ လဂျားယန်သို့ အကြိမ်ပေါင်း ၅ဝ ကျော် ပစ်ခတ် လာ၍ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု KIO ပြောခွင့်ရ ဦးလနန် က ပြောဆိုသည်။
“ပြင်းထန်လာမယ့် အလားအလာရှိတယ်။ မနေ့ကလည်း တနေကုန် ပစ်တယ်။ ဒီမနက်လည်း ၄ နာရီလောက်ကနေ စပစ်တယ်ဆိုတော့။ သူတို့ လှုပ်ရှားမှုက လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ လက်နက်ကြီးပစ်ပြီးမှ နောက်တဆင့်
ခြေမြန်တပ်ဖွဲ့တွေ တက်လာတယ်” ဟု ဦးလနန် က မဇ္စျိမကို ပြောသည်။
KIA တပ်ဘက်မှ ခရစ္စမတ်နေ့မြတ်တွင် ရှေ့တန်းတပ်များအား ပစ်ခတ်မှု မပြုရန် ညွှန်ကြားထားခဲ့သော်လည်း အစိုးရ တပ်ဘက်မှ ပန်ဝါဒေသရှိ KIA ၏ ရှေ့တန်းစခန်းအား လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့သလို ပန်ဝါမှ တရုတ်နယ်စပ် စခန်းသို့ လက်နက်များ တင်ပို့မှုများ ရှိခဲ့သည်ဟု ဦးလနန် က ဆိုသည်။
ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အင်အားဖြည့်တင်းလာခြင်းတို့ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်မည် ဟု ကျောင်းသားတပ်မတော် ABSDF (NB) မှ တာဝန်ခံ ဦးလဆိုင်း ကလည်း ခန့်မှန်းသည်။
“တိုက်ပွဲတော့ ပြင်းထန်မယ်လို့ ကျနော်တို့ ခန့်မှန်းရတယ်။ မနေ့ကလည်း တနေ့ ခရစ္စမတ်နေ့မှာ တနေကုန်ပစ်တယ်။ အခုလည်း ဒီမနက်၊ ညလည်းည တောက်လျှောက်ပစ်နေတဲ့ အနေအထားဆိုတော့ လက်နက်ကြီးတွေ ရပ်စဲသွားရင်
တော့ ထိုးစစ်ဆင်လာလိမ့်မယ်လို့ ခန့်မှန်းမိတယ်” ဟု မဇ္စျိမကို ပြောသည်။
ထို့ပြင် ပန်ဝါဒေသရှိ သံချောင်းကုန်း KIA ရှေ့တန်းစခန်းကိုလည်း အစိုးရဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသလို၊ ယမန်နေ့ ညနေပိုင်းက လိုင်ဇာအနီး ဘွမ်ဆန်တောင်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ရန်ရှိ၍ လမ်းကြောင်းရှိ KIA တပ်ဖွဲ့များ “ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍” ဖယ်ရှားပေးရန် ကချင်ပြည်နယ် ငြိမ်းချမ်းရေအကျိုးဆောင်အဖွဲ့ PCG မှတဆင့် ဒီဇင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် သတိပေးထားခဲ့သည်။
KIO ဘက်မှလည်း “ဤသို့ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေး ခြိမ်းခြောက်လာမှုကို ဆွေးနွေးရေးအဖွဲ့က ကန့်ကွက်ပါကြောင်း” ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ KIO က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တုန့်ပြန်စာ ပို့လိုက်သည်။
“ကျနော်တို့ ကန့်ကွက်တယ်ဆိုတာ သူတို့ဆီက တုံ့ပြန်မှု တစုံတရာ မျော်လင့်လို့ မဟုတ်ပါဘူး။ ဦးအောင်မင်းကို
ပေးပို့ခြင်းဖြင့် မြန်မာအစိုးရ တရပ်လုံးကို ကန့်ကွက်တဲ့သဘောပါ၊ အစိုးရဘက်က စစ်ရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ပုံစံ
ဖြစ်လာတယ်။ ဒီကိစ္စကို ကန့်ကွက်တာပါ” ဟု KIO ပြောခွင့်ရ ဦးလနန် က ဆိုသည်။
