လိမ်ပြောမပြော အလွယ်တကူ အကဲခတ်နည်း



လူတစ်ယောက် လိမ်ပြောတယ် မပြောဘူးဆိုတာ သိရခက်ပါတယ်။ အထူးသဖြင့် လည်လည်ဝယ်ဝယ် ရှိတဲ့ သူတစ်ယောက်နဲ့ စကားပြောမိရင် ကိုယ်ခံလို့ ခံလိုက်ရမှန်းမသိ လိမ်သွားတာမျိုးတို့တောင် ဖြစ်တတ်ပါတယ်။ ဒီတော့ လူတစ်ယောက်နဲ့ စကားပြောတဲ့ သူ လိမ်လားမလိမ်လားဆိုတာ သိဖို့ လိုအပ်လာပါတယ်။

1. Eye contact
...

လူတစ်ယောက် လိမ်ပြီဆိုရင် နံပါတ် ၁ လုပ်နိုင်ချေအမူအရာက မျက်လုံးက အမြင်လွဲတာ ဖြစ်ပါတယ်။ စိုက်မကြည့်ရဲပါဘူး။ တောင်ကြည့်၊ မြောက်ကြည့် လုပ်နေတတ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကတော့ စိုက်ကြည့်ခြင်း ဖြစ်ပါတယ်။ သူလိမ်နေတာ မရိပ်မိအောင် တစ်ဖက်ရဲ့ မျက်နှာ အမူအရာကို လိမ်ပြောသူ စောင့်ကြည့်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါခါဆို လိမ်ပြောတဲ့သူက မျက်တောင်ခတ်တဲ့ အကြိမ်တောင် သာမန် မြင်နေကျအချိန်ထက် နည်းသွားပါတယ်။

2. Forced smile

Force smile ဆိုတာ ဘာသာပြန်လိုက်ရင် တွန်းအားပေးမှုကြောင့် ပြုံးရယ် မှု ဖြစ်ပါတယ်။ ဆိုလိုရင်က လုပ်ရယ် ရယ်ခြင်း ဖြစ်ပါတယ်။ အမှန် တကယ် မဟုတ်သော်ငြားလည်း ရယ်ချင် ယောင်ဆောင်ပါတယ်။ အရမ်း ဟားရယ်တာမျိုး မဟုတ်ပဲ နှုတ်ခမ်း လှုပ်ရုံလေး ရယ်တတ်ပါတယ်။ သဘာဝအတိုင်းသာ ရယ်မယ်ဆိုရင် Natural Smile က - ပါး၊ မျက်လုံး၊ နှာခေါင်း၊ နှဖူး စတာတွေ အကုန်လုံး တွန့်သွား အေင်ကို အမူအရာ ပီပြင်ပါတယ်။ စင်စစ် ရယ်မောမှု (Genuine smile) ဆိုရင် မျက်လုံးက ကျဉ်းသွားပြီး မှေးပါမှေးသွားပါတယ်။ ဟန်ဆောင် အပြုံး ကတော့ ပါးစပ်တစ်ဝိုက် လှုပ်ရှားမှုသာ ပိုမြင်ရမှာ ဖြစ်ပါတယ်။

3. Head & Eye direction

ညာသန် (Right Handed) လူဆိုရင် များသောအားဖြင့် ဖြစ်ရပ်မှန် တစ်ခုခု ကို ပြန်လည်စဉ်းစားတဲ့အခါ၊ တကယ်ဖြစ်ခဲ့တာ၊ တွေ့ခဲတာ၊ သိခဲ့တာ ကို ပြန်တွေးတဲ့အခါ မျက်လုံးက ညာဘက်အပေါ်ကို ကြည့်ရှုပါတယ်။ အင်္ဂလိပ်လိုဆိုရင် (the right in an upward direction) ဖြစ်ပါတယ်။ ဒါဆိုရင် အမှန်အတိုင်းပြောနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်ကူးထဲ ရှိရာပြောမယ်. စိတ်ကူးယဉ်ပြီးပြောမယ်၊ တစ်ခုခု ဇာတ်လမ်း ဆင်ပြီးပြော မယ်ဆိုရင် ဘယ်ဘက် အပေါ်ကို ကြည့်မှာ ဖြစ်ပါ တယ်။ (the left in an upward directoin). ဒါကြောင့် ဒါက လိမ်ပြောတာ ဖြစ်ပါတယ်။ ဘယ်သန် ဆိုရင်တော့ ညာသန်ရဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

အထက်ပါ သုံးချက်ကို ပုံသေမှတ်လို့တော့ မရပါဘူး။ များသော အားဖြင့် ဖြစ်နိုင်ချေကို သီအိုရီ ထုတ်ယူထားခြင်း ဖြစ်ပါတယ်။ တစ်ခါ တစ်လေကျ မှားတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက် လိမ်ပြော မပြော ကို ဒါတွေ သိရုံနဲ့ မလုံလောက်သေးပါဘူး။ လိမ်ပြောနေသူ ကို ထောက် လှမ်းနိုင်မယ့် အခြားသော Body Language, ကိုယ်ပိုင် အသိဥာဏ်၊ စဉ်းစား ဆင်ခြင်ချက်တွေကို ပေါင်းစပ်မယ်ဆိုရင် အနည်းနဲ့ အများတော့ အလိမ်ခံ ရခြင်းက ကင်းဝေးမှာ ဖြစ်ပါတယ်။
--
Ref:ezinearticles.com
--
http://www.innewsmyanmar.com/2012/12/blog-post_9971.html
Read More »

ပြည်ထောင်စုနေ့အမီ သိက္ခာပြန်ဆယ်နိုင်ပါ့မလား





ပြည်ထောင်စုနေ့ကို ဘယ်တိုင်းရင်းသားခေါင်းဆောင်များ တက်ကြမလဲ

စစ်အစိုးရလက်ထက်မှာ လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့ထက် တပ်မတော်နေ့ကိုသာ လူငယ်များ ပိုသိကြတယ်။ လွတ်လပ်ရေးမှာ ပြည်သူတွေ မပျော်နိုင်ခဲ့တာ ကြာပြီ။ ပြည်ထောင်စုနေ့မှာလည်း တိုင်းရင်းသားလူမျိုးများ မပျော်နိုင်ခဲ့တာ ကြာပြီ။ ဒီနှစ်မှာလည်း ပြည်ထောင်စုနေ့ကို ဆင်ယင်ကျင်းပမှာပါ။ ဒါပေမဲ့ အစိုးရက ကချင်ကို ရက်ရက်စက်စက် ထိုးစစ်ဆင်ပြီး အပြစ်မဲ့ကချင်ပြည်သူများကို နှစ်နှစ်ကြာမျှ မုဒိမ်းကျင့်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခဲ့တဲ့အတွက် အစိုးရကျင်းပတဲ့ ပြည်ထောင်စုနေ့ကို ဘယ်တိုင်းရင်းသားခေါင်းဆောင်များ တက်ကြမလဲ စိတ်ဝင်စားစရာပါ။


ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးနိုင်ခြေရှိ

ကြေးနီစီမံကိန်းအကြမ်းဖက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးခဲ့လို့ အစိုးရက သက်သာရာရခဲ့ပါတယ်။ ကချင်အရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးနိုင်တယ်လို့ ဆိုကြပါတယ်။ လက်ရှိအခြေအနေမှာ အစိုးရတပ်နဲ့ကချင်တပ် မျက်နှာချင်းဆိုင်လို့ မကောင်းပါ။ အစိုးရနဲ့တိုင်းသားလူမျိုးများကြားမှာလည်း သံသယတွေ ကြီးထွားလာပြီဖြစ်တယ်။ အခြေအနေအရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာဖို့ အကောင်းဆုံးအချိန် ဖြစ်တယ်။ ဒါပေမဲ့ တစ်ခုစဉ်းစားစရာရှိတာက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေနဲ့ သဘောထားတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပြောနေပေမဲ့ သူ့စကား ပျက်ပေါင်းများတော့လည်း သူ့စိတ်ရင်းကို ခန့်မှန်းလို့မရတော့ပါဘူး။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ဘက်ကိုမှ မပါခဲ့လို့ စေ့စပ်ရေးလုပ်ရင် အသင့်တော်ဆုံး ဖြစ်တယ်။ တိုင်းရင်းသားများကို ချော့လို့မရတော့ဘူးလို့ အစိုးရက ထင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ကို အသေအချာ ထုတ်သုံးလာမှာ ဖြစ်တယ်။


ကချင်နဲ့အစိုးရတပ်တို့ကရော ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံနိုင်လား

မေးစရာရှိတာက ဒေါ်အောင်ဆန်းစုကြည်ကို ကချင်နဲ့အစိုးရတပ်တို့ လက်ခံကြသလားဆိုတာပဲ။ ဖြစ်သမျှပြဿနာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တာ ကြာလှပြီပဲ။ အစိုးရအကူအညီတောင်းတဲ့အတွက် ကြေးနီကိစ္စမှာ ပါခဲ့ပေမဲ့ နိုင်ငံရေးသိက္ခာမကျဖို့ မနည်းထိန်းခဲ့ရပါတယ်။ ကချင်အရေးမှာလည်း ကချင်လူမျိုးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် မကျေနပ်မှုများ ဖြစ်ခဲ့ကြောင်း လူတိုင်းအသိဖြစ်တယ်။ ဒါပေမဲ့ ကချင်တွေက ဒုက္ခရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အသံကို ကြားချင်ပေမဲ့ မကြားခဲ့ရလို့ မကျေနပ်ကြခြင်းလို့ ယူဆမိပါတယ်။ ကချင်များကို ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မနောက်ကျသေးပါဘူး။ အဓိကပြဿနာက စစ်တပ်ပါ။ မြန်မာ့တပ်မတော်အနေနဲ့ အဖရင်းကို သစ္စာဖောက်ပြီး ဖထွေးနောက် လိုက်ခဲ့ကတည်းက ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်များနဲ့ မိဘပြည်သူများကို ရန်သူသဖွယ် ဆက်ဆံလာတဲ့သမိုင်း ရှိပါတယ်။ လောလောဆယ်မှာ မြန်မာ့တပ်မတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလေးပြုဖို့ အဆင်သင့်ဖြစ်ပြီလား။ မသေချာသေးပါ။


ပြည်ထောင်စုနေ့အမီ သိက္ခာကို ပြန်ဆယ်နိုင်ပါ့မလား

အစိုးရအနေနဲ့ ကချင်ကို မတရားတိုက်ခဲ့တဲ့အတွက် နိုင်ငံရေးအရ သိက္ခာကျခဲ့ရပါတယ်။ မြီးရှင်နိုင်ငံများက မြန်မာ့ကြွေမြီးကို လျော်ပစ်ခြင်းမှာ ထောင်မြင်ရာစွန့်သဘောသာ ဖြစ်လို့ အဆင်ပြေနေတယ်လို့ ယူဆလို့မရပါ။ လွှတ်တော်မှာ နိုင်ငံရေးစကားမပြောရဘူးပြောတဲ့ သူရရွှေမန်း၊ ဘယ်သူမှ မနာခဲ့တဲ့ အမိန့်တွေကို တသွင်သွင်ပေးနေတဲ့ သိန်းစိန်၊ ဘယ်သူကိုမှ မှုစရာမလိုဘဲ သေနတ်ကို တဒိုင်းဒိုင်းပစ်နေတဲ့ မင်းအောင်လှိုင်တို့ကို အမေရိကန်နဲ့တရုတ်တို့က စိတ်အပျက်ကြီးပျက်ခဲ့ပြီ။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ဘယ်တုန်းကမှ နာမည်ကောင်းမထွက်ခဲ့တဲ့ နော်ဝေကလွဲရင် အခြားဥရောပနိုင်ငံများလည်း မြန်မာအစိုးရရဲ့ အကြမ်းဖက်မှုများကို သတိထားမိလာကြပြီဖြစ်တယ်။ စီးပွားရေးကို ပြန်ပိတ်ဆို့တဲ့အထိ မဟုတ်ရင်တောင် မြန်မာအစိုးရမှာ ဖိအား အတော့်ကို များနေပါပြီ။

ဒီဖိအားကို လျှော့ချဖို့ အစိုးရက ပြည်ထောင်စုနေ့ကို အသုံးချလာမှာကတော့ အသေအချာပါပဲ။ နောက်ဆုတ်ရင်းနဲ့ ရှေ့ကို တိုးမိတဲ့ တပ်များကို ဆုတ်ပေးစရာမလိုဘဲ လိုင်ဇာကို ရာသက်ပန်ပိတ်ဆို့ထားလို့ရအောင်၊ လိုင်ဇာကို သိမ်းစရာမလိုဘဲ လက်ထဲရောက်အောင်၊ နိုင်ငံရေးအရ ဘာသဘောတူညီချက်ကိုမှ လုပ်စရာမလိုဘဲ အပစ်ကို ရပ်နိုင်အောင်၊ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်စေပြီး နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် အစိုးရအတွက် အလွန်အရေးကြီးနေပါတယ်။ ဒီလိုလုပ်နိုင်မှပဲ အစိုးရအတွက် ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာကို အဖတ်ဆည်လို့ရမှာပါ။ ဆီဂိမ်းအတွက်လည်း မျက်နှာပန်းလှမှာပါ။ တိုက်စရာရှိသေးရင် ဆီဂိမ်းပြီးမှ ရမည်းရှာပြီး တိုက်လိုက်ရုံပါပဲ။ အကြောင်းပြချက် ပေးစရာမယ်မယ်ရရ ဘာမှမရှိဘဲ ကချင်ကို တိုက်ခဲ့ပြီပဲ။ အခြားလူမျိုးများကို တိုက်ချင်သေးရင် ထတိုက်လိုက်ရုံပဲ။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ (၂)နှစ်ကြာတိုက်ခဲ့တဲ့ စစ်ပွဲကို (၁၂)ရက်ထဲနဲ့ အဖြေရှာလို့ရမှာမဟုတ်၊ လိုင်ဇာနားရောက်နေတဲ့ အစိုးရတပ် ဆုတ်ခွါသွားအောင် စည်းရုံးလို့ရမှာမဟုတ်၊ အပေးအယူလုပ်ရတဲ့ညှိုနှိုင်းရေးယဉ်ကျေးမှုကို မြန်မာ့တပ်မတော်က နားမလည်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတဲ့လို့ သူကိုယ်တိုင် ပါဝင်ဦးမှာမဟုတ်တဲ့အတွက် မလွယ်သေးဘူးလို့ သုံးသပ်ချင်ပါတယ်။

Credit:  Ven Ravika
Read More »

ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့ ယခင်အစိုးရခေါင်းဆောင်တွေအပြင် ပြည်သူ တွေရဲ့ အခန်းကဏ္ဍလည်း အရေးပါတယ်။

 မြန်မာပြည်ကြီးဟာ နိုင်ငံရေးအကွဲအပြဲ ဇာတ်လမ်းတွေကြောင့် ဖွံ့ဖြိုးမှုနှေးခဲ့ရတယ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးညွန့်(ငြိမ်း)နှင့် တွေ့ဆုံခြင်း