“သူတို့က ကျနော်တို့ တပ်ဖွဲ့တွေကို ဆုတ်ပေးပါဆိုတာက ဒီတပ်ဖွဲ့က ကျနော်တို့ဗဟိုဌာနချုပ်ရဲ့ ရှေ့ကာကင်းတွေ
ဖြစ်တယ်။ အဲဒီကာကင်းစခန်းတွေက ဗဟိုဌာနချုပ် လုံခြုံမှုအတွက် အဓိက တာဝန်ယူထားတဲ့ တပ်ဖွဲ့တွေပါ။ အဲဒီတပ်ဖွဲ့ကို ဆုတ်ခိုင်းတယ်ဆိုတာက ဒီဌာနချုပ်ကို လက်နက်ချခိုင်းတာနဲ့ အတူတူပဲ” ဟု ဆက်ပြောသည်။
မပခ တိုင်းမှူးစာ ထွက်လာပြီးနောက် လဂျားယန် ဒေသအတွင်း ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်သည် ထပ်မံ တိုးမြင့်လာသည်ဟု ဦးလဆိုင်း က ပြောသည်။ ထိုဗျူဟာများမှာ မိုးကောင်းအခြေစိုက် စကခ (၃)နှင့် စကခ (၂၁) လက်အောက်ခံ တပ်ရင်းများ ပါဝင်သည်ဟု ဆိုသည်။
“လဂျားယန်ဒေသမှာတောင် ဗျူဟာ ၃ ခုလောက်ရှိတော့ အင်အားတိုးလာတယ်။ လက်နက်ကြီးတွေ ပိုစိတ်ပစ်လာ တယ်။ သိပ်မကြာခင် သူတို့ဘက်မှ ထိုးစစ်ဆင်မယ်လို့ ကျနော်တို့ ခန့်မှန်းမိနေတယ်။ ကျနော်တို့ဆီကို ထိုးလာတမျှ
တော့ ကျနော်တို့ ခုခံသွားမှာပဲ။ ခုခံစစ်ပဲ” ဟု ဦးလဆိုင်း က ဆိုသည်။
ထို့ပြင် လဂျားယန်ကျေးရွာမှ လေးမိုင်ဝန်းကျင် မွန်းလွဲချောင်းရိုးတလျှောက်ရှိ ရှမ်းရွာများဖြစ်သော မန်မောင်၊ မန်တဲ
နှင့် မန်ကွေ့ကျေးရွာများတွင်လည်း အစိုးရစစ်တပ်ဖွဲ့များ ရောက်ရှိနေသဖြင့် ရွာသားများအား တိမ်းရှောင်မှုများ ရှိနေသည်ဟု ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က လာမည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း ရှမ်းပြည်နယ် မူဆယ်မြို့ သို့မဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့ တနေရာတွင် တွေ့ဆုံရန် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းစာပေးပို့ ထားသော်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် KIO ဘက်မှ တရားဝင် တုံ့ပြန်ခြင်း မရှိသေးကြောင်း ဦးလနန်က ပြောသည်။
Read More »
ကချင် ဒုက္ခသည်များ အတွက် လုံခြုံရေး ပြင်ဆင်
အစိုးရ စစ်ဆင်ရေးကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည်များသည် ၄င်းတို့လုံခြုံရေးအတွက် အကာအကွယ် အစီအမံ များ ပြင်ဆင် ဆောင်ရွက်ထားကြရန် နှိုးဆော်ထားကြောင်း ကချင် ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာက ပြောပါသည်။
“မတော်တဆ လက်နက် ကြီး/ငယ် ကျည်ဆံတွေ စခန်းဘက် ကျလာရင် ဘေးကင်းဖို့ အတွက် ကြိုတင် ပြင်ဆင် မှုတွေ လုပ်ထား ဖို့ကို ကျနော်တို့ နှိုးဆော်ထားတာဖြစ်တယ် စခန်းအတွင်း လက်နက်ကြီး ခိုကျင်းတွေ တူးထားဖို့ရယ် ပြီးတော့ စခန်းအပြင်မထွက်ဖို့ရယ်။ တိုက်ပွဲ ဖြစ်လာရင်လည်း စခန်းထဲမှာပဲ စုစုစည်းစည်း နေကြဖို့ စီစဉ်ထားတာဖြစ်ပါတယ်” ဟု ဆိုပါသည်။
မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၏ ရာဇသံနှင့်အတူ စစ်ရေး ပြင်ဆင် အင်အား ဖြည့်တင်း ထားမှု အရ ယခု ကဲ့သို့ လိုက်လံနှိုးဆော် ထားရခြင်းဖြစ်သည် ဟုလည်း ဆိုပါသည်။
တိုက်ပွဲ ဖြစ်ပွားပါက အစိုးရ တပ်ဖွဲ့ များမှ ကချင် အမျိုးသား များအား KIA တပ်သား များဟု စွပ်စွဲကာ ပစ်သတ်လေ့ ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန် လာပါက စခန်း အတွင်း၌ နေထိုင်ကြရန် ကိုလည်း တိုက်တွန်း ထားပါသည်။
နိုဝင်ဘာလ (၂၇) ရက်နေ့က ရှမ်းမြောက်ပိုင်းရှိ မူဆယ်မြို့နယ် ဖိုင်ကောင်ကျေးရွာအနီးတွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရတပ်ဖွဲ့ ခမရ (၂၄၀) တပ်ဖွဲ့တို့က တိုက်ပွဲအတွင်း အထိနာနေသောကြောင့် ရွာအနာရှိ ဖိုင်ကောင်ဒုက္ခသည်စခန်းကို ဝင်ရောက် မီးရှို့ဖျက်ဆီး ခဲ့သည့်အပြင် ဒုက္ခသည် (၂၀) ဦးကိုလည်း ဖမ်းဆီးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။
“ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇) ရက်နေ့က ရှမ်းမြောက် ပိုင်းမှာ ရှိတဲ့ ဒုက္ခသည် စခန်း တစ်ခုဖြစ်တဲ့ (ဖိုင်ကောင်) စခန်းကို အစိုးရတပ်ဖွဲ့ တို့က လာရောက် မီးရှို့ ဖျက်စီး လိုက်တယ်။ ဒုက္ခသည် တွေကို ဖမ်းဆီး တာတို့ ရှိခဲ့တယ် ဆိုတော့ သိမ့်ပြီးတော့ စိတ်မချ ရဘူးး။ ဒါပေမဲ့ အ ကောင်းဆုံး ဖြစ်အောင်တော့ စီစဉ် ထားပေး ပါတယ်။” ဟု ၄င်းက ဆိုပါသည်။
တချို့ဒုက္ခသည်စခန်း၌ ရိက္ခာများ ပြတ်တောက်နေပြီး အအေးဓါတ်လွန်ကဲမှုနှင့်အတူ ကလေးနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး လည်း စိုးရိမ်စရာရှိသည်ဟု ဆိုပါသည်။
ကချင် လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရ တပ်ဖွဲ့ တို့၏ တစ်နှစ် ကျော်ကြာ ဖြစ်ပွား ခဲ့သည့် ပြည်တွင်း စစ်ကြောင့် စစ်ပြေး ဒုက္ခ သည်များ သိန်းဂဏန်း ဝန်းကျင် အထိပင် ရှိခဲ့ကာ ဒုက္ခသည် စုစုပေါင်း၏ သုံးပုံ နှစ်ပုံမှာ KIO ထိန်းချုပ် ဧရိယာ အတွင်းတွင် ခိုလှုံလျက် ရှိကြသည်။
စခန်း ကော်မီတီ များ၏ ထုတ်ဖော် ပြောကြားချက်များ အရ ဒုက္ခသည် ၆ဝ, ဝဝဝ ကျော် တို့သည် KIO ထိန်းချုပ် ဧရိယာ အတွင်းတွင် ခိုလှုံလျက် ရှိကြပြီး ကျန် ၃ဝ, ဝဝဝ ကျော်မှာ အစိုးရတပ် ထိန်းချုပ် နယ်မြေ များတွင် ခိုလှုံလျက် ရှိကြသည်။
ကုလသမဂ္ဂ (UN) မှလည်း ၄င်း KIO ထိန်းချုပ် နယ်မြေတွင်းရှိ ဒုက္ခသည်များအား လူသားချင်း စာနာမှု အကူအညီ ပေးအပ်နိုင်ရန် အတွက် မြန်မာ အစိုးရအား ကမ်းလှမ်း ပြောဆို ထားသော်လည်း လုံခြုံရေး အကြောင်းပြချက်ြ
အစိုးရတပ်များသည် ရွာထဲပစ်ခတ်ခြင်းကို လုပ်လေ့ရှိသည့်အတွက် ဒုက္ခသည် စခန်းကိုလည်း ပစ်ခတ်တိုက်ခိုက်လိမ့်မည် ဖြစ်ပါသည်။ ဤသို့ကြောင့် စခန်းတွင်းနေထိုင်သူများ၏ လုံခြုံရေးကို စိုးရိမ်စရာရှိနေ၍ အကာအကွယ် အစီအမံများ လုပ်ဆောင်ထားရန် KIO ဘက်မှ လည်းအကြံပြုထားပါသည်။
( ရွှေဟင်္သာသတင်းဌာန) 
http://www.phophtaw.org/burmese/index.php/news/local-news/2489-kia-un-.html
Read More »
Kum Shawng နှင့် Hka Mutစခန်းအားKIA ကပြန်လည်သိမ်းပိုက်နိုင်