မြန်မာ့တပ်မတော်၌ အမှတ်(၁) တပ်ပေါင်းစု ခြေလျင်တပ်ရင်း (ယခု အမှတ်(၁) ခြေလျင်တပ်ရင်း)တွင် တပ် သားအဆင့်မှစကာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရန် ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ငြိမ်ဝပ်ပိ ပြားမှု တည်ဆောက်ရေးအဖွဲ့ဝင်၊သာသ နာရေးဝန်ကြီး စသည့် တာဝန်များထမ်း ဆောင်ခဲ့သည့် အငြိမ်းစားဒုတိယ ဗိုလ် ချုပ်ကြီး မျိုးညွန့်အား တွေ့ဆုံ၍ မြန်မာ နိုင်ငံကြီးဖွံ့ဖြိုးမှုနှေးကွေးခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းများ၊ လတ်တ လောဖြစ်ပျက်ခဲ့သော လူမျိုးရေးကိစ္စများ အပေါ် အမြင်သုံးသပ်ချက်များအား မေး မြန်းခဲ့ပါသည်။
မေး- မြန်မာနိုင်ငံမှာခုဆို ဒီမိုကရေစီ လမ်းစဉ်ကို လျှောက်လှမ်းနေပြီပေါ့ဘဘ။ အဲဒီလို လျှောက်လှမ်းနိုင်ခဲ့တာဟာ ယခင်အစိုးရရဲ့ ဆောင်ရွက်ပေးခဲ့မှု တစ် ခုတည်းကြောင့်လား။ ဒါမှမဟုတ် ဒီမိုက ရေစီလိုလားတဲ့ လူထုရဲ့ ကဏ္ဍကရော ဘယ်လောက် အရေးပါ ပါသလဲ။
ဖြေ- ယခင် န၀တခေတ်တည်းက ဒီမိုက ရေစီနိုင်ငံကို သွားမယ်ဆိုတာရှိပြီးသား လေ။ အမျိုးသားညီလာခံမှာလည်း ဒီမို ကရေစီ နိုင်ငံသွားဖို့လုပ်ခဲ့တာပဲ။ ဒါပေမဲ့ အချိန်ယူပြီးသွားရတာရယ်၊ အရေးအခင်း ကြီးဖြစ်သွားတာရယ်တို့ကြောင့် ကြန့်ကြာ သွားတာပါ။ ခု ဒီမိုကရေစီလမ်းစဉ်ပေါ် လျှောက်လှမ်းနိုင်တာဟာ ယခင်အစိုးရ ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ပေးခဲ့မှု အပြင် ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ ရဲ့ အခန်းကဏ္ဍလည်းပါတယ်။ ပြည်သူ က မလိုလားရင်၊ မလိုချင်ရင် ဘာမှလုပ် လို့မရဘူးလေ။ လမ်းစဉ်ပါတီခေတ်တည်း က တပ်မတော်နဲ့ အုပ်ချုပ်လာတာဆို တော့ ပြည်သူက ဒီမိုကရေစီကို လိုချင် တယ်။ အမျိုးသားညီလာခံကြီးဟာ ပြည်သူတွေ ဒီမိုကရေစီလိုချင်ကြောင်းပြတဲ့ သက်သေ တစ်ခုပဲလေ။ ဒီတော့ ခုဒီမိုကရေစီစနစ် ပေါ် လျှောက်လှမ်းနိုင်တာ ယခင်အစိုးရ ခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ပေးမှု အပြင် ပြည်သူရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ နေရာက ပါဝင်နေတယ်။
မေး- ဘဘဟာ တိုင်းပြည်မှာတာဝန် အဆင့်ဆင့် ထမ်းဆောင်ခဲ့တဲ့ ၀ါရင့် ပုဂ်္ဂိုလ်ကြီးတစ်ယောက်လည်း ဖြစ်တဲ့အ တွက် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ကြည့်ပြီး ကိုယ့်တိုင်း ပြည်ရဲ့ ဖွံ့ဖြိုးမှုနှေးကွေးနေတာကို အား မရတာမျိုးဖြစ်မိပါသလား။
ဖြေ- ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးပြီးဆို တဲ့ အဆင့်ကို ရောက်အောင် ကြိုးစား ကြတာပဲလေ။ ဘာ သယံဇာတမှမရှိတဲ့ စင်ကာပူတောင် အာရှမှ ချမ်းသာပြီး လက်မထောင်နိုင်သေးတာပဲ။ မြန်မာ ပြည်ကြီး သယံဇာတ ဒီလောက်ကြွယ်ဝ ပြီး ဖွံ့ဖြိုးမှုနှောင့်နှေးနေတော့ ဘယ်စိတ် ချမ်းသာပါ့မလဲ။ သူများနိုင်ငံတွေ အထူး သဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုတွေ ကိုကြည့်ပြီး အားကျတယ်။ ကိုယ့်တိုင်း ပြည်ကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ဆိုရှယ် လစ်စီးပွားရေးကို သွားဖို့ မျှော်မှန်းထားခဲ့ ပြီးသားလေ။ ဘဘတို့နိုင်ငံမှာက အခြား နိုင်ငံတွေထက် သယံဇာတတွေ ပိုကြွယ် ၀တယ်။ ဒါပေမဲ့ နည်းပညာအားနည်း တယ်။ ဒါကြောင့် ဒီကလူတွေ သူများ တိုင်းပြည်သွားပြီး အလုပ်လုပ်နေရတယ်။ လေ့လာဖို့ဆိုတာကလည်း အကြောင်း ကြောင်းတွေကြောင့် အချိန်မရခဲ့ဘူး။
မေး- ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးမှု နှေးကွေးခဲ့ရတာတွေဟာဘယ်အပေါ်မှာ အခြေခံပါသလဲ။ ဘဘရဲ့ အမြင်ကို သိပါ ရစေ။
ဖြေ- ဘဘမြင်တာကတော့ ပြည်တွင်း သောင်းကျန်းမှုပဲ။ ပြည်တွင်းသောင်းကျန်း မှုစတဲ့အချိန်က မြန်မာနိုင်ငံမှာ ကန်္ဒီစာ ချုပ်အရ တပ်မတော်အင်အားက ကြည်း၊ ရေ၊ လေ အကုန်ပေါင်းမှ ၅၂၀၀ ပဲရှိ တယ်။ သောင်းကျန်းသူတွေကလည်း အရမ်းအင်အားများတယ်။ ကွန်မြူနစ်က လည်း တောခိုတယ်။ ရဲဘော်ဖြူလည်း တောခိုတယ်။ နောက်ဆုံးတပ်မတော်ရဲ့ တပ်ရင်း (၅)ရင်းရှိတဲ့ထဲက တပ်ရင်း(၁) နဲ့ (၃)ကပါ တောခိုသွားတယ်။ အဲဒီမှာ တိုင်းပြည်အတွက်ဘာမှ အင်အားမရှိတော့ ဘူး။ ကျန်ခဲ့တဲ့ တပ်မတော်သားနှစ်ထောင် ကျော်ကပဲ တိုင်းပြည်ကို ကာကွယ်နေခဲ့ ရတာ။ အဲသလိုအချိန်တွေကြာသွား တော့ တိုးတက်မှုက နှောင့်နှေးသွားခဲ့ရ တာပဲ။ နောက်တစ်ခုက နိုင်ငံရေးအကွဲ အပြဲ ဇာတ်လမ်းတွေ အဲဒါတွေကြောင့် လည်း တိုင်းပြည်ဖွံ့ဖြိုးမှုနှေးခဲ့ရတယ်။ ၁၉၀၅ ခုနှစ်မှ စဖွဲ့တဲ့ ၀ိုင်အမ်ဘီအေက လည်း နောက် ဂျီစီဘီအေဆိုပြီး ကွဲသွား တယ်။ နောက် ဂျီစီဘီအေလည်း အစိတ် အစိတ်အမွှာမွှာကွဲ။ အဲဒီလို နိုင်ငံရေး တောက်လျှောက်ကွဲလာတာ။ အကွဲအပြဲ သံသရာက မဆုံးနိုင်တော့ဘူး။ တိုင်းပြည် ဖွံ့ဖြိုးရေး ရှေးရှုလုပ်တော့မယ်ဆိုတာနဲ့ ရှေ့က သောင်းကျန်းမှုပါမယ်။ နောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ နိုင်ငံရေးအကွဲ အပြဲတွေပါမယ်။ ဖဆပလလည်း သန့် ရှင်း၊တည်မြဲ။ နောက် လမ်းစဉ်ပါတီခေတ် မှာ အကွဲအပြဲသံသရာကြီးဆုံးတယ်။ ဒါ ကြောင့် သောင်းကျန်းမှုတွေနဲ့ နိုင်ငံရေး အကွဲအပြဲတွေက တိုင်းပြည်ဖွံ့ဖြိုးမှုကို အဓိကနှေးကွေးစေတာပဲ။ ဘဘတော့ ဒီလိုပဲမြင်တယ်။
မေး- လမ်းစဉ်ပါတီခေတ်မှာ ဆိုရှယ် လစ်စီးပွားရေးနဲ့ တိုင်းပြည်ကို ဦးဆောင် သွားပေမဲ့လည်း တိုင်းပြည်က ဘာကြောင့် မတိုးတက်ခဲ့ပြန်တာလည်း သိပါရစေ ဘဘ။
ဖြေ- ခုနပြောသလို ဟိုးအရင်ကတည်း က အမြစ်တွယ်လာတဲ့ နိုင်ငံရေးအကွဲ အပြဲဇာတ်လမ်းတွေ၊ ပြည်တွင်းသောင်း ကျန်းမှုတွေ အဲဒါတွေကို ပြန်တည့်မတ်ရ တာတို့၊ တပ်မတော်အင်အားပြည့်တည်း ရတာတို့ စတာတွေကို လုပ်တယ်။ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကို ရှေးရှုမယ်။ တည် ဆောက်မယ်ဆိုရင် ဒီလိုအကွဲအပြဲတွေကို ပြန်တည့်မတ်ရမယ်လေ။ နောက် တိုင်း ပြည်ကာကွယ်ရေး အင်အားလည်း ဖြည့် ရမယ်။ ဒါတွေကို လုပ်တယ်ဆိုတာလည်း ခုချက်ချင်းလုပ်ယူလို့မရဘူး။ အချိန်ယူပြီး လုပ်ရတယ်။ အဲဒီမှာပဲ အချိန်တွေကြာပြီး တိုင်းပြည်ဖွံ့ဖြိုးမှု ထပ်နှေးခဲ့ရတာပဲ။
မေး- ဦးနေ၀င်းဟာ ၁၉၈၈မှာ အာဏာ လွှဲပေးပြီးနောက်ပိုင်း တပ်မတော်နေ့ ည စာစားပွဲကို ယူနီဖောင်းကြီးနဲ့တက်ရောက် ခဲ့တယ်လို့ ကြားသိရပါတယ်။ ဒီလိုအဖြစ် ကြောင့် အဲဒီအချိန်က အုပ်ချုပ်ရေး အပေါ် ဦးနေ၀င်းကြိုးကိုင်ထားတဲ့ သဘောမျိုး ထင်စရာရှိသွားပါတယ်။ အဲဒါလေးကို သိ ပါရစေ။
ဖြေ- ဟုတ်တယ်။ ၈၈ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာလွှဲပြီးနောက်ပိုင်း တပ် မတော်နေ့ညစာစားပွဲကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်တောင် မရောက်သေးဘူး။ သူရောက်ချလာ တယ်။ သူ့မှာ အာဏာမှ မရှိတော့တာ။ အားလုံးက အံ့သြသွားပြီး မှင်သေသေ နေကြတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဘာသ ဘောနဲ့မှတော့မဟုတ်ပါဘူး။ ၁၉၃၉ လောက်ထဲက တပ်မတော်ထဲနေလာ တော့ တပ်မတော်ကြီးအပေါ် သံယော ဇဉ်တွယ်ပြီးဖြစ်တာပါ။ သူ့အနေနဲ့ တပ် မတော်စတည်ထောင်တဲ့အထဲမှာလည်း ပါခဲ့တာကိုး။ အဲဒီနေ့ကလည်း သူ တင်းနစ်ရိုက်နေရင်း ကိုယ်ရေးအရာရှိကို ဒီနေ့တပ်မတော်နေ့လေ။ သွားရမယ်ဆို ပြီး ရောက်လာတာ။ လမ်းကျမှ စကား ပြောစက်နဲ့ သူလာမယ်လို့ ပြောတာ။ အားလုံးက အံ့သြသွားတယ်။ ဒါပေမဲ့
ရောက်လာတော့လည်း ကာကွယ်ရေး ဦးစီးချုပ်လာတဲ့အခါ သူကိုယ်တိုင်က မတ်တပ်ရပ်ပြီး ခရီးဦးကြိုပြုခဲ့ကြတာပါ ပဲ။ အလင်းဝင်လာတဲ့ ဗိုလ်ချုပ်စောကြာ ဒိုးတို့လည်းပါတာပဲ။
မေး- လတ်တလောဖြစ်ခဲ့တဲ့ ရခိုင်ပြည် က အရေးကိစ်္စတွေပေါ်မှာရော ဘဘအနေ နဲ့ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ- ဒါဟာ ဘာသာရေးကိစ်္စမဟုတ် ဘူး။ အာရှမှာ မွတ်ဆလင်အင်အားကြီး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ သမ်္မတက တောင် ဒါဟာ လူမျိုးစုနှစ်ခုရဲ့ ပြဿနာ လို့ပဲပြောတယ်။ အဲဒါ မှန်တယ်။ လူမျိုး စု နှစ်ခုကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သံသ ယမီးပွားကစတာပါ။ ဒါကို ဘာသာရေး ပြဿနာလို့ ယူဆလို့ မရဘူး။ ဘာသာ တရားတိုင်းက ကောင်းရာကို လမ်းညွှန် တာပဲလေ။ အစ္စလာမ်ကိုးကွယ်လို့ ကုလားလို့ ပြောလို့မရသလို၊ ခရစ်ယာန် ကိုးကွယ်လို့လည်း အင်္ဂလိပ်လူမျိုးပြော လို့မရဘူး။ တိုင်းရေးပြည်ရေးဖြစ်လာတုန်း ကလည်း ဒီမွတ်ဆလင်တွေ၊ ခရစ်ယာန် တွေ အကုန်ပါဝင်တိုက်ပွဲဝင်ခဲ့ကြတာပဲ လေ။ တိုင်းပြည်အရေးဖြစ်လာရင် ဘာ သာကို ခဏဖယ်ထားလိုက်။ မြန်မာဟာ မြန်မာပဲ။
မေး- လက်ရှိ သမ္မတကြီး ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ်မှာရော ဘယ်လိုမြင်မိ သုံး သပ်မိပါသလဲ။
ဖြေ- ဦးသိန်းစိန် သမ္မတအဖြစ် တာဝန် စယူတုန်းပြောတဲ့ နိုင်ငံတော် မိန့်ခွန်းမှာ ကတည်းကိုက တိုင်းပြည်ကို ဘယ်လို လမ်းကြောင်းသွားမယ်ဆိုတာ ထင်ဟပ် နေတာပဲလေ။ ခုပြောတဲ့အတိုင်း သူလုပ် နေပြီပဲ။ သူ့ရဲ့ ရိုးသားမှု၊ တာဝန်ခံနိုင်မှု တွေကြောင့် တိုင်းပြည်ဟာ တိုးတက်မှာ ပါ။ အဲဒါကို လုံးဝ ယုံမှားမရှိဘူး။ အရင် က ဘယ်အစိုးရက အသုံးစရိတ်ဘတ်ဂျက် နဲ့ ပတ်သက်ပြီး ပြည်သူကို အသိပေး ထုတ်ပြန်တာမျိုးမှမရှိဘူး။ ခု သူထုတ်ပြန် တယ်။ လွှတ်တော်ကို သ၀ဏ်လွှာပေးပြီး ပြည်သူကို ချပြတယ်။ သူကိုယ်တိုင်က ကျန်းမာရေးကောင်းရှာတာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ခမျာ တိုင်းပြည်အတွက် စေ တနာနဲ့ လုပ်ရှာပါတယ်။ ဒါကြောင့် ဘဘ တို့ဆို သူ့အတွက် နေ့တိုင်းမေတ္တာပို့ တယ်။ ဆုတောင်းတိုင်းပြည့်တာမှ မဟုတ်ဘဲ။ မေတ္တာပဲပို့တယ်””ဟု ပြန်လည်ဖြေကြား ပေးသွားခဲ့ပါသည်။



ခန့်ခန့် (ဒဿနိက)
Read More »

ရော်ဘင်စု၊ ခရိုနီအရွေ့နှင့် ၂ဝ၁၅ အကြို ရွှေ့ ကွက်များ



သတင်းဆောင်းပါး — ဇန်နဝါရီ ၂၄၊ ၂ဝ၁၃

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဆယ်စုနှစ် နှစ်ခုနီးပါးမျှ နေအိမ်အကျယ်ချုပ် ချထား ခဲ့သော မြန်မာစစ်အစိုးရကို အမှီအခိုပြုခြင်းအားဖြင့် ကြီးပွား ချမ်းသာလာကြသော ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီသို့ ရန်ပုံငွေ လှူဒါန်း ထည့်ဝင် ကြကာ အလှူရှင်များ အဖြစ်သို့ ရောက်ရှိ လာကြခြင်းဖြင့် ယင်း တို့၏ ပုံရိပ်ကို ပြန်လည်ကောင်းမွန် လာစေရန် ကြိုးပမ်းရာတွင် အောင်မြင်မှု တစ်ရပ်ကို စိုက်ထူနိုင် ခဲ့ကြပြီ ဖြစ်သည်။

ပညာရေး စီမံကိန်းများအတွက် စစ်တပ်အရိပ်မည်း လွှမ်းမိုးမှု မကင်းသော ရန်ပုံငွေ အလှူအတန်းများ ကို နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်က လိုလားစွာ လက်ခံရယူမှုသည် သူ၏ နိုင်ငံတကာ ပုံရိပ် အပေါ် ဆိုးကျိုး သက်ရောက်မှုရှိ ကောင်းရှိနိုင်မည်ဖြစ်သော်လည်း သူ့ ကို ထောက်ခံသူများကမူ ထိုသို့ လက်ခံ လိုက်ခြင်း သည်ပင်လျှင် ဘဏ္ဍာရေး လိုအပ်ချက်ကို ဖြည့်ဆည်းရန် နိုင်ငံရေးအရ ပါးနပ်လိမ္မာစွာ ဆောင်ရွက် လိုက်ခြင်းအဖြစ် ချီးကျုး ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံကို ရာစုနှစ်ဝက်မျှ အုပ်စိုးခဲ့သည့် စစ်အာဏာပိုင်တို့နှင့် လက်တွဲကာ ကြီးပွားချမ်းသာ လာကြသော လုပ်ငန်းရှင်များအဖြစ် အမေရိကန် အစိုးရက အမည်မည်း စာရင်း သတ်မှတ်ထားသူတို့ ပိုင်ဆိုင်သော လုပ်ငန်း များက ရန်ပုံငွေ ဂီတပွဲ တစ်ရပ်တွင် ထည့်ဝင်လှူဒါန်းခဲ့ သော ငွေရပ် ကျပ် ၂၁၁.၅ သန်းခန့် ကို ဒေါ်အောင်ဆန်း စုကြည်၏ National League for Democracy (NLD) ပါတီက လက်ခံရယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရန်ပုံငွေ လှူဒါန်းထည့် ဝင်မှုများက မြန်မာနိုင်ငံအတွင်း လှုပ်ခတ်မှုလေး တစ်ရပ်မျှကိုပင် မဖြစ်ပေါ်စေ ခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူလူထု က မည်မျှအထိ ကြည်ညိုလေးစား ကြောင်း ပြသ လိုက်သည့် သင်္ကေတ တစ်ရပ်ဖြစ်သည့်အပြင် ၂ဝ၁၁ ခုနှစ်၊ မတ်လအတွင်း ပြုပြင်ပြောင်း လဲရေးအစိုးရ တက်လာပြီးနောက်ပိုင်း ရပ်တည်မှုအပြောင်းအရွှေ့တစ်ရပ် ပြုလုပ်ရန် ကြိုးစားလာသည့် ခရိုနီ လုပ်ငန်းရှင်များ ၏ အောင်မြင်မှု ကို ပြသလိုက်ခြင်း လည်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရ၏ လက်ရုံးနှင့် လက်နက်ရောင်းချသူအဖြစ် သတ်မှတ် ထားသည့် မြန်မာ လုပ်ငန်းရှင် ဘီလျံနာ ဦးတေဇပိုင်ဆိုင်သည့် AGD Bank က ဒီဇင်ဘာလအတွင်း ကျင်းပခဲ့သည့် ရန်ပုံငွေ ဂီတပွဲ တစ်ရပ်၌ အန်အယ်လ်ဒီ ပါတီသို့ မြန်မာကျပ်ငွေ သန်း ၄ဝ (ကန်ဒေါ်လာ ၄၇ဝဝဝ) လှူဒါန်း ပေးအပ် ခဲ့သည်။

ရွှေသံလွင် စီးပွားရေးလုပ်ငန်း အုပ်စုနှင့် Sky Net ရုပ်/သံဌာနတို့ ကို ပိုင်ဆိုင်သော မြန်မာလုပ်ငန်းရှင် ဦးကျော်ဝင်း၏ ဇနီးသည် ကလည်း လေလံပွဲတစ်ရပ် တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်နှင့် ထိုးထားသည့် အနွေးထည် ဆွယ်တာ ၂ ထည်အနက်မှ ၁ ထည်ကို မြန်မာကျပ်ငွေ ၄၁.၅ သန်း ပေးကာ လှူဒါန်း ဝယ်ယူခဲ့သည်။ Sky Net ရုပ်/သံ ကလည်း ကျပ်ငွေ သန်းပေါင်း ၁၃ဝ ကို သီးသန့်လှူဒါန်းသွားခဲ့ ပေသေးသည်။

ကောက်ခံရရှိသော ရန်ပုံငွေ အားလုံးသည် ပညာရေးလုပ်ငန်းများ စီမံဆောင်ရွက်ရန်သာဖြစ်ပြီး ပါတီ အရေး ကိစ္စနှင့် စပ်ဆိုင်ခြင်း မရှိကြောင်း၊ အန်အယ်လ်ဒီပါတီ၏ လူမှုရေးနှင့် ပညာရေးမူဝါဒများ ဆိုင်ရာ တာဝန်ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်စိန် က ပြောကြားခဲ့သည်။

အန်အယ်လ်ဒီ ပါတီ၏ အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက အဆိုပါ လှူဒါန်းမှုများအတွက် အန်အယ်လ်ဒီ ပါတီက အထူးကျေး ဇူးတင်ရှိကြောင်း၊ ပါတီဝင် အားလုံးလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမည်မှာ အသေအချာ ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဦးတေဇနှင့် စစ်တပ်ဆက်နွယ်မှုရှိသည့် အခြားသော စီးပွားရေး လုပ်ငန်းရှင်များသည် အနောက်နိုင်ငံ တို့၏ အမည်မည်း စာရင်းတွင် ယနေ့တိုင် ပါဝင်နေကြဆဲ ပင်ဖြစ်သည်။

ပြည်သူအများကမူ ယင်းတို့၏ စစ်အစိုးရအပေါ် အသံတိတ် ထောက်ခံမှု၊ ဖုံးဖိမရအောင် ထင်ရှားလှသော ဥစ္စာဓန ကြွယ်ဝမှုနှင့် မြန်မာ့စီးပွားရေး ကဏ္ဍ အများအပြားကို ဆက်လက် စိုးမိုးထားနိုင်ခြင်း စသည်တို့ အတွက် ယင်းတို့အပေါ် ယုံကြည်မှု ကင်းမဲ့ကာ အမုန်းပွားလျက် ရှိကြဆဲဖြစ်သည်။

နေအိမ် အကျယ်ချုပ်ဖြင့် ၁၇ နှစ်တိုင်တိုင် နေထိုင်ခဲ့ရပြီး ၂ဝ၁ဝ ခုနှစ်တွင်မှ လွတ်မြောက်လာခဲ့ရ သော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ အဆိုပါ ငွေရပ်များကို အချည်းနှီး ဖြစ်စေမည့်အစား ကောင်းသော ရည်ရွယ်ချက်ဖြင့် လှူဒါန်းလိုက်ခြင်းက သာ၍ ကောင်းကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ပြောကြားကာ သူ၏ အလှူငွေ လက်ခံမှုကို ကာကွယ်ပြောကြားခဲ့သည်။

အမှားမည်မျှကို ကျူးလွန်ခဲ့ သည်ဖြစ်စေ၊ ပြင်ဆင်ရန် အခွင့်အရေး တစ်ရပ်ရရှိသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရိုနီဟု ခေါ်ဆိုခံရသူများ” အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းပြောကြားလေ့ ရှိသူများနှင့် မိတ်ဖွဲ့ ဆောင်ရွက်ခြင်း သည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက် ပွန်းပဲ့စေနိုင်ခြင်း ရှိပုံမရပေ။ တိုင်းရင်းသား ဒုက္ခသည်များ အကြမ်းဖက်တိုက်ခိုက်ခံ နေရခြင်းနှင့်စပ်လျဉ်း၍ ရပ်တည် ပြောကြားမှု မရှိခဲ့သော ဒေါ်အောင် ဆန်းစုကြည် အပေါ် ဝေဖန်ပြောကြားမှုများ ရှိနေပြီး ဖြစ်သည့်တိုင် ခရိုနီတို့၏ အလှူငွေများကို လက်ခံခြင်းက သူ၏ဂုဏ်သိက္ခာကို ထိပါးရန် မရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် နိုင်ငံရေးဆွေးနွေးရာ နေရာတစ်ရပ်အဖြစ် လူကြိုက်များ တွင်ကျယ်လျက်ရှိသော Facebook လူမှုကွန်ရက်ပေါ်တွင် သူ့ကို ထောက်ခံသူအချို့က “Robin Suu” ဟူ၍ပင် ချစ်စနိုးဖြင့် အမညပေး ရေးသား ဖော်ပြ လာခဲ့ကြသည်။ လူချမ်းသာများထံမှ ငွေကြေးများကို လုယူကာ ဆင်းရဲသူ ဆင်းရဲသား များအား ဝေငှ ပေးသော အင်္ဂလိပ် တောပုန်းကြီး Robin Hood နှင့် တင်စားကာ “ရော်ဘင်စု”ဟု ခေါ် ဝေါ်ကြခြင်း ဖြစ်သည်။

UK နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Mark Farmaner က အဆိုပါ အလှူငွေများကို လက်ခံ ခြင်းသည် ကြီးကျယ်သော ပြဿနာ တစ်ရပ်ဟု မယူဆကြောင်း၊ ခရိုနီ များထံမှ အလှူငွေကို လက်ခံခြင်းအားဖြင့် မူဝါဒအပေါ် အကျိုးသက် ရောက်မှု တစ်စုံတစ်ရာရှိသည့် သက်သေ အထောက်အထား တစ်ခု တလေမျှကိုပင် တွေ့ရှိရခြင်းမရှိ သေးကြောင်း၊ အန်အယ်လ်ဒီ အနေဖြင့် မူဝါဒ အများအပြား ချမှတ်နိုင် ခြင်းလည်း မရှိသေးကြောင်း၊ ထောက်ပြ ပြောကြားခဲ့သည်။