ကချင်ပြည်နယ် ဗန်မော်ခရိုင် ဒေါ့ဖုန်းယန်မြို့နယ် ခန်းကိုင်တောင် ပေါ်ရှိ အစိုးရ၏ အမြောက်တပ်ဖွဲ့တို့သည် ကေအိုင်အေ တပ်မဟာ (၅) လက်အောက်ခံ ဘွမ်ဆောမ်တပ်စခန်း၊ မန်တဲ တပ်စခန်းနှင့် လဂျားယန်တပ်စခန်းဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်လျှက် ရှိကြောင်း ကေအိုင်အေ စစ်ရုံးချုပ်မှ အရာရှိတဦးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
“မနေ့က ည ၉ နာရီအထိ လက်နက်ကြီးနဲ့ လဂျားယန်ကို ပစ်ခတ်သွားတယ်။ ဒီနေ့မနက် (၄) နာရီတုန်းကလည်း နေ့လည် အထိ အကြိမ် ၃၀ လောက် ၁၀၅ မမ၊ ၁၂၀ မမ နဲ့ ပစ်လိုက်ပြန်တယ်။ ကျည်ကုန်သွားလားမသိ ခဏရပ်သွားတယ်။ ဘယ် အချိန်ပြန်ပစ်မယ်တော့ မသိသေးဘူး။” ဟု ဆိုပါသည်။
မြောက်ပိုင်းတိုင်း တိုင်းမှူးသည် ဗန်းမော် -လိုင်ဇာ လမ်းကြောင်းရှိ လဂျားယန်တ၀ိုက်၌ တပ်စွဲနေသော ကေအိုင်အေ တပ် စခန်း အားလုံးကို ဒီဇင်ဘာလ (၂၅)ရက်နေ့ကို နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် ရာဇာသံပေးထားခဲ့ပါသည်။
ရာဇာသံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် ရေးထားသော်လည်း ထိုနေ့မှ ယနေ့အထိ လဂျားယန်တ၀ိုက်ရှိ ကေအိုင် အေစခန်းများရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေခဲ့ပါသည်။
“အဲဒီလဂျားယန်က အရင်ကဆို ကေအိုင်အေ တပ်စခန်းပေါ့။ ၁၉၉၄ အပစ်ရပ်တော့ အစိုးရတပ်ဖွဲ့တွေက ၁၉၉၈ ခုနှစ် လောက်မှာ အတင်းလာပြီးတပ်စွဲလိုက်တယ်။ ဒီလမ်းဟာတရုတ်ပြည်ကိုလည်း ၀င်ထွက်နေတဲ့လမ်းဖြစ်တော့လိုင်ဇာမြို့မှာ (လဝက) လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ထိုင်ဖို့ သူတို့တောင်းတယ်။ နောက်ဆုံးတော့ မြို့တွင်းဖြစ်တဲ့ လဝါမှာ နေခွင့်ပေးလိုက်တယ်။ နောက်တော့ လဂျား ယန်ကိုပါ စုပေါင်းတပ်ထားမယ်ဆိုတဲ့ သဘောနဲ့ လာတော့တာဘဲ။ အခုအထိနှင်လဲ မထွက်တော့ဘူး။” ဟု ဆိုပါသည်။
အစိုးရတပ်ဖွဲ့သည် လဂျားယန်စခန်း၌ လက်နက်ကြီးတပ်ဆင်ရန် ရည်ရွယ်ထားသည်ဟု KIA က ယူဆထားပါသည်။ အ ကယ်၍ ထိုနေရာ၌ လက်နက်ကြီး တပ်ဆင်ထားပါက ကေအိုင်အေ၏ လိုင်ဇာဗဟိုဌာနချုပ် စခန်းသည် အစိုးရလက် အောက်သို့ ကျရောက်နိုင်သော အနေအထား၌ ရှိပါသည်။
လိုင်ဇာကို စစ်ဆင်နေသော နောက်လမ်းကြောင်းတခုမှာ လဂျားယန်အနောက်ဘက်၌ရှိသော စတန်ပါ လမ်းပိုင်းရှိ ငှက် ပျောခြံတွင် ယနေ့မနက် (၇) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား - ဗန်မော်လမ်းကြောင်းတလျှောက်တွင်လည်း နေ့တိုင်း လိုလိုတိုက်ပွဲဖြစ်နေပါသည်။ အသေးစိပ်ကို မသိရသေးချေ။
အစိုးရသည် လမ်းကြောင်း (၃) ခု၌ လိုင်ဇာကို စစ်ဆင်နေပါသည်။ သို့သော် KIA ၏ ပျောက်ကျား ပစ်ခတ်မှုကြောင့် ရှေ့မတိုး နိုင်သေးကြောင်း KIA ကဆိုပါသည်။ လက်နက်ကြီးနှင့် စစ်ရဟတ်ယာဉ်၏ အကူကိုယူသော်လည်း ထိရောက်မှုမရှိပေ။ ၂၄ရက်နေ့ မနက် ၁၀ နာရီအချိန်၌ ခမရ (၃၉၀) နှင့် ခလရ (၂၉၈) တပ်ဖွဲ့တို့၏ စစ်ဆင်မှုကြောင့် ကွမ်းရှောင် (Kum Shawng) တပ်စခန်းနှင့် ခမွတ် (Hka Mut Post) စခန်းမှ KIA တပ်များဆုတ်ခွာခဲ့ရသော်လည်း ညဦးပိုင်း၌ KIA ကပြန် လည် သိမ်းပိုက်ခဲ့ပြန်ပါသည်။