ဆင်းရဲသား အများစု ပါဝင်သော အရေအတွက် သန်းနှင့်ချီ၍ ရှိသည့် ပါတီဝင်များထံမှ ရန်ပုံငွေ ကောက်ခံနိုင် ရေး ယန္တရားတစ်ရပ် ကင်းမဲ့လျက်ရှိသည့် အန်အယ်လ်ဒီ ပါတီ အတွက် အဆိုပါ လှူဒါန်းငွေများ မှာ အရေးပါလှ ပေသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော Derek Tonkin က နိုင်ငံရေး နယ်ပယ်တွင် ရန်ပုံငွေရရှိရေး သည် ရှင်သန်ရေးအတွက် မရှိမဖြစ် လိုအပ်မှုပင်ဖြစ်သည်ဟုဆိုခဲ့သည်။ အဆိုပါ ရန်ပုံငွေသည် ပြည်တွင်းမှ သာ ရရှိခြင်းဖြစ်ရမည်ဖြစ်ရာ ခရိုနီ တို့၏ ရန်ပုံငွေများကို သင့်တော်သည့် စီမံကိန်း များတွင် ထည့်ဝင် စေခြင်းအပေါ် အပြစ်ပြောကြားရန် မရှိကြောင်းလည်း Derek Tonkin က ပြောကြား ခဲ့သည်။ မြန်မာပြည်သူများကလည်း အပြစ်ဖို့ပြောကြား လိမ့်မည် မဟုတ်ကြောင်းလည်း Derek က ပြောကြား ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် အကြွယ်ဝဆုံးသော အရပ်သားများထံမှ အလှူငွေ လက်ခံခြင်းအားဖြင့် ဒေါ်အောင်ဆန်း စုကြည်၏ ပါတီသည် တိုင်းပြည်စီးပွား ရေးပြန်လည် ထူထောင်ရာတွင် အဓိက ပလေယာများအဖြစ် ပါဝင်မည့်သူ များထံ လက်တစ်ဖက် တိုးချဲ့ ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်ဟု မြန်မာ နိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ် ဟောင်း Trevor Wilson ကလည်း ပြောကြားခဲ့သည်။

ခရိုနီများသည် နိုင်ငံ၏အနာဂတ်တွင် ကြောက်ခမန်းလိလိ များပြားလှသော စီးပွားရေး လောင်းကြေးထပ်မှု များကို ပိုင်ဆိုင်ထားကြ သည်ဖြစ်ရာ ယင်းတို့ကို တရားဥပဒေ စိုးမိုးမှုအောက်သို့ ဆောင်ကြဉ်းရန်မှာ အရေး အကြီးဆုံး ဖြစ်ကြောင်းလည်း Trevor က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ရန်ပုံငွေ မတည်သူများသည် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြင်ဆင် ဆောင်ရွက်ရန် စီစဉ်နေကြပြီး အဆိုပါရွေးကောက် ပွဲတွင် အန်အယ်လ်ဒီပါတီသည် ယခင်အစိုးရ ထူထောင် ခဲ့သည့် လူကြိုက် မများသော်လည်း ရန်ပုံငွေ တောင့်တင်းသည့် ပြိုင်ဘက်ပါတီနှင့် အဓိက ယှဉ်ပြိုင် ရမည်ဖြစ်သည်။

Ref: Suu Kyi’s Party Accepts Crony Donation in Reformera Myanmar

The Myanmar Independent News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Read More »

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်



အောင်ဒင်၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၃

အပိုင်း (၅) အတိုက်အခံ မရှိတဲ့ လွှတ်တော်

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်မှာ နောက်ထပ်ပြောစရာရှိတာက အတိုက်အခံ မရှိအောင် ဖန်တီးထားတာပါ၊ တကယ်က ပါတီစုံအထွေထွေရွေးကောက်ပွဲ လို့ဆိုတဲ့ အတိုင်း ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်းစုံက ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ကြပြီး လွှတ်တော်ထဲကိုလဲ နိုင်ငံရေးပါတီပေါင်းစုံကို ကိုယ်စားပြုပြီး ရောက်ရှိလာကြတာပါ၊

နိုင်ငံရေးပါတီများမှာ မတူညီတဲ့ နိုင်ငံရေးဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက်တွေ ရှိကြပြီး သူတို့ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်များရဲ့ အကျိုးစီးပွါးဆောင်ရွက်ရာမှာလဲ သူတို့ သက်ဆိုင်ရာ ပါတီ ရဲ့ မူဝါဒ၊ ရပ်တည်ချက်များ၊ ကတိကဝတ်များ အတိုင်း ဆောင်ရွက်ကြမှာပါ၊ ထုံးစံအတိုင်း လွှတ်တော်မှာ ကိုယ်စားလှယ်အများစု ရွေးချယ်ခံရတဲ့ နိုင်ငံရေးပါတီ (Majority Party) က လွှတ်တော်ရဲ့ ဦးဆောင်မှုနေရာကို ရရှိမှာဖြစ်ပေမည့် လူနည်းစုပါတီ (Minority Party) (သို့မဟုတ်) လူနည်းစုပါတီများ ရဲ့ အခန်းကဏ္ဏကို ပစ်ပယ်လို့မရပါ။

နိုင်ငံတကာ လွှတ်တော်များမှာတော့ လူနည်းစုပါတီ (သို့) ပါတီများဟာ အတိုက်အခံအင်အားစု (Opposition Force) ဖြစ်လာပြီး လွှတ်တော်တွင်း လူများစုပါတီ ရဲ့ ဆောင်ရွက်မှုများကို စောင့်ကြည့်ဝေဘန်ပြီး သူတို့ သက်ဆိုင်ရာပါတီများရဲ့ ရပ်တည်ချက်များကိုလဲ အခွင့်ရသလို တင်ပြ ဖော်ထုတ်ကြပါတယ်၊ အုပ်ချုပ်မှုအာဏာ၊ ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ ဆိုတဲ့ နိုင်ငံတော်အာဏာသုံးရပ် အကြား အပြန်အလှန် ထိန်းကျောင်းပြုပြင်ဖို့ (Check and Balance) လိုအပ်သလို ဥပဒေပြုအဖွဲ့အစည်းအတွင်းမှာလဲ လူများစုပါတီကို ထိန်းကျောင်းပြုပြင်ဖို့ လိုအပ်ပါတယ်၊တကယ်တော့ အတိုက်အခံအင်အားစုဆိုတာ လူများစုပါတီ က ထင်ရာစိုင်းပြီး အာဏာအလွဲသုံးတဲ့ အဆင့်မရောက်အောင် လွှတ်တော်တွင်း အနီးကပ် စောင့်ကြပ်ထိန်းကွတ်မည့် အင်အားစုဖြစ်တာမို့ အင်မတန်လိုအပ်တာပါ၊ အဲဒီ လိုအပ်ချက်က မြန်မာနိုင်ငံ လွှတ်တော်မှာတော့ ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်၊

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အဓိက နိုင်ငံရေးပါတီကြီးနှစ်ခု ဖြစ်တဲ့ ရီပါတ်ဘလီကန် ပါတီ (Republican Party) နှင့် ဒီမိုကရက်တစ်ပါတီ (Democratic Party) တို့က လွှမ်းမိုးထားပါတယ်၊ ဒီတော့ ရွေးကောက်ပွဲတခုအပြီး အမေရိကန် အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်ကို ကြည့်မယ် ဆိုရင် ရီပါတ်ဘလီကန် ပါတီအမတ်များ၊ ဒီမိုကရက်တစ်ပါတီ အမတ်များ နဲ့ တသီးပုဂ္ဂလအမတ်များ ဆိုပြီး တွေ့ရမှာပါ၊ အခု ၂၀၁၂ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ အောက်လွှတ်တော်မှာ ရီပါတ်ဘလီကန် ပါတီက ၂၃၅ နေရာနဲ့ လူများစုပါတီ ဖြစ်ပြီး ဒီမိုကရက်တစ်ပါတီက ၂၀၀ နေရာနဲ့ လူနည်းစုပါတီ ဖြစ်ပါတယ်၊ တသီးပုဂ္ဂလအမတ်မရှိပါ၊ အထက်လွှတ်တော်မှာတော့ ဒီမိုကရက်တစ်ပါတီက ၅၃ နေရာနဲ့ လူများစုပါတီ ဖြစ်ပြီး ရီပါတ်ဘလီကန် ပါတီက ၄၃ နေရာနဲ့ လူနည်းစုပါတီ ဖြစ်ပါတယ်၊ တသီးပုဂ္ဂလအမတ် ၂ ယောက်ရှိပြီး အဲဒီ နှစ်ယောက်စလုံးက ဒီမိုကရက်တစ်ပါတီ နဲ့လက်တွဲတာမို့ ဒီမိုကရက်တစ်ပါတီက စုစုပေါင်း ၅၅ နေရာ ရှိပါတယ်၊ ဘယ်လောက်ပဲ အမတ်အရေအတွက်ပိုသာသာ လူများစုပါတီ ဆိုပြီး ထင်ရာစိုင်းလို့မရပါ၊ လူနည်းစုပါတီကို အနိုင်ကျင့်လို့မရပါ၊ ဒီမိုကရေစီစနစ်ရဲ့ ကျင့်စဉ်များအတိုင်း လူများစုပါတီက မဲခွဲရင် အနိုင်ရတတ်ပေမည့် လူနည်းစုပါတီရဲ့ ဆန္ဒကိုလဲ အသိအမှတ်ပြု လေးစားရပါတယ်၊

တခါတရံ လူနည်းစုပါတီက တင်သွင်းတဲ့ ဥပဒေမူကြမ်းတွေကို လူများစုပါတီထဲက အမတ်တွေကပါ ထောက်ခံမဲ ပေးကြလို့ အနိုင်ရတာရှိသလို လူများစုပါတီက တင်သွင်းတဲ့ ဥပဒေမူကြမ်းဖြစ်ပေမည့် လူများစုပါတီအမတ်အချို့က လူနည်းစုပါတီအမတ်များနဲ့ အတူကန့်ကွက်မဲပေးကြလို့ အရေးနိမ့်ရတာလဲ ရှိပါတယ်၊ တခါတရံ ပါတီ ကြီးနှစ်ခုစလုံးက ထောက်ခံတဲ့ ကိစ္စဖြစ်လို့ နှစ်ဖက်ပါတီ ကိုယ်စားလှယ်များက ပူးတွဲတင်သွင်းတဲ့ ဥပဒေမူကြမ်းကို ပါတီ နှစ်ခုစလုံးက တခဲနက် ထောက်ခံအတည်ပြုကြတာလဲ ရှိပါတယ်၊ ထင်ရှားတဲ့ ဥပမာကတော့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ထောက်ခံတဲ့ ဥပဒေတွေ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် (Congressional Gold Medal) ချီးမြှင့်တဲ့ ဥပဒေ၊ စတာတွေပါပဲ၊

ကွန်ဂရက်လွှတ်တော် လူများစုခေါင်းဆောင်ဟာ လူနည်းစုခေါင်းဆောင်နဲ့ ညှိနှိုင်းပြီး ကွန်ဂရက် ရဲ့ တစ်နှစ်တာ အလုပ်လုပ်ချိန် သတ်မှတ်ရပါတယ်၊ ကော်မီတီ များမှာပါဝင်မည့် အဖွဲ့ဝင်အရေအတွက်ကို သတ်မှတ်ကြပါတယ်၊ လူများစုခေါင်းဆောင်က ကော်မီတီ ဥက္ကဋ္ဌ များကို တာဝန်ပေးခန့်အပ်ပြီး လူနည်းစု ခေါင်းဆောင်က လူနည်းစုပါတီကို ကိုယ်စားပြုမည့် ခေါင်းဆောင်ကို ရွေးချယ်ခန့်အပ်ပါတယ်၊ ကော်မီတီ တိုင်းမှာ လူများစုပါတီ က အရေအတွက်များပေမည့် လူနည်းစုပါတီ အမတ်များမှာလဲ ပြောရေးဆိုခွင့်ရှိပါတယ်၊ ကော်မီတီအစည်းအဝေးများ၊ ကြားနာပွဲများ၊ ဥပဒေကြမ်းများ မဲခွဲတာ၊ စုံစမ်းစစ်ဆေးမှုများကို ကော်မီတီ ဥက္ကဋ္ဌ က လူနည်းစုပါတီအမတ်များရဲ့ ခေါင်းဆောင် (Ranking Member) နဲ့ တိုင်ပင် အကောင်အထည်ဖော်ရပါတယ်၊

အတိုက်အခံများ (သို့မဟုတ်) လူနည်းစုပါတီ ကို အထူးအခွင့်အရေးပေးထားတာက အထက်လွှတ်တော်မှာပါ၊ အထက်လွှတ်တော် မှာ ဥပဒေကြမ်းတွေကို မဲခွဲရာမှာ အဆင့်နှစ်ဆင့် ရှိပါတယ်၊ ဥပဒေမူကြမ်းတွေကို မဲခွဲတဲ့ အဆင့်မရောက်ခင် နှစ်ဖက်ပါတီက လွှတ်တော်အမတ်များ သက်ဆိုင်ရာ ဥပဒေမူကြမ်းကို အပြန်အလှန်ငြင်းခုံဆွေးနွေးကြ၊ ဖြည့်ဆွက်ကြ၊ ပြင်ဆင်ကြပါတယ်၊ အဲဒီလို ဆွေးနွေးငြင်းခုံနိုင်ဖို့ လုံလောက်တဲ့အချိန်ကာလကို လူများစုပါတီခေါင်းဆောင်က လူနည်းစုပါတီခေါင်းဆောင် နဲ့ ညှိနှိုင်းသတ်မှတ်ရပါတယ်၊ အဲဒီမှာ အထက်လွှတ်တော်ရဲ့ လုပ်ငန်းစဉ် (Parliamentary Procedure) တခုဖြစ်တဲ့ Filibuster ဆိုတာက လူနည်းစုပါတီကို ဒီဥဒေမူ ကြမ်းကို မဲခွဲတဲ့အဆင့်မရောက်အောင် ဟန့်တားနိုင်တဲ့ အခွင့်အရေးပေးပါတယ်၊

Filibuster ဆိုတာက လူများစုပါတီဘက်က တင်ပြထားတဲ့ဥပဒေမူကြမ်းကို ဆက်လက်ဆွေးနွေးစရာမလိုတော့တဲ့ အကြောင်း (To end the debate) မဲခွဲဆုံးဖြတ်ဖို့ လူနည်းစုခေါင်းဆောင်က အဆိုပြုတာပါ၊ အတိုက်အခံရဲ့ စိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ လူများစုပါတီက အမတ် ၁၀၀ ရှိတဲ့အထက်လွှတ်တော်မှာ “ဆွေးနွေးမှုများအဆုံးသတ်ရေးအဆိုကို ကန့်ကွက်ပြီး ဆက်လက်ဆွေးနွေးပြီး မဲခွဲဖို့သဘောတူတဲ့” အနည်းဆုံးထောက်ခံမဲ ၆၀ လိုအပ်ပါတယ်၊ ဒီအဆင့်ကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ မဲ ၆၀ မပြည့်မချင်း လူများစုပါတီအမတ်များဟာ သူတို့ အတည်ပြုချင်တဲ့ ဥပဒေမူကြမ်းကို လူများစုမဲနဲ့ မဲခွဲဆုံးဖြတ်အတည်ပြုနိုင်တဲ့ အဆင့်ကို မရောက်တော့ပါဘူး၊ Filibuster ဟာ အမေရိကန်ပါတီ ကြီး နှစ်ခုစလုံးက အတိုက်အခံနေရာရောက်တဲ့အချိန်မှာ တလှည့်စီအသုံးချကြတဲ့ လွှတ်တော်ရေးရာ လက်နက်တစ်ခုဖြစ်ပါတယ်၊ ဒီတော့ အခု ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်မှာ ၅၅ မဲ ရှိပေမည့် ရီပါတ်ဘလီကန်ပါတီဘက်က အနည်းဆုံး ၅ မဲမှမရရင် မဲ ၆၀ မပြည့်လို့ Filibuster ကို မကျော်လွှားနိုင်ပဲသူတို့ တင်ချင်တဲ့ ဥပဒေ ကို မဲခွဲလို့မရနိုင်ပါ၊ ဒီအဆင့်ကို ဖြတ်သန်းနိုင်မှ မဲခွဲတဲ့အဆင့်ကို ရောက်ပြီး အဲဒီမှာတော့ Simple Majority လို့ခေါ်တဲ့ ၅၁ မဲ ရရင် ဥပဒေကို အတည်ပြုနိုင်ပါတယ်၊ Filibuster က လူများစုပါတီက လူနည်းစုပါတီအပေါ် တရားလွန်အနိုင်ကျင့်လို့မရအောင် ဖန်တီးထားတာပါ၊ အထက်လွှတ်တော်မှာပဲ ရှိပါတယ်၊ အောက်လွှတ်တော်မှာ မရှိပါ၊

မြန်မာနိုင်ငံရဲ့ လွှတ်တော်မှာတော့ အတိုက်အခံရဲ့ အခန်းကဏ္ဏလုံးဝမတွေ့ရပါ၊ လွှတ်တော်ရဲ့ အာဏာအရပ်ရပ်ဟာ ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိပြီး အတိုက်အခံခေါင်းဆောင် (သို့) လူနည်းစုပါတီခေါင်းဆောင်နေရာကို လုံးဝ ဖန်တီးမထားပါ၊ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအရ လွှတ်တော်နှစ်ရပ်စလုံးမှာ ကြံ့ခိုင်ရေးပါတီက ၅၅% ရထားပြီး အခြားပါတီများအားလုံးပေါင်းရင် ၂၀% လောက်ရထားပါတယ်၊ တပ်မတော်ကိုယ်စားလှယ်များက ၂၅% နေရာယူထားပါတယ်၊ ကြံ့ခိုင်ရေးပါတီ က Super Majority လို့ခေါ်တဲ့ အပြတ်အသတ်အားကောင်းနေတာမို့ ကော်မီတီ ဥက္ကဋ္ဌ အားလုံးနီးပါးနဲ့ ကော်မီတီဝင်အများစုက ကြံ့ခိုင်ရေးပါတီ ကပဲဖြစ်တာ အံ့ဩစရာ မဟုတ်ပေမည့် လွှတ်တော်နှစ်ရပ်လုံးမှာရော၊ ကော်မီတီ များအားလုံးမှာပါ လူများစုပါတီ က ထင်ရာမစိုင်းအောင်၊ အာဏာအလွဲသုံးစားမလုပ်အောင် ထိန်းညှိပေးရမည့် အတိုက်အခံရဲ့ အခန်းကဏ္ဏလုံးဝ မရှိပဲ လွှတ်တော်တွင်းပါတီများအားလုံးဟာ အာဏာရပါတီ နဲ့ သူ့ရဲ့ မဟာမိတ်များဖြစ်နေတာ ဝမ်းနည်းစွာ တွေ့ရှိရပါတယ်၊
တကယ်တော့လဲ အတိုက်အခံရဲ့ အခန်းကဏ္ဏဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌန်းထားမှ၊ လူများစုပါတီက အသိအမှတ်ပြုမှ မဟုတ်ပါ၊ လွှတ်တော်ထဲမှာ အတော်အတန်အားကောင်းမှ မဟုတ်ပါ၊ လူနည်းစုရွေးချယ်ခံရတဲ့ပါတီတွေ စုပေါင်းပြီး အတိုက်အခံနေရာကို ကျေကျေနပ်နပ်ယူပြီး လူများစုပါတီကို စောင့်ကြည့်ဝေဘန်ရင်ဖြင့် လွှတ်တော်ဟာ ကျန်းမာသန်စွမ်းတဲ့ ဥပဒေပြုအဖွဲ့အစည်းဖြစ်လာမှာပါ၊

ဒီနေရာမှာ စင်္ကာပူ နိုင်ငံက အတိုက်အခံအမတ်များကို ဥပမာပြချင်ပါတယ်၊ စင်္ကာပူ နိုင်ငံမှာ ဥပဒေပြုလွှတ်တော် တစ်ရပ်ပဲ ရှိပါတယ်၊ အဲဒီလွှတ်တော်မှာ အရွေးချယ်ခံ အမတ် ၈၇ ယောက်နဲ့ ခန့်အပ်တဲ့အမတ် ၁၂ယောက် စုစုပေါင်း ၉၉ ယောက်ရှိပြီး ပြည်သူ့လှုပ်ရှားမှုပါတီ (People’s Action Party) ကပဲ နှစ်ပေါင်းများစွာ လွှတ်တော်ရဲ့ ၉၀% ကို ထိန်းချုပ်ထားတာပါ၊ ၂၀၁၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ က ၈၁ ယောက်ရွေးချယ်ခံရပြီး အလုပ်သမားပါတီ (Workers’ Party) က ၈ နေရာနဲ့ စကာင်္ပူပြည်သူ့ပါတီ (Singapore Peoples’ Party) က တစ်နေရာ ရွေးချယ်ခံရပါတယ်၊ အလုပ်သမားပါတီ နဲ့စကာင်္ပူပြည်သူ့ပါတီပေါင်းပြီး အမတ်နေရာ ၉ နေရာ (လွှတ်တော်တစ်ခုလုံးရဲ့ ၉% မျှ) နဲ့ အတိုက်အခံအလုပ်ကို ကျေကျေနပ်နပ် တာဝန်ကျေကျေဆောင်ရွက်ကြပါတယ်၊ သူတို့ရဲ့ ပါးစပ်တွေကိုပိတ်ဖို့ အာဏာရပါတီက ကမ်းလှမ်းတဲ့ ရာထူးများ၊ အခွင့်အရေးများကို လက်မခံကြပါ၊ လွှတ်တော်ထဲမှာ အင်အားဘယ်လောက်နည်းနည်း စင်္ကာပူ အတိုက်အခံအမတ်တွေဟာ သူတို့ကိုယ်စားပြုတဲ့ပါတီ၊ သူတို့ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်များ ကိုယ်စား အာဏာရပါတီ နဲ့ အာဏာရအစိုးရရဲ့ မှားယွင်းမှု၊ လွဲချော်မှု၊ မတရားမှုတွေကို ဝေဘန်ကန့်ကွက်နေကြတာ အင်မတန်လေးစားစရာ ကောင်းလှပါတယ်၊

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံမှာလဲ ကွန်ဂရက်လွှတ်တော်မှာ အတိုက်အခံပါတီ ရဲ့ အခန်းကဏ္ဏအပြင် နိုင်ငံရေးပါတီများရဲ့ အခန်းကဏ္ဏကို ထည့်သွင်းပြဋ္ဌန်းထားတာ မတွေ့ရပါ၊ အတွေ့အကြုံတွေကို အခြေပြုပြီး ကွန်ဂရက်လွှတ်တော်က ဥပဒေများ ထပ်မံပြဋ္ဌန်းပြီး လွှတ်တော်ကို အမှန်တကယ် လူထုကို ကိုယ်စားပြုအောင်၊ လူနည်းစုရဲ့ အခွင့်အရေးကို လေးစားရာရောက်အောင်၊ လူများစုပါတီက အာဏာအလွဲသုံးစားမလုပ်နိုင်အောင် ပြုပြင်ဖန်တီးကြတာပါ၊ မြန်မာနိုင်ငံလွှတ်တော်မှာလဲ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်သင့်တာတွေကို ဥပဒေပြဋ္ဌန်းပြင်ဆင်နိုင်ကြမယ် ဆိုရင် သိပ်ကောင်းမှာပါ၊

ရှေ့လာမည့် ရွေးကောက်ပွဲတွေမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုပဲ သန့်ရှင်းမျှတမယ် ဆိုရင် နိုင်ငံရေးပါတီ တစ်ခုတည်းက အပြတ်အသတ်အနိုင်ရတာမျိုး (Landslide Victory) မဖြစ်နိုင်တော့ပါ၊ ဒီမိုကရေစီ စံနစ် ကြံ့ခိုင်သန်စွမ်းလာတာနဲ့အမျှ အားကောင်းတဲ့ နိုင်ငံရေးပါတီတွေ ပိုမိုများပြားလာပြီး ပြည်သူလူထုကလဲ အတွေ့အကြုံရင့်ကြက်မှုနဲ့အတူ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်နိုင်ကြမှာပါ၊

အဲဒီအခါမှာ နိုင်ငံရေးပါတီ အများအပြားဟာ လွှတ်တော် နှစ်ရပ်စလုံးမှာ အတော်အသင့်အားကောင်းတဲ့ အရေအတွက်နဲ့ ကိုယ်စားပြုပါဝင်နိုင်ကြမှာပါ၊ ဒီနေ့ လူများစုပါတီဟာ နောက်တချိန်မှာ လူနည်းစုပါတီ ဖြစ်သွားနိုင်ပါတယ်၊ ရွေးကောက်ပွဲများကို ဖြတ်သန်းရင်း လူများစုပါတီ ဖြစ်လိုက်၊ လူနည်းစုပါတီ ဖြစ်လိုက်နဲ့ ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူပြီး ပြည်သူ နဲ့ နိုင်ငံကို အကျိုးပြုကြရမှာပါ၊

အခုကစလို့ လွှတ်တော်မှာ အင်မတန်အရေးကြီးတဲ့ အတိုက်အခံပါတီ ရဲ့ အခန်းကဏ္ဏ၊ လူနည်းစုပါတီများရဲ့ အခွင့်အရေးကို သတ်မှတ် ပြဋ္ဌန်းနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဥပဒေပြုယန္တရားကြီးဟာ ပိုပြီးကျန်းမာလာမှာပါ၊

လေးစားစွာ ၊အောင်ဒင်
Read More »

“သုညနှစ် တိုက်ပွဲ”

ကမ္ဘောဒီးယား နိုင်ငံက Year Zero Campaign လို့ခေါ်တဲ့ ထိတ်လန့်ကြောက်ရွံ့ဘွယ် “သုညနှစ် တိုက်ပွဲ” တခုအကြောင်းကိုကြားဘူးမိကြပါလိမ့်မယ်။ ၁၉၇၅ ကာလမှာ အာဏာရရှိလာခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုးပေါ့ ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို လူ့အဖွဲ့အစည်းအတွက် ဘာမှအသုံးမကျတဲ့သူတွေအဖြစ်ရှုမြင်ခဲ့သလို၊ ပညာတတ်လူတန်းစားအလွှာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သံသယကြီးမားစွာ ကြည့်မြင်ပြီးအထင်သေးရှုတ်ချခဲ့ပါတယ်။ တခုအကြောင်းကိုကြားဘူးမိကြပါလိမ့်မယ်။ ၁၉၇၅ ကာလမှာ အာဏာရရှိလာခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုးပေါ့ ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို လူ့အဖွဲ့အစည်းအတွက် သောတရှင်များခင်ဗျား ဘာမှအသုံးမကျတဲ့သူတွေအဖြစ်ရှုမြင်ခဲ့သလို၊ ပညာတတ်လူတန်းစားအလွှာရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့ သံသယကြီးမားစွာ ကြည့်မြင်ပြီးအထင်သေးရှုတ်ချခဲ့ပါတယ်။ “သုညနှစ်တိုက်ပွဲ” ရဲ့အစိတ်အပိုင်းတခုအဖြစ် သံဃာတော်တွေကိုဘုန်းတော်ကြီးကျောင်း တွေကနေ စံနစ်တကျနှင်ထုတ်ခဲ့ပြီး လူဝတ်လဲခိုင်းခဲ့ပါတယ်။ လယ်သမားတွေအဖြစ် ကုန်ထုတ်လုပ်မှုကိုပါဝင်စေခဲ့ပါတယ်။ နှိပ်စက်ညှင်းပမ်းမှုတွေကြောင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းကဘုန်းကြီးကျောင်းတွေဟာ အော်ဟစ်ငြီးငြူသံတွေနြဲ့ပည့်နှက်နေခဲ့ပြီး မနက်လင်းရင်း ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သေဆုံးနေတဲ့ဘုန်းတော်ကြီးတွေကို နေ့စဉ်ရက်စက်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ခမာနီခေါင်းဆောင် ပို့ပေါ့ ရဲ့ လက်ထက်မှာ ပြည်သူ (၂) သန်းကျော်ဟာ ဆာလောင်ငတ်ပြတ်မှုတွေ၊ ရောဂါအနာတရတွေ၊ နှိပ်စက်ညှင်းပမ်းခံရမှု နဲ့ သတ်ဖြတ်ခံရမှုတွေကိုခါးသီးစွာရင်ဆိုင်ခဲ့ရပါတယ်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ဒုက္ခသည် စခန်းတွေမှာလည်း ခမာနီကွန်မြူနစ်တွေရဲ့ရန်ကိုကြောက်လန့်ပြီးထွက်ပြေးခဲ့ကြရတဲ့ ကမ္ဘောဒီးယားပြည်သူတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ ရဟန်းသံဃာတော် (၆) သောင်းနီးပါး အသတ်ခံရပြီး၊ ဘုန်းကြီးကျောင်းတွေဟာ သုသန်တစပြင်လိုတိတ်ဆိတ်ခြောက်ကပ်နေခဲ့ပါတယ်။ ပိုးပေါ့ဟာ ကမ္ဘောဒီးယားနိုင်ငံကို “လူသတ်မြေ”အဖြစ်နာမည်ဆိုးနဲ့ကျော်ဇောခဲ့တဲ့ ကာလတခုကို ဖန်တီးခဲ့ပါတယ်။ ပိုးပေါ့ အစိုးရ အာဏာရရှိအပြီး-နောက် (၃) နှစ်အကြာမှာတော့ ဗီယက်နမ်စစ်တပ် ဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းကိုဝင်ရောက်လိုက်ကြပြီး ပိုးပေါ့အစိုးရကိုဖြုတ်ချပစ်လိုက်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုတွေကတော့ နိုင်ငံတခုလုံးမှာတည်ရှိနေဆဲဖြစ်ပါတယ်။ ၁၉၇၈ ကာလမှာတော့ ဒုက္ခရောက်နေတဲ့ ကမ္ဘောဒီးယားပြည်သူတွေအတွက် စိတ်ပျက်အားလျော့မှုတွေကိုဖယ်ထုတ်ပစ်မဲ့သူတဦးပေါ်ပေါက်လာခဲ့ပါတယ်။ သူကတော့ “မဟာ ဂိုဇန်နန်တာ” လို့ခေါ်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတဦးပါ။ သူဟာ ပိုးပေါ့လက်ထက်မှာ အသက်မသေပဲ ကျန်ရစ်ခဲ့တဲ့ ကမ္ဘောဒီးယားသံဃာတော် (၃၀၀၀) ကျော်အနက်တပါးအပါအဝင်ဖြစ်ပြီးသူ့ရဲ့မိသားစုဝင်တွေအားလုံးကို ခမာနီကွန်မြူနစ်တွေက သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအတွင်းက တောအုပ်ထဲမှာ တရားဆောက်တည်နေတဲ့ မဟာ ဂိုဇန်နန်တာ ဟာ သူ့ရဲ့တောအုပ်ကိုစွန့်ခွာလိုက်ပြီး ဒုက္ခသည်စခန်းတွေဆီကိုရောက်လာခဲ့ပါတယ်။ ဒုက္ခသည်စခန်းက ပြည်သူတွေကို အားပေးနှစ်သိမ့်ခဲ့ပြီး “ကျနော်တို့မှာရှိတဲ့ ဥာဏ်ပညာ နဲ့ ဂရုဏာတရားတွေကို အတူတကွပေါင်းစပ်ပြီး ဘဝခရီးကိုလျှောက်ကြရမယ်။ ဒီနှစ်ခုထဲက တစုံတခုချို့ယွင်းနေခဲ့ရင် ခြေတဘက်တည်း လမ်းလျှောက်နေတဲ့လူလိုဖြစ်သွားမယ်။ ဒါကြောင့် ဒီနှစ်ခုကို မျှတအောင်ထိန်းညှိပြီး တဆင့်ပြီးတဆင့်လျှောက်လှမ်းသွားရမယ်” လို့ရှင်းလင်းဟောပြောခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်နေသူတွေကို ကံကြမ္မာရဲ့သနားစရာသတ္တဝါအဖြစ်သတ်မှတ်ပြီး၊ တိုင်းပြည်မှာ အနာရောဂါတွေထူပြောပြီးလူတွေဒုက္ခရောက်နေခြင်းရဲ့အဓိကတရားခံဟာ စစ်ပွဲကြောင့်ဖြစ်တယ်ဆိုတဲ့အချက်ကိုထောက်ပြပါတယ်။ နယ်စပ်ဒုက္ခသည်စခန်းတွေကနေ မြို့တော် ဖနွမ်းပင်အထိ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးကိုစတင်လိုက်ပါတယ်။ ဒီလမ်းလျှောက်ပွဲဟာမကောင်းဆိုးဝါးတွေကိုဆန့်ကျင်တဲ့သင်္ကေတတခုဖြစ်တယ်။ သူတို့ရဲ့အသုံးတော်ခံဇာတ်ကောင်တွေမဟုတ်ဘူးဆိုတာ ရှင်းရှင်လင်းလင်းထုတ်ဖေါ်ပြ သမှုဖြစ်ရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ခရီးရှည်လမ်းလျှောက်ပွဲကိုပါဝင်မဲ့သူတွေဟာ လမ်းခရီးနေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲတွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေကို ဘယ်လိုတွန်းလှန်မလဲ၊ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ မရေမတွက်နိုင်လောက်အောင်မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းတွေကိုသတိထားလျှောက်လှမ်းဖို့ဆိုတဲ့အရာတွေကိုသင်ကြားပို့ချခဲ့ပါတယ်။ ထောင်ချီတဲ့ ကမ္ဘောဒီးယားပြည်သူတွေက ဒီသင်တန်းတွေကိုတက်ရောက်ပြီး လမ်းလျှောက်ပွဲကိုပါဝင်ခဲ့ကြပါတယ်။ ၁၉၉၁ မှာ ငြိမ်းချမ်းရေးသဘောတူညီမှု့စာချုပ်ကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ (၂၂၀၀၀) ကျော် က ဝင်ရောက်အကူအညီပေးခ့ေဲ ပမဲ့ ဥပဒေ စိုးမိုးမှုမရှိခဲ့သလို၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း ဆက်လက်ကြုံတွေ့နေခဲ့ရပါတယ်။ ကမ္ဘောဒီးယားပြည်သူတွေ၊ ထောင်သောင်းချီပြီး သေဆုံးဒဏ်ရ ရနေကြဆဲဖြစ်ပါတယ်။ သူပုန်တွေနဲ့အစိုးရတွေကြားကတိုက်ပွဲတွေကလည်းပြင်းထန်နေဆဲဖြစ်ပါတယ်။ “ မြောက်ပိုင်းကနေ မြို့တော် ဖနွမ်းပင်ဆီကို လမ်းလျှောက်လာတဲ့အခါ ကျနော်တို့တတွေ ခမာနီစစ်တပ်နဲ့ တခြားလက်နက်ကိုင်တပ်တွေရဲ့တိုက်ပွဲကြားမှာကြားညှပ်နေတယ်။ ကျနော်တို့လမ်းလျှောက်အဖွဲ့တွေလည်းကျည်ဆံတွေထိမှန်ပြီးသေဆုံးကုန်ကြတာပေါ့။ တဘက်မှာ မြေမြှုပ်မိုင်းတွေက တလုံးပြီးတလုံးပေါက်ကွဲနေသေးတယ်။ မော်တာအမြောက် ကျည်ဆံတွေကလည်းတဝုန်းဝုန်းနဲ့မြေပြင်ကိုထိမှန်နေတယ်။ ဒါပေမဲ့ ကျနော်တို့ဆက်ပြီးခရီးဆက်ခဲ့ကြတယ်။” ငြိမ်းချမ်းရေးလိုလားသူတွေရဲ့ဆန္ဒတွေကိုဘယ်သူမှတားဆီးမရခဲ့ပါဘူး။ ငြိမ်းချမ်းရေးခရီးစဉ်ကိုပြည်သူတွေပိုမိုပါဝင်လာခဲ့ကြပါတယ်။ တချို့စစ်သားတွေက သူတို့ရဲ့လက်နက်တွေကိုစွန့်ပစ်ပြီး လမ်းလျှောက်ပွဲကိုဝင်ရောက်ပါဝင်လိုက်ကြတယ်။ မြေမြှူပ်မိုင်းတွေတည်ရှိရာနေရာတွေကိုပြကြတယ်။စစ်သားတွေကဝင်ရောက်ပါဝင်လိုက်တဲ့အခါ သူတို့နဲ့အညှိုးတကြီးတိုက်ခိုက်ခဲ့ကြတဲ့ တခြားစစ်သားတွေက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေသူတွေကို ဝင်ရောက်ပစ်ခပ်ကြတယ်။ ဒါကြောင့် လမ်းလျှောက်ပကွဲို စစ်သားတွေမပါဝင်ဖို့၊ ကားစီးခြင်း၊ အလံထောင်ခြင်း၊ ယူနီဖောင်းဝတ်ခြင်း၊ ပြဿနာဖြစ်စေမဲ့ သင်္ကေတတွေကိုမလုပ်ကြဖို့ ဆိုတာတွေကိုပိတ်ပင်တားမြစ်လိုက်တယ်။ ၁၉၉၅-၉၆ ခုနှစ်မှာတော့ ငြိမ်းချမ်းရေးခရီးစဉ်လမ်းလျှောက်နေသူတွေဟာမြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးနဲ့ သဘာဝတောအုပ်တွေကိုထိန်းသိမ်းစောင့်ရှောက်ရေးကြွေးကြော်သံတွေကို နိုင်ငံတကာလှုပ်ရှားမှုအဖြစ်ရောက်ရှိသွားအောင်ကြိုးပမ်းခဲ့ကြပါတယ်။ တကယ်တော့ လမ်းလျှောက်သူတွေဟာ ပစ်ခပ်နှောက်ရှက်မှုတွေကြောင့် သေခြင်းတရား၊ ဒဏ်ရာအနာတရနဲ့ ဥပဒေမဲ့စော်ကားမှုတွေကို ခံစားကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တတွေပေးဆပ်ခဲ့တဲ့အရာတွေက ကမ္ဘောဒီးယားနိုင်ငံရဲ့အနာဂတ်ကိုအရှိန်ကြီးမားစွာရိုက်ခပ်ခဲ့ပါတယ်။ “ အနှစ်(၂၀) လုံးလုံးခံစားနေရတဲ့ငရဲတခုဆီက အမှတ်သညာတွေကို စုစည်းပြီး၊ ယဉ်ကျေးမှုသစ်တခုကို ဖန်တီးမဲ့ဆုတောင်းပွဲတွေလေ၊ ကမ္ဘောဒီးယားနိုင်ငံရဲ့အနာဂတ်ကိုလှပစေချင်ရင်အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းနိုင်မှဖြစ်မယ်ဆိုတိာုပြည်သူတွေသဘောပေါက်လာခဲ့ကြတယ်။” တဲ့ သောတရှင်တို့လည်း အကြမ်းဖက်ကျူးလွန်နေသူတွေကိုရပ်ဆိုင်းပစ်နိုင်ကြပါစေခင်ဗျား။
Credit: ချိုတူဇော်
Read More »