( ရွှေဟင်္သာသတင်းဌာန)
Read More »
အစိုးရနှင့်ကေအိုင်အေ စစ်ရေးအခြေအနေ မေးမြန်းချက်
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်ဖို့ ဆက်သွယ်ဆောင်ရွက်နေကြတဲ့ကြားက မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် တိုင်းမှူးက ကေအိုင်အေကို ဒီဇင်ဘာလ ၂၃
ရက်နေ့က သတိပေးစာပေးပို့ခဲ့ပါတယ်။အစိုးရတပ်တွေ
ဝင်ရောက်ဖို့ရှိနေတဲ့ လဂျားယန်လမ်းကြောင်းမှာ ကေအိုင်
အေတပ်တွေအနေနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံး
ထားပြီး ဆုတ်ပေးဖို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေ
ကနေတဆင့် စာရေးသားပြောဆိုခဲ့တာဖြစ်ပြီး ကေအိုင်အေ
ဘက်ကလည်း ကန့်ကွက်ကြောင်း စာတစောင်ကို ဒီဇင်ဘာ
၂၄ ရက်နေ့မှာ ပြန်ပို့ခဲ့ပါတယ်။ ဒီကိစ္စအပါအ၀င် လက်ရှိ
စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အေပြောခွင့်ရ
ဦးလနန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကနေပြီး ၂၃ ရက်နေ့
ရက်စွဲနဲ့ ကေအိုင်အေဘက်ကို သတိပေးစာတစောင် ပေးပို့
ခဲ့ပါတယ်။ အဲဒီစာကို ကန့်ကွက်တဲ့အနေနဲ့ ဦးအောင်မင်းကို ကန့်ကွက်စာတစောင်ပေးပို့လိုက်ပါတယ်။ အစိုးရအဖွဲ့နဲ့ ထိတွေ့
ဖို့က ဦးအောင်မင်းနဲ့ လမ်းကြောင်းတွေရှိတယ်။ ဦးအောင်မင်း
ကို ကန့်ကွက်စာပေးပို့တာက အစိုးရကို ကန့်ကွက်တဲ့သဘော
ပါပဲ။ ဦးအောင်မင်းက အကြောင်းပြန်တာတော့ မရှိဘူး။
အကြောင်းပြန်ဖို့လည်း မမျှော်လင့်ပါဘူး ကျနော်တို့ဘက်က။”
စစ်ရေးအခြေအနေက ဘယ်လိုရှိလဲ။
“ဒါကတော့ သူတို့ရဲ့ စစ်ဆင်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့
တပ်စခန်းတွေကို ဒီဇင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး
ဆုတ်ပေးဖို့ သတိပေးတဲ့စာပေါ့။ ဒါကိုကြည့်ခြင်းအားဖြင့်
စစ်ရေးကတော့ ပိုမြင့်မားပြီး တင်းမာလာတာပေါ့။ အဲပုံစံ
အတိုင်း သူတို့ ဆက်ပြီး အကောင်အထည် ဖော်မယ်ဆိုရင်
တော့ တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်လာဖို့ပဲ ရှိတယ်။”
ဒီနေ့ရော တိုက်ပွဲတွေ ဖြစ်သေးလား။
“မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့တော့ သတင်းမရ
သေးဘူး။ ဒါပေမယ့် ရှေ့တန်းမှာကတော့ တိုက်ပွဲတွေက
ဖြစ်နေမှာပါ။ မနေ့ကတော့ သံတောင်ရန်ဘက်ကို ချီတက်
လာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ လှုပ်ရှားတပ်ရင်း ၂၅၅ နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ မနေ့က လေယာဉ်
နဲ့လည်း ထပ်ပြီးတော့ တိုက်ခိုက်ဖို့ လုပ်တယ်။ အဲလိုမျိုး လုပ်
လာတဲ့အတွက်ကြောင့် မြစ်ကြီးနား၊ ၀ိုင်းမော်တွေကို ပေးထား
တဲ့ လျှပ်စစ်သွယ်တန်းတဲ့ တာဝါတခုဟာ လေယာဉ်နဲ့ပစ်