သက်တော်ရှည် ၀န်ကြီးတစ်ယောက်အကြောင်း တစေ့တစောင်း။

ကျနော့်အနေနဲ့ အမှန်တရားများကို သိရှိနိုင်စေဘို့ ဒီစာကို ရေးလိုက်ရပါတယ်- ကျနော်ဟာ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံမှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။ စက်ရုံမှူးဟောင်း တစ်ယောက်အနေနဲ့ - ကျနော်သိတာလေးတွေ ပြောပြချင်လို့ - ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဦးစိုးသိန်းဟာ - သူတို့အပတ်စဉ်မှာ ထူးချွန်ဆုရခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီး တစ်ဦးဖြစ်ပေမယ့် - သူအနေနဲ့ သမာသမတ်ရှိရှိနဲ့ဆုရခဲ့တာမဟုတ်ပါဘူး၊ သူ့ထက်အမှတ်ကောင်းတဲ့ သူတစ်ယောက်ကို ကလိန်ကကျစ်ကျပြီး ဆုရယူခဲ့တယ်ဆိုတာ - တချို့ကသိချင်မှသိမှာပါ၊ ကျနော်တို့ ကတော့ တစ်ကျောင်းတည်းအတူတူတက်လာခဲ့ဖူးတော့ သူကလိန်ကကျစ်လုပ်ခဲ့တာကို ကျောင်းမှာ ကတည်းက သိခဲ့ပါတယ်၊ ဦးစိုးသိန်းဟာ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း - ဟိုအရင်ကျောင်းတုန်းကလိုပဲ လူကြီးတွေကို လေလုံးလှလှလေးတွေနဲ့- ယုံအောင်ဖြီးတတ်တာကြောင့် - ရုံးကြီးနဲ့လူကြီးတွေအနားမှာပဲ ဘ၀တစ်လျှောက်လုံးနေခဲ့ရပါတယ်၊ ဒါ့ကြောင့် ပင်လယ်ပြင်စစ်ဆင်ရေးနဲ့ စစ်သဘောင်္အတွေ့အကြုံဘာတစ်ခုမှမရှိခဲ့ဘဲ လူကြီးအကြိုက် လိုက်ပြော၊ ဖော်လံဖားပြီးလေနဲ့သာ အလုပ်လုပ်ခဲ့တဲ့အတွက် - ဒီအဆင့်အထိရောက်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ သူလေလုံးထွားတာကို လူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့ ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့ ချက်ခြင်းကြီးဖယ်ဘို့ မသင့်တော်သေးတာနဲ့ ၀န်ကြီး အဖြစ် စက်မှု (၂) ၀န်ကြီးဌာနကို ပြောင်းပေးခဲ့ပါတယ်- အဲဒီနေရာလေးရတဲ့အချိန်မှာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊ သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း ကြောင်း၊ ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့ ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ - တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ- အခုတော့ စက်ရုံတွေကပြီးနေပြီး ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ- ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင် ပြတတ်သူ တစ်ဦးဆိုတာ- ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့် စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့ သာဂရစက်ရုံကြီးက သက်သေထူနေပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ စက်မှုဝန်ကြီးဌာနက လုပ်ငန်းတွေမှာ တစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့ ငွေတွေသာမြောက်မြားစွာကုန်ကျခဲ့ပြီး ကုန်ထုတ်လုပ်မှုမတိုးတက်ဘဲ ဘာလုပ်ငန်းမှအဆင်မပြေခဲ့တာ ဌာနက လူတွေအသိပဲဖြစ်ပါတယ်- ဒါတွေဟာ သူ့ရဲ့ လေထဲမှာတိုက်ဆောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်- ဒါပေမယ့်လည်း ၀န်ကြီးဌာနကသာမတိုးတက်ဘဲဖြစ်ခဲ့ရပေမယ့် ဦးစိုးသိန်းကတော့ တိုက်ကြီးတာကြီးတွေနဲ့ - သူများလိုက်မမှီအောင် ပြည့်လျှံသွားခဲ့ပါတယ်။ သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့ ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်လာချိန်မှာ ၀န်ကြီးဌာနအသစ်ပြန်ဖွဲ့၊ ပြန်ပေါင်းတာတွေလုပ်တော့လည်း သူ့အတွက် ဖန်တီးပေးလာတာက စက်မှု(၁)နဲ့(၂)ကိုတစ်ခုထဲပြန်ပေါင်းပြီး စက်မှုဝန်ကြီးဌာနမှာ သူကိုဝန်ကြီးပြန်ပေးခဲ့ တယ်လေ-- ဒီတော့ သူအနေနဲ့ ကျနော်တို့ဝန်ကြီးဌာနကြီးကို သူ့ခြေသူ့လက်ဖြစ်အောင်လုပ်တော့ တာပါဘဲ - ဘယ်လောက်ထိအောင် သူ့ခြေသူ့လက်ဖြစ်ခဲ့သလဲဆိုရင် ဌာနအောက်က BPIတို့၊ လှိုင်မြို့နယ် ထဲမှာရှိတဲ့ စက်ရုံတို့တွေကို လက်သိပ်ထိုးရောင်းစားခဲ့တဲ့အထိပဲ- Transparency ရှိရမယ်ဆိုပြီးတော့ ပြောခဲ့တာလဲသူပါဘဲဗျာ။ ဒီလိုလက်သိပ်ထိုးရောင်းစားခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမယ့်-- ကျနော်တို့ ၀န်ကြီးဌာနက ၀န်ထမ်းအားလုံးကတော့ ကကြီး ကနေ အ အထိ အကုန်သိကြပါတယ်-ကိုယ့်ဆရာတို့ မသိသေးလို့ သိချင်တယ်ဆိုရင်တော့ လှိုင်မြို့နယ်ထဲကစက်ရုံတွေနဲ့ BPI စက်ရုံတွေကိုသာ သွားကြည့်လိုက်ပါ အကုန်လုံးသိသွားပါလိမ့်မယ်- စက်မှုဝန်ကြီးဌာနတာဝန်လွှဲပြောင်းတော့လဲ သူလုပ်ထား ကိုင်ထားတာတွေများလွန်းလို့ နောက်ဝန်ကြီးကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အထိဖြစ်သွားခဲ့ပါတယ် - အင်မတန်မှလည်း တော်ပါပေတယ်ဗျာ။ ဦးစိုးသိန်းဟာ အပြောကောင်းပြီး သမ္မတကြီးကို နားပေါက်အောင် ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုဘာပြောသလဲဆိုတော့ “ တပ်ထဲမှာတုန်းက ငါက သမ္မတကြီးနဲ့ ဂေါက်အတူရိုက်ရတာ၊ တစ်တွဲထဲရိုက်ရတာ၊ မင်းတို့ပြုတ်သွားချင်လား၊ ငါပြောလိုက်ရင် မင်းတို့ချက်ချင်း ပြုတ်သွားမယ်”--- ဒီလိုမျိုးစကားတွေကို သမ္မတကြီးရဲ့နာမည်ကိုယူသုံး ခြိမ်းခြောက်ခဲ့ တာမျိုးတွေပြောပြီး ၀န်ထမ်းတွေကိုအကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ် - သူကတော့လူလည်ကြီး တစ်ဦးပါပဲ၊ ဘယ်လောက်ထိလည်သလဲဆိုတော့ သူ့မိန်းမက တရုတ်သွေးပါသူမို့ နာမည်မှာ တရုတ်အမည် ဒေါ်အေးကျင်ကနေ“ကျင်”ကိုဖြုတ်ပြီးဒေါ်အေးအေးလို့ပြောင်းခဲ့ပါတယ်-- နောက်ပြီး သူ့ပါးစပ်ကပြောတော့ သူကဆင်းရဲပါတယ် - မချမ်းသာဘူး-- ပိုက်ဆံမရှိဘူးသာပြောပြောနေတာ၊ သူ့သားတွေ၊ သမီးတွေ အားလုံးက နိုင်ငံခြားမှာချည်းပဲ-- သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလဲ Singapore တို့၊ သူ့သားသမီးတွေ ရှိတဲ့နေရာတို့တွေမှာ မြှုပ်နှံထားတယ်ဆိုတာ-- ကျန်တဲ့သူတွေမသိနိုင်ပေမယ့် ကျနော်တို့လိုဝန်ကြီးဌာနက လူတွေကတော့ အကုန်လုံးပဲသိကြပါတယ်ဗျာ။ ဒါတွေကို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ-- အခုလဲသူက သမ္မတရုံးဝန်ကြီးဖြစ်တဲ့အချိန်မှာ အရင်လိုဂေါက်သီးအတူရိုက်တဲ့ အဆင့်တင် မဟုတ်ဘူး--၀န်ကြီးဌာန ၁၁ ခုကိုတောင် သူကိုင်ထားကြောင်း၊ သူကွပ်ကဲအုပ်ချုပ်နေရကြောင်း ပြောလာ နေပြန်ပါပြီ-- ဒါကြောင့်နောက်ဆိုရင် ကျန်နေတဲ့ဝန်ကြီးဌာနတွေကို သိမ်းပိုက်ချင်ပြီလားဆိုတာ စဉ်းစား ရပါတော့မယ် - သူအနေနဲ့ အလုပ်လုပ်လွန်းအားကြီးလို့ နောင်ဆိုရင် သမ္မတကြီးတောင် အလုပ်မရှိ တော့ဘဲနေမှာစိုးလို့ သမ္မတကြီးသိအောင် ကျနော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ စက်ရုံမှူးဟောင်းတစ်ဦး။
Read More »

စစ်တပ်မှတားဆီးမှုရှိသော်လည်း လိုင်ဇာကိုရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများပြော

Written by မိုးဇော် Saturday, 26 January 2013 ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာမြို့ထိ လမ်းလျှောက်ချီတက်ပွဲတစ်လျှောက်တွင် စစ်တပ်မှတားဆီးမှုရှိခဲ့သော်လည်း နောက်ထပ် မည်သည့်တားဆီးမှုမျိုးမဆို ရှိလာခဲ့ရင်လည်း ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ရောက်အောင်သွားမည်ဟု ငြိမ်းချမ်းရေးလိုလားသူများက ပြောသည်။ ငြိမ်းချမ်းရေးလိုလားသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအောင်မြင့်က " ကျနော်တို့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်တန့်ဖို့အတွက် တောင်းဆိုမှုဖေါ်ထုတ်တဲ့နေရာမှာ မည့်သည့်အတားအဆီးပဲဖြစ်ပါစေ ကျနော်တို့က ကျော်ဖြတ်သွားမယ်။ လိုင်ဇာမြို့ကို ရောက်အောင်သွားမယ်။ ဖမ်းမယ်ဆိုရင်လည်း အဖမ်းခံသွားပါမယ်။ ဒါဟာ ကျနော်တို့ရဲ့ နောက်ဆုံးဖြတ်ချက်ပါပဲ။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောသည်။ ငြိမ်းချမ်းရေးလိုလားသူများ လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်တိုင်းမှ ပဲခူးတိုင်းအဝင်တွင် အစိုးရစစ်တပ်မှ ဟန့်တားမှုရှိခဲ့ကြောင်းကို ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။ " ကျနော်တို့ ရန်ကုန်တိုင်းအထွက် ပဲခူးတိုင်းကိုအဝင်ပေါ့ အဲဒီမှာ အစိုးရစစ်တပ်ကနေပြီးတော့ တားပါတယ်။ အပြာရောင်ပေါ်မှာ peace (ငြိမ်းချမ်းရေး)ဆိုတဲ့ စာတန်းနဲ့ ရေးထားတဲ့အလံတွေကို ကျနော်တို့ကကိုင်ထားပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံတွေကို စစ်တပ်ကနေပြီးတော့ ဖြုတ်ခိုင်းပါတယ်။ အဲဒီငြိမ်းချမ်းရေးအလံကို ဖြုတ်ပြီးမှ ဖြတ်သွားရမယ်လို့ပြောပါတယ်။ ဆိုတော့ ကျနော်တို့လေး သူတို့နဲ့ စကားသိပ်မများချင်တာနဲ့ ဖြုတ်ပေးခဲ့ပါတယ်။ " ဟု ပြောသည်။ ယနေ့တွင် ငြိမ်းချမ်းရေးလိုလားသူများမှာ ရန်ကုန်မြို့နှင့် ၁၁၃ မိုင်ခန့် ဝေးကွာသော ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့ကို ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်သော ငြိမ်းချမ်းရေးလိုလားသူများကို လမ်းတစ်လျှောက်တွင်ရှိသော ပြည်သူလူထုများက တက်တက်ကြွကြွနှင့် လိုက်ပါပူးပေါင်းကြပြီး ပြုစုစောင့်ရှောင့်မှုများ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်မြို့မှ လူပေါင်း(၅၀)နှင့်စတင်ထွက်ခွာလာခဲ့ပြီး ယခုပဲခူးတိုင်းအဖြတ်မှာ လူပေါင်း(၁၀၀)ကျော် ရှိသွားပြီဖြစ်ကြောင်း ဦးအောင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။ ပဲခူးမြို့သူမြို့သားများမှ ငြိမ်းချမ်းရေးလိုလားသူများကို တက်တက်ကြွကြွကြိုဆိုနေစဉ် Arakan Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Read More »

KIAဌာနချုပ်နှင့်အနီးဆုံးစခန်းတွင်အစိုးရတပ်မှလက် နက်ကြီးများဖြင့်ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်

အစိုးရတပ်ထိုးစစ်ဆင်နေသော ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာချုပ်၏ အနီးဆုံးရှိ ခယာဘွမ် (HKa Ya Bum) တွင် ယမန်နေ့ ၁ နာရီခွဲချိန်မှယနေ့ထိ ပြင်းပြင်းထန်ထန် လက်နက်ကြီးများဖြင့် အဆက်မပျက်ပစ်ခတ်တိုက်ခိုက်နေကြောင်း တပ်မဟာ(၅) KIA အရာရှိပြောသည်။ မြန်မာအစိုးရတပ်များသည် ခြေလျင်ဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့်ပြန်လည်ပြန် ပစ်ကူနေကြောင်းသိရသည်။ အစိုးရတပ်ဖက်မှ ဇန်န၀ါရီ ၂၃ ရက်နေ့မှ ယနေ့ ညနေအချိန်ထိ ထိုးစစ်ဆင်နေသောတိုက်ပွဲတွင် လက်နက်ကြီး ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ များဖြင့်သာ ၁ မိနစ်လျင် ၃၊ ၄ လုံးနှုန်း ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီးများ အလုံး ၈၀၀ နီးပါးဖြစ်နိုင်သည်ဟု KIA ဖက်မှခန်းမှန်းပြောဆိုသည်။ “ဒီနေ့ကနေ နည်းတစ်မျိုးပြောင်းပြီး ပြန်ပစ်နေကြတယ်။ လက်နက်ကြီးတွေပဲ ပစ်နေတာ။ ဘယ်လောက်မြန်တယ်ဆိုတာ အဆက်မပြတ် ကြိတ်ဆုံလည်တာ တောင်နောက်ကျဦးမယ်။” ရှေ့တန်းမှ အရာရှိ KNG ကချင်သတင်းဌာန သို့ပြောသည်။ အဆိုပါတိုက်ပွဲတွင် နှစ်ဘက်တပ်မှ သေဆုံးဒဏ်ရာရရှိမှုများရှိသော်လည်း စားရင်းတိကျ အတည်မပြုနိုင်သေး ပေ။ မြန်မာအစိုးရတပ်များသည် ဆက်လက်၍ လိုင်ဇာနှင့် ဒေါ့ဖုန်းယန် (Dawhpumyang) ကြားရှိ ဒုန်ခုန်း (Dung Hkung) ရွာတွင် စစ်အင်အား ၆၀၀ နီးပါးတိုးချထားကြောင်းသိရသည်။ အစိုးရတပ်သည် ယခုချိန် ခရာဘွမ် (Hka Ya Bum) တပ်စခန်းအပြင် ထိုးစစ်ဆင်စခန်းသိမ်းတိုက်ပွဲ များ ပြင်းထန်စွာဆက်လုပ်နေကြောင်း KIO ဒုအထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်ပြောသည်။ (KNG)
Read More »

ခါယာတောင်ကျော သိမ်းပိုက်ရေး စစ်ဆင်မှု ယနေ့ထိမအောင်မြင်

အစိုးရတပ်များသည် လိုင်ဇာကို စိုးမိုးနိုင်ရန် (ပွိင့် ၁ဝ၁၂) ဖြစ်သော ခါယာဘွမ်ဟုခေါ်သော တောင်ကျောသိမ်းပိုက်ရန် အပြင်းထန်ဆုံး စစ်ဆင်နေသည့် ယနေ့တိုက်ပွဲတွင် မအောင်မြင်ဟု ခါယာတောင်ကျော၏ KIA တိုက်စစ်မှူး တဦး က ကဆိုပါသည်။ “ ခါယာဘွမ်ကတော့ လိုင်ဇာအတွက် နောက်ဆုံး ခံကတုတ်ဆိုရင် မမှားပါဘူး။ ဒါကြောင့်အစိုးရက တန်ဘိုးကြီးကြီး ပေးပြီး ကြိုးစားနေတာပါ။ လက်နက်ကြီးဆိုရင်လည်း မြေဆူမတတ် ပစ်တယ်။ မြေပြင်တပ်ကိုလည်း အသေခံပြီး တက်တယ် ။ အသေခံတော့လဲ သေတာပေါ့ဗျာ။ ဒီနေ့ဆိုရင် မနက် (၄) နာရီကတည်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာလေ။ မြေ ပြင်တပ်ဖွဲ့နဲ့လည်း (၃) ဖက်သုံးတန် ကနေတက်တယ်။ ဒါတောင် တက်မရပါဘူး။ ဒီနေ့ကျတော့ လေယာဉ် မသုံးဘူးဗျ။ အဓိကကလက်နက်ကြီးတွေဘဲ တအားသုံးတယ်။” ဟု ဆိုပါသည်။ အစိုးရတပ်များသည်၊ ခါယာတောင်ကျောကို မဒိယန်လမ်းကြောင်းမှ တကြောင်း၊ ၀ိုင်းမော်ပို့စ် လမ်းကြောင်းမှ တကြောင်း နှင့်လုံလောပို့စ်( ပွိုင့် ၇၇၁) မှတကြောင်း သုံးကြောင်းဖြင့် ပြင်းပြင်းထန်ထန် စစ်ဆင်ခဲ့ပါသည်။ လက်နက်ကြီးများထောင်ချီ ပစ်ခတ်ချေမှုန်းပြီးမှ စခန်းသိမ်းသည့် စနစ်ကို ကျင့်သုံးခဲ့ပါသည်။ မနက်ပိုင်း (၄) နာရီမှစတင်လိုက်သော တိုက်ပွဲသည် နေ့လည် (၁၀) နာရီခန့်တွင် ခေတ္တရပ်နားပြိး မွန်းလွှဲတနာရီမှ ညနေ (၅) နာရီအထိ တိုက်ခိုက်ခဲ့ပါသည်။ အစိုးရလက်နက်ကြီးများမှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိအင်တပ်ကုန်းနှင့် ပွိုင့် (၇၇၁) မှ ၁၀၅ မမ၊ ၁၅၅ မမ၊ ဟော်ဝစ်ဇာများနှင့် (၁၂၀) မမ လောင်ချာများဖြင့် ပစ်ခတ်နေပြီး တနာရီလျှင် ကျည်ဆံတထောင်ကျ နှုန်းဖြင့် ပစ်ခတ်နေ နေဖွယ်ရှိပါသည်။ “ လက်နက်ကြီးကတော့ဗျာ ဘယ်လောက် ပစ်တယ်ဆိုတာ မမှန်းနိုင်တော့ဘူး။ စက်အမြောက်လိုဘဲ။ အလက်ပေါင်း လဲမနည်းဘူး ထင်ပါတယ်။ လေယာဉ်က (၂) ရက်ရှိပြီးမသုံးတာ ဒီခါယာတောင်မှာပေါ့။ ဘယ်လို ရည်ရွယ်ချက် လဲတော့ မသိဘူး။ ဒါပေမဲ့ လက်နက်ကြီးကို ပိုသုံးတယ်ဗျ။ ပြီးတော့ မြေပြင်တပ်ကို အင်အားတိုးပြီး တက်တယ်ဗျ။” ဟု ရှေ့တန်း ရှိ KIA တပ်မှူးတဦးက ဆိုပါသည်။ လိုင်ဇာ အနောက်မြောက်ဖက်ရှိ ခါယာဘွမ် (ပွိင့် ၁ဝ၁၂) တွင် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသည့် ပြင်းထန်သော ရင်ဆိုင်တိုက်ပွဲများဖြစ်နေသည်မှာ (၂)ရက်ရှိပြီးဖြစ်ပါသည်။ ဤတိုက်ပွဲကြောင့် တပ်မ (၁၀၁)လည်း တပ်ပျက်ခဲ့ရပြီး၊ တပ်မ(၆၆)လည်း အထိအခိုက်များစွာဖြင့် ယနေ့ညနေပိုင်းစစ်ဆင်ရေးတွင် နောက်ဆုတ်ခဲ့ရသည်ဟု KIAဖက် ကဆိုပါ သည်။ အလားတူ KIA တပ်မဟာ ၁ လက်အောက်ခံ ပန်ဝါဒေသ တဝိုက်နှင့် နယ်ခြားမှတ်တိုင် ၅ နှင့် ၆ ကြားဒေသတွင်လည်း မြေပြင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်နေကြောင်း KIA ရှေ့ တန်းတပ်မှုးများကဆိုပါသည်။ ဖါးကန့်စစ်မျက်နှာအပါဝင်ကျန် သည့်စစ်မျက်နှာ၌ တိုက်ပွဲအနည်းငယ်သာရှိသည်ဟု ဆိုပါသည်။ Credit:Lachid Kachin
Read More »

ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား

(ဘယ်သူတွေက တိုက်ခိုက်ချင်နေသလဲ ဆိုတာ အောက်မှာ ရှင်းထားပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေက အပစ်ရပ်ချင်ပေမယ့် စစ်တပ် ကိုယ်စားလှယ်တွေက ဆက်တိုက်ချင်နေတယ်၊ တဲ့။) မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ အကြံပြုဆွေးနွေးခဲ့ကြပေမဲ့ အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကတော့ အင်အားသုံး နှိမ်နင်းဖို့ လိုလားနေကြတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်ထဲမှာ အချေအတင် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုအောင်လွင်ဦး က ပြောပြပေးမှာပါ။ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ကြား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတရပ်ကို ဆွေးနွေးကြတာပါ။ ကချင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးခက်ထိန်နန် တင်သွင်းလာတဲ့ အဆိုကို တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးကြ ရာမှာတော့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် ကြုံခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အစိုးရ အဆက်ဆက် လက်ထက် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေး အကျိုးဆက်အဖြစ် ဆွေးနွေးခဲ့ကြတာပါ။ ကချင်ပြည်နယ်က အခုနောက်ဆုံး ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဆိုရင်လည်း တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကသာ အဖြေရနိုင်မယ်လို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ယုံကြည်ကြတဲ့အကြောင်း ကိုယ်တိုင် ၀င်ရောက် ဆွေးနွေးခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က ပြောပါတယ်။ “အဓိကကတော့ ပြည်တွင်းစစ်ကို ရပ်စေချင်တာပေါ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဟာ တွေ့ဆုံညှိနှိုင်းဖြေရှင်းနည်းပဲ ဆိုတဲ့သဘောကို ဆွေးနွေးကြပါတယ်။ ဒါကျနော်တို့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတယ်။ တော်တော်များများ အဲ့ဒီ့အမြင်နဲ့ပါ။ နောက်တော့ ပြည်ခိုင်ဖြိုးပါတီဘက်က တချို့၊ တပ်မတော် အငြိမ်းစားပုဂ္ဂိုလ်တွေကတော့ဖြင့် အပြုတ်ချေမှုန်းရေးဆိုတဲ့ ဦးတည်ချက်ဘက်ကို သွားတယ်လို့ယူဆပါတယ်။ ကျနော်တို့ဆွေးနွေးတဲ့အခါမှာကျတော့ ဒီနယ်မြေကို ခဏတာ အောင်လံစိုက်ပြီးခါမှ သိမ်းရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးကို မရနိုင်ဘူး။ နယ်မြေစိုးမိုးရေးကို မရနိုင်ဘူး ဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ထာဝရ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျနော်တို့ နိုင်ငံရေးအားဖြင့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ ယဉ်ကျေးမှု တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အဲ့တာလေးနဲ့ ကျနော်တို့ ဆွေးနွေးပါတယ်။” ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားတာတွေ ၂၀၁၁ နှစ်လည်ပိုင်းမှာပဲ ပျက်ပြားခဲ့ပြီးတဲ့နောက် လက်နက်ကိုင် ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားနေတာတွေဟာ ဒီနှစ်ဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။ မြန်မာအာဏာပိုင်တွေ ကတော့ အစိုးရရဲ့ စစ်ကြောင်းတွေကို ကချင်လက်နက်ကိုင် တပ်တွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် တုန့်ပြန်တဲ့ အနေနဲ့ ဒေသတွင်း ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာလို့ ပြောပါတယ်။ စစ်ရေးရည်မှန်းချက်တွေ ရရှိပြီး ဖြစ်တဲ့အတွက်လည်း ပြီးခဲ့တဲ့ စနေနေ့ကစပြီး ထိုးစစ်တွေ ရပ်မယ်လို့ ကြေညာထားတာပါ။ ဒါပေမဲ့လည်း ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်းအထိ ကချင်လက်နက်ကိုင်တွေက အစိုးရ တပ်ဖွဲ့တွေနဲ့ အရပ်သားတွေကို တိုက်ခိုက်မှုတွေ ရှိတယ် ဆိုပြီးတော့လည်း ပြောဆိုနေတာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က လွှတ်တော်တွင်း ဆွေးနွေးစဉ်မှာလည်း စစ်တပ် ကိုယ်စားလှယ်တွေနဲ့ စစ်မှုထမ်းဟောင်း ကိုယ်စားလှယ်တွေက အလားတူ စွပ်စွဲချက်တွေနဲ့အတူ ပြဿနာကို အင်အားသုံး ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒေါက်တာအေးမောင် ကပြောပါတယ်။ “တပ်မတော်သားတွေဖက်က ဆွေးနွေးတဲ့အခါကျတော့ ပြည်တွင်းဒီစစ်ပွဲနဲ့ပတ်သက်လို့ ကေအိုင်အေ၊ ကေအိုင်အိုတို့ရဲ့ စတင်ပစ်ခတ်မှုတွေ၊ မိုင်းခွဲမှုတွေ၊ အဲ့တာမျိုးတွေကို ချပြပြီးကာမှ ရှင်းတာပေါ့ဗျာ။ တိုင်းရင်းသားတွေဖက်ကတော့ ဟိုဘက်၊ ဒီဘက် အကြောင်းပြနိုင်မှာပဲ စစ်ပွဲဆိုတာ၊ နော် စစ်ပွဲဆိုတာ အကြောင်းရင်းကို ရှာဖို့လိုတယ်။ အဲ့ဒီ့နည်းဟာ နိုင်ငံရေးအရ ဖြေရှင်းနည်းပဲ။ တကယ်တမ်း ကျနော်တို့ တိုင်းပြည်ကိုသာ စစ်မှန်တဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုရင် နှစ်ပေါင်း ၆၀ကျော် မငြိမ်းချမ်းသေးတာ၊ တိုင်းရင်းသားအချင်းချင်း တိုက်ကြခိုက်ကြ ဖြစ်ကြတာ၊ အမှန်တော့ ကျနော်တို့ပြန်လည်သုံးသပ်ဖို့ လိုပြီ။ ကျနော်တို့ တွေ့ဆုံညှိနှိုင်း အဖြေရှာပြီးကာမှ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုပြီဆိုတာကို ကျနော်တို့ကို ပြန် တပ်လှန့်လိုက်တဲ့ သဘောပါပဲလို့ ဆွေးနွေးကြပါတယ်။ အကုန်လုံး ငြိမ်းချမ်းရေးကို ရစေချင်တယ်။ ဦးခတ်ထိန်နန်အဆိုတင်သွင်းတဲ့ အချက်သုံးချက်လုံးကို တိုင်းရင်းသားလွှတ်တော်အမတ်တွေက ထောက်ခံခဲ့ကြပါတယ်။” ကချင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်မှာ သောကြာနေ့အထိ ဆက်လက် ဆွေးနွေးဦးမှာပါ။ မြန်မာအစိုးရ ကတော့ တိုက်ခိုက်မှုတွေ ရပ်စဲပြီး KIO နဲ့ ဆွေးနွေးဖို့ အသင့်ရှိနေတဲ့ အကြောင်း ကမ်းလှမ်းထားပေမဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲမို့ လက်တွေ့မှာ ဆွေးနွေးရေး မဖြစ်နိုင်သလောက် အခြေအနေမျိုးမှာ ရောက်နေတယ်လို့ KIO က ပြောဆိုထားတာပါ။ ဒီလိုပဲ တွေ့ဆုံရမယ် ဆိုရင်လည်း တဖွဲ့ချင်း အနေနဲ့ မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တခုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နဲ့အတူ တွေ့ဆုံဖို့ လိုလားကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။ http://burmese.voanews.com/content/kachin-parliment-naypyidaw/1590139.html
Read More »

ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်သူများ မြို့နယ် ၁၀ ခုက တရားစွဲခံရ

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ရည်ရွယ်ပြီး ရန်ကုန်မြို့ကနေ ကချင်ပြည်နယ်လိုင်ဇာအထိ ခရီးရှည်လမ်းလျှောက်တဲ့သူတွေကို မြို့နယ် ၁၀ ခုက တရားစွဲထားပါတယ်။ လမ်းလျှောက်တဲ့သူတွေ ဖြတ်သန်းသွားတဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၈ ခု အပါအ၀င် ပဲခူးတိုင်းဒေသကြီးထဲက ပဲခူးနဲ့ ဒိုက်ဦးမြို့နယ်က အာဏာပိုင်တွေက တရားစွဲထားတာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ လူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ သံဃာတော်နဲ့ လူငယ်အယောက် ၂၂ ယောက်ဟာ တနလာင်္နေ့က ရန်ကုန်ကနေ ထွက်ခွာလာတာဖြစ်ပြီး သူတို့ကိုတော့ မြို့နယ် ၁၀ ခုက ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ခွင့် ဥပဒေ ပုဒ်မ ၁၈ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ ပဲခူးမြို့နယ်ကနေ ၀င်ရောက်လာတဲ့သူတွေကိုတော့ ပဲခူးနဲ့ ဒိုက်ဦးမြို့နယ်အာဏာပိုင်တွေက စွဲဆိုတာလို့လည်း ဆိုပါတယ်။ ဒီစွဲဆိုချက်နဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်ထွန်းက အခုလို ပြောပါတယ်။ “ဂျပန် ဒု-၀န်ကြီးချုပ် မြန်မာပြည်လာတုန်းက ဂျပန်စစ်သချိုင်္င်းမှာ ဂျပန်သူရဲကောင်းတွေကို လေ့လာပြီးတဲ့အခါ တရုတ်နိုင်ငံသားတွေဟာ မြန်မာပြည်မှာ ဂျပန်ဝန်ကြီးချုပ်ကို ဆန္ဒပြခဲ့ဖူးတယ်။ နော်ဝေနိုင်ငံသားတွေ လူ့အခွင့်အရေးနဲ့တရားမျှတမှုအတွက် စက်ဘီးစီး စီတန်းလှည့်လည်မှုတွေရှိပါတယ်။ အဲတော့ တခြား နိုင်ငံသားတွေဟာ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံသားတွေမရတဲ့ အခွင့်အရေးတွေ ခံစားရပြီးတော့ ကျနော်တို့တွေက ဒီအခွင့်အရေးနဲ့ပတ်သက်လာရင် မရတာတွေကတော့ တော်တော်ဆိုးဝါးတယ်လို့ မြင်တယ်။ ပုဒ်မ ၁၈ ဟာလည်း နိုင်ငံသားတွေရပိုင်ခွင့်ဖြစ်တဲ့လွတ်လပ်စွာသွားလာခွင့်ကို လည်မျိုညှစ်ထားမှုတခုလို့ မြင်ပါတယ်။” အခုဆိုရင် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ၅၀ ပတ်ဝန်းကျင်လောက်ရှိပြီလို့လည်း ဆိုပါတယ်။ ခရီးရှည်လမ်းလျှောက်သူတွေဟာ ဒီနေ့ညနေက ဒိုက်ဦးမြို့ကိုရောက်ရှိနေပြီး မနက်ဖြန် ဒိုက်ဦးမြို့နယ် ဘုရားကြီးကျောင်းဝင်းထဲမှာ ကျောင်းထိုင်ဆရာတော်၊ မြို့ခံတွေနဲ့ ပေါင်းပြီး ငြိမ်းချမ်းရေးကျောက်တိုင်ကို စိုက်ထူပြီးတော့ ညောင်လေးပင်မှာ ညအိပ်ရပ်နားမယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေက ပဲခူးတိုင်းအ၀င်မှာ ငြိမ်းချမ်းရေးအလံကို လွှင့်ထူ လမ်းလျှောက်တာဟာ ဥပဒေနဲ့ မညီတဲ့အတွက်လည်း လမ်းလျှောက်တဲ့အဖွဲ့ဟာ တားမြစ်ခံခဲ့ရပါတယ်။ သူတို့တွေက စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ လမ်းလျှောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီဗွီဘီ၊ ဇန်န၀ါရီ ၂၄၊ ၂၀၁၃
Read More »

ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်

ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင် မှုတွေက တော်တော် ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ် ကာ ရောင်းချတတ်ကြပါတယ်။အဟာရဓာတ် ပါဝင်မှု များပြားတဲ့ အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင် တာများ ချောမွေ့စေခြင်းဓာတ်မတည့်ခြင်းကို သက် သာစေခြင်း၊ ချောင်း ဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်းကင်ဆာဖြစ် ပွားခြင်း ကို လျော့နည်းစေခြင်းသွေးဥများကို တိုးပွားစေခြင်း သွေး ရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန် အတိုင်း ဖြစ်စေနိုင်ခြင်းအမျိုးသားများ အတွက် ခွန်အား တိုးပွားစေခြင်း ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများ ကို ကောင်း မွန်စေခြင်းအမျိုးသမီးများ ဓမ္မတာကောင်း မွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေး အကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း စသဖြင့် အကျိုးများ ရရှိတယ်လို့ သိရှိရပါတယ်။ ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှ ပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါ တယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယား စသည့် နိုင် ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန် အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက် ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက် လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှ တဲ့ ရေခဲတောင်တွေ ထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက် ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်း ကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း တိုက်တွန်းလိုက်ရပါသည်ခင်ဗျာ။ လမင်းမောင်
Read More »

Billgate(ဘီလ်ဂိတ်ရဲ့ အကြံပေးချက်များ)

ကမ္ဘာအချမ်းသာဆုံး ဘီလျှံနာ ဆယ်ဦး စာရင်းဝင်တဲ့ Microsoft ရဲ့ သူဌေး "ဘီလ်ဂိတ်" ကိုမိတ်ဆက်စရာတောင် မလိုပါဘူး။ စာရင်းများအရ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံးပါ။ ကယ်လီဖိုးနီးယားပြည်နယ် ဗာဆယ်လီဗာမှာရှိတဲ့ ၀ှစ်နေးအထက် တန်း ရဲ့ ကျောင်းဆင်းပွဲမှာ ဘီလ်ဂိတ်ဟာ အောက်ပါ (၁၁) ချက်နဲ့ အကြံပေးခဲ့ပါတယ်။ (၁) လူ့ဘ၀က မမျှတပါဘူး။ အဲဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။ (၂) ဒီလောကကြီးက မင်းရဲ့ လေးစားကြည်ညိုမှုတွေကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ မင်းကိုယ်တိုင် အကျိုးသက်ရောက်မှုရှိအောင် လုပ်ပြီးမှပဲ မင်းရဲ့ ခံစားချက်ကိုဆန်းစစ်ကြည့်ဖို့ လောကကြီး က ပိုပြီးမျှော်လင့်ပါတယ်။ (၃) ကျောင်းပြီးသွားတာနဲ့ လခကောင်းကောင်းမရနိုင်ဘူး။ ချက်ချင်းလက်ငင်း ကွပ်ကွဲအုပ်ချုပ်သူမဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွတ် ကြိုးစားအားထုတ်မှပဲ ရနိုင်တယ်။ (၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ မင်းတို့ထင်ခဲ့ရင် တစ်နေ့မင်းတို့ ကုမ္ပဏီသူဌေးတွေဖြစ်လာတဲ့အချိန်မှာ သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။ (၅) ဟမ်ဘာကဆိုင်မှာ အလုပ်လုပ်ရလို့ ကိုယ့်ကိုယ်ကို အသုံးမကျ ဘူးလို့ မထင်နဲ့။ မင်းတို့ရဲ့ အဘိုးအဘွားတွေက ဟမ်ဘာဂါအလုပ်အတွတ် အဓိပါယ် တစ်ခုဖွင့်ဆိုလိမ့်မယ်အဲဒါက "အခွင့်အရေး" တဲ့ (၆) မင်းအနေနဲ့ ဘာမှ ဖြစ်မလာတာဟာ မင်းမိဘတွေနဲ့ အမှားမဟုတ်ဘူး။ ကိုယ့်လုပ်ခဲ့တဲ့ အမှားတွေအတွတ် ဒေါသထွက်မနေနဲ့။ အမှားတွေထဲက သင်ယူပါ။ (၇) မင်းမမွေးဖွားခင်မှာ မင်းရဲ့ မိဘတွေက အခုလို ထိုင်းမှိုင်းနေတာ မဟုတ် ဘူး။ သူတို့ ခုလို ထိုင်းမှိုင်းနေရတာဟာ မင်းအတွတ် အသုံးစရိတ်ရှာနေရလို့၊ မင်းရဲ့ အ၀တ်တွေလျှော်ဖွတ်နေရလို့၊ ကိုယ့်ကိုယ် ကို တော်ကြောင်း၊ အထင်ကြီးကြောင်း အပြောကြီးနေတဲ့ မင်းရဲ့ စကားတွေကို နားထောင်နေ ရလို့ဖြစ်တယ်။ ဒါကြောင့် မင်းမိဘတွေကို ပြုပြင်ဖို့မကြိုးစားခင် မင်းရဲ့ အိပ်ယာကို အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်ပါဦး။ (၈) ကျောင်းမှာ နိုင်တဲ့သူနဲ့ ရှုံးတဲ့သူဆိုတာရှိတယ်။ လက်တွေ့ဘ၀မှာ အဲဒီလိုမရှိဘူး။ ကျောင်းကမင်းကို အခွင့်အရေးတွေ အဆက်မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။တကယ့် လက်တွေ့ဘ၀မှာ အဲဒီ လိုမဟုတ်ဘူး။ (၉) ရုပ်ရှင်ထဲက သရုပ်ဆောင်တွေက တကယ့် လက်တွေဘ၀ မဟုတ်ဘူး။ တကယ့်လက်တွေ့ဘ၀မှာ လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ် ထဲဝင် ရတာချည်းပါပဲ။ (၁၀) စာကြိုးစားနေတဲ့သူတွေကို လေးလေးစားစားဆက်ဆံပါ။ တစ်ချိန်ချိန်မှာ စာကြိုးစားခဲ့တဲ့သူတစ်ယောက်ယောက်ဆီမှာ မင်း အလုပ်လုပ်ချင်လုပ်ဖြစ်လိမ့်မယ်။ (၁၁) လူဘ၀ဆိုတာ သင်ကြားချိန်ကာလသတ်မှတ်မထားဘူး။ ဘ၀မှာ ကျောင်း ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်မှ မင်းလုပ်ချင်တာနဲ့ မင်းရဲ့ အားလပ်ရက်ကို ညှိနှိုင်းပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အားလပ်ချိန်ကို အကျိုးရှိအောင် အသုံးချပါ။ ဘီလ်ဂိတ်ဟာ ဘွဲ့မရခဲ့ပါဘူး။ ဒါပေမဲ့ ပညာသင်ဖို့ အားပေးတယ်။ သူကိုယ်တိုင်လဲ ကြိုးစားအားထုတ်ခဲ့လို့ သူဌေးကြီး ဘ၀ရောက်ခဲ့တာပါ။ ဟုတ်ပါတယ်။ ပညာခေတ်ကြီးထဲမှာ ပညာသင်ယူဖို့အရေးကြီးပါတယ်။ ဘယ်အချိန်ထိလဲဆိုတော့ ဘ၀ဆုံးထိပါ။ Ref: ပညာခေတ် ITgroup
Read More »

လိုင်ဇာ အနီးမှ လက်နက်ကြီးမိုးများ ရွာသွန်းခြင်း

ယနေ့ နံနက် ၁၁ နာရီ နီးပါး အချိန်တွင် လိုင်ဇာမြို့ အနီးရှိ အလင်းဘွန် တောင်တန်းမှ တောင်ကုန်းများနှင့် ခါရာတောင်ကုန်း များကို လက်နက်ကြီး များဖြင့် ပြင်းထန်စွာ တိုက်ခိုက် ခဲ့သည်ဟု ခါရာတောင်ကုန်းရှိ KIA ရှေ့တန်း အရာရှိ တဦးက ဆိုပါသည်။ “ လက်နက်ကြီး တွေကတော့ ပွိုင့် (၇၇၁) ရယ်၊ ဖါန်ပြန်ဘွန်တောင်ရယ်၊ မန်တဲရယ်ပေါ့။ အဲဒီကနေပစ်တာ တလစပ်ကိုပစ် နေတာ။ မနားတမ်းချတယ်။ သူတို့ပစ်တာက အဓိက ကတော့ ခါရာတောင် တကျောလုံးကို ပစ်နေတာပါ။ ကျနော်တို့က လည်းခါတိုင်းလို မရတော့ဘူးလေ။ မဆုတ်တမ်းခံချတယ်။ တက်လို့ကိုမရဘူး။” ဟု ဆိုပါသည်။ လက်နက်ကြီး ပစ်ခတ်မှုသည် စက္ကန့် မခြား ပစ်နေသည်ဟု ထင်ရပြီး စက်အမြောက်များဖြင့် ပစ်ခတ်နေဖွယ်ရှိပါသည်။ တချိန် ထဲ၌တပ်မ (၆၆) မှ အစိုးရ မြေပြင် တပ်များသည်၊ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်နေချိန်၌ ခါရာတောင်တန်းအောက် ခြေကို ချဉ်းကပ်ခဲ့သည်ဟု ဆိုပါသည်။ ခါရာတောင်ကုန်းကို ပြီးခဲ့သည့် (၂)ရက်ကတည်းက လက်နက်ကြီး များဖြင့် အဆက် မပြတ် ပစ်ချေထားပြီးဖြစ်ပါသည်။ ထို့အပြင်ရှဒန်ပါမှ လက်နက်ကြီးများလည်း ခါရာတောင်ကုန်းကို မနားတမ်း ပစ်ခတ်ခဲ့ပါသည်။ မြေကြီးများ တုန်ခါပြီး မိုးခြိမ်း သံများ တညံညံ ပစ်နေသလို ခါရာတောင်ကုန်းမှ ခံစားနေရသည်ဟု KIA တပ်ဖွဲ့များက ဆိုပါသည်။ သို့သော် အမိန့်မနာခံသ ဖြင့်စိတ်ကြွဆေး ကျွေးပြီးမှ စစ်ဆင်နေရသော အစိုးရ မြေပြင် တပ်ဖွဲ့များသည် ခါရာတောင်ကုန်းကို နေ့ရော ညပါကြိုးစားပြီး တိုက်ခိုက် နေသော်လည်း ယနေ့ညနေ (၅) နာရီ အချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးဟု KIA ဖက်က ဆိုပါသည်။ အလားတူ လာဂတ်တောင် စစ်ဆင်ရေး၌လည်း အစိုးရ တပ်များမှ အကျအဆုံး များစွာဖြင့် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေရသည် ဟုဆိုပါသည်။ တပ်မ (၁၀၁) တပ်များ ထိခိုက်ကျဆုံးမှု များပြားသဖြင့် အစိုးရသည် အရှက်ရနေကာ နောက်ထပ်စစ်ကူများ ထပ်မံပို့ပေးနေ သည်ဟု KIA ကဆိုပါသည်။ တပ်မ(၆၆)နှင့် ကယားပြည်နယ်မှ တပ်ဖွဲ့များ လဂျားယန် ဖက်ကို ရောက်ရှိနေခြင်း ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်သည် လဂျားယန်မှ လိုင်ဇာ စစ်ဆင်ရေးကို ရပ်တန့် ထားမည်ဟု ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၉) ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သို့သော် ဇန္နာဝါရီလ (၂၂)ရက်နေ့ ည (၆) နာရီအထိ မည်သည့် စစ်မျက်နှာမှ အပစ်အခတ် ရပ် စဲခြင်းမရှိဘဲ ဆက်လက် စစ်ဆင်နေပါသည်။ အစိုးရသည် မှန်းချက်နှင့် နှမ်းထွက် မကိုက်သဖြင့် ဆက်လက် စစ်ဆင်နေရဖွယ် ရှိပါသည်။ လိုင်ဇာစစ်ဆင်ရေး ရပ်စဲသွားရန် တရုတ်ပြည်မှ ကိုယ်စားလှယ် လွှတ်ပြီး တောင်းဆိုသော်လည်း မရပ်ပါ။ ထို့အတူ အမေရိကန်၊ ဗြိတိန်နှင့် UN ကလည်း တောင်းဆိုထားပါသည်။ သမ္မတ ဦးသိန်းစိန်သည်၊ ကချင် တပ်ဖွဲ့အား တလအတွင်း ချေမှုန်းနိုင်သည်ဟု ပြီးခဲ့သည့် (၂၀၁၁)ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသော အာဆီယံ အစည်းဝေးကို တက်ရောက်စဉ် ပြောကြားခဲ့ဘူးပါသည်။ သို့သော် KIO ကို နှစ်နှစ်နီးပါး စစ်ဆင် လာခဲ့သော်လည်း ယနေ့အထိ အောင်မြင်ခြင်းမရှိသည့် အရှက်ဖြင့် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ဖွယ်ရှိပါသည်။ တပ်မတော်သည် သမ္မတ၏ အမိန့်ကို မနာခံဟု၊ တနည်းအားဖြင့် သမ္မတနှင့် တပ်မတော် သဘောကွဲနေကြောင်း စသည့် ကောလဟာလ သတင်းများ ထုတ်ပြန်ပြီး စိတ်ဓါတ် စစ်ဆင်ရေး ဆင်နွှဲနေခဲ့သည်မှာ ကြာပြီးဖြစ်ပါသည်။ သို့သော် ယနေ့အထိ စစ်ဆင်ရေး မအောင်မြင်သဖြင့် အလိမ်ဇတ်များ ပေါ်လာနေပါသည်။ အစိုးရ၏ (၂၀၀၈) အခြေခံ ဥပဒေ အောင်မြင်ရေး၊ တိုင်းရင်းသား တပ်ဖွဲ့များ ချိုးနှိမ်ထားရေး အစိစဉ်သည် စစ်အာဏာရှင် များရှိနေသရွေ့ ပြောင်းလဲ သွားမည် မဟုတ်ဘဲ သမ္မတနှင့် တပ်မတော် ဦးစီးချုပ်တို့သည် နည်းပရိယာယ် အသွယ်သွယ်ဖြင့် ဆက်လက် ချေမှုန်း သွားမည်ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ — with Jinghpaw Shadang.
Read More »

“ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုး၊ ဒီမိုမယ်တော်ကြီး နှင့် ရွာဦးဘုရားမှ ခရိုနီလဒကြီးများ”

ဂျော်ဒီး၊ ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၃ MoeMaKa Burmese News & Media ခုတလော မိုးမခရွာသားများအကြားမှာ ရေပန်းစားနေသော ပုဂ္ဂိုလ်ကြီးမှာ ပရော်ဖက် ဆာ ဒေါက်တာဟတ်ချိုး ဆိုသူတည်း..။ သူ့အစွမ်း အံ့မခန်းပုံကား မိုးမခရွာထောင်စုလွှတ်တော် အရပ်ရပ်မှ လွှတ်တော်တွင်း အတင်းဦးများကို ဖွင့်ချဖော်ထုတ်နိုင်ခြင်းပင်..။ ရွာထောင်စု လွှတ်တော် ဥက္ကထကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများကား ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုး အား တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ ရှာဖွေအရေခွံခွါမည်ဟု ကြိမ်းမောင်းနေကြသည်..။ အီကဲ့သို့ ရှာဖွေရာတွင် ရွာထောင်စုလွှတ်တော်များ၏ လုပ်ထုံးလုပ် နည်းအတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ကိုပင် ပေါပေါသောသော၊ ရက်ရက်ရောရောဖွဲ့စည်းပြီး ဆောင်ရွက်နေကြရသည် တဲ့။ မိုးမခရွာသူရွာသားများကား ပရော်ဖက်ဆာဒေါက်တာ ဟတ်ချိုးကို စိတ်ဝင်စားလှ သည် ဖြစ်ရာ ရွာ့ဗဟုသုတဟင်းလေးအိုးသာဂိကို အပူကပ်ကာ ပရော်ဖက် ဆာ ဒေါက်တာ ဟတ်ချိုး ၏ ဝက်ခြံကို တိုက်ရိုက်ဝင်ကြည့်ကြလေသည်။ နံမယ်ကျော် (၀ီကီလိခ်) ဂျူလီယံအဆန်း၏ဆရာဖြစ်သူ ပရော်ဖက်ဆာဒေါက်တာ ဟတ်ချိုးကား သူ ၏ မီဒီယာဌာနချုပ် ရုံးခန်းအတွင်းရှိ ကွန်ပြူတာအစုတ်ကလေး ရှေ့ တွင်ထိုင်ရင်း တက်လာ သမျှ မိုးမခရွာထောင်စုလွှတ်တော် သတင်းများကို၎င်း ရွာဂံတော်သမဒရုံးဝက်ခြံမှ တက်လာသော သတင်းများကို၎င်း အနီးကပ်၊အဝေးခွာ၊ ကြည့်ရှု သုံးသပ်ရင်း သတင်းသုံးသပ်ချက်များကို စက္ကန့် မလပ် ထုတ်လွှင့်နေလေသည်။ တိုင်းရင်းသား ညီအကိုမောင်နှမများကို အင်မတန်ချစ်ကြည်လေးစားကြောင်း ပြသလိုသော ရွာဂံတော်သမဒကြီးနှင့် ရွာထောင်စုလွှတ်တော် ဥက္ကထကြီးများသည် ကရင်နှစ်သစ်ကူးပွဲတော်တွင် ကရင်သင်တိုင်းကြီးများ တဖါးဖါးဖြင့် ကခုန်ဆင်နွဲခဲ့သလို၊ နာဂ တိုင်းရင်းသားတို့ ၏ နှစ်သစ်ကူး ပွဲတော် တွင်လည်း နာဂရှေးရိုးရာဝတ်စုံအပြည့်ဖြင့် တက်ရောက် ဆင်နွဲကခုန်ခဲ့ကြကြောင်း။ ကရင်နှစ်သစ်ကူး ပွဲတော်ကြီးတွင် လက်ခုပ်လက်ဝါးတီး ကခုန် အားပေးခဲ့သော ဒီမိုမယ်တော်ကြီး မှာမူ ဒီနေ့ပွဲတွင် မျက်မှန်အနက်ကြီးကို တပ်ဆင်ပြီး၊ အမြင်မတော်သည်များကို မမြင်ချင်ယောင် ဆောင်နေ ရကြောင်း။ မယ်တော်ကြီး အနေဖြင့် ဆက်ဆံရေးပေါ်လစီသစ်အရ ယခင်ကကဲ့သို့  အမြင်မတော်သည် များ ကို တွေ့ တိုင်း ဇိုးဇိုးဇတ်ဇတ် မပြောမိစေရန် မကြာခဏ မမြင်မကြားချင်ယောင် ဆောင်နေ တတ် လာပြီ ဖြစ်ကြောင်း။ ရွာ့မြောက်ဖျားမှ ကချင်တိုင်းရင်းသားတို့အရေးတွင်လည်း သမဒကြီး၏ အာဏာစက်ကို လက်နှီးစုတ်လောက်တောင် အရေးမထား၊ ဂရုမပြုဘဲ ထိုးစစ်များကို တိုးမြှင့်ဆင်နွှဲနေသော ရွာ့သေနာငတိချုပ်ကြီး ကာလုံကြောင့် ရွာဂံတော်သမဒကြီး၏ ရုပ်ပုံလွှာများကား မရွှင်မလန်း အတော်ပင် မကျေမချမ်း ဖြစ်နေပုံရကြောင်း၊ ကချင်ဒုက္ခသည်စခန်းများ အတွင်းကို လက်နက်ကြီး များဖြင့် ချိန်ရွယ်ပစ်ခတ်ရာမှ မရည်ရွယ်ဘဲ စိနသူခိုးဓါးပြနယ်မြေတွင်းသို့ လက်နက်ကြီး ကျည်ဆံများ ကျရောက်သွားကြောင်း။ စိနသူခိုးကြီးများမှာ သူတို့ပေါင်ပေါ် မီးပွါးကျမှ မီးသတ်ကားခေါ်ဖို့ အော်ကြကြောင်း။ အီ အရေးကြောင့် ရွာဂံတော်သမတကြီးမှာ ကမ္ဘာရွာကြီးအလည်မှာ များစွာ မတင့်မ တယ်ဖြစ် နေကြောင်း။ ထို့ကြောင့် မကြာမီ လာတော့မည့် ပင်လယ်ဂိမ်းပွဲတော်ကြီးတွင် အရှက်မကွဲစေရန် အလို့ငှာ၊ နာတာရှည်မွေးမြူထားသော ရွာတွင်းစစ်မီး ကို ခေတ္တ ခဏပြာဖုံးထား ရန် ကြံရွယ်ပြီး လွှတ်တော် အရပ်ရပ်တွင် အရေးကြီးအဆိုများကို တင်သွင်းစေကြောင်း။ ရုတ်တရက် အပစ်အခတ် ရပ်စဲထားကြောင်း၊ သတင်းများကိုလဲ ခါတော်မီ ထုတ်ပြန်လိုက်ကြောင်း။ နောက်မှ အလျဉ်းသင့်သ လို ပြန်လည်ဆော်ပလော်တီးမည် ဖြစ်ကြောင်း..။ ထိုသတင်းများထက် ထူးဆန်းသည့်သတင်းသုံးသပ်ချက်များမှာ ရွာဂံတော် သမဒကြီးသည် သမတလုပ်ရပြီး သမတအာဏာ အပြည့်အဝပြခွင့် မရရှာသဖြင့်၊ နသားပါးရ အခြေခံဥပဒေ ကို ပြင်ဆင်ရန် ကြိုးပမ်းကြံစည်နေပုံရကြောင်း..။ သို့ရာတွင် နသားပါးရအခြေခံ ဥပဒေ ပြင်ဆင်ရန် ထောက်ခံမဲ ၇၅ ကျပ်သား ရရှိရန်မှာ အလေးချိန် တမတ်သား ခိုးထား ခံရသောကြောင့် မနုသတ္တဒုလ္လဘ ဆိုသည်ထက် ခက်ခဲနေကြောင်း။ သို့သော် ရွာဂံတော်သမတကြီးတို့အဖွဲ့က လက်မလျှော့ပဲ မတရားသော အမိန့်အာဏာဟူ သမျှတာဝန်အရဖီဆန်ကြ ဟူသော ဒီမိုမယ်တော်ကြီးတို့ လွှင့်ပစ်လိုက်သော ဆောင်ပုဒ် ကို ကောက်ယူကိုင်ဆွဲသည့်လုပ်ရပ်များကို လုပ်ဆောင်နေပုံရကြောင်း။ ဥပမာအားဖြင့် မတရားဥပဒေတခုဖြစ်သည့် အီလက်ထရွန်းနစ်ဥပဒေကို ဆန့်ကျင် ရိုက်ချိုးသည့် အနေဖြင့် ရွာဂံတော်ရှိရွာသူရွာသားများကို သတင်းများထုတ်ပြန်ရာတွင် ရွာဂံပိုင်သတင်းစာများကို မသုံးတော့ဘဲ၊ အင်တာနက်ဝက်ခြံဖစိဘုတ်များမှသာ တိုက်ရိုက် ထုတ်ပြန်နေသည်မှာ ထင်ရှားသည့် သာဓကဖြစ်ကြောင်း … စသဖြင့် ထင်မိထင်ရာ အာပလာသတင်းများဖြင့် ၀ါဒဖြန့်ချီနေလေသည်။ ထို့ပြင် ဒီမိုမယ်တော်ကြီး၏လက်ရာ … “ရာဇဝင်ထဲမှာ ထိပ်တိုက်ရင်ဆိုင်ရေး ကို ထားရစ်ခဲ့” နှင့် “ခရိုနီလဒများကို အသုံး ချပြီး ရွာဂံတော်ငြိမ်းချမ်းရေး တည်ဆောက်ရေး မဟာဗျူဟာ” လုံးချင်းတက်ကျမ်းစာအုပ်များမှာ အတော်ရောင်းရတွင်ကျယ်၊ ဘက်ဆဲလားစာအုပ်များ ဖြစ်နေကြောင်း။ အီစာအုပ်များမှာ ကမ္ဘာကျော်သွားပြီး … စာအုပ်ပါ … “ခရိုနီလဒများနှင့် ဘောလုံးပွဲအတူကြည့်ခြင်း၊ ဒီပလိုမေစီမှသည် ခရိုနီလဒများနှင့် ဆေးရုံပြင်၊ ကျောင်းဆောက်၊ ပညာရေးရန်ပုံငွေ စွပ်ကျယ်ရောင်းပွဲ ဒီပလိုမေစီများ၏ အောင်မြင်မှုများ” ကို အားကျတုပ နည်းနာယူပြီး အစ္စရေးဆိုသည့် ရွာကြီးတွင် ခရိုနီလဒများကို သူလျှိုအဖြစ် မွေးမြူအသုံးပြုလာပြီ ဖြစ်ကြောင်း။ “ခရိုနီလဒသုံးခြင်းအစ မိုးမခရွာက”ဟုပင် ဂုဏ်ယူသင့်ကြောင်း။ ထို့ပြင် ရွာထောင်စု လွှတ်တော် အတွင်းတွင်လည်း တမတ်တန်းနည်းပြကြီး ဆာအဲလက်စ်ပေါတာဂျီး၏ ခပ်စိပ်စိပ်လူစား ထိုး လဲ လှယ်မှုများကား ဒီမိုမယ်တော်ကြီး၏ ခရိုနီလဒများမှတဆင့် ထိုးဖောက် ကန်သွင်းဂိုးများ ကို ရှောင် ရှား လိုသည့် ကစားကွက်များဖြစ်ကြောင်း။ ရွာထောင်စုလွှတ်တော်အတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ နေ့စဉ် ဖက်ရှင် ရှိုးပွဲများမှာ ဂရင်းနစ်စံချိန်တင်ခဲ့သော ၁၄နှစ်ကြာ အမျိုးသားညီလာခံကြီးမှ အမျိုးသမီး ညီလာခံ ကိုယ်စားလှယ်ကြီးများ၏ ဖက်ရှင်ရှိုးပွဲများထက် မညံ့ကြောင်း။ စသဖြင့် အတွင်းသတင်း ဓါတ်ပုံ များနှင့် ဝေေ၀ဆာဆာရှိလှပေသည်။ ဒီနေ့ညအတွက် နောက်ဆုံးဖောင်ပိတ်သတင်းကား မိုးမခရွာထောင်စု လွှတ်တော်အတွင်းမှ အမျိုးသမီးလွှတ်တော်အမတ်တဦးဖြစ်သူ ဒီမိုကရေစီမယ်တော်ကြီးအား လွှတ်တော်အတွင်းသို့ သတင်းယူရန်ရောက်ရှိနေသော “ရစ်မရသတင်းမီဒီယာ”မှ သတင်းထောက် ကြီး ”ရန်လိုကြောင်” က လျှပ်တပြက်အိမ်သာဗျူး လိုက်နိုင်သောသတင်းပေတည်း။ သတင်းထောက်ကြီးရန်လိုကြောင်မှာ ရစ်မရမီဒီယာ၏ဝါရင့်သတင်းထောက်ကြီးပီပီ အမျိုး သမီးလွှတ်တော်အမတ် ဒီမိုမယ်တော်ကြီး အိမ်သာသွားခိုက် ရသမျှအချိန်တစက္ကန့်လေး ကို စောင့်ဆိုင်းကာ လျှပ်တပြက်အိမ်သာဗျူးလိုက် နိုင်ခြင်းဖြစ်လေသည်။ အမှန်စင်စစ် ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုးမှာ ရစ်မရသတင်းမီဒီယာ၏ စီအီးအိုကြီးဖြစ်နေရာ၊ အီသတင်းထူးကိုလည်း ရစ်မရသတင်းမီဒီယာမှ တဆင့် (exclusive news) ပရော်ဖက်ဆာဒေါက် တာ ဟတ်ချိုး၏၀က်ခြံသို့ စက္ကန့်ပိုင်းအတွင်း ဦးဦးဖျားဖျား ရောက်လာလေသည်။ ပရော်ဖက်ဆာ ဒေါက်တာဟတ်ချိုးလည်း မိုးမခရွာသူရွာသားအများ သိလိုသော သတင်းထူး တရပ်မို့ ဦးဦးဖျားဖျား စက္ကန့်မလပ်၊ ထပ်ဆင့်ထုတ်လွှင့် လိုက်လေသည်။ “မယ်တော်ကြီး ခင်ဗျား … ခုတလော လူပြောများနေတဲ့၊ အများပြည်သူ ကြည်ညို လေးစားရတဲ့ ရွာဦးဘုရားမှာ ခရိုနီလဒကြီးတွေလာနားနေတဲ့ ကိစ္စအပေါ် ဘယ်လိုသဘောထားပါသလဲ..” “အော် … မယ်တော်အမြဲပြောတယ်လေ။ ဘယ်သူပဲဖြစ်ဖြစ် ပြစ်မှု မထင်ရှားသရွေ့  အပြစ်မဲ့။ ဒီတော့ ခရိုနီလဒကြီးတွေ အများကြည်ညိုတဲ့ဘုရားမှာလာနားတာ ပြစ်မှု မထင်ရှားသေးဘူးလေ။ အလုပ်ကို ကြည့်ရမယ်လေ။ ငှက်ကိုမကြည့်ရဘူး၊ ဘုရားမှာ လာနားတယ်ဆိုတာ ခရိုနီ လဒတွေလည်း ဥပုသ်တွေဘာတွေ စောင့်ချင်လို့နေမှာပေါ့” “ဒါပေမယ့်  လဒဆိုရင် ဘာလဒဖြစ်ဖြစ် အပုပ်အစပ်တွေစားတဲ့ငှက်ဆိုးမျိုးမို့ ဘုရားမှာ လာနားတာ၊ ကောင်းတယ်လို့ ပြောလို့ရပါသလား..။အများကြည်ညိုလေးစားတဲ့  အထွတ်အမြတ် နေရာမှာ ဒီလိုငှက်ဆိုးကြီးတွေကြောင့် ကျက်သရေကင်းမဲ့တယ်လို့ မယူဆပါဘူးလား” “ခရိုနီလဒတွေ အပုပ်အစပ်စားခဲ့တာ မှန်ပေမယ့်၊ သူတို့လည်း သူတို့ဖာသာ ပြုပြင်ပိုင်ခွင့် ရှိတယ်လေ။ အခု သူတို့ခမျာ ဘုရားဖူးရင်း၊ လိပ်ဥလေး ဘာလေးတူးချင်လို့ လာတာ၊ လာ ပါစေပေါ့။ နောင်ဆို ရွာထောင်စုလွှတ်တော်မှာတောင် လွှတ်တော်ကိုယ်စား လှယ်ကြီးတွေ အဖြစ်တောင် သူတို့ကို မြင်ရဦးမှာပါ” အမေး အဖြေ အင်တာဗျူးအပြီးတွင် ခရိုနီလဒချီးများဖြင့် ဘုရားရင်ပြင်တခုလုံး နံစော်ည စ်ပတ်နေကြောင်း။ ဘုရားထီးတင်စဉ်က အသုံးပြုခဲ့ပြီး ဖျက်ထားသော ငြမ်းများပေါ်တွင်လည်း ခရိုနီလဒများက မစင်အညစ်အကြေးများ စွန့်သွားခဲ့ကြောင်း၊ ရစ်မရ သတင်း မီဒီယာ မှ သတင်းထောက်ကြီးရန်လိုကြောင်၏ သတင်းပေးပို့ချက်များကို သတင်းဓါတ်ပုံများနှင့်တကွ မိုးမခရွာသူသားများခမျာ ၀မ်းနည်းပက်လက်မြင်လိုက်ရလေသည်။ http://moemaka.com/?p=31331
Read More »

ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား.

လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရပ်နားမည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့သော် လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများမှာ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါသည်။ "ခုနကတောင် လက်နက်ကြီးသံတွေ ကြားရသေးတယ်။ မနက် ၉ နာရီ ကနေ ၁၀ နာရီအထိ တိုက်ပွဲဖြစ်နေတုန်းပဲ"ဟု KIO မှ ဗိုလ်ကြီး ဂျိုးဇက်က Eleven Media Group သို့ ပြောပါသည်။ ထို့အပြင် လဂျားယန်မဟုတ်သော အခြားဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။ "သမ္မတရုံးရဲ့ ထုတ်ပြန်ချက် အရ ထိုးစစ်မလုပ်ဘူး ဆိုတာက လဂျားယန် ဒေသမှာပဲလေ။ ကျန်တဲ့ နေရာမှာကတော့ ဆက်လုပ်ဦးမယ်ဆိုတဲ့ သဘောပေါ့။ အခု ဖြစ်နေတဲ့ နေရာက တပ်မဟာ(၃)နယ်မြေ ထဲမှာ၊ တပ်မဟာ(၂)နယ်မြေထဲမှာ၊ တပ်မဟာ(၄)ဧရိယာထဲမှာ ဖြစ်နေတယ်။ ဒီထုတ်ပြန်ချက်ဟာ တပ်မတော် အနေနဲ့ ထိုးစစ် မလုပ်တော့ဘူးလို့ ဒီတစ်နေရာထဲ ပြောတဲ့ သဘောပါ။ ဖြစ်ချင်လည်း ဖြစ်ဦးမယ်။ ထိုးစစ်လုပ် ချင်လည်းလုပ်ဦးမယ်ဆိုတဲ့ သဘောပါ”ဟု ဗိုလ်ကြီး ဂျိုးဆက်က ပြောသည်။ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ဖားကန့်ရှိ ဆိုင်းရာ၊ ကံဆီးတွင် အခြေစိုက်ထားသော KIA တပ်ရင်း (၆) ကို အစိုးရ တပ်များမှ ထိုးစစ် ပြုလုပ်နေကြောင်း ဗိုလ်ကြီး ဂျိုးဆက်က ပြောသည်။ "တပ်ရင်း(၆)ကို ထိုးစစ် လုပ်နေတယ်။ တပ်ရင်း(၆)က ဆိုင်းရာ၊ ကန်စီး ဆိုတဲ့ ဖားကန့် ဒေသကပါ။ အဲဒီမှာတော့ ဒီနေ့လည်း ဖြစ်နေတုန်းပဲ တပ်မဟာ(၃)ရဲ့ ဂျန်မိုင်ကောင်း မှာလည်း ပစ်တယ်။ နေရာတော့ အတိအကျ မသိသေးဘူး။ တပ်မဟာ(၃)ဆိုတာက လွယ်ဂျယ် မြို့နယ်နဲ့ မိုးမောက် မြို့နယ်ထဲ ပါပါတယ်။ လွယ်ဂျယ်မြို့နယ်နှင့်မိုးမောက်မြို့နယ်ထဲ မှာလည်း တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ ဆွမ်ပရာဘွမ် မြို့နယ်ထဲမှာလည်း ဒီနေ့ထိ တိုက်ပွဲဖြစ်နေတုန်း။ ဒီနေ့မနက်အထိ ဖြစ်နေတာကတော့ ခိုင်ယာမှာလည်း ဖြစ်နေတယ်”ဟု ဗိုလ်ကြီး ဂျိုးဆက်က ပြောပါသည်။ KIA တွင် တပ်မဟာ ခြောက်ခုရှိပြီး ပန်ဝါဒေသဘက်တွင် တပ်မဟာ(၁) ၊ ဖားကန့်၊ မြစ်ကြီးနား၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်း အစရှိသည့် ဒေသများတွင် တပ်မဟာ(၂) ၊ မိုင်ဂျာယန်နှင့် ဂျန်မိုင်ကောင်းတွင် တပ်မဟာ (၃)၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာမိုးညဲ၊ လွယ်ဂျယ်၊ ကွတ် ခိုင် အစရှိတဲ့ ဒေသများတွင် တပ်မဟာ(၄) ၊ လိုင်ဇာဒေသမှာ တပ်မဟာ(၅) နှင့် မကြာသေးမီက ယာယီဖွဲ့စည်းခဲ့သော တပ်မဟာ(၆)မှာ ပန်ဝါ၊ လိုင်ဇာ၊ လဂျားယန်နှင့် ဖားကန် ဒေသများတွင် ရှိနေပါသည်။ Credit: Lachid Kachin
Read More »

ကေအင်ယူဆက်ဆံရေးရုံးခွဲ တာဝန်ရှိ သူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျောက်ကြီးမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဆက်ဆံရေးရုံးခွဲမှာ KNU တပ်မဟာ (၃) က ဗိုလ်မှူးကြီး စောအယ်ကလူသိန်းအဖွဲ့နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KNU အဖွဲ့မှ စောဂျိုးဂျိုးက RFA ကို အခုလိုပြောပါတယ်။ " ငြိမ်းချမ်းရေးကို တည်တံ့ခိုင်မြဲအောင် လုပ်ဖို့အတွက်တော့ လမ်းစလေးတော့ ကောင်းတာပေါ့၊ မိုင်းရှင်းလင်းရေး ကိစ္စတွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကိုဆွေးနွေးခဲ့တယ်၊ နယ်မြေအေးချမ်းမှုအရလည်း ကောင်းလာတာပေါ့" ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမလာခင် ဒီကနေ့မနက်ပိုင်းမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း ဦးဆောင်ပြီး ကျောက်ကြီးမြိုနယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေးရုံးမှာ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Read More »

ပြည်ထောင်စု ရေး ရင်လေး လှပါရဲ့. . .

ပင်လုံစာချုပ်ဆိုတာ မချုပ်ခင်က ကချင်ပြည်နယ်ကို ဘယ်သူပိုင်သလဲ ပင်လုံစာချုပ်သာ မချုပ်ဖြစ်နိုင်ခဲ့ရင် မြန်မာပြည် ဆိုတဲ့အထဲ ကချင်ပြည်၊ ချင်းပြည်၊ ကရင်နီဆိုတဲ့ ကယားပြည်၊ ရှမ်းပြည်ဆိုတာတွေ ပါလာမှာလား။ ပြည်ထောင်စု ဆိုတာ ဗမာပိုင်နက်ထဲ ကို ရှမ်းပြည် ကို ကချင်ပြည်ကို ဆွဲသွင်းတာမျိုးမဟုတ်ပါဘူး ဟောဒီ ပြည်ထောင်စုကြီးကို ရှမ်းတွေကော၊ ကချင်တွေကော၊ ဗမာတွေကော အကုန် တန်းတူညီမျှ ပိုင်ဆိုင်ကြတယ် လို့ အနှစ်သာရပေါ်လွင်ဖို့လိုပါတယ်။ ဒါကြောင့် ၁၉၄၇ ဥပဒေမှာ အထက်လွှတ်တော် ကို လူမျိုးစု လွှတ်တော် ရယ် လို့ တိုင်းရင်းသားခေါင်းဆောင်တွေကို တိုက်ရိုက်ပါဝင်စေခဲ့တယ်။ ပြည်ထောင်စု ဆိုတာ အများသဘောဆန္ဒအရ ဆိုပြီး လူများတိုင်းဆုံးဖြတ် စုစည်း ထားရတာ မဟုတ်ပါ။ လူနည်းစု၊ လူမျိုးစုအခွင့်အရေးတွေကို အထူးပေးပြီး၊ ပေါင်းစု ထားရပါတယ်။ အမေရိကန်မှာ ရက်ဒ်အင်ဒီးယန်းတွေကို မတရားမမျှတတာ လုပ်ခဲ့တဲ့ လူဖြူတွေ ရဲ့ လုပ်ရပ်တွေကို သမိုင်းစစ်၊ သမိုင်းမှန် ဖေါ်ထုတ်ပြီး အဲဒီ လူဖြူတွေကိုယ်တိုင် က သေချာ သင်ကြားကြ၊ သင်ယူကြတယ်။ ရက်အင်ဒီယန်းတွေကို အမေရိကန်တို့ရဲ့ ဘိုးအေ တွေ လို့ သတ်မှတ်ပြီး ကျေးဇူးရှင်တွေ အနေနဲ့ ကျေးဇူးတော်နေ့သတ်မှတ်၊ အခွန်လုံးဝ ဆောင်စရာမလို သတ်မှတ် နဲ့ သူတို့ရဲ့ သမိုင်းကိုလည်း ဖေါ်ထုတ်အသိအမှတ်ပြုပေးတယ်။ ဒီလိုနဲ့ ရက်ဒ်အင်ဒီးယန်းတွေ ဟာ လူနည်းစု ဖြစ်သည့်တိုင် အင်မတန် အခွင့်ထူးခံလူမျိုးစုတွေအနေနဲ့ ပြည်ထောင်စုထဲ မှာ နေထိုင်နေကြတယ်။ သေချာ စဉ်းစားကြည့်ပါ၊ ကြိုက်တဲ့ သင်ရိုးညွှန်းတမ်း သမိုင်းကို လှန်ကြည့် ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံ ဆိုပြီး၊ ဘယ်ရှမ်းပြည်၊ ဘယ်ရခိုင်ပြည်၊ ဘယ်မွန်ပြည်သမိုင်းမှ မပါ။ ပထမမြန်မာနိုင်ငံဆိုတာ ဖြစ်လာမယ့် သမိုင်းမှာကို ဗုဒ္ဓဘာသာတည်ဖို့ မွန်နိုင်ငံ သထုံပြည် ကို ပဋိကတ်သုံးပုံ အသာတကြည်တောင်းမရလို့ အကြောင်းပြချက် နဲ့ စစ်တိုက်ဖျက်ဆီး၊ ဘုရင်ကို ဖမ်းဆီးပြီး လုယူခဲ့တယ်။ အဲဒီတုန်းကသာ သာသနာတည်ပြီးသား မွန်တွေဆီက ပဋိကတ်သုံးပုံ ဆိုတာ မရ ခဲ့ရင် မြန်မာပြည် ဗုဒ္ဓဘာသာတောင် ထွန်းကားမှာ မဟုတ်ဘူး။ တကယ်ဖြစ်သင့်တာ ဒီ မွန် တို့၊ ရခိုင်တို့ တိုင်းရင်းသားတွေဟာ မြန်မာတွေ ရဲ့ ကျေးဇူးရှင် မြန်မာတို့ကို ကူညီခဲ့တဲ့ဘိုးဘွားတွေ လို့ ဖြစ်သင့်တယ်။ သမိုင်းမှာလည်း ကျန်စစ်သားမင်းကြီးဟာ ထီးနန်းမွေကို မွန်သွေးပါတဲ့ အလောင်းစည်သူ ကို လွှဲလို့ ပြည်ထောင်စု ကို တည်ခဲ့တယ်။ ဒီလို အမြှော်အမြင်ရှိဖို့ ပြောနေတာဗျ။ ခု ခင်ဗျားတို့ ဖြေရှင်းပုံက ကချင်ပြည်မှာ ကချင်ချည်းပဲ နေတာ မဟုတ်၊ ဗမာက ဘယ်နှရာခိုင်နှုန်းနေပါတယ် လို့ ဖြေရှင်းနေပုံက အင်မတန် ဉာဏ်နည်း ယုတ်ညံ့လှတဲ့ တရုတ်က တိဘက် ကို ဖြေရှင်းနည်းဖြစ်နေတယ်။ သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာက အစ မြန်မာဘုရင်တွေ တော်ကြောင်း၊ ထက်ကြောင်း ဘယ်လိုသိမ်းသွင်း၊ သိမ်းပိုက်နဲ့ သင်လိုက်တာ၊ သင်နေတဲ့ ကျောင်းသားတွေထဲ မွန်ကျောင်းသားတွေ၊ ရခိုင်ကျောင်းသားတွေ၊ မိုးညှင်း၊ မိုးကောင်း၊ ရှမ်းပြည်သားတွေ သူတို့သမိုင်းသိတဲ့ သူတွေက အံတကြိတ်ကြိတ်နဲ့ ခံစားရ။ မွန်ကျတော့ သူပုန်တဲ့၊ ပုန်ကန်ထကြွတယ်တဲ့။ သမိုင်းကိုက ငါ့စကား နွားရ သမိုင်း ဖြစ်နေတယ်။ တကယ်တမ်းက မြန်မာက နောက်မှ ၀င်လာတဲ့ သူတွေ။ ပုဂံခေတ်အခြေအနေ အရ ဆို မြန်မာက ဘားဘေးရီးယန်းအခြေအနေ၊ မွန်တို့၊ ရခိုင်တို့က အင်မတန် ယဉ်ကျေးလှပြီ။ ဒါတွေကို ပြောရင် ပြည်ထောင်စု ပြိုကွဲအောင် တမင် တိုက်ပေး နေတယ် လို့ ရေးတဲ့သူတွေက ရှိသေးတယ်။ အဲဒီလူတွေကို အမေရိကားက သမိုင်းသင်ပုံတွေ လေ့လာစေချင်တယ်။ ရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသားတွေကို မည်မျှပင် လူနည်းစု ဖြစ်ပါစေ တန်းတူညီမျှ အခွင့်အရေး နဲ့ ဆက်ဆံဖို့လိုပါတယ်။ တိုင်းပြည်ကြီးမှာ အခြေခံ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ မထွန်းကား လို့ ဒီပြဿနာတွေဟာ ပေါ်နေရတာပါ။ အမေရိကားမှာ ကာလီဖိုးနီးယားလို ပြည်နယ်ဟာ ခွဲထွက်ခွင့် ရှိတယ် ဆိုတဲ့ သဘောတူညီမှုနဲ့ ပြည်ထောင်စုထဲ ပါတာပါ။ ဒါပေမယ့် ခွဲထွက်ခွင့် ဆိုတာကို သူတို့ မေ့တောင်နေပါပြီ။ ပြည်ထောင်စုမှာ လူ ကို အခြေခံလို့ တန်းတူညီမျှ တဲ့ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီရေးတွေက သိပ်ကို ကြွယ်ဝ တာကိုး။ ခင်ဗျားတို့မှာတော့ လောဘတွေ၊ အတ္တတွေနဲ့၊ ခင်ဗျားတို့ မတရားလုပ်ထားတာ တွေကို ကာကွယ်ရင်း တိုင်းရင်းသားတွေ အရေး ကို ဘာမှ မဖြေရှင်းပေးနိုင်ဘူး။ ပိုဆိုးတာက အတိုက်အခံနိုင်ငံရေးသမားတွေကလည်း အဲဒီ မတရားမှုတွေကို မြင်ရဲ့သားနဲ့ ၀ိုင်းနှာစေးလိုက်ကြတယ်။ ဒီလို တိုင်းရင်းသားတွေအပေါ်မှာ လက်နက်နဲ့ အင်အားသုံးအနိုင်ကျင့် အုပ်ချုပ်တာဟာ ပြည်ထောင်စု မဟုတ်ပါ။ လူမျိုးချင်း မုန်းတီးမှုတွေဟာ ပွားများသထက်ပွားများလို့ လာ နေ ပါပြီ။ ဒါတွေကို နိုင်ငံရေးသမား နာမည်ခံပြီး ခေါင်းရှောင်နေကြတာ အဆိုးဆုံးပါပဲ။ တချိန်မှာ မရှုနိုင်မကယ်နိုင် ပြဿနာဖြစ်လို့ ရလာဒ်ဆိုးတွေ ပေါ်ပေါက်ခဲ့ရင် ဒီလို နေခဲ့သူအားလုံး ဒီသမိုင်းအတွက် တာဝန်ယူရလိမ့်မယ်။ ချိုတူးဇော်
Read More »

သမ္မတကတော် မုန့်ဟင်းခါးရောင်းမယ် ဆိုရင်

လာဘ်စား၊ ကြွယ်ဝ၊ သားကုမ္ပဏီ၊ သမီးကုမ္ပဏီ၊ သားမက် ကုမ္ပဏီတွေ သာ ပေါများတဲ့ မြန်မာပြည်၊ ခိုး ဖို့တော့ ရှက်ရကောင်းမှန်းမသိ၊ မုန့်ဟင်းခါးရောင်းရမှာမျိုးကို တလွဲဆံပင်ကောင်း ရှက်စရာ အလုပ်လို့ထင်တဲ့ မြန်မာပြည်၊ ခိုးပြီး ချမ်းသာတာ အဆင့်အတန်းမရှိတဲ့ အတန်းအစား ဖြစ်ရတယ် ဆိုတာ မသိတဲ့ မြန်မာပြည် မုန့်ဟင်းခါးရောင်းတာ ကို အဆင့်အတန်းမရှိဘူး လို့ တလွဲထင်တဲ့ မြန်မာပြည်. ..။ အမြတ်ခွန်ရုံးက သူငယ်ချင်းမတယောက် တလကို သိန်း ၃၀ ၀င်တယ်ဆိုလို့ (အကြီးတန်းစာရေးမပါ) အလုပ်က ထွက်ပြီး မုန့်ဟင်းခါးရောင်းပါလား အကြံပေးမိလို့ မိတ်ပျက်ခဲ့ရဖူးပါတယ်။ တသက်လုံး ဒီအတိုင်းနေခဲ့တဲ့ ကိုယ့်လည်း မွဲသလား မမေးနဲ့။ ကား ရိုက်တော့ ဘယ်အခန်းမှာ ဘယ်သူ လို့ တိတိကျကျ နာမည်နဲ့တကွ မှတ်ထားပေးတဲ့ အက်စတာအဖွဲ့၊ ဒေါ်ထားအဖွဲ့ က ကလေးတွေကို စာရင်းအင်းနဲ့ ရှုတင်မန်နေဂျာ လက်ထဲ၊ ပရိုဂျုဆာ လက်ထဲ ထည့်တော့ ဟိုလူက ဘာဖြစ်လို့၊ ဒီလူက ဘာဖြစ်လို့နဲ့ အကြောင်းပြတယ်။ နောက်မှ သိရတာ မန်နေဂျာက ကိုယ့်ကားထဲ လူတယောက်သွင်းရင် အဲဒီသရုပ်ဆောင် ဆီက အာရ်ကေ ဆိုပြီး သရုပ်ဆောင်ခ တ၀က်လောက် ဖြတ်စားလပ်စား လုပ်တယ်။ မိန်းကလေးဆို မသမာမှုတွေ လုပ်တယ်။ ပရိုဂျူဆာတွေလည်း ဒီလိုပဲ၊ အဆီကိုစား၊ အသားကို မြိုတဲ့ လောက။ အင်မတန်မသမာမှု ပေါတဲ့ လောက။ ၃၅ လမ်းထဲ မျက်နှာသစ်တယောက်ဝင်လာရင် မဖြစ်နိုင်ဘူး ဘယ်တော့မှ မပြောဘူး။ ဟိုတယောက် ဒီတယောက် မင်းလောက်တောင် ရုပ်မရှိဘူး ဘာညာနဲ့ ကား တကား၊ ၂ ကား မဖြစ်ဖြစ်အောင် ရိုက်၊ အဲဒီ မင်းသားရူး၊ မင်းသမီး ရူး လူငယ်လေးနဲ့ သူ့မိဘတို့ စုထားသမျှ ပြုတ်ပြုတ်ပြုန်း၊ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ပြီးသွားရ။ ဒီလိုလောကထဲ ကိုယ်က တသီကြီးစာရင်းပေးတော့ ပရိုဂျူဆာက ကျနော့်ကို အာရ်ကေ တသီကြီး လုပ်စားတယ် အောင့်မေ့တာကိုး ဆိုတာ နောက်မှ သိရတော့တယ်။ ကိုယ်ကတော့ တကယ့်ကို ပရိုဂျူဆာလည်း သက်သာ၊ တကယ့်ကို အရည်အချင်းရှိတဲ့ ကလေးတွေလည်း အလုပ်ဖြစ် ကိုယ်လည်း ကားရိုက်ရတာ နာမည်ကြီးလို ဟိုကား ဒီကားကူး ရက်ကို ညှိရ၊ ခေါက်ရိုးကျိုး ဖန်တရာတေ အက်တင်တွေကို ရှောင်နိုင်ရ မို့ ကျနော့်ကားတိုင်း မျက်နှာသစ်တွေနဲ့ ဇာတ်ပို့ ဇတ်ရန် အမြဲသုံး ရိုက်လေ့ ရှိပါတယ်။ နေရာတိုင်းမှာ တဘက်သတ်ပြောတယ်၊ အစွန်းရောက်တယ် လို့ အပြောခံရပေမယ့် ပြင်ဖို့လည်း စိတ်မကူး ပြင်စရာလည်း မလို မှန်တဲ့ဘက်၊ ကောင်းတဲ့ဘက်ကို ဒါ့ထက် အစွန်းရောက်အောင်သာ သွားပါ့မယ်။ ပြောနေကျအတိုင်း ထပ်ပြောပါဦးမယ် ဒါ့ထက် အစွန်းရောက်တဲ့ တနေ့ မဟာဗောဓိမြိုင်ဆရာတော်ကြီး လိုသာ တောထွက်ချင် ခင်ဗျားတို့ အရှုပ်တွေထဲတော့ မပါသေးပါလေ. . . ဘာပဲပြောပြော ဒီပို့စ်ထဲကလို. . . ဒီတိုင်းပြည်မှာ ဒီလိုသမ္မတကတော် က ဒီလိုသာ တကယ်ရောင်းမယ် ဆိုရင် ၀မ်းမြောက်ဝမ်းသာ ကြည်ကြည်လင်လင် ဖြစ်ပါသလေ့. . .။ ဒီသတင်း မှန် မမှန်ထက်၊ ဒီသတင်းပေါ်က အခြေခံတဲ့ ဒဿနကို ရေးပါတယ်။ ချိုတူးဇော်
Read More »