ခတ်တဲ့ ဒုံးကျည်ထိမှန်ပြီး ကျိုးပျက်သွားတယ်။ ဒါကြောင့်မို့
မနေ့က မနက်ပိုင်း ၉ နာရီခွဲလောက်ကစပြီး မြစ်ကြီးနား၊
ဝိုင်းမော်ကို လျှပ်စစ်အားပေးထားတာတွေအားလုံး ပျက်စီး
သွားတယ်။”
ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့
အချိန် အခုလို တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အပေါ်မှာ
ဘာများပြောချင်ပါသလဲ။
“ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဦးအောင်မင်း စာ ၁စောင် ပို့တယ်။
ဒီဇင်ဘာလမှာ ခင်ဗျားတို့ ကေအိုင်အေ အဖွဲ့အစည်းကတော့
အလုပ်များပါလိမ့်မယ်။ ဒါကြောင့် ဖေဖော်ဝါရီလလောက်မှာ
တွေ့ရအောင်ဆိုပြီး စာပေးလာတာ။ ဒီဇင်ဘာ ၁၃ ရက် ပေး
လာတဲ့စာနဲ့အတူ စစ်ဆင်ရေးကလည်း တပါတည်း ပါလာတယ်။
၁၃ ရက်နေ့ ညနေကနေပြီးတော့ အင်အားတွေ ဖြည့်တင်း
လာတယ်။ ၁၄ ရက်နေ့ မနက်မှာ စပြီးတော့တိုက်ပွဲ ပြင်းပြင်း
ထန်ထန် ဖြစ်လာတယ်။ ဒါကြောင့် ဦးအောင်မင်းပေးပို့တဲ့စာ
ဟာ စစ်ဆင်ရေးနဲ့အတူ ပူးတွဲပြီးမှ ဟန်ချက်ညီပေးပို့တဲ့စာလို့ပဲ
အဓိပ္ပာယ်ကောက်ယူလို့ရတယ်။ ဒါကြောင့် စာတွေပေးပို့တိုင်း၊
တွေ့ဆုံမှုတွေလုပ်တိုင်း အစိုးရတပ်တွေ စစ်ဆင်မှုတွေ၊ စစ်ရေး
လှုပ်ရှားမှုတွေက ဒီတွေ့ဆုံမှုကို အခွင့်ကောင်းယူပြီးမှ တပ်တွေ
ပို့တာမျိုး၊ စခန်းသိမ်းတိုက်ပွဲလုပ်တာမျိုးက လုပ်ရိုးလုပ်စဉ်ပုံစံ
လို ဖြစ်နေပြီ။
“ဒါကြောင့် ဦးအောင်မင်း ဒီဇင်ဘာ ၁၃ ရက်နေ့ ပို့လာတဲ့ စာနဲ့
ပတ်သက်လို့ အကြောင်းပြန်ဖို့ အခြေအနေကမပေးနိုင်သေးဘူး။
အခု ထိုးစစ်တွေက ဒီဇင်ဘာ ၁၄ ကနေ စပြီးတော့ ဗဟိုဒေသ
အနီးတ၀ိုက်မှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် လုပ်လာတဲ့အပေါ်
မှာ အားလုံးဟာ ထိုးစစ်ဆင်လာတာကို ခုခံတိုက်ပွဲတွေနဲ့ အချိန်
ပေးနေရတယ်။ ဒါကြောင့် ဦးအောင်မင်း ဒီဇင်ဘာ ၁၃ ရက်နေ့က
ပေးပို့တဲ့ စာပေါ်မှာ တိုက်ရိုက် ပြန်ကြားတာမျိုး မလုပ်နိုင်သေးဘူး။
မလုပ်နိုင်သေးဘူးဆိုပေမယ့် ဒီပြဿနာဟာ တွေ့ဆုံညှိနှိုင်းဆွေး
နွေးပြီးမှ ဖြေရှင်းနိုင်မှာဆိုတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့က
လည်း အချိန်ရောက်လာတော့ စဉ်းစားဖို့ရှိတယ်။”
ဒီတပတ်အတွင်းမှာ အစိုးရဘက်က အင်အားတိုးချဲ့လာတာ တော်
တော်များပါလား။
“များပါတယ်။ သူတို့ ဗဟိုဌာနချုပ် လိုင်ဇာနဲ့အနီးဆုံးနေရာမှာရှိ
တဲ့ ကေအိုင်အို စခန်းတခုပါ။ အဲဒါ လွန်ခဲ့တဲ့ ၅ လလောက်က
အစိုးရတပ်တွေက လာသိမ်းပိုက်ထားတယ်။ အခုမနေ့ညကပဲ
ဗျူဟာ ၁ ခုနဲ့ တပ်ရင်း ၃ ရင်း အဲနေရာမှာ အင်အားလာဖြည့်
ထားတယ်။ အဲလောက်ဆို အင်အားက ၅၀၀ လောက်ရှိနိုင်တယ်။ ဗဟိုဌာနချုပ်နဲ့အနီးဆုံးနေရာမှာ ရောက်နေကြပြီ။ နောက်
မစ်ကြီးနားဘက်က ၀င်လာတဲ့လမ်းကြောင်းတွေက တပ်တွေက
ဒါန်ပါကို မနေ့က ညအမှောင်မှာ ၀င်လာကြတယ်။ ကားအစင်း
၁၀ စင်းကျော်၊ မြင်းတွေ၊ လားတွေပါတယ်။ အင်အားတော်တော်
များများနဲ့ လက်နက်ကြီးတွေလည်း အပြည့်အစုံပါလာတယ်။
လိုင်ဇာရဲ့ အနောက်ဘက်ခြမ်းမှာ ဒါန်ပါ ဆိုတာရှိတယ်။ အဲမှာ
မိုးကောင်းအခြေစိုက်စကခ၃လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ
တော်တော်နေရာယူထားပြီး ဖြစ်တယ်။ ဒါကြောင့် ဒီရက်ပိုင်း
အတောအတွင်း ဒီဇင်ဘာလ ၂၅ ရက်ကျော်တာနဲ့ သူတို့ဘက်က
ထိုးစစ်အရှိန်မြှင့်လုပ်လာဖို့ ရှိတယ်။ ထိုးစစ်ဆိုရာမှာလည်း သူ
တို့လုပ်နေတဲ့ တိုက်ပွဲတွေဟာ ထိုးစစ်တွေကြောင့်၊ စစ်ဆင်ရေး
တွေကြောင့် ဖြစ်ပေါ်လာရတဲ့ တိုက်ပွဲတွေပါ။ ဒီတခေါက်တော့ တရားဝင်စာတွေ ပေးပို့ထားတယ်ဆိုတော့ ထိုးစစ်ပြင်းပြင်းထန်
ထန် လုပ်လာဖို့ပဲ ရှိတယ်။ ပစ်ခတ်မှုတိုင်း ပစ်ခတ်မှုတိုင်းမှာ
ရဟတ်ယာဉ် ၁ စင်း အမြဲ တွဲသုံးတယ်။ ဒုံးကျည်နဲ့ ပစ်မှတ်ရှာပြီး
ပစ်ခတ်တာမျိုး လုပ်တယ်။”
အထိအခိုက်တော်တော်များပါလား။
“တိုက်ပွဲတွေမှာ လေယာဉ်ပျံတွေ၊ အမြောက်ကြီးတွေနဲ့ ဖော်ဆောင်
လာတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း တွေးစရာ၊ ဆုံးဖြတ်
စရာအများကြီး ပေါ်လာနိုင်တယ်။ တိုင်းရင်းသားအဖွဲ့တခုကို အဲလို
ချေမှုန်းလာတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း တခြားနည်း
လမ်းနဲ့ ပြောဆိုစရာ၊ စဉ်းစားစရာ နည်းလမ်းတွေပေါ်လာနိုင်တယ်
လို့ မြင်တယ်။ လေယာဉ်ပျံ၊ လက်နက်ကြီးတွေ အသုံးပြုတယ်ဆိုရင်
တော့ အဲဒီရဲ့ အကျိုးရလဒ်တွေဟာ ဆိုးကျိုးဘက် ဦးတည်လာနိုင်
တယ်လို့ သုံးသပ်တယ်။”
ကေအိုင်အေရဲဘော်တွေရော ဒီနေ့ ခရစ္စမတ်နေ့မှာ ဘယ်လိုဆင်
နွှဲဖို့ ရှိပါလဲ။
“ခရစ္စမတ်ကာလဟာ ပျော်ရွှင်စရာနေ့ထူးနေ့မြတ်ဖြစ်ပေမယ့်
ရှေ့တန်းနယ်မြေတွေမှာတော့ သတိအနေအထားနဲ့ ကိုယ့်ရဲ့မြေကို
ကတုတ်လုပ်ပြီးတော့မှ ထိုးစစ်ဆင်လာမယ့် အစိုးရတပ်တွေကို
ခုခံတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားတယ်။”
(DVB)
Read More »
အစိုးရ စစ်ရဟတ်ယာဉ်ဖြင့်KIA, စခန်းအားရုရှားလုပ်ဒုံးကျည် ဖြင့်ပစ် သည့်မှတ်းဓါတ်ပုံများ
ဝေဟင်မှ KIA,တို့ကိုပစ်တဲ့ ရုရှားလုပ်ဒုံးကျည်တွေ
ဦးသိန်းစိန် နှင့် မင်အောင်လှိုင် တို့ က
မြန်မာပြည်ငြိမ်းချမ်းရေးကို ဒါတွေနဲ့တည်ဆောက်မလို့တဲ့
ကချင်ပြည်နယ်တွင်းစစ်ပွဲတွင် အစိုးရ ရဟတ်ယာဉ်ပေါ်မှ ပစ်ခဲ့သော လက်နက်ကြီးဒုံကျဉ်များ။
(ကိုမင်ဌေး)
Read More »
သူတောင်းစားတစ်ယောက်က ပေးတဲ့သင်ခန်းစာ
(ပုံပြင်လေးက မိုက်တယ်.. ရှည်တော့နဲနဲရှည်တယ်၊ စိတ်ဝင်စားရင်တော့ဖတ်ပေါ့
ဖတ်ရတန်ပါတယ်...) စီးပွားရေးသမားတွေ ဖတ်သင့်တယ် =D
ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ သူအဲလို ရပ်လိုက်တာ နောက်ဆက်တွဲ ရမယ့် သင်ခန်းစာ ပုံပြင်ရဲ့ အစဖြစ်လာတယ်.။
Market research သင်ခန်းစာတစ်ခုကို တက်လိုက်ရသလိုပါပဲ..။ အဲဒီ သူတောင်းစားရဲ့ မူရင်း
အဓိပ္ပါယ် မပျောက်ရလေအောင် ကျွန်တော် အတတ်နိုင်ဆုံး ပြန်စဉ်းစားပြီး သူ့စကားအတိုင်း ပြန်ပြောပြပါမယ်..။
"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............."
ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောပိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."
"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။
ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။
သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်.။
ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေကြဘူး.။
သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"
ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။
" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"
"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။
ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ"
သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။
"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ၀င်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"
"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။
"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"
"အဲလောက်တောင် များများ ရလား"
ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"
ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။
ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။
"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။
"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။
"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"
"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"
ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။
"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"
"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"
"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။"
မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။
"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"
အပြောကောင်းချက်ဗျာ
"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့"
"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။
"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။ ၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"
"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ၅၀၀၀နဲ့ပေါ့..။ အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။
ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "
သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."
credit to Serein Ma Yu Hninn
Read More